အပိုင်း ၆၉၀
Viewers 53k

အခန်း ၆၉၀

ရွှေနဂါး. ရှေးဦးလိပ်နက်.မီးဖီးနစ်...


ထောင်တျဲ၏ ပါးစပ်ထဲမှ လှည့်ပတ်နေသော စွမ်းအင်ရေဝဲက စွမ်းအင်ပမာဏ ပိုမိုများပြားလာကာ အသံများအဆက်မပြတ် မြည်ဟီးလာ၏။၎င်း၏ ကိုယ်ထည်က စတင်သည့်အချိန်က အဖြူရောင်အစက်အပျောက်ငယ်များဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း ယခုမူ ခန္ဓာကိုယ်က ပို၍ စစ်မှန်လာပုံရလေသည်။


အဖြူရောင်ထောင်တျဲနှင့် အနက်ရောင်ထောင်တျဲတို့ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကွာခြားချက်က အလွန်ကြီးမားလှသည်။အဖြူရောင်ထောင်တျဲက ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ရရှိလာပြီးနောက် ၎င်းက အလွန် ကြည့်၍ ကောင်းလှသည်။


သူ့၏ ခန္ဓာကိုယ်က နူးညံ့လှသော ပိုးသားကဲ့သို့ အမွှေးများ ပြည့်နှက်နေသည်။၎င်းအမွှေးများက လေနှင်ရာအတိုင်း လွင့်ခါနေပုံမှာ တစ်မျိုးတစ်ဖုံ စိတ်ကျေနပ်စရာကောင်းလှသည်။


သို့သော်လည်း အဖြူရောင် ထောင်တျဲကို သူ့၏ အပြစ်ကင်းသော ပုံစံကို ကြည့်၍ မဆုံးဖြတ်သင့်ပေ။တကယ်တမ်းတွင်၎င်းက အလွန်ပင် ရက်စက်ကြမ်းကြုတ်သည့် သားရဲဖြစ်သည်။၎င်း၏ မျက်ဝန်းမှ ကြောက်စရာကောင်းလှသော အဖြူရောင် အလင်းတန်းများက ဖျတ်ခနဲ ဖျတ်ခနဲ ရွေ့လျားနေပြီး အရာအားလုံးကို စူးစမ်းနေသည်။


အဖြူရောင်ထောင်တျဲက လေဟုန်စီးလာပြီးနောက် ရင်ပြင်ကျယ်၏ အနောက်ဘက် အစားကြူးဘုတ်ပြားပေါ်တွင် ပေါ်လာသည်။သူက ဘုတ်ပြားပေါ်တွင် သေချာစွာ ရပိတည်လိုက်ပြီးနောက် စိတ်ဝိညာဉ် သင်္ဘောရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။ထိုသင်္ဘောထဲတွင် အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက်နှင့် ကလေးမလေးတစ်ယောက်သာရှိနေသည်။


အဖြူရောင်ထောင်တျဲ၏ ရက်စက်ကြမ်းကြုတ်လှသော အကြည့်များက အမျိုးသားပေါ်သို့ ကျရောက်သွားပြီး သူ့၏ ဧရာမ ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည်။ပါးစပ်အတွင်းမှ အဖြူရောင် ရေဝဲက မူလကထက် အလွန်ပြင်းထန်သော စုပ်ယူအားဖြင့် စတင်လည်ပတ်လာသည်။


ထိုကြောက်စရာကောင်းလှသော စုပ်ယူမှုအားက ကောင်းကင်နှင့် ကမ္ဘာမြေကြားရှိ စွမ်းအင်တို့ကိုပင် စုပ်ယူလုနီးပါးဖြစ်နေ၏။


ပုဖန်က သင်္ဘောပေါ်တွင် တည်ငြိမ်စွာရပ်နေတုန်းဖြစ်သည်။သူ့၏ မျက်နာပေါ်တွင်လည်း မည်သည့် စိတ်ခံစားချက်အမူအရာမှ ပေါ်လွင်မနေပေ။


သူ့၏ လက်တစ်ဖက်က ကလေးမလေး၏ ခေါင်းကို အုပ်ကိုင်ပေးထားသည်။သူ့၏ လက်မောင်းတစ်လျှောက် အနက်ရောင်စွမ်းအင်များ ပြန့်နှံ့လာချိန်တွင် ကလေးမလေး၏ ကိုယ်ပေါ်မှ အနက်ရောင်တက်တူးများက ပျောက်ကွယ်လုနီးပါးဖြစ်နေပေပြီ။


ဘန်း ...


ထို့နောက် ရှောင်ယက သင်္ဘောကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။နယ်သာရီက မဲမှောင်သော မျက်ဝန်းများဖြင့် ရှောင်ယကို ကြည့်လိုက်ပြီး သူမ၏ လက်တစ်ဖက်ကို ညှင်သာစွာ ဝှေ့ယမ်းလိုက်သည်။သင်္ဘောဝမ်းဗိုက်အတွင်းမှ အခန်းငယ်တံခါးတစ်ခု ပွင့်ဟလာပြီးနောက် ကလေးမလေးက ထ်ိုအခန်းထဲသို့ ညှင်သာစွာ မျောလွင့်သွားလေသည်။


နယ်သာရီ တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် လှုပ်ရှားမှုလုံးဝမရှိ တည်ငြိမ်နေသော ပုဖန်ကို ကြည့်လိုက်သည်။သို့သော်လည်း သူ့၏ လက်ရှိ အနက်ရောင် အခိုးအငွေ့များက လုံးဝ ဖုံးလွှမ်းသွားကာ မှင်ကဲ့သို့ နက်မှောင်နေပေပြီ။


နယ်သာရီ နှုတ်ခမ်းတွန့်ရုံ မဲ့လိုက်သည်။သူမ၏ ခန္ဓာကိုယ်မှ အေးစိမ့်လှသော အငွေ့အသက်များ လွင့်ပျံလာသည်။ထို့နောက် သူမ၏ အနက်ရောင်ဆံနွယ်များက ရုတ်တရက် လှုပ်ရှားကခုန်လာသည်။သူမ၏ သေမင်းကဲ့သို့ မျက်ဝန်းများက အကွာအဝေးတစ်ခုရှိ အဖြူရောင်ထောင်တျဲကို စိုက်ကြည့်နေသည်။


သူမ သင်္ဘောကြမ်းပြင်ကို ခြေထောက်ကန်လိုက်ပြီးနောက် ငှက်မွှေးအတောင်ကဲ့သို့ ပေါ့ပါးစွာ လေထဲ လွင့်မျောလိုက်သည်။အဖြူရောင်ထောင်တျဲကလည်း ဟိန်းဟောက်လိုက်၏ သူ့၏ မျက်ဝန်းမှ သတ်ဖြတ်ခြင်းအငွေ့အသက်များ ဖြာထွက်လာလေသည်။


ထ်ိုခဏမှာပင် အဖြူရောင်ထောင်တျဲက သူ့၏ လက်သည်းများကို ထုတ်လိုက်ပြီး အစားကြူးဘုတ်ပြားကို ရိုက်ချလိုက်သည်။အလွန်တန်ဖိုးကြီးပြီး ခိုင်ခံ့လှသောပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အစားကြူးဘုတ်ပြားက ထောင်တျဲ၏လက်ဝါးချက်ကို ခံနိုင်ရည်ရှိမရှ်ိ ဘုရားသာသိပေလိမ့်မည်။


အဖြူရောင်ထောင်တျဲက အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ နယ်သာရီဆီသို့ တိုးဝင်သွားသည်။သူ့၏ ပါးစပ်အတွင်းမှ စွမ်းအင်များကလည်း စုစည်းလာပြီး အဖြူရောင်ကျောက်ကဲ့သို့ စွမ်းအင်လုံးများ ဖြစ်ပေါ်လာသည်။


ဘုန်း...


ထိုစွမ်းအင်လုံးများဖြင့် နယ်သာရီဆီသို့ အသက်တစ်ရှိုက်အတွင်း မရပ်မနား ပစ်လွှတ်လိုက်လေသည်။နယ်သာရီ၏ မျက်နာပေါ်မှ သွေးကြောများက ပို၍ ထင်ရှားလာသည်။သူမက ဒုတိယမြောက် ခွေးမွှေးတစ်ခုကို ဆုပ်ကိုင်ထားလိုက်သည်။


ထိုခွေးမွှေးတွင် သိုလှောင်ထားသော အလွန်သိပ်သည်းလှသည့် ငရဲစွမ်းအင်များက နယ်သာရီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီးသူမ၏ အစစ်အမှန် ခွန်အားကို အသုံးပြုခွင့်ပြုလိုက်လေသည်။


ဝီ...


လေထဲ၌ လွင့်မျောနေသော နယ်သာရီ၏ ရှေ့တွင် အပြာရောင်အစီအရင်တစ်ခု ထပ်မံပေါ်ပေါက်လာသည်။အစီအရင်က အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာသည်။နယ်သာရီ သူမလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အဖြူရောင်စွမ်းအင်များအားလုံးအတူတကွ စုစည်းလာသည်။


သူမ နောက်ထပ် လက်တစ်ချက် ထပ်ဝှေ့ယမ်းလိုက်သည်နှင့် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများက ထိုစွမ်းအင်အလင်းလုံးများကို သူတို့ လာခဲ့သော နေရာဆီသို့ ပြန်လွင့်ထွက်သွားစေသည်။


အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး သူ့ဆီသို့ ပြန့်လွင့်လာသော စွမ်းအင်လုံးများကို လျင်မြန်စွာ ရှောင်ရှားလိုက်သည်။


"နယ်သာရီ၏ အရိပ်တစ္ဆေတိုက်ကွက်..."


နယ်သာရီ၏ မျက်ဝန်းထဲ၌ ခပ်ဖျော့ဖျော့အပြာရောင်အလင်းများရှိနေသည်။ထို့နောက် သူမက ပြင်းထန်လှသော လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွတ်လိုက်သည်။


အဖြူရောင်ထောင်တျဲ၏ ကြီးမားလှသော ပါးစပ်ကလည်း ကောင်းကင်ကြီးတစ်ခုလုံးကို မျိုချတော့သကဲ့သို့ တဖြေးဖြေးချင်း ကျယ်လောင်လာသည်။သူက နယ်သာရီကို ကြည့်၍ ထက်မြေ့လှသော သွားအလင်းများကို ထုတ်ပြလိုက်သည်။ထို့နောက် သူ နယ်သာရီကို ကိုက်ချလိုက်သည်။


သို့သော်လည်း မမြင်နိုင်သော စွမ်းအားတစ်ခုက တားဆီးလိုက်သလိုမျိုး သူ့၏ ပါးစပ်က တောင့်တင်းသွားသည်။ထို့နောက် ကြမ်းတမ်းလှသော စွမ်းအင်တစ်ခု၏ ထိုးဆောင့်မှုကြောင့် သူ့ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ပဲ အစားကြူးနတ်ဘုရား အဆောက်အဦးအပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။


အစားကြုးနတ်ဘုရားအဆောက်အဦး၏ ကာကွယ်ရေးအစီအရင်က ပြင်းထန်စွာ လှုပ်ခါသွားပြီး ပြိုကျလုနီးပါးဖြစ်သွားသည်။အကွာအဝေးတစ်ခုတွင်ရပ်ကြည့်နေကြသော ကျင့်ကြံသူအများစုက ထိုမြင်ကွင်းကြောင့် လေအေးတစ်ချက်ရှုရှိုက်လိုက်မိကြ၏။


"ဒီအမျိုးသမီးက အရမ်းသန်မာတာပဲ..."


လျန်ချိမ်က စွမ်းအားလှိုင်းတစ်ခုကို ခံစားလိုက်မိပြီး သူ့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေသည်။အစောပိုင်းက နယ်သာရီကို တိုက်ခိုက်ခဲ့သော ရန်ယု၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေကာ ကြောင်အမှင်သက်နေသည်။ကံကောင်းထောက်မစွာပင် နယ်သာရီက သူ့ကို ပြန်မတိုက်ခိုက်ခဲ့ပေ။ဒီလိုမှမဟုတ်လျှင် ယခုအခ်ျိန်ဆိုသူအသားပြားဖြစ်နေလောက်ပေပြီ။


ကျက်သရေရှိလှသော ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် အာကာသနတ်သမီးက ထိုတိုက်ပွဲထဲသို့ ဝင်ပါမည့် အစီအစဉ် ရှိမည့်ပုံမပေါ်ပေ။သူမက အသစ်ပွင့်ဖူးလာသော ကြာပန်းကဲ့သို့ပင် အပြစ်ကင်းစင်လှသောပုံစံဖြင့် ထိုတိုက်ပွဲကို သေချာစွာ ကြည့်ရှုနေသည်။


သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သင်္ဘောထဲတွင် ငြိမ်သက်စွာ ရပ်တန့်နေဆဲဖြစ်သည့် ပုဖန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။


..


ပုဖန်၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် အနက်ရောင်ထောင်တျဲက နေရမှာတင် ကွေးကွေးလေးခွေနေပြီး အသံတစ်ခုပင် မထွက်ရဲဖြစ်နေ၏။ရွှေနဂါး ရှေးဟောင်းလိပ်နက် ဖီးနစ် ထိုသားရဲများက ဒဏ္ဍာရီလာနတ်ဘုရားသုံးဦးဖြစ်ကြသည်။


၎င်းတို့ သုံးဦးသည် နဂါးမြိုဟောင်းတိုက်ကြီးအတွင်းသာ မဆိုထားနှင့် ကမ္ဘာကြီးတစ်ခုလုံးတွင် အထွဋ်အထိပ် အဆင့်အတန်းရှိလေသည်။ဒီလိုဖြစ်တည်မှုမျိုးက မျိုးဆက်သွေးသန့်စင်မှု မရှိသေးသည့် ထောင်တျဲတစ်ကောင် ယှဉ်နိုင်မည့် အရာမျိုးမဟုတ်ပေ။


စိတ်ဝိညာဉ် သားရဲများက သွေးမျိုးဆက်မှ ဖိအားများကို အလွန်ခံစားနိုင်စွမ်းပြင်းကြသည်။ရှေးဟောင်းလိပ်နက်နှင့် ဖီးနစ်တို့ကို ထည့်မတွက်လျင်တောင် ရွှေနဂါးတစ်ကောင်တည်း၏ သွေးမျိုးဆက်ဖြင့် ထောင်တျဲကို ကြမ်းပြင်ပေါ်တွင် ကြောင်ကလေးအလား ဝပ်သွားအောင် ဖိထားနိုင်ပေသည်။


အနက်ရောင်ထောင်တျဲက တစ်စုံတစ်ရာ မှားယွင်းခံရသလို ခံစားမိလေသည်။သူက အခွင့်အရေးအားအသုံးချပြီး ဒီစားဖိုမှူးလေး၏ ခန္ဓာကိုယ်ကို သူ့အပိုင်ဖြစ်လာအောင် လုပ်ချင်ခြင်းဖြစ်သည်။


ဒီလ်ိုအခြေအနေကို သူလုံးဝ မမျှော်လင့်ထားမိပေ။ဒီလိုမျိုး လူသားတစ်ယောက်၏ စိတ်ဝိညာဉ် နယ်ပယ်ထဲတွင် ကြောက်စရာကောင်းလှသော တည်ရှိမှုမျိုး ရှိနေမည်ဟု တွေးပင်မတွေးမိပေ ။


 သူ ကောင်စုတ်လေးဟု သတ်မှတ်ထားသူက ပုန်းကွယ်ထားသော ပညာရှင်ဖြစ်နေသည်။ထို့အပြင် ထိုသူကို ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ ဖမ်းဆီးနိုင်ပြီဟု သူယူဆထားခဲ့ခြင်းဖြစ်သည်။


သူထွက်ပြေးလွတ်မြောက်ချင်သော်လည်း ထွက်ပေါက်အားလုံး ပိတ်ဆို့ခံထားရပေသည်။သူ့၏ နှလုံးသားထဲတွင် အဆုံးအစမဲ့သောစိတ်ပျက်အားငယ်မှုများ ပြည့်လျှံလာသည်။


ပုဖန်က သူ့၏ နေရာမှာပင် ရပ်နေဆဲ ဖြစ်သည်။သူ့၏ နီရောင်စားဖိုမှူးဝတ်စုံက တောက်ပလှသော အလင်းများကို ထုတ်လွင့်လာသည်။ရွှေနဂါးအရိုးမီးဖ်ိုချောင်သုံးဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့ကလည်း သူ့၏ ဘေးပတ်လည်တွင် လွင့်မျောနေသည်။


သူက ကောင်းကင်ထောင့်၌ ကုတ်ကုတ်လေးငြိမ်နေသော ထောင်တျဲကို ဂရုမစိုက်သလို မော့ကြည့်လိုက်သည်။စနစ်၏ အကူအညီရှိနေတာတောင်မှ သူပြင်းထန်သော ဖိအားကို ခံစားမိနေသေးသည်။ထိုတည်ရှိမှု သုံးခုက သူ့ကို အသက်ရှုကျပ်အောင်လုပ်နေပေသည်။


"ဒါက ငါတို့ရဲ့ မျိုးဆက်သစ် သခင်ငယ်လေးလား ..."


ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေသော ငှက်ဆီမှ အမျိုးသမီးတစ်ယောက်၏ သာယာပျော့ပျောင်းသောအသံ ထွက်ပေါ်လာသောကြောင့် ပုဖန် မျက်လုံးပြူးသွားသည်။


"ဒါပေါ့ ဟုတ်တာပေါ့ ဒါငါတို့ရဲ့ သခင်ငယ်အသစ်လေး..."


ရွှေနဂါးက လျှာထုတ်၍ နှုတ်ခမ်းများ သပ်လိုက်သည်။သူက ထူးဆန်းလှသည့် အပြုအမူဖြင့် ပြောလိုက်၏။ပုဖန် မျက်မှောင်ကြုတ်လိုက်ပြီး ထိုကြီးမားလှသော သားရဲကြီးသုံးကောင်ကို လေ့လာနေလိုက်သည်။


"အိုး...အသစ်လေး ဒီအမကြီးက လူသစ်တွေကို အရမ်းချစ်တာပဲ...ခစ် ခစ် ခစ်..."


ဖီးနစ်ငှက်က ညှင်သာပျော့ပျောင်းစွာ ရယ်မောလိုက်သည်။ရွှေနဂါးက ဖီးနစ်ငှက်ကို အထင်အမြင်သေးဟန်ဖြင့် တစ်ချက်ကြည့်လိုက်၏။


"မျိုးမတူတွေကြားထဲက ပတ်သက်မှုက ဘယ်တော့မှ အဆုံးသတ်မကောင်းဘူး နင့်လို အဖွားကြီးက အသစ်လေးကို ပြဿနာမရှာရင်ကောင်းလိမ့်မယ်နော်..."


ရွှေနဂါးက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။မီးဖီးနစ်က ဒေါသထွက်သွားပြီး သူ့၏ အမွှေးအတောင်များမှ မီးတောက်များ တောက်လောင်လာသည်။သူ ရွှေနဂါးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။


"တီကောင် နင်သတ္တိရှိရင် ထပ်ပြောလိုက်စမ်း..."


ရွှေနဂါးအား သူ့၏ တောက်ပြောင်လှသော သွားများပေါ်အောင် ပြုံးဖြီး၍ လှောင်ပြောင်လိုက်သည်။


"ကောင်းပြီ ကောင်းပြီ ရပ်ကြတော့ ငါတို့ သခင်အသစ်လေးကို ကြောက်အောင်မလုပ်နဲ့ ..."


လိပ်နက်က ကလေးများသဖွယ် ရန်ဖြစ်နေမှုကို ဝင်ရောက်၍ ဟန့်တားလိုက်သည်။ထို့နောက် ပုဖန်ကိုအကဲခတ်၍ပြောလိုက်သည်။


"ငါတို့ရဲ့သခင်ငယ်လေးက တည်ငြိမ်နေတာပဲ..."


ပုဖန်က လိပ်နက်ကို တစ်ချက်ကြည့်လိုက်၏။


"အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင် ခင်ဗျားက ကျုပ်ထိတ်လန့်အံ့အားသင့်တာကို လိုချင်နေတာလား..."


လိပ်နက်က ကြောင်အသွားပြီးနောက် မိုးခြိမ်းသံကဲ့သို့ ရယ်သံ ချက်ချင်းထွက်ပေါ်လာသည်။


"စိတ်ဝင်စားစရာပဲ ဒီသခင်ငယ်လေးက သာမန်နှင့် မတူဘူး...ထူးခြားတဲ့ ပုံစံရှိတယ်...


လိပ်နက်က မှတ်ချက်ပြုလိုက်ပြီးနောက် သူ့၏ အကြည့်များက အနက်ရောင်ထောင်တျဲဆီသို့ ရောက်သွားသည်။


"ဆိုးယုတ်တဲ့ ထောင်တျဲ ဝိညာဉ်... သခင် ဒီထောင်တျဲကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ...ထောင်တျဲကို အသားစိမ်းလွှာ လုပ်စားမယ်ဆိုရင်လည်း မဆိုးဘူး...အဲ့ဒါက စားလို့ကောင်းမှာပဲ သူ့ရဲ့ အသားက တော်တော်လေး အရည်အသွေးမြင့်တယ်..."


ရွှေနဂါးက ရှင်းပြပြောဆိုလိုက်ပြီးနောက် သူ့၏ အစွယ်များ ကို လှစ်ဟ၍ ထောင်တျဲဆီသို့ ဦးတည်သွားလေသည်။


"သုံးစားမရတဲ့ တီကောင် စားဖို့ ပဲ သိတယ်...ထောင်တျဲရဲ့ အသားက ပေါင်းစားရင်ကောင်းတယ်ဆိုတာ မသိဘူးလား..."


မီးဖီးနစ်က သူမ၏ လှပလှသည့် တောင်ပံများကို လှုပ်ခတ်လိုက်ရင်း ပြောလိုက်သည်။ပုဖန် ရွှေနဂါးနှင့် မီးဖီးနစ်ကို ကြည့်၍ စွံ့အသွားလေသည်။လိပ်နက်ပင်လျှင် ထိုနှစ်ယောက်ကိုကြည့်၍ ကူရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

အနက်ရောင်ထောင်တျဲက ကူကယ်ရာမဲ့စွာဖြင် စတင်ငိုကြွေးချင်လာပေပြီ ။


"သောက်ကျိုးနဲ ဘာတွေ ဖြစ်နေတာလဲ...ဘယ်လိုသောက်ကျိုးနဲ နေရာကြီးလဲ ...ဘာလို့ အားလုံးက ကြင်နာ သနားညှာတာမှု မဲ့နေရတာလဲ သူတို့က ဘာလို့ စကားကောင်းကောင်းမွန်မွန်တောင် မပြောနိုင်ကြရတာလဲ...ဘယ်လိုဖြစ်လို့များ သူတို့ ပါးစပ်ဖွင့်ဟလိုက်တာနဲ့ သူ့အသားကို စားမယ့်အကြောင်းပဲ ပြောနေရတာလဲ..."


"ဒီထောင်တျဲက သန့်စင်တဲ့ သွေးမျိုးဆက်မဟုတ်ဘူးဆိုပေမယ့်လည်း စိတ်ဝိညာဉ် ပင်လယ်ထဲမှာ အဆုံးသတ်မှာကတော့ တော်တော်လေးကံမကောင်းတာပဲ ...အစောက ငါတို့ သုံးယောက် မင်းကို လျစ်လျူရှုထားခဲ့တာက မင်းရဲ့ ကျင့်ကြံဆင့် အခြေခံက အားနည်းနေလွန်းလို့ပဲ ..."


လိပ်နက်က ပုဖန်ဘက်သို့ လှည့်ကြည့်၍ တစ်ဆက်တည်းပြောလိုက်သည်။ပုဖန်ကလည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။သူ့ရှေ့က သားရဲသုံးကောင်အကြောင်းကို သူကြိုသိခဲ့ပေသည်။


၎င်းတို့က နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းများ၏ စိတ်ဝိညာဉ်များဖြစ်သည်။အစောပိုင်းထဲက စနစ်က ထိုစိတ်ဝိညာဉ် သားရဲသုံးကောင် နေထိုင်သည့်အကြောင်းကို ပြောခဲ့သည်။သို့သော်လည်း ထိုအချိန်က သူအလွန်အားနည်းသောကြောင့် အာရုံစိုက်ရန် အချိန်မရှ်ိခဲ့ပေ။


"အခုမင်းက ငါတို့ရဲ့ သခင်အသစ်ဖြစ်လာပြီဆိုမှတော့ ငါတို့ လူအိုကြီးတွေက ဒီထောင်တျဲ မင်းကို နာကျင်အောင်လုပ်ဖို့ ခွင့်မပြုနိုင်တော့ဘူး ဒာကြောင့် ငါရဲ့ ခွန်အားတစ်စိတ်တစ်ပိုင်း မင်းကို ချေးငှားပေးလိုက်မယ်..."


လိပ်နက်က အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ပုဖန် အံ့အားသင့်သွားသည်။နောက်ခဏအတွင်းမှာပင် သူ့၏ မီးခိုးရောင်အာကာသ နယ်မြေက ကြမ်းတမ်းစွာ လှုပ်ခါလာသည်ကို သတိပြုမိလိုက်သည်။ရုတ်တရက် ပုဖန်၏ ရှေ့၌ ရွှေရောင်အရည်တစ်စက် ပေါ်လာသည်။


ဝေါ..


လိပ်နက်က စတင်လှုပ်ရှားလာသည်။သူ့၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ကောင်းကင်ကိုပင် ဖုံးအုပ်သွားတော့မည့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။


ထို လက်က ပုဖန်ရှိရာဆီသို့ လွှဲယမ်းလာပြီးနောက် သူ့၏ ရှေ့မှ ရွှေရောင်အရည်စက်ကို ညှင်သာစွာ ပုတ်လိုက်သည်။


ဝီ...


ချက်ချင်းပင် ထ်ိုအရည်စက်က ပုဖန်ရှိရာဆီသို့ လွင့်မျောလာပြီး မျက်ခုံးကြားထဲ စိမ့်ဝင်သွားလေသည်။သူတုန်ခါသွားသလို ခံစားလိုက်ရပြီး မျက်လုံးပြန်လည်ဖွင့်ကြည့်လိုက်သည်။အရင်ကနှင့် ယှဉ်လိုက်လျှင် အရာရာအားလုံးက ပို၍ ကြည်လင်ပြတ်သားလာသလိုသာ ထင်ရသည်။


ဒါက ဘာမှလည်းထူးထူးခြားခြား ပြောင်းလဲမှု မရှိပါလား ...ဒီလိပ်နက်က သူ့ကို သက်သက်လုပ်နေတာလား...


"အခုတော့ ဒီထောင်တျဲရဲ့ ကံကြံမ္မာက မင်းအပေါ်ကိုပဲ မူတည်သွားပြီ ...မင်းက အခု တကယ်ကို အားနည်းနေသေးတယ်...မင်းလုံလောက်အောင်သန်မာလာပြီဆိုတဲ့ အခါကျရင် ငါတို့က မင်းကို ကူညီပြီး အောင်မြင်မှုတွေရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင်လုပ်ပေးမယ်..."


လိပ်နက်၏အသံက တဖြေးဖြေးတိုးဝင်သွားပြီးနောက် မီးခိုးရောင်လွင်ပြင်ထဲ တိုးဝင်ကာ ပြန်လည် ပျောက်ကွယ်သွားသည်။


"သူ့ကို ကူညီရမယ့်အချက်က ဘာလဲ ...ငါတို့ရဲ့ အရင်သခင်ကလည်း ကောင်းကင်ဘုံနင်းချေနိုင်တဲ့ အဆင့်ထိ မရောက်ခဲ့ဘူးလေ...သူတို့တွေအားလုံးက လည်း ဒီသခင်အသစ်လေးထက် နည်းနည်းပဲ သန်မာပြီးတော့ နောက်ဆုံးအဆင့်မှာ ကျဆုံးသွားတာပဲမဟုတ်လား..."


"တိတ်တိတ်နေစမ်း အဖွားကြီး...ငါတို့ရဲ့ သခင်ငယ်လေးကို ခြောက်မိသွားလိမ့်မယ်...အခုလိုအပ်နေတာက ယုံကြည်မှုရှ်ိဖို့ပဲ ..."


ရွှေနဂါးက မီးဖီးနစ်ကို မာန်မဲလိုက်သည်။လိပ်နက် သက်ပြင်းတစ်ချက်သာချလိုက်၏။


"အခုအကောင်းဆုံးကတော့ မင်းတို့နှစ်ယောက်လုံး အရေးမပါတာတွေ မပြောပဲနဲ့ တိတ်တိတ်နေဖို့ပဲ..."


ပုဖန် ပြောစရာစကားမဲ့စွာ စွံ့အနေလေသည်။ဒီတစ်ကြိမ်သည် ပထမဦးဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ ကြီးကျယ်ခမ်းနားသူ မဟုတ်ကြောင်း ခံစားမိသော အချိန်ဖြစ်နေသည်။သူက အမြဲတစေ အေးစက်တည်ငြိမ်ပြီး မာနကြီးသော သူတစ်ယောက်ဖြစ်သည်။


သို့သော်လည်း နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းများ၏ စိတ်ဝိညာဉ်များအဆိုအရ အချက်အပြုတ်နတ်ဘုရားတစ်ပါးဖြစ်လာရန် လျှောက်လှမ်းရသော လမ်းက မထင်ထားလောက်အောင်ပင် ခက်ခဲကြမ်းတမ်းပေလိမ့်မည်။


ယခင် သခင်အနည်းငယ်လည်း မအောင်မြင်ခဲ့ပေ။ကျရှုံးသွားသည်နှင့် တစ်ပြိုင်နက် သူတို့ တာအိုကလည်း ပျောက်ဆုံးသွားမည်ဟု ယူဆရပေမည်။


အိုး ..


ပုဖန်၏ နှလုံးသားထဲတွင် မမြင်ရသော အလေးချိန်တစ်ခု ဖိစီးလာသလိုမျိုးခံစားလိုက်ရသည်။သို့သော်လည်း သူက လက်ရှိအဖြစ်အပျက်ကိုသာ အလျင်အမြန် ပြန်လည် အာရုံစိုက်လိုက်သည်။


သူ့အနေဖြင့် သူ့၏ အချက်အပြုတ်ပညာရပ်များ ပြီးပြည့်စုံသည်အထိ အကောင်းဆုံး ကြိုးစားအားထုတ်ရန်သာ လိုလေသည်။သူ အစွမ်းအစရှ်ိသလောက် ကြိုးစားနေသရွေ့အရာရာအားလုံးက သဘာဝအတိုင်း လိုက်လျောညီထွေ စီးဆင်းသွားပေလိမ့်မည်။


ပုဖန်က ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် သူ့၏ စိတ်နှလုံးသားက တည်ငြိမ်သွားသည်။သူစိတ်ကျေနပ်စွာဖြင့် လက်နှစ်ဖက်နောက်ပစ်၍ ရပ်လိုက်သည်။ထို့နောက် သူ့၏ အကြည့်များက ဒူးထောက်ကျနေသော ထောင်တျဲပေါ်သို့ ကျရောက်သွားသည်။မိုက်မဲ ကြမ်းတမ်းလှသော သားရဲကို စီရင်ဖို့ အချိန်တန်ပြီ။