အပိုင်း ၆၉၁
Viewers 53k

အခန်း ၆၉၁

ထောင်တျဲ၏ လက်မောင်း...


နောက်ဆုံး၌ ဒီငတုံးသားရဲကို စီရင်ရမည့်အချိန် ကျရောက်လာပေပြီ။ပုဖန်က အနက်ရောင်ထောင်တျဲကို တည်ငြိမ်စွာ ငေးကြည့်နေပြီး စဉ်းစားတွေးတော နေစဉ်မှာပင် သူတစ်ကိုယ်လုံး အေးစက်စပြုလာသည်။


ထောင်တျဲက အစောပိုင်းတွင် သားရဲသုံးကောင်၏ ဖိနှိပ်ခြင်းကို ခံထားရသောကြောင့် မလုပ်မယှက် ရှိနေလေသည်။သို့သော်လည်း ထိုသူသုံးယောက်က မီးခိုးရောင်ရာင်လေဟာနယ်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခြင်းကြောင့် လေထုအတွင်းစိမ့်ဝင်နေသော ဖိအားများကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။


ခဏအကြာတွင် ထောင်တျဲ၏ စိတ်မှာ မူလအခြေအနေသို့ ပြန်ရောက်လာ၏။သူ့၏ လက်မှ ကြွက်သားများက်ို ဆန့်ထုတ်ရင်း လက်ကိုမြောက်လိုက်သောကြောင့် အနက်ရောင်အခိုးအငွေ့များက ချွေးပေါက်များဆီမှ တဖြေးဖြေးစိမ့်ထွက်လာလေသည်။


အနက်ရောင်ထောင်တျဲ၏ စိတ်ဝိညာဉ်က ၎င်း၏ မူလကြီးကျယ်ခမ်းနားသော အခြေအနေသို့ ပြန်လည်ရောက်ရှိရခြင်းကြောင့် ပျော်ရွှင်မြူးတူးနေပေ၏။


ပုဖန်ကို သေစေနိုင်သော အကြည့်မျိုးဖြင့် စိုက်ကြည့်ကာ လေထုတစ်ခုလုံးတွင် ပြင်းထန်စွာ သတ်ဖြတ်လိုသော စိတ်စွမ်းအင်များက်ို ထုတ်လွင့်လိုက်သည်။

 သူ့ပားစပ်အတွင်း၌ အနက်ရောင်လှိုင်းလုံးကြီးများက ပြင်းထန်စွာ လှည့်ပတ်လာလေသည်။


ပုဖန်က သက်ပြင်းချလိုက်မိသည်။နောက်ဆုံး၌ ဒီနယ်ပယ်က သူ့၏ စိတ်ဝိညာဉ်ပင်လယ်ဖြစ်နေဆဲပင်ဖြစ်သည်။


သူ့၏ စိတ်စွမ်းအင်များကလည်း ထိုနေရာ၌ ပို၍ အားကောင်းလာမည်ဖြစ်သောကြောင့် သူအနက်ရောင်ထောင်တျဲနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့မှု မရှိပေ။ထိုသို့တွေးနေရင်းမှာပင် မီးခိုးရောင်အာကာသ၌ ပြင်းထန်လှသော မုန်တိုင်းတစ်ခု ပေါ်ထွက်လာလေ၏။


တစ်ချိန်တည်းမှာပင် ပုဖန်၏။ မဟူလိပ်ခုံးဒယ်အိုးက သူ့၏ လက်အတွင်း၌ ပေါ်ထွက်လာပေသည်။


အနက်ရောင်ထောင်တျဲ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေလေသည်။


ထောင်တျဲက သူ့၏ အင်အားကြီးမားလှသော အဓိက စွမ်းအင်ကိုချက်ချင်းအသုံးပြုလိုက်သည်။ဤလူသားကို ဖမ်းဆီးပြီး သည်နှင့် ဒီနယ်ပယ်မှ ချက်ချင်းခေါ်ဆောင်သွားမည်ဖြစ်သည်။ထိုသို့ဆိုလျှင် အင်အားကြီးမားလှသော သားရဲသုံးမျိုးက ကူညီနိုင်တေါ့မည်မဟုတ်ပေ။


အနက်ရောင်ထောင်တျဲ၏ အစီအစဉ်မှာ အတော်အသင့် ခ်ိုင်မာလွန်းလှ၏။သို့သော် သူက ပုဖန်၏ မဟူရာလိပ်ခုံးဒယ်အိုးအစွမ်းကို လျှော့တွက်ထားပုံပေါ်လေသည်။ပြင်းထန်သော အရှိန်နှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုးက ထောင်တျဲ၏ ညာဘက်ခန္ဓာကိုယ်ဆီသို့ ရိုက်ချလိုက်သည်။


အစပိုင်းတွင် မဟူရာလိပ်ခုံးဒယ်အိုး၏ ထိတွေ့မှုကို ဂရုမစိုက်ခဲ့သော်လည်း စူးရှရှနာကျင်မှုက သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထွင်းဖောက်ဝင်ရောက်လာပြီး ထုံကျင်သွားလေ၏။


ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။မဟူရာလိပ်ခုံးဒယ်အိုး၏ စွမ်းအင်က အနက်ရောင်ထောင်တျဲ၏ ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေသည်။


"ဟမ်...ဒါက အသုံးဝင်တာလား..."


ပုဖန် လိပ်ခုံးဒယ်အိုးဆီသို့ ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်၏။ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို အနက်ရောင်ထောင်တျဲ၏ ခေါင်းဆီသို့ နောက်တစ်ကြိမ်လွှဲယမ်းလိုက်၏။


ထောင်တျဲက သူ့ကိုယ်သူ အနက်ရောင်တိမ်တိုက်ထဲသို့ ဖြန့်ကျက်လိုက်သော်လည်း မဟူရာလိပ်ခုံးဒယ်အိုး၏ စွမ်းအင်က သူ့ကို ပြန်လည်ဖိနှိပ်လိုက်၏။


မဟူရာလိပ်ခုံးဒယ်အိုး၏ ရိုက်ခတ်မှုကြောင့် သူ့၏ ဦးခေါင်းမှာ အတော်ပင် ထိခိုက်သွားလေ၏။စူးရှလှသော နာကျင်မှုက ထောင်တျဲ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန့်နှံ့သွားလေသည်။


သန်းပေါင်းများစွာသော မိုးကြိုးများက ထောင်တျဲ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောကြောင့် သူ့၏ နာကျင်စွာ အော်ဟစ်မြည်ကြွေးမှုက စိတ်သောကရောက်ချင်စရာပင်ကောင်းလှ၏။မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်၏ လက်ပေါ်တွင် ရှိနေလေ၏။ထောင်တျဲက ဒယ်အိုးကို ဆန့်ကျင်နိုင်းစွမ်းမရှိကြောင်းကို သူသေချာစွာ သိရှိသွားလေသည်။


ဝေါင်း...


ထိုငတုံးသားရဲက သူ့၏ ပါးစပ်အကျယ်ကြီးကို ဟ၍ ဟိန်းဟောက်လိုက်သည်။ထိုသို့ ဟိန်းဟောက်ရာမှ ထွက်ပေါ်လာသော လှိုင်းများဖြင့် ထောင်တျဲက ပြန်လည်ခုခံချင်သေး၏ 


မည်သိုပင် ပြုလုပ်သော်လည်း ဒယ်အိုး၏ ခုခံနိုင်စွမ်းက ကြီးမားနေသေးသည်။


အနက်ရောင်ထောင်တျဲက လုံးဝ စိတ်ဓာတ်ကျသွား၏။သူ့၏ သွားများမှာလည်း ထောင့်တစ်နေရာစီတွင် ချိုးပဲ့ ဖျက်စီးခြင်းခံထားရသောကြောင့် အားလုံးနီးပါးကျိုးပဲ့နေလေသည်။ပုဖန်က မဟူရာလိပ်ထခုံးဒယ်အိုးကို လက်တစ်ဖက်ဖြင့် ကိုင်လျက် မြေပြင်ပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေသော အနက်ရောင်ထောင်တျဲကို တစ်ချက်လှမ်းကြည့်လိုက်၏။ထို့နောက် ထောင်တျဲရှိရာဆီသို့ လျှောက်လှမ်းလာလေသည်။


"မင်းဘာလို့ ဒီလောက်အားနည်းနေတာလဲ ဒါ မင်းမှာရှိတဲ့ စွမ်းအင်အကုန်ပဲလား..."


အနက်ရောင်ထောင်တျဲမှာမူ စကားပင် ပြန်၍ မပြောနိုင်ပေ။ပုဖန်က အနက်ရောင်ထောင်တျဲ၏ စွမ်းအင်ကို မြင့်တင်ပေးပြီး အခါအခွင့်ကြုံလျှင် အသုံးပြုမည်ဟု စီစဉ်ထားသောကြောင့် သူအနည်းငယ် စိတ်ပျက်မိသွားသည်။


ထိုငတုံးသားရဲက ထိုမျှလောက် ပျော့ညံ့လိမ့််မည်ဟု ပုဖန်မတွေးထားမိပေ။ပြင်ပကမ္ဘာတုန်းကကဲ့သို့ရက်စက်ကြမ်းကြုတ်သည့် လက္ခဏာများ တစိုးတစိမှ မရှိပေ။


သူတွေးနေစဉ် အချိန်တွင်းမှာပင် မဟူရာလိပ်ခုံးဒယ်အိုးက အလိုအလျောက် ထောင်တျဲ၏ ခေါင်းပေါ်သို ရိုက်ချလိုက်ပြန်သည်။ ပြင်းအားကြောင့် မြေပြင်ပေါ်၌ လဲလျောင်းနေသည့် အနက်ရောင်ထောင်တျဲက ထပ်မံ လွင့်စင်သွားပြန်သည်။


မင်းမှာ ဒယ်အိုးရှိနေတာပဲ ...အဲ့ဒီအရာက မင်းကို ခွန်အားကြီးအောင် ပြုလုပ်ပေးတယ်...


အနက်ရောင်ထောင်တျဲ၏ နှလုံးအိမ်မှ စိတ်ပျက် အားငယ်မှုများဖြင့် ပြည့်နှက်နေပေသည်။


"စနစ် ငါဒီဟာကို အနိုင်ယူလိုက်ပြီးပြီ...ငါနောက်ထပ် ဘယ်လ်ိုကိုင်တွယ်ရဦးမှာလဲ ..."


ပုဖန် စနစ်ကို မေးမြန်းလိုက်သည်။သူအနက်ရောင်ထောင်တျဲအား မည်ကဲ့သို့ ဖယ်ရှားရမည်ကို အလေးအနက် မတွေးထားချေ။စနစ်က တခဏမျှ ငြိမ်သက်သွားပြီးနောက် သူ့ခေါင်းထဲတွင် မြည်သံတစ်ခုထုတ်လွင့်လိုက်လေသည်။


....


ရုတ်တရက် ပုဖန်သူ့၏ ခန္ဓာကိုယ်အစစ်အမှန် အတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် အနဲငယ်တုန်လှုပ်သွားသည်။သူ့၏ မှေးမှိန်နေသော မျက်ဝန်းများက စိတ်ဝိညာဉ် စွမ်းအင်၏ အလင်းများကဲ့သို့ တဖြေးဖြေးတောက်ပလာလေသည်။


ထို့နောက် အဝေးတစ်နေရာစီတွင် နယ်သာရီနှင့် အဖြူရောင်ထောင်တျဲတို့၏ ပြင်းထန်သော တိုက်ပွဲက စတင်လေ၏။အဖြူရောင်ထောင်တျဲ၏ ရုပ်ပုံမှာ ထပ်ခါတလဲလဲ အင်အားများကို စု၍ တိုက်ခိုက်နေပုံပေါ်သည်။


သူ့၏ ပါးစပ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်ရေဝဲများနှင့် စွမ်းအင်များကို ဆက်တိုက် ပစ်လွှတ်နေပေသည်။နယ်သာရီက ခွေးဘုရင်၏ အမွှေးများကို အပြာရောင်မီးတောက်များအဖြစ် တောက်လောင်စေလိုက်ပြီးတိုက်ခိုက်လိုက်သည်။


သို့သော်လည်း အဖြူရောင်ထောင်တျဲက ယခင်ကကဲ့သို့ပင် တည်ရှိနေဆဲဖြစ်၏သူက တိုက်ပွဲ၏ အရှိန်အဟုန်ကို အတိုင်းအတာ တစ်ခုထိ ရောက်သည်အထိ မြင့်တက်စေပေသည်။


...


ချူချန်းရှန်၏ ကြွက်သားများပေါ်ရှိ အမှတ်အသားများကို သူ့၏ ခန္ဓာကိုယ်အပေါ်ပိုင်းလစ်ဟာနေမှုကြောင့် တွေ့ရှ်ိနိုင်ပေသည်။သူက ဘိုးဘေးမိကျောင်းကြီးဆီသို့ သေစေနိုင်သည့် လက်သီးအချက်ပေါင်းများစွာကို ပစ်လွှတ်လိုက်၏။


ထိုအရာက ကမ္ဘာမြေကြီးပေါ်သို့ ကြယ်အစိုင်အခဲများပြုတ်ကျနေဟန်နှင့် တူညီနေလေသည်။သို့သော်လည်း ဘိုးဘေးမိကျောင်းကြီး၏ ရယ်ချင်စရာကောင်းလှသောအရေခွံက ထူထဲပြီး ခိုင်ခံ့မှုများကိန်းအောင်းနေသောကြောင့် ချူချန်းရှန်၏ တိုက်ခိုက်မှုက လုံးဝ လျစ်လျူရှူနိုင်ပေသည်။


ဘိုးဘေးမိကျောင်းကြီးက မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာပြီးနောက် ချက်ချင်းဆိုသလို ပြန်လည်ထကာ မိုးကောင်းကင်ပေါ်သို့ ပြန်တက်သွားပြီး ချူချန်းရှန်ပေါ်သို့ ကျားတစ်ကောင်ကဲ့သို့ အုပ်မိုးလိုက်လေသည်။၎င်း၏ အမြီးက အစားကြူးနတ်ဘုရားအဆောက်အဦးရှိ အခင်းအကျင်းများကို ဖြတ်ကျော်ကာမရေမတွက်နိုင်လှသော တောက်ပသည့် အလင်းတန်းများကို ထုတ်လွတ်လျက် ချူချန်းရှန်ပေါ်သို့ ပြင်းထန်စွာ ရစ်ပတ်သွားစေ၏။


ချူချန်းရှန်နှင့် ဘိုးဘေးမိကျောင်းတို့၏ တိုက်ပွဲမှာ အထွဋ်အထိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။


.....


ဝီ...


သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် စနစ်၏အသံထွက်ပော်လာသောကြောင့် ပုဖန်ထိတ်လန့်သွားသည်။


"ထောင်တျဲရဲ့ သန့်စင်လှတဲ့ သွေးစွမ်းအင်..."


ပုဖန်က ကြမ်းတမ်းပြီး ရိုင်းစိုင်းလှသည့် အဖြူရောင်ထောင်တျဲကို တစ်ချက်လှမ်းကြည့်လိုက်၏။ရွှေရောင်နဂါးနှင့် အခြားသူများက အနက်ရောင်ထောင်တျဲအား သူတို့၏ အာရုံထဲပင် မရှိကြောင်း ပြောဆိုနေသည်ကို သူသတိရမိသွားသည်။သူတို့က အနက်ရောင်ထောင်တျဲကို ငတုံးစ

ဟုပင် ပြောဆိုခဲ့ကြသည်။


ထိုအဖြူရောင်ထောင်တျဲနှင့် အနက်ရောင်ထောင်တျဲတို့က သန့်စင်သော သွေးမျိုးဆက်များ မဟုတ်သည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။


ပုဖန်၏ စိတ်ဝိညာဉ်ပင်လယ်အတွင်း၌ ရေသံများ တရှဲရှဲ ကျနေသည့်အသံ ထွက်ပေါ်လာလေသည်။အစက်များက အေးဆေးတည်ငြိမ်လှခြင်းကြောင့် အနက်ရောင်ထောင်တျဲက သန့်စင်သော သွေးများ ထုတ်ယူ နေကြောင်းကို သက်သေပြနေပေသည်။


.....


ဝုန်း...


အဖြူရောင်ထောင်တျဲကနယ်သာရီ၏ ရှေ့၌ရှိနေသော အပြာရောင်ဖျော့ အခင်းအကျင်းကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။


ထိုအချိန်တွင် နယ်သာရီ၏ အနက်ရောင်ဆံပင်များက လှပကျော့ရှင်းစွာ လွင့်ပျံနေလေသည်။သူမက သွေးနီရောင် နှုတ်ခမ်းပားလေးကို အသာဟ၍ အသက်ကို ဖြေးညှင်းစွာ ရှူသွင်းလိုက်သည်။


နယ်သာရီက ပုဖန် ကောင်းမွန်သည့်အခြေနေ ပြန်လည်ရရှိသွားသည်ကို သိလိုက်သောကြောင့် ဖျတ်ခနဲ ကြည့်လိုက်သည်။ထိုအကြည့်များက သူမ၏ အံ့အားသင့်မှုကို ပေါ်လွင်အောင် ဖော်ပြနေပေသည်။


ပုဖန်၏ အော်ရာများကလည်း အံ့သြစရာကောင်းလောက်အောင် တဟုန်ထိုးပြောင်းလဲလာပေသည်။ထိုသို့ ပုဖန်၏ ပြောင်းလဲမှုများကို နယ်သာရီက နားမလည်နိုင်သေးပေ။


အဖြူရောင်ထောင်တျဲက သူ့၏ ပျော့ပျောင်းနူးညံ့လှသည့် အမွှေးဖြူများဖြင့်လေထဲ၌ တည်ငြိမ်စွာ တဝဲလည်နေလေသည်။ဒဏ္ဍာရီလာ စွမ်းအင်တစ်မျိုးက သူ့၏ ပါးစပ်ထဲတွင် တဝဲလည်နေပေသည်။


ထို့နောက် သူ့၏ ပါးစပ်ကို ဖွင့်ဟလိုက်လေသည်။ပုဖန် မျက်လုံးများကို မှေးကျင်းလိုက်သည်။


"အဖြူရောင်ထောင်တျဲက ဘာလို့ အနက်ရောင်ထောင်တျဲကို ဝါးမ်ျိုချင်နေရတာလဲ ..."


ထို့နောက် သူ စနစ်၏ အသ်ိပေးချက်များကို ပြန်လည် အသိရသွားသည်။အဖြူရောင်ထောင်တျဲက အနက်ရောင်ထောင်တျဲ၏ သန့်စင်လှသော သွေးမျိုးစက်ကို လိုချင်နေခြင်းဖြစ်နိုင်လေသည်။


"ဟုတ်တယ် ဒါက အဖြစ်နိုင်ဆုံးပဲ ..."


အဖြူရောင်ထောင်တျဲ၏ မျက်ဝန်းထဲ၌ လောဘ၏ အငွေ့အသက်များကြောင့် အရှိန်ပြင်းပြင်းတောက်နေသည့် မီးတောက်ပမာ စူးစူးရဲရဲ ဖြစ်နေပေသည်။သူက သူ့၏ ခြေသည်းများကို ဟင်းလင်းပြင်နေရာမှ လှည့်ပတ်ကာ အဖြူရောင်အလင်းတန်းဖြင့် ပြောင်းလဲယူလိုက်ပြီးနောက် ပုဖန်ရှိရာဆီသို့ ပစ်လွှတ်လိုက်သည်။


နယ်သာရီက မျက်မှောင်ကြုတ်လျက် ခွေးမွှေးကို ကိုင်ကာ သူ့၏ ကျောက်စိမ်းကဲ့သို့ လှပလှသော ခြေထောက်လေးများကို ဆန့်တန်း၍ ပုဖန်ရှေ့၌ ရပ်နေလေသည်။


သူက ပုဖန်ရှေ့မှ ထ်ိုအဖြူရောင်ထောင်တျဲကို တိုက်ခိူက်ရန် ပြင်ဆင်လိုက်သည်။သို့သော်လည်း သူမက ပုဖန်၏ ရပ်တန့်ခိုင်းခြင်းကို ခံလိုက်ရလေသည်။ပုဖန်က နယ်သာရီ၏ ပခုံးကို ဆွဲလျက် သူ့၏ နောက်သို့ ပို့လိုက်သည်။


နယ်သာရီက သူ့၏ရှေ့မှ ဖြတ်လျှောက်သွားသော ပုဖန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။


"သူက ဘာလုပ်ဖို့ စီစဉ်နေတာလဲ..."


သူက နယ်သာရီအား ရှုပ်ထွေးစေရုံသာမက တက်ရောက်သာ ပွဲကြည့်သူများ အားလုံးနီးပါးကိုပါ စိတ်ရှုပ်ထွေးအောင် ပြုလုပ်နေပေသည်။သူတို့အားလုံး ဘာတွေ ဆက်ဖြစ်လာမည်ကို တစ်စွန်းတစမျှ မသိကြပေ။


အဖြူရောင်ထောင်တျဲက အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေသည်။စွမ်းအင်ကြီးမားလှသော သူများပင်လျှင် မတွန်းလှန်နိုင်ကြပေ။


ထ်ို့ကြောင့် အင်အားနည်းလှသော ပုဖန်က ရင်ဆိုင် အပြီးသတ်နိုင်ရန်မှာ အဓိပ္ပါယ်ပင်မရှိလှပေ။


 ပုဖန်က တခြားသူများ၏အထင်အမြင်များကို ဂရုမပြုခဲ့မိပေ။ သူက အဖြူရောင်ထောင်တျဲကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။


ထိုအချိန်၌ သူလိပ်နက်၏ ပြင်းထန်လှသောဖိအားတစ်ခုကို ခံစားလိုက်ရပြီး အစိမ်းရောင် အခိုးအငွေ့များနှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုးကြီးတစ်ခု ပေါ်ထွက်လာပေသည်။


ဝီ...


ထိုအချိန်တွင် လူတိုင်းက ပုဖန်၏ အော်ရာများ သိသိသာသာ ပြောင်းလဲလာမှုကို ခံစားလိုက်ရသည်။


"ဘာတွေ ဖြစ်နေတာလဲ ..."


အဖြူရောင်ထောင်တျဲက၏ အဖြူရောင်အမွှေးများ အလိုအလျောက် ထောင်မတ်သွားသည့် အချိန်တွင်... လူအားလုံး အေးစက်တောင့်တင်းသွားသလိုပင် ခံစားလိုက်ရ၏။


ပုဖန်က သူ့၏ အစစ်အမှန်စွမ်းအင်များကို မဟူရာလိပ်ခုံးဒယ်အိုးဆီသို့ ထည့်သွင်းလိုက်ခြင်းကြောင့် မဟူရာလိပ်ပုံသဏ္ဍာန်အရိပ်အယောင်က ပုဖန်၏ နောက်မှ ထွက်ပေါ်လာလေသည်။


ပုဖန်၏ ခန္ဓာကိုယ်အတွင်းမှ အရှိန်အဝါနှင့် ဖ်ိအားများက တမဟုတ်ချင်းလွှမ်းမိုးထွက်ပေါ်လာလေသည်။


"ဒီလ်ိုမျိုးဖ်ိအား ..."


"ဘုန်း..."


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးဖြင့် အဖြူရောင်ထောင်တျဲအားလွှဲယမ်းရိုက်ချလိုက်သည်။အဖြူရောင်ထောင်တျဲ သတိလက်လွတ်ဖြစ်သွားကာ မဟူရာလိပ်ခုံးဒယ်အိုးကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင်မရလိုက်ချေ။


"လုံးဝ အတိအက်ပဲ ပါဖက်..."


ပုဖန် ဖြေးညှင်းစွာ သက်ပြင်းချလိုက်သည်။


ဝုန်း ..


အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်က မြင့်မားလှသော ကောင်းကင်ယံဆီမှ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာသည်။ပြုတ်ကျသည့်အရှိန်ကြောင့် မြေပြင်က မီးတောင်ဝကဲ့သို့ အပိုင်းပိုင်းကွဲသွားသည်ကို တွေ့နိုင်ပေသည်။


လူအားလုံး ပါးစပ်အဟောင်းသားများဖြင့် ပုဖန်ကို တိတ်တဆိတ်.ကြည့်နေကြလေသည်။


သူတို့က ပုဖန်ကို မွန်းစတားတစ်ကောင်ကဲ့သို့ ကြောက်ရွံ့တုန်လှုပ်စွာ စောင့်ကြည့်နေကြပေသည်။


"ငါမျက်စိကန်းနေတာ မဟုတ်ဘူးမဟုတ်လား...ဒယ်အိုးလေးတစ်လုံးက အဖြူရောင်ထောင်တျဲကို ဒဏ္ဍာရီဆန်ဆန်ကောင်းကင်သို့ ပျံတက်သွားအောင် ရိုက်ချနိုင်တာလား..."


လူအုပ်ကြားထဲတွင် တစ်ယောက်တစ်ပေါက် တိုးတိတ်စွာပြောကြသံများထွက်ပေါ်လာလေသည်။တစ်ချို့မှာမူ ကြောက်ရွံ့မှုကြောင့် မျက်နာများပင် နီရဲလာပြီး အေးစက်လှသော လေထုက်ို သူတို့၏ ပါးစပ်မှ ရှိုက်ရှူနေရပေသည်။


"အဖြူရောင်ထောင်တျဲကို လွင့်ပျံတက်သွားအောင် လုပ်ဖို့အတွက် ဒီကလေးက ဘယ်လိုစွမ်းအားမျိုးတွေကို စုဆောင်းထားတာလဲ..."


အဖြူရောင်ထောင်တျဲက ဒဏ္ဍာရီလာ သားရဲတစ်ကောင်ဖြစ်သည်။ဝိညာဉ်လှေကား အဆင့် ငါးဆင့်ရှိသော စွမ်းအားကြီး ပညာရှင်များပင်လျှင် အဖြူရောင်ထောင်တျဲကို မကိုင်တွယ်နိုင်ကြပေ။


"ဒီကလေးက ဘာလို့ လွယ်လွယ်နဲ့ ဖြေရှင်းနိုင်ရတာလဲ..."


အဖြူရောင်ထောင်တျဲက စိတ်ရှုပ်ထွေးမှုဖြင့် ပက်လက်လန်လိုက်ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။သူ့၏ အော်သံမှာ ဒေါသများဖုံးလွှမ်းနေပေသည်။


ထိုအရာက မြင့်မြတ်သော စိတ်ဝိညာဉ် နယ်ပယ်မှ ပျံသန်းလာခြင်းဖြစ်ပေသည်။အဖြူရောင်ထောင်တျဲက အသံ၏ ကျယ်လောင်မှုက ဆည်းဆာကန်ကို ရိုက်ခတ်သွားပြီးနောက် လှ်ိုင်းလုံးကြီးများပင် ပေါ်ထွက်လာလေသည်။အပေါ်မှ ကြည့်လိုက်လျှင် ရေကန်ထဲမှ ထုလုပ်ထားသော ဧရာမ ရုပ်တုကြီးက ပေါ်ထွက်လာတော့မည်ပုံပင် ပေါ်နေလေသည်။


ထောင်တျဲဆီမှ သန့်စင်သောသွေးထုတ်ယူခြင်း အောင်မြင်စွာ ပြီးဆုံးသွားပေပြီ။


"သခင် ဒီဟာနဲ့ ပေါင်းစပ်ချင်ပါသလား..."


စနစ်၏ အသံက ပုဖန်၏ စိတ်ဝိညာဉ် ပင်လယ်အတွင်းမှနေ၍ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။


(ပေါင်းစည်းရမယ်... ပေါင်းစည်းလိုက်ရင် ငါက မွန်းစတားတစ်ကောင်...ဒာမှမဟုတ် လူရိုင်းတစ်ကောင်ဖြစ်လာမှာလား...)


စနစ်က ပြန်လည်ဖြေကြားခြင်းမရှိပေ။


ပုဖန်က ခေါင်းကိုညှင်သာစွာသာ ညိတ်လိုက်မိသည်။


"ဒါဆိုလည်း ပေါင်းစပ်လိုက်..."


ထို့နောက်တွင် ပုဖန် သူ့၏ ခန္ဓာကိုယ် ချွေးပေါက်များဆီမှ အနက်ရောင်အခိုးငွေ့များ ထွက်လာသည်ကိုသူသတိထားလိုက်မိသည်။


သူ့၏ ညာဘက်လက်မောင်းအောက်မှ အနက်ရောင်ငွ့များက သူ့၏ တစ်ကိုယ်လုံးသို့ လွှမ်းခြုံသွားပြီး ပေါင်းစည်းရန်အတွက် ကြိုးပမ်းလိုက်သည်။


ထို့နောက် အနက်ရောင်အခိုးအငွေ့များက ပုဖန်၏ လက်ဖဝါးမှ တံတောင်ဆစ်အထိ တင်းကျပ်စွာရစ်ပတ်ထားပေသည်။ထို့နောက်သူ့၏ လက်ချောင်းငားချောင်းစီမှ ထူးခြားသော ခံစားချက်အချို့ကို ခံစားလိုက်ရသည်။


"ဟမ် ပေါင်းစည်းခြင်းက ပြီးသွားပြီလား...ထောင်တျဲရဲ့ သန့်စင်တဲ့ သွေးစွမ်းအင်က လက်ပတ်တစ်ခုအဖြစ် ပြောင်းလဲသွားတာလား..."


ပုဖန်က လက်သီးကိုဆုပ်လျက် မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ လက်အတွင်းမှ ပြင်းထန်လှသော စွမ်းအင်တစ်ခ်ျို့ ထွက်ပေါ်လာသည်ကို သူကောင်းစွာ ခံစားလိုက်ရ၏


ဝေါင်း...


အဖြူရောင်ထောင်တျဲ၏ မျက်လုံးများက သွေးနီရောင်အဖြစ်ပြောင်းလဲသွားသောကြောင့် ကျယ်လောင်စူးရှလှသော အော်ဟစ်သံ အရှည်ကြီးကို ကြားလိုက်ရ၏။


ထ်ို့နောက် မြေပြင်မှနေ၍ ပုဖန်ရှိရာဆီသ်ို့ လျှပ်စီးကြောင်းများကဲ့သို့ ပြင်းထန်လှသော စွမ်းအင်များ ပစ်လွှတ်လိုက်လေ၏။ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်အားလုံးကို ဆုပ်ယူလိုက်သောကြောင့်အဖြူရောင် စိတ်ဝိညာဉ် ဘောလုံးတစ်ခုက ရေဝဲကြီးတစ်ခုသဏ္ဍာန်သူ့၏ ပါးစပ်နားတွင် လှည့်ပတ်နေလေသည်။


"ဒါက ကြောက်မက်ဖွယ်ကောင်းလှတဲ့ သတ်ဖြတ်ခြင်းတစ်မ်ျိုးပဲ ..."


ပုဖန်၏ အနောက်၌ ရပ်နေသောနယ်သာရီ၏ မျက်နာအမူအရာမှာသိသိသာသာပြောင်းလဲသွားလေသည်။


"သတိထား..."


နယ်သာရီက သူ့၏ လက်တွင် ခွေးဘုရင်၏ အမွှေးများကို ဆုပ်ကိုင်ရင်းဖြင့်ပင် ပုဖန်ကို သတိပေးလိုက်သည်။သို့သော်လည်း ပုဖန်ကမူ သူ့၏ လက်မောင်း၌ ရစ်ပတ်ထားသောအနက်ရောင်အပတ်ကို ကြည့်ရှုရင်း စဉ်းစားနေဆဲပင်ဖြစ်သည်။


ထို့နောက်တွင် မြေပြင်၌ရှိနေသောအဖြူရောင်ထောင်တျဲကို သူသတိထားလိုက်မိသည်။အဖြူရောင်ထောင်တျဲ၏ မျက်နာမှာ ရက်စက်ကြမ်းကြုတ်နေပြီး ရန်လိုနေပေသည်။သူက အင်အားပြင်းလှပြီး မုန်တိုင်းတစ်ခုနှင့် တူညီလှသည့် စွမ်းအင်ဘောလုံးများကို သူ့၏ ပါးစပ်မှ ထုတ်ကာ ပုဖန်ဆီသို့ ပစ်လွှတ်လိုက်လေသည်။


"သေစမ်း..."


ပုဖန်က ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရပြီးနောက် အဖြူရောင်ထောင်တျဲ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှ်ိုက်ရှူလိုက်သည်။ထို့နောက် ပုဖန်က သူ့၏ လက်မောင်းကို တင်းကျပ်စွာ ရစ်ပတ်ထားသော အနက်ရောင်လက်ပတ်၏ စွမ်းအင်များကို ခိုင်ခံ့စွာ ဆုပ်ကိုင်ရင်း သူ့၏ ဒယ်အိုးဆီသို့ ပို့လွှတ်လိုက်သည်။


ရွှေရောင် အလင်းတန်းတစ်ခု တောက်ပလာပြီး ပုဖန်၏ ခန္ဓာကိုယ်အတွင်းသို့ဖြတ်သန်းဝင်ရောက်သွားလေသည်။


"ဝေါင်း..."


ပုဖန်၏ လက်မောင်းဆီမှ နားအူမတက် ဟိန်းဟောက်သံတစ်ခုက ပေါ်ထွက်လာလေ၏။၎င်းမှာ အနက်ရောင်ထောင်တျဲ၏ ကြီးမားကျယ်ပြန့်လှပြီး သန့်စင်လှသော သွေးစွမ်းအင်များနှင့် သက်ဆိုင်နေပေသည်။


ပုဖန်က သူ့လက်ထဲရှိ မဟူရာလိပ်ခုံးဒယ်အိုးအား လေကို ဖောက်ခွင်းသွားစေနိုင်သည့် အရှိန်မျိုးဖြင့် ပစ်လွှတ်လိုက်လေသည်။