အပိုင်း ၆၉၂
Viewers 53k

အခန်း ၆၉၂

ကြမ်းကြမ်းတမ်းတမ်းပြုမူပြီးမှ ပြေးဖို့ပြင်နေတာလား...


 ကြမ်းတမ်းသော ပွတ်တိုက်မှုတစ်ခုကြောင့် လေထုက အမြင့်မှနေ၍ ကျယ်လောင်စွာအော်ဟစ်နေသလိုဖြစ်နေလေသည်။ထိုအသံကြီးကြောင့် လူတိုင်းနီးပါး၏ နားစည်များ ပေါက်ကွဲထွက်လုမတတ် ဖြစ်သောကြောင့် သူတို့၏ နားများကိုပိတ်လျက် မျက်မှောင်ကြုတ်လိုက်ကြသည်။


ဘုန်း...


အပင်ပေါ်ရှိ အစေ့အပွင့်များပင်လျှင် အက်ကွဲကြွေကျကာ ပြုတ်ကျလာလေသည်။ပုဖန်၏ လက်မောင်း၌ ရစ်ပတ်ထားသော အနက်ရောင်လက်ပတ်က စွမ်းအင်တစ်ဆင့်ချင်းတိုးလာလေသည်။မဟူရာလိပ်ခုံး ဒယ်အိုးကို အဆပေါင်းများစွာ ပြင်းထန်သည့် အရှိန်ဖြင့် လွှတ်လိုက်သောကြောင့် အနက်ရောင်အခိုးအငွေ့များက ဆက်တ်ိုက်ဆ်ိုသလို ထွက်လာပေသည်။


မျက်စိကျိန်းလောက်စရာအလင်းတန်းများကိုထုတ်နေသော ဒယ်အိုးက လည်၍ ပျံသန်းသွားလေသည်။ပုဖန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းဖျော့ဖျော့လည်း ထုတ်လွင့်နေသည်။သူ့၏ နီရောင်စားဖိုမှူးဝတ်စုံကလည်း တဖျတ်ဖျတ်လွင့်ခါနေ၏။အဖြူရောင်ထောင်တျဲက ပါးစပ်ဖွင့်ဟလိုက်ပြီး သိပ်သည်းလှသော စွမ်းအင်များပြည့်နှက်နေသည့် အလင်းလှိုင်းကို ပုဖန်ဆီသို့ ခ်ျိန်ရွယ်လိုက်သည်။


သူ့မျက်ဝန်းထဲတွင်လည်း သတ်ဖြတ်ခြင်းအငွေ့အသက်များပြည့်နှက်နေသည်။၎င်းက ပုဖန်ကို တကယ်ကို ရက်ရက်စက်စက်သတ်ချင်နေပေသည်။ရုတ်တရက် အဖြူရောင်ထောင်တျဲ အံ့သြထိတ်လန့်သွားသည်။


အဘယ့်ကြောင့်ဆိုသော် သူစွမ်းအင်လုံးမပစ်လွှတ်ရသေးခင်မှာပင် ဒယ်အိုးက သူ့၏ ခေါင်းကို အရှိန်ပြင်းစွာဖြင့် လာရောက်ထိမှန်လေသည်။နားကွဲလောက်ဖွယ်အသံများအဆက်မပြတ်ထွက်ပေါ်လာလေသည်။


စွမ်းအင်လုံးကလည်း မဟူရာလိပ်ခုံးဒယ်အိုး၏ ဖျက်စီးခြင်းကို ခံလိူက်ရသောကြောင့် ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်လှ်ိုင်းများ ပျံ့နှံ့သွားသည်။


ထိုပြင်းထန်လှသော စွမ်းအင်များကြောင့် အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်က လွင့်ထွက်သွားပြီး အစားကြူးနတ်ဘုရားအဆောက်အဦးနှင့် တိုက်မိသွားလေသည်။


ငရဲကမ္ဘာသင်္ဘောမှ စက်သံကြားလိုက်ရပြီးနောက် နှေးကွေးလှသော အရှိန်နှုန်းဖြင့် ကောင်းကင်ယံထက်တွင် ရွေ့လျားလာသည်။


ဝှစ် ..


မဟူရာလိပ်ခုံးဒယ်အိုးက အနက်ရောင်စွမ်းအင်များပတ်ထားသည့် ပုဖန်၏ လက်ထဲသို့ ပြန်လည်ရောက်ရှ်ိသွားသည်။ပုဖန် သူ့လက်မှစိမ့်ထွက်လာသော အနက်ရောင်စွမ်းအင်များကို အံ့သြတကြီး စိုက်ကြည့်လိုက်သည်။


သူ့စိတ်ထဲတွင်လည်း ထိတ်လန့်မှုဖြင့် အနည်းငယ် တုန်ခါသွားသည်။သူ့စွမ်းအားများက သိသိသာသာတိုးပွာလာပေ၏။ထောင်တျဲ၏ စွမ်းအင်များက တကယ်ကို သန့်စင်သော သွေးမျိုးဆက်အဖြစ် ထိုက်တန်ပေသည်။


ပုဖန်နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး အပျက်အစီးပုံများကြားထဲမှ ပြန်လည်ထလာသော အဖြူရောင်ထောင်တျဲဘက်သို့ ကြည့်လိုက်သည်။အဖြူရောင်ထောင်တျဲ၏ခန္ဓာကိုယ်က အစောပိုင်းကကဲ့သို့ ထင်ရှားလှသော ရုပ်ခန္ဓာမဟုတ်တော့ပဲ အလင်းစက်ငယ်လေးများအဖြစ်သို့ ပြန် လည်ပြောင်းလဲသွားသည်။သူ့၏ ခန္ဓာကိုယ်က အချိန်မရွေးပျောက်ကွယ်သွားတော့မည့်ပုံပေါ်လေသည်။


ဝေါင်း...


အဖြူရောင်ထောင်တျဲက ပုဖန်ဘက်သို့ လှည့်ကာ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။၎င်းက စစ်ပွဲကို အတိအလင်းကြေငြာလိုက်သကဲ့သို့ပင် သူက ပုဖန်၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများရှိနေစေချင်သည်။


ရက်စက်ကြမ်းကြုတ်လှသော အငွေ့အသက်များက ပျံ့နှံ့သွားသောကြောင့် ရှိနေကြေ သူများအားလုံး၏ နှလုံးသားထဲ ကြောက်ရွံ့မှုများကြီးစိုးသွားကာ သူတို့၏ မျက်နာကလည်းတင်းကြပ်သွားသည်။


ဝုန်း...


အဖြူရောင်ထောင်တျဲက နံရံကို ထောက်ကန်လိုက်ပြီးနောက် သာမန်မျက်စိဖြင့် မမြင်နိုင်သော အမြန်နှုန်းဖြင့် ပုဖန် ရှိရာဆီသို့ ဦးတည်ဝင်လာသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို လက်တစ်ဖက်တည်းဖြင့် ဆွဲကိုင်ထားလိုက်သည်။ထို့နောက် ထောင်တျဲရှိရာဘက်သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။


နယ်သာရီ အံ့သြမှင်သက်သွားသည်။ယခုလက်ရှိ ပုဖန်က သူမသိခဲ့သော ပုဖန်နှင့် အနည်းငယ် ထူးခြားကွဲပြားနေသည်ဟု ခံစားမိသည်။သို့သော်လည်း ထိုထူးဆန်းသောခံစားချက်ကိုလည်း သူမရှင်းမပြနိုင်ပေ။သူမ ပုဖန်၏ လက်ကို ကြည့်လိုက်ရာ အနက်ရောင်အခိုးအငွေ့များစိမ့်ထွက်နေသည်ကို တွေ့လိုက်ရ၏။ထိုစွမ်းအင်များကြောင့် သူမ၏ နှလုံးသားထဲတွင်ပင် အနည်းငယ်တုန်ယင်သွားသည်။


ထောင်တျဲ၏ အမြန်နှုန်းကြောင့် လေဟာနယ်ပင် လှုပ်ခါနေသည်။၎င်း၏ အရှိန်က အလင်းတန်းဖြင့်ပင် နှိုင်းယှဉ်၍ ရပေသည်။


မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက ပုဖန်၏ရှေ့သို့ ရောက်လာသည်။သူ့၏ လက်ကို မြောက်လိုက်ပြီး ပုဖန်၏ ခေါင်းကို လွှဲရိုက်ချလိုက်သည်


ဝေါင်း...


လက်သည်းချက်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းလှသောဟိန်းဟောက်သံကပါ ယှဉ်တွဲလိုက်ပါလာ၏။


သို့သော်လည်း ပုဖန်က ဒယ်အိုးကို ဝှေ့ယမ်း၍သာ တုံ့ပြန်လိုက်သည်။


ဒေါင်...


မဟူရာလိပ်ခုံးဒယ်အိုးက မခန့်မှန်းနိုင်လောက်သော အရှိန်နှုန်းဖြင့် လည်ပတ်သွားပြီး ထောင်တျဲ၏ ခေါင်းကို မိတ်ဆက်သွားလေသည်။အဖြူရောင်ထောင်တျဲက သတိလက်လွတ်အခြေအနေဖြစ်သွားပြီး အဝေးသို့ လွင့်ထွက်သွားလေသည်။ဒယ်အိုးက ပုဖန်၏ လက်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။


သူ့၏ လက်မောင်းတစ်လျှောက်တွင် အနက်ရောင်အခိုးအငွေ့များက ပြန့်ကျဲနေလေသည်။ပုဖန်က သူသည့် ဟာကျူလီကဲ့သ်ို့ အလွန်ပြင်းထန်လှသည့် ခွန်အားရှိသည်ဟုပင် ခံစားမိလေသည်။


ပုဖန်က အဖြူရောင်ထောင်တျဲကို ကြည့်လိုက်ပြီး သူ့ဆီသ်ို့ ခြေလှမ်းလှမ်းလိုက်သည်။သူက လျင်မြန်လှသော အရှိန်ဖြင့် ရွေ့လျားခြင်းမရှိသော်လည်း ကြည့်နေကြသူများ၏ စိတ်ထဲတွင် ကြောက်ရွဲ့ထိတ်လန့်မှုကို ခံစားရလေသည်။


(စားဖ်ိုမှူးလေးက ဒီလို ကြောက်စရာကောင်းတဲ့ အဆင့်တစ်ခုရောက်နေတဲ့ အရမ်းမြင့်တဲ့ အော်ရာမျိုးတွေ ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နေနိုင်တာလဲ...သူ့ရဲ့ အော်ရာတွေက အလွန်ဖိနှိပ်နိုင်စွမ်းရှိလွန်းတယ် ဒါက တကယ်ကို ထိတ်လန့်စရာပဲ...)


ဘန်း...


ပုဖန်က ဒယ်အိုးဖြင့် အဖြူရောင်ထောင်တျဲ၏ ခေါင်းကို ရိုက်ချလိုက်ပြန်သည်။အဖြူရောင်ထောင်တျဲက မူးဝေသွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့်ဆုတ်လိုက်ရသည်။


"မင်းက ငါ့ကို စားချင်နေတာမဟုတ်ဘုးလား.... လာလေ..."


ဘန်း....


ပုဖန်က တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် ထောင်တျဲ၏ မေးစေ့ကို ဒယ်အိုးဖြင့် ပင့်ရိုက်လိုက်ပြန်သည်။ထောင်တျဲက လေထဲသို့ ခြေလှမ်းအလှမ်းများစွာ ဆုတ်လိုက်ရပြန်သည်။


"လာစမ်းပါ ကြမ်းကြမ်းတမ်းတမ်းပုံစံ ပြုမူစမ်းပါဦး ..."


ထို့နောက် နောက်ထပ်ဒယ်အိုးရိုက်ချက်ထွက်ပေါ်လာပြန်သည်။


ဘန်း ဘန်း ဘန်း...


ပြင်းထန်လှသော အဆက်မပြတ်ရိုက်ချက်များ၏ အောက်တွင် အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်က ပို၍ မှိန်ဖျော့လာပြီး အချိန်မရွေးပျောက်ကွယ်သွားတော့မည့်ပုံ ပေါ်လာသည်။


ပုဖန် နောက်တစ်ကြိမ် ဒယ်အိုးကို မြောက်လိုက်သည်ကို မြင်ရသောအခါ၌ အဖြူရောင်ထောင်တျဲသည် ကြောက်ရွံ့ခြင်းဆိုသည့် အရသာကို သိရှိသွားပေသည်။


ကောင်းကင်တစ်ခုလုံးပိုပင် ဖုံးလွှမ်းထားပုံရသော ဒယ်အိုးက အရှိန်ဖြင့် လွှဲချလာသောကြောင့် သူထွက်ပြေးလွတ်မြောက်ရန်ပင် မဖြစ်နိုင်တော့ပေ။


"လခွမ်း...ဒီထောင်တျဲက ကောင်စုတ်လေးရဲ့ ဒယ်အိုးရိုက်ချက်ကနေ မလွတ်နိုင်တော့ဘူးလား..."


ထောင်တျဲ ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါးပင်ဖြစ်နေလေသည်။ထောင်တျဲက လွတ်မြောက်ရန် ကြိုးစားလိုက်သည်။သို့သော်လည်း ပုဖန်က ၎င်းကို အလွယ်တကူ လွတ်မြောက်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။


လေလှိုင်းတစ်လှိုင်းနှင့်အတူသူက အံ့အားသင့်စရာအရှိန်အဟုန်ဖြင့် လေထဲ ဖြတ်လျှောက်လာလေသည်။လူတိုင်းက ကောင်းကင်ထက်မှ ထ်ိုမြင်ကွင်းကို အံ့ပအားသင့်စွာဖြင့်ပင် ငေးမောကြည့်ရှုနေကြပေသည်။


ဒဏ္ဍာရီလာ ထောင်တျဲသားရဲက ဒယ်အိုးကိုင်ထားသော လူသားငယ်လေးတစ်ယောက်၏ လိုက်လံ ဖမ်းဆီးခြင်းကိုခံနေရပေသည်။ဒီမတ်ိုင်ခင်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ခြိမ်းခြောက်နိုင်ခဲ့သော ထောင်တျဲ၏ အော်ရာများ၊ ရက်စက်ကြမ်းကြုတ်မှုများ၊ အံ့အားသင့်ဖွယ်ကောင်းလှသော လွှမ်းမိုးနိုင်စွမ်းများက ဖုန်မှုန့်ကဲ့သို့ ပျောက်ကွယ်သွားပေပြီ။


ရှောင်ယုကလည်း ပုဖန်ကို အလွန်ပင် အံ့အားသင့် အမူအရာဖြင့်ပင် ကြည့်နေသည်။


"ပိုင်ရှင်ပုကတော့ အမြဲတမ်း ပိုင်ရှင်ပုပါပဲ...သူလုပ်လိုက်တဲ့ အရာရာတိုင်းက အမြဲတမ်းမျှော်လင့်နိုင်တာထက် ကျော်လွန်နေတာကြီးပဲ..."


အာကသနတ်သမီး၏ မျက်လုံးလေးများကလည်း တောက်ပလင်းလက်နေသည်။


နယ်သာရီက ဖြေးညှင်းစွာ ရွက်လွင့်လာနေသော သင်္ဘော၏ ထိပ်တွင် ခြေထောက်နှစ်ချောင်းတွဲလောင်းချ၍ ထိုင်နေလေသည်။သူမ၏ လှပလှသောခြေထောက်လေးများကို လေထဲတွင် ညှင်သာစွာ လွှဲယမ်းနေလေသည်။


ဘုန်း...


ပုဖန်က လက်တစ်ဖက်ဆန့်တန်းလိုက်ပြီး ထောင်တျဲကို နံရံဖြင့် ရိုက်လိုက်သည်။ထို့နောက်သူ့၏ အခြားလက်မှ ဒယ်အိုးက လွင့်ထွက်သွားပြီး ထောင်တျဲ၏ ခေါင်းကို ထပ်မံ ရိုက်နှက်လိုက်ပြန်သည်။


အစားကြူးနတ်ဘုရားအဆောက်အဦး၏ ကာကွယ်ရေးအစီအရင်နှင့်အတူ ထောင်တျဲ၏ ခန္ဓာကိုယ်ကလည်း ပြင်းထန်စွာ တုန်ခါလာလေသည်။


"ငါကြားတာတော့ မင်းက တော်တော်လေးကို ရက်စက်ကြမ်းတမ်းတယ်ဆို ...ဘာလို့ ဆက်မလုပ်တော့တာလဲ..."


ပုဖန်က အဖြူရောင်ထောင်တျဲ၏ ခေါင်းကို ဖိထားလိုက်ပြီးနောက် အနက်ရောင်စွမ်းအားများ ရစ်ပတ်နေသော လက်ဖြင့် ဒယ်အိုးကို ကိုင်၍ မြောက်လိုက်သည်။


သူ့၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ထောင်တျဲပေါ်သို့ ပြင်းထန်သော ဖိအားတစ်ချက်ဖြင့် လွှမ်းခြုံထားလေရာ ထောင်တျဲက မလှုပ်ရှားနိုင်ဖြစ်နေလေသည်။


ဘန်း...ဘန်း...ဘန်း...


ပုဖန်က ဒယ်အိုးဖြင့် ထောင်တျဲ၏ ခေါင်းကို ကြမ်းတမ်းရက်စက်စွာ ရိုက်လိုက်သောကြောင့် ထောင်တျဲ၏ ခေါင်းပင် ကြေမွလုမတတ်ဖြစ်သွားသည်။


ရုတ်တရက် မဟူရာလိပ်ခုံးဒယ်အိုးက လေထဲသို့ ခပ်မြောက်မြောက်မြင့်တက်သွားပြီးနောက် နောက်ဆုံးရက်စက်ကြမ်းတမ်းလှသော ရိုက်ချက်တစ်ချက် ကျရောက်လာလေသည်။


အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်နေပြီး ထိတ်လန့် ခြောက်ခြားနေသော အော်သံတစ်သံကို ထုတ်လွင့်လိုက်သည်။ကောင်းကင်ယံထက်တွင် အဖြူရောင်အလင်းစက်ငယ်လေးများ ပြည့်နှက်သွားသည်။ထိုအလင်းစက်ငယ်လေးများက ပုဖန်ဆီသို့ ဦးတည်လာလေသည်။ထိုအလင်းစက်ငယ်လေးများက သမုဒ္ဒရာအောက်တွင် နစ်မြှုပ်နေသလိုမျိုး နွေးထွေးသည့် ခံစားချက်မျိုးကို ပေးစွမ်းလေသည်။ပုဖန်ကကထောင်တျဲကို ဒယ်အိုးတစ်အိုးတည်းဖြင့် သေသည်အထိ ရိုက်ပစ်ခဲ့လေသည်။


ထောင်တျဲပေါက်ကွဲသွားသော မြင်ကွင်းက အားလုံးက်ို အံ့အားသင့်စေခဲ့သည်။သူတို့၏ မျက်နာပေါ်တွင် မယုံကြည်နိုင်မှုသာ အထင်းသားပေါ်လွင်နေလေသည်။


"အရမ်းကို စွမ်းအားကြီးတဲ့ ထောင်တျဲက ဒယ်အိုးနဲ့ရိုက်ခံရပြီး သေသွားပြီ...ဘုရားရေ ...


သောက်ကျိုးနဲ ဘာတွေဖြစ်နေတာလဲ..."


လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ပြင်းထန်သည့် အသက်ရှူသံများသာ ပြန့်လွင့်နေလေသည်။ပုဖန်က လက်သီးတင်းတင်းဆုပ်၍ လေထုထဲတွင် ပြန့်နှံ့သွားသော အဖြူရောင်အလင်းစက်ငယ်လေးများ ကို ကြည့်နေလေသည်။ထို့နောက် လက်တစ်ဖက်ဝှေ့ယမ်းကာ မဟူရာလိပ်ခုံးဒယ်အိုးကို ပြန်လည်ဖမ်းဆီးလိုက်သည်။


"အရမ်းအားနည်းလွန်းတယ် ဒယ်အိုးနဲ့ နည်းနည်းပဲ ရိုက်ရသေးတယ် သေသွားပြီ .. "


ပုဖန်က မကျေမနပ်ဖြင့် မှတ်ချက်ချလိုက်သည်။


လူတိုင်း ပြောစရာစကားမဲ့စွာ ဆွံ့အနေကြသည်။


ချူချန်းရှန်က သူ့၏ ရွှေရောင် ပန်းကန်လုံးကိုကိုင်ကာ ဘိုးဘေးမိကျောင်းခေါင်းတိုကို ဖိနှိပ်ထားလေသည်။


သူ ပုဖန်ကို ကြည့်လိုက်ရာ ပုဖန်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖိအားကို ခံစားမိလိုက်သည်။သူ အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း အကြောင်းပြချက်ကိုမူ မရှင်းပြနိုင်ပေ။


"ဒီကလေးမှာ တစ်ခုခု မှားနေပြီ...သူ့ရဲ့ လက်မောင်းမှာ ရစ်ပတ်နေတဲ့ အနက်ရောင်အပတ် ..."


၎င်းမှ ရင်းနီးနေသော အငွေ့အသက်များကို ခံစားမိလေသည်။ထိုအနက်ရောင်အပတ်က ထောင်တျဲ၏ အော်ရာနှင့် ဆင်တူနေသည်။


"မဟုတ်မှ ဒီကလေးက ထောင်တျဲရဲ့ ဝိညာဉ်ကို စုပ်ယူနိုင်သွားတာလား..."


"အခု အားလုံးပြီးသွားပြီ ..."


ပုဖန်က လည်ပင်းကျောလျှော့ရင်း ပြောလိုက်သည်။သူ့၏ခန္ဓာကိုယ်မှ စိမ့်ထွက်နေသော အော်ရာများက လျင်မြန်စွာ လျှော့ပါးလာပြီး သူ့လက်မောင်းပေါ်ရှိ အနက်ရောင်အပတ်ကလည်း တစ်ဖန် ပြန်လည် ငြိမ်သက်သွားသည်။


ပုဖန်က တည်ငြိမ်စွာဖြင့် ငရဲကမ္ဘာသင်္ဘောပေါ်သို့ ပြန်တက်လိုက်သည်။သူ့မျက်နာက တည်ငြိမ်နေသော်လည်း သူ့၏ စိတ်ထဲတွင်မူ ထောင်တျဲလက်ကို သုံးသည့် အချိန်၌ ကုန်ဆုံးသွားသော စိတ်ဝိညာဉ် စွမ်းအားများအကြောင်းကို စဉ်းစားနေလေသည်။ 


ထိုသို့ ဆိုလျှင် သူ့၏ စိတ်စွမ်းအင်များက ဒယ်အိုးရိုက်ချက်ငါးချက်သာလျှင် အသုံးပြုနိုင်သည်။သူ့၏ စိတ်ဝိညာဉ်ပင်လယ်ကို ကိုင်တွယ်ဖို့ဆိုလျှင် ထိုထက်မက များပြားလှသော စိတ်စွမ်းအင်များ လိုအပ်ပေလိမ့်မည်။


သူ သင်္ဘောပေါ်ထိုင်ချလိုက်သည်။သူ့၏ နဖူး၌ ချွေးများသီးနေပြီး သူ့၏ အသက်ရှူသံများကလည်း ပြင်းထန်နေသည်။ထိုချွေးများက သူ့၏ စိတ်စွမ်းအင်များ ကုန်စင်သွားသည့် သင်္ကေတကဲ့သို့ပင် ...


ဂလု...


ခဏမျှ တိတ်ဆိတ်နေပြီးနောက် အားလုံးဆီမှ တံတွေးတစ်လုတ် မျိုချသံ ကြားလိုက်ရသည်။ပုဖန်ထောင်တျဲအား ဖိနှိပ်သည်ကို မြင်ပြီးနောက် သူတို့၏ အကြည့်များထဲတွင် လေးစားမှု အရိပ်အယောင်များ စွန်းထင်နေပေသည်။


"ကလေးမလေး ဘယ်မှာလဲ..."


ပုဖန်က သူ့ဘေးတွင်ရပ်နေသော နယ်သာရီကို မေးလိုက်သည်။


"သင်္ဘောထဲမှာ..."


နယ်သာရီက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်၏။ပုဖန် မတ်တပ်ထရပ်လိုက်ပြီး ကလေးမလေးကို ကြည့်လိုက်သည်။သူ ထင်းးထားသကဲ့သို့ပင် ကလေးမလေးက သူမ၏ အသွင်အပြင်ကို ဂရုမစိုက်ပဲ ဟောက်တောင်ဟောက်နေပေသည်။


ပုဖန် အစောပိုင်းက ထင်ခဲ့သည်မှာ ထိုကလေးမလေးက ထောင်တျဲ ဝိညာဉ်ကို ဆုံးရှုံးလိုက်ရလျှင် သေသွားနိုင်သည်ဟု ထင်ထားခဲ့သည်။သို့သော်လည်း အခုအခြေအနေအရ ကလေးမလေးတွင် မည်သည့် မူမမှန်သည့်အရာမှ ဖြစ်ပေါ်လာမည့်ပုံမပေါ်ပေ။


သူကလေးမလေး၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ပြီးနောက် သင်္ဘောဝမ်းဗိုက်ထဲမှ ချီလာခဲ့သည်။


"စနစ် ငါတို့ လုပ်စရာအားလုံး ပြီးသွားပြီ...အခု ပြန်ဖို့ ပြင်ဆင်ကြစို့ ..."


ပုဖန် သူ့စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။စနစ်ကချက်ချင်းမတုံ့ပြန်ပဲ ခဏမျှ အကြာမှသာ အက်ရှရှအသံ ထွက်ပေါ်လာသည်။


(ယာယီမစ်ရှင် ပြီးဆုံးသွားပါပြီ...အပြန်ခရီး စတင်နေပါပြီ...သုံး နှစ် တစ်...ရွှေ့ပြောင်းအစီအရင် အသက်ဝင်ပါပြီ...ပိုင်ရှင် နောက်စက္ကန့်အတွင်း အပြန်ခရီးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်...)


စနစ်၏ တည်ငြိမ်လှသော အသံထွက်ပေါ်လာသည်။စနစ်၏ အသံ ပျောက်ကွယ်သွားသည်နှင့် သူ့၏ ခေါင်းပေါ်တွင် အဖြူရောင်အလင်းစက်ငယ်လေးများဖြစ်ပေါ်လာကာ တဖြေးဖြေးစုစည်းလာလေသည်။


လူများအားလုံးက ပုဖန်၏ ခေါင်းအထက်မှ အဖြူရောင်အစက်ငယ်လေးများ၏ အဓိပ္ပါယ်ကို နားမလည်ပေ။သို့သော်လည်း ခဏအကြာတွင် သူ့၏ ခေါင်းထက်မှ ပေါ်လာသော အစီအရင်ကို သတိပြုမိသွားကြသည်။


"ဒါက ရွှေ့ပြောင်းအစီအရင်ပဲ...ပုဖန်က အဝေးကို ရွှေ့ပြောင်းမလို့ စီစဉ်ထားတာလား...သူက မိမိမိုက်မိုက်တွေ သရုပ်ဆောင်ပြပြီးတော့မှ ထွက်ပြေးဖို့ စီစဉ်ထားတယ်ပေါ့လေ..."


အစားကြူးတောင်ကြားအတွင်းတွင်ရှိနေသော တော်ဝင်ခုံရုံးမှ စွမ်းအားကြီး အကြီးအကဲများက သူတို့၏ ပြင်းထန်လှသောဖိအားများကို ထုတ်ဖော်လိုက်ကာ ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။


"မင်း အခု ထွက်သွားလို့ မရသေးဘူး...ထောင်တျဲ ဝိညာဉ် ငါ့ကိုပေး..."


မျက်နာနီနှင့် အဖိုးကြီးတစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။အစောပိုင်းက ပုဖန် ပြခဲ့သော အရှိန်အဝါများကြောင့် သူတို့ နှလုံးသားထဲတွင် ကြောက်ရွံ့တုန်လှုပ်ခဲ့ရသော်လည်း ယခုအချိန်တွင် ထိုအရှိန်အဝါများမရှိတော့ပေ။


ထို့အပြင် ထိုမျှအားကြီးလှသော လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သောကြောင့် ယခုအခ်ျိန်တွင် ထိုကောင်လေးက အားနည်းနေနိုင်ပေသည်။ယခုအချိန်က သူတို့အတွက် ထောင်တျဲ၏ ဝိညာဉ်ကို သိမ်းပိုက်ရန် အခွင့်အရေးကောင်းပင်ဖြစ်သည်။


"ထောင်တျဲ ဝိညာဉ် ဟုတ်လား...ခင်ဗျားက ကျူပ်လက်မောင်းပေါ်က အနက်ရောင်လက်ပတ်နက်ကို ရည်ညွှန်းနေတာလား...ကျုပ်ဒီမှာ ရပ်နေတယ် လာယူလိုက်..."


ပုဖန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။အကြီးအကဲ တစ်ချို့က ဒေါသတကြီး အမူအရာများကို ထုတ်ဖော်လာကြသည်။သူတို့က ပုဖန်၏ လက်မှ လက်ပတ်ကို လောဘတကြီးဖြင့် စိုက်ကြည့်လိုက်ကြသည်။


သို့သော်လည်း ထိုအကြီးအကဲများ မလှုပ်ရှားရသေးခင်မှာပင် အစားကြူးတောင်ကြားတစ်ခုလုံး ပြင်းထန်စွာတုန်ခါလာလေသည်။ချူချန်းရှန်၏ မျက်နာအမူအရာက ပြောင်းလဲသွားသည်။သူ မယုံကြည်နိုင်လှသော မျက်ဝန်းများဖြင့် ဆည်းဆာရေကန်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။


ချူချန်းရှန်၏ မျက်နာအမူအရာက ပြောင်းလဲသွားသည်။သူမယုံကြည်နိုင်လှသော မျက်ဝန်းများဖြင့် ဆည်းဆာရေကန်ဘက်သို့ လှည့်ကြည့်လိုက်သည်။စွမ်းအားကြီးလှသော လူတစ်ချို့ကလည်း လေထဲသို့ ပျံတက်လိုက်ပြီး အဝေးဆီမှဖြစ်ပေါ်နေသော အရာများကို စူးစမ်းလိုက်၏။


ထိုနေရာသို့ အကြည့်ရောက်သောအခါတွင် သူတို့၏ မျက်နာအမူအရာများက နီရဲသွားလေသည်။ရေကန်ထဲ၌ လှိုင်းလုံးများ တလိမ့်လိမ့်တက်လာလေသည်။ထိုရေကန်အတွင်းမှ ဧရာမပုံရိပ်ကြီးတစ်ခု တဖြေးဖြေးထွက်ပေါ်လာနေ၏။


ဗွမ်း ဗွမ်း 


ဘုန်း ...


ချွင်...


ရေလှိုင်းရိုက်ခတ်သံများ စိတ်ဝိညာဉ် သံကြိုးရိုက်ခတ်သံများပေါ်လာပြီးနောက် ကောင်းကင်ယံကိုပင် ဖုံးအုပ်သွားလုသော မွန်းစတားကြီးတစ်ကောင် မတ်တပ်ထရပ်လာလေသည်။


ဝေါင်း...


ထိုကြီးမားလှသည့် သတ္တဝါကြီးက ဟိန်းဟောက်လိုက်လေရာ ရေကန်တစ်ခုလုံး မုန်တိုင်းငယ်တစ်ခုအလား ဂယက်ထသွားလေသည်။


ပုဖန် ထိုသားရဲကြီးကို ကြည့်လိုက်ရာ သူအစောပိုင်းက အနိုင်ယူခဲ့သော အဖြူရောင်ထောင်တျဲနှင့် ဆင်တူနေသည်ကို သတိပြုမိလိုက်သည်။


"ဒါက အဖြူရောင်ထောင်တျဲရဲ့ အစစ်အမှန်ခန္ဓာကိုယ်လား သူက တကယ်ကို ဒဏ္ဍာရီလာ သားရဲပဲ ..."


အခြားသူများ ကြောက်ရွံံ့မှုကြောင့် တုန်ယင်နေသည့် အခ်ျိန်တွင် ပုဖန်က အသာအယာ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။


ချူချန်းရှန်ပင်လျှင် ထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေ၏။


ဝီ...


"ရွှေ့ပြောင်း အစီအရင် အဆင်သင့်ဖြစ်ပါပြီ...ရွှေ့ပြောင်းဖို့အတွက် ပြင်ဆင်ပါ..."


ပုဖန်က ဒေါသတကြီး ဟိန်းဟောက်နေသော သားရဲကြီးဆီသို့ တစ်ချက်ကြည့်လိုက်ပြီးသက်ပြင်းအသာချလိုက်သည်။သူ့၏ ပတ်ပတ်လည်တွင် လေမုန်တိုင်းတစ်ခု စတင်တိုက်ခိုက်လာလေသည်။ပုဖန်၏ အပြန်ခရီး စတင်ပေပြီ။


ရုတ်တရက် အဖြူရောင်ထောင်တျဲက ပုဖန်ရှိရာဆီသို့ ကြည့်၍ ဟိန်းဟောက်လိုက်သည်။၎င်းအသံက ကောင်းကင်တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။ထို့နောက် ၎င်းက ပုဖန်ရှိရာဆီသို့ ဦးတည်လာသောကြောင့် သူ့၏ လှုပ်ရှားမှုကို ထိန်းချုပ်ကန့်သတ်ထားသည့် စည်းတံဆိပ်များ စိတ်ဝိညာဉ်ကြိုးများကျိုးပဲ့ကုန်လေသည်။