အပိုင်း ၆၉၃
Viewers 52k

အခန်း ၆၉၃

နှလုံးသားထဲမှကြောက်ရွံမှု...


ချုပ်နှောင်ထားသည့် စည်းတံဆိပ်များ ကြိုးများအားလုံးနီးပါး က်ျိုးပျက်သွားပြီး ကြောက်စရာကောင်းလှသည့်အရာ ရေထဲမှတက်လာသည်ကိုသာ မယုံကြည်နိုင်စွာ ကြည့်နေမိသည်။


ကြောက်မက်ဖွယ်ရာ အော်ရာများကလည်း အထိန်းအကွပ်မဲ့ ပြန့်နှံ့လာသောကြောင့် လူများအားလုံးကို တုန်ရီခြောက်ခြားနေစေသည်။ထိုဖိအားက လူများ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေပေပြီ။အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော စည်းတံဆိပ်များ ဝိညာဉ် ကြိုးများ အများစုက ကျိုးပဲ့သွားပြီဖြစ်သည်။


၎င်း၏ ပါးစပ်ထဲမှ အဖြူရောင်ရေဝဲကလည်း တောင်တန်းတစ်ခုလုံးကိုပင် မျိုချတော့မည့်အလား ထင်ရသည်။အဆောက်အဦးတစ်ခုစာမျှလောက် ကြီးမားလှသည့်မျက်လုံးကြီးများက သင်္ဘော၏ ထိပ်ပိုင်းတွင်ရပ်နေသော ပုဖန်ကို စိုက်ကြည့်နေသည်။


ဧရာမ ကြီးမားလှသော အဖြူရောင်ထောင်တျဲကြီး၏ ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်ထားသော စိတ်ဝိညာဉ် ရှိပေလိမ့်မည်။အဘယ့်ကြောင့်ဆိုသော် သူ့၏ အကြည့်များက ပုဖန် ဒယ်အိုးဖြင့် ရိုက်နှက်ဖျက်စီးလိုက်သော အဖြူရောင် ကိုယ်ပွားနှင့် တူနေလေသည်။


အဖြူရောင်ထောင်တျဲ၏ မျက်ဝန်းထဲတွင် လောဘတကြီးဖြစ်နေသောဆန္ဒများကို တွေ့မြင်နိုင်လေသည်။၎င်းကပုဖန်၏ ကိုယ်ထဲတွင်ရှိနေသော အနက်ရောင်ထောင်တျဲ၏ ဝိညာဉ်ကို သိမ်းပိုက်လိုခြင်းဖြစ်သည်။


သို့သော်လည်း အလွန်ပင် တုတ်ခိုင်ကြီးမားလှသော ဝိညာဉ်ကြိုးတစ်ချောင်းက သူ့၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသေးလေရာ လွတ်မြောက်ဖို့လမ်းမရှိသေးပေ။


နားကွဲခြောက်ခြားဖွယ်ရာ ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး တောင်ကြားတစ်ခုလုံး အချိန်မရွေး ပြိုလဲ ကျသွားတော့မည်ဟုပင် ထင်ရသည်။


၎င်း၏ ကြီးမားကျယ်ပြန့်လှသော ပါးစပ်ကြီးက ပုဖန်ရှိရာဆီသို့ အလျင်စလို တိုးဝင်လာနေပြီး ရွှေ့ပြောင်းအစီအရင် ရပ်တန့်သွားအောင် ကြိုးစားနေလေသည်။


ပုဖန်သာ အဝေးသို့ ပို့ဆောင်ခံလိုက်ရလျှင် အနက်ရောင်ထောင်တျဲ၏ ဝိညာဉ်ကလည်း ပျောက်ဆုံးသွားပေလိမ့်မည်။အဖြူရောင်ထောင်တျဲက သန့်စင်သော ထောင်တျဲ သွေးစက်များအားလုံးကို စုဆောင်းထားချင်သည်။


သူ့၏ ဒီနောက်ဆုံးအဆင့်က အားလုံးထဲတွင် အရေးကြီးဆုံးအဆင့်လည်းဖြစ်၏။ထို့ကြောင့် လုံးဝ အဆုံးရှုံးမခံနိုင်ပေ။ထို့ကြောင့် ဒီလူသားကို လုံးဝ မလွတ်မြောက်သွားအောင် တားဆီးရပေမည်။


ပုဖန်၏ ခေါင်းအထက်တွင် အဖြူရောင်အစက်အပျောက်ငယ်လေးများက တဖြေးဖြေးစုစည်းလာပြီး တောက်ပသထက် တောက်ပလာခဲ့သည်။


နယ်သာရီနှင့် ပုဖန်တို့ နှစ်ယောက်စလုံးက အားနည်းသည့် အခြေအနေတွင်ရှိနေသည်။နယ်သာရီက ခွေးဘုရင်၏ အမွှေးများကြောင့် သူမ၏ တိုက်ပွဲစွမ်းရည်များကို အင်အားအပြည့် အသုံးချနိုင်ခဲ့သည်။


သို့သော်လည်း ရလဒ်အနေဖြင့် ဒီကမ္ဘာ၏ စည်းမျဉ်းများက သူမကို ပို၍ တင်းကျပ်စွာ ထိန်းချုပ်လာခဲ့သည်။ထို့ကြောင့် ယခုလက်ရှိ အချိန်တွင် သူမက ပို၍ အားနည်းလာပေ၏။စိတ်ဝိညာဉ် ပင်လယ်နှင့် စိတ်ဝိညာဉ် စွမ်းအင်များကလည်း ခမ်းခြောက်လုနီးပါးဖြစ်နေသည်။


ပုဖန်ကလည်း သူ့၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော ထူးခြားလှသည့် စိတ်စွမ်းအင်များက အဖြူရောင်ထောင်တျဲကို လွှမ်းမိုးနိုင်သည်အထိ အင်အားကြီးမားခဲ့သည်။သူက စိတ်ဝိညာဉ် လှေကား ခုနစ်ဆင့်နှင့်တူသော စွမ်းအားများကိုပင် ထုတ်ဖော်နိုင်ခဲ့သည်။


ထို့အပြင် တကယ်တမ်းပြောရမည်ဆိုလျှင် သူ့၏ ကျင့်ကြံမှုအဆင့်က မသေမျိုးခန္ဓာအဆင့် တစ်ဆင့်သာ ချိုးဖောက်ရသေးကြောင်းလည်း ထည့်တွက်ထားရပေမည်။


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးတွင်ပင် စိတ်ဝိညာဉ် လှေကား ခုနစ်ဆင့်ရှိသော ကျင့်ကြံသူကို ထိပ်သီး ပညာရှင်အနေဖြင့် သတ်မှတ်ထားကြပေသည်။၎င်းက အရေးကြီးသော တည်ရှိမှု တစ်ခုအဖြစ်လည်း မှတ်ယူနိုင်၏။


သို့သော်လည်း ယခု ထောင်တျဲ၏ အစစ်အမှန် ခန္ဓာကိုယ်က ထိုကဲ့သို့သော တည်ရှိမှုများထက် ပို၍ ကြောက်စရာကောင်းနေပေသည်။၎င်းထွက်ပေါ်လာခြင်းကြောင့်ကောင်းကင်နှင့် ကမ္ဘာမြေကြားရှိ စိတ်ဝိညာဉ် စွမ်းအင်ကမောက်ကမဖြစ်လာသည်။


အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်က စ်ိတ်ဝိညာဉ်လှေကားခုနစ်ဆင့်ထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။၎င်း၏ အဆင့်က စိတ်ဝိညာဉ်လှေကား အဆင့် ကိုးဆင့်ရှိသူနှင့် တူကောင်းတူနေနိုင်ပေသည်။


ထိုကဲ့သို့သော တည်ရှိမှုတို့သည် မယုံနိုင်လောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။အဖြူရောင်ထောင်တျဲ၏ ပါးစပ်ထဲမှ လှိုင်းဂယက်များကို စတင်ထုတ်လွင့်လာသည်။


သူ့၏ ပါးစပ်ထဲမှ အဖြူရောင်တွင်းပေါက်ကြီးက ထောင်တျဲ၏ အကောင်းဆုံးစွမ်းအင်ဖြစ်ကြောင်း သံသယရှိစရာမလိုပေ။ပုဖန် ကျောရိုးတစ်လျှောက် အေးစိမ့်သွားမှုကို ခံစားလိုက်ရပြီး တုန်လှုပ်သွားမိသည်။


ထိုပါးစပ်ပွင့်ဟလာသည့် အချိန်တည်းက သူ့၏ ရွှေ့ပြောင်းပို့ဆောင်မှု အစီအရင်က လုံခြုံခြင်းရှိမရှိကို မသိနိုင်ပေ။အကယ်၍ မရွှေ့ပြောင်းနိုင်ခဲ့လျှင် သူ ဘာဆက်လုပ်ရမည်ကိုလည်း မသိတော့ပေ။သူသာ အဖြူရောင်ရေဝဲထဲ စုပ်ယူခံလိုက်ရမည်ဆိုပါက အပိုင်းအစစ ချေမွခံလိုက်ရပေမည်။


ပုဖန်တို့ နှစ်ယောက်ပုန်းကွယ်ဖို့ မကြိုးစားသည်ကို မြင်လိုက်ရပြီး ချူချန်းရှန် ပါးစပ်အဟောင်းသားပွင့်သွားသည်။သူ့၏ မျက်ဝန်းများက ချက်ချင်းစူးရှ ထက်မြက်လာလေသည်။


"အကာအကွယ်ရှာ ထောင်တျဲရဲ့ ပါးစပ်က လေဟာနယ်ကိုတောင် ဖျက်စီးစားပစ်နိုင်စွမ်းရှိတယ် မင်းတို့ ရွှေ့ပြောင်း အစီအရင်လုပ်ဆောင်နေတုန်းမှာတောင် အစားခံလိုက်ရမယ်..."


"ဘာ..."


ချူချန်းရှန်၏ စကားကြောင့် ပုဖန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။


"အဲ့ဒါက လေဟာနယ်ကိုတောင် တစ်စစီ ချေဖျက်နိုင်တယ်...သောက်ကျိုးနဲ ဘယ်လို ကြောက်စရာကောင်းတဲ့ အရာကြီးလဲ..."


ပုဖန်မျက်မှောင်ကြုတ်လိုက်သည်။သူလွန်ကဲစွာ အားထုတ်ကြိုးပမ်းပြီးနောက် သူတစ်ကိုယ်လုံး အားနည်းနေသလို ခံစားရသည်။သို့သော်လည်း သူ ဝါးမျို စားသောက်ခြင်းကိုတော့ မခံနိုငိပေ။


သူအံတင်းတင်းကြိတ်လိုက်ပြီး စိတ်ဝိညာဉ် ပင်လယ်ထဲသို့ ဝင်လိုက်သည်။ထို့နောက် နောက်ဆုံးသော စိတ်ဝိညာဉ် စွမ်းအင်တစ်စက်ကို ညှစ်ထုတ်လိုက်ပြီး ထောင်တျဲ၏ လက်နှင့် မဟူရာလိပ်ခုံးဒယ်အိုးကို အသက်သွင်းရန် ကြိုးပမ်းလိုက်သည်။


သို့သော်လည်း ထိုခဏမှာပင် နယ်သာရီက ပုဖန်၏ ဘက်သို့ ကိုင်းညွှတ်လာသည်။ငရဲကမ္ဘာ၏ အငွေ့အသက်က သူ့၏ နှာခေါင်းထဲသို့ပင် စိမ့်ဝင်သွား၏။ သူ သံသယမကင်းစွာပင် နယ်သာရီကို ကြည့်လိုက်မိ၏။ နယ်သာရီက မျက်နာသေဖြင့်ပင် သူ့ကို ကြည့်လာပြီး ခွေးမွှေးတစ်ချောင်းကို ကမ်းပေးလိုက်၏။


"ခွေးဘုရင်က ငါ့ကို ခွေးမွှေးသုံးချောင်းပေးလိုက်တာ ပထမနှစ်ခုကတော့ ငါ့အတွက် ဒီနောက်ဆုံးတစ်ခုကတော့ နင့်အတွက် ပြီးတော့လည်း ဒါကို လိုအပ်တဲ့အချိန်မှသာ ပေးပါလို့ မှာလိုက်သေးတယ်..."


နယ်သာရီက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။ထို့နောက် ..


"ဘာလို့လဲဆိုတော့ နင်ပြန်ရောက်တဲ့အခါကျရင် သူ့ရဲ့ ပိုးသားလို နူးညံ့တဲ့ အမွှေးတွေ အကုန်လုံးကို ဆွဲနှုတ်မှာကြောက်လို့ပဲ .."


သူမက စိတ်အားထက်သန်တက်ကြွစွာဖြင့်ပင် ပြောလိုက်၏။ပုဖန် ရှုံ့မဲ့လိုက်မိသည်။


(လခွမ်း ငါက ခွေးမွှေးတွေကို ကြုံသလို လျှောက်နှုတ်နေတဲ့ သူနဲ့ တူလို့လား...ခွေးနဲ့ လူကြားထဲက ယုံကြည်မှုတွေက ဘယ်ရောက်သွားလဲ ...)


နဟ်သာရီက ခွေးမွှေးတစ်ချောင်းကို ပုဖန်၏ လက်ဖဝါးပေါ်သို့ တင်ပေးလိုက်သည်။


ဝေါ...


အဖြူရောင်ရေဝဲက အစားကြူးနတ်ဘုရားအဆောက်အဦးကို ဝါးမျို လွှမ်းခြုံလာချိန်မှာ ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံး မှောင်မဲ ကျသွားသလိုပင် ထင်ရသည်။


ပြင်းထန်လှသော ဖိအားများကြောင့် လူအများက ပြာနှမ်းသော မျက်နာများဖြင့်ပင် ဖိအားပေး ဒူးထောက်ခံလိုက်ရသည်။ချူချန်းရှန်၏ လွှမ်းမိုးမှုကို ခံနေရသော ဘိုးဘေးမိကျောင်းခေါင်းတိုကလည်း ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ပြားပြားဝပ် တုန်လှုပ်နေပေသည်။


အဖြူရောင်ထောင်တျဲ ပေါ်ထွက်လာမှုက သူ့နှလုံးသားထဲသို့ ကြီးမားလှသော ကြောက်ရွံ့မှု လှိုင်းလုံးကြီး စီးဝင်လာလေသည်။ပုဖန်က ခွေးမွှေးကို ကိုင်၍ သံသယစိတ်ဖြင့် ကြည့်လိုက်သည်။သူကိုယ်တိုင် အသုံးပြုရမည် ဖြစ်နေသောကြောင့် အနည်းငယ် သံသယဝင်နေပေသည် 


သူက ခွေးမွှေးကို မျက်နာနားကပ်၍ သေချာစွာ ကြည့်လိုက်သည်။ထိုအခ်ျိန်တွင်ပင် ခွေးမွှေးက ရုတ်တရက် လောင်ကျွမ်းသွားပြီး တောက်ပလှသည့် အပြာရောင်မီးတောက်ကို ထုတ်လွင့်လာလေသည်။


ပုဖန်လန့်သွားသည်။ထိုအခ်ျိန်မှာပင် ဆိုးရွားသည့် ခံစားချက်နှင့်အတူ ခွေးမွေးကပျောက်ကွယ်သွားလေသည်။


"ပျောက်သွားတာလား..."


ပုဖန် မှင်သက်သွားသော မျက်နာဖြင့် နယ်သာရီဘက်သို့ လှည့်၍ မေးလိုက်သည်။နယ်သာရီကလည်း သံသယမကင်းသော မျက်နာဖြင့် သူ့ကို ပြန်ကြည့်နေလေသည်။


ပုဖန် ရှုံ့မဲ့သွားသည်။သူ့၏။ခေါင်းထက်မှ ရွှေ့ပြောင်းအစီအရင်က ပြီးပြည့်စုံနေပြီဖြစ်ပြီး အလင်းများပင် ဖြာကျလာလေသည်။ထို့အပြင် ထောင်တျဲကလည်း ရောက်ရှိလာပြီဖြစ်သည်။


ဘုန်း...


ထိုခဏမှာပင် အားလုံး မှင်သက်အံ့အားသင့်သွားရမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။လေဟာနယ်ထဲတွင် များပြားလှသော စွမ်းအင်များက ထိတ်လန့်စရာ အမြန်နှုန်းဖြင့် စုစည်းလာပြီး ကောင်းကင်တစ်ခုလုံးပြည့်သွားလေသည်။


အားလုံး၏ တွေဝေငေးမောနေသည့် အကြည့်များအောက်မှာပင် ထိုစွမ်းအင်များက ကောင်းကင်ကိုပင် ထက်ခြမ်းခြမ်းနိုင်သည့် ကြီးမားသည့် ပုံသဏ္ဍာန်တစ်ခုပေါ်လာသည်။


၎င်းက ဧရာမခွေးလက်ဖဝါးတစ်ခုပင်ဖြစ်သည်။ထိုလက်ဖဝါးက အသားကြီးသက်သက်ပြုလုပ်ထားသလိုမျိုး ဝတုတ်ပြီး ချစ်ဖို့လည်းကောင်းလှပေသည်။၎င်းက ပေါ်ထွက်သည်နှင့် တစ်ပြိုင်နက် အဖြူရောင်ထောင်တျဲရှိရာဆီသို့ အညှာအတာမဲ့ ကျဆင်းသွားလေသည်။


ဘုန်း...


ထိုလက်ဖဝါးချက်က ထောင်တျဲ၏ မျက်နာကို ထိထိမိမိ ရိုက်ခတ်မိသွားသည်။ထောင်တျဲ၏ မျက်နာတွင် အံ့အားသင့်ထိတ်လန့်မှုက အထင်းသား ပေါ်လွင်နေသည်။


ထိုရိုက်ချက်က သူ့ပါးစပ်ထဲမှ အဖြူရောင်ရေဝဲကို ပျောက်ဆုံးသွားစေပြီး သွားအနည်းငယ်ပင် ကျွတ်ထွက်သွားလေသည်။


(လခွမ်း...ဘာတွေ ဖြစ်နေတာတုန်းဟ ဘယ်သူကများ ဒီထောင်တျဲကို ရိုက်ရဲတာလဲ...)


အဖြူရောင်ထောင်တျဲကဒေါသချောင်းချောင်းထွက်သွားပြီး သူ့၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာရုန်းကန်လာသည်။ထို့ကြောင့် ထိန်းချုပ်ထားသော ဝိညာဉ်ကြိုးများမှ နားကွဲလောက်စရာအသံများကိုပင် ထုတ်လွင့်လာလေ၏။


ထောင်တျဲက ကမ္ဘာမြေကြီး တစ်ခုလုံး လှုပ်ခါသွားအောင် ပင် ဟိန်းဟောက်လိုက်သည်။ထို့နောက် သူ့၏ ဒေါသများ ပြည့်နှက်နေသည့် အကြည့်စူးစူးများက ဧရာမခွေးလပ်ဖဝါးကြီးတုတ်တုတ်ကို ကြည့်နေလေသည်။


"အဲ့ဒါ ဘာလဲ...


ဘန်း..."


ထိုအချိန်မှာပင် ထောင်တျဲ၏ မျက်နာပေါ်သို့ နော်ထပ်ရိုက်ချက်တစ်ချက်ကျရောက်လာပြန်သည်။သူ့၏ ခေါင်းက ပြားလုနီးပါးရိုက်ခံလိုက်ရပြီးနောက် သွားအနည်းငယ်လွင့်ထွက်သွားပြန်သည်။သူ့၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ကျရောက်သွားသည်။


နယ်သာရီနှင့် ပုဖန်တို့နှစ်ယောက်က သူတို့ရှေ့မှ မြင်ကွင်းကို အေးစက်စွာဖြင့်ပင် ကြည့်နေလေသည်။


"အဲ့ဒီတော့ ခွေးမွှေးလေးက တကယ်တမ်းမှာခွေးလက်ဖဝါးအဖြစ် ပြောင်းသွားတာပေါ့...ထင်ထားတဲ့ အတိုင်းပဲ ဒီခွေးဘုရင်ကတော့ ပျင်းတဲ့နေရာမှာတော့ စံပဲ..."


ပုဖန်က နှုတ်ခမ်းဆူ၍ ပြောလိုက်သည်။


"ခွေးငပျင်းက သူက ဒီလ်ိုအရာမျိုးကိုတောင် သူက ဝှက်ဖဲ အဖြစ်သုံးတယ်ပေါ့ ..."


ပုဖန် ပြောစရာစကားမဲ့နေမိသည်။သို့သော်လည်း ပုဖန်တို့နှစ်ယောက်မှလွဲ၍ တခြားသူများက အံ့သြဘနမ်းဖြင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။


"ဘာဖြစ်သွားတာလဲ ဒီခွေးလက်ဖဝါးက လေထုထဲကနေ ဘယ်လိုလုပ် ပေါ်လာတာလဲ...ပြီးတော့ အဲ့ဒီခွေးလက်ဖဝါးက ဘာလို့ ဒီလောက်ဝဖြိုးနေရတာလဲ ..."


အဖြူရောင်ထောင်တျဲ၏ အစစ်အမှန်ခန္ဓာကိုယ်က ကြောက်စရာကောင်းသော တည်ရှိမှုမျိုးဖြစ်၏ သို့သော်လည်း ခွေးလက်ဖဝါး၏ နှစ်ကြိမ်တိတိ အရိုက်ခံရမှုကို ကာကွယ်ချိန်တောင် မရှိလိုက်ပေ။


"ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘယ်လိုအင်အားတွေများရှိနေတာလဲ..."


အားလုံးက အံ့သြသင့်စရာစွမ်းအားကြောင့် တုန်လှုပ်ခြောက်ခြားနေကြသည်။


"တော်ဝင်ခုံရုံးထဲမှာ ရှေးဟောင်းကျင့်ကြံသူတွေ ပုန်းခိုနေတာလား...ဒီဟာက သူတို့ရဲ့လက်ဖဝါးများလား..."


ချူချန်းရှန်လည်း ဒီခွေးလက်ဖဝါးကို ထိတ်လန့်အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် လေအေးတစ်ချက်ရှိုက်လိုက်မိသည်။ထိုစွမ်းအားက တော်ဝင်ခုံရုံး၏ စွမ်းအားကြီးသူများထံမှ ဖြစ်မည်ဟု သူယုံကြည်လေသည်။


ကုန်းမြေတိုက်ကြီးတွင် လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက လုပ်ပိုင်ခွင့်အာဏာ အမြင့်ဆုံးနှင့် အကြီးကျယ်ဆုံး ဂိုဏ်းကြီးတစ်ခုဖြစ်သည်။၎င်း၏ အဖွဲ့အစည်းထဲတွက်ရှေးဟောင်းအာဏာစက် ကြီးမားသည့် အဖွဲ့အစည်းများစွာရှိနေပြီး အများစုကလည်း လူသားများမဟုတ်ပေ။


အစောပိုင်းတွင် လျန်ချိမ်က ကြောက်ရွံ့တုန်လှုပ်သွားလေသည်။သို့သော်လည်း ခွေးလက်ဖဝါးပေါ်ထွက်လာမှုက တော်ဝင်ခုံရုံး၏ ကြားဝင်ဖြေရှင်းမှု ဖြစ်မည်ဟု တွေးလိုက်မိပြီးနောက်သူ စိတ်လှုပ်ရှားတက်ကြွသွားသည်။


အစားကြူးတောင်ကြားထဲတွင် ရှ်ိနေသော တော်ဝင်ခုံရုံးမှ လွှတ်ထားသည့် အကြီးအကဲများကလည်း မျှော်လင့်ချက်များဖြင့် မျက်ဝန်းများတောက်ပနေလေသည်။


ခွေးလက်ဖဝါးဖြင့် နှစ်ချက်တိတိ ချခံလိုက်ရပြီးနောက် အဖြူရောင်ထောင်တျဲ၏ ဒေါသများက ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲလာလေသည်။သူ့၏ အမွှေးဖြူများဖြင့် တဖျတ်ဖျတ် လွင့်ခါလာ၏။


သူ ပါးစပ်ကို ဖွင့်ဟလိုက်သည်နှင့် မြောက်များလှစွာသော အလင်းစက်လေးများက စုစည်းလာပြီး အလင်းစက်ဝိုင်းတစ်ခု ဖွဲ့တည်လာလေသည်။၎င်းက လွှမ်းမိုးနိုင်စွမ်းအပြည့်နှင့် ကြောက်မက်ဖွယ်ကောင်းလှသည်။ထိုစွမ်းအင်များနှင့် ရင်ဆိုင်လိုက်ရသည့်အခါ၌ လေဟာနယ်ပင် စတင် တုန်ခါလာလေသည်။


"ဒီခွေးလက်ဖဝါးက သူ့ရဲ့ ကံကြမ္မာကို ဝင်ရောက်နှောက်ယှက်တယ်...သတ်ပြစ်ရမယ်..."


စိတ်ဝိညာဉ်များက သူ့ပါးစပ်ထဲတွင် အပြည့်အဝစုစည်းလာပြီး မကြာခင်မှာပင် အဖြူရောင်ထောင်တျဲ ထိတ်လန့်အံ့အားသင့်သွားပေသည်။သူ့၏ စွမ်းအင်လုံးကို ပစ်လွှတ်ဖို့ အခွင့်အရေး မရသေးခင်မှာပငမ ထိုခွေးလက်ဖဝါးက နောက်တစ်ကြိမ် အညှာအတာမဲ့စွာ ကျရောက်လာလေသည်။


(ထပ်ပြီးတော့လား..နှစ်ကြိမ် အရိုက်ခံပြီးတော့ ဒါနဲ့ဆိုရင် သုံးကြိမ်...အဲ့ဒါက မမောသေးဘူးလား...)


အဖြူရောင်ထောင်တျဲက ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။သို့သော်လည်း ထိုခွေးလက်ဖဝါးက ကျိန်စာတစ်ခုလိုပင် တခြားမည်သည့် နေရာကိုမှ မရွေ့လျားသွားပဲ သူ့၏ မျက်နာကိုသာ ဦးတည်လာလေသည်။


ဘန်း...


အဖြူရောင်ထောင်တျဲ၏ ပါးစပ်ထဲမှ စွမ်းအင်လုံးက ပျောက်ကွယ်သွားပြီး သူ့မျက်နာက လည်ထွက်သွားလေသည်။အဖြူရောင်အရည်တစ်ချို့ကလည်း မြေပြင်ပေါ်သို့ လွင့်စင်သွား၏။ ၎င်းက ထောင်တျဲ၏ သရေများဟု ထင်ရသည်။မှန်သည်။သွေးများလည်း ဖြစ်နိုင်ပေ၏။


ခွေးလက်ဖဝါး သုံးချက်က ထောင်တျဲကို ရက်ရက်စက်စက်ဖျက်စီးလိုက်လေသည်။


ရွှစ်...


လေတိုက်ခိုက်နှုန်းက ပြင်းသထက် ပြင်းလာသည်။ရွှေ့ပြောင်းအစီအရင်၏ စွမ်းအားများက ငရဲကမ္ဘာသင်္ဘောတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ပုဖန်က သူ့ရှေ့မှ တဖြေးဖြေးမှုန်ဝါးပြီး မှိန်ဖျော့လာသော မြင်ကွင်းကို ကြည့်၍ ပြုံးလိုက်သည်။


သူက ဘဝ၏ ရွေးချယ်မှုများ ပျောက်ဆုံးသွားသလိုပင် စိတ်ပျက်လက်ပျက်ဖြစ်နေသော ထောင်တျဲကို ကြည့်လိုက်သည်။


"ငါ့ကို လာကိုက်လေ... လာကိုက်လေ မင်းတတ်နိုင်ရင် လာကိုက်လိုက်..."


ပုဖန်က အေးဆေးတည်ငြိမ်လှသော အမူအရာနှင့် ခပ်တိုးတိုးလှုံ့ဆော်လိုက်သည်။ထိုအချိန်မှာပင် လူအုပ်ကြီးက ပုဖန်တို့ကို ဖုံးကာထားသော စွမ်းအင်လေထုကို သတိထားမိသွားသည်။


လူတိုင်း ခဏမျှ အူကြောငိကြောင်ဖြစ်သွားသည် ။ထို့နောက် သူတို့အားလုံးက လူရိုင်းများသဖွယ် ပုဖန်ရှိရာဆီသ်ို့ တဟုန်ထိုးပြေးဝင်လာကြသည်။


"နေဦး...နေဦး...ဒီလူအိုကြီးကို စောင့်ဦး ထောင်တျဲဝိညာဉ်ကို ထားခဲ့စမ်း..."


မျက်နာနီနှင့် အကြီးအကဲတစ်ယောက်ကသူ့၏ အစစ်အမှန်စွမ်းအင်များကို ချက်ချင်းထုတ်ဖော်လာလေသည်။ဆံပင်ဖြူများနှင့် အကြီးအကဲ တစ်ယောက်ကလည်း ပျံလွှားငှက်ကဲ့သို့ပင် တက်ကြွစွာဖြင့် တ်ိုးဝင်လာသည်။


စွမ်းအားကြီးကျင့်ကြံသူများအားလုံးက သူတို့ တက်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ပုဖန်ကို ရပ်တန့်ရန် ကြိုးစားကြလေသည်။


ဆဋ္ဌမအကြီးအကဲ၏ မျက်နာက ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နေပြီး မျက်ဝန်းထဲတွင် မျက်ရည်များလျှံနေလေပြီ။


"ကောင်စုတ်လေး မင်းထွက်သွားချင်တယ်ဆိုရင်တောင် အနည်းဆုံးတော့ ဒီအဖိုးကြီးရဲ့ ကောင်းကင်ကမ္ဘာမြေမီးလျှံကို ပြန်ထွေးထုတ်ပေးခဲ့သင့်ပါတယ်..."


ကောင်းကင်ထက်ရှိ ခွေးလက်ဖဝါးက ရိုက်ချက်သုံးချက် ထုတ်ပြီးနောက် တဖြေးဖြေးချင်း ပြန်လည်ပျောက်ကွယ်သွားလေသည်။အဖြူရောင်ထောင်တျဲက ဖောင်းကားနေသော မျက်နာဖြင့် မော့ကြည့်လိုက်သည်။သူ ဒေါသတကြီးဖြင့် ဟိန်းဟောက်သံများထုတ်လွင့်လိုက်သည်။


ဝီ....


ရွှေ့ပြောင်းအစီအရင်၏ တောက်ပလှသောအလင်းတန်းများအောက်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခိုက်လာသလိုမျိုး လေဟာနယ်က တွန့်လိမ်သွားသည်။ငရဲကမ္ဘာသင်္ဘော ပျောက်ကွယ်သွားလေပြီ။


ပုဖန်ကို တားဆီးရန်ကြိုးစားကြသူများအားလုံး ကျဆုံးသွားကြလေပြီ။သူတို့ရှေ့မှ နေရာလွတ်ကို ကြည့်ရင်း ဒေါသတကြီးဖြင့် ခေါင်းကုတ်လိုက်မိကြသည်။


ဆဋ္ဌမအကြီးအကဲက ဘုန်းခနဲ နေအောင်ပင် မြေပြင်ပေါ် ဖင်ထိုင်ရက် လဲကျသွားသည်။သူ့၏ ဝမ်းနည်းကြေကွဲမှုများက လူတိုင်းထက်ကို သိသာပေါ်လွင်နေပေသည်။


"ငါတို့ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီကြမယ်လို့ သဘောတူထားတယ်လေ မင်းလိုချင်တာ ရပြီးတာနဲ့ ဘာကြောင့် ထွက်သွားရတာလဲ...လူသားတွေကြားက အခြေခံကျဆုံး ယုံကြည်မှုတွေ ဘယ်ရောက်သွားတာလဲ..."