အပိုင်း ၆၉၄
Viewers 53k

အခန်း ၆၉၄

ပုဖန်...ငါဗိုက်ဆာပြီ...


ဝေါ...


အဖြူရောင်ထောင်တျဲက ယောင်ယမ်းနေသော မျက်နှာကို မော့လိုက်ပြီး ငရဲကမ္ဘာသဘောင်္တည်ရှိခဲ့သောနေရာကို ကိုက်လိုက်သည်။


မြောက်များလှစွာသော စွမ်းအင်အမှုန်အမွှားလေးများလွင့်သွားပြီး လေဟာနယ်က ကျိုးပဲ့သွားသော ကွက်လပ်တခုလိုဖြစ်သွားသည်။


 စွမ်းအင်ကြီးမားလှသော ပုဂ္ဂိုလ် များပင်လျှင် ထိုမြင်ကွင်းကြောင့် ကြောက်လန့်တကြားဖြစ်သွားကြပေသည်။သူတို့က ထောင်တျဲကိုက်လိုက်သည့်.နေရာကိုရှောင်ကွင်းလိုက်ကြ၏။


အဖြူရောင် ထောင်တျဲက ဒေါသတကြီးဟိန်းဟောက်လိုက်သောကြောင့် သူ၏ အမွှေးများပင်တလွင့်လွင့်ခါသွားပြီး ကြောက်မက်ဖွယ်ရာစွမ်းအင်များပျံနှံလာပေသည်။ လေဟာနယ်ပင်လျှင် ပြိုကြလုနီးပါး တုန်ခါ လာ၏။ သူ၏ မျက်ဝန်းများထဲတွင်လည်း ဒေါသမီးလျှံများ ဟုန်းဟုန်းတောက်လောင်နေသည်။ ထိုမျက်ဝန်းများထဲတွင် နောင်တရမှုအနည်းငယ်လဲရှိနေပေသည်။ 


ခြေတစ်လှမ်းလေးပဲ...

သူသာ ခြေတစ်လှမ်းစာလောက် စောစောကိုက်ဝါးမြိုခဲ့မယ်ဆိုလျှင် သူအမြဲတမ်းလိုချင်ခဲ့သည့် ထောင်တဲ၏ ဝိဉာဉ်ကိုရမှာအသေချာပင်..သို့သော်လည်း သူ၏ အစီရင်များက လူသားကောင်စုတ်လေးကြောင့် ပျက်စီးသွားခဲ့ရပြီ။ 


ထောင်တျဲက ထိုလူသား၏ ကံကြမ္မာကိုမနာလိုဖြစ်နေပေသည်။


ချွင်.....


စိတ်ဝိဉာဉ် သံကြိုးများမှ ရိုက်ခတ်သံများထုတ်လွှင့်လာလေ၏။


အနက်ရောင် စိတ်ဝိဉာဉ် သံကြိုးမှ မရေမတွက်နိုင်လောက်အောင် များပြားသော အက္ခရာများလင်းလက်တောက်ပလာသည်။

နောက်ခဏ၌ ဆည်းဆာရေကန်ထဲမှ မြောက်များလှစွာစော စိတ်ဝိဉာဉ် သံကြိုးများ ထွက်ပေါ်လာပြီး အဖြူရောင်ထောင်တျဲကို ရစ်ပတ်လိုက်ပြီး ရေကန်ထဲသို့ ဆွဲချလေသည်။


အဖြူရောင်ထောင်တျဲက ခနမျှ ဆွဲခံလိုက်ရပြီးနောက် သူချက်ချင်းပဲ ပြင်းထန်စွာ ရုန်းကန်လေတော့သည်။ သို့သော်လည်းသူ ခန္ဓာကိုယ် ကိုရစ်နှောင် ထားသောကြိုးများကပို၍တိုးပွားလာသောကြောင့် ဆွဲငင်အားကို ဆန့်ကျင်ရန်မဖြစ်နိုင် ဖြစ်နေလေသည်။ 


အဖြူရောင်ထောင်တျဲက ခေါင်းမော့လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်သံများ အဆက်မပြတ်ထုတ်လွှင့်လိုက်သည်။


 ...ဗွမ်း...


ခဏတွင်းမှာပင် ဟိန်းဟောက်သံများပျောက်ကွယ်သွားပြီး အဖြူရောင်ထောင်တျဲက ရေကန်ထဲသို့နှစ်မြှပ်ခံလိုက်ရလေသည်။

အရာရာအားလုံးက ပြန်လည်၍ တိတ်ဆိတ်ငြိမ်သက်သွား၏။


ထိုအချိန်အတောတွင်းတွင် အားလုံးက အသက်တစ်ရှိုက်ပင် မရှိုက်ရဲပဲ အောင့်ထားနေကြသည်။ သူတို့အားလုံးက ကြောက်ရွံထိန့်လန့်မှု အပြည့်ဖြင့် ဆည်းဆာရေကန်ဘက်ကိုသာ ကြည့်နေလေကြသည်။


ချူချန်းရှန်၏ ခန္ဓာကိုယ် ကလဲ တောင့်တင်းနေပြီး သူ၏မုတ်ဆိတ်မွှေးတွင် ချွေးများသီးနေသည်။အကယ်၍ စည်းတံဆိပ်များသာ အဖြူရောင်ထောင်တျဲကို ထိန်းချုပ်ထားခြင်းမရှိပါက သားရဲကြီးသည် ရေကန်ထဲမှ ထွက်လာပြီးအစားကျူးတောင်ကြားတစ်ခုလုံးကို ဖျက်စီးပစ်လိုက်မည်ဖြစ်သည်။


အစားကျူးတောင်ကြားက အရင်ကဲ့သို့မဟုတ်တော့ပေ။ဆရာသခင်ပျောက်ကွယ်သွားပြီးနောက် အားနဲသူများသာ ကျန်ရစ်ခဲ့လေသည်။ တစ်ဦးတည်းသော အရည်ချင်းပြည့်မှီသူမှာ ချူရှန်းချန်သာဖြစ်၏။ချိုင့်ဝှမ်းတစ်ခုလုံး၏ အင်အားစုမှာ လျို့ဝှက်နဂါးတော်ဝန်ခုံရုံး၏ အဆင့်သတ်မှတ်ချက်တွင်နောက်ဆုံး နေရာ၌သာရှိနေလေသည်။


သန့်စင်နယ်မြေမှ သူတော်စင်သားတော်တစ်ယောက်ပင်လျှင် အစားကျူးတောင်ကြားတွင် မထင်မဲ့မြင်ပြုလုပ်ရဲနေပေသည်။


အစားကျူးတောင်ကြား၏ အရှင်သခင် အထွဋ်အထိပ်ကျင့်ကြံသူရှိလျှင် ထိုအဖြူရောင်ထောင်တျဲကို ကိုယ်တွယ်ရန်ပြသာနာမရှိပေ။သိုသော် ယခုလက်ရှိအချိန်တွင် အစားကျူးတောင်ကြား၌ အထွဋ်အထိပ်ကျင်ကြံသူတစ်ယောက်မှမရှိပေ။ ချူရှန်းချန်၏ ကျင့်ကြံမှုအဆင့်ကလည်း ထိုအဖြူရောင်ထောင်တျဲ၏ ပြိုင်ဘက်မဟုတ်ပေ။

ထို့ကြောင့်သူတို့၏ စိတ်ထဲတွင်စိုးရိမ်မှုများ ပြည့်နှက်သွားခဲ့ရသည်။


သို့သော်လည်း ကံကောင်းထောက်မစွာဖြင့်ပင် မသေမျိုး ခန္ဓာ စိတ်ဝိညာဉ်နယ်ပယ် အထွဋ်အထိပ်ဆင့်ကျင့်ကြံသူ ထားခဲ့သောစည်းတံဆိပ်များက ယခုထိတိုင်အောင် အသက်ဝင်နေပေသေးသည်။


ထိုစည်းတံဆိပ်များက အဖြူရောင်ထောင်တျဲကို ပြန်လည်၍ ဖိနှိပ်နိုင်သွားသည်။ သို့သော်လည်း ထိုအရာက ယာယီမျှသာဖြစ်သည်ဆိုသည်ကို လူတိုင်းသိပေသည်။

ထိုစည်းတံဆိပ်များက အချိန်အကြာကြီးခံတော့မည်မဟုတ်ပေ။


ချူရှန်းချန်၏ မျက်နှာက မဲမှောင်နေလေသည်။သူအချိန်အတော်ကြာမှ သက်ပြင်းတစ်ချက်ချလိုက်သည်။


ငြိမ်သက်နေခဲ့သည့် မိချောင်း ခေါင်းတိုကလည်း သူ၏ခြေလှမ်းများကို အသာယာလှုပ်ရှားလိုက်ပြီး ရေကန်ရှိရာသို့ တွားသွားလိုက်သည်။ ထို့နောက် ကန်ထဲသို့ ထိုင်ပင်ထိုးခုန်ချသွားလေသည်။


ချူရှန်းချန်က ထိုမိချောင်းကိုဂရုစိုက်မနေပေ။မိချောင်းခေါင်းတို၏ အရေပြားက အလွန်ပင်ထူထဲလှသည်ဆိုသော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းကအားနည်းလှသည်။ ၄င်းက အစားကျူးတောင်ကြားကိုခြိမ်းခြောက်နိုင်စွမ်းမရှိပေ။တကယ်တမ်းအစားကျူးတောင်ကြားကို သေရေးရှင်ရေးတမျှ ခြိမ်းခြောက်နိုင်စွမ်းရှိသူမှာ အဖြူရောင်ထောင်တျဲ တစ်ယောက်ထဲသာလျှင်ဖြစ်သည်။


သန့်စင်နယ်မြေများမှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းအကြီးကြီးချလိုက်သည်။ထို့နောက်သူတို့ တစ်ယောက်ကိုတစ်ယောက် အထူးဆန်းဖြင့် ကို့ရိုးကားယား ကြည့်လိုက်ကြသည်။ သူတို့အစားကျူးတောင်ကြားသို့ ရောက်လာရသည့် အဓိကရည်ရွယ်ချက်က ထောင်တျဲ၏ ဝိဉာဉ် ကိုရှာဖွေရန်ဖြစ်သည်။ သို့သော်လည်း ယခုထောင်တျဲ ၏ ဝိဉာဉ်ကပျောက်ဆုံးသွားလေပြီ။


ထောင်တျဲ၏ ဝိဉာဉ် မရှိတော့လျှင် အစားကျူးတောင်ကြားက တန်ဖိုးမရှိတော့ပေ။၄င်းက သန့်စင်နယ်မြေများ၏ ဝါးမြိုသိမ်းပိုက်ခြင်းကို ခံရမည်မှာမလွဲပေ။


ထို့အပြင် ကောင်းကင်နွေဦးသူတော် စင်သားတော်ကလည်း ဒီတောင်ကြားထဲတွင် ပျောက်ကွယ်သွားခဲ့ရသည်။ ထိုအချက်က နွေဦးကောင်းကင်ဘုံသန့်စင်နယ်မြေအနေဖြင့် အစားကျူးတောင်ကြားအပေါ် လက်ဦးမှု ရယူရန် အကြောင်းပြချက် ချပေးလိုက်သည်နှင့်တူနေပေသည်။ 


ပြင်းထန်သော မုန်တိုင်းတစ်ခု အစားကျူးတောင်ကြားပေါ်ကျရောက်လာတော့မည်ကို တွေးကြည့်ရုံနှင့်သိနိုင်သည်။ 


ထို့အပြင် ဒီနေရာတွင် ချူရှန်းချန် တစ်ယောက်တည်းသာရှိနေလေသည်။ သူက အစားကျူးတောင်ကြားတစ်ခုလုံးကိုကာကွယ်ပေးနိုင်လိမ့်မည်မဟုတ်ပေ။


အစားကျူး နတ်ဘုရားအဆောက်အအုံ၏ အပေါ်တွင်အက်ကွဲရာ များနှင့်ပြည့်နှက်နေသော အပြာရောင်ဖျော့ဖျော့အစီရင် ဖြေးဖြေးချင်းထွက်ပေါ်လာသည်။


ချူရှန်းချန် က သူ၏ဝတ်ရုံစကိုလွှဲခါလိုက်ပြီး လျှင်မြန်လှသော အရှိန်နှုန်းဖြင့်လျှောက်သွားလိုက်သည်။သူက တည်ငြိမ်စွာဖြင့် ညွှန်ကြားလိုက်၏။ 


"ဒီ မတော်တဆဖြစ်ရပ်ကြောင့် မပြီးမြောက်သေးတဲ့ အစားကျူးနတ်ဘုရားစားသောက်ပွဲကို သုံးရက် နောက်ဆုတ်ထားပါ့မယ်... ကြွရောက်လာတဲ့ သိုင်းပညာရှင် မိတ်ဆွေအပေါင်းက သင်တို့တည်းခိုနေတဲ့ နေရာသို့ပြန်ပြီး အနားယူနိုင်ပါသည်...နာက်သုံးရက်နေမှ ပြန်တွေ့ကြပါမယ်..."


"ဘာ...ဘာကြီး...


"အစားကျူး နတ်ဘုရားစားသောက်ပွဲကို ကျင်းပဦးမှာလား.."


လူအားလုံးတစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာကြည့်လိုက်ကြသည်။ သို့သော်လည်း မည်သူမျှ အပြစ်တင်ပြောဆိုခြင်းမရှိပေ။ချူရှန်းချန်က အလွန်စိတ်ခြောက်ခြားရူးသွပ်စွာဖြင့် မစဉ်းစားမဆင်ခြင်ပဲ ပြုလုပ်မည့်သူမဟုတ်ပေ။ 


အားလုံး သူ ဆန္ဒ အတိုင်းပဲလုပ်ကြတာပေါ့။


........


ဝီ....


လေပြင်းများတိုက်ခိုက်နေသည်။ မြူကောင်းကင်မြို့၏ ညကောင်းကင်ယံထက်တွင် လခြမ်းကွေးလေးနှစ်ခုနှင့်အတူ ကြယ်ရောင်စုံစွာထွန်းလင်းတောက်ပနေသည်။မှောင်မဲလှသော ညအချိန်တွင် ကောင်းကင်ယံမှ ထွန်းလင်းနေသော အလင်းဖျော့ဖျော့များ မြို့တစ်ခုလုံးကို လွှမ်းခြုံနေပုံက နဂါးငွေ့တန်းကြီးတစ်ခုလုံးပြောင်းရွေ့လာသလိုမျိုး ည၏အလှကိုထောက်ပံပေးထားသည်။ 


တိမ်ခိုးစားသောက်ဆိုင်အတွင်း၌ ဖယောင်းတိုင်မီး၏အလင်းကဖြာထွက်နေသည်။ မီးဖိုချောင်ဘက်ဆီမှ စည်းချက်ကျကျ ခုတ်ဖြတ်သံများကိုလည်းကြားနေရသည်။


တိမ်ခိုးစားသောက်ဆိုင်၏ ဒုတိယအထပ် ပုဖန်၏အခန်းထဲတွင် လေပြင်းသွဲ့သွဲ့တိုက်ခတ်လာပြီးနောက် အခန်းထဲရှိပစ္စည်းများ ရှပ်ပွေသွားသည်။


ထိုလေပြင်းများအတွင်းမှ အလင်းစက်ငယ်လေးများထွက်ပေါ်လာသည်။ ကြယ်ရောင်ကဲ့သို့ တောက်ပလှသော အလင်းများက တဖြေးဖြေး ချင်းစုစည်းလာပြီး ထူးခြားဆန်းကြယ်လှသော အရွေ့အပြောင်းအစီရင်တစ်ခုဖြစ်ပေါ်လာသည်။


ပုဖန်၏ လက်မောင်းထဲ၌ သတိလစ်နေစဲဖြစ်သော ရှောင်ယာကိုပွေ့ချီထားသည်။

သူ့ ဘေးနား၌ ဖြူဖျော့ဖျော့မျက်နှာနှင့်နယ်သာရီရှိနေသည်။ 


သူမ၏ နက်စွေးနေသော ဝတ်ရုံရှည်နှင့် ဖြူဖွေးနေသော ခြေထောက်များက အံအားသင့်စေနိူင်သော အလှတစ်ပါးကို အထောက်အကူပြုထားလေသည်။ လေပြင်းတိုက်ခတ်မှုများ ရပ်တန့်သွားသည်။နောက်ဆုံး၌သူတို့သုံးယောက် အခန်းတွင်း၌ ခြေချသွားပြီဖြစ်သည်။ 


နယ်သာရီ၏မျက်နှာက စာရွက်တစ်ရွက်ကဲ့သို့ပင်ဖြူဖျော့နေသော်လည်းသူမက ပုဖန်၏ အခန်းတွင်းကို စပ်စုစွာဖြင့် ဝေ့ဝဲအကဲခတ်နေလေသည်။


ပုဖန်က နူးညံပျော့ပျောင်းလှသော အိပ်ရာပေါ်တွင်ထိုင်လိုက်ပြီး ရှောင်ယာကိုနေရာချပေးလိုက်သည်။ထို့နောက်သူ သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်၏။ 


နယ်သာရီက တစ်စုံတစ်ရာ လစ်ဟာနေသော အမူအရာဖြင့် ပုဖန်ဘက်သို့လှည့်ကြည့်လာသည်။


"ပုဖန် ငါဗိုက်ဆာနေပြီ..."


ပုဖန်က တောင့်တင်းနေသော ပုခုံးများကို အသာယာပွတ်သတ်လိုက်ပြီးနောက် သူသက်တောင့်သက်သာဖြစ်မှုကိုခံစားလိုက်ရသည်။ 


ထိုအချိန်မှာပင် နယ်သာရီ၏ ပြောစကားကိုကြားလိုက်ရသောကြောင့် အသာယာခေါင်းညိတ်ပြလိုက်၏။ယခုတစ်ကြိမ်ခရီးစဉ်တွင် နယ်သာရီကအများကြီးအထောက်အကူပြုခဲ့သည်။ သူမ၏ အလွန်သန်မာလှသော စွမ်းအင်အဆင့်ကိုထုတ်ဖော်ပြသခဲ့သည်။


ခွေးဘုရင်၏ အမွှေးများအကူညီက တစ်စိတ်တစ်ပိုင်းပါဝင်နေသည် ဆိုသော်လည်း နယ်သာရီနှင့် ထိုက်တန်သည့် ဂုဏ်ပြုမှုကိုပေးအပ်ရပေမည်။ ဟင်းပွဲတစ်ချို့ ချက်ပြုတ်ပြီး သူမကိုဆုအဖြစ်ပေးရန်လိုအပ်ပေသည်။


ကလေးမလေး ရှောင်ယက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် မှ အနက်ရောင်ထောင်တျဲက ပုဖန်၏ ခန္ဓာကိုယ်ထဲပြောင်းရွေ့သွားပြီးနောက် သူမအားအင် ချိနဲ့သည့်အခြေနေဖြစ်သွားလေသည်။


ပုဖန်က ရှောင်ယကို စောင်ခြုံပေးလိုက်ပြီး နယ်သာရီကို ခေါ်၍အခန်းထဲမှ ထွက်လာသည်။


အောက်ထပ်သို့ ရောက်သောအချိန်တွင် မီးဖိုခန်းထဲတွင် အလင်းရောင်တစ်စကို မြင်လိုက်ရသောကြောင့် ပုဖန်အနည်းငယ်အံအားသင့်သွားသည်။


သူမီးခိုခန်းဘက်သို့ဝင်လိုက်သည့်နှင့် ပုံရိပ်ကြီးတစ်ခုက ဓါးလေကျင့်ခန်းလုပ်နေသည်ကိုမြင်လိုက်ရပေသည်


သူမ၏ လက်ထဲမှ ဓါးကလှပသေသပ်စွာ ကခုန်နေလေပြီး ပါဝင်ပစ္စည်းများကိုလွယ်ကူစွာ ပိုင်းဖြတ်နေလေသည်။ ဓား လှုပ်ရှားမှုက မယုံနိုင်လာက်အောင်ပင် ချောမွေ့မြန်ဆန်လှသည်။ ယန်မိန်ကျီ ၏ ဓါးကျွမ်းကျင်မှုများက အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ ပုဖန်ပင်လျှင် သူစိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။ 


ယန်မိန်ကျီက ပါဝင်ပစ္စည်းအပုံလိုက်ကို ဖြတ်တောက် လေ့ကျင့်ပြီးနောက် သူမ၏ ကြီးမားလေးလံလှသော ဓါးကြီးကို ဓါးစဉ်ပေါ်သို့ပြန်တင်လိုက်သည်။ သူမ၏ နဖူးမှ ချွေးစက်များကို သုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမနောက်လှည့်လိုက်သည့်အချိန်တွင် တံခါးဘောင်ကိုမှီနေသော ပုဖန်ကိုတွေ့လိုက်ရသောကြောင့် အံအားသင့်သွားသည်။


"ပိုင်ရှင်ပု နင်ပြန်လာပြီလား..."


ယန်မိန်ကျီ၏ မျက်ဝန်းများက တောက်ပသွားပြီးစိတ်လှုပ်ရှားစွာဖြင့်အော်လိုက်သည်။ ပုဖန် အသိမပေးပဲ ပြန်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။


ပုဖန်ကခေါင်းအသာညိတ်ပြလိုက်ပြီးနောက် ယန်မိန်ကျီ၏ အရှေ့သို့လျှောက်သွားလိုက်သည်။ သူမလှီးဖြတ်ထားသောပါဝင်ပစ္စည်းများကို သေချာစွာကြည့်လိုက်ပြီးနောက် ချီးကျူးပြောဆိုလိုက်သည်။ 


"မဆိုးဘူး...နင်ရဲ့ ဓါးကျွမ်းကျင်မှုက တော်တော်လေးတိုးတက်လာတာပဲ...

မကြာသေးခင်ကနဲ့တောင် ဘာမှမဆိုင်တော့ဘူး..."


ပုဖန်၏ ချီးကျူးစကားအနည်းငယ်က ယန်မိန်ကျီကို ရှက်ရွံသွားစေသည်။ သူမခေါင်းကို အသာကုတ်ခြတ်လိုက်ပြီးနောက် သဘောတကျဖြင့်တခစ်ခစ်ရယ်မောလိုက်သည်။ သို့သော်လည်း ထိုအပြုံးက ကြာရှည်မခံလိုက်ပေ...ပုဖန်ဆီမှ ညွှန်းကြားချက်များ အညှာတာမဲ့စွာထွကိလေသည်။


ခဏအကြာ၌အပေါက်ဆိုးလှသော ပုဖန်က ယန်မိန်ကျီကို သွား၍အနားယူခွင့်ပြုလိုက်သည်။ ယန်မိန်ကျီက သူကိုစိတ်ရှုပ်ထွေးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ အခန်းဆီသို့တက်သွားလိုက်သည်။


အပေါက်ဆိုးသော ပုဖန်က ထိုနေရာတွင် ခဏမျှ ရပ်နေလိုက်သည်။ ထို့နောက်သူရေခဲသေတ္တာရှိရာဆီသို့ လျှောက်သွားလိုက်ပြီးဇီးဖျော်ရည်ကို ထုတ်ယူလိုက်သည်။ သူကြွေပန်းကန်လုံးတစ်ခုထဲသို့ ဇီးဖျော်ရည်ကိုလောင်းထည့်လိုက်ပြီး သက်တောင့်သက်သာအမူရာဖြင့်ကောက်၍ မော့လိုက်သည်။


ဂလု...


ဇီးဖျော်ရည်က သူ၏လည်ချောင်းထဲမှ တဆင့်ဗိုက်ထဲသို့စီးဝင်သွားသည်။ အေးမြနူးညံလှသော ခံစားမှုကြောင့် ပုဖန်နှုတ်ခမ်းများကိုပင် သပ်လိုက်သည်။


လုံးဝအံသြစရာပဲ...


ပုဖန်က သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက် ကျန်ရှိနေသည့်ဖျော်ရည်ကို ဆက်၍ သောက်သုံးလိုက်သည်။ ဒါကသူ၏ ခန္ဓာကိုယ် ကိုပို၍သက်တောင့်သက်သာရှိလှပေသည်။ 


သူ၏ ညာဘက်လက်မောင်းတွင် ပတ်ထားသော အနက်ရောင်လက်ပတ်က ပြေလျော့နေသောလည်း ပုဖန်က၄င်းကို ဂရုမစိုက်ပေ။၄င်းကို အသက်သွင်းရန်အတွက် စိတ်ဝိဉာဉ် ပင်လယ်အတွင်းမှ စိတ်စွမ်းအားများစွာကိုလိုအပ်ပေသည်။ ရန်သူများကို ရင်ဆိုင်ရာတွင် အလွန်အထောက်ဖြစ်သည်ဆိုသော်လည်း စွမ်းအားသုံးစွဲမှုက များပြားလှသည်။


ယခုလက်ရှိတွင် နယ်သာရီ အတွက် ဆုလာဘ်အဖြင့် ဟင်းပွဲပြင်ဆင်ပေးရန်အတွက်သာအာရုံစိုက်ထားလိုက်သည်။

အိုး..ခွေးဘုရင်အတွက်လဲရှိသေးတယ်။


ခွေးဘုရင်၏ အမွှေးများကြောင့်သာမဟုတ်လျှင် ယခုတစ်ကြိမ်တွင် သူ အန္တရာယ်အတွင်းသို့ကျရောက်သွားပေလိမ့်မည်။

အဖြူရောင်ထောင်တျဲ၏ တည်ရှိမှုက ပုဖန်၏ ကျင့်ကြံမှုအဆင့်ဖြင့် ကိုင်တွယ်နိုင်သော အရာမျိုးမဟုတ်ပေ။


ပုဖန်၏ လက်ကောက်ဝတ်မှ အစိမ်းရောင်အငွေ့များပေါ်လာပြီး ရွှေနဂါးရိုး မီးဖိုချောင်သုံးဓါးထွက်ပေါ်လာသည်။ ပုဖန်ဓါးက်ို ဆုပ်ကိုင်လိုက်၏။


ရွှေနဂါး အရိုးမီးဖိုချောင်သုံးဓါးက တင့်တယ်လှပစွာကခုန်နေပြီး ပါဝင်ပစ္စည်း များကိုချောမွေစွာဖြတ်တောက်လိုက်သည်။

သူ၏ ဓါး ကျွမ်းကျင်မှုကအဆင့်တစ်ခုထိရောက်နေပြီးဖြစ်လေရာ သူလှုပ်ရှားနေသည့်ပုံက အနူပညာလက်ရာမြောက်လှသော ပန်းချီကားတစ်ချပ်ကိုရေးချယ်နေပုံနှင့်တူလှသည်။


လက်တစ်ချက်ဝှေ့ယမ်းလိုက်သည့်နှင့် မဟူရာလိပ်ခုံးဒယ်အိုးထွက်ပေါ်လာသည်။သူခနမျှရပ်တန့်လိုက်ပြီး စဉ်းစားလိုက်သည်။

ဒီလိုအဆင့်မြင့်ထားတဲ့ မဟူရာ လိပ်ခုံးဒယ်အိုးနဲ့ဘယ်လိုဟင်းပွဲမျိုးကိုချက်ပြုတ်ရမလဲ။


ထို့နောက် ပါးစပ်ကိုဖွင့်ဟလိုက်ပြီး ရွှေရောင်နှင့်အနီရောင် ရောနှောနေသည့် ကောင်းကင်ကမ္ဘာမြေမီးလျှံကို မှုတ်ထုတ်လိုက်သည်။ပြင်းထန်လှသော မီးတောက်က ဒယ်အိုး၏ အောက်ခြေသို့ဝင်ရောက်သွားလေသည်။


 ပုဖန်က သူလှီးဖြတ်ထားသော ပါဝင်ပစ္စည်း များကိုရောလိုက်ပြီးနောက်ဆီဖြည့်ထားပြီးသော အိုးထဲသို့ထည့်လိုက်သည်။

ကြော်လှော်သည့်အသံများနှင့် မွေးပျံလှသော ရနံများ ယှဉ်တွဲထွက်ပေါ်လာသည်။ ထို့နောက် နဂါးသွေးထမင်းတစ်ပန်းကန်ကိုအိုးထဲသို့ ထည့်ကာကြော်ချက်လိုက်၏။

ပုဖန်က သလင်းကျောက်အရင်းအမြစ်ခရမ်းအနှစ်သာရကို ထုတ်ယူလိုက်ပြီး အိုးထဲသို့ တစ်စက်ထည့်လိုက်သည်။ စွမ်းအင်ပြင်းလှသော အနှစ်သာရများက ဟင်းပွဲနှင့် ရောစက်သွားပေသည်။ 


ရွဲ...


သူဆက်လက်ကြော်ချက်နေသည့်နှင့်မျှ အပေါ်ငွေ့များက အဆက်မပြတ်ထွက်ပေါ်လာသည်။


ပုဖန်ဒယ်အိုးကိုအသာစောင်းလိုက်ကာ ထမင်းကြော်များကိုခပ်ယူလိုက်ပြီး ပြင်ဆင်ထားသော ပန်းကန်ထဲသို့ထည့်လိုက်သည်။ 


သူ နွေဦးစမ်းရေတစ်ချို့ကို အိုးထဲသို့ လောင်းထည့်ကာ ထမင်းကြော်အနံပျောက်အောင်သန့်ရှင်းလိုက်သည်။


ထို့နောက် ခွေးဘုရင်တွက် နံရိုးချိုချဉ်ကြော်ကိုစတင်ပြင်ဆင်လိုက်သည်။


ဟင်းပွဲ ပြီးခါနီးအချိန်၌ ခရမ်းအနှစ်သာရတစ်စက်ကိုလောင်းထည့်လိုက်၏။


ပုဖန် ဟင်းပန်းကန်ကိုပြင်ဆင်နေစဉ်တွင် ရပ်တန့်သွားလေသည်။


အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ဝိဉာဉ် ပင်လယ်ထဲတွင် system ၏ အသံရုတ်တရက်ထွက်ပေါ်လာသောကြောင်ဖြစ်သည်။