အပိုင်း ၆၉၆
Viewers 53k

အခန်း ၆၉၆

ရှောင်ယ...


နွေဦးကောင်းကင်ဘုံ သူတော်စင်သားတော် သေသွားပြီ ...


ထိုသတင်းက တော်ဝင်ခုံရုံး၏ နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေဆီသို့ လျင်မြန်စွာ ရောက်ရှိလာသည်။သူတော်စင်တစ်ပါးက နယ်မြေပြင်ပတွင် အသက်ဆုံးရှုံးခဲ့ရသည်။ဒါက သန့်စင်နယ်မြေအတွက် အရှက်ရမှုပင်ဖြစ်သည်။


သူတော်စင်သားတော်ဆိုသည်မှာ သန့်စင်နယ်မြေကို ကိုယ်စားပြုသည်ဟုပင် ဆိုနိုင်သည်။ထိုသူက အသတ်ခံရသည့်အပြင် အလောင်းတောင်မကျန်ခဲ့ပေ။ကောင်းကင်နွေဦးသန့်စင်နယ်မြေမှ ကျွမ်းကျင်ပညာရှင်များက သူတော်စင်သားတော် အသတ်ခံရသည့် အဖြစ်အပျက်များကို တစ်စုံ တစ်ယောက်ဆီမှ ပြန်လည်ကြားနာပြီးနောက် ထိုအဖြစ်အပျက်သည် ဒီအစားကြူးတောင်ကြား၏ အပြစ်မဟုတ်မှန်းသိရှိသွားပေသည်။


သို့သော်လည်း ထိုကျင့်ကြံသူများအတွက်မူ သူတော်စင်သားတော်တစ်ပါး တောင်ကြားထဲတွင်သေဆုံးသွားသည်ဟူသော အချက်တစ်ချက်ဖြင့်ပင် အစားကြူးတောင်ကြားကို အပြစ်တင်ရန် လုံလောက်ပေသည်။


မူလကတည်းက သန့်စင်နယ်မြေနှင့် အစားကြူးတောင်ကြား၌ ရင်းနီးသော ဆက်ဆံရေးမျိုးမရှိပေ။ယခု ထိုကဲ့သို့ ကိစ္စရပ်ပေါ်ပေါက်လာလေရာ အစားကြူးတောင်ကြားနှင့် ဖြေရှင်းကြပေမည်။


....


အစားကြူးတောင်ကြားအပြင်ဘက်တွင် လေဟာနယ်တွန့်ခါသွားပြီးနောက် ရွှေရောင်စစ်သင်္ဘောတစ်စင်းပေါ်ထွက်လာလေသည်။ထိုသင်္ဘောဆိုက်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်လှသော ဆူညံသံများပါ ထွက်ပေါ်လာ၏


စစ်သင်္ဘောပေါ်တွင် ကြယ်တာရာများ ရေးဆွဲထားသည့် အလံတစ်ခု လွင့်တင်သွားသည်။၎င်းကကောင်းကင်နွေဦးသန့်စင်နယ်မြေ၏ အမှတ်အသားပင်ဖြစ်သည်။


စစ်သင်္ဘော၏ ဦးပိုင်းတွင် အကြီးအကဲ တစ်ချို့က လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသည်။သူတို့၏ နောက်တွင် ရွှေသံချပ်ကာ ဝတ်အစောင့်များက အဆင်သင့်ရှိနေသည်။


ကောင်းကင်နွေဦးသူတော်စင်သားတော် ခေါ်ဆောင်သွားသော ရွှေသံချပ်ကာဝတ်အစောင့်များအားလုံး သေဆုံးခဲ့ရသည်။ထို့အပြင် သူ့၏ အကူမိန်းကလေးနှစ်ယောက်တောင်မှ သေဆုံးခဲ့ရသည်။


သဘောင်္ဝမ်းထဲတွင် ကြောက်ရွံ့ထိတ်လန့်နေသော မျက်နာထားဖြင့် ကိုယ်လုပ်တော်တစ်ယောက် မှောက်လျက်လဲနေသည်။


"မင်းပြောတဲ့ အဓိပ္ပါယ်က သူတော်စင်သားတော်က စားဖိုမှူးလေးတစ်ယောက်ကို သတ်ချင်တယ်... ဒါပေမယ့် ုပန်လ်ာတိုက်ခိုက်ခံရပြီး အဆုံးမှာတော့ သူပဲ ထောင်တျဲရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတယ် ဟုတ်လား...."


လက်နှစ်ဖက်နောက်ပစ်ရပ်နေသာ အကြီးအကဲတစ်ယောက်က မေးလိုက်သည်။သင်္ဘောကြမ်းပြင်ပေါ်တွင် တုန်ရီနေသော ကိုယ်လုပ်တော်က အလျင်အမြန်ပင် ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။သူမ အနည်းငယ်မျှပင် မလိမ်ရဲပေ။


ထိုအချိန်က ကောင်းကင်နွေဦးသူတော်စင်သားတော်၏ ခန္ဓာကိုယ်ကို အနက်ရောင်ထောင်တျဲက မည်သို့ ဝါးမျို ခဲ့သည်အား သူမမျက်လုံးနှစ်လုံးဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။


ထိုမြင်ကွင်းက သူမ၏ အိပ်မက်ဆိုးတစ်ခုပင်...ဘယ်အချိန်မဆ်ို ပြန်မြင်ယောင်လိုက်တိုင်း ကျောရိုးတစ်လျှောက် အေးစိမ့်သွားသော ကြောက်ရွံ့မှုကို ခံစားရလေသည်။


"ရယ်စရာပဲ သန့်စင်နယ်မြေရဲ့ သူတော်စင်သားတော်တစ်ပါးက ဒီလို အရှက်ရစရာ နည်းလမ်းမျိုးနဲ့ ကျရှုံးခဲ့တယ် ...ကျောက်ခရမ်းအကြီးအကဲသာ သူဘယ်လိုသေသွားတယ်ဆိုတာ သိမယ်ဆိုရင် ..."


ထိုအကြီးအကဲက စကားစဖြတ်၍ သက်ပြင်းချလိုက်သည်။ထို့နောက် စစ်သင်္ဘောကြီးက အစားကြူးတောင်ကြားဆီသို့ ဦးတည်ရွေ့လျားလေသည်။


"အဲ့ဒီစားဖိုမှူးလေးရဲ့ နောက်ကြောင်းကို စုံစမ်းဖို့ တစ်ယောက်ယောက်လွှတ်လိုက်ပြီလား...သူက အစားကြူးတောင်က စားဖိုမှူးမဟုတ်ဘူးလား...."


အကြီးအကဲက မေးလိုက်သည်နှင့် ရွှေသံချပ်ကာဝတ်အစောင့်တစ်ယောက် အနားတွင်ပေါ်လာပြီး ပြန်ဖြေလိုက်သည်။


"ကျွန်တော် သူ့နောက်ကြောင်းကို စုံစမ်းပြီးပါပြီ သူက အစားကြူးတောင်ကြားထဲက မဟုတ်ပါဘူး အဲ့ဒီအစား ဆေးနန်းတော်ရဲ့ ပိုင်နက်နယ်မြေထဲက မြူကောင်းကင်မြို့မှာ သူစားသောက်ဆိုင်တစ်ဆိုင်ပိုင်ထားပါတယ်..."


"ဆေးနန်းတော် ဟုတ်လား...ဆေးနန်းတော်ဆိုတာက မင်းသေချာလို့လား ..."


အကြီးအကဲက မျက်မှောင်ကြုတ်ပြီး သံသယမကင်းစွာ ထပ်မေးလိုက်သည်။ဆေးနန်းတော်၏ အခြေအနေက ယခုအချိန်တွင် စိတ်ဝင်စားစရာကောင်းလောက်အောင် တင်းမာနေခဲ့သည်။


နတ်ဘုရားသတ်လေးကို ကိုင်ဆောင်သော ကျီးနက်က ရှုရတပ်နှင့်အတူ ဆေးနန်းတော်ကို တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။သို့သော်လည်း နတ်ဘုရားသတ်လေး ကျိုးပဲ့သွားပြီး ရှုရတပ်လည်း ပျက်စီးခဲ့ရသည်။


ဆေးနန်းတော်တွင် နတ်ဆိုးတစ်ကောင်ရှိနေသလိုမျိုး ရှုရတပ်တစ်ခုလုံးနီးပါး ပြိုကွဲ ပျက်စီးခဲ့ရသည်။ကျောက်ခရမ်းအကြီးအကဲက ထိုသတင်းကို ကြားပြီးနောက် ချက်ချင်းပင် အရိပ်နတ်ဆိုးကို စေလွှတ်ပြီး ဆေးနန်းတော်နယ်မြေအတွင်းရှိနေသော ငရဲကမ္ဘာသက်ရှိများနှင့် ရင်ဆိုင်ခိုင်းလိုက်သည်။


သို့သော်လည်း မည်သည့်သတင်းမှ ပြန်မကြားလာရပေ။ယခုဖြစ်ရပ်၌ အစားကြူးတောင် ကြားအတွင်းရှိ တိုက်ပွဲတွင် ငရဲကမ္ဘာသက်ရှိတစ်ချို့ ပေါ်လာပုံရသည်။


"အဲ့ဒီစားဖိုမှူးနဲ့ ငရဲကမ္ဘာသက်ရှိတွေကြားထဲမှာ ဘယ်လိုပတ်သက်မှုတွေများရှိနေတာလဲ..."


ထိုအကြီးအကဲက အရာရာကို ဆက်စပ်၍ တွေးတောနေလေသည်။


"ဘာပဲဖြစ်ဖြစ် ငါတို့ အစားကြူးတောင်ကြားကို သွားပြီးတော့ တရားမျှတမှုကို အရင်ရှာရမယ်...ငါ အစားကြူးတောင်ကြားရဲ့ အကြီးအကဲ ချူချန်းရှန်နဲ့ မတွေ့တာ တော်တော်ကြာပြီ ဒီနေ့တော့ သူ့ကို ညွှန်ကြားမှုတစ်ချို့ ပေးရတော့မှာပေါ့ ...စားဖိုမှူးလေးအတွက်ကတော့ သူ ထောင်တျဲဝိညာဉ်ကို ပိုင်ဆိုင်ထားတာရယ် သူတော်စင်သားတော်ကို သတ်လိုက်တဲ့ ပြစ်မှုရယ် လုံးဝခွင့်မလွှတ်နိုင်စရာပဲ သူ့ကို ဘယ်လိုမှ အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး...ရွှေဓားမြှောင်...မင်းနဲ့အတူ ရွှေသံချပ်ကာ ဝတ်အစောင့်ငါးဆယ်ကို ခေါ်သွားပြီး စားဖိုမှူးလေးကို သွားဖမ်းလာခဲ့...ငရဲကမ္ဘာသက်ရှိအတွက်ကတော့ နတ်ဘုရားသတ်ဆေဘာ ကို ယူသွားလိုက်..."


 အကြီးအကဲကတည်ငြိမ်စွာ ပြောလိုက်သည်။သူ့ဘေးနားတွင်ရပ်နေသော ရွှေသံချပ်ကာဝတ်အစောင့်လူတစ်ယောက်က အနောက်သို့ ခြေလှမ်းဆုတ်လိုက်ပြီး အရိုအသေပေးလိုက်ကာ ထွက်ခွာသွားလေသည်။


ခဏအကြာ၌ စစ်သဘောင်္ကြီးပေါ်မှ နတ်ဖောင်ငယ်တစင်း ထွက်ခွာသွားလေသည်။

နတ်ဖောင်ငယ်ကို မှန်သားဖြင့် ပြုလုပ်ထားပြီး မျက်နာပြင်ပေါ်တွင် မြောက်များလှစွာသော အစီအရင် အခင်းအကျင်းများကို ရေးဆွဲထားသည်။ထိုအစီအရင်မှ အလင်းတန်းများတောက်ပလာပြီးနောက် နတ်ဖောင်ငယ်ကို အရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားစေသည်။


အကြီးအကဲက နတ်ဖောင်ငယ် ပျောက်ကွယ်သွားသည်အထိ ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းများကွေးညွှတ်အောင်ပြုံးလိုက်သည် ။


"အခုတော့ ချုချန်းရှန်နှင့် ဖြေရှင်းဖို့ အချိန်ရောက်လာပြီ..."


..........


မနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်ကို ဖြတ်သန်းဝင်ရောက်လာခဲ့သည်။နွေးထွေးလှသော အလင်းရောင်ကြောင့် ရှောင်ယ၏ မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားသည်။သူမခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ပြီး လက်ဖြင့် မျက်နှာကို ကာလိုက်သည်။


သူမ မျက်လုံးဖွင့်လိုက်ပြီး မှုန်ဝါးဝါးမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။


အဖြူရောင်မျက်နာကျက်၊ နူးညံ့တဲ့ အိပ်ယာနဲ့ နွေးထွေးတဲ့ စောင်... ပြီးတော့ သက်တောင့်သက်သာရှိတဲ့ နေခြည်နွေးနွေး...


သူမ မျက်လုံးထဲ မြင်သမျှကို အကဲဖြတ်နေရင်းဖြင့် ခဏမျှ ကြောင်အသွားသည်။ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေသော ခေါင်းဖြင့် ငေါက်ခနဲ ထထိုင်လိုက်၏။


"ငါ ဘယ်ရောက်နေတာလဲ..."


ရှောင်ယ သူမဘာသာသူမ အံ့သြထိတ်လန့်စွာ တွေးလိုက်ပြီးနောက် ပတ်ဝန်းကျငိကို ထပ်မံ အကဲခတ်လိုက်၏။အခန်းက သန့်ရှင်းသပ်ရပ်နေပြီး ရိုးရှင်းလှသည်။


"ဒီအိပ်ယာက သက်တောင့်သက်သာရှိလိုက်တာ...ငါ ဒီပေါ်မှာ ခဏလောက် ပိုအိပ်ချင်သေးတယ်..."


သူမ အိပ်ယာပေါ်တွင် ခန္ဓာကိုယ်ကို လှုပ်လိုက်သည်။အိစက်လှသော အိပ်ယာကြောင့် သူမ၏ မျက်နာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်သွားသည်။ရှောင်ယ အိပ်ယာထဲမှထွက်၍ ခြေချလိုက်သည်။အိပ်ယာ၏ တခြားတစ်ဖက်တွင် ပုံမှန်မဟုတ်သော ကြီးနေသည့် ဖိနပ်တစ်ရံရှိနေသည်။


ရှောင်ယက ထ်ိုကြီးမားသော ဖိနပ်ကိုပင် ထိုးစွပ်လိုက်ပြီး ပြတင်းပေါက်နားသို့ သွားလိုက်သည်။သူမပြတင်းပေါက် တံခါးဖွင့်လိုက်သည်နှင့် ပွက်ပွက်ညံနေသော အသံများ တိုးဝင်လာလေသည်။


"အိုး ...ပိုင်ရှင်ပု နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့ ...ငါ အကြာကြီးပဲ စောင့်နေခဲ့ရတာ ငါမင်းရဲ့ အစားအသောက်တွေကို တကယ်ကို လွမ်းနေပြီ..."


".နောက်ဆုံးတော့ ငါတို့ ပိုင်ရှင်ပုရဲ့ လက်ရာကို စားရတော့မယ်ဟေ့ ငါအရမ်းပျော်တယ်..."


"ဘယ်လိုဖြစ်လို့ လူတန်းက အဲ့ဒီလောက်ရှည်နေရတာလဲ ငါရှေ့ကလူတွေ ထွက်သွားကြစမ်း..."


ရှောင်ယ ပြတင်းပေါက်မှတစ်ဆင့် ခေါင်းပြူကြည့်လိုက်ရာ အောက်ထပ်တွင် တန်းစီနေကြသော လူတန်းရှည်ကြီးကို တွေ့လိုက်ရသည်။စားသောက်ဆိုင်၏ အပေါက်ဝတွင် စုရုံးနေသော ထိုသူများက တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံစွာ ပြောဆိုနေကြသည်။အလွန်အသက်ဝင်လှသည်။ရှောင်ယ အံ့အားသင့်သွားသည်။


"ဒီတော့... ဒါက ကြီးကျယ်မြင့်မြတ်တဲ့ စားဖိုမှူးတစ်ယောက်ယောက်ပိုင်တဲ့ စားသောက်ဆိုင်လား..."


သူက မီးဖိုခန်းအကူအဖြစ် အချိန်တစ်ချို့ကြာအောင် လုပ်ခဲ့ဖူးသည်။ထ်ို့ကြောင့် ထိုကဲ့သို့ လူတန်းရှည်သည့် အဓိပ္ပါယ်ကို သူမနားလည်ပေသည်။သို့သော်လည်း တကယ်တမ်းပြောရမည်ဆိုလျှင်ထိုမျှ စည်ကားအသက်ဝင်လှနေသည့် မြင်ကွင်းမျိုးကို သူမ အရင်က မမြင်ခဲ့ဖူးပေ။


ထို့ကြောင့် သူမ ထိုမြင်ကွင်းကို ရင်းနီးကျွမ်းဝင်ရန်ပင် အချိန်ခဏယူလိုက်ရသေးသည်။သူမ ဝတ်ဆင်ထားသော အင်္ကျီက ရှည်လျားပုံကျနေသည်။အင်္ကျီက သူမ၏ အရပ်ထက် ပို၍ ရှည်နေပြီး လက်နှစ်ဖက်ကလည်း သူမ၏ လက်ထက် ကျော်လွန်နေသည်။သူမအင်္ကျီလက်ကို ဆွဲတင်လိုက်ပြီး လက်မောင်းများပေါ်အောင် လုပ်လိုက်သည်။ထို့နောက်ရှည်နေသော အင်္ကျီစကိုလည်း ချည်လိုက်ပြီးနောက် သူမနှင့် အဆင်ပြေအောင် ပြုပြင်လိုက်၏။ပြီးသည်နှင့် အခန်းထဲမှ လျှောက်ထွက်လာလေသည်။


သူမအောက်ထပ်သို့ ဖြေးဖြေးချင်းဆင်းလာခဲ့သည်။မီးဖိုခန်းထဲမှ အငွေ့များ မွှေးရနံ့များ ထွက်ပေါ်နေသည်။စားသောက်ခန်းထဲမှ မြင်ကွင်းကလည်း စည်းကားသက်ဝင်နေ၏။ရှောင်ယက လှေကားအောက်ခြေတွင်ရပ်လိုက်ပြီးနောက် မီးဖိုခန်းဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။ဒီစားသောက်ဆိုင်ကို ဦးစီးနေသည့် စားဖိုမှူးက မည်သူဖြစ်နိုင်သည်ဟု သူမခဏစဉ်းစားနေမိသည်။


သို့သော်လည်း သူမ မီးဖ်ိုခန်းဘက်ချောင်း ကြည့်လိုက်သည့်ခဏမှာပင် ထွက်ပေါ်လာသော ပုံရိပ်တစ်ခုနှင့် ရနံ့တစ်ခုက သူမကို တိုက်ခိုက်လိုက်လေသည်။


အန်းရှန့်က သူမ၏ ကြီးမားလှသော ရင်ဘတ်ကို တစ်စုံတစ်ရာ ဝင်တိုက်လိုက်သည်ကို ခံစားမိလိုက်ပြီးနောက် သူမလက်ထဲမှ ပန်းကန်လွတ်ကျတော့မတတ် ထိတ်လန့်သွားလေသည်။


ကံကောင်းထောက်မစွာဖြင့် အန်းရှန့်၏ လှုပ်ရှားမှုများက လျင်မြန်လှသောကြောင့် ပန်းကန်ကို တည်ငြိမ်အောင်ထိန်းလိုက်နိုင်သည်။ထို့နောက်သူမကို တိုက်လိုက်သည့်လူအား မကျေမနပ်ဖြင့် ငုံ့ကြည့်လိုက်သည်။


(ဟမ်...ကလေးမလေးလား...ဒီအင်္ကျီက ပိုင်ရှင်ပုရဲ့ အင်္ကျီမဟုတ်ဘူးလား...အာ.. သူက ပိုင်ရှင်ပုအခန်းထဲက ထွက်လာတာလား...)


အန်းရှန့်က ရှောင်ယကို မြင်လိုက်ပြီးနောက် အထိတ်တလန့်ဖြင့် ရေရွတ်လိုက်သည်။ရှောင်ယကလည်း သူမနှင့် တိုက်မိလိုက်သော အမကြီးကိုကြည့်၍ ထိတ်လန့်စွာ တိတ်ဆိတ်နေပေသည်။ထိုအမကြီး၏ ရင်သားများက သူမ၏ ခေါင်းထက်ပင် ကြီးမားလှသည်။ထို့အပြင် ထိုအမကြီး၏ မျက်လုံးများကလည်း ကြောက်စရာကောင်းလှသည်။


(ဒီအမကြီးကလည်း အစားကြူးဘုတ်ပြားပေါ်ကပဲလား...)


သို့သော်လည်း သူမ ထိုကဲ့သို့ ရင်သားကြီးလှသော တစ်စုံတစ်ယောက်ကို မမြင်ခဲ့ဘူးဟု ထင်မိသည်။အကယ်၍ အမကြီးက အချက်အပြုတ်စွမ်းရည်မကောင်းလျှင်တောင်မှ သူ့၏ ရင်သားများကြောင့် လူသိများလောက်ပေသည်။


"ကလေးမလေး ဒီမီးဖိုချောင်က အရေးကြီးဆုံးနေရာပဲ ...ဝင်ချင်တိုင်းဝင်လို့မရဘူး..."


အန်းရှန့်က အနည်းငယ်ကွေးညွှတ်လိုက်ပြီးနောက် ရှောင်ယကို ပြုံး၍ ပြောလိုက်သည်။ပြီးသည်နှင့် စားသောက်ခန်းဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။အန်းရှန့်က စပ်စုချင်သေးသော်လည်း လက်ရှိတွင် သူမအစားအစာများ ချပေးဖို့ အလျင်လိုနေလေသည်။


ရှောင်ယပို၍ အံ့အားသင့်သွားမိပေသည်။


"မီးဖိုချောင်က အကန့်အသတ်ရှိတယ်လား..."


သို့သော်လည်း သူ ထိုအမကြီးပြောခဲ့သလို စည်းကမ်းများကို သူမ အရင်က မကြားခဲ့ဖူးပေ။မီးဖိုချောင်နှင့် အချိန်အတော်ကြာ အလုပ်လုပ်လာခဲ့သော သူတစ်ယောက်အနေဖြင့် မီးဖိုချောင်ထဲမှ ပစ္စည်းများကို ဘယ်လိုလုပ် ဖျက်ဆီးပစ်ပါမည်နည်း။


ထို့ကြောင့် ရှောင်ယက သူမ၏ အင်္ကျီလက်များကို လိပ်တင်လိုက်ပြီး မီးဖိုခန်းထဲသို့ ချောင်းကြည့်ရန် ပြင်လိုက်သည်။


ဘန်း...


ရှောင်ယ နောက်ထပ် တစ်စုံတစ်ရာနှင့် ထပ်တိုက်မိသွားပြန်သည်။သို့သော်လည်း ပထမတိုက်မိလိုက်သူ၏ နူးညံ့သော ရင်သားများနှင့် ယှဉ်လိုက်လျှင် ယခုက ကျောက်နံရံကို ဝင်တိုက်မိသလို ခံစားလိုက်ရသည်။သူမ လှေကားခြေရင်းသို့ ဖင်ထိုင်ရက် လဲကျသွားသည်။


ယန်မိန်ကျီက သူမ၏ လက်ထဲမှ ဟင်းပွဲကို သေချာကိုင်လိုက်ပြီးနောက် ကလေးမလေးကို ကြည့်လိုက်သည်။


"ကောင်မလေး နင် မီးဖိုခန်းထဲကို ဝင်လို့မရဘူး..."


ယန်မိန်ကျီက ပြုံး၍ ပြောပြီးသည်နှင့် စားသောက်ခန်းဆီသို့ ဆက်လျှောက်သွားလိုက်သည်။ရှောင်ယ ပို၍ ကြောင်အသွားမိသည်။


(ဒီအမကြီးက ဘယ်လိုလုပ် ထူးဆန်းနေရတာလဲ ...သူမ ဘယ်လို ကြီးကျယ်မြင့်မြတ်တဲ့ စားဖိုမှုးနဲ့ တွေ့ကြုံနေရတာလဲ...)


ရုတ်တရက် မီးဖိုခန်းထဲမှ ပုံရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။ထိုပုံရိပ်ကို သတိပြုမိလိုက်သည်နှင့် ရှောင်ယ၏ မျက်ဝန်းများ တောက်ပသွားသည်။


(အဲ့ဒါက အကိုကြီး ပုဖန် မဟုတ်ဘူးလား...)


လက်ရေစိုဖြင့် ထွက်လာသော ပုဖန်က ရှောင်ယကို မြင်လိုက်ပြီးနောက် ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။


"ဒီတော့ နင်နိုးလာပြီပေါ့ အင်္ကျီကတော့ ကြည့်ရတာ အဆင်မပြေဘူးပဲ ဒါပေမယ့် မပူနဲ့ ငါယန်မိန်ကျီကို နင့်အတွက် အသစ်တစ်စုံ လုပ်ပေးဖို့ ပြောလိုက်မယ်..."


ထောင်တျဲ၏ ဝိညာဉ်ကူးပြောင်းသွားပြီးနောက် ပြင်းထန်လှသော စွမ်းအင်များကြောင့် သူမ၏ အဝတ်အစားများက ဆုတ်ပြဲသွားခဲ့သည်။ထို့ကြောင့်ပင် ပုဖန်က သူ့၏ အင်္ကျီကို ဝတ်ပေးထားခဲ့ခြင်းဖြစ်၏။


"နင်နိုးလာပြီဆိုမှတော့ အစားလာစားတော့..."


ပုဖန်က လက်မှရေများကို သုတ်လိုက်ပြီး ရှောင်ယ၏ ခေါင်းလေးကို ညှင်သာစွာပုတ်၍ ပြောလိုက်သည်။ပုဖန်ကို မြင်လိုက်ပြီးနောက် ရှောင်ယ စိတ်သက်သာရာရသွားလေသည်။ထို့နောက် သူမထက် အလွန်ကြီးမားနေသော ဖိနပ်နှင့် အင်္ကျီကိုဝတ်ဆင်ကာ ပုဖန်နောက်မှ လိုက်သွားလေသည်။


သို့သော်လည်း သူမစားသောက်ခန်းထဲ ခြေချလိုက်သည့်ခဏ၌ မည်သည့်နေရာသို့ ရောက်သွားမှန်းမသိသလို စိတ်ရှုပ်ထွေးသွားလေသည်။သူမ၏ မြင်ကွင်းထဲ၌ လူများစည်းကားသိုက်မြိုက်နေသည်။


"အရမ်းကို အသက်ဝင်နေတာပဲ...ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်လူတွေအရမ်းများနေရတာလဲ ..."


"ပိုင်ရှင်ပုရေ မင်္ဂလာနံနက်ခင်းပါ..."


စားသောက်နေကြသော တစ်ချို့စားသုံးသူများက ပုဖန် ဖြတ်သွားသည်ကို မြင်လိုက်သည်နှင့် ခေါင်းမော့ကာ နှုတ်ဆတ်လိုက်ကြသည်။


ပုဖန်ကလည်း အသိမှတ်ဟန်ပြုဟန်ဖြင့် ခေါင်းညိတ်၍ ပြန်တုံ့ပြန်လိုက်သည်။


"အာရား...ဘော်ဒါပု မတွေ့တာတောင် တော်တော်ကြာနေပြီ မင်းရဲ့ အချက်အပြုတ်စွမ်းရည်က တိုးတက်လာတယ်နော် ဒီနတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်က အရမ်းအရသာရှိတယ်..."


နန်ကုန်းဝူချယ်က သူ့လက်ထဲမှ ဝက်ခြေထောက်ကို သူ့ဘက်သို့ မြှောက်ရမ်းပြလိုက်ရင်း ပြောလိုက်သည်။ပုဖန်၏ နှုတ်ခမ်းပါး၌ အပြုံးဖျော့ဖျော့ကို ဆက်လက် ဆင်မြန်းထားသည်။ထိုအခိုက်အတန့်၌ နန်ကုန်းဝူချယ်၏ စားပွဲ၌ လွတ်နေသောခုံဆီတွင် ရှောင်ယပေါ်လာလေသည်။


သူမက စားပွဲပေါ်မှ နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်ကိုသာ ကြည့်နေပြီး အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။သူမ၏ ဗိုက်ထဲ၌ သံစုံ မြည်တီးဝိုင်းတစ်ခု ပေါ်ထွက်လာလေသည်။


"ဒီမှာခဏထိုင်နေ ငါ နင့်အတွက် ဥထမင်းကြော်သွားလုပ်လိုက်မယ်..."


ပုဖန်က ရှောင်ယ၏ ခေါင်းလေးကို ပုတ်၍ ပြောလိုက်ပြီးနောက် နန်ကုန်းဝူချယ်ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် မီးဖိုခန်းထဲဘက်သို့ ပြန်လှည့်ဝင်သွားလိုက်၏။


ရှောင်ယက သရေအနိုင်နိုင်ထိန်းပြီး ခေါင်းညိတ်ပြလိုက်၏။


နန်ကုန်းဝူချယ်က ရှောင်ယကို စူးစူးစမ်းစမ်း ကြည့်လိုက်ပြီးနောက် မျက်ဝန်းများ မှေးကျင်းလိုက်သည်။


(ပိုင်ရှင်ပုက ဒီကလေးမလေးလို ပုံစံမျိုးကို ကြိုက်တာလား...ဟမ်း...သူနယ်သာရီကို မျက်နာသာမပေးတာ အံ့သြစရာမရှိတော့ဘူး သူ့အကြိုက်က ဒီလိုပုံစံဖြစ်နေတာကို...


နန်ကုန်းဝူချယ်၏ မျက်ဝန်းထဲတွင် သူ့၏ ညီမ အတွက် သနားစာနာမှုများပေါ်လာသည်။


(လှပလွန်းတာကလည်း အပြစ်တစ်ခု ဖြစ်နေတာကို...)


နန်ကုန်းဝူချယ် သက်ပြင်းချလိုက်သည့်အချိန်တွင် ရှောင်ယက သူ့ကို မဝံ့မရဲဖြင့်မေးလာလေသည်။


"အကိုကြီး ငါ နည်းနည်းလောက် မြည်းကြည့်လို့ရမလား...


သူမ၏ ရေအိုင်ကဲ့သို့ မျက်ဝန်းများကို တဖျတ်ဖျတ်ခတ်လိုက်ပုံမှာ သနားစရာကောင်းလှသည်။


နန်ကုန်းဝူချယ်ပြောစရာစကားမဲ့သွားပြီးနောက် သူ့၏ နှလုံးသားကလည်း ပျော့ပျောင်းသွားသည်။


"စားကြည့်လေ ရတယ် စားကြည့်စားကြည့် ...ကလးမလေးသေးသေးလေးက ဘယ်လောက်များ စားနိုင်မှာမို့လို့လဲ.."


ထို့နောက်သူက ရင်ကြီးကြီးအန်းကို ပန်းကန်လုံးတစ်လုံး ပိုယူလာရန် ပြောလိုက်သည်။ကလေးမနှင့် ပိုင်ရှင်ပုတို့ကြားထဲတွင်ပုံမှန်မဟုတ်သော ဆက်နွယ်မှု တစ်ခုရှိမည်ဟု သူကောက်ချက်ချမိသည်။ထို့ကြောင့် ဒီကလေးမလေးကို ကောင်းကောင်းဆက်ဆံရပေမည်။


သို့သော်လည်း နန်ကုန်းဝူချယ် ရှောင်ယဘက် ပြန်လှည့်လိုက်သည့်အချိန်တွင် သူ လန့်ဖြန့်ပြီး သေးထွက်တော့မတတ် ပင် ဖြစ်သွားလေသည်။