အပိုင်း ၇၀၁
Viewers 62k

အခန်း ၇၀၁

မနေ့က မတော်တဆ အဆင့်ချိုးဖျက်နိုင်သွားတာ...


ပုဖန် သူ့လက်ထဲမှဓားကို ပြန်ချထားလိုက်ပြီး လက်မှ ရေများကို သုတ်လိုက်သည်။ထို့နောက် သူ့၏ နောက်တွင် အလုပ်လုပ်နေကြသော ယန်မိန်ကျီနှင့် အန်းရှန့်တို့နှစ်ယောက်ကို လှည့်ကြည့်လိုက်၏။


သူတို့ နှစ်ယောက်စလုံးက ဖြတ်တောက်ခြင်းနည်းပညာကို လေ့ကျင့်ရင်း သူတို့၏ ဟင်းပွဲများကို ချက်ပြုတ်ရာတွင်သာ အာရုံစိုက်ထားလိုက်သည်။သူတို့နှစ်ယောက်စလုံးက စားသုံးသူများ၏ အော်ရာကို မချက်ပြုတ်သေးပေ။ပုဖန်က ထိုနှစ်ယောက်လုံးကို ဆက်လက်လေ့ကျင့်ခိုင်းထားပြီးသူတို့ကိုယ်တိုင် ရင်းနီးကျွမ်းဝင်လာအောင် စောင့်ဆိုင်းခိုင်းပေသည်။


လေ့ကျင့်ခန်းမလုပ်သူတစ်ယောက်၏ ဟင်းချက်စွမ်းရည်များက တိုးတက်လာနိုင်စရာအကြောင်းမရှိပေ။သူတို့လေ့ကျင့်ခန်းပုံမှန်လုပ်နေမှသာလျှင် ဟင်းချက်စွမ်းရည်များက တဖြေးဖြေးချင်း တိုးတက်လာပေလိမ့်မည်။


မြင့်မားသော အဆင့်တစ်ခုသို့ ရောက်လိုလျှင် အသေးစိတ်ကျကျ ဂရုတစိုက်ရှိရပေမည်။ပုဖန်က သေချာပေါက် မြင့်မြင့်မျှော်မှန်းထားပေသည်။သူ့၏ အလုပ်သင်များကို အလွယ်တကူ ဖြတ်ကျော်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။


ပုဖန် သူ့ရှေ့မှ အလုပ်သင်နှစ်ယောက်ကိုကြည့်နေရင်း ဖန်ဖန်ဆိုင်ငယ်လေးမှ ရှောင်ရှောင်လုံနှင့် ယုဖူတို့နှစ်ယောက်ကို သတိရသွားသည်။သူတို့၏ ချက်ပြုတ်ရေးအဆင့်များ အခုအချိန်တွင် မည်သည့်အဆင့်သို့ ရောက်ရှိသည်ကို သူသိချင်မိပေသည်။


ပုဖန် သူ့၏ အတွေးများကို ရပ်တန့်လိုက်သည် သူ့တွင် လေအလင်းအင်ပါယာသို့ သူပြန်ရန် အချိန်မရှိသေးပေ။သူပြန်နိုင်သည့်အခါမှသာပင်လျှင် ထိုနှစ်ယောက်က မည်ကဲ့သို့ အံ့အားသင့်စရာများယူဆောင်လာပေးမည်ကို သိရပေမည်။


ပုဖန် မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။အပြင်ဘက်တွင် နေမင်းက အနောက်ဘက်စွန်းစွန်းဆီသို့ ဦးတည်သွားလေပြီ။စားသုံးသူများပင်လျှင် ပိုင်ရှင်ပု ဆိုင်ပိတ်ခါနီးသည်ကို သိရှိနားလည်စွာဖြင့် တဖြေးဖြေးချင်း ဆိုင်ထဲမှ ထွက်ခွာလာကြသည်။လော့တန်ချင်းက သူ့၏ နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေခြင်းဖြစ်သည်။


သူက သိမြင်မှု သစ်သီးပင်နားတွင်ထိုင်နေပြီး သူရှေ့မှ အဖြူရောင် ဝိုင်ပုလင်းကိုကြည့်ဣသည်။၎င်းက နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ဖြစ်သည်။


ခွက်အတွင်းမှဝိုင်ကို တစ်ချိုက်တည်းမော့လိုက်ပြီးနောက် သူ့၏ မျက်ဝန်းများက စိတ်ကျေနပ်မှုဖြင့် မှေးစင်းသွားသည်။ဝိုင်၏ သင်းပျံ့လှသော ရနံ့က သူ့၏ နှာခေါင်းပေါက်ထဲသို့ တိုးဝင်သွားသည်။သူ ထိုရနံ့ကို နှစ်ခြိုက်စွာဖြင့် တစ်ချက်ရရှုရှိုက်လိုက်သည်။


လော့တန်ချင်းက ဝ်ိုင်ကောင်းကြိုက်သူတစ်ယောက်ဟု ဆိုရပေမည်။ယခုစားသောက်ဆိုင်လေးထဲတွင် ထိုမျှကောင်းမွန်လှသော ဝိုင်ရှိနေမည်ဟု သူမထင်ထားမိပေ။


သူက ဝိုင်ကို နှစ်ခြိုက်စွာ သောက်နေရင်း ပြန်ရန်ပင် မေ့လျော့လုနီးပါးဖြစ်နေသည်။ကံမကောင်းစွာပင် တစ်နေ့ကို ဝိုင်တစ်ခရားသာ ရရှိနိုင်ပေသည်။ထို့ကြောင့် သူက ဝိုင်စက်တစ်စက်တိုင်းပို ချစ်ခင်မြတ်နိုးစွာဖြင့် တန်ဖိုးထားနိုင်ပေသည်။


ပုဖန်က လော့တန်ချင်းကို ချက်ချင်းပင် သတိထားလိုက်မိပြီးနောက် မျက်ခုံးပင့်လိုက်မိကာ သူ့၏ ထိုင်ခုံရှိရာဆီသို့ လျှောက်သွားလိုက်သည်။အစောပ်ိုင်းအချိန်က ရှောင်ယက လော့တန်ချင်းအကြောင်းကိုလည်း ပြောခဲ့သော်လည်း သူအလုပ်များနေသောကြောင့် သူ့က်ို အာရုံမထားခဲ့ပေ။


ယခု သူအားလပ်သွားပေပြီ အစားကြူးနတ်ဘုရားစားသောက်ပွဲတွင်လည်း လော့တန်ချင်းက သတိပြုမိခဲ့သည်။ပုဖန် ပြဿနာကြုံနေချိန်တွင်လည်း လော့တန်ချင်းက ကူညီရန် လက်ကမ်းမလာပေ။သို့သော်လည်း ပုဖန်က သူ့ကို မပြစ်မတင်ပေ။ပြောရမည်ဆိုလျှင် လော့တန်ချင်းက အားနည်းနေပေသည်။


သို့သော် ပုဖန် ထိုသူကို အပြစ်မတင်ဟုဆိုသော်လည်း လော့တန်ချင်းပေါ် သူ့၏ အမြင်ကတော့ အရမ်းအကောင်းမဟုတ်သလို အဆိုးလည်းမဟုတ်တော့ပေ။


လော့တန်ချင်းက ဝိုင်ခွက်ကိုမ၍ တစ်ချိုက်တည်းမော့သောက်လိုက်သည်။ထို့နောက်သူ့၏ မျက်ဝန်းများက စုကျုံ့သွားသည်။ပြီးသည်နှင့် မျက်ခုံးများ ပြန်လည် ပြေလျော့သွားကာ မျက်ဝန်းများမှေးစင်းပြီး သူ့၏ မျက်နာက တစ်စုံတစ်ရာကို ကျေနပ်နှစ်သိမ့်သွားသည့် ပုံစံမျိုးဖြစ်နေသည်။


"ဒီဝိုင်ရဲ့အရသာက အရမ်းကောင်းတယ် ..."


လော့တန်ချင်းက ချီးကျူးပြောဆိုလိုက်ပြီးနောက် သူ မျက်လုံးပြန်ဖွင့်လိုက်သည်။သူ့၏ မှုန်မှုန်ဝါးဝါးမျက်ဝန်းများက ပုဖန်၏ ပြုံးနေသကဲ့သို့ မျက်နာကို မြင်လိုက်ရသည်။


"ဟုတ်တာပေါ့ ..."


ပုဖန်က ပြောပြီးနောက် သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ခွက်က သူ့လက်ထဲ ရောက်လာသည်။ထို့နောက် ဝိုင်တစ်ခွက်ငှဲ့လိုက်သည်။လော့တန်ချင်း၏ ဝိုင်ခွက်နှင့်တိုက်လိုက်သည်။


"ချီးယားစ်..."


ပုဖန်က ဝိုင်ကိုတစ်ချိုက်တည်း မော့ချလိုက်သည်။ဝိုင်၏အရသာက သူ့၏ လည်ချောင်းထဲမှ အစာအိမ်ထဲသို့ စီးဆင်းသွားပြီး အပူရှိန်က သူ့၏ နှလုံးသားထဲထိအောင်ပင် ပြန့်နှံ့သွားသည်။


ထို့နောက် အေးမြလှသော ခံစားမှုတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ပုဖန် ပင့်သက်တစ်ချက်ရှိုက်လိုက်၏။


(ချီးယား...ချီးယား ဆိုတာဘာလဲ...)


လော့တန်ချင်း ခဏမျှ ကြောင်အမှင်သက်နေမိသည်။ပြီးနောက် သူ့၏ မျက်နာပေါ်တွင် အပြုံးတစ်စ ပွင့်လန်းလာပြီး ဝိုင်ခွက်ကို မကာ တစ်ရှိန်ထိုးမော့လိုက်သည်။


"ပိုင်ရှင်ပုရဲ့ဆိုင်မှာ ဝိုင်ကောင်းကောင်းရှိခဲ့မယ်ဆိုတာ ငါအစောတည်းက သိခဲ့မယ်ဆိုရင် ငါနေ့တိုင်းကို အရောက်လာခဲ့မိမှာ ဒီလို ဝိုင်ကောင်းကောင်းက တယ်က်ို ရဖို့ ခက်ခဲတယ်..."


လော့တန်ချင်းက ခပ်တ်ိုးတိုးပြောလိုက်သည်။


"ဒါက ငါတို့ရဲ့ အကောင်းဆုံးဝိုင်ပဲ ဒါပေမယ့် နောက်အနာဂတ်မှာ ဒီထက်ပိုကောင်းတဲ့ ဝိုင်တွေရှိလာဦးမှာ..."


ပုဖန်က နောက်ထပ်ဝိုင်တစ်ခွက် ထပ်မော့လိုက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့်ပြောလိုက်သည်။လော့တန်ချင်းက သူ့ကိုကြည့်နေရင်းဖြင့် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။


ပုလင်းထဲတွင် ဝိုင်များများမကျန်တော့ပေ။ပုဖန် သူ့အတွက် နည်းနည်းချန်ထားဖို့ မျှော်လင့်မိပေသည်။


"အစားကြူးတောင်ကြားထဲမှ ပ်ိုင်ရှင်ပု ပြဿနာတက်တာကို ငါမြင်ခဲ့ပေမယ့် ငါ ကူညီဖို့လက်မကမ်းခဲ့ဘူး...အဲ့ဒါ ငါ့အမှားပါ...ဒါပေမယ့် မင်းကလျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက်ို ရန်စလိုက်မိတယ်ဆိုတာကိုတော့ မင်းသေသေချာချာ သိထားသင့်တယ်...သူတို့တွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို အရမ်းဂရုစိုက်တယ် ဒါ့ကြောင့် မင်းကို အလွယ်တကူ ခွင့်လွှတ်လိုက်မှာမဟုတ်ဘူး..."


လော့တန်ချင်းက လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။


ပုဖန်က သူ့၏ ဝိုင်ခွက်ကို ပြန်ချထားလိုက်သည်။


"အဲ့ဒီတော့ ဘာဖြစ်လဲ..."


သူ ဇဝေဇဝါဖြင့် မေးလိုက်၏။ပုဖန်၏ လေသံက လော့တန်ချင်းကို မျက်ခုံးပင့်သွားမိစေပြီး သူ့နှလုံးသားထဲ အေးစက်မှုကို ခံသွားရစေသည်။ပုဖန်ု အန္တရယ်များကို ဂရုမစိုက်ကြောင်း သူသိပေသည်။သို့သော်လည်း ဒါက ပုံမှန်ပင်ဖြစ်သည်။


အစွမ်းထက်လှသော ငရဲကမ္ဘာသက်ရှိနှစ်ယောက် စောင့်ကြပ်ပေးနေလေရာ မည်သူက ကြောက်ရွံ့ပါဦးမည်နည်း။ထပ်လောင်းပြောရမည်ဆိုလျှင် ပုဖန်၌ စွမ်းအားကြီးလှသော အနက်ရောင်ဒယ်အိုးကို ပိုင်ဆ်ိုင်ထားလေသည်။ကြမ်းတမ်းရိုင်းစိုင်းလှသော အဖြူရောင်ထောင်တျဲကိုပင် ထိုဒယ်အိုးနှင့် ရိုက်သတ်နိုင်သည်အထိ သတ္တိလည်းရှိပေသည်။


သို့သော်လည်း...


 လော့တန်ချင်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးက မည်မျှကြောက်စရာကောင်းကြောင်း မည်သူမှ သိလိမ့်မည်မဟုတ်ပေ။


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက နဂါးမြို့ဟောင်းတိုက်ကြီးကို စိုးမိုးထားသည်မှာ အချိန်ကြာမြင့်ခဲ့ပေပြီ။ထို့ကြောင့် ၎င်းတို့တွင် မြောက်များလှစွာသော ကျွမ်းကျင်ပညာရှင်များရှိနေသလို ကောင်းမွန်လှသော ရတနာပစ္စည်းအမြောက်အများလည်းရှိနေပေသည်။


သူတို့ကို ဆန့်ကျင်သော ဂိုဏ်းများကို မကြာခဏ ဖိနှိပ်ချေမှုန်းခဲ့ပြီး တစ်ဂ်ိုဏ်းပြီးတစ်ဂိုဏ်း၏ ပိုင်ဆိူင်ရာ အမွေအနှစ်များကိုလည်း သိမ်းယူခဲ့ပေသည်။


နှစ်ပေါင်းများစွာ ထ်ိုသို့ ပြုမူခဲ့ပြီးနောက် တော်ဝင်ခုံရုံး၏ အခြေအနေက မယုံနိုင်စရာအနေအထားတစ်ခုထိရောက်လာခဲ့သည်။သူတို့၏ လက်ထဲတွင် မည်ကဲ့သို့သော ဝှက်ဖဲများရှိနေသည်ကို မည်သူမှ မသိနိုင်တော့ပေ။


စားသောက်ပွဲတော်တွင်အလွန်ပင် မောက်မာထောင်လွှားနေသော သူတော်စင်သားတော်သေဆုံးခဲ့ရသည်။အကယ်၍ ကလေးမလေးသာ အနက်ရောင်ထောင်တျဲအဖြစ်ပြောင်းလဲမသွားခဲ့လျှင် ထိုသူတော်စင်သားတော် သေဆုံးလိမ့်မည်မဟုတ်ပေ။


ကောင်းကင်နွေဦးသူတော်စင်သားတော် သေဆုံးသွားခဲ့ရသည်က ပျားအုံကို တုတ် နှင့့် ထိုးလိုက်သည်နှင့် တူညီသည်။ထို့ကြောင့် တော်ဝင်ခုံရုံးက ထိုကိစ္စကို မည်သည့်နည်းနှင့်မှ လွတ်ထားလိမ့်မည်မဟုတ်ပေ။


နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေက တော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေများစွာထဲမှ တစ်ခုသာဖြစ်သော်လည်း ၎င်းတို့ကအစားကြူးတောင်ကြားထက် အားကြီးပေသည်။


တော်ဝင်ခုံရုံး၏ သူတော်စင်က ထိုကိစ္စရပ်တွင် ဝင်ပါလာပေလိမ့်မည်။သန်မာစွမ်းအားကြီးလှသောလူသာ ပုဖန်ကို တ်ိုက်ခိုက်လာမည်ဆိုလျှင် ငရဲကမ္ဘာသက်ရှိနှစ်ယောက် ကာကွယ်နေခြင်းက မလုံလောက်တော့ပေ။လော့တန်ချင်း သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ပုဖန်က်ိုကြည့်၍ ထပ်ပြောလိုက်သည်။


"ဒါ့ကြောင့် ငါမင်းကို ထွက်ပြေးဖို့ အကြံပြုချင်ပါတယ် တော်ဝင်ခုံရုံးက မင်းရန်သွားစသင့်တဲ့ နေရာမဟုတ်ဘူး..."


ထိုစကားပြောပြီးနောက် လော့တန်ချင်းက အသက်အနည်းငယ်ပိုကြီးသွားသလို ထင်ရသည်။လူတိုင်းက သူတို့ရှင်သန်နေထ်ိုင်ရာဘဝတွင် ကူကယ်ရာမဲ့မှုမျိုးကို တွေ့ကြုံခံစားခဲ့ရသည်။လော့တန်ချင်းအနေဖြင့်လည်း လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးနဲ့ ရင်ဆိုင်ရသည့်အခါ၌ အကူအညီမဲ့မှုနှင့် မျှော်လင့်ချက်မဲ့မှု နှစ်မျိုးလုံးကို တစ်ပြိုင်နက် ခံစားရပေသည်။


တော်ဝင်ခုံရုံးမှ အနည်းငဟ်ကူညီပေးခဲ့သော ရှေးဟောင်းရှုရမြို့တော်ပင်လျှင် ဆေးနန်းတော်ကို ဖျက်စီးနိုင်ခဲ့သည်။အကယ်၍ ပုဖန်သာ ကူညီမပေးခဲ့လျှင် ဆေးနန်းတော်က တော်ဝင်ခုံရုံး၏ လက်အောက်ခံ နယ်မြေဖြစ်နေလောက်ပေမည်။


ပြောင်ကျကျ ပြောရလျှင် သူက အရှုံးသမားတစ်ယောက်သာဖြစ်သည်။


"ထွက်ပြေးရမယ်..."


ပုဖန်ကြောင်အသွားသည်။လော့တန်ချင်း၏ စကားများကို နေ့တစ်ဝက်လောက်နားထောင်ခြင်းက ရယ်စရာအကြံဉာဏ်သာဖြစ်သည်။


"ဘာလို့ ငါက ထွက်ပြေးရမှာလဲ ငါဘာသာငါ ဆိုင်လေးဖွင့်ထားတာလေ သူတို့ကို ငါက နှောင့်ယှက်နေလို့လား..."


ပုဖန်က ဝိုင်တစ်ငုံသောက်လိုက်ရင်း ဂရုမစိုက်စွာဖြင့်ပြောလိုက်သည်။


"မဟုတ်ဘူး မင်းက သူတ်ို့ကို ရန်စပြီးနေပြီ...တကယ်လ်ို့ မင်းထွက်မပြေးဘူးဆိုရင် မြူကောင်းကင်မြို့က ဖျက်စီးခံရလိုက်မယ်ပြီးတော့ မင်းကလည်း ကြောက်မက်ဖွယ်ရာ သေခြင်းမျိုးနဲ့ ကြုံရလိမ့်မယ်..."


လော့တန်ချင်းက တည်ငြိမ်လှသော အသံဖြင့် ပြောလိုက်သည်။ပုဖန်ထွက်ခွာသွားလျှင်ပင် ဆေးနန်းတော်၏ နောက်ဆုံးကျန်ရစ်သောမြို့ဖြစ်သည်။မြူကောင်းကင်မြို့က ရန်သူလက်တွင် ကျရောက်ရပေမှာ မလွဲပေ။သူတို့၏ ဆေးနန်းတော်န်ာမည်ကလည်း ပျောက်ပြယ်သွားပေလိမ့်မည်။


ပုဖန်က ဂရုမထားဟန်ဖြင့် ထပ်ပြောလိုက်သည်။


"သူတို့လာရင် ငါ့ဒယ်အိုးနဲ့စကားပြောခိုင်းလိုက်မယ် ..."


(ဒယ်အိုးကစကားပြောနိုင်မလား...)


လော့တန်ချင်း၏ နှုတ်ခမ်းများရှုံ့မဲ့သွားသည်။ထ်ို့နောက် သူ့၏ အကြည့်များက ပုဖန်၏ လက်မောင်းပေါ်မှ အနက်ရောင် လက်ပတ်ဆီသို့ ရောက်သွားသည်။ယခင်က ပိုင်ရှင်ပာသည် အလွန်ကြောက်စရာကောင်းလှသော အဖြူရောင်ထောင်တျဲကို ရိုက်နှက်ရန်အတွက် ထိုလက်ကို အသုံးပြုခဲ့သည်။


အမှန်တိုင်းပြောရမည်ဆ်ိုလျှင် ပိုင်ရှင်ပု၏ ကြောက်မက်ဖွယ်ရာကောင်းလှသောတ်ိုက်ခ်ိုက်စွမ်းအားများဘယ်ကရောက်လာသည်ကို သူနားမလည်နိုင်ပေ။သူက မသေမျိုးခန္ဓာအဆင့် တစ်ဆင့်တည်းကိုသာ ကျော်ဖြတ်ထားရသူဖြစ်ကြောင်း သိသာလှပေသည်။


အဲ့ဒီလ်ိုဟုတ်လို့လား မဟုတ်သေးဘူး မှားနေပြီ...


သူ ပုဖန်၏ စွမ်းအင်များ ပြောင်းလဲနေသည်ကို သတ်ိပြုမိလိုက်ပြီး ထိတ်လန့်အံ့အားသင့်သွားသည်။အစောပိုင်းရက်အနည်းငယ်က ပုဖန်သည် မသေမျိူးခန္ဓာအဆင့်တစ်ဆင့်သာကျော်ဖြတ်ရသေးသည်။သို့သော်လည်း ယခုတွင်မူ မသေမျိုးခန္ဓာအဆင့် ငါးဆင့်ကို ကျော်ဖြတ်ပြီးသော အထွဋ်အထိပ်အဆင့်သို့ ရောက်နေပေပြီ။


(ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ...ပိုင်ရှင်ပုက ဘယ်လိုလုပ်ပြီး အဆင့်တွေ ခုန်တက်သွားနိုင်တာလဲ...)


အခြားသူများက တစ်ဆင့်ပြီးတစ့်ဆင့်သာ ကြိုးစားချိုးဖောက်ရသည်။သို့သော်လည်း ပိုင်ရှင်ပုက အဆင့်များစွာကို တစ်ခါတည်းချိုးဖောက်ပစ်လိုက်သည်။


လော့တန်ချင်း၏ အမူအရာက အထူးတဆန်းဖြစ်နေလေသည်။သူစိတ်ရှုပ်ထွေးနားမလည်နိုင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။


"ပိုင်ရှင်ပု မင်းရဲ့ ခွန်အားတွေက ဘယ်လိုဖြစ်သွားတာလဲ..."


ပုဖန်က ဝိုင်ခွက်ကိုချကာ လော့တန်ချင်းကို စောင်း၍ ကြည့်လိုက်သည်။


"ခွန်အား...

 အာ...ဟုတ်တယ် ငါမနေ့ကလေးတင်ပဲ မတော်တဆ အဆင့် ချိုးဖျက်တက်ရောက်နိုင်သွားတာ...


(မတော်တဆ ဟုတ်လား ဘယ်လောက်တောင် အဓိပ္ပါယ်မရှိလိုက်လဲ...)


ပုဖန်က အန္တရာယ်များကို ဂရုမစိုက်သည့် အကြောင်းအရင်းကို သူသတိပြုမိသွားပြီးနောက် သူ့ကိုယ်သူ အရူးကြီးတစ်ယောက်လ်ိုမျိုး ခံစားလိုက်မိသည်။ထို့အပြင် ပုဖန်ကို သူ သိမ်းသွင်းစည်းရုံး၍ မရနိုင်ကြောင်းကိုလည်း သူသတိပြုမိသွားပြီးနောက် သူ့ကိုယ်သူ အရူးကြီးတစ်ယောက်လိုမျိုးခံစားလိုက်မိသည်။ထို့အပြင် ပုဖန်ကို သူ သိမ်းသွင်းစည်းရုံး၍ မရနိုင်တော့ကြောင်းကိုလည်း သိလိုက်မိသည်။သူသက်ပြင်းတစ်ချက်အသာချလိုက်ပြီး ပြောလိုက်သည်။ပ


"ပိုင်ရှင်ပု ငါအများကြီး မပြောတော့ပါဘူး ..တော်ဝင်ခုံရုံးကသာ တကယ်ပဲ တိုက်ခိုက်လာမယ်ဆိုရင် ငါနောက်ဆုတ်မှာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရှင်ပုသာ မရှ်ိဘူးဆိုရင် ငါတို့ရဲ့ ဆေးနန်းတော်ကလည်း ရှ်ိလိမ့်မယ်မဟုတ်ဘူး..."


လော့တန်ချင်းက မတ်တပ်ထရပ်လိုက်ပြီး အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။


"ကောင်းပါပြီ..."


ပုဖန်က လော့တန်ချင်းသည် စိုးရိမ်ပူပန်မှုများလွန်းသောလူတစ်ယောက်အဖြစ် တွေးလိုက်မိပြီးနောက် အလေးအနက်အမူအရာဖြင့် ခေါင်းပြန်ညိတ်လိုက်မိသည်။


စကားဆိုပြီးသည်နှင့် လော့တန်ချင်းက ဆိုင်ထဲမှ ထွက်ခွာသွားသည်။သူ နေဝင်သွားချိန်တွင် ထွက်ပေါ်နေသော သူ့၏အရိပ်က အထီးကန်ဆန်လွန်းလှသည်ဟု ခံစားမိစေသည်။ပုဖန်က တံခါးဘောင်ကိုမှီ၍ လော့တန်ချင်း၏ နောက်ကျောအား ကြည့်နေမိသည်။


"တော်ဝင်ခုံရုံးက လာတိုက်မယ်တဲ့လား...အဲ့ဒီမှာ သူကို လာတိုက်ခိုက်နိုင်တဲ့ တကယ်ကို သန်မာလွန်းတဲ့သူရှိနိုင်လား..."


ပုဖန်က လော့တန်ချင်းစိုးရိမ်တကြီးပြောခဲ့သော ကြောက်မက်ဖွယ်ရာ သေခြင်းတရားနှင့် တွေ့ကြုံလိုက်မည်ဆိုကြောင်းကို ပြန်လည်စဉ်းစားလိုက်မိပြီးနောက် သက်ပြင်းအသာချလိုက်မိသည်။


သူ့ဆီသို့ မည်သူပဲလာလာ သူက ဒယ်အိုးနှင့် ခေါက်ပေးလိုက်ပေမည်။တစ်ချက်နှင့် မလုံလောက်လျှင် နှစ်ချက် ခေါက်ပေမည်။အကယ်၍ နှစ်ချက်ကလည်း မလုံလောက်သေးလျှင် သူကိုယ်တိုင် ဝင်ပါပေမည်။


ပုဖန် ပခုံးကြောများဖြေလျော့လိုက်ပြီး လေ့ကျင့်ခန်းလုပ်ရန် ရည်ရွယ်လိုက်သည်။သူ ကောင်းမွန်သည့် အစာကိုစားပြီး ပျင်းရိစွာဖြင့် လေ့ကျင်းခန်းမလုပ်ဘူးဆိုလျှင် မကြာခင် ဝက်ဖြစ်လာပေလိမ့်မည်။


လော့တန်ချင်းက ဆိုင်မှထွက်လာပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်၍ လမ်းမတစ်လျှောက်အေးဆေးစွာ လျှောက်လှမ်းလာခဲ့သည်။ဆေးနန်းတော်၏ အရှင်သခင်တစ်ယောက်အနေဖြင့် ထ်ိုကဲ့သို့သော အနေအထားဖြင့် နှေးကွေးစွာ လမ်းလျှောက်ခဲ့လေသည်။ယခုမူ လမ်းလျှောက်ခြင်းက သူကို မတူညီသည့် ခံစားချက်မျိူးပေးစွမ်းလေသည်။


လွန်ခဲ့သော အချိန်များတုန်းက ဒီလမ်းမကြီး၏ တစ်ဖက်တစ်ချပ်စီတွင် လူများစွာက သက်စောင့်ဆေးများကိုသာ အလုအယက် ဝယ်ယူနေသည်ကို တွေ့ခဲ့ရသည်။


သက်စောင့်ဆေးဆိုင်များကြားထဲတွင် စားသောက်ဆိုင်အနည်းငယ်ရှိကြောင်းလည်း သိပြုမိခဲ့လေ၏။သူလမ်းမတစ်လျှောက်လျှောက်လှမ်းလာရင်း လေထုထဲတွင်မွှေးပျံ့နေသော မွှေးရနံ့များကိုလည်း သတိပြုမိခဲ့သည်။ပုဖန်၏တည်ရှိမှုက မြို့တစ်မြို့လုံးအပေါ်တွင် လွှမ်းမိုးပြီး ထိုမျှကြီးကြီးမားမား ပြောင်းလဲသွားခြင်းအတွက် သူအံ့အားသင့်သွားမိသည်။


......


တခြားတစ်ဖက်တွင် မြူကောင်းကင်မြို့၏ အပြင်ဘက်ရှိ လေထုက ပြောင်းလဲသွားသည်။မည်သည့်နေရာကရောက်လာသည်မသိသော နတ်ဖောင်တစ်စင်းပေါ်လာပြီးလေထဲတွင် ကြောက်မက်ဖွယ်ရာအငွေအသက်များ ပြည့်နှက်သွားသည်။


ရှုရမြို့တော်၏ ကျူးကျော်ဝင်ရောက်မှုပြီးနောက် မြို့ရိုးတံတိုင်းထက်တွင် လှည့်လည်စောင့်ကြပ်နေသော အစောင့်အင်အားကို ပို၍ တ်ိုးမြင့်ထားသည်။နတ်ဖောင်ငယ် ပေါ်လာသည့် အခိုက်အတန့်၌ အစောင့်များက ချက်ချင်းပင်သတိပြုမိသွားခဲ့၏။


အစောင့်များစွာက အသက်ရှူသံများပင်မြန်ဆန်သွားပြီး ထိုနတ်ဖောင်ငယ်ကို စူးစူးရဲရဲကြည့်လိုက်ကြသည်။သို့သော်လည်း ခဏအတွင်းမှာပင် နတ်ဖောင်ငယ်ဆီမှ ကြောက်မက်ဖွယ်ရာအော်ရာများ ပြန့်နှံ့လာပြီး သူတို့၏ ခြေထောက်များဂျယ်လီလ်ို ပျော့ခွေသွားလေသည်။


အစောင့်ခေါင်းဆောင်၏မျက်ဝန်းများက ပြူးကျယ်နေပြီး တဆတ်ဆတ်တုန်ယင်နေသည်။နတ်ဖောင်ငယ်က ကြောက်မက်ဖွယ်ရာ မွန်းစတားကြီးတစ်ကောင်ကဲ့သို့ ပြန့်ကားလာပြီးနောက် သူတို့ဆီသို့ ဦးတည် တိုးဝင်လာလေသည်။လေထုထဲတွင် ကြောက်ရွံ့ထိတ်လန့်နေသောအငွေအသက်များ ဖုံးလွှမ်းပြည့်နှက်သွားပြီးနောက် ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။


ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ကြောင့် နေရာမှာပင် အေးခဲနေကြသော အစောင့်များ၏ နားထဲတွင်ခြေသံတစ်ချို့ ကြားလိုက်ရသည်။ထိုအခိုက်အတန့်မှာပင် နတ်ဖောင်ပေါ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။


ထိုလူက ခေါင်းအစခြေအဆုံး ရွှေရာင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။သူ့၏ နောက်ကျောတွင် စိမ်းပုပ်ရောင်ဓားကြီးတစ်လက်ကို လွယ်ထား၏။


သူ့ဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ အော်ရာများက အစောင့်များ၏ ခြေထောက်ကို တုန်ယင်နေစေသည်။


"နောက်ဆုံးတော့ မြူကောင်းကင်မြို့ကို ရောက်ပြီ..."