အပိုင်း ၇၀၂
Viewers 53k

အခန်း ၇၀၂


"နောက်ဆုံးတော့ မြူကောင်းကင်မြို့ကို ရောက်လာပြီ..."


နတ်ဖောင်ငယ်အတွင်းမှာ တစ်ကိုယ်လုံးရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်လျှောက်ထွက်လာသည်။သူ့ခေါင်းမှာပင်လျှင် ရွှေရောင်ခေါင်းဆောင်းကို ဆောင်းထားလေ၏။


ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် သူလမ်းလျှောက်လိုက်တိုင်း ချပ်ဝတ်တန်ဆာမှ အချင်းချင်းထိမြည်သံသာထွက်ပေါ်နေသည်။


ထိုသူက သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက် မြူကောင်းကင်မြို့ကို ကြည့်လိုက်သည်။အစားကြူးတောင်ကြားမှနေ၍ ရွှေ့ပြောင်းအစီအရင် မသုံးပဲ နတ်ဖောင်ငယ်၏ အရှိန်သက်သက်ဖြင့်သာ ခရီးထွက်ခဲ့ရသည်။နောက်ဆုံးတော့ မြူကောင်းကင်မြို့ကို ရောက်လာခဲ့ပေပြီ။


မြူကောင်းကင်မြို့က စည်ပင်ဝပြောသော မြို့ကြီးတစ်မြို့ဖြစ်သည်။မြို့အပြင်မှ ကြည့်လိုက်ရုံဖြင့်ပင် မီးရောင် တလက်လက်ထိန်းလင်းနေသော အဆောက်အဦးအမြင့်များကို မြင်နိုင်ပေသည်။


ထိုအဆောက်အဦးများ၏ အပြင်ဘက်တွင်လည်း လူများစွာရှိနေသည်ကိုလည်း လှမ်းမြင်နိုင်၏။ရွှေသံချပ်ကာလူ လျှောက်ထွက်လာသည်နှင့် မြို့တံတိုင်းပေါ်တွင်ရှိနေသော အစောင့်များက အသက်ရဲရဲပင်မရှူရဲတော့ပေ။တစ်ချို့ဆိုလျှင် ခြေထောက်များက ဂျယ်လီလို ပျော့ခွေပြီး မြေပြင်ပေါ် ဖင်ထိုင်လျက် လဲကျနေပေသည်။


ထိုသူဆီမှ ထွက်ပေါ်နေသော အော်ရာများက ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် သူတို့ ထိန်းမနိုင် သိမ်းမရ တုန်ယင်နေကြသည်။သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်မှာမူ ရေခဲခဲထားသကဲ့သို့ အနည်းငယ်မျှပင် ရွှေ့လျား၍ မရပေ။ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာသောသူက သူတို့ကို အတွေးတစ်ချက်ဖြင့်ပင် သတ်ပစ်နိုင်စွမ်းရှိနိုင်ပေသည်။


ထိုရွှေချပ်ဝတ်တန်ဆာဝတ်သူက မြို့တံတိုင်းပေါ်သို့ ခြေချလိုက်သည်။အက်ကွဲသွားသော အသံနှင့်အတူ သူ့ခြေထောက်အောက်မှ အုတ်တံတိုင်းက ပဲ့ကြွေသွားလေသည်။


"အိုး ငါစိတ်မကောင်းပါဘူး...ငါမတော်တဆ အားအများကြီး သုံးမိသွားတယ်.."


ထိုသူဆီမှ တောင်းပန်စကားချက်ချင်းထွက်လာသော်လည်း သူ့မျက်နာတွင် နောင်တရသည့် အမူအရာ တစ်စက်မှ ရှိမနေပေ။ထိုသူက အုတ်ခဲထဲ ကျွံကြသွားသော သူ့ခြေထောက်ကို ဆွဲထုတ်လိုက်ပြီး နောက်တစ်နေရာသို့ ခြေချလိုက်သည်။ထို့နောက် သူ့နောက်မှနေ၍ ရွှေသံချပ်ကာဝတ်အစောင့်များ ထွက်ပေါ်လာလေသည်။


ထိုသူများကလည်း ရွှေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်ဆိုသော်လည်း သူတို့၏ ခေါင်းဆောင်နှင့်တော့ ထပ်တူထပ်မျှ တူညီနေခြင်းမရှိပေ။သူတို့၏ အကြည့်များက သားရဲတစ်ကောင်ကဲ့သို့ ရိုင်းစိုင်းကြမ်းတမ်းလှပေသည်။


ရွှေဓားမြောင်၏ အကြည့်များက ကြောက်ရွံ့နေကြသော အစောင့်များအပေါ်သို့ ကျရောက်သွားပြီး သူ့၏ မျက်နာက အထင်အမြင်သေးဟန် ဖြစ်ပေါ်သွားသည်။


"ဒါက မြူကောင်းကင်မြို့ရဲ့ အစောင့်တွေလား...အရမ်းပဲအားနည်းလွန်းတယ် သူတို့ရဲ့ ကျင့်ကြံဆင့်က မြင့်မားတယ်ဆိုရင်တောင်မှ သူတို့ရဲ့ခွန်အားက တော်ဝင်ခုံရုံးက လူတွေနဲ့ ယှဉ်မယ်ဆိုရင် အရမ်းပဲ ခြားနားလွန်းတယ်..."


နွေဦးကောင်းကင်ဘုံသန့်စင်နယ်မြေ၏ ရွှေသံချပ်ကာဝတ်အစောင့်များက မသေမျိုးဝိညာဉ်အဆင့် ပညာရှင်များဖြစ်ကြသည်။မသေမျိုးခန္ဓာအဆင့် ပညာရှင်ဆိုလျှင်ပင် တိုက်ပွဲရာပေါင်းများစွာ တွေ့ကြုံဖူးသည့် သူများဖြစ်၏။


သူတို့၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းလှသည်။ထိုသူများက ဆန်းကြယ်လှသော တိုက်ခိုက်ရေး အစီအရင်ကို ပုံဖော်ဆောင်လိုက်ပြီဆိုလျှင် သူတို့၏ ရန်သူများကို အဟန့်အတားမရှိ သတ်ဖြတ်နိုင်လေသည်။


ဒီတစ်ကြိမ်၌ တိုက်ခိုက်ရေးအစီအရင်ကို ပုံဖော်နိုင်လောက်အောင်လုံလောက်သည့် တပ်သား ၅၀ ကို ခေါ်ဆောင်လာခဲ့သည်။သူတို့၏ တိုက်ခိုက်ရေးအစီအရင်နှင့် ရင်ဆိုင်လိုက်ရပါက မဟာနယ်ပယ်အဆင့် ဖြစ်တည်မှုဆိုလျှင်ပင် သွေးလွှမ်းသွားစေမည်။


ရွှေသံချပ်ကာဝတ်အဖွဲ့သူတစ်ယောက်ချင်းဆီမှ ထွက်ပေါ်နေသော အငွေ့အသက်များက သားရဲတစ်ကောင်လို ကြမ်းတမ်းလှသည် ဖြစ်လေရာ မြို့စောင့်တပ်များက ကြောက်ရွံ့မှူဖြင့် တုန်ယင်လာကြသည်။ရွှေသံချပ်ကာဝတ်သူများ၏ အကြည့်များကလည်း စူးရှလှသည်။သူတို့၏ အကြည့် ဖြတ်သန်းသွားလိုက်တိုင်း မြို့စောင့်တပ်များက အပ်ဖြင့် ထိုးသလိုမျိုး နာကျင်စူးရှမှုကို ခံစားရလေသည် ။


ထိုရွှေသံချပ်ကာဝတ်တပ်ဖွဲ့က အရင်ကြုံဖူးသော ရှုရတပ်ထက်ပင် ပို၍ ကြောက်စရာကောင်းပေသည်။ရွှေဓားမြှောင်က အရှေ့သို့ လျှောက်ထွက်လာပြီးနောက် မြို့စောင့်တပ်၏ ခေါင်းဆောင်ဘေးနားတွင် ရပ်လိုက်သည်။ထိုသူ၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ပြင်းထန်လှသောဖိအားအောက်တွင် အနည်းငယ်မျှပင် လှုပ်၍ မရသလို လှုပ်လည်းမလှုပ်ဝံ့ပေ။ရွှေဓားမြှောင်က အစောင့်တပ်မှူး၏ ပခုံးကို အသာအယာပုတ်လိုက်သည်။


"မြို့တံတိုင်းကိုသာသေချာစောင့်ကြည့်ထား မင်းမပြောသင့်တဲ့ကိစ္စဆိုရင် စကားတစ်ခွန်းမှ မဟနဲ့..."


ရွှေဓားမြှောင်က အစောင့်၏ ပခုံးကို ထပ်မံတစ်ချက်ပုတ်လိုက်ပြီးနောက် အချိန်ထပ်မဖြုန်းတော့ပဲ မြို့တံတိုင်းပေါ်မှ ဆင်းသွားလေသည်။အစောင့်တပ်မှူး၏ မျက်ဝန်းများက ပြူးကျယ်နေသည်။သူ မတ်တပ်ပင်မရပ်နိုင်တော့ပေ။သူ့နဖူးမှ ချွေးစများကလည်း ပါးပြင်ကိုဖြတ်၍ တတောက်တောက်စီးကျနေလေသည်။


"ကြောက်စရာကောင်းလွန်းတယ် အရမ်းကြောက်စရာကောင်းလွန်းတယ်..."


ထိုတပ်မှူးခံစားရသည်မှာသားရဲကောင်ကြီးတစ်ကောင်၏ အမဲလိုက်မှုကို ခံရသောသားကောင်ကဲ့သို့ ခံစားရလေသည်။သူ အနည်းငယ်မျှ လှုပ်လိုက်မိလျှင် ထိုသူက သူ့ကို အစိတ်စိတ်အမွှာမွှာဆွဲဖြဲတော့မည်ဟု ခံစားမိ၏။


"ဒီလူတွေက ဘယ်ကရောက်လာတာလဲ သူတို့တွေ မြူကောင်းကင်မြို့ကို ဘာလာလုပ်ကြတာလဲ..."


အစောင့်တပ်မှူး၏ စိတ်ထဲတွင် သိချင်စိတ်များဖြင့် ပြည့်နှက်နေသည်။သူ့၏ တာဝန်အရ ယခုအဖြစ်အပျက်ကို ဆေးနန်းတော်၏ အရှင်သခင်ကို သွားရောက်အကြောင်းကြားရန်လိုအပ်ပေသည်။သို့သော်လည်း သူ့၏ ခန္ဓာကိုယ်က လှုပ်မရပေ။


"ဘယ်လ်ိုတောင် စိတ်ပျက်စရာကောင်းလိုက်လဲ..."


......


လေထဲတွင် သက်စောင့်ဆေးများ၏ မွှေးပျံ့သင်းကြိုင်လှသောရနံ့များ စားစရာများ၏ မွှေးရနံ့များရစ်ဝဲနေသည်။လော့တန်ချင်းက စိတ်ကျေနပ်မှုရှိသော မျက်နာဖြင့် ခပ်ပြုံးပြုံးလမ်းလျှောက်လာ၏။ယခုကဲ့သို့ အေးချမ်းလှသောဘဝနေထိုင်မှုပုံစံကလည်း သိပ်မဆိုးလှပေ။


ဟင်းပွဲများနှင့် သက်စောင့်ဆေးများ၏ ပေါင်းစပ်မှုက ဆေးနန်းတော်၏ လုံးဝမတူညီသော အသွင်အပြင်ကို ဖွင့်လှစ်ပြသကဲ့သို့ပင်ရှိနေသည်။ယခင်က ထုံမှိုင်းငြီးငွေ့ဖွယ်ရာများက အမြဲတမ်းအတွက် ပျောက်ဆုံးသွားခဲ့ပြီး ဆေးနန်းတော်က တစ်ဖန် ပြန်လည် အသက်ဝင်လာသလို ထင်ရသည်။


ယခင်က ဆေးနန်းတော်တွင် သက်စောင့်ဆေးများသာ ရှိပြီး လေထုကလည်း အလွန်ပင်လေးလံသလိုမျိုးခံစားရသည်။ယခု ဟင်းပွဲများစွာ ပေါင်းထည့်ပြီးနောက် လေထုက လှုပ်ရှားအသက်ဝင်လာသည်။ထိုခံစားချက်မျိုးက တကယ့်ကို ခံစား၍ ကောင်းလှသည်။


သန်စင်ပြီးသော သက်စောင့်ဆေးများကိူ ချက်ပြုတ်ပြီးသော အစားအစာများပေါ်တွင် ဖြူး၍ ထည့်ကြသည်။ထိုကဲ့သို့သော နည်းလမ်းကို သုံးခြင်းအားဖြင့် သက်စောင့်ဆေးရည်အာနိသင်ကိုကော ဟင်းပွဲ၏ အရသာကိုပါ တစ်ပြိုင်နက်တည်း ခံစားနိုင်ပေသည်။


၎င်းက သက်စောင့်ဆေး၏အာနိသင်ကို အနည်းငယ် လျော့နည်းစေသည်ဆိုသော်လည်း ထိုအရသာကိုစွမ်းအင်စုစည်းဆေးလုံးများထက်ပင်ပို၍ ကြိုက်နှစ်သက်ကြသည်။


ယခင်က စွမ်းအင်စုစည်းဆေးလုံးကို ပထမဦးဆုံးထုတ်ဖော်ှူမှာ နန်ကုန်းမိသားစုဖြစ်ပြီး ၎င်းက သူတို့၏ အဓိက စီးပွားရေးလည်းဖြစ်သည်။နန်ကုန်းမိသားစု၏ စက်မှုလုပ်ငန်းများက ပြောင်းလဲသွားခဲ့သည်။သူတို့က စွမ်းအင်စုစည်း ဆေးလုံးကို ထုတ်လုပ်နေဆဲဖြစ်သော်လည်း ပို၍ ဆန်းသစ်သော ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်လာခဲ့ကြသည်။


ဒါက အကြံကောင်းတစ်ခုသာဖြစ်သည်။ထိုကဲ့သို့ နည်းလမ်းမျိုးနှင့်ဆက်သွားနေမည်ဆိုလျှင် ဆေးနန်းတော်က သူတို့၏ အင်အားကို ပြန်လည်ရရှိနိုင်သည့် နေ့တစ်နေ့ ရှိလာပေလိမ့်မည်။


ထိုအခိုက်အတန့်တွင် လော့တန်ချင်းက တံတားတစ်စင်းပေါ်တွင် ရပ်နေလေသည်။ထိုတံတားက မြူကောင်းကင်မြို့ကို ဖြတ်သန်းစီးဆင်းနေသော မြစ်အပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။


တစ်ခါတစ်ရံတွင် ရေထဲတွင်ကူးခတ်နေသော ငါးများက ရေပေါ်သို့ခေါင်းပြူလာပြီး ပူစီဖောင်းများကို မှုတ်ထုတ်နေကြသည်။မြစ်ရေပြင်ကို ဖြတ်သန်းတိုက်ခိုက်လာသော လေနုအေးက သူ့ရဲ့ ဝတ်ရုံကစကို တဖျတ်ဖျတ်လွင့်ခါသွားစေသည်။


ရုတ်တရက် လော့တန်ချင်း၏ ကျေနပ်နှစ်သော မျက်နာက တင်းမာသွားသည်။သူ့၏ အကြည့်များက ရေမျက်နာပြင်ကို မလွှဲတမ်းစူးစိုက်ကြည့်နေလေသည်။


ကြီးမားလေးလံလှသော အရာတစ်ခု ဦးတည်လာနေသလိုမျိုး ရေမျက်နာပြင်က အဆက်မပြတ် လှိုင်းများလှုပ်ခါနေသည်။လော့တန်ချင်း၏ စိတ်က သတိအပြည့်ဖြင့် နိုးကြားသွားပြီးသူပတ်ဝန်းကျင်ကို အကဲခတ်လ်ိုက်သည်။ 


ပတ်ချာလည် ကြည့်လိုက်သည့်အချိန်တွင် သူ့၏ ဘယ်ဘက်ထောင့်မှ ထူးဆန်းမှု တစ်စုံတစ်ရာက်ို သတ်ိပြုမိလိုက်ပြီး ထိုဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။အကွာအဝေးတစ်ခုတွင် နေဝင်ချိန်၏ အလင်းအောက်၌ အုပ်စုတစ်စု လျှောက်လာနေလေသည်။


ထိုသူများ၏ခြေလှမ်းများက ညီညာနေသည်။သူတို့ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း လူများ၏ နှလုံးသားကို နင်းချေလိုက်သလိုမျိုးခံစားရစေသည်။နှလုံးခုန်နှုန်းများ မြန်လာပြီး စိတ်မသက်မသာဖြစ်လွန်းသောကြောင့် သွေးတစ်လုတ်အန်ထုတ်ချင်သလိုပင် ခံစားမိကြ၏။


"ဒါဘာလဲ ..."


လော့တန်ချင်းက ထိုအရပ်မှ ထွက်လာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အော်ရာလှိုင်းများကို ခံစားမိလေသည်။ထိုအခိုက်အတန့်၌အေးချမ်းစွာ တိုက်ခတ်နေသော ညနေခင်းလေပြေလေညှင်းများကလည်း ပြင်းထန်လာသည်။


လေပြေလေညှင်းက သူ့၏ မျက်နာကိုပင် ရိုက်ခတ်လာသလိုမျိုးအသံများပင် ထွက်ပေါ်လာစေသည်။ဆည်းဆာနေ၏ အောက်တွင် ထိုသူများ၏ ဝတ်ရုံက အလွန်တောက်ပလင်းလက်နေသည်။


သူတို့၏ ဝတ်ရုံက လူအများ၏ မျက်ဝန်းကို ကန်းသွားတော့မလိုမျိူး နာကျင်စုးရှမှုကို ခံစားရစေသည်။သူတို့၏ ဝတ်စုံမှ အချင်းချင်းထိခတ်မိသည့် တရွှင်ရွှင်အသံလည်းထွက်ပေါ်နေသည်။လော့တန်ချင်း လက်ပိုက်လ်ိုက်ပြီး မျက်လုံးပြူးများဖြင့် ထိုအုပ်စုက်ို ကြည့်နေလေသည်။


"ဟေး...ဒါက ဆေးနန်းတော်ရဲ့ အရှင်သခင် ကျောက်စိမ်းမျက်နာ လော့တန်ချင်းမဟုတ်ဘူးလား...သူကညနေခင်း လေပြေကို သက်တောင့်သက်သာခံစားနိုင်သေးတယ်ပေါ့..."


ထိုလူစုကို ဦးဆောင်လာသည့်သူက ခေါင်းအစခြေအဆုံး ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။သူ့ဆီမှ ထွက်ပေါ်လာသော သားရဲကောင်ကြီးတစ်ကောင်ကဲ့သို့ ဖိအားက လော့တန်ချင်းဆီသို့ ရိုက်ခတ်လာသည်ေ နောက်ဆုံး၌ လော့တန်ချင်းက ထိုသူများ ဘယ်သူဖြစ်သည်ကို သတိပြုမိသွားသည်။


"မင်းတို့က နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေက ရွှေသံချပ်ကာဝတ် အစောင့်တပ်မဟုတ်လား..."


လော့တန်ချင်းအသက်ပြင်းပြင်းတစ်ချက်ရှိုက်လ်ိုက်ပြီးမသိမသာခြေတစ်လှမ်းဆုတ်လိုက်သည်။


(ဒီလူတွေ ရောက်လာတာကို သူဘာလို့ သတင်းမကြားရတာလဲ မြို့စောင့်နတ်ဘာလုပ်နေတာလဲ...)


ထိုအခိုက်အတန့်၌ လော့တန်ချင်း အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။နွေဦးကောင်းကင်ဘုံမှ ပညာရှင်များရောက်လာလိမ့်မည်ဟု သူသိထားသော်လည်း ထိုမျှ မြန်မြန်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။


သူဘာကိုမှ လုံးဝ မပြင်ဆင်ရသေးပေ။ပိုင်ရှင်ပုကို ယခုပဲ အကြောင်းကြားပြီးကာစပဲရှိသေးပြီး ထိုရွှေသံချပ်ကာဝတ်အဖွဲ့က ရောက်လာပေပြီ။သူတို့က အသက်ရှုချိန်ပင် မပေးခဲ့ပေ။


"အိုး ဆေးနန်းတော်သခင်လော့ကငါတို့ကို မှတ်မိတာပဲ ဒါ ငါ နည်းနည်းတောင်အံ့အားသင့်သွားတယ်..."


ရွှေဓားမြှောင်ကရယ်မော၍ ပြောလိုက်သည်။သို့သော်လည်း သူ့၏ ရယ်သံက လော့တန်ချင်းကို ဦးရေပြားပင် ထုံကျင်သွားစေ၏။


"မင်းတို့ ရွှေသံချပ်ကာဝတ်အဖွဲ့က တော်ဝင်ခုံရုံးမှာပဲ ရှိနေရမှာမဟုတ်ဘူးလား ငါရဲ့ဆေးနန်းတော်ကို ဘာလာလုပ်တာလဲ..."


လော့တန်ချင်းက စွမ်းအင်များစုစည်းလိုက်ပြီး အော်လိုက်သည်။ရွှေဓားမြှောင်၏ နီရဲသောမျက်ဝန်းများက သူ့ကို စောင်းငှဲ့ကြည့်လာသည်။


"မသိချင်ယောင် ဆောင်နေစရာမလိုပါဘူး ကျုပ်တို့ ဒီကို ဘာလို့ ရောက်နေလဲဆိုတာ ခင်ဗျားသိပါတယ်...အရင်ကလည်း ကျုပ်တို့ သန့်စင်နယ်မြေက နတ်ဘုရားသတ်လေးကို ကိုင်ဆောင်တဲ့ ကျင်ကြံသူတစ်ယောက်က ဆေးးနနန်းတော်မှာကျဆုံးခဲ့ရတယ်...အဲ့ဒီရဲ့ အက်ျိုးဆက်ကို ခင်ဗျားသိသင့်တယ်...အရင်ကတော့ ကျူပ်တို့က ခင်ဗျားတို့ဆေးနန်းတော်ကို အသက်ရှူဖို့ အခွင့်အရေးလေးပေးချင်ခဲ့တယ်...ဒါပေမယ့်လည်း ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လဲ ခင်ဗျားတို့က အဲ့ဒီအခွင့်အရေးကို မယူခဲ့ဘူး...ကျောက်ခရမ်းအကြီးအကဲက ဆေးနန်းတော်ကို အနိုင်ယူပြီး ကြယ်မျှော်စင်ကို ယူဖို့ ကျုပ်ကိုလွှတ်လိုက်တာ..."


ရွှေဓားမြှောင်က စကားတစ်လုံးချင်း ဖြေးညှင်းစွာ ပြောလိုက်သည်။လော့တန်ချင်း၏မျက်နာက ချက်ချင်းပြောင်းလဲသွားလေသည်။


"မင်းတို့ အုပ်စုက ဓားမြတိုက်နေတာပဲ ကြယ်မျှော်စင်ကို ဘယ်လိုနည်းနဲ့မှ မင်းတို့လက်ထဲ မပေးနိုင်ဘူး လော့တန်ချင်းက အော်ဟစ်လိုက်သည်။ထ်ို့နောက် သူ့လက်ထဲတွင် အစိမ်းရောင် ဓားတစ်ချောင်းပေါ်လာပြီး အလင်းရောင်များတောက်ပလာသည်။


သူဓားကို လွှဲလိုက်သည်နှင့် ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များက လေထဲ နေရာအနှံ့သို့ လွင့်ပျံသွားသည်။


ကြောက်မက်ဖွယ်ရာ ကောင်းလှသော ဓားစွမ်းအင်များက ရွှေဓားမြှောင်ဆီသို့ ဦးတည်ဝင်သွား၏ လော့တန်ချင်း၏ မျက်နာက ပြာနှမ်းနေပေပြီ။လော့တန်ချင်း၏ ခေါင်းပေါ်တွင် စိတ်ဝိညာဉ်လှေကားသုံးဆင့် ပေါ်လာသည်။အစစ်အမှန်စွမ်းအင်များက သူ့ခန္ဓာကိုယ်တွင် လည်ပတ်စီးဆင်းလာပြီးနောက် မုန်တိုင်းတစ်ခုသဖွယ်ဖြစ်တည်လာသည်။


"ဝိညာဉ်လှေကား သုံးဆင့်ပဲရှိတဲ့ အားနည်းပျော့ညံ့တဲ့ သူတစ်ယောက်က ကာကွယ်စောင့်ရှောက်သူတစ်ယောက်ရှေ့မှာ ဒီလိုမ်ျိုးပြုမူဝံ့တာလား....ဒီလ်ိုယုံကြည်မှုမျိုး ခင်ဗျားကို ဘယ်သူကပေးလိုက်တာလဲ..."


ရွှေဓားမြှောင်၏ မျက်ဝန်းနီများက ပြန့်နှံ့လာသော ဓားစွမ်းအင်များကို ကြည့်နေပြီး သူ လှောင်ပြောင်ပြောလိုက်သည်။နောက်ခဏတွင် ကြောက်မက်ဖွယ်ရာကောင်းလှသောစေပါဓားစွမ်းအင်များ ထွက်ပေါ်လာသည်။ထိုစေပါဓားစွမ်းအင်များကို ဖျက်စီးလိုက်လေသည်။သူ့၏လက်ကို လွှဲယမ်းလိုက်သည်နှင့် စေပါဓားစွမ်းအင်များက လော့တန်ချင်းဆီသို့ ပြန့်နှံ့သွားပြီး တံတားတစ်ခုလုံးကို ကျိုးပဲ့သွားစေသည်။


လော့တန်ချင်းက သူ့၏ အစိမ်းရောင်ဓားရှည်ကို ရင်ညဘတ်ရှေ့တွင် ကန့်လန့်ကာလိုက်ပြီး စေပါဓားစွမ်းအင်များကို ပိတ်ဆို့ လိုက်သည်။ချလွင် ခနဲ အသံနှင့်အတူ ဓားရှည်က က်ျိုးပဲ့သွားပြီး အပိုင်းအစများက ကောင်းကင်အနှံ့လွင့်ပျံသွားသည်။လော့တန်ချင်းက သွေးတစ်လုတ်အန်ထုတ်လ်ိုက်ရပြီး သူ့၏ မျက်နာက စက္ကူတစ်စလို ဖြူဖျော့သွားလေသည်။


အရမ်းသန်မာလွန်းတယ်...


ရွှေသံချပ်ကာ အဖွဲ့၏ ကာကွယ်သူ ၁၃ယောက်ထဲမှ တစ်ယောက်၏ စွမ်းရည်က တကယ့်ကို ကြောက်စရာကောင်းလှသည်။သန့်စင်နယ်မြေမှ စေလွှတ်လိုက်သူများက ထင်ထားသည့်အတိုင်းပင် အားကြီးလွန်းလှပေသည်။ယခုအခိုက်အတန့်၌ လော့တန်ချင်း၏ စိတ်ထဲတွင်ရှ်ိသည့် တစ်ခုတည်းသော အရာမှာပြေးဖို့ပင်ဖြစ်သည်။


သူ့၏ ပုံရိပ်က မြေပြင်ပေါ်သို့ အသာအယာသက်ဆင်းလာပြီးနောက် မြေပြင်ကို ခြေထောက်ကန်လိုက်ကာလေထဲသို့ ထိုးတက်သွားလိုက်သည်။ထို့နောက် အဝေးဆီသို့ တမဟုတ်ချင်းပျံသန်းသွားလေသည်။


"ကာကွယ်စောင့်ရှောက်သူ ကျွန်တော်တို့ သူ့ကို သတ်မှာလား..."


ရွှေသံချပ်ကာဝတ် အစောင့်တစ်ယောက်က ရေခဲတမျှအေးစက်လှသော အသံဖြင့် ရွှေဓားမြှောင်ကို မေးလိုက်သည်။


"မလိုဘူး...သူ့ကို အသက်ရှင်လျက်ထားလိုက်တာက ကိစ္စကြီးတစ်ရပ်မဟုတ်ဘူး...သူဘယ်ကို ထွက်ပြေးလွတ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့...သူက ငါတို့ကို စားဖိုမှူးလေးရှိရာဆီ ဦးဆောင် ခေါ်သွားမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့..."


ရွှေဓားမြောင်က အမှုမထားဟန်ဖြင့်ပြောလိုက်သည်။ထို့နောက် သူတို့၏ ချပ်ဝတ်တန်ဆာများမှ အသံများထွက်ပေါ်လာပြီး လော့တန်ချင်းကို အေးဆေးစွာ လိုက်လံဖမ်းကြလေသည်။


လော့တန်ချင်း၏ ပါးစပ်ထဲတွင် သွေးများပြည့်နေသည်။သူပြေးနေပုံက အလင်းပျံလွှားငှက်တစ်ကောင်အလားပင်ထင်ရသည်။မူလက သူ ပိုင်ရှင်ပုကို သွားရှာချင်ခဲ့သည်။သို့သော်လည်း ခဏမျှစဉ်းစားပြီးနောက် ပုဖန်ကိုရှာမည့်အစားကြယ်မျှော်စင်ရှိရာဆီသို့သာပျံသွားလိုက်သည်။


"ဒီလူတွေကို ငါတို့ အချိန်ဆွဲနိုင်သမျှ ဆွဲထားနိုင်ဖို့မျှော်လင့်မိပါတယ်...အခုတော့ ငါ့ရဲ့စကားတွေကို ပိုင်ရှင်ပု အလေးအနက်ထားဖို့ပဲ မျှော်လင့်ရတော့မယ်..."


....


တိမ်ခိုးစားသောက်ဆိုင်...


ပုဖန်က ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်ရင်းဆည်းဆာနေဝင်ချိန်ကို ခံစားနေသည်။သူ မျက်လုံးပိတ်ထားရာမှ ဖွင့်လိုက်ပြီး အကာအဝေးတစ်ခုဆီသို့ ကြည့်လိုက်သည်။ဆည်းဆာနေမင်းက သွေးကဲ့သို့ နီရဲနေသည်။


ပုဖန်၏ နှလုံးသားက လှုပ်ရှားသွားသည်။ ၎င်းက ထူးဆန်းသည့် ခံစားချက်မျိုးပေးစွမ်းလေသည်။ပုဖန်နှာခေါင်းကို ပွတ်လိုက်ပြီးမျက်လုံးများပြန်မှိတ်ကာ အေးချမ်းတိတ်ဆိတ်မှုကို ပြန်လည်ခံစားလိုက်သည်။


သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်ပျော်နေသောခွေးဘုရင်က ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။သူအဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် သန်းဝေလိုက်၏။သူတစ်စုံတစ်ခုကို ခံစားမိပုံရသည်။ထို့နောက် မျက်လုံးများပြန်မှိတ်လိုက်ပြီး ပြန်လည်လှဲလျောင်းလိုက်၏။