အပိုင်း ၇၀၄
Viewers 62k

အခန်း ၇၀၄

ဟန်များတဲ့စားဖိုမှူး...


ရုတ်တရက် ကောင်းကင်ပေါ်မှနေ၍ အနက်ရောင်ဒယ်အိုးတစ်ခု အန်းရှန့်ရှေ့သို့ ပြုတ်ကျလာလေသည်။ကြောက်မက်ဖွယ်ရာ ဓားစွမ်းအင်များက မဟူရာလိပ်ခုံးဒယ်အိုး၏ ချေမွခြင်းကို ခံလိုက်ရသည်။ဓားစွမ်းအင်လှိုင်းများက အဘက်ဘက်သို့ပြန့်ကားထွက်သွား၏။


အားလုံး၏ နှလုံးသားက အခုန်မြန်သွားသည်။သူတို့ တံတွေးတစ်လုတ်မျိုချလိုက်ရပြီး ထိုဒယ်အိုးနက်ကို မယုံကြည်နိုင်စွာကြည့်နေမိကြသည်။ရွှေဓားမြှောင်၏ ဓားစွမ်းအင်များကို ဖျက်ဆီးလိုက်သော်လည်း ထိုဒယ်အိုးတွင် ခြစ်ရာတစ်ခုမျှ ထင်ကျန်မနေခဲ့ပေ။


ထိုဒယ်အိုးက လုံးဝ သာမန်ဒယ်အိုးမဟုတ်နိုင်ပေ။ရွှေဓားမြှောင် မျက်ခုံးပင့်လိုက်မိသည်။အနီရောင်မျက်ဝန်းများက မီးတောက်များပွင့်လာသလိုပင် ဒယ်အိုးနက်ကို စိုက်ကြည့်ရင်း ဟန့်ခနဲ နှာမှုတ်လိုက်သည်။


တကယ်တမ်းသူ့၏ ဓားတစ်ချက်က ဒယ်အိုးတစ်အိုးမဆိုနှင့် ဒယ်အိုး၁၀လုံးကိုပင် ပျက်နိုင်စွမ်းရှိသည်။သို့သော် ဒီဒယ်အိုးက အလွန်ပင် ခြားနားနေပေသည်။အန်းရှန့်၏ ဖြူဖျော့နေသော မျက်နာက အံ့သြမှူများပြည့်နှက်သွားသည်။သူ့မျက်ဝန်းများကျုံ့လိုက်ပြီး ဒယ်အိုးကို ကြည့်လိုက်သည်။


"ဒါ ပိုင်ရှင်ပုရဲ့ ဒယ်အိုးမဟုတ်လား..."


သူမလှည့်ကြည့်လိုက်ရာ ပုံမှန်အပြုအမူအတိုင်း ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည့် ပုဖန်ကို မြင်လိုက်ရသည်။ပုဖန်က နီရောင်စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသည်။အဖြူနှင့် နီရောင်များက လေဟာနယ်ထဲတွင် မီးတောက်နေသလို ထင်ရသည်။ခြုံ၍ ပြောရမည်ဆိုလျှင် တောက်ပမှုက ဆွဲဆောင်နိုင်လွန်းသည်။


သူ့၏ လက်မောင်း၌ ပတ်ချည်ထားသော အနက်ရောင်လက်ပတ်က အနည်းငယ်လျှောကျနေပြီး အစွန်းဖျားလေးက လေဖြင့်တဖျတ်ဖျတ်လွင့်ခါနေသည်။


"ဒါက စားဖိုမှူးငယ်လေးလား..."


ရွှေဓားမြှောင်က ဆိုင်အတွင်းမှ အေးချမ်းတည်ငြိမ်စွာဖြင့် လျှောက်ထွက်လာသော ပုဖန်ကို စူးစိုက်ကြည့်လိုက်သည်။


"ကောင်လေးက သူတော်စင်သားတော်ကို ကျရှုံးအောင်လုပ်ခဲ့တဲ့သူပေါ့..."


ပုဖန်က စက္ကူတစ်စကဲ့သို့ ဖြူဖွေးနေသော အန်းရှန့်၏ မျက်နာကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူ ကြောင်အနေသော အန်းရှန့်ရှေ့သို့ လျှောက်သွားလိုက်သည်။


ထို့နောက် သူ လက်ပတ်ရှိသည့်လက်ကို မြှောက်လိုက်သည်နှင့် အနက်ရောင်ဒယ်အိုးက ပြန်လည် လွင့်ဝဲလာသည်။ထိုဒယ်အိုးက အရွယ်အစားအနည်းငယ်ကျုံ့သွားပြီး ပုဖန်၏ လက်ထဲသို့ ရောက်လာသည်။


ပုဖန် ရွှေဓားမြှောင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ထို့နောက် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် အန်းရှန့်ဘက်သို့ ပြန်ကြည့်ကာ မေးလိုက်သည်။


"နင်ဒီလိုမျိုး ဒဏ်ရာတွေ ရလာအောင် ဘယ်သူလုပ်လိုက်တာလဲ..."


အန်းရှန့်က အံ့အားသင့်မှုမှ ပြန်လည်သတိမဝင်လာသေးပေ။သူမက ပုဖန်၏ ခြယ်လှယ်စိုးမိုးနိုင်လွန်းသော အမူအယာကြောင့် ထိတ်လန့်နေမိသည်။


ပုဖန်၏ အသွင်အပြင်က အေးစက်သော်လည်း နှလုံးသားနွေးထွေးသည့် လူတစ်ယောက်ဟုသာ သူမသိခဲ့သည်။ထို့အပြင် သူ့ကိုယ်သူဖော်ပြရာ၌လည်း ဒဲ့ထိုးဆန်လှသည်။


ထို့ကြောင့် သူ့တွင် ယခုကဲ့သို့ ခြယ်လှယ်စိုးမိုးနိုင်လွန်းသော ပုံရိပ်များ ရှိလိမ့်မည်ဟု မထင်ထားခဲ့မိပေ။သို့သော်လည်း ယခုအချိန်က ထိုကဲ့သို့ ပြုမူရမည့် အချိန်မဟုတ်ပေ။သူ့၏ ပြိုင်ဘက်က အလွန်ပင်သန်မာလွန်းလှပြီး ရင်ဆိုင်ရန် ခက်ခဲလေသည်။


"ဆေးနန်းတော်ရဲ့ အရှင်သခင် လော့တန်ချင်းတောင်မှ အဲ့ဒီ ရွှေရောင်ဝတ်လူရဲ့ အရိုက်အနှက်ခံထားရတာကို သူမမြင်ဘူးလား..."


"ပိုင်ရှင်ပုမြန်မြန်ပြေးတော့ ..."


အန်းရှန့်က ပြန်လည်သတ်ိဝင်လာပြီး အော်ဟစ်သတ်ိပေးလိုက်သည်။


ပြေး...


"ပြေးရမယ် နင်ကို ဘယ်သူဒဏ်ရာရအောင်လုပ်လိုက်လဲဆိုတာပဲ ပြောစမ်းပါ..."


ပုဖန်က သူ့လက်ထဲမှ ဒယ်အိုးကို လွှဲယမ်းရင်း မေးလိုက်သည်။


"စားဖိုမှုးလေးကအရမ်းကို သတ္တိရှိတာပဲ သူ့ကို ဒဏ်ရာရအောင်လုပ်လိုက်တာ ငါပဲ...အဲ့ဒီတော့ ဘာလုပ်ချင်လဲ..."


ရွှေဓားမြှောင်က ဒယ်အိုးကို လွှဲယမ်းကာ ဟန်ကြီးပန်ကြီး ပြုလုပ်နေသော ပုဖန်ကိုကြည့်နေရင်းဖြင့် မျက်ဝန်းထဲမှ မီးတောက်များထွက်လာသလိုပင်ခံစားမိလေသည်။


"ဒီစားဖိုမှူးက သူရင်ဆိုင်နေရတဲ့သူက ကာကွယ်သူ ရွှေဓားမြှောင်ဆိုတာကိုတောင် မသိဘူးလား..."


မဟာအကြီးအကဲ ချူချန်းရှန်ပင်လျှင်သူနှင့်ရင်ဆိုင်ရလျှင် သတိအပြည့်ဖြင့် နိုးနိုးကြားကြားဖြစ်သွားပေလိမ့်မည်။သို့သော်လည်း ဒီစားဖိုမှူးလေးကမူ သူသာ အားလုံ အထက်မှာ ရှိနေသလိုမျိုး ဂရုမဲ့ နေနေလေသည်။


"သူကသေဖို့ တောင်းဆိုနေတာပဲ..."


"အော် အဲ့ဒီတော့ ခင်ဗျားလုပ်လိုက်တာပေါ့..."


ပုဖန်က ခေါင်းအစခြေအဆုံး ရွှေရောင်လွှမ်းထားသောသူကို ခေါင်းမော့ကြည့်လိုက်သည်။


"ဒီလူကို ကြည့်ရတာ စိတ်မသက်မသာလိုက်တာ အဲ့ဒီလောက်ထိ ကျပ်ကျပ်ထုတ်ထုတ် ဝတ်ဆင်ထားဖို့ လိုလို့လား..."


ပုဖန်က ဒယ်အိုးကို လွှဲယမ်းရင်း ပင့်သက်အသာရှိုက်လိုက်သည်။


"ဒီစားဖိုမှူးရဲ့ အလုပ်သင်ကို အနိုင်ကျင့်ရဲတယ်ပေါ့ ငါက အရမ်းစိတ်သဘောထားကောင်းတယ်လို့များ မင်းထင်လို့လား..."


ပုဖန် မျက်ဝန်းများမှေးကျင်းလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။သူ့၏ အစစ်အမှန် စွမ်းအင်များက အဆတ်မပြတ် မြင့်တက်လာပြီး သူ့၏ နောက်ကျောတွင် စိတ်ဝိညာဥ် သံကြိုးငါးချောင်းပေါ်လာသည်။


အန်းရှန့် အပါအဝင် လူအားလုံး တောင့်ခဲသွားကြသည်။လူအုပ်ထဲတွင်ပုန်းနေသော နန်ကုန်းဝူချယ်၏ နှုတ်ခမ်းများက တွန့်ရှုံ့သွားလေသည်။


"ဘော်ဒါပု ဘော်ဒါပု မင်းကတော့ ဟာသပဲ...ဆေးနန်းတောင်သခင်ကိုတောင် သွေးချင်းချင်းရဲအောင်လုပ်ထားတဲ့ ရွှေဓားမြှောင်ကို ကြည့်နေတာဆိုတာကိုကော မင်းသတ်ိရသေးရဲ့လား...မင်းရဲ့ အားနည်းလှတဲ့ မသေမျိုးခန္ဓာအဆင့်လေးနဲ့ ဘာလုပ်လို့ရမှာလဲ ...တခြားတစ်ဖက်ကို တစ်ချက်လောက်ရိုက်ဖို့တောင်မလုံလောက်ဘူး..."


အန်းရှန့်၏ မျက်လုံးထဲတွင် စိတ်ပျက်မှုများပေါ်လာသည်။အစောပိုင်းက ပုဖန်သည် အလွန် ခြယ်လှယ်လွှမ်းမိုးနိုင်စွမ်းရှိနေသောကြောင့် သူ့လက်ထဲတွင် ဝှက်ဖဲများရှိလိမ့်မည်ဟု သူမထင်ခဲ့သည်။


သို့သော်လည်း အဆုံးသတ်၌သူက အရူးတစ်ယောက်ကဲ့သို့ပင် မသေမျိုးခန္ဓာအဆင့် စွမ်းအင်လေးသာ ထုတ်ပြလာလေသည်။မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် ပညာရှင်က ရွှေဓားမြှောင်၏ ပြိုင်ဘက်ဖြစ်လာနိုင်မည်လား...၎င်းတို့ကြားကွာခြားချက်က ကြီးမားလွန်းလှသည်။


ပုဖန်၏ လက်ပတ်မှ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး သူ့၏လက်တစ်ချောင်းလုံးက်ို လွှမ်းမိုးသွားသည်။


"မင်းက တကယ်ကို သေဖို့ တောင်းဆိုနေတာပဲ...ချူချန်းရှန်တောင်မှ ငါ့ရှေ့မှာ အဲ့ဒီလိုမပြုမူရဲဘူး....မင်းလိုစားဖ်ိုမှူးလေးတစ်ယောက်က်ိုတော့ ထည့်တွက်စရာကိုမလိုဘူး..."


ရွှေဓားမြှောင်၏ ခန္ဓာကိုယ်မှ စွမ်းအင်များပေါက်ကွဲထွက်ပေါ်လာသည်။ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများ ပြန့်နှံ့လာသည်နှင့် အားလုံး တုန်ယင်သွားကြသည်။


သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ လေးလံလှသော တောင်တစ်တောင် ကျရောက်လာသလိုမျိုး ခံစားရသည်။ရွှေသံချပ်ကာဝတ် အစောင့်များကမူ အနည်းငယ်မျှ ရွှေ့လျားမှုမရှိပဲ ခိုင်မာစွာရပ်နေကြသည်။သို့သော်လည်း သူတို့နောက်မှ အဂ္ဂိရတ်ပညာရှင်များက မြေပေါ်သို့ ဒူးထောက်ကျသွားပြီး ကျယ်လောင်သော အသံများထွက်ပေါ်လာလေသည်။


ရပ်နေကြသော လူတစ်ချို့လည်း ထိုစွမ်းအင်များကို တောင့်ခံနိုင်စွမ်းမရှိတော့ပေ။သူတို့ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။အားလုံး၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည်။


ထိုစွမ်းအားက မသေမျိုးဝိညာဥ်အဆင့်စွမ်းအားဖြစ်သည်။ထို့အပြင်သာမန်အဆင့်မျိုးမဟုတ်ပေ။အဖြူရောင်ဝိညာဥ်လှေက ၁ဆင့် ၂ဆင့် ၃ဆင့် ၇ဆင့် ဝိညာဥ်လှေကား ၇ဆင့်ထိ ဒီလိုတည်ရှိမှုမျိုးက ဘယ်လိုလုပ်ပြီး ဆေးနန်းတော်မှာ ပေါ်လာရတာလဲ...


အားလုံး၏ မျက်နာများက ပြောင်းလဲသွားကြသည်။သူတိူ့ မသေမျိုးဝိညာဥ်အဆင့်ရှိသောသူကို တစ်ခါမှမတွေ့ခဲ့ဖူးပေ။ထို့အပြင် ပေါ်လာသည့်သူကလည်း ဝိညာဥ်လှေကား ၇ဆင့်ရှိသောသူဖြစ်နေသည်။


ထိုသူက ဆေးနန်းတော်အရှင်သခင်ထက်ပင် ပို၍ အစွမ်းထက်သော သူတစ်ယောက်ဖြစ်နေသည်။စားဖိုမှူးလေးက ထိုကြောက်စရာကောင်းေသာသူကို မည်ကဲ့သို့ရင်ဆိုင်နိုင်ပါမည်နည်း။


ရွှေဓားမြှောင်၏ စွမ်းအင်များက ကောင်းကင်ယံဆီသို့ ထိုးတက်သွားသည်။သူ့၏ ဝိညာဥ်လှေကားမှာလည်း အလင်းရောင်များ စတင်တောက်ပလာသည်။ထိုဝိညာဥ် လှေကားထိပ်တွင် နောက်ထပ် ဝိညာဥ်လှေကား ၇ဆင့် ပုံသဏ္ဍန်ရောင်ပြန်ဟပ်နေပြီး အလင်းရောင်များ ဖြာကျနေသည်။


၎င်းက တော်ဝင်ခုံရုံး၏ သန့်စင်နယ်နယ်မြေများမှ ပညာရှင်များသာ တက်မြောက်ထားသော ထူးဆန်းလှသည့် ကြယ်ရောင်ပျံ အစီအရင်ပင်ဖြစ်သည်။တော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေကြီး ၇ခုက ကြယ်တစ်လုံးဆီကို ကိုယ်စားပြုလေသည်။


ကြယ်များမှ စွမ်းအင်ကိုရရှိလျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်များက ပို၍ အစွမ်းထက်လာပေလိမ့်မည်။ရွှေဓားမြှောင်သည် နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေ၏ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်ဖြစ်သည်။သဘာဝကျစွာပင် သူက နွေဦးကောင်းကင် သန့်စင်နယ်မြေ၏ ကြယ်စွမ်းအားများကိုလည်း လက်ခံရရှိထားသည်။


ဘုန်း ဘုန်း...


မြေပြိုသွားသကဲ့သို့ပင် ဖိအားလှိုင်းများကို ခံစားလိုက်ကြရ၏။


"မသေမျိုးခန္ဓာအဆင့် ပုရွတ်ဆိတ်တစ်ကောင်က ငါ့ရှေ့မှာ ဟန်ပြနေတယ် မင်းမှာ အစွမ်းရှိတယ်ဆိုရင် ဆက်ပြီးတော့ ဟန်ပြနေလိုက် ..."


ရွှေဓားမြှောင်က ဆက်ပြီးတော့ ပြောလိုက်သည်။သူ့၏ မျက်ဝန်းများက ဆေဘာဓားကဲ့သို့ပင် ထက်မြေ့နေသည်။သူ့၏ ပတ်ဝန်းကျင်တွင်လည်း ဆေဘာဓားစွမ်းအင်များ ဖုံးလွှမ်းနေ၏။


ထိုစွမ်းအင်များက ကမ္ဘာမြေပြင်ကိုပင် အစိတ်စိတ်အမွှာမွှာကွဲကြေသွားအောင် ပိုင်းဖြတ်တော့မည်ဟု ထင်ရသည်။တိမ်ခိုးစားသောက်ဆိုင်ထဲတွင် နယ်သာရီက ထမင်းကြော်ပန်းကန်ကို ကိုင်၍ လက်ဖြင့် စားသောက်နေသည်။သူမက ဆိုင်တံခါးတွင်ရပ်ရင်း စိတ်ဝင်စားဖွယ်ကောင်းလှသော ပြပွဲကိုကြည့်ရှုနေလေသည်။


ကလေးမလေးရှောင်ယကလည်း နယ်သာရီ၏ နည်းလမ်းကို အတုယူလိုက်လေသည်။သူမက ထမင်းကြော်များကို လက်ဖြင့် ဆုပ်ယူလိုက်ပြီးနောက် အရှေ့မှ မြင်ကွင်းကို မျက်လုံးပြုးပြူးလေးများဖြင့် ကြည့်နေလေသည်။


ခွေးဘုရင်ကမူ ထိုကိစ္စများကို လုံးဝ ဂရုမစိုက်ပေ။သူ့၏ အရသာရှိလှသောနံရိုးချိုချဥ်ကြော်ကိုသာ အငမ်းမရ စားသောက်နေသည်။ခွေးဘုရင် နံရိုးချိုချဥ်ကြော်စားနေသည့်အချိန်တွင် မည်သည့်ကိစ္စမှ လာ၍ အနှောက်အယှက်ပေးလို့မရပေ။ကောင်းကင်ကြီး ပြိုကျလာမည်ဆိုလျှင်တောင်မှ သူဂရုစိုက်လိုက်မည်မဟုတ်ပေ။


ရွှေဓားမြှောင်ကို တည်ငြိမ်စွာပင်ကြည့်နေသည်။သူ့တွင် စနစ်ရှိနေသောကြောင့် ဖိအားများက သူ့အပေါ် အနည်းငယ်မျှပင် မသက်ရောက်ပေ။ပုဖန်က တစ်ကိုယ်လုံးတုန်ယင်နေသော အန်းရှန့်ဘက်သို့ အသာငဲ့စောင်းကြည့်လိုက်သည်။


"ဆိုင်ထဲကို အရင်ဝင်သွားလိုက် ဒဏ်ရာတွေကို ယန်မိန်ကျီကို အရင်ကြည့်ခိုင်း..."


အန်းရှန့်၏ ခန္ဓာကိုယ်က တောင့်ခဲသွားသည်။သို့သော်လည်း ပုဖန်၏ အကြည့်များက သူမကို ငြင်းဆိုခွင့်မပြုဟုပြောနေလေသည်။အန်းရှန့်က တုန်တုန်ရီရီဖြင့်ပင် ဆိုင်ထဲသို့ ဦးတည်လိုက်သည်။သူမ ဆိုင်ထဲ ခြေချလိုက်သည်နှင့် ရွှေဓားမြှောင်၏ ဖိအားများက အားနည်းပျော့ပျောင်းသွားသည်။


ထိုအဖြစ်အပျက်က အန်းရှန့်၏ နှလုံးသားကို အေးခဲသွားစေပြီး ထိတ်လန့်မှုကို ခံစားလိုက်ရသည်။သူမ တံခါးကို မှီကာ အစားစားနေသော နယ်သာရီနှင့် ရှောင်ယကိုကြည့်၍ နှုတ်ခမ်းများရှုံ့မဲ့သွားလေသည်။


ထိုအခိုက်အတန့်၌ သူမသည် အလွန်ပင်ထူးကဲလှသော နေရာ၏ အလုပ်သင်ဖြစ်နေကြောင်းကို သတိပြုမိလိုက်လေသည်။ပုဖန်က အန်းရှန့် ဆိုင်ထဲ ဝင်သွားသည်ကို ကြည့်နေပြီးမှ ခေါင်းပြန်လှည့်လိုက်သည်။သူ့၏ အကြည့်များက တစ်ကိုယ်လုံး သွေးလွှမ်းနေပြီး နောက်ဆုံးထွက်သက်ကို ရှုထုတ်တော့မလိုဖြစ်နေသော လော့တန်ချင်းဆီသို့ ကျရောက်သွားသည် ။


မနေ့ကတင် သူ့ကို ပြေးရန် အကြံဉာဏ်လာပေးသည့်သူဖြစ်ကြောင်း တွေးကြည့်ရန်ပင် ခက်လှသည်။လော့တန်ချင်းကထိုကဲ့သို့ စိတ်မကောင်းစရာအခြေအနေမျိုးဖြင့် အဆုံးသတ်လာလိမ့်မည်ဟု မည်သူမှ ထင်ထားမိမည်မဟုတ်ပေ။


ထိုကိစ္စရပ်များအားလုံးက သူရှေ့မှ ရွှေရောင်ချပ်ဝတ်တန်ဆာနှင့်သူ လုပ်လိုက်ကြောင်း မေးစရာပင်မလိုပေ။


"မင်းလိုစားဖိုမှူးလေးက သူတော်စင်သားတော် ကျဆုံးသွားတဲ့ ကိစ္စမှာ ပါဝင်ပတ်သတ်နေတယ် ပြီးတော့ ငရဲကမ္ဘာသက်ရှိတွေကိုလည်း လက်ခံထားသေးတယ် ..ဒီတော့ မင်းက ခွင့်လွှတ်လို့မရတဲ့ အပြစ်သားပဲ မင်းကို သတ်ရမယ်..."


ရွှေဓားမြှောင်က တည်ငြိမ်စွာပြောလိုက်ပြီးသည်နှင့် သူ့၏ သတ်ဖြတ်ခြင်းစွမ်းအင်များက ကောင်းကင်ယံထိတိုင်အောင်ပင် ရိုက်ခတ်သွားသည်။ရွှေဓားမြှောင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။မြေပြင်က ကျုံ့သွားသလိုမျိုးပင် ပုဖန်၏ ရှေ့သို့ ရောက်သွားလေသည်။


ကြောက်မက်ဖွယ်ရာ ဖ်ိအားများက ပြင်းထန်သည့် လေတိုက်ခိုက်မှုကို ဖြစ်ပွားစေသောကြောင့် ပုဖန်၏ ဆံပင်များလွင့်ခါနေသည်။ရွှေဓားမြှောင်က လက်ဖဝါးမြောက်လိုက်ပြီး ပုဖန်ကို တစ်ချက်တည်းနှင့် ရိုက်သတ်ရန် ရည်ရွယ်လိုက်သည်။သူက ဟန်များနေသော ထိုစားဖိုမှူးကို ဆက်၍ မကြည့်နိုင်တော့ပေ။


သူ့၏ ကျင့်ကြံဆင့်က စိတ်ဝိညာဥ်လှေကား ၇ဆင့် ဖြစ်လေရာ ပုရွတ်ဆိတ်ကဲ့သို့ အားနည်းလှသော မသေမျိုးခန္ဓာအဆင့် တစ်ယောက်ကို သတ်ရန်က လွယ်ကူလွန်းလှသည်။ထိုအခိုက်အတန့်၌ လေဟာနယ်ပင် ဆုပ်ခြေခံလိုက်ရသလိုမျိုး အက်ကွဲသံများထွက်ပေါ်လာသည်။

ပြင်းထန်လှသော လက်ဝါးချက်ကျရောက်လာသည်။


"ဒင်..."


ကျယ်လောင်လှသော တုန်ခါသံထွက်ပေါ်လာ၏ အားလုံး၏ မျက်ဝန်းများ စုကျုံ့သွားပြီး အသက်ရှုများပင် ရပ်သွားကြသည်။ရွှေဓားမြှောင်ပင်လျှင် အံ့အားသင့်သွားသည်။သူ့၏ လက်ဖဝါးက စားဖိုမှူးလေးကို အသားပြားဖြစ်အောင် ရိုက်မချလိုက်နိုင်မှန်း သတ်ိပြုမိသွားသည်။လက်ဖဝါးကြီးက ဒယ်အိုးနက်၏ ဟန့်တားခြင်းကို ခံထားရသည်။


သူ့၏ လက်ဖဝါးချက်တွင် စွမ်းအားအပြည့်ထည့်၍ ရိုက်ချလိုက်သော်လည်း မဟူရာလိပ်ခုံးဒယ်အိုးပေါ်၌ အက်ရာလေးမျှပင် မထင်ခဲ့ပေ။ထိုလိပ်ခုံးဒယ်အိုးမှ အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှသော သားရဲတစ်ကောင်ဟိန်းဟောက်လိုက်သလိုမျိုးခံစားလိုက်ရသောကြောင့် ရွှေဓားမြှောင်ပင်လျှင် ကြောက်ရွံ့မှုကြောင့် အနောက်သို့ ဆုတ်သွားသည်။ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ အစစ်အမှန်စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် ဒယ်အိုးက ပြင်းထန်စွာ လှုပ်ခါလာသည်။ထို့နောက် ဒယ်အိုးက ရွှေဓားမြှောင်၏ ခေါင်းဆီသ်ို့ ဦးတည်၍ လွှဲယမ်းလာလေသည်။ပုဖန်က သူ့၏ ဒယ်အိုးကိုသုံး၍ ခေါင်းကို ထုရသည်ကို ကြိုက်နှစ်သက်ပေသည်။


တခြားတစ်ယောက်၏ ခေါင်းကို ဒယ်အိုးဖြင့် စိတ်ရှိလက်ရှိရိုက်လိုက်ရသည်က အလွန်ပင် စိတ်ကျေနပ်စရာကောင်းလှသည်။ထောင်တျဲ၏ လက်ပတ်မှလည်း ကြောက်မက်ဖွယ်ရာအော်ရာများ ပြန့်လွင့်နေသည်။ထို့ကြောင့်ဒယ်အိုးကို လွှဲယမ်းသည့်အခါ၌ ထ်ိုအော်ရာများက စုစည်းသိပ်သည်းလာသည်။


ရွှေဓားမြှောင်က အန္တရာယ်လှ်ိုင်းကို ခံစားလိုက်မိပုံပေါ်သည်။သူက လက်နှစ်ဖက်ကို ယှက်၍ ရင်ဘတ်တွင် ကာလိုက်သည်။သို့သော် ဒယ်အိုးနှင့် ရိုက်ခံလိုက်ရသည့်အခါ၌ ကြောက်မက်ဖွယ်ရာစွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို ခံစားမိလိုက်သည်။


ပေါက်ကွဲသံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး ရွှေဓားမြှောင် ခြေလှမ်းအနည်းငယ်အနောက်သို့ ဆုတ်လိုက်ရသည်။ခြေလှမ်းတိုင်းကလည်း မြေပြင်ပေါ်ရှိ ကျောက်ခဲများကို ကြေမွသွားစေသည်။လူအားလုံးက ရွှေဓားမြှောင် နောက်သို့ ဆုတ်လိုက်သည်ကို မြင်လိုက်ရစဥ်ခဏ၌ ကြောင်အမှင်သက်နေမိကြလေသည်။


"မသေမျိုးခန္ဓာ အဆင့်လေးက မသေမျိုးဝိညာဥ်အဆင့်ကို နောက်ဆုတ်သွားအောင် လုပ်နိုင်တယ်လား...သောက်ကျိုးနဲ ပိုင်ရှင်ပုက ဘယ်လိုမကောင်းဆိုးဝါးမျ်ိုးလဲ ..."


ပုဖန်ဘက်တွင် သူ့၏လက်မောင်းက အနည်းငယ် ထုံကျင်သွားသလိုမျိုး ခံစားမိလိုက်သည်။ရွှေဓားမြှောင်၏ လက်ဝါးချက်က တကယ့်ကို သာမန်မဟုတ်ပေ။


"ဒီလ််ိုဖြစ်မယ်မှန်းသာငါသိရင် ခွေးငပျင်းရဲ့ အမွှေးတွေကို နှုတ်လာခဲ့ပါတယ် ..."


ပုဖန် သက်ပြင်းချလိုက်သည်။မည်သို့ပင်ဆိုစေ သူနှင့် မသေမျိုး ဝိညာဥ်အဆင့်ကြားထဲတွင် ကွာခြားချက်က ကြီးမားလှပေသည်။ထိုခွေးငပျင်းကိုယ်တိုင် လာရောက်ရင်ဆိုင်မည်ဆိုလျှင် တကယ့်ကို ကောင်းပေလိမ့်မည်။သို့သော်လည်း ခွေးငပျင်းဆီက အကူအညီရဖို့က တကယ်ကို မလွယ်ကူပေ။


သူသေခြင်းတရားနှင့် နီးကပ်လာသည့် အခါမျိုး သို့မဟုတ် နံရိုးချိုချဥ်ကြော်များ အန္တရာယ်ကျရောက်နေသည့်အခါမျုးမှသာလျှင် ထိုခွေးငပျင်း၏ လက်ဇဝါးက လှုပ်ရှားလာပေလိမ့်မည်။


ပုံမှန်အတိုင်းဆ်ိုလျှင် ပုဖန်က ပါဝင်လှုပ်ရှားလိမ့်မည်မဟုတ်ပေ။ဝှ်ိုက်တီသာရှိနေမည်ဆိုလျှင် ကိစ္စရပ်များကို ကိုင်တွယ်ရသည်က ပို၍ လွယ်ကူပေလိမ့်မည်။


ပုဖန် သက်ပြင်းတစ်ချက်သာချလိုက်မိသည်။တိုက်ခိုက်ရခြင်းက အလွန်ပင်ပန်းလာပေသည်။ဒယ်အိုးရိုက်ချက်ကြောင့် နောက်လွင့်သွားသောကြောင့် ရွှေဓားမြှောင် ဒေါသများပေါက်ကွဲသွားရသည်။


ကြောက်မက်ဖွယ်ကောင်းလှသော ဆေဘာဓားစွမ်းအင်စီးကြောင်းများကို ပုဖန်ဆီသို့ ပစ်လွှတ်လိုက်သည်။ထိုစွမ်းအင်များက ပုဖန်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်တော့မည့်ပုံပေါ်လေသည်။