အပိုင်း ၇၀၅
Viewers 53k

အခန်း ၇၀၅

ဒီခွေးမွှေးက လေတိုက်ပြီးရောက်လာတာမဟုတ်ဘူး...


လေပြင်းတစ်ချက်က အနက်ရောင်လက်ပတ်ကို တဖျတ်ဖျတ် လွင့်ခါသွားစေသည်။ဧရိယာတစ်ခွင် အနက်ရောင်မြူများ လွှမ်းခြုံသွား၏။နှလုံးခုန်သံ ခပ်ဖျော့ဖျော့ကိုပင် ကြားနေရ၏။၎င်းက ပုဖန်တစ်ယောက်တည်းသာ ကြားနိုင်ပုံပေါ်လေသည်။


ပုဖန်ထိတ်လန့်အံ့အားသင့်သွားပြီး သူ့၏ အနက်ရောင်လက်ပတ်ကိုကြည့်လိုက်မိသည်။၎င်းက အနက်ရောင်ထောင်တျဲ၏ အကြွင်းအကျန်ဖြစ်သည်။


"ထောင်တျဲသားရဲကအသက်ရှင်နေသေးတာလား ဘာလို့ နှလုံးခုန်သံက်ို ကြားနေရတာလဲ..."


ရွှေဓားမြှောင်ဆီမှလည်း ခြောက်ခြားဖွယ်ရာ စွမ်းအားများ ထွက်ပေါ်လာသည်။သူ့၏ ပတ်ဝန်းကျင်တွင် ထက်မြက်လှသော ဆေဘာဓားစွမ်းအင်များက အသံစုံမြည်ဟီး၍လည်ပတ်နေလေသည်။ရွှေရောင်ဆေဘာဓားစွမ်းအင်များက သူ့၏ ရွှေရောင်ချပ်ဝတ်တန်ဆာအေပါ်တွင် ရစ်ပတ်နေပုံမှာသူ့၏ အသွင်အပြင်ကိုပို၍ အံ့အသင့်စရာကောင်းစေသည်။ရွှေဓားမြှောင်၏ မျက်ဝန်းများကလည်း ဒေါသတရားဖြင့် တလှပ်လှပ်တောက်ပနေသည်။


သန့်စင်နယ်မြေမှ စိတ်ဝိညာဥ်လှေကား ၇ဆင့် ကျင့်ကြံသူတစ်ယောက်အနနေဖြင့် နာမည်မရှိသော စားဖိုမှူးလေးတစ်ယောက်၏ ဒယ်အိုးဖြင့် အဆော်ခံလိုက်ရခြင်းမှာ မဟာအရှက်တော်ကွဲမှုမျိုးပင်ဖြစ်သည်။


သူထိုယင်ကောင်လိုကောင်ကို တစ်ချက်တည်းဖြင့် ချက်ချင်းလက်ငင်းအသားပြားဖြစ်သွားအောင် ထုချေပစ်လိုက်ချင်သည်။သူ့လို မာနကြီးပြီး ယုံကြည်ချက်ပြင်းထန်သူအတွက် အရှက်ရမှုမျိုးက ခွင့်လွှတ်နိုင်စရာမရှိပေ။


သူ့၏ ခေါင်းအထက်တွင်ရှိနေသော စိတ်ဝိညာဥ်လှေကားမှာ အလင်းတန်းများကို ထုတ်လွင့်လာသည်။လေထုက ထိုပြင်းထန်လှသော ဖိအားများကို ခံနိုင်ရည်မရှိတော့ပုံဖြင့် တုန်ခါသံများထွက်ပေါ်လာသည်။ရွှေဓားမြှောင်၏ ခေါင်းထက်တွင် တောက်ပလင်းလက်နေသော ကြယ်တစ်ပွင့်ပုံရိပ်ယောင်ရှိနေသည်။၎င်းက ကောင်းကင်မှနေ၍ ထုတ်လွင့်လိုက်သော ကြောက်မက်ဖွယ်ရာ စွမ်းအင်များက ရွှေဓားမြှောင်၏ ပတ်ဝန်းကျင်သို့ ဖြာကျနေသည်။


"မင်းရဲ့ သေမင်းကို သွားတွေ့လိုက်တော့..."


ရွှေဓားမြှောင်က သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။သူ့၏ အနီရောင် မျက်ဝန်းများကလည်း ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်များတောက်ပသွားသည်။


နှိုင်းဆ၍ပင်မရန်ိုင်သော ဆေဘာဓားစွမ်းအင်များက မိုးကြိုးပစ်ချလိုက်သကဲ့သို့ လေထုကို ထိုးခွင်းသွားပြီး ပုဖန်ကို အပိုင်းပိုင်းဖြတ်တောက်ရန် တိုးဝင်လာလေသည်။


ထိုအရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလှသလို ဖိနှိပ်နိုင်စွမ်းလည်းအားကြီးလှသည်။ဆေဘာဓားစွမ်းအင်များနှင့်အတူ ထိတ်လန့်ဖွယ်ရာ စွမ်းအင်လှိုင်းများကလည်း ပုဖန်ဆီသို့ ရိုက်ခတ်လာသည်။


ထိုအင်အားစုကြောင့် အားလုံး၏ မျက်နာက ဖြူဖျော့သွားသည်။ပြင်းထန်လှသော အားက စားသောက်ဆိုင်တစ်ခုလုံးကို ချေမွပစ်ရန် လုံလောက်နေပေပြီ။


"ပိုင်ရှင်ပု ဒီတိုက်ခိုက်မှုကို ကျော်လွှားနိုင်ပါ့မလား..."


နန်ကုန်းဝူချယ်၏ မျက်ဝန်းများက မှေးကျင်းသွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။


"ဘော်ဒါပုရေ မင်းတောင့်ခံနိုင်ရမယ်နော်..."


ပြင်းထန်ရက်စက်လှသော ဆေဘာဓားစွမ်းအင်များနှင့် ရင်ဆိုင်လိုက်ရသည့်အခါ၌ ပုဖန်၏ မျက်နာက တင်းမာခတ်ထန်သွားသည်။၎င်း၏ စွမ်းအင်များက အရှိန်မြင့်မားစွာဖြင့် ပတ်ဝန်းကျင်ရှိအရာရာကို ပိုင်းဖြတ်နေသည်။


ပုဖန်က တစ်စုံတစ်ရာကို တွေ့လိုက်မိရုံဖြင့် အမူအရာပြောင်းလဲသွားသည်။ထို့နောက် သူ့လက်ထဲမှ မဟူရာလိပ်ခုံးဒယ်အိုးက်ို ဒေါင်ခနဲမြည်အောင် မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။


ပုဖန်၏ အပြုအမူကြောင့် ကြည့်နေသူအားလုံး အံ့အားသင့်စိတ်ရှုပ်ထွေးသွားကြသည်။


"ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို မသုံးဘူးလား...မဟူရာလိပ်ခုံးဒယ်အိုးက ရွှေဓားမြှောင်ကို ရိုက်ချနိုင်လောက်အောင်တောင် အစွမ်းထက်တယ်မဟုတ်ဘူးလား..."


သို့သော်လည်း ပုဖန်က စိတ်လွတ်သွားပုံရလေသည်။သူက ရွှေဓားမြှောင်၏ ပြင်းထန်ရက်စက်လှသော စွမ်းအင်များနှင့် ရင်ဆိုင်ရချိန်တွင် မဟူရာလိပ်ခုံးဒယ်အိုးကို စွန့်လွှတ်လိုက်လေသည်။


သူက သူ့ကိုယ်တိုင်အတွက် သေတွင်းတူးနေသကဲ့သို့ပင်။မဟူရာလိပ်ခုံးဒယ်အိုး မရှိပဲ ရွှေဓားမြှောင်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း။


ပုဖန် လက်ကို မြှောက်လိုက်သည်။အနက်ရောင်လက်ပတ်မှ ကျယ်လောင်လှသော အသံများထွက်ပေါ်လာသည်။လူတိုင်း အံ့အားသင့်မှုမှ ပြန်လည်သတိဝင်လာပြီး ပုဖန်၏ လက်ကို ကြည့်လိုက်ကြသည်။


အနက်ရောင်လက်ပတ်မှ ပြင်းထန်လှသော ဟိန်းဟောက်သံများကို ကြားနေရသည်။အနက်ရောင်စွမ်းအင်များကလည်း လေထုထဲသို့ တဖြေးဖြေးချင်းစိမ့်ဝင်လာလေ၏။


ထိုအနက်ရောင်လက်ပတ်အစက ပုဖန်၏ လက်မောင်းပတ်လည်တွင်မျောလွင့်နေသလို ထင်ရသည်။ပုဖန်၏ လက်မောင်းတစ်ခုလုံးကလည်း မဲနက်နေပေပြီ။အနက်ရောင်လက်ပတ်မှ အနက်ရောင်စွမ်းအင်များကို ထုတ်လွင့်လာပြီး ပုဖန်၏ ရှေ့မှောက်တွင် ပါးစပ်ဖြဲထားသော ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ခုအဖြစ် ပုံစံပြောင်းသွားသည်။၎င်းက အနက်ရောင်ထောင်တျဲပင်ဖြစ်၏။


ရှည်လျားလှသော ဟိန်းဟောက်သံနှင့်အတူ သားရဲကြိီးက သူ့၏ ပါးစပ်ကို ဖွင့်ဟကာ အဆက်မပြတ် လည်ပတ်နေသောတွင်းနက်ကြီးကို ထုတ်ဖော်လာလေသည်။သူ့၏ ပါးစပ်က သံလိုက်တစ်ခုကဲ့သို့ပင် ပုဖန်ဆီသို့ ပိုင်းဖြတ်ဝင်လာသော ဆေဘာဓားစွမ်းအင်များအားလုံးက်ို စုပ်ယူပစ်လိုက်သည်။


ဆိုင်တစ်ခုလုံးကိုပင် ဖြိုခွဲဖျက်စီးပစ်နိုင်သော ဓားစွမ်းအင်များက တမဟုတ်ချင်းပျောက်ကွယ်သွားလေသည်။ဆူညံသံများပျောက်ကွယ်သွားပြီး အရာရာအားလုံးက နဂိုအေးချမ်းတိတ်ဆိတ်နေသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။


စွမ်းအင်များကို စုပ်ယူပြီးနောက် အနက်ရောင်ထောင်တျဲက တဖြေးဖြေးပြန်လည်ကျုံ့ဝင်သွားကာ ပုဖန်၏ လက်မောင်းပေါ်၌ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွားသည်။


လတ်တလော ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အားလုံးက ပုံရိပ်ယောင်တစ်ခုလိုပင် ပျောက်ကွယ်သွားသောကြောင့် ပုဖန်ကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။အနက်ရောင်ထောင်တျဲက သူ၏စွမ်းအားများကို ပြသရန် အချိန်အတိုလေးသာ ထွက်ပေါ်လာပြီး ချက်ချင်းပြန်လည် ပျောက်ကွယ်သွားသည်။


"အဲ့ဒါ ထောင်တျဲ ဝိညာဥ်မဟုတ်လား...တကယ်ကို မင်းပဲ...ငါက မှန်ကန်တဲ့ အပြုအမူက်ို လုပ်ခဲ့တာပဲ..."


သူ့၏ ဓားစွမ်းအင်များ စုပ်ယူခံလိုက်ရသောကြောင့် ရွှေဓားမြှောင် အံ့အားသင့်သွားသော်လည်း စိုးရိမ်ပူပန်ခြင်းမရှိပေ။အစပိုင်းတွင် ကြောင်အသွားပြီးနောက် စိတ်လှုပ်ရှားလာလေသည်။


ထောင်တျဲ ဝိညာဥ်နှင့် အစားကြူးတောင်ကြား၏ အမွေအနှစ်ထိုအရာနှစ်ခုက သန့်စင်နယ်မြေအနေဖြင့် တောင်ကြားထဲတွင် ကြိုးကြိုးစားစား ရှာဖွေခဲ့သောအရာများဖြစ်သည်။ထိုနှစ်ခုထဲမှ တစ်ခု သူ့၏ မြင်ကွင်းတွင်ရောက်လာသည်က တကယ်ပင် စိတ်ကျေနပ်စရာကောင်းလှသည်။


သူသာ ထောင်တျဲဝ်ိညာဥ်ကို ပိုင်ဆိုင်ထားလျှင် သန့်စင်နယ်မြေမှ စွမ်းအားမြင့်မားသည့် လူများကို စုစည်းပြီး နတ်ဘုရားစစ်တပ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။


ထောင်တျဲ ဝိညာဥ်နှင့် စည်းခတ်ထားသော နတ်ဘုရားစစ်တပ်၏ စွမ်းပကား တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းနေပေလိမ့်မည်။


ဝုန်း...


သူမြေပြင်ကို ခြေတစ်ချက်စောင့်နင်းလိုက်သည်နှင့် မြေပြင်က ကွဲအက်သွားသည်။ရွှေဓားမြှောင်က ပုဖန်ကို ဖမ်းဆီးရန်အတွက် သူ့အရှေ့တွင် ချက်ချင်းပေါ်လာသည်။


ရွှေဓားမြှောင်က အစောပိုင်းတွင် ပုဖန်ကို သတ်ဖြတ်လိုက်ရန် ရည်ရွယ်ထားသော်လည်း ယခုတွင် ထောင်တျဲဝိညာဥ်ကို ဆုပ်ကိုင်ထားနိုင်ရန်အတွက် သူ့ကို ဖမ်းဆီးရပေမည်။


ပုဖန်က အနက်ရောင်လက်ပတ်ရှိနေသော လက်ဖြင့် မဟူရာလိပ်ခုံးဒယ်အ်ိုးကို ကောက်ယူ လိုက်သည်။စွမ်းအင်များပေါက်ကွဲထွက်လာပြီး အနက်ရောင်ဒယ်အိုးက ကမ္ဘာမြေပြင်ကိုပင် ရိုက်ခွဲတော့မည့်အရှိန်နှုန်းဖြင့် လွှဲယမ်းသွားလေသည်။


ဘန်း...


ရွှေဓားမြှောင်၏ လက်သီးချက်နှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့ ထိပ်တိုက်တွေ့ဆုံသွားလေသည်။ပုဖန်ပင်လျှင် ပြင်းထန်လှသော စွမ်းအင်များကြောင့် အနည်းငယ်တုန်ယင်သွားသည်။


"အားနည်းလွန်းတဲ့ မသေမျိုးခန္ဓာအဆင့်လေးက ငါ့ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုများတုံ့ပြန်နိုင်လဲလို့ ငါသိချင်နေခဲ့တာ...လတ်စသတ်တော့ ထောင်တျဲဝ်ိညာဥ်ကြောင့်ကို...သူ့ရဲ့ အကူအညီနဲ့ဆိုရင် မင်းက်ို လွှမ်းမိုးနိုင်စွမ်းမရှိတော့ဘူးလို့ ထင်ယောင်ထင်မှားဖြစ်မနေနဲ့ ..."


ရွှေဓားမြှောင်က အေးစက်စွာပြောလိုက်သည်။သူက စိတ်ဝ်ိညာဥ်လှေကား ၇ဆင့်ရှိသော အသန်မာဆုံးလူတစ်ယောက်ဖြစ်သည်။သူ့၏ စွမ်းအင်များအထွဋ်အထိပ်အဆင့်သို့ ရောက်ရှိရန်အတွက် ခြေတစ်လှမ်းမျှသာလ်ိုတော့သည်။သူ့၏ တိုက်ခိုက်နိုင်စွမ်းအားက ယင်ကောင်ကဲ့သို့ အားနည်းလွန်းလှသောသူနှင့် ယှဥ်ပြိုင်နိုင်သည့်အရာမဟုတ်ပေ။


ထို့အပြင် သန့်စင်နယ်မြေ၏ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်အနေဖြင့် ထင်မှတ်မထားလောက်အောင်ပင် ပြင်းထန်ရက်စက်သော တ်ိုက်ပွဲကြီးများစွာကိုလည်း တွေ့ဖူးခဲ့ဖူးသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးနှင့် ထောင်တျဲဝိညာဥ်စွမ်းအားတ်ိုကိုပေါင်းစပ်ပြီး သူ့၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်းရှိသည်။သို့သော်လည်း ရွှေဓားမြှောင်က စိုးရိမ်ပူပန်ခြင်းမရှိပဲ တည်ငြိမ်နေတုန်းပင်ဖြစ်သည်။သူ့၏ အထင်အမြင်သာမှန်လျှင် ပုဖန်က သူတို့၏ စွမ်းရည်များကို ထုတ်ဖော်သည့်အခါ၌ ကန့်သတ်ထားခြင်းခံရပေလိမ့်မည်။


ရွှေဓားမြှောင်၏ အရှိန်က လျှပ်စီးလက်လိုက်သကဲ့သို့ လျင်မြန်လှသည်။သူ့၏ ရွှေရောင်ချပ်ဝတ်တန်ဆာကလည်း မျက်စိကျိန်းလောက်ဖွယ်အလင်းတန်းများကို ထုတ်လွင့်နေသည်။သူလက်သီးတစ်ချက်ထုတ်ဖော်လိုက်သည်။ရွှေဓားမြှောင်၏ ကြောက်မက်ဖွယ်ရာကောင်းလှသော လက်သီးချက်ကြောင့် လေဟာနယ်ပင် ပုံပျက်သွားပုံပေါ်လေသည်။


ပုဖန်၏ နှလုံးသားက နစ်မြှုပ်သွားပြီး သူ့အမူအရာက လေးနက်တည်ငြိမ်သွားသည်။သူ ရွှေဓားမြှောင်၏ ရည်ရွယ်ချက်ကို မြင်နိုင်ပေသည်။ထိုသူက ပုဖန်၏ အားနည်းချက်များကို ရည်ရွယ်၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေခြင်းဖြစ်သည်။ပုဖန် သက်ပြင်းတစ်ချက်ချလိုက်သည်။


"တိုက်ခိုက်ရတာက တကယ့်ကို စိတ်ပျက်စရာကောင်းတယ်..."


စားသောက်ဆိုင်ထဲတွင် နယ်သာရီက ထမင်းပန်းကန်ကို လျက်နေသည်။သူမ၏ နှုတ်ခမ်းများကလည်း ဆီဝေ့ပြီး ဆွဲဆောင်မှုရှိနေလေသည်။သူမက ပုဖန်သည် တိုက်ခိုက်မှုကို ဆက်လက်ထိန်းထားနိုင်ရန် ခက်ခဲနေသည့်ပုံစံအား မြင်လိုက်ပြီးနောက် ဂရုမထားဟန်ဖြင့် ဆိုင်ထဲသို့ ပြန်လည်လျှောက်ဝင်သွားသည်။


သူမ ပန်းကန်ကို စားပွဲပေါ်တင်လိုက်သည့်အခါ၌ ဘလက်ကီက နံရိုးချိုချဥ်ကြော်စားနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။သူမ၏ လက်က အလင်းအရှိန်နှုန်းဖြင့် လှုပ်ရှားလိုက်သည်။ဘလက်ကီက နံရိုးချိုချဥ်ကြော်၏ ချိုမြမှုနှင့် စွဲမက်ဖွယ်ရာ အရသာထဲတွင် စိတ်ကျေနပ်စွာဖြင့် နစ်မြှုပ်နေလေသည်။


သူက အရသာရှိလှသော ပုဖန်၏ နံရိုးချိုချဥ်ကြော်ကို စိတ်လိုလက်ရဖြင့် ချီးကျူးနေမိသည်။ရုတ်တရက်သူ့၏ ဦးရေပြားများပင် ထုံကျင်သွားသလို ခံစားလိုက်ရပြီး ဘလက်ကီ၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး သူ ခေါင်းလှည့်ကြည့်လိုက်ရာ နယ်သာရီက သူ့၏ အမွှေးဖွားဖွားများကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရ၏။


အခြေအနေက ကို့ယို့ကားယားနိုင်လှစွာ တိတ်ဆိတ်သွားလေသည်။နယ်သာရီက မျက်ဝန်းများပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ဘလက်ကီကို ကြည့်လိုက်သည်နယ်သာရီက စိတ်မသက်မသာ အမူအရာဖြင့် မျက်လွှာအသာချလိုက်သည်။


"ကောင်မလေး ငါ့ရဲ့ အမွှေးတွေနဲ့ နင်ဘာလုပ်ဖို့လဲ ..."


ဘလက်ကီက ညှင်သာလှသော အသံဖြင့် မေးလိုက်သည်။နယ်သာရီ၏ အမူအရာက မသက်မသာဖြစ်နေသည်ဆိုသော်လည်း သူမခဏမျှရပ်တန့်နေပြီးနောက် ပြင်းထန်လှသည့် အားဖြင့် အမွှေးများကို ဆက်ဆွဲနေလေသည်။


ဘလက်ကီ၏ ခေါင်းတစ်ခုလုံးပင် ပြုတ်ထွက်တော့မလိုမျိုးခံစားလိုက်ရသောကြောင့် သူအော်ဟစ်လိုက်သည်။


"ရပ်စမ်း ကောင်မလေး နင့်ကိုငါ ကုတ်ခြစ်ပြီးတော့ စူးရှတဲ့အထိကို စောင့်လိုက်ဦး..နင် ငါ့အမွှေးတွေကို ယူလို့ရပေမယ့် ပိုပြီး ညှင်သာလို့ရမလား.. တစ်ပင်ပြီးတစ်ပင် နှုတ်လေ...ငါ့ရဲ့ အမွှေးတွေကို အသက်မရှိတဲ့ လေလိုမျိုး မဆက်ဆံနဲ့ ..."


ဘလက်ကီ၏ အမူအရာ မဲမှောင်စွာဖြင့် ပြောလိုက်သည်။နယ်သာရီက သူမ၏ လက်ကို တဖြေးဖြေးချင်း လွှတ်လိုက်သည်။ဘလက်ကီ သူ့ကို စူးစူးရဲရဲကြည့်လိုက်၏။


"နင်အရူးပဲ ကံကောင်းထောက်မစွာနဲ့ ငါတ်ို့တစ်ယောက်နဲ့တစ်ယောက်သိလို့ပေါ့ မဟုတ်လို့ကတော့ နင်ကို ငါ ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်ပြီ..."


ဘလက်ကီ သူ့၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။အနည်းငယ်ကျွတ်ထွက်နေပြီဖြစ်သော အမွှေးတစ်ခုက လေထဲ လွင့်မျောသွားသည်။


"ဒီမှာ နင်လိုချင်တဲ့ အမွှေး...ဒါက ချွင်းချက်ပဲ နင့်မှာ နောက်ထပ်အခွင့်အရေးမရှိတော့ဘူး..."


ဘလက်ကီက စိတ်ကုန်လေဟန်ဖြင့် ပြောလိုက်သည်။သူ့၏ တောက်ပြောင်နူးညံ့လှသော အမွှေးများက လက်တည့်စမ်း စမ်းသပ်စရာမဟုတ်ပေ။


"တစ်ချောင်းတည်းလား ..."


နယ်သာရီက ဘလက်ကီ၏ အမွှေးကို ဖမ်းဆုပ်လ်ိုက်ပြီးနောက် စိတ်မကျေမနပ်ဟန်ဖြင့် ပြောလိုက်သည်။


"တစ်ချောင်းတည်းဟုတ်လား နင်ကဘယ်နှစ်ချောင်းများရနိုင်မယ်လ်ို့ ထင်နေလို့လဲ ငါ့ရဲ့အမွှေးတွေက လေတိုက်ပြီး ခွင့်လာတာမဟုတ်ဘူး..."


ဘလက်ကီက နယ်သာရီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ထိုအခိုက်အတန့်တွင် သူတို့ကြား၌ အကြမ်းဖတ်မှုများ ဖြစ်ပေါ်တော့မည့်ပုံပေါ်လေသည်။နယ်သာရီက သူမလက်ထဲမှ အမွှေးကို ဆုပ်က်ိုင်ထားလ်ိုက်ပြီး နှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်။ထို့နောက်စားသောက်ဆိုင်ထဲမှ အပြင်သို့ ဦးတည်လိုက်သည်။


"ကလေးစုတ်မလေးက တစ်လက်မလောက်ပေးရင် တစ်မိုင်လောက်လိုချင်နေတယ်...အမွှေးတစ်ချောင်းရတာတောင် မပျော်မရွှင်လုပ်ရဲသေးတယ်..."


နဟ်သာရီ တံခါးဝတွင်ရပ်၍ အဝေးသို့လှမ်းကြည့်လိုက်သည်။ပုဖန်က ပြင်းထန်လှသော တိုက်ခိုက်မှုများကိုခုခံရင်း အနောက်သို့ လျင်မြန်စွာဆုတ်နေရသည်။ရွှေဓားမြှောင်က တိုက်ခိုက်မှု၏ နောက်တွင်ရပ်ရင်း ရယ်မောနေလေသည်။


ပုဖန်၏ နီရောင်စားဖိုမှူးဝတ်စုံက တဖျတ်ဖျတ်လွင့်ခါနေသည်။သူ့၏ မဟူရာလိပ်ခုံးကလည်း အဆက်မပြတ် လွှဲယမ်းနေ၏။သို့သော်လည်း မထုံတက်ထေးဖြစ်နေသော အမူအရာက ရွှေဓားမြှောင်ကို အလွန်အမင်း ဒေါသထွက် စိတ်တ်ိုစေသည်။


သူက ပြိုင်ဘက်၏ စိတ်ပျက်အားငယ်မှု ကူရာမဲ့မှုတို့ကို တွေ့လိုသည်။သို့သော်လည်း ထိုကောင်လေး၏ တည်ငြိမ်လှသော အမူအရာက 


"သူက သေမှာကို မကြောက်ဘူးလား ..."


ရွှေဓားမြှောင်က ပုဖန်စိတ်ပျက်အားငယ်မှုတစ်စုံတစ်ရာ ပြလာရန် မျှော်လင့်နေမိသည်။ထိုအမူအရာကိုမှ မမြင်ရလျှင် သူကျေနပ်အားရမှုကို ခံစားလိုက်ရမည်မဟုတ်ပေ။


ဒီလ်ိုဖြစ်လာပြီဆ်ိုမှတော့...


ရွှေဓားမြှောင်၏ အနီရောင်မျက်ဝန်းများက ပို၍ တောက်ပလာသည်။သူ့၏ ရွှေရောင်ချပ်ဝတ်တန်ဆာကလည်း ပိုမို လင်းလက်လာ၏ သူနောက်ကျောမှ စိမ်းပုပ်ရောင်ဓားရှည်ကို ဆွဲထုတ်လိုက်သည်။


သူ့၏ အော်ရာအငွေ့အသက်အားလုံးက လုံးဝပြောင်းလဲသွားလေသည်။ဆေဘာဓား၏ အလင်းရောင်က နေရာအနှံ့က်ို ဖြန့်ကျက်သွားသည်။


"ကောင်လေး မင်းရဲ့ သေမင်းနဲ့ သွားတွေ့လ်ိုက်တော့ ..."


ရွှေဓားမြှောင်၏ မျက်ဝန်းများက မောက်မာမှုများ ထင်ဟပ်နေသည်။သူ့၏ ဆေဘာဓားကို ဆွဲထုတ်လိုက်သည့်ခဏ၌ ပြင်းထန်လှသော ဓားစွမ်းအင်များက အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာသည်။၎င်းက နတ်ဘုရားသတ်ဆေဘာဖြစ်သည်။အထူးသဖြင့် ငရဲကမ္ဘာသက်ရှိများကို နှိမ်နင်းရာတွင် အသုံးပြုသည့် နတ်ဘုရားသတ်လက်နက်များထဲတွင် အဆင့် ၃ ချိတ်သည့် လက်နက်ဖြစ်သည်။


၎င်း၏ စွမ်းရည်ကို အပြည့်အဝ အသုံးမချထားသော်လည်း အားနည်းလှသည့် ပုဖန်ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေနိုင်သည်။အစစ်အမှန်စွမ်းအင်များက နတ်ဘုရားသတ်ဆေဘာထဲသို့ စီးဝင်သွားသည်။လေထုက တုန်ခါလာပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲတော့မည့် ပုံသဏ္ဍာန်ဖြစ်နေလေသည်။


နောက်ခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေပြင်ကို ချိုးဖျက်အက်ကွဲနိုင်စေလောက်သော ရွှေရောင်ဆေဘာဓားအလင်းများ ပွင့်လန်းလာလေသည်။ထိုဓားအလင်းများက ပုဖန်ဆီသို့ တည့်တည့်ဝင်သွားသော်လည်း ပုဖန်က ထူးဆန်းသော အမူအရာဖြင့် ကြောင်အမှင်သက်စွာရပ်နေလေသည်။


"နတ်ဘုရားသတ်လက်နက်ရဲ့ အငွေ့အသက်များကို အာရုံခံမိပါတယ်...နတ်ဘုရားသတ် ဝှိုက်တီ ပြန်လာပါတော့မယ်...ရေတွက်နေပါပြီ ၃ ၂ ၁..."


စားသောက်ဆိုင်အပေါက်ဝတွင် နယ်သာရီက ဖြောင့်မတ်စွာ ရပ်နေသည်။သူမ၏ အနက်ရောင်ဝတ်ရုံက တဖျတ်ဖျတ်လွင့်ခါနေသည်။သူမလက်ထဲမှ ခွေးမွှေးလေးက အပြာရောင်မီးတောက်များတောက်လောင်လာ၏။