အပိုင်း ၇၀၆
Viewers 53k

အခန်း ၇၀၆

ဝှိုက်တီ, နတ်ဘုရားသတ်သူ...


"နတ်ဘုရားသတ်လက်နက်ရဲ့ အငွေ့အသက်ကို အာရုံခံနေပါတယ်...နတ်ဘုရားသတ်ဝှိုက်တီ ပြန်လာပါတော့မယ်..."


ရွှေဓားမြှောင်ဆီမှ ဆေဘာဓားအလင်းများ တောက်ပလာချိန်တွင် ပုဖန်၏ စိတ်ထဲ၌ စနစ်၏ ကြေငြာသံ ထွက်ပေါ်လာသည်။ပုဖန် အနည်းငယ် ကြောင်အသွားသည်။


"နတ်ဘုရားသတ် ဝှိုက်တီဆိုတာဘာလဲ...ဝှိုက်တီကို ပြောတာလား..."


ပုဖန် အစာအဆိပ်သင့်ပြီး ဒုက္ခရောက်သွားသည့် ဝှိုက်တီကို သိရသွားသည်။ပုဖန် အံ့အားသင့်နေစဥ်မှာပင် စနစ်၏ အသံ ရပ်တန့်သွားပြီး သူ့၏ ရှေ့၌ ပုံရိပ်တစ်ခု ပေါ်လာသည်။၎င်းက တစ်စုံတစ်ယောကို ရေးဆွဲလိုက်သလိုမျိုး မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိပဲ ကောင်းကင်ပေါ်မှနေ၍ ကျလာလေသည်။


ရွှေဓားမြှောင်က သူ့၏ ဆေဘာဓားကို လွှဲရိုက်လိုက်ချိန်၌ ကြောက်မက်ဖွယ်ကောင်းလှသော ဓားစွမ်းအင်များက ပေါက်ကွဲသွားပြီး ပုဖန်ဆီသို့ ဦးတည်ရောက်လာသည်။


နတ်ဘုရားသတ်လက်နက်၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းရုံသာမက ငရဲကမ္ဘာသက်ရှိများ၏ စွမ်းအားကိုလည်း ဖိနှိပ်နိုင်စွမ်းရှိသည်။ပုဖန်က သူ့ကိုအလွန်အမင်း ဒေါသထွက်လာအောင် နှိုးဆွခဲ့သောကြောင့်သာ ရွှေဓားမြှောင်က သူ့၏ နတ်ဘုရားသတ်ဆေဘာကို ထုတ်၍ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။


မဟူရာလိပ်ခုံးဒယ်အိုး၏ စွမ်းအား ထောင်တျဲဝိညာဥ်၏ စွမ်းအားတို့ပေါင်းစပ်ထားလျှင်ပင် ပုဖန်၏ စွမ်းရည်က ရွှေဓားမြှောင်ကို စိန်မခေါ်နိုင်သေးပေ။


သို့သော်လည်း ပုဖန်၏ တိုက်ခိုက်နိုင်စွမ်းကတော့ အားကောင်းလှသည်။ထိုကဲ့သို့ တန်ဖိုးရှိလှသော ပြိုင်ဘက်နှင့် တွေ့ကြုံရသည့်အခါ၌ ထိုပြိာင်ဘက်အားကောင်းမလာခင် ပြင်းပြင်းထန်ထန် ချေမှုန်းပစ်ရပေမည်။


ထိုအခိုက်အတန့်၌ လူအုပ်ကြီးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိကြသည်။ခြိမ်းခြောက်နိုင်စွမ်းသော စွမ်းအင်များက ပုဖန်ကို အသားပြားအဖြစ် ဘဝပြောင်းပစ်လိုက်မည်ဟု ထင်မိကြသည်။


ထိုအခိုက်အတန့်တွင် မြေပြင်က တုန်ခါသွားသည်။သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်ပြီး ကြည့်လိုက်မိသည့်အချိန်၌ ပုဖန်ရှေ့တွင် ရပ်နေသော ကြီးမားလှသည့် ပုံရိပ်ကို တွေ့လိုက်ရသည်။


ဖုန်မှုန့်များ အပျက်အစီးများကြားထဲတွင် ထိုပုံရိပ်ကြီးက အတားအဆီးတစ်ခုအဖြစ် ခိုင်ခိုင်မာမာရှိနေပေသည်။၎င်းက ကြေးဝါရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ကြီးမားလှသည့် ပုံရိပ်ကြီးတစ်ခုဖြစ်သည်။၎င်း၏ ချပ်ဝတ်တန်ဆာက ဘောလုံးကဲ့သ်ို့ လုံးဝန်းနေသော ဝမ်းဗိုက်ကို အပြည့်အဝ မကာထားနိုင်သောကြောင့် ရယ်ချင်စဖွယ်ကောင်းလှသည်။


လူအုပ်ကြီးက ထိုပုံရိပ်ဆီမှ ထွက်နေသော ကြောက်မက်ဖွယ်ရာ ဖိအားကို ခံစားမိလေသည်။ရွှေဓားမြှောင်၏ သွေးနီရောင်မျက်ဝန်းများက ပို၍ တောက်ပလှသည်။ဖုန်မှုန့်များ ကင်းစင်သွားသည့်အချိန်၌ သူ့၏ ရှေ့မှ ပုံရိပ်ကို ပို၍ ထင်ထင်ရှားရှားပေါ်လာသည်။


သူ့၏ သတ်ဖြတ်ဖို့ သေချာနေသော နတ်ဘုရားသတ်ဆေဘာဓားစွမ်းအင်များက မည်သည့်နေရာမှ ထွက်ပေါ်လာမည်မှန်း မသိသော ဝဝတုတ်တုတ် သံပုံကြီးတစ်ခု၏ တားဆီးခြင်းကိုခံထားရသည်။


တုန်ခါသံများထွက်ပေါ်နေသည့် ထိုသံပုံကြီး၏ နောက်တွင် ဟူရာလိပ်ခုံးဒယ်အိုးကို လွှဲယမ်းနေသော ပုဖန်က စိတ်မကျေမနပ်ဖြစ်သော အကြည့်များဖြင့် ကြည့်နေသည်။


"ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ..."


ရွှေဓားမြောင် စိတ်ရှုပ်ထွေးစွာဖြင့်ပြောလိုက်သည်။သူ့၏ နတ်ဘုရားသတ်ဆေဘာကို ပြန်ဆွဲယူရန် ကြိုးစားလိုက်သော်လည်း တစ်လက်မမျှပင် ရွှေ့မလာပေ။


သံပုံကြီး၏ ညွှတ်ကျနေသော ခေါင်းက တဖြေးဖြေးချင်း မော့လာသည်။သံရုပ်သေးရုပ်၏ တောက်ပနေသော မျက်ဝန်းများက ရွှေဓားမြှောင်ကိုတည့်တည့်စိုက်ကြည့်လာလေသည်။


ရွှေချပ်ဝတ်တန်ဆာအောက်တွင် ရှိနေသော ရွှေဓားမြှောင်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ရွှေဓားမြှောင် အပြည့်အဝ ပြန်လည်မတုံ့ပြန်နိုင်ခင်မှာပင် အနက်ရောင်ပုံရိပ်တစ်ခု သူ့ဆီသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။


သိပ်သည်းလှသော အနက်ရောင်စွမ်းအင်များ ပြည့်နေသော အရာက ဓားကို ဆွဲထုတ်နေသော ရွှေဓားမြှောင်၏ ခေါင်းကို ဘန်းခနဲ မြည်အောင်ရိုက်ချလိုက်သည်။


ထိုအနက်ရောင်စွမ်းအင်များထဲမှ ဖြူဖွေးပျော့ပျောင်းလှသော ခြေထောက်တစ်ဖက် ထွက်ပေါ်လာသည်။ရွှေဓားမြှောင်သူ့၏ ဓားကို မလွှဲယမ်းနိုင်ခင်မှာပင် ထိုခြေထောက်က သူ့၏။ ရင်ဘတ်ကို ဆောင့်ကန်လာလေသည်။


စက္ကန့်ပိုင်းအတွင်းမှာပင် စွမ်းအင်များက ပေါက်ကွဲထွက်ပေါ်လာသည်။ထိုအင်အားစုက ရွှေဓားမြှောင်ကို အနောက်သို့ လွင့်သွားစေပြီး သူ ခြေချမိသည့် မြေပြင်ပင်အက်ကွဲသွားသည်။


ရွှေသံချပ်ကာဝတ်အစောင့်များအပါအဝင် လူအများစုက တအံ့တသြဖြင့် ကြည့်နေမိကြသည်။သူတို့ ရွှေဓားမြှောင် ထိုကဲ့သို့ လွင့်ထွက်သွားသည့် မြင်ကွင်းမျိုးကို မမျှော်လင့်ထားမိပေ။ခဏအကြာတွင် အနက်ရောင်စွမ်းအင်များ လွင့်ပျယ်သွားပြီး အေးစက်သော်လည်း လှပလှသည့် နယ်သာရီ၏ ပုံရိပ်ပေါ်လာသည်။


ခွေးမွှေး၏ အကူအညီဖြင့် နယ်သာရီ၏ တ်ိုက်ခိုက်ရေးစွမ်းရည်က သိသိသာသာပင် ပြန်လည်ကောင်းမွန်လာသည်။ဝှိုက်တီ၏ ပတ်ဝန်းကျင်မှ အခိုးအငွေ့များပျောက်ကွယ်သွားပြီးနောက် သူ့၏ ပုံစံအပြည့်အစုံကို လူတိုင်း မြင်လိုက်ကြရသည်။


နတ်ဘုရားသတ်တစ်ဦး၏ ပုံစံက လုံးဝပြောင်းလဲသွားသည်။သူ့၏ လုံးဝန်းသော ခေါင်းပြောင်ပြောင်ပေါ်တွင် ဆူးတစ်ချောင်းထွက်ပေါ်လာသည်။နောက်ကျောဘက်မှ တောင်ပံများက ရေခဲရောင်တောက်ပြောင်နေသည်။တောင်ပံတစ်ခုဆီ၏ အလယ်တွင် ဆူးတစ်တန်းရှိနေပြီး လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းသော အော်ရာများကို ထုတ်လွင့်နေသည်။


အကယ်၍ အရင်က ဝှိုက်တီ၏ ပုံရိပ်သည် နူးညံ့လှသော ရုပ်သေးရုပ်တစ်ရုပ်ဟု ထင်ရမည်ဆ်ိုလျှင် ယခု ဝှိုက်တီက စူးရှထက်မြက်လှသည်။၎င်းက ဓားအိမ်ထဲမှ ထွက်ပေါ်လာသော ဓားတစ်ချောင်းကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ခံစားမှုမျိုးကို ပေးစွမ်းသည်။


ဝှိုက်တီနောက်တွင် ရပ်နေသော ပုဖန်က ဆူးများကို ကြည့်လိုက်သည်။ထိုဆူးများကို ခပ်ဖွဖွထိလိုက်ပြီးနောက် သူတို့ တီးတိုးရေရွတ်လိုက်၏။နတ်ဘုရားသတ်သူ ဝှိုက်တီက ပိုပြီး ရက်စက်ကြမ်းတမ်းလာပြီ...


နယ်သာရီက ဝှိုက်တီထွက်ပေါ်လာမည်ကို မမျှော်လင့်ထားမိပေ။သူမ၏ စွမ်းအင်များ ပေါက်ကွဲထွက်လာသည့်အချ်ိန်၌ မျက်ဝန်းများက ပြောင်းသွားမည်ဖြစ်ပြီး နားရွက်မှစတင်၍ မျက်နာတစ်ပြင်လုံး သွေးကြောစိမ်းများ ထုတ်လွင့်နေလေသည်။


အကယ်၍ ဝှိုက်တီပေါ်ထွက်လာမည်ဟုသာ သိခဲ့ပါက ခွေးဘုရင်ဆီမှ အမွှေးများ ချေးခဲ့မည်မဟုတ်ပေ။ယခုမူ ရရှိထားသော စွမ်းအင်များကို ကောင်းကောင်းအသုံးချရပေမည်။


တုန်ခါသံများထွက်ပေါ်လာသည်။နယ်သာရီ၏ ခန္ဓာကိုယ်က အံ့အားသင့်စရာ အရှိန်နှုန်းဖြင့် လေဟာနယ်ကို ဖြတ်သန်းသွားသည်။နောက်ခဏ၌ သူမ၏ ဆံနွယ်ရှည်များက လှံရှည်တစ်ချောင်းအဖြစ်သ်ို့ ပြောင်းလဲသွားသည်။


အသွင်ပြောင်းထားသောလှံရှည်က ရွှေဓားမြှောင်ဆီသို့ ဦးတည်ဝင်ရောက်သွားပြီး ပြင်းပြင်းထန်ထန်ထိုးဖောက်လိုက်သည်။နယ်သာရီက မဟာနယ်ပယ်အဆင့် တစ်ယောက်ဖြစ်၏။


ရွှေဓားမြှောင် မြေပြင်ပေါ်မှ ပြန်ထလာသည်။သူ့၏ ရွှေရောင်ချပ်ဝတ်တန်ဆာတွင် ပျက်ရှရာတစ်ခုရှိနေသည်။သူ့၏ မျက်ဝန်းများက နီရဲနေပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။


"ငရဲကမ္သာသက်ရှိ ငါက မင်းအတွက် လာခဲ့တာမဟုတ်ဘူး...မင်းက ထွက်ပေါ်လာဖို့ သတ္တိရှိတယ်လား..."


ထို့နောက် သူ့၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။သူလေထဲတွင် ပြန်ပေါ်လာပြီး ဆေဘာဓားကို ဆွဲထုတ်လိုက်ကာ နယ်သာရီဘက်သို့ လွှဲခုတ်ချလိုက်သည်။


နတ်ဘုရားသတ်ဆေဘာ၏ သွင်ပြင်က ငရဲကမ္ဘာသက်ရှိများပေါ်တွင် သက်ရောက်မှုရှိစေရန် အထူးပြုလုပ်ထားသောကြောင့် ထိခိုက်ပျက်စီးမှု ပိုပြင်းထန်လေသည်။


ငရဲကမ္ဘာသက်ရှိင မဟာနယ်ပယ်အဆင့်ဖြစ်သောကြောင့် တိုက်ခိုက်ရေးစွမ်းရည်က ကောင်းမွန်သည်ဆိုသော်လည်း ရွှေဓားမြှောင်၏ အမြင်အရ သူက နတ်ဘုရားသတ်ဓားပေါ်တွင် အပြည့်အဝ ထိန်းချုပ်နိုင်သောကြောင့် အားလုံးကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက်ရှိလေသည်။


နောက်ဆုံး၌ ရွှေသံချပ်ကာဝတ်အယောက် ငါးဆယ်လည်း တ်ိုက်ပွဲတွင် ဝင်ပါလာကြသည်။ပုရွတ်ဆိတ်ကဲ့သို့ စားဖိုမှူးလေးနှင့် ရင်ဆိုင်ရာတွင် ရွှေဓားမြှောင်အနေဖြင့် ခက်ခဲမှုများ ကြုံတွေ့ရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့မိပေ။သူတို့နောက်ကျောမှ ဓားရှည်များကို ဆွဲထုတ်လိုက်ပြီး အကွာအဝေးတစ်ခုတွင်ရပ်နေသော ဝှိုက်တီနှင့် ပုဖန်ရှိရာဆီသို့ တိုးဝင်လာကြသည်။


"ပြဿနာကောင်တွေကို သတ်ပစ်..."


ဝှိုက်တီ၏ အေးစက်လှသော ရုပ်သံထွက်ပေါ်လာသည်။သူ့၏။ မီးခိုးရောင်မျက်ဝန်းများက သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။သူ့၏ နောက်ကျောမှ အတောင်ပံများကလည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။အဝေးကလှမ်းကြည့်လိုက်လျှင် ဝှိုက်တီက မွန်းစတားတစ်ကောင်ကဲ့သို့ပင်။


သူက ပို၍ ခန့်ညားထည်ဝါလှသောကြောင့် ပြဿနာကောင်များက အဝတ်ချွတ်ပေးရန်တောင်းဆိုလာကြလေသည်။သို့သော်လည်း သူကပို၍ပင် မောက်မာဝင့်ကြွားလာပြီဖြစ်သောကြောင့် ပထမဆုံးထွက်လာသည့်စကားမှာပင် သတ်ပစ်ဟူသည့် စကားဖြစ်လေသည်။


သူ့အတောင်ပံကို ဖြန့်ကားလိုက်သည်နှင့် ဖိနှ်ိမ့်နိုင်စွမ်းသောအော်ရာများက ပတ်ဝန်းကျင်လေထုထဲ ပြန့်နှံ့သွားသည်။သူက ရွှေသံချပ်ကာဝတ်အဖွဲ့ဆီသို့ ဦးတည်သွားလိုက်သည်။


စီးဆင်းနေသော အချ်ိန်များက ရပ်တန့်သွားသလိုပင် ထင်ရသည်။ဝှိုက်တီာ အနီရောင်မျက်ဝန်းများက ပို၍ တောက်ပလာပြီး ရုပ်သေးလက်သီးချက်ထွက်ပေါ်လာသည်။


ရွှေသံချပ်ကာဝတ် အစောင့်တစ်ယောက်၏ ဓားရှည်က ဝှိုက်တီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီးအပွင့်လေးများ ဖြာခနဲ လွင့်စင်သွားသည်။သို့သော်လည်း အံ့အားသင့်စရာကောင်းလှစွာပင် မည်သည့်ထိခိုက်ဒဏ်ရာမှ ကျန်မနေခဲ့ပေ။


ဝှ်ိုက်တီ၏ ထိုးနှက်ချက်ကလည်း ထိုလူအပေါ်သို့ ကျရေုက်သွားသည်။သူ့၏ ရွှေရောင်ချပ်ဝတ်တန်ဆာက ကွဲကြေသွားလေသည်။သူ့၏ ရွှေရောင်ချပ်ဝတ်တန်ဆာက ကွဲကြေပျက်စီးသွားကာ ခန္ဓာကိုယ်ကလည်း အဝေးသို့ လွင့်ထွက်သွားသည်။သူ့၏။ ဓားကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


နောက်ခဏ၌ ဝှ်ိုက်တီကိုတိုက်ခိုက်လာသော အစောင့်နှစ်ယောက်၏ ဓားရှည်များက လွင့်ထွက်သွားသည်။သူ ထိုအစောင့်နှစ်ယောက်၏ ခေါင်းကို ယပ်တောင်ကဲ့သို့လက်များဖြင့် ဖမ်းဆုပ်ကိုင်လိုက်သည်။


ထိုအစောင့်နှစ်ယောက်ကို ပြင်းထန်စွာပင် တစ်ယောက်နှင့်တစ်ယောက်တိုက်ပေးလိုက်သည်။သူတို့၏ ပါးစပ်မှ သွေးများစီးကျလာလေသည်။ပြီးသည်နှင့် ဝှိုက်တီက ထ်ိုနှစ်ယောက်ကို ရက်စက်ကြမ်းတမ်းစွာ ပစ်ထုတ်လိုက်သည်။


ရွှေသံချပ်ကာဝတ်အစောင့်များက ခွေးလိုက်ခံရသောကြက်များကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ထုတ်ပစ်ခံလိုက်ရလေသည်။အဆင့်မြင့်တင်ထားသော ဝှ်ိုက်တီ၏ တိုက်ခိုက်ရေးစွမ်းရည်က အရင်ကထက်ပို၍ ကြမ်းတမ်းလာသည်။


ထိုအချ်ိန်၌ မဟူရာလိပ်ခုံးဒယ်အိုးကိုကိုင်ထားသော ပုဖန်က ခပ်ဝေးဝေးမှနေ၍ တ်ိုက်ပွဲကို ကြည့်နေလေသည်။ပုဖန်လေးလံစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။တူညီသော မြင်ကွင်း တူညီသောအငွေ့အသက် တိုက်ခိုက််ခြင်းက အလွန်ပင်ပန်းသောအလုပ်တစ်ခုဟု ထင်သောကြောင့် ပုဖန် နှုတ်ခမ်းများရှုံ့မဲ့သွားမိသည်။


အရိုးသားဆုံးပြောရလျှင် သူ့အစားဝှ်ိုက်တီက လုပ်ဆောင်ပေးနေသောကြောင့် သူစိတ်ကျေနပ်နေမိသည်။သူမဟူရာလိပ်ခုံးဒယ်အိုးက်ို ပြန်သိမ်းလိုက်ပြီး စားသောက်ဆိုင်ထဲသ်ို့ ပြန်ဝင်လာသည်။ထို့နောက် ခုံတစ်ခုံကို ဆွဲယူကာ အပေါက်ဝတွင် ထိုင်လိုက်သည်


တခြားသူများသာသူ့ကို မြင်လိုက်လျှင် ဘေးမှ အားပေးနေသူတစ်ဦးဟုသာ မှားယွင်းထင်သွားပေလိမ့်မည်။ပြောရမည်ဆိုလျှင် ၎င်းက အမှန်တရားနှင့် နီးစပ်လှသည်။အခြေအနေများက လုံးဝ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ လျင်မြန်စွာပြောင်းလဲသွားသောကြောင့် အားလုံး ရှုပ်ထွေးကြောင်အနေကြသည်။လွှမ်းမိုးနိုင်စွမ်းသော ရုပ်သေးရုပ်နှင့် ငရဲကမ္သာသက်ရှိအတွဲ ၎င်းတို့ရှိနေသော စားသောက်ဆိုင်က ဝှက်ဖဲများ ကိုင်ဆောင်ထားသည်ဟု ဆိုရပေမည်။


ထ်ိုအခိုက်အတန့်တွင် ရွှေသံချပ်ကာဝတ်အစောင့်များအားလုံးက ဝှိုက်တီဆီသို့ တ်ိုးဝင်သွားကြသည်။လူအုပ်ထဲတွင်ရှ်ိနေသော နန်ကုန်းဝူချယ်က သွေးများလွှမ်းနေသောလော့တန်ချင်းဆီသို့ ဖြေးညှင်းစွာလျှောက်လာခဲ့သည်။


လော့တန်ချင်းက အသက်မျော့မျော့သာရှိတော့သည်။ရွှေဓားမြှောင်က သူရင်ဆိုင်ဖို့ရာအတွက် အလွန်ပင် သန်မာလွန်းလှသည်။ကံကောင်းထောက်မစွာဖြင့်သူက အသတ်မခံရသေးပေ။


နန်ကုန်းဝူချယ်က ဘယ်သူမှ သတိမပြုရသေးခင်မှာပင် လော့တန်ချင်းကို စားသောက်ဆ်ိုင်ရှိရာဆီသ်ို့ ဆွဲခေါ်သွားရင်း ခိုးကြောင်းခိုးဝှက်ချဥ်းကပ်လိုက်သည်။


ကံမကောင်းစွာဖြင့် အစောင့်တစ်ယောက်က သူ့ကို သတ်ိပြုမိသွားလေသည်။ထိုသူက သတ်ဖြတ်ခြင်းအငွေ့အသက်များကို ထုတ်ဖော်လိုက်ပြီးနောက်သူ့၏ ဓားချက်ကို နန်ကုန်းဝူချယ်ဆီသို့ လွှဲချလိုက်သည်။


ဝုန်း...


သို့သော်လည်း ဝှိုက်တီ၏ လက်သီးချက်က ထိုလူဆီသို့ ကျရောက်လာသည်။နန်ကုန်းဝူချယ်ကို တိုက်တော့မည့်အစောင့်က ထွက်သွားပြီးနောက် သေအံ့ဆဲဆဲဖြစ်သွား၏ သူ့ပါးစပ်မှလည်း သွေးများ ဒလဟောစီးကျလာသည်။


ဝှ်ိုက်တီက သူ့၏လက်ကို လွှျဲယမ်းလိုက်ပြီး ထ်ိုအစောင့်ကို အဝေးကြီးဆီသို့ ပစ်လွှတ်လိုက်လေသည်။ရွှေသံချပ်ကာဝတ် အယောက် ၅၀ထဲမှ အများစုက ဝှိုက်တီ၏ အညှာအတာမဲ့ သတ်ဖြတ်ခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရအောင် ပြုလုပ်ခြင်းကို ခံလိုက်ကြရသည်။


ကျန်သူများက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ထို့နောက် ဆန်းကြယ်သော လှုပ်ရှားမှုများဖြင့် တစ်ယောက်ခြေလှမ်းနောက် တစ်ယောက် လိုက်ကာ တစ်ဆင့်ချင်းလှုပ်ရှားလာကြသည်။


သူတို့ဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်များက ကောင်းကင်ယံထိအောင် ရိုက်ခတ်သွားပြီး မှော်အစီအရင်အခင်းအကျင်းတစ်ခုပေါ်လာသည်။ခဏအကြာတွင် ကြီးမားလှသော ရွှေသံချပ်ကာဝတ် လူဘီလူးကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းက ဧရာမဓားကြီးကို ဆွဲကိုင်ကာဝှိုက်တီဆီသို့ ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။


ဝေါ...


ရွှေဓားမြှောင်၏ မျက်ဝန်းများကလည်း ရူးသွပ်မှုများပြည့်နှက်နေသည်။သူနတ်ဘုရားသတ်ဆေဘာကို ကိုင်ကာနယ်သာရီကို ကြမ်းကြုတ်ရက်စက်စွာတိုက်ခိုက်နေလေသည်။


နတ်ဘုရားသတ်လက်နက်များက ငရဲကမ္သာသက်ရှိများ၏ ဝိညာဥ်ကို နှိမ်နင်းရာတွင် အစွမ်းထက်လွန်းသည် ။ခွေးမွှေး၏ အကူအညီဖြင့်ပင် နယ်သာရီက ထ်ိုဖိနှပ့်မှုက်ို ခံစားရသေး၏။


သူမ၏ ဆံနွယ်များကို လှံရှည်များသဖွယ် အသွင်ပြောင်းလိုက်ပြီး ပစ်လွှတ်လိုက်သည်။ရွှေဓားမြှောင်က၎င်း စွမ်းအင်များက်ို ဂရုမစိုက်ပဲ နယ်သာရီကိုသာမဆုတ်မနစ် ဆက်လက်တိုက်ခိုက်နေသည်။ဝှ်ိုက်တီ၏သွေးနီရောင်မျက်ဝန်းများက ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံထက်တွင်ရှိနေသော ရွှေဓားမြှောင်ဆီသို့ ကျရောက်လာသည်။


ထိုအခိုက်အတန့်၌ သူ့မျက်ဝန်းများက နတ်ဘုရားသတ်ဆေဘာက်ို တွေ့သွားပြီး စိတ်လှုပ်ရှားတက်ကြွလာလေသည်။


"နတ်ဘုရားသတ် လက်နက်ကို ရှာတွေ့ပြီသတ်ပစ်..."