အပိုင်း ၇၀၇
Viewers 52k

အခန်း ၇၀၇

အဝတ်ချွတ်မဲ့ဝှိုက်တီ


ဆေးနန်းတော်၏ အပြင်ဘက်တွင်...


 တ်ိုက်ခိုက်လာသော လေညှင်းများနှင့်အတူ ကြွေလွင့်သွားသော သစ်ရွက်တို့က ဆောင်းဦးရာသီကို နှုတ်ဆက်၍ ဆောင်းရာသီကို ကြိုဆိုနေကြလေပြီ။


ခပ်ပွပွဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက မြေပြင်ပေါ်တွင် ခိုင်ခိုင်မြဲမြဲရပ်နေသည်။မျက်နာကို မျက်နာကာပါသော ဝါးဦးထုပ်ဖြင့် ဖုံးကွယ်ထားသော်လည်း ဖြူဖွေးနေသော ဆံပင်များက သူ့၏ အသက်အရွယ်ကို ဖော်ပြနေလေသည်။


ဆေးနန်းတော်...


ထိုသူက ခေါင်းမော့လိုက်ပြီး ခမ်းနားထည်ဝါလှသော မြို့တံတိုင်းကို လှမ်းကြည့်လိုက်သည်။


"ဘယ်လောက်တောင်နှမြောတသ ဖြစ်စရာကောင်းလိုက်လဲ ဆေးနန်းတော်က အဂ္ဂိရတ်ပညာရှင်တွေအတွက် မြင့်မြတ်နယ်မြေတစ်ခုပဲ ...ဒီနေ့မှာတော့ ကြီးကျယ်ခမ်းနားလှတဲ့ နယ်မြေတစ်ခုက တော်ဝင်ခုံရုံးရဲ့ လက်ထဲ ကျရောက်သွားရတာတကယ်ကို နှမြောစရာကောင်းတယ်..."


ထိုသူက သက်ပြင်းချကာ ရေရွတ်လိုက်ပြီး ခေါင်းမော့လိုက်သည့်အချိန်၌ သူ့၏ မျက်နာကို လှစ်ခနဲ ထုတ်ဟပြလာလေသည်။သူက အစားကြူးတောင်ကြားမှ အပြေးခရီးနှင်လာသည့် ချူချန်းရှန်ပင်ဖြစ်သည်။သူ့၏ မျက်နာတွင် နာကျင်မှု အရိပ်အယောင်များရှိနေသည်။


အစားကြူးတောင်ကြားနှင့် ယှဉ်လ်ိုက်လျှင် ဆေးနန်းတော်က ပို၍ အားနည်းနေပေသည်။မဝေးလှသော ကာလတစ်ခုတွင် ဆေးနန်းတော်တစ်ခုလုံးက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးတစ်ခုလုံး၏ ထိန်းချုပ်မှုအောက် ကျရောက်သွားနိုင်ပေသည်။


"ထားလိုက်ပါတော့ ဒီနေ့ဒီအခ်ျိန်မှာအစားကြူးတောင်ကြားကတောင် ကိုယ်ဘာသာကိုယ် ကာကွယ်ဖို့ အရမ်းခက်ခဲနေပြီ ဒီစီနီယာက အများကြီးတွေးမနေသင့်တော့ဘူး...ကလေးမလေးကို ရှာတွေ့ရင် အစားကြူးတောင်ကြားကို ပြန်ခေါ်သွားရမယ် ဘယ်လိုပဲဖြစ်ဖြစ် အမွေအနှစ်တွေကို ကာကွယ်ဖို့ကသာ အရေးကြီးဆုံးပဲ... အဲ့ဒီတော်ဝင်ခုံရုံးက မကောင်းဆိုးဝါးတွေကတော့ ..."


ချူချန်းရှန် သက်ပြင်းတစ်ချက်ချလိုက်ပြီး အရှေ့သို့ လှမ်းလိုက်သည်။ချက်ချင်းပင် ခမ်းနားကြီးကျယ်လှသောတံတိုင်းရှိရာဆီသ်ို့ ရောက်လာလေသည်။


........


ရွှေသံချပ်ကာဝတ် အစောင့်အဖွဲ့က ဖရိုဖရဲဖြစ်အောင် ထိုးနှက်ခံလိုက်ရပေသည်။တစ်ချို့က သေဆုံးသွားကြပြီးတစ်ချို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားရှာသည်။သူတို့အားလုံး၏ ချပ်ဝတ်တန်ဆာများကလည်း ပြိုကွဲပျက်စီးသွားလေပြီ။


သူတို့ ဝှိုက်တီကိုကြည့်လိုက်သည့်အခ်ျိန်၌ နတ်ဆိုးနတ်ဘုရားတစ်ပါးကို မြင်လိုက်ရသလို ကြောက်ရွံ့ထိတ်လန့်မှုများပြည့်နှက်သွားလေသည်။


"အရမ်းကြောက်စရာကောင်းတယ် ဒီကြီးမားတဲ့ အရာကြီးက တအားကို ကြောက်စရာကောင်းတယ်..."


ရွှေသံချပ်ကာဝတ်အဖွဲ့က သူတို့၏ အထူးတိုက်ခိုက်ရေး အစီအရင်ကို ပုံဖော်ခဲ့သည်။သို့သော်လည်း ထိုအစီအရင်က ဝှ်ိုက်တီ၏ တိုက်ကွက်များအောက်တွင် ပြိုကွဲသွားခဲ့ရသည်။


ထို့အပြင် ထိုကြီးမားလှသောအရာ၏ ကြောက်မက်ဖွယ်ကောင်းလှသောယပ်တောင်လက်ဖဝါးရိုက်ချက်အောက်တွင် သူတို့၏ဝတ်စုံများ ပျက်စီးသွားရပြီးခန္ဓာကိုယ်များပင် ပေါက်ကွဲသွားခဲ့ရသည်။


ထိုအခိုက်အတန့်၌ သူတို့၏ ဂုဏ်သိက္ခာများ ကြေမွသွားသလို ခံစားလိုက်ရသည်။သူတို့ဂုဏ်ယူရသောချပ်ဝတ်တန်ဆာကို ထိုရုပ်သေးက အားစိုက်မထုတ်ပဲ ချွတ်ပစ်လိုက်လေသည်။


သူတို့ ခေါင်းဖြတ်ခံရပြီး သူတို့၏ သွေးများ မြစ်ရေပြင်လို စီးဆင်းသွားလျှင်လည်းရသည်။သို့သော်လည်းသူတို့၏ ချပ်ဝတ်တန်ဆာကို ချွတ်ပစ်လို့ မရပေ။


ဘန်း...


ဝှိုက်တီ၏ ပုံရိပ်က ရုတ်တရက်ပျောက်ကွယ်သွားသည်။ထို့နောက် ချက်ချင်းဆိုသလိုပင် သားရဲ တစ်ကောင်ဟိန်းဟောက်လိုက်သလိုမျိုးအလျင်စလို တိုးဝင်လာသည်။


ရွှေသံချပ်ကာဝတ် အစောင့်အနည်းငယ် နေရာအနှံ့သ်ို့ လွင့်ထွက်သွားသည်။သူတို့၏ ခန္ဓာကိုယ်ပေါ်မှချပ်ဝတ်တန်ဆာများက ပျက်စီးသွားပြီး ဖြူဖွေးသောပုံရိပ်များကို ပေါ်ပေါ်ထင်ထင်လှစ်ဟလာလေသည်။


ရွှေသံချပ်ကာဝတ်အစောင့်တစ်ယောက်က ဝှိုက်တီ၏ ခန္ဓာကိုယ်ကို ဓားဖြင့် လွှဲခုတ်လာလေသည်။သူ့၏ မျက်ဝန်းများက သွေးနီရောင်ရဲရဲတောက်နေသည်။သူတို့က လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ ဂုဏ်သိက္ခာကြီးမားသည့် အမဲလိုက် ခွေးအဖွဲ့ စစ်သည်တော်များဖြစ်ကြသည်။


သူတို့က ပြိုင်ဘက်ကို အနိုင်မယူနိုင်လျှင်ပင် သူတို့၏ ကြောက်မက်ဖွယ်ရာပုံရိပ်ကို ကောင်းမွန်စွာပြသရပေမည်။သူတို့ အသက်ရှ်ိနေသရွေ့ ရန်သူ၏ ခန္ဓာကိုယ်အပိုင်းအစ တစ်ဖဲ့ပဲဖြစ်ဖြစ် ရအောင်ကိုက်ခဲ့ရပေမည်။


ဓားချက်နှင့် ဝှိုက်တီ၏ ခန္ဓာကိုယ် ထိခိုက်ရာမှ ကျယ်လောင်သောအသံထွက်ပေါ်လာသည်။ဝှ်ိုက်တီ၏ ရဲရဲတောက်နေသော မျက်ဝန်းများက ထိုအစောင့်၏ ကိုယ်ပေါ်သို့ ရောက်သွားသည်။


"သူ့အဝတ်တွေကို ချွတ်ပစ်ရမယ်.."


ဝှိုက်တီ၏ ခေါင်းက သူ့ဘက်သို့ ပြန်လှည့်လာပြီးနောက် 


ဘန်း...


လက်ဖဝါးရိုက်ချက်တစ်ချက်နှင့်အတူ ထိုအစောင့်၏ဓားက အပိုင်းပိုင်းအစစ ကျိုးမွသွားပြီး နေရာအနှံ့လွင့်ကျဲသွားသည်။


ခရက်ရှ်...


သူ့ခန္ဓာကိုယ်မှ ချပ်ဝတ်တန်ဆာကလည်း ကျိုးပဲ့သွားပြီး ကိုယ်တီးလုံးဖြင့် လွင့်ထွက်သွားလေသည်။ဝှိုက်တီက ရွှေရောင်ချပ်ဝတ်တန်ဆာကို အသာကိုင်ထားလိုက်သည်။သူ့၏ ဝမ်းဗိုက်က စတင်လည်ပတ်လာပြီး အနက်ရောင်တွင်းတစ်ခုကို လှစ်ဟလာလေသည်။


 ထို့နောက် သူကိုင်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာက တွင်းနက်ထဲသို့ မျိုချခံလိုက်ရလေသည်။ရွှေသံချပ်ကာအဖွဲ့များက ခွေးမောင်းသကဲ့သို့ အရိုက်ခံလိုက်ရပြီး အော်ဟစ်သံများဆူညံစွာဖြင့် မြေပြင်ပေါ် လူးလိမ့်နေလေသည်။


တစ်ချို့က အဝတ်အစားများပင် မရှိတော့သောကြောင့် လူမြင်မခံနိုင်သောနေရာများကို ဖုံးကွယ်ထားကြသည်။မြင်ကွင်းက တကယ့်ကို ကြေကွဲဖွယ်ကောင်းလှသည်။သူတို့ ရှက်ရွံ့မှုဖြင့် သွေးတစ်လုတ်အန်လ်ိုက်ကြရသည်။


....သူတို့ ဘယ်လိုရန်သူမျိုးနဲ့ရင်ဆိုင်နေရတာလဲ...ဓားချက်တစ်ချက်တည်းနဲ့ အဆုံးသတ်ပေးလိုက်လို့မရဘူးလား...သူတို့ကို အဲ့ဒီလို အရှက်ခွဲစရာလိုလို့လား...


ထိုအခိုက်အတန့်၌နယ်သာရီ၏ ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များကလည်း စတင် ပျောက်ကွယ်လာသည်။ခွေးဘုရင်၏ အမွှေးက သူမ၏စွမ်းအင်များကို တ်ိုးပွားစေနိုင်သည်

ဆိုသော်လည်း အကန့်အသတ်တော့ရှိပေသည်။


ခွေးဘုရင်၏အပြာရောင်ငရဲမီးလျှံက လောင်ကျွမ်းကုန်ဆုံးတော့မည့်ပုံပေါ်လေသည်။ထ်ိုမီးလျှံ ငြိမ်းသက်သွားသည်နှင့် နယ်သာရီ၏စွမ်းအင်များကလည်းကုန်းမြေတိုက်ကြီး၏ထိန်းချုပ်မှုကို ပြန်လည်ခံလိုက်ရပေပြီ။


ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သူမ၏ အနက်ရောင်မျက်ဝန်းများထဲတွင် လေးနက်မှုများပြည့်နှက်သွားသည်။


ဘုန်း ဘုန်း ဘုန်း...


သူမ၏ အနက်ရောင်ဆံနွယ်များက လှံရှည်များကဲ့သို့ပင် လေဟာနယ်ကို ထွင်းဖောက်ဖြတ်သန်းသွားသည်။နယ်သာရီ၏ မျက်ဝန်းများက အေးစက်မှုများပြည့်နှက်နေပြီး သူမက လက်ဖဝါးကို မြှောက်၍ ဆန့်ထုတ်လိုက်သည်နှင့် သူမ၏ ဆံနွယ်များက ရွှေဓားမြှောင်ဆီသို့ ပျံသန်းသွားလေသည်။


ဝှစ်...


ပုံသဏ္ဍာန်မဲ့လှသောစွမ်းအင်လှိုင်းများက ချက်ချင်းပျံ့နှံ့သွားသည်။


ဘုန်း...


ကောင်းကင်ယံထက်ဆီမှ ကြီးမားသော လှိုင်းတစ်ခု ကျရောက်လာသလ်ိုမျိုး ရွှေဓားမြှောင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ရွှေဓားမြှောင်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။သူ ကြိုးစားရုန်းထွက်ရန်ပြင်လိုက်သော်လည်း သူ့ခန္ဓာကိုယ်က လှုပ်ရှား၍ မရသည်ကို ခံစားလိုက်မိသည်။


ထို့အပြင် မိုးရွာသွန်းသကဲ့သို့ ကျရောက်လာသောတိုက်ခိုက်မှုက သူ့ကိုပို၍ ခက်ခဲအောင်ပြုလုပ်နေသည်။


"ဒါက လျှို့ဝှက်စွမ်းအင်တိုက်ခိုက်မှု ဒီမဟာနယ်ပယ်ပုံရိပ်အစစ်အမှန်က လုံးဝ ရိုးရှင်းတဲ့သူ မဖြစ်နိုင်ဘူး..."


ရွှေဓားမြှောင်၏အနီရောင်မျက်ဝန်းများက ပို၍ တောက်ပလာသည်။သူ့၏ စိတ်ဝိညာဉ်လှေကားမှလည်း အလင်းရောင်များထုတ်လွင့်လာ၏။


ငရဲကမ္ဘာရှိ မဟာနယ်ပယ်များအားလုံးဆန်းကြယ်စွမ်းအင်တိုက်ခိုက်မှုကို သိကြသည်မဟုတ်ပေ။ငရဲကမ္ဘာရှိ မျိုးနွယ် တစ်ဆယ့်နှစ်မျိုးကဲ့သို့ ကြီးမားသည့် ခွန်အားမျိုးရှိကြပေသည်။


သူရှေ့မှ အမျိုးသမီးက ထ်ိုမျိုးနွယ်များထဲမှ တစ်မျိုးမျိုး၏မျိုးဆက်ဖြစ်ပေလိမ့်မည်။ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် ရွှေဓားမြှောင်၏မျက်ဝန်းများက ပို၍ပင် တောက်ပြောင်လာသည်။ဒီခရီးက နောက်ထပ်ဆန်းကြယ်မှုများသယ်ဆောင်လာလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။


သူသာ ငရဲကမ္ဘာမျိုးနွယ် ၁၂မျိုးထဲမှ တစ်ဦးကိုသာဖမ်းဆီးနိုင်ခဲ့လျှင် တော်ဝင်ခုံရုံးကို ကြီးကြီးမားမားအထောက်အကူပြုပေးသူဖြစ်သွားပေလိမ့်မည်။


ထို့ကြောင့်ရွှေဓားမြှောင်၏ တိုက်ခိုက်မှုက ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာသည်။သူ့၏ ခန္ဓာကိုယ်မှ စွမ်းအင်များက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာ၏။ထ်ိုစွမ်းအင်များက စက်ဝ်ိုင်းပုံသဏ္ဍာန်ဖြစ်တည်လာပြီး ငရဲစွမ်းအင်များကိုပိတ်ဆို့လိုက်သည်။


သူ့၏ ခြေထောက်အောက်မှ မြေပြင်ကကွဲအက်သွားသည်။သူ လေထဲသို့ ပျံတက်လိုက်ပြီးနယ်သာရီဆီသို့ တိုးဝင်သွားသည်။သူ့၏ ပြိုင်ဘက်က ချောမောလှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်နေသော်လည်း ရွှေဓားမြှောင်၏ မျက်ဝန်းထဲတွင်တော့ ၎င်းက ပန်းရောင်အရိုးစုတစ်ခုဆိုသည်ထက် မပိုပေ။


သူကသားရဲတစ်ကောင်ကျုံးဝါးလိုက်သလို အသားကုန်ဟစ်အော်လိုက်သည်။နတ်ဘုရားသတ်ဆေဘာကို လွှဲယမ်းလိုက်သည့်အချိန်၌ ဖြတ်သန်းသွားသည့် လေဟာနယ်တစ်လျှောက်လုံး လင်းလက်သွားလေသည်။


နယ်သာရီ၏ မျက်ဝန်းရှိ သွေးကြောများက ပို၍ပင် ထင်းလာပြီးနောက် သူမလက်ထဲမှ ငရဲစွမ်းအင်တစ်ခုလုံးက ပေါက်ကွဲသွားသည်။


ငရဲဝိညာဉ် ပြေးလွှားခြင်း...


 နယ်သာရီ ညှင်သာသောအသံလေးဖြင့် ကျုံးဝါးလိုက်သည်။သူမ၏ လက်ကိုမြှောက်တင်လိုက်သည်နှင့် သူမ၏ နောက်ဘက်တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။


ထိုပုံရိပ်က မြင့်မြတ်လှသော ပုဂ္ဂိုလ်တစ်ဦးပုံစံရှိပြီး သာမန်သေမျိုးများကို အထင်အမြင်သေးနေသည်ဟု ထင်ရသည်။


ရွှေဓားမြှောင်၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။သူ့၏ ရွှေရောင်ဆေဘာဓားစွမ်းအင်များ မကျရောက်သေးခင်မှာပင် ကြီးမားသည့် ဖိအားတစ်ရပ်ကို ထပ်မံခံစားလိုက်ရသည်။၎င်းက နောက်ထပ် ဆန်းကြယ်စွမ်းအင်တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး သူ မတားဆီးနိုင်တော့ပေ။


"ဒီအမျိုးသမီး.."


ရွှေဓားမြှောင် ခဏမျှ အေးခဲသွားသည့်အချိန်မှာပင် သူရှေ့မှ မြေပြင်ဆီသို့ အမြောက်ဆန်တစ်ခုကဲ့သို့ လွင့်စင်သွားလေသည်။သူ့၏ မျက်ဝန်းများက နယ်သာရီကိုသာ မမှိတ်မသုန် စူးစိုက်ကြည့်နေတုန်းဖြစ်သည်။နောက်ခဏအတွင်း၌ ကြီးမားသောပုံရိပ်တစ်ခုက သူ့ရှိရာဆီသို့ ပျံသန်းလာလေ၏။


စွမ်းအင်ကြီးမားလှသော ဖိနှိပ်မှုတစ်ခုကို ခံစားလာရပြီး ရွှေဓားမြောင်၏ ချပ်ဝတ်တန်ဆာများပင် လှုပ်ခါသွားသည်။


ဘန်း...


ကြောက်မက်ဖွယ်ကောင်းလှသော သားရဲကြီးတစ်ကောင်နှင့် ထိပ်တိုက်တွေ့ဆုံရသလိုမ်ျိုး ခံစားလိုက်ရသည်။အစောကလေးတင် မြေပြင်ပေါ် ပစ်ပေါက်ခံလိုက်ရသောသူက နောက်တစ်ကြိမ်ထပ်မံ လွင့်ထွက်သွားပြန်သည်။


ဖိနှိပ်လွှမ်းမိုးနိုင်စွမ်းရှိသော ကြီးမားလှသည့် သံပုံရုပ်သေးကြီးက လေထဲတွင် လွင့်မျောနေသည်။သူ့၏ သတ္တုတောင်ပံများကို ဂဠုန်တစ်ကောင်ကဲ့သို့ ဖြန့်ကားထားလေသည်။


ရွှေဓားမြောင်၏ ပုံရိပ်က အပျက်အစီးပုံများကြားထဲသို့ ကျရောက်သွားပြီး ဆူညံသံများထွက်ပေါ်လာလေသည်။ဖုန်မှုန့်များက နေရာအနှံ့သို့ လွင့်စင်ပြန့်နှံ့သွားသည်။


ဝှိုက်တီ ခေါင်းအသာစောင်းငဲ့လိုက်သည်။သူ့၏ ခေါင်းပေါ်ရှိ ဂျိုတစ်ချောင်းက ရေခံတမျှအေးစက်လှသော အလင်းများကို ထုတ်လွင့်လာလေသည်။အားလုံး အံ့အားသင့်သွားကြ၏။


ပုဖန်ပင်လျှင် ထိတ်လန့် တုန်လှုပ်သွား၏ သူ့၏ ခေါင်းအထက်၌ ခြယ်လှယ်စိုးမိုးနေသော ဝှိုက်တီ၏ ပုံရိပ်ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်လိုက်မိသည်။


ဒါကသူသိတဲ့ ဝှိုက်တီကော ဟုတ်သေးရဲ့လား ...အဆင့်မြင့်တင်ပြီးတဲ့နောက် ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက်ကြမ်းတမ်းလာတာလဲ..


ဝှိုက်တီ မင်းပြောင်းလဲသွားပြီ ..."


ပုဖန် တွေးတောလိုက်မိသည်။


"နတ်ဘုရားသတ်သူ..."


ဝှိုက်တီ၏ စက်ရုပ်သံ ထွက်ပေါ်လာသည်။


ဘုန်း...


အပျက်အစီးများက ပေါက်ကွဲလွင့်စင်သွားပြီးနောက် ထိုအထဲမှ နတ်ဘုရားသတ်စေဘာကို ကိုင်ဆောင်ထားသော ရွှေဓားမြောင်လှမ်းထွက်လာသည်။သူ့၏ မျက်ဝန်းများက ပို၍ပင် ရက်စက်ကြမ်းကြုတ်လာလေသည်။


"ဘယ်သူ..."


ဘန်း..."


သို့သော်လည်း သူ့၏ စကားပင်မဆုံးလိုက်ရသေးခင်မှာပင် ကြီးမားလှသော ပုံရိပ်က ကောင်းကင်ထက်ဆီမှ ထိုးဆင်းလာသည်။ကြောက်မက်ဖွယ်ရာကောင်းလှသော ဖိအားများဖြင့် ဖိနှိပ်လိုက်ပြီး ရိုက်ခတ်လိုက်သည် ။


ရွှေဓားမြောင် နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။သူ့၏ မျက်နာက အီးမှန်သကဲ့သို့ ရှုံ့မဲ့နေပေပြီ။


လခွမ်း ငါခန့်ခန့်ညားညား ပြုမူနေတာလေ...ပြီးဆုံးခွင့် မပြုနိုင်ဘူးလား...


ဝှစ်..."


ထိုခဏမှာပင် ဝှိုက်တီ၏ ဖိအားများက ထပ်မံ ပေါက်ကွဲလာပြန်သည်။ရွှေဓားမြောင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီးနောက် သူ့ဆီသ်ို့ ထိုးဆင်းကျလာသော ကြီးမားလှသည့် သံရုပ်သေးရုပ်ကို ကြည့်နေမိလေသည်။


သူ့၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်ချပ်ဝတ်တန်ဆာက အက်ကွဲကြောင်းများပြည့်နှက်လာသည်။


"မင်းငါရဲ့ ချပ်ဝတ်တန်ဆာကို ဖျက်စီးရဲတယ်ပေါ့ ..."


ရွှေဓားမြောင် သူ့၏ နတ်ဘုရားသတ်ဆေဘာကို လွှဲယမ်းလိုက်ပြီး ဝှိုက်တီကို ကြိမ်းဝါးလိုက်သည်။


ကောင်းကင်ထက်တွင် နယ်သာရီက ရွှေဓားမြောင်၏ ပြိုင်ဘက် ပြောင်းလဲသွားပြီဖြစ်သောကြောင့် ထ်ိုမြင်ကွင်းကို အေးဆေးစွာပင် ကြည့်နေမိသည်။သူ့၏ ဆံနွယ်ရှည်များက ငြိမ်သက်သွားပြီး သွေးကြောများ ပြန်လည် ပျောက်ကွယ်သွားပြီးနောက် လှပ လှသော အသွင်အပြင် ထပ်မံထွက်ပေါ်လာသည်။သူမက ကောင်းကင်ထက်မှနေ၍ စားသောက်ဆိုင် တံခါးဝဆီသို့ ဖြေးညှင်းစွာဆင်းသက်လိုက်သည်။


သူမကို ကြည့်ရသည်မှာ အနည်းငယ်နွမ်းနယ်နေပုံရလေသည်။သူက ဆိုင်တံခါးဝကို မှီရပ်နေသော ပုဖန်ကိုကြည့်၍ ပြောလိုက်သည်။


"ပိုင်ရှင်ပု ငါဗိုက်ဆာနေပြီ..."


ပုဖန်က နယ်သာရီ၏ အားနည်းဖျော့တော့လှသော အသံကိုကြားလိုက်ရသောကြောင့် အနည်းငယ်ကြောင်အသွားသည်။သူအသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ စက္ကူတစ်စ သဖွယ်ဖြူဖျော့နေသော နယ်သာရီ၏ မျက်နာကို တွေ့လိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။


စနစ်၏ သိုလှောင်နယ်မြေထဲမှ အစပ်ချောင်းသုံးချောင်းကို ထုတ်ယူလိုက်ပြီး ခရမ်းအနှစ်သာရ တစ်စက်စီ ချလိုက်သည်။ခရမ်းအနှစ်သာရထဲ၌ စိတ်ဝိညာဉ် စွမ်းအင်အမြောက်အများပါဝင်သောကြောင့် နယ်သာရီ ပြန်လည်ကောင်းမွန်ဖို့လုံလောက်ပေသည်။


"ရော့ ရော့ ဒီအစပ်ချောင်းတွေကို အဆာပြေ စားထားလိုက်..."


နယ်သာရီက အစပ်ချောင်းများကို တစ်ချက်ကြည့်လိုက်ကာ ပျော်ရွှင်စွာဖြင့် စားသောက်လေသည်။


ပုဖန် တ်ိုက်ပွဲရှိရာသို့ ပြန်လှည့်လိုက်ပြီး စိတ်ဝင်တစားကြည့်လိုက်သည်။တိုးတက်လာသော ဝှိုက်တီ၏ စွမ်းအင်များက သူကို သ်ိချင်စိတ်များ ဖြစ်ပေါ်လာအောင် နှိုးဆွနေပေသည်။


"စနစ် အဆင့်မြင့်တင်ပြီးတဲ့နောက် ဝှ်ိုက်တီရဲ့ တိုက်ခိုက်မှု စွမ်းအင်အဆင့်က ဘယ်လောက်ဖြစ်သွားပြီလဲ ..."


စနစ်က ပုဖန်၏ အမေးကို ချက်ချင်းမတုံ့ပြန်ပဲ ခဏမျှ ငြိမ်သက်နေပြီးနောက် တည်ကြည်လေးနက်လှသော အသံဖြင့် ပြောဆိုလာလေသည်။


(ဝှိုက်တီက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးရဲ့ နတ်ဘုရားသတ်လက်နက်ကို ဝါးမ်ျိုလိုက်ပြီးနောက် လက်နက်ထဲက နတ်ဘုရားတစ်ပိုင်းစွမ်းအင်တွေကို ရရှ်ိသွားပါတယ်...အခု သူ့ရဲ့ စွမ်းဆောင်ရည်က မသေမျိုးဝိညာဉ်အဆင့် လှေကားခုနစ်ဆင့်နဲ့ ယှဉ်နိုင်ပါတယ် ဒီအဖြစ်ပြီးတဲ့နောက်မှာတော့ သူအဆင့်မြင့်တင်တိုင်း နတ်ဘုရားလက်နက် နှစ်ခုကို စားသုံးဖို့ လိုပါလိမ့်မယ် ...)


ပုဖန်၏ မျက်နာက စူးစမ်းမှုများဖြင့် ပြည့်နှက်သွားသည်။


"နတ်ဘုရားသတ်လက်နက် အဲ့ဒါက ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ ကျွမ်းကျင်ပညာရှင်ရဲ့ လက်ထဲက လက်နက်လား ဒါကြောင့်မလို့ ဝှိုက်တီက တခြားသူတွေကို သဲကြီးမဲကြီးတိုက်ခိုက်နေတာကို...အံ့သြစရာမရှိဘူး..."


ထို့အပြင် စနစ်၏ ပြောစကားအရ အနာဂတ်၌ ဝှိုက်တီ အဆင့်မြင့်တင်လိုလျှင် နတ်ဘုရားသတ်လက်နက်များကို စားသုံးဖ်ို့ လိုပေလိမ့်မည်။နတ်ဘုရားသတ်လက်နက်များက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ ပိုင်ဆိုင်မှုဟု ဆိုနိုင်ပေသည်။ထိုသို့ ဖြစ်လေရာသူတို့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကို ဆန့်ကျင်ရတော့မှာလား...


ပုဖန် သူ့ဆံပင်များကို ဆွဲလ်ိုက်မိသည်။မူလက ခွေးငပျင်းတစ်ကောင်သည်သာ စိတ်ကျေနပ်အောင်လုပ်ရန် ခက်ခဲလှသည်ဟု တွေးတောခဲ့မိသည်။သို့သော်လည်း ယခုမူ မူလက နာခံမှုရှိသော ဝှ်ိုက်တီပင်လျှင် အစားချေးများသောသူဖြစ်လာပေပြီ။


"ဘဝက ဘာလို့ အဲ့ဒီလောက်တောင်ခက်ခဲနေရတာလဲ..."


ပုဖန် စိတ်ပျက်လက်ပျက်ရေရွတ်လိုက်သည်။


ထိုအခ်ျိန်မှာပင် ဝှ်ိုက်တီက သူ့၏ အတောင်ပံနှစ်ခုကို ထပ်မံ ဖြန့်ကားလိုက်ပြီး ရွှေဓားမြောင်၏ လည်ပင်းကိုညှပ်၍ရိုက်လိုက်သည်။ထိုအရာက အရာဝတ္တုနှစ်ခုကို ပွတ်တိုက်ဆွဲယူသော ဝှိုက်တီ၏ တိုက်ခိုက်မှု ပုံစံ ဖြစ်နေလေသည်။ရွှေဓားမြောင် ဟိန်းဟောက်လ်ိုက်သည်။သို့သော်လည်း သူ ဝှိုက်တီ၏ တရွတ်တ်ိုက်ဆွဲယူခြင်းကို ခံလိုက်ရလေ၏။


ထိုအခိုက်အတန့်လေး၌ ဝှ်ိုက်တီက ရွှေဓားမြောင်၏ လက်ထဲမှ နတ်ဘုရားသတ်ဆေဘာကို ဆွဲယူလိုက်သည်။သူ့၏ ယပ်တောင်ပုံသဏ္ဍာန်လက်နှင့် နတ်ဘုရားသတ်ဓားတို့ ထိခတ်မိရာမှ မီးပွားမီးပွင်များ လွင့်စင်ထွက်ပေါ်လာသည်။


ရွှေဓားမြောင်၏ မျက်ဝန်းများက ရုတ်တရက်ပြူးကျယ်သွားပြီး သူဝှ်ိုက်တီ၏ ရည်ရွယ်ချက်ကို ရုတ်ချည်းနားလည်သွားလေသည်။


"မင်းလို ရုပ်သေးတစ်ရုပ်က ဒီကာကွယ်သူရဲ့ နတ်ဘုရားသတ်ဆေဘာကို လိုချင်တယ်ပေါ့လေ သေပေတော့ ...."


သို့သော် သူ့၏ ကြုံးဝါးမှု မပြီးဆုံးသေးခင်မှာပင် ဝှိုက်တီ၏ ကြမ်းတမ်းလှသော လက်များက သူ့၏ ခေါင်းကို ဆုပ်ကိုင်လာသည်ကို ခံစားလိုက်မိသည်။


လက်ချောင်းကြီးများက သူ့၏ ခေါင်းဆောင်းကို ညစ်လိုက်သောကြောင့် အက်ကြောင်းများ ထင်လာလေသည်။


"ပြဿနာကောင် အဝတ်တွေချွတ်ပြီးတော့ လူမြင်ကွင်းမှာ ပြရမယ်...


ခရက်ရှ်..."


လက်ဖဝါး၏ အားက ရုတ်တရက် တိုးမြင့်လာပြီးနောက် ခေါင်းဆောင်းက ကွဲကြေသွားလေသည်။