အခန်း ၇၀၈
နတ်ဘုရားသတ်လက်နက်အားစားခြင်း...
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ရွှေဓားမြှောင်၏ ခေါင်းဆောင်း က ချက်ချင်းဆိုသလို ကွဲကြေသွားသည်။သူ့၏ ပြင်းထန်လှသော လက်သီးချက်ကလဲ ဝှိုက်တီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး ကမ္ဘာမြေတစ်ခုလုံး တုန်ခါသွားသလို ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
သူတို့ နှစ်ယောက်စလုံး အနောက်သို့ လွင့်ထွက်သွား၏ သူတို့ ပြုတ်ကျရာနေရာမှ ဖုန်လုံးကြီး ထလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုအကွာအဝေးတစ်ခုစီမှ အနီရောင်အလင်းဖျော့ဖျော့ကို မြင်နေရ၏ ထိုခဏအတွင်းမှာပင် ထိုဖုန်လုံးများကြားထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာလေသည်။ဝှ်ိုက်တီ၏ ခြယ်လှယ်နိုင်စွမ်းသော ပုံရိပ်က ပြန်လည်ထွက်ပေါ်လာသည်။သူ့ကို ကြည့်ရသည်မှာမည်သည့် ပျက်စီးမှုမှ ရှိပုံမပေါ်ပေ။
အနီရောင်မျက်ဝန်းများက တဖျတ်ဖျတ် တောက်ပနေပြီးသူ့ခန္ဓာကိုယ်ရှိ အတောင်ပံ နှစ်ခုက အသာအယာလှုပ်ခါနေသည်။နေရောင် အောက်တွင် သူ့ခန္ဓာကိုယ်မှ အလင်းများက မျက်စိကျိန်းလောက်ပေသည်။
အခြားတစ်ဖက်တွင် ဖုန်မှုန့်များထဲမှ ပုံရိပ်တစ်ခုလည်း ထွက်ပေါ်လာလေ၏။အေးစက်သော အသံတစ်ခု ပြန့်လွင့်လာ၏။
"မင်းက တကယ့်ကို သေဖို့ ထ်ိုက်တန်တယ် မင်းက ဒီကာကွယ်သူရဲ့ ခေါင်းဆောင်းကို ထုရိုက်ရဲတယ် မင်းက ငါ့ကို ရွေးချယ်စရာမရှိအောင်လုပ်လိုက်တာပဲ..."
ပြင်းထန်သော လေပြင်းတစ်ချက်နှင့်အတူ ထိုလူ၏ ပတ်ဝန်းကျင်မှ ဖုန်မှုန့်များ လွင့်ပါးသွားသည်။သူ့၏ ပုံရိပ်ကို မြင်လိုက်ရသည့်ခဏ၌ လူအားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။
"ဒီလူ... ဒါက ဘယ်လို ဖြစ်တည်မှုမျိုးလဲ..."
လူအားလုံး သူတို့ ခေါင်းပေါ်မှ ရေအေးတစ်ပုံး လောင်းချခံလိုက်ရသလို မျိုး စတင် တုန်ရီလာကြသည်။စားသောက်ဆိုင်၏ တံခါးဘောင်ကို စိတ်အေးသက်သာစွာ မှီနေသော ပုဖန်ပင်လျှင် သူမြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွား၏။
"ဒီလူ...သူက လူသားတစ်ယောက်မဟုတ်ဘူးလား..."
တကယ်တမ်းတွင် ရွှေဓားမြှောင်က လူသားတစ်ယောက်မဟုတ်ပေ။သူ့၏ ခေါင်းဆောင်းကွဲကြေသွားပြီးနောက် သူ့၏ မျက်နာကို လှစ်ဟပြလိုက်ရလေပြီ။သူ့၏ ခေါင်းပေါ်၌ နားရွက်နီနီတစ်စုံရှိနေပြီး မျက်နာတွင်လည်း အမွှေးများ ပြည့်နေသည်။
သူ့၏ မျက်ဝန်းများက သွေးနီရောင်ရဲရဲတောက်နေပြီး အသားအရည်က ကြမ်းတမ်းလှသည်။ဒါက ဝံပုလွေတစ်ကောင်၏ ဦးခေါင်းပင် သူ့၌ ထက်မြေ့လှသော အနက်ရောင်သွားများရှိလေသည်။အားလုံး ခြုံကြည့်လိုက်လျှင် အလွန်ပင် ကြောက်စရာကောင်းနေ၏။
ရွှေဓားမြှောင်က ဝံပုလွေတစ်ကောင်ပင်ဖြစ်သည်။လူသားပုံစံရှိသော ဝံပုလွေတစ်ကောင်ဟု ဆိုရပေမည်။
ရွှေဓားမြှောင် ခေါင်းအသာခါလိုက်ရင်းနှာတစ်ချက်မှုတ်လိုက်သည်။
သူက သူ့၏ ပုံရိပ်အစစ်အမှန်ကို ဖုံးကွယ်ထားရှိခဲ့သည်။သို့သော်လည်း ထိုသံရုပ်သေးကောင်ကြောင့် သူ့၏ ခေါင်းဆောင်း ကွဲကြေသွားလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိပေ။
သူ့၏ ပုံရိပ်ကို လှစ်ဟပြရန် လုံးဝ စိတ်ကူးထားခြင်းမရှိပေ။ဒါက ခွင့်မလွှတ်နိုင်စရာကောင်းလှသည်။ပြောရမည်ဆ်ိုလျှင် တခြားကာကွယ်စောင့်ရှောက်သူများပင်လျှင် သူ့၏ ပုံရိပ်အစစ်အမှန်အား မသိရှိကြပေ။သူ့၏ နှလုံးသားထဲ၌ ဒေါသတရားများ လောင်ကျွမ်းလာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ဝှိုက်တီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး မြေပြင်ကို လက်သီးဖြင့် ထိုးချလိုက်လေရာ မြေပြင်တစ်ခုလုံး အဆက်မပြတ် သိမ့်သိမ့်တုန်ခါနေလေသည်။
နတ်ဘုရားသတ်လက်နက် ...
ဝှိုက်တီ၏ မျက်ဝန်းများက ရွှေဓားမြှောင်၏ လက်ထဲမှ နတ်ဘုရားသတ်ဆေဘာကိုသာစိုက်ကြည့်နေသည်။ရွှေဓားမြှောင်ကလည်း ဝှိုက်တီ၏ ရည်ရွယ်ချက်ကို သတ်ိပြုမိသွားပြီး သူအလွန်အံ့အားသင့်သွားသည်။နတ်ဘုရားသတ်ဆေဘာက သန့်စင်နယ်မြေ၏ အပိုင်ပစ္စည်းတစ်ခု ဖြစ်သည်။ထိုရုပ်သေးက သူ့၏ လက်နက်ကို ရည်ရွယ်ရဲသည်မှာသူ့အား ပို၍ ဒေါသထွက်လာအောင် ပြုလုပ်လိုက်သကဲ့သို့ပင်
"သေပေတော့ ...
ဘုန်း..."
မြေပြင်၌ ကြီးမားလှသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။နောက်ခဏအတွင်း ရွှေဓားမြှောင်၏ ခန္ဓာကိုယ်မှလည်း အလင်းများဖြာထွက်လာသည်။သူ့၏ လက်ဖဝါး၌ ကြီးမားသော စွမ်းအင်များ ဖြစ်ပေါ်လာပြီးဆေဘာဓားစွမ်းအင်များက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းလာသည်။
ရွှေဓားမြှောင်က ဝှိုက်တီ၏ ခေါင်းဆီသို့ ရည်ရွယ်၍ ဓားချက်လွှဲလိုက်သည်။
ရွှစ်...
နတ်ဘုရားသတ်ဆေဘာက ငရဲကမ္ဘာသက်ရှိများအပေါ်ကို ဖိနှိပ်နိုင်စွမ်းရှိရုံသာမက ၎င်းနှင့် အဆင့်တူ နတ်ဘုရားလက်နက်များထက်လည်း ပို၍ အားကောင်းလေသည်။ပေါက်ကွဲသံများက ကောင်းကင်တစ်ခွင် မြည်ဟီးသွားသည်။
ဝှိုက်တီ ကောင်းကင်ပေါ်တွင် မြဲမြံစွာ ရပ်လိုက်ပြီးခေါင်းမော့စွာသူ့ဆီသို့ ကျရောက်လာသော ဓားကို ဖမ်းဆုပ်လိုက်သည်။ထိုအခိုက်အတန့်မှာပင် ဝှိုက်တီ၏ လက်ဖဝါးက အခိုးအငွေ့များ ထွက်ပေါ်လာ၏။
ဝှိုက်တီ၏ အနီရောင်မျက်ဝန်းများက ရွှေဓားမြှောင်၏ ခန္ဓာကိုယ်ကိုပေါ်သို့ ကျရောက်လာသည်။ရွှေရောင်ဓားမြှောင်၏ ဦးခေါင်းက ချက်ချင်းပြောင်းလဲသွားပြီး ဒေါသတကြီးဟိန်းဟောက်သံကို ထုတ်လွင့်လိုက်သည်။သူ့ခန္ဓာကိုယ်မှလည်းဆေဘာဓားစွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာသည်။
ထ်ိုအခိုက်အတန့်အတွင်းမှာပင် ဝှိုက်တီ၏ ဝဝဖြိုးဖြိုး ဗိုက်ပေါ်တွင် အနက်ရောင်တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။ထို တွင်းပေါက်ကြီးပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခွင်ပြည့်နှက်နေသောဆေဘာစွမ်းအင်များက တွင်းပေါက်ထဲသို့ အရူးအမူး စီးဝင်သွားလေသည်။
နတ်ဘုရားသတ်ဆေဘာကိုဆုပ်ကိုင်ထားသော ဝှိုက်တီ၏ မျက်ဝန်းများက တဖြေးဖြေးတောက်ပလာသည်။သူခေါင်းအသာစောင်းလိုက်ပြီးနောက် ရွှေဓားမြှောင်၏ မျက်နာကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ရွှေဓားမြှောင်က ပြင်းထန်စွာထိုးနှက်ခံလိုက်ရပြီး သူ့၏ နှာခေါင်းမှ သွေးများ စီးကျလာလေသည်။
သို့သော်လည်း ရွှေဓားမြှောင်က နတ်ဘုရားသတ်ဆေဘာကို ဆုပ်ကိုင်ထားတုန်းပင်ဖြစ်သည်။သူ့၏မျက်စိရှေ့၌ ဆေဘာဓားအား ယူဆောင်သွားမည်ကို သူ ခွင့်မပြုနိုင်ပေ။မည်သည့် ကိစ္စရပ်ပင်ဖြစ်ပစေ သူလက်လွတ်လိုက်မည်မဟုတ်ပေ။
သူကလည်း ဝှိုက်တီကို ပြန်လည်၍ ထိုးနှက်တိုက်ခိုက်လိုက်ကြသည်။ကြည့်ရှုသူအားလုံး၏ ရှေ့မှောက်မှာပင် နှစ်ယောက်သား တစ်ယောက်တစ်ပြန်စီ တိုက်ခိုက်နေကြလေသည်။
ဝှိုက်တီ၏ မျက်ဝန်းများက ပို၍ တောက်ပသထက်တောက်ပလာသည်။နောက်ဆုံး သူ့၏ လက်သီးချက်တစ်ချက်ဖြတ်သန်းသွားပြီးနောက် ရွှေဓားမြှောင် သွေးတစ်လုတ်အန်လိုက်ရသည်။
ဝှိုက်တီ၏ ကြီးမားသော လက်ဖဝါးက ရွှေဓားမြှောင်၏ ခေါင်းကို ဆုပ်ကိုင်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ထ်ို့နောက် ကျယ်လောင်လှသော အသံတစ်သံထွက်ပေါ်လာပြီး ရွှေဓားမြှောင်၏ ရွှေရောင်ချပ်ဝတ်တန်ဆာက ဝှိုက်တီ၏ ချွတ်ပစ်ခြင်းကို ခံလိုက်ရလေသည်။
ရွှေရောင်ချပ်ဝတ်တန်ဆာက အလွန်လေးလံလှသောကြောင့် မြေပေါ်သို့ ပစ်ချလိုက်ချိန်တွင် တွင်းတစ်တွင်းပင်ဖြစ်သွားလေ၏။ထိုအခိုက်အတန့်၌ ရွှေဓားမြှောင်က အလွန်ပင် သနားစရာကောင်းနေလေသည်။သူ ဝှိုက်တီ၏ အပြောင်ရှင်းနေခြင်းကို မည်သို့မှ ခုခံကာကွယ်နိုင်စွမ်းမရှိနိုင်ပေ။
ကြည့်ရှုနေသူများက ထိတ်လန့်အံ့အားသင့်နေကြသလို စိတ်လှုပ်ရှားမှုလည်း ရှိနေကြသည်။
"အဝတ်ချွတ်နတ်ဆိုး ပြန်လာလေပြီ..."
တကယ်ကို သူပင် အဝတ်ပေါင်းများစွာကို ချွတ်ပစ်ခဲ့သော ဝှိုက်တီပင် ရင်းနီးနေသောအငွေ့အသက် ရင်းနီးနေသောလှုပ်ရှားမှုများနှင့် ရင်းနီးကျွမ်းဝင်နေသော ကြီးမားလှသည့် ရုပ်သေးရုပ် ...
နန်ကုန်းဝူချယ်က သနားစရာကောင်းလှသော ခွေးလေးတစ်ကောင်ကဲ့သို့ ရိုက်ခံထားရသည့် လော့တန်ချင်းကိုသယ်ကာဆိုင်ထဲသို့ ဝင်လာခဲ့သည်။ထိုသူကို ကြည့်ရသည်မှာ အလွန်ပင် အားနည်းနေလေသည်။သူတို့ ဆိုင်ထဲ ရောက်သည်နှင့် နန်ကုန်းဝူချယ်က ထိုင်ခုံတစ်ခုပေါ်တွင် ခြေထောက်ကား၍ ထိုင်လ်ိုက်သည်။ထို့နောက် သူတိုက်ပွဲကို သေချာစွာကြည့်နေလိုက်သည်။
ဝှိုက်တီ အဝတ်အစားများ မည်ကဲ့သို့ ချွတ်နေသည်အား မြင်လိုက်ရသည့်ခဏ၌ ပျော်ရွှင်မှုကြောင့် ထခုန်လုနီးပါးပင်ဖြစ်သွားသည်။
"ညီအကို ဝှိုက်တီကတော့ တကယ်ကို ပြင်းထန်တဲ့ ရက်စက်တဲ့ သူပဲ ငါနန်ကုန်းဝူချယ်ရဲ့ အထင်ကြီးလေးစားမှုကိုရတာအံ့သြစရာမဟုတ်တော့ဘူး..."
နန်ကုန်းဝူချယ်က ရွှင်မြူးစွာဖြင့် လက်သီးလက်မောင်းတန်း၍ ပြောလိုက်သည်။မည်သူပင် ဖြစ်ပစေ တိုက်ရိုက်သာ အဝတ်ချွတ်ပစ်လိုက်လေသည်။
နောက်ဆုံး၌ နတ်ဘုရားသတ်ဆေဘာက ဝှိုက်တီလက်ထဲ ကျရောက်သွားလေပြီ။ရွှေဓားမြှောင်က ဓားကို စွန့်လွတ်လိုက်ခြင်းကြောင့်လည်းဖြစ်ပေသည်။သူက ဝှိုက်တီလက်ထဲမှ သူကိုယ်သူ ကယ်တင်ရန်အတွက် နတ်ဘုရားသတ်ဆေဘာကို စွန့်လွတ်ရန်သာ ရွေးချယ်လိုက်ရသည်။
သို့သော်လည်း ၎င်းက နောက်ကျသွားပေပြီ။သူ့၏ ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာက ပြောင်သလင်းခါနေပြီး ရွှေရောင်ဘောင်းဘီတစ်ထည်သာ ကျန် ရှိနေတော့သည်။ထိုဘောင်းဘီက အလွန်ပင် ကောင်းမွန်ခိုင်ခံ့သည့် နည်းဖြင့် ပြုလုပ်ထားပုံရလေသည်။ထို့ကြောင့် အလွယ်တကူချွတ်ပစ်၍မရပေ။သူ့၏ ချပ်ဝတ်တန်ဆာကို ဆုံးရှုံးသွားရပြီးနောက် ရွှေဓားမြှောင်၏ အော်ရာများက ပို၍ ပြင်းထန်လာသည်။သူ့၏ အမူအရာကပင် အလွန်အမင်းကြောက်စရာကောင်းနေလေ၏
"နတ်ဘုရားသတ်ဆေဘာက သန့်စင်နယ်မြေထဲက ပိုင်ဆိုင်မှုတစ်ခုပဲ သူ့ရဲ့ စွမ်းအားတွေက တော်ဝင်ခုံရုံးရဲ့ စွမ်းအားလို့ ဆိုနိုင်တယ်...ဒီတော့ လက်နက်ကို အလွယ်တကူ ယူဆောင်သွားဖို့ဆ်ိုတာ မဖြစ်နိုင်ဘူး...တော်ဝင်ခုံရုံးက ပညာရှင်တွေက လက်နက်ရဲ့ စွမ်းအားတွေကို ခြေရာခံပြီးတော့ မင်းကို လာရှာလိမ့်မယ် သူတို့ ကျိန်းသေပေါက် သတ်ပစ်လိမ့်မယ်..."
ရွှေဓားမြှောင်၏ ဝံပုလွေခန္ဓာကိုယ်ကို အထင်းသားမြင်နေရလေပြီ သူ့၏ ဝမ်းဗိုက်အဖြူရောင်မှလွဲ၍ တစ်ကိုယ်လုံးတွင် အနက်ရောင်အမွှေးများ ဖုံးအုပ်နေသည်။
ကြမ်းတမ်းသော အသားအရည်နှင့် မဲမှောင်နေသော အမွှေးများက သူ့ကိုပို၍ ရက်စက်ကြမ်းတမ်းပုံပေါက်နေစေသည်။
"ရွှေဓားမြှောင်က စိတ်ဝိညာဉ်သားရဲတစ်ကောင်ဆိုရင် သူဘယ်လိုလုပ်ပြီးများ စကားပြောနိုင်တာလဲ...အကယ်၍ သူက စိတ်ဝိညာဉ်သားရဲ မဟုတ်ဘူးဆိုရင်ကောသူက ဝံပုလွေ ခေါင်းကို စွတ်ထားတဲ့လူသားတစ်ယောက်လား..."
ပတ်ဝန်းကျင်တွင်ရှိနေကြသော သူများက ထိုအချက်ကို နားမလည်နိုင်သလို ပုဖန်သည်လည်း ထိုအချက်ကို သိချင်နေမိသည်။ခွေးဘုရင်လို စကားပြောနိုင်သည့် စိတ်ဝိညာဉ် သားရဲတစ်ကောင်ကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
"သူက စိတ်ဝိညာဉ်သားရဲ မဟုတ်ဘူး ဒါ မျိုးနွယ်ကွဲ တစ် ခုပဲ...နဂါးမြို့ဟောင်းတိုက်ကြီးက အဆုံးအစမဲ့ ကျယ်ပြောလှသလို မြောက်များလှစွာသော မျိုးနွယ်ကွဲလည်း နေထိုင်တယ်...လူသားမျိုးနွယ်အပြင် တခြားတခြားသော မျိုးနွယ်ပေါင်းများစွာလည်းရှိနေသေးတယ်...ဒီရွှေဓားမြှောင်က ဝံပုလေံ မျိုးနွယ်ကွဲက ဖြစ်လိမ့်မယ်...သူတို့က လူသားအသိဉာဏ်ကို ပိုင်ဆိုင်ထားပေမယ့် စိတ်ဝိညာဉ် သားရဲ အသွင်အပြင်ပဲရှိတယ်...အစစ်အမှန် စိတ်ဝိညာဉ် သားရဲတွေနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင်တော့ သူတို့က ပိုပြီးအသိအဉာဏ်မြင့်မားတယ် ..."
လော့တန်ချင်းက သွေးများဖုံးလွှမ်းနေသော မျက်ဝန်းများကို ဖြေးညှင်းစွာဖွင့်လိုက်ပြီး ရှင်းပြလိုက်သည်။
ပုဖန်နှင့် တခြားသူများအားလုံးအံ့အားသင့်သွားကြသည်။
"မျိုးနွယ်ကွဲလားစိတ်ဝိညာဉ်သားရဲ မဟုတ်ဘူးပေါ့ ...
"ဆေးနန်းတော်မှ ဒီလ်ိုမျိုးနွယ်ကွဲတွေရဲ့ အကြောင်းပြုစုထားတဲ့ မှတ်တမ်းတွေ ရှိတယ်...အပေါ်ယံမှာတော့ နဂါးမြို့ဟောင်းတိုက်ကြီးကို လူသားတွေက ထိန်းချုပ်ထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ ရှေးဟောင်းမျိုးနွယ်တွေရဲ့ နေရာတွေလည်းရှိနေတယ်...အဲ့ဒီ ရှေးဟောင်းမျိုးနွယ်တွေက သူတို့ရဲ့ ကိုယ်ပိုင်နေရာမှာပဲ နေထိုင်ကြတယ်...အရင်အချိန်တွေတုန်းက မသိနိုင်တဲ့ အကြောင်းတစ်ချို့ကြောင့် သူတို့က နေရာအတွက် တိုက်ခိုက်ခဲ့ကြတယ် ပြီးတော့ သူတို့ကို သူတို့ လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးလို့ နာမည်ပေးခဲ့ကြတယ် ရုံးတော်မှာရှိနေတဲ့ သူအများစုက လူသားတွေ မဟုတ်ကြဘူး...ရှေးဟောင်းမျိုးနွယ်ကသာ အဖွဲ့အစည်းတစ်ခုလုံးကိုဦးဆောင်နေတဲ့ ပညာရှင်တွေပဲ..."
ဆေးနန်းတော်၏ အရှင်သခင်ဖြစ်သော လော့တန်ချင်းက အရင်အချိန်က ဖြစ်ပျက်ခဲ့သမျှကို သိရှိထားပေသည်။ထို့ကြောင့် ဒီနေရာတွင်ရှိနေသော သူများက်ို ရှင်းပြလိုက်သည်။
ပုဖန် ခေါင်းငြိမ့်လိုက်၏။သူ့၏ ပုံစံက တစ်စုံတစ်ရာနားလည်သွားပုံပေါ်လေသည်။
"ဒါကြောင့် ရွှေဓားမြှောင်က သူ့ရဲ့ ပုံစံကို ဖုံးကွယ်ထားတာကို သူရဲ့ ပုံရိပ်အစစ်အမှန်ကို သိသွားမှာကို လ်ိုလားပုံမရဘူး..."
သို့သော်လည်း ယခုအချိန်တွင်တော့ လူအများ၏ ရှေ့မှောက်၌ သူ့၏ သရုပ်မှန်ကို လှစ်ဟပြလိုက်ရလေသည်။လူအများစုကလည်း သူ့ကို ရုပ်ဆိုးသည်ဟု ထင်နေပုံရသည်။
မှန်ပေသည်။ပုဖန်၏မျက်ဝန်းများက ရွှေဓားမြှောင်၏ ခန္ဓာကိုယ်ပေါ်ကျရောက်သွားပြီး သူ့၏ နှလုံးသားထဲတွင် အနည်းငယ် လှုပ်ခါသွားသည်။
"သူက တခြားမျိုးနွယ်ကဆိုတော့ ဘယ်လို ဖြစ်သွားမလဲ အဲ့ဒီ ရွှေရောင်ဝံပုလွေက တခြားမျိုးနွယ်တစ်ခုရဲ့ စားသောက်ခြင်းကို ခံရနိုင်လား..."
ပုဖန် ထိုအချက်ကို ပို၍ စိတ်ဝင်စားလာမိသည်။
"သူတို့ကို စားလို့ ရလား..."
သဘာဝကျကျပြောရမည်ဆိုလျှင် ပုဖန် ထိုအချက်ကိုမသိပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် သူ့၏ ရွှေရောင်ချပ်ဝတ်တန်ဆာကို ဆုံးရှုံးသွားရသော ရွှေဓားမြှောင်က ဒေါသတကြီးဖြင့်ဟိန်းဟောက်လိုက်သည်။
ဝှိုက်တီက သူ့၏ လက်ထဲမှ နတ်ဘုရားသတ်ဆေဘာကို သေချာစွာလေ့လာကြည့်ရှုနေ၏။
အကွာအဝေးတစ်ခုတွင်ရှိနေသော ရွှေဓားမြှောင်ကလည်း သူ့၏ စွမ်းရည်များကို ထုတ်ဖော်၍ ဝှိုက်တီကို ခြိမ်းခြောက်လိုက်သည်။
နတ်ဘုရားသတ်ဆေဘာကို လွယ်လွယ်ကူကူရရှိခဲ့ခြင်းမဟုတ်ပေ။ထို့အပြင် နတ်ဘုရားသတ်ဆေဘာက နတ်ဘုရားသတ်လက်နက်များကြားထဲတွင်ပင် အဆင့်သတ်မှတ်ချက်မြင့်လှသည်။
"မင်း နတ်ဘုရားသတ်ဆေဘာကို ယူသွားမယ်ဆိုရင် တော်ဝင်ခုံရုံးက ပညာရှင်တွေက မင်းကို အမဲ လိုက်သလို လိုက်ပြီး သတ်ပစ်တာကို ခံရလိမ့်မယ်..."
ရွှေဓားမြှောင်က ဝှိုက်တီကို စူးစိုက်ကြည့်လိုက်ရင်း စကားပြောဆို ညှိနှိုင်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဝှိုက်တီက သူ့၏ စကားလုံးများကို ဂရုမစိုက်ပေ။ဆေဘာဓားကို သေချာစွာ စစ်ဆေးပြီးနောက် သူခေါင်းမော့လိုက်သည်။
ရွှေဓားမြှောင်၏နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ဝှိုက်တီက သူ့၏စကားကို နားထောင်ပြီးနောက် ဆေဘာဓားကို ပြန်ပေးမည်ဟု ထင်လိုက်သည်။
သို့သော်လည်း သူ့၏အပြုံးများက တောင့်တင်းအေးခဲသွားသည်။
"အဲ့ဒါကို ပြန်ပေးမလို့ မဟုတ်ဘူးလား...သူက ဘယ်လောက်များ အရူးဆန်နေရတာလဲ..."
ရွှေဓားမြှောင်တွင်သာမက ကြည့်နေသူအပေါင်းပါ အံ့အားသင့်သွားကြသည်။အဘယ်ကြောင့်ဆိုသော် ဝှိုက်တီက သူတို့ရှေ့မှောက်မှာတင် ဆေဘာဓားကို လေထဲသို့ မြောက်တင်လိုက်သည်။
လေဟာနယ်တွင် ဆေဘာဓားမှ အလင်းရောင်ထွက်ပေါ်လာသည်။ထိုခဏမှာပင် ဝှိုက်တီ၏ ဝမ်းဗိုက်က စတင်လည်ပတ်လာပြီး တွင်းနက်ကြီးပေါ်လာပြန်သည်။
ရွှေဓားမြှောင်၏ အံ့အားသင့်မှင်သက်နေသော အကြည့်များအောက်မှာပင် ဝှိုက်တီက နတ်ဘုရားသတ်ဆေဘာကို သူ့၏ ဝမ်းဗိုက်အတွင်းသို့ စုပ်သွင်းလိုက်လေသည်။
ဂျွမ်း...ဂျွမ်း...
ဝါးစားရာမှ ထွက်ပေါ်လာသော တုန်ခါသံများက လေထုထဲ ပြန့်နှံ့သွားသည်။နတ်ဘုရားသတ်ဆေဘာက စုပ်ယူ ဝါးမျိုခံလိုက်ရပြီးနောက် ပိုင်းပိုင်းကျိုးပဲ့သွားပြန်သည်။
"အဲ့ဒါက ဝှိုက်တီက နတ်ဘုရားသတ်ဆေဘာကို စားလိုက်တာလား ..."
အားလုံး၏ မျက်နာပေါ်တွင် ထူးဆန်းသည့် အမူအရာများဖြစ်ပေါ်နေသည်။ဘေးတစ်ဖက်တွင်ရပ်နေသော ရွှေသံချပ်ကာအစောင့်ကလည်း ထိတ်လန့်အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။
"ဒီကမ္ဘာကြီးက ဘယ်လိုတွေ ဖြစ်ပျက်နေရတာလဲ ကာကွယ်သူရဲ့ နတ်ဘုရားသတ်လက်နက်က အစားခံလိုက်ရတာလား...အဲ့ဒါက နတ်ဘုရားသတ်လက်နက်လေ..."
&ဘုရားရေ ကမ္ဘာ့စည်းမျဉ်းတွေကို ဘယ်သူကများ ဆန့်ကျင်ရဲတာလဲ... အဲ့ဒါက နတ်ဘုရားသတ်လက်နက်ကိုတောင် စားရဲတယ်တဲ့လား..."
လက်နက်၏ ပိုင်ရှင်ဖြစ်သော ရွှေဓားမြှောင်၏ ပြူးကျယ်နေကာ ပါးစပ်က ပန်းကန်ပြားတစ်ချပ်စာလောက် ပွင့်ဟနေလေသည်။ဝှိုက်တီ၏ ဝမ်းဗိုက်အတွင်း တဖြေးဖြေးဝင်ရောက်ပျောက်ကွယ်သွားသော ဆေဘာကို ကြောင်အစွာကြည့်နေမိသည်။
နောက်ခဏအတွင်းတွင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်တော့မလို တုန်ခါလာလေသည်။
"အား...နတ်ဘုရားသတ်ဆေဘာ ငါရဲ့ နတ်ဘုရားသတ်ဆေဘာလက်နက် ငါတို့ ဘာလို့ အကျိုးသင့်အကြောင်းသင့်စကားမပြောရတာလဲ ဘာလို့ အေးအေးဆေးဆေးမဆွေးနွေးကြတာလဲ..."
ရွှေဓားမြှောင် ရူးသွပ်သွားတော့မလိုပင် ခံစားနေရသည်။လက်ရှိအချိန်တွင် ငရဲကမ္ဘာသက်ရှိများကို ရင်ဆိုင်ရန်အတွက် နတ်ဘုရားသတ်ဆေဘာကို မှီခိုအားထားနေရခြင်းဖြစ်သည်။
ယခုမူ ငရဲကမ္ဘာသက်ရှိများနှင့် ရင်ဆိုင်ဖို့မဆိုထားနှင့် သူ့၏နတ်ဘုရားသတ်လက်နက်ပင် သံလုံးကောင်၏ စားသောက်ခြင်းကို ခံလိုက်ရသည်။၎င်းက သူ့၏မျက်နာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။
"ဒါက လုံးဝ သည်းမခံနိုင်စရာပဲ..."