အခန်း၁၃၀
Viewers 12k

Chapter 130



"ဒီဇာ့ခ်တွေက ကြောက်စရာကောင်းပေမယ့် သူတို့ကို ဘာမှသွားမစရင်ကြောက်စရာ မလိုပါဘူး"


လင်းယောင်ယောင်: "ကျွန်မ မကြောက်ပါဘူး"


ဒီပါဝင်ပစ္စည်းတွေကို နေ့တိုင်းကြည့်နေတဲ့ စားဖိုမှူးက ကြောက်နေမှာလဲ…


ထိုအခါ ဗိုလ်မှူး လီက သူမသည် မာနခပ်ကြီးကြီးဖြစ်နိုင်သည်ဟုတွေးကာ အပိုစကား မပြောတော့ပေ။ 


ဂူထဲတွင် အကောက်9ခုနှင့် လမ်းခွပေါင်း 18ခုရှိသည်။  များမကြာမီတွင်၊ ဇာ့ခ်အမျိုးအစားအားလုံး မတွေ့ရတော့ဘဲ ဂူတစ်ခုလုံးနီးပါးကို ဖုံးလွှမ်းနေသည့် နှင်းဖြူရောင် ဇာ့ခ်ပိုးမျှင်များသာ တွေ့ရတော့သည်။ ဤပိုးများပေါ်တွင် ရိက္ခာများအဖြစ် ဆွဲယူလာသော သားလောင်း ဇာ့ခ်အနည်းငယ်ကိုလည်း တွေ့ခဲ့ရသည်။ ပိုးချည်မျှင်စွန်းများသည် နို့နှစ်ရောင် အမှုန်အမွှားလေးများ ထွက်နေသည်။ ထိုသေးငယ်သော အမှုန်အမွှားများသည် မြေပြင်ပေါ်တွင် လူးလှိမ့်လာသောအခါ၊ အရွယ်အစားမှာ 3စင်တီမီတာ မှ 50 စင်တီမီတာရှိ ခရင်မ်ဝါရောင် ဇာ့ခ်ဥများ ဖြစ်လာသည်။  ဥများနှင့် 3ကိုက်ခန့်အကွာတွင် ဥခွံများကို စားသုံးပြီး တွားသွား၍ထွက်လာသော မွေးကင်းစဇာ့ခ်များကို တွေ့ရသည်။ ယေဘူယျအားဖြင့် ပိုးမျှင်မှကျလာသော ဥများသည် အမျိုးအစားအားလုံး တူညီကြသည်။


ထိုစဉ် လင်းယောင်ယောင်မှာ သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။  သူမသည် အလွန်အာဟာရပြည့်ပြီး အရသာရှိသော ဇာ့ခ်ဥများကို စုဆောင်းချင်မိသည်။ ဤဇာ့ခ်ဥများသည် မြေဆီလွှာစားသော သားလောင်းများထက် သေချာပေါက် ပိုအရသာရှိသည်။မကြာမီ သူတို့သည် ကီလိုမီတာ အချင်းရှိသော ဂူကြီးကို ဝင်သွားရာ သေးငယ်ပြီး ပေါက်စလေးဖြစ်နေသော လင်းယွင် နှင့် အသားတောင်ပုံသဏ္ဍာန်ရှိသော မက်မွန်သီးရောင် ဇာ့ခ်ဘုရင်မသည် သူမ ရှေ့တွင် ပေါ်လာသည်။


 "ဝိုး၊ ဒါတွေအားလုံးက အသားတွေချည်းပဲ…နူးညံ့လိုက်တာ…အရမ်းအရသာရှိမှာပဲ"


အပြင်ဘက်မှ သံချပ်ကာယာဉ်တစ်စီး ရွေ့လျားလာသည်ကို ကြားလိုက်ရသောအခါတွင် သူ့လက်အောက် ငယ်သားတစ်ဦးသည် သူ့အခြေအနေကို မေးမြန်းရန် ထပ်မံဝင်ရောက်လာသည်ဟု လင်းရွှမ် တွေးလိုက်မိသည်။ ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲအရှိန်အောက်တွင် သူသည် လင်းယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဇာ့ခ်ပိုးမျှင်အချို့ကို ပြင်းထန်စွာ ဖြတ်တောက်လိုက်သည်။ သူ့ကို ပြန်ခေါ်မည့် တပည့်မိုက်ကလေးကို အော်ငေါက်ချင်သော်လည်း  ရင်းနှီးသည့်အသံတစ်ခုကို ကြားလိုက်ရ၏။ ခဏတာ တောင့်ခံထားဖို့ ကြိုးစားခဲ့သည့် သူ၏နှလုံးသားမှာ နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားခဲ့၏။ ကံကောင်းစွာ၊ သူမအဆင်ပြေခဲ့သည်။ သို့သော် မကြာမီ သူ ဒေါသထွက်လာရသည်။


 "လင်းယောင်ယောင်၊ မင်းဒီမှာ ဘာလာလုပ်တာလဲ...သေချင်လို့လား..ထွက်သွား"


လင်းယောင်ယောင် သည် ချက်ချင်းပင် လင်းပို ကလေးကို အပြေးမောင်းနှင်လိုက်သဖြင့် ကားရားကားရားနှင့် ပြေးလာသည်။


 "မသွားဘူး… ဒီ ဇာ့ခ်ဘုရင်မက အရမ်းအရသာရှိမှာပဲ…ဒီမှာလည်း ဇာ့ခ်ဥတွေနဲ့ သားလောင်းတွေ အများကြီးရှိသေးတယ်... ဘုရားရေ…ငါအကုန်လုံးကို ပြန်ယူသွားရမှာပေါ့...ငါ အရမ်းစားချင် နေတာ"


လင်းယောင်ယောင် နောက်လိုက်လာနေသော ဗိုလ်မှူးလီ  "..."


ဤမိန်းကလေးသည်... ဇာ့ခ်ဘုရင်မထက် ပိုကြောက်စရာကောင်းမှန်း သူ ရုတ်တရက် သိလိုက်ရ၏။ ကြောက်စရာကောင်းလှသော ဇာ့ခ်ဘုရင်မကိုမြင်သည့်အခါ သူမ၏ ပထမဆုံးတုံ့ပြန်မှုက "အရမ်းစားချင်တယ်" ဟူ၍ဖြစ်လေသည်။


လင်းရွှမ် သည် ဒေါသထွက်လာကာဤ ဇာ့ခ်ဘုရင်မ၏ အလေ့အထကို စိတ်ရှည်စွာ ရှင်းပြသည်။


လင်းယောင်ယောင် ကမူ "အရမ်းကောင်းတယ်…အဲဒါကို မွေးလိုက်ရင် ညီမလေးတို့ စားဖို့ မလုံလောက်ဘူးလား... စားစရာ အများကြီး ပေါလာမယ် ထင်တယ်"


 SSS အဆင့် ဇာ့ခ်ဘုရင်မသည် လူသားစကားပြောဆိုမှုများကို နားမလည်နိုင်ပေ။သို့သော်၊ ပတ်ဝန်းကျင်က လူများ၏ ခံစားချက်တွေကို အာရုံခံနိုင်သည်။ဥပမာအားဖြင့်၊ လင်းရွှမ် ၏ စိတ်ထဲတွင် သူမကို သတ်ပစ်ချင်နေလေသည်။ နောက်ဘက်ရှိ လူသားပိုးကောင်အသစ်မှာလည်း တူညီသော အယူအဆရှိသော်လည်း သူ့ရှေ့ရှိ လူသားမလေးသည် စားမည်ဆိုတာကိုပင် ပြောနေတော့သည်။


 ရုတ်တရက် မက်မွန်သီးရောင် ဇာ့ခ်ဘုရင်မက 


'ဝိုး၊ ငါ့လူယုံကို တွေ့ပြီ…ဒီလူက ငါ့ကို နားလည်ပါလား...ဇာ့ခ်တွေဆိုတာ စားဖို့မွေးလာတာပဲ'


ဇာ့ခ်ဘုရင်မသည် လင်းယောင်ယောင် ထံသို့ စိတ်စွမ်းအားလှိုင်းများ ချက်ချင်း ပေးပို့ခဲ့သည်။  သူ့အသံက အနည်းငယ် နူးညံ့နေသလို ယောက်ျားသံလည်း မဟုတ်သလို၊ မိန်းမသံလည်းမဟုတ်ပေ။


 "ဟေး မင်းလည်း စားရတာ ကြိုက်လား…မင်းက ဘာကို အကြိုက်ဆုံးလဲ"


လင်းယောင်ယောင် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ 


 'ဒါက... ဇာ့ခ်ဘုရင်မရဲ့ စိတ်လှိုင်းဖြစ်ပုံရတယ်'


သို့သော် သူမသည် ဇာ့ခ်ဘုရင်မ၏ ဝိညာဉ်စွမ်းအားဖြင့် လှည့်စားခံရရ ဖြင့်  အတွေးများကို ထိန်းမနိုင်တော့ဘဲ မသိစိတ်က ပြန်ဖြေလိုက်မိသည်။


 "ငါ မင်းကို စားချင်နေတာ... မင်းက အရသာ ရှိမယ့်ပုံပဲ..."


ဖြေပြီးနောက်မှ ဤအဖြေသည် မမျှော်လင့်ထားသည့် အဖြေ‌ဖြစ်ကြောင်း သဘောပေါက်သွား၍ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးအတွက် ချက်ချင်းပြင်ဆင်ခဲ့သည်။ ဤနည်းအားဖြင့် ဇာ့ခ်ဘုရင်မ၏ စိတ်လှိုင်းများသည် သူမအား ဇဝေဇဝါဖြစ်စေမည် မဟုတ်တော့သလို၊လှုံ့ဆော်ပေးနိုင်စွမ်းလည်း မရှိတော့ပေ။


ထို့နောက်လည်း ဇာ့ခ်ဘုရင်မထံမှ နောက်ထပ် စိတ်လှိုင်းတစ်ခု ပို့လာသည်။


"တစ်ကယ်လား…တိုက်ဆိုင်လိုက်တာ… ငါကိုယ့်ငါလည်း စားရတာ ကြိုက်တယ်…ဒါပေမယ့် ငါ့အသားကိုပဲ စားရင် ဆက်မကြီးထွားနိုင်တော့တာ သနားစရာပဲ…ငါကိုယ်တိုင်ကလွဲရင် ငါမွေးတဲ့ ဇာ့ခ်ဥတွေကိုတောင် စားကြည့်တာလေ အရမ်းအရသာရှိတယ်… ဇာ့ခ်သားပေါက်တွေနဲ့ ဇာ့ခ် သားပေါက်ကြီးတွေကလည်း အရမ်းကောင်း… မင်းတို့ လူသားပိုးကောင်လေးတွေရဲ့အသားနဲ့အသွေးကလည်း အရမ်းကောင်းတယ်လို့ ပြောလို့ရပါတယ်… ဒါပေမယ့် ငါ့သားလေးတွေက သူတို့ဘာသူတို့ပဲ စားပြီး ငါ့ကိုကျတော့ လူသားလေးတွေ မယူလာပေးဘူး…ဒါဆို မင်းကို ငါ့အသားနည်းနည်းပေးရင် ငါ့အတွက် မင်းရဲ့အသားကို ပေးနိုင်မလား"


 မက်မွန်ရောင် ဇာ့ခ်ဘုရင်မသည် သူ့စကားက တရားမျှတသည်ဟု ခံစားမိသည်။ သေးငယ်သည့် လူသား‌လေးများသည် အုပ်စုတစ်ခုတည်းလည်း ဖြစ်ပုံရသည်။ ထိုအထဲမှာ ပထမအစောဆုံးရောက်လာသူက အထူးခက်ခဲသဖြင့် သူ့ကို အသားပေးဖို့ မဖြစ်နိုင်ချေ။ သို့သော်၊လူသားမလေးသည် သူနှင့် တူညီသော ဝါသနာရှိသည်။ထို့ကြောင့် သူမနှင့် ဆက်သွယ်ခြင်းက ပိုမိုလွယ်ကူသင့်သည်။


လင်းယောင်ယောင်: "..."


 'မင်းကို အရမ်းစားချင်ပေမယ့် ငါ့ကိုငါတော့ မစားချင်ဘူး'


ဇာ့ခ်ဘုရင်မကို သတ်ရန် လာမည့် လင်းယောင်ယောင် သည် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။  သို့သော်၊ ဤကမ္ဘာသည် သန်မာသူများက အားနည်းသူများကို စားကြမည့်ကမ္ဘာဖြစ်၏။ တစ်ကယ်တော့ ဇာ့ခ် ဘုရင်မက သူတို့ကို စားချင်နေခြင်းကလည်း အပြစ်မရှိပေ။ သူတို့၏ အမြင်တွင် လူသားများသည် အစာဖြစ်သည်။  ဆန့်ကျင်ဘက်အနေနှင့်၊ လူသားများသည် ဇာ့ခ်များကို စားချင်လာကြခြင်းမှာလည်း မမှားပေ။


ဇာ့ခ်ဘုရင်မသည် လူသားများ၏ အသွေးအသားကို မြည်းစမ်းကြည့်ပြီးနောက် အမှန်တစ်ကယ် ငြင်းဆန်၍ မရနိုင်သော အရသာတစ်မျိုးဖြစ်ကြောင်း ခံစားမိပါက၊ လင်းရွှမ် နှင့်တခြားသူများအပေါ် ဤမျှ အလိုက်အထိုက်ဆက်ဆံနေမှာမဟုတ်ပေ။ ထို့ကြောင့်၊ သူမ စောစောလာခဲ့၍ ကံကောင်းသွားသည်။သို့မဟုတ်ပါက၊ ဇာ့ခ်ဘုရင်မသည် ယိလန် တစ်ခုလုံးနီးပါး စားခဲ့မည်ဆိုလျှင် သူ၏ ခွန်အားမှာ ကြောက်စရာကောင်းပြီး ယခုလို တုံးအ,နေမှာမဟုတ်တော့။

 

 "မရဘူး၊ ငါက နာကျင်ရမှာ အရမ်းကြောက်တယ်... ငါ့အသွေးအသားတွေကို မင်းကို မပေးနိုင်ဘူး"


ဇာ့ခ်ဘုရင်မက ချက်ချင်း သဘောတူလိုက်သည်။


  "တိုက်ဆိုင်လိုက်တာ... ငါ လည်း နာကျင်ရမှာ အရမ်းကြောက်တယ်...ဒါကြောင့် ငါ့ဆီက အမြဲတမ်း အသားကို လာလာလှီးတဲ့ လူသား ပိုးကောင်လေးကို စားရမယ်"


ဇာ့ခ်ဘုရင်မဆိုလိုသည်မှာ လင်းရွှမ် ဖြစ်သည်။


လင်းယောင်ယောင် နှင့် မက်မွန်သီးရောင် ဇာ့ခ်ဘုရင်မတို့ကြား အတွေးအမြင်ဖလှယ်မှုသည် စက္ကန့်အနည်းငယ်သာ ကြာသည်။သူမက ဘာမှ မပြောလာသဖြင့် ဇာ့ခ်ဘုရင်မနှင့် စကားစမြည်ပြောနေခြင်း ဖြစ်ကြောင်း လင်းရွှမ် သဘောပေါက်လိုက်သဖြင့် ဒေါသတကြီးနှင့် ပြောလိုက်သည်။


 "ငါ မင်းကို သွားဖို့ ပြောနေတယ်မလား.. လီနန် သူမကို ခေါ်သွားလိုက်"


 ထိုနေရာရှိ ဇာ့ခ်ဘုရင်မသည် ချက်ချင်းပင် ဒေါသနှင့် ပြည့်နှက်သွားပြီး "ဒီလူက မင်းရဲ့အဖော်မဟုတ်လား…သူဘာလို့ မင်းကို အရမ်းရက်စက်ရတာလဲ… စိတ်ညစ်စရာကြီး"


လင်းယောင်ယောင် သည် ယခုလောလောဆယ် လင်းရွှမ်ကို ဘယ်လို ရှင်းပြရမှန်း မသိတော့ပေ။ သူမ အပြင်ထွက်ဖို့မဖြစ်နိုင်သေးသော်လည်း သူမနှင့်အတူ သူလည်းအပြင်ထွက်ရမှာဖြစ်သည်။ ထိုမှသာ ဤ ဇာ့ခ်ဘုရင်မအား မပင်ပန်းဘဲ မည်သို့ကိုင်တွယ်ရန် ဆွေးနွေးနိုင်မည်ဖြစ်သည်။


ယခုမူ ဇာ့ခ်ဘုရင်မသည် အလွန်စိတ်ဆိုးနေသည်။ သို့သော်လည်း သူမ ပေးလာမည့် အကြောင်းပြချက်တစ်ခုကို စောင့်မနေဘဲ ဗိုလ်မှူးလီ သည် လင်းရွှမ်၏ အမိန့်ကို နားထောင်ခဲ့သည်။  သူက ချက်ချင်း သူမကို ဆွဲခေါ်ဖို့ ပြင်လိုက်၏။


ဇာ့ခ်ဘုရင်မသည် လင်းယောင်ယောင် နှင့်အတူ ဝင်လာသော လူသားပိုးကောင်သည် အဘယ်ကြောင့် သူမအား စတင်တိုက်ခိုက်လာမှန်း မသိသော်လည်း ထိုလူသားကို သတ်ဖြတ်လိုစိတ်အပြည့်ရှိနေလေသည်။ထို့နောက် ဇာ့ခ်ပိုးမျှင်ကို ဆန့်ထုတ်ကာ လီနန်၏ မက်ခါကို ဆွဲယူပစ်လိုက်သည်။


 "မင်းတို့ လူ့လောကကြီးက သိပ်ကိုရှုပ်ထွေးလွန်းတယ်..မင်းသူ့ကို မကြိုက်ရင် သူ့ကို တစ်ခုခုလုပ်လိုက်တော့လေ...ဒီမှာ ငါ သူ့ကို ကူပြီးဖမ်းပေးထားတယ်"


လင်းယောင်ယောင် စိတ်ထဲမှာ အတော်လေး ချစ်ခင်စိတ်များဖြစ်လာ၏။ 

 

 '... မင်းက အရမ်း နူးညံ့ပြီး ချစ်ဖို့ကောင်းနေရင်တောင် ငါ မင်းကို စားချင်မိတယ်'


 ဧရာမဇာ့ခ်ဘုရင်မကြီး၏ မျက်နှာပေါ်ရှိ ပန်းရောင်ဧရိယာသည် ရုတ်တရက် အလွန်ကျယ်ပြန့်လာသည်။ ကြည့်ရတာ သူရှက်နေပုံပင်။


  "ငါ့ကို ချစ်စရာ ကောင်းတယ်လို့ ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ် ..မင်းကလဲ ချစ်စရာကောင်းပါတယ်…ငါလည်း မင်းကို စားချင်တယ်၊ ဒါပေမယ့် အခု မင်းကို စားဖို့ နည်းနည်းတော့ ဝန်လေးနေတယ်…တော်ကြာ မင်းကို စားလိုက်ရင် ငါ့ကို ချစ်ဖို့ကောင်းတယ်လို့ ပြောမယ့်သူ မရှိဘဲ နေလိမ့်မယ်… ငါ့သားလေးတွေက အရမ်းတော်ပေမယ့် ငါနဲ့စကားပြောဖော်ကို မရဘူး'




xxxxx