Chapter(79)
Viewers 12k

အခန်း(၇၉) သူဌေးကြီးနှင့်အစားထိုးခံ။


လင်ခုံးလုမှာသိသိသာသာကို မျက်လုံးထောင့်များတွန့်သွားရပြီး တမင်မေးလိုက်မိသည်။

"မင်း..ဒီရက်ပိုင်းလက်ဖက်ရည်သောက်တာများသွားတာလား။"


သူကုစစ်ကိုတိုက်ရိုက်မကြည့်နိုင်။ အရင်ဘဝကနှင့်တော်တော်လေးမတူပေ၊ စိတ်ဝိညာဥ်အပိုင်းအစတွေပျောက်သွားပြီးနောက်မှာ သူ့စိတ်ကပါပျောက်ဆုံးသွားတာများလား။


ဒါကိုတွေးမိရင်း လင်ခုံးလုရုတ်တရက်စိတ်ပူသွားရကာ အလိုလိုမျက်မှောင်ကြုတ်မိသည်။


0687: သူဘာလို့နှလုံးသားမဲ့ရတာလဲ။ သူအနီးမှုန်နေမှန်းသိသာနေတာကြီးကို၊ အရင်ဘဝတုန်းကသူလက်ဖက်ရည်အနုပညာလေ့လာခဲ့တာဖြစ်မယ်ထင်။


သူမျက်မှောင်ကြုတ်သွားတာကိုမြင်လိုက်ရတော့ ကုစစ်၏ကျီးပမာနက်မှောင်သောမျက်တောင်များမှာတုန်ရီသွားပြီး မျက်လွှာချကာ ခပ်တိုးတိုးပြောလိုက်မိသည်။

"ဥက္ကဌလုကကျွန်တော်ပြောတာကိုအမြဲမယုံကြည်ဘူးပေါ့?"


လင်ခုံးလု၏မသိစိတ်နှိုးဆွခံလိုက်ရပြီး ဒီအခိုက်အတန့်မှာသူ့မျက်နှာထားကကျိုးပဲ့လွယ်ကာသနားစရာကောင်းသည်ဟု တမေ့တမောခံစားလိုက်ရပြီး သူမနေနိုင်ဘဲနှလုံးသားနူးညံ့ပျော့ပြောင်းသွားရကာ.....အဟမ်း၊ တော်တော့!


"မင်း မင်းစကားကောင်းကောင်းပြောလေ။" အာဏာရှင်ဥက္ကဌမှာမတောင့်ခံနိုင်တော့ဘဲ သူ့နှဖူးပေါ်ကမရှိသည့်ချွေးကိုသုတ်လိုက်မိသည်။


သူ့ကိုဒီလိုမြင်လိုက်ရတော့ ကုစစ်နောက်ဆုံးမှာမအောင့်ထားနိုင်တော့ဘဲ သူ့မျက်လုံးမှာအပြုံးတစ်ပွင့်ဖြစ်ပေါ်သွားရပုံမှာ ကြယ်ပွင့်များပမာ။


လင်ခုံးလုတစ်အောင့်ကြာမိန်းမောသွားရပေမဲ့ တစ်ဖတ်လူကဒါကိုမြင်လိုက်ရသော် ရုတ်ခြည်းအပြုံးကိုပြန်သိမ်းကာ ခပ်တိုးတိုးဆက်မေးလိုက်သည်။

"ကျွန်တော်ပြုံးလိုက်ရင်သူနဲ့မတူတော့ဘူးမလား။"


လင်ခုံးလု: "...." သူပါးစပ်ဟလိုက်တဲ့အခိုက်အတန့်မှာ တစစီဖြစ်သွားရော၊ သုံးစက္ကန့်လောက်ပဲချောတယ်ရော်။


သူနှုတ်ဆိတ်နေတာကိုမြင်လိုက်ရတော့ ကုစစ်အံကြိတ်ကာပြောလိုက်သည်။

"ကျွန်တော်ကဥက္ကဌယွီနဲ့ဆင်တယ်ထင်လို့ ခင်ဗျားကျွန်တော်နဲ့အတူရှိတယ်လို့ ကျွန်တော်လက်ထောက်စုန့်ဆီကကြားခဲ့တယ်။"


ဘေးအခန်းကရှောင်စုန့်: "?" ဘယ်တုန်းကလဲ၊ သူမပြောခဲ့မိပါဘူးနော်။


လင်ခုံးလုလည်းကူကယ်ရာမဲ့သွားရသည်၊ ရှောင်စုန့်ကဒါကိုဘယ်လိုလုပ်ပြောမှာလဲ၊ ရှောင်စုန့်မှမသိတဲ့ဟာ။ ကုစစ်ကအရင်ဘဝကမှတ်ဉာဏ်လွှမ်းမိုးတာခံလိုက်ရပြီးတော့ ရှောင်စုန့်ကိုအပြစ်ပုံချလိုက်တာမှန်းရှင်းနေတာကြီးကို။


သူချောင်းအသာဟမ့်ကာ "မဟုတ်ဘူး"ဟုပြောဖို့ပြင်လိုက်ပေမဲ့ ကုစစ်ကရုတ်တရက်အနားကပ်လာပြီး သူ့ကိုမျက်လုံးနက်နက်တို့ဖြင့်စိုက်ကြည့်ကာ အက်ရှသောအသံဖြင့်ပြောလာသည်။

"ကျွန်တော်ကသူနဲ့ဆင်တယ်လို့ ဥက္ကဌလုတကယ်ထင်တာလား။"


လင်ခုံးလုအလိုလိုနောက်ဆုတ်လိုက်မိပေမဲ့ မထင်မှတ်ထားစွာဖြင့်အနောက်မှာကတံခါးသာရှိလေသည်။


အတွင်းရေးမှူးလေးကသူ့ကိုတစ်လှမ်းပြီးတစ်လှမ်းဖိကပ်ကာ သူ့ကိုသူ့ကိုယ်နှင့်တံခါးကြားမှာတိုက်ရိုက်ဖိကပ်ထားလျက် ရှင်းလင်းသောဝင်လေထွက်လေကသူ့ကိုတမဟုတ်ချင်းဝန်းရံလိုက်သည်။


လင်ခုံးလုခေါင်းမော့လိုက်တော့ နက်ရှိုင်းသောရေကန်ပမာနက်ရှိုင်းလှသည့်မျက်ဝန်းတစ်စုံနှင့်ဆုံသွားရာ သူလက်သီးတင်းတင်းဆုပ်လိုက်မိပြီး သူ့လက်ဖဝါးများမှာချွေးများဖြင့်စိုရွှဲလာကာ သူ့နှလုံးခုန်သံမှာမနေနိုင်ဘဲ အနညငယ်ပိုမြန်လာရော့သည်။


"မ မထင်ဘူး။" သူ့အသံမှာတင်းကြပ်လျက် သူခဲရာခဲစစ်အကြည့်လွှဲလိုက်ပြီးမှ ခဏတန့်သွားကာထပ်ပေါင်းပြောလိုက်သည်။

"ငါမင်းကိုအစားထိုးအဖြစ်အသုံးမချခဲ့ဘူး။"


"တကယ်လား။" 


ကုစစ်ကနောက်ပြန်မဆုတ်သွားရုံတင်သာမက ခေါင်းငုံ့ကာ အနားပိုကပ်လာပြီး သူ့လက်ချောင်းထိပ်များမှာဘယ်တုန်းကမှန်းမသိ သူ၏နူးညံ့သောဆံပင်ကိုထိနေလေပြီးမှ ဖြည်းဖြည်းချင်း သူ့ပါးပြင်နှင့်နားရွက်ဆီ....


လင်ခုံးလုမသိမသာတုန်ရီသွားရကာ အလိုလိုတွန်းထုတ်ချင်ပေမဲ့ ကုစစ်၏နှုတ်ခမ်းကသူ့နားသန်သီးကိုထိတော့မည့်အချိန် သူရုတ်တရက်ရပ်တန့်ကာ အက်ရှရှအသံဖြင့်ဆိုလာသည်။

"ဒါပေမဲ့ခုနကအစည်းအဝေးအခန်းထဲမှရာရှိနေတုန်းက ဥက္ကဌလုကြည့်ရတာသူ့ခေါင်းကိုထိချင်နေတဲ့ပုံပဲနော်...."


လေနွေးနွေးကသူ့နားထဲဝင်လာပြီး အခြားပါးပြင်နှင့်နားရွက်မှာတစ်ဖန်အသာအယာပွတ်သပ်ခံလိုက်ရပြန်ရာ လင်ခုံးလု၏ခြေထောက်များရုတ်ခြည်းပျော့ခွေသွားရသည်။


သေစမ်း၊ ဒီအတွင်းရေးမှူးလေးကနည်းနည်းတော့ကလူမြူဆွယ်တတ်သားဟ။


သူမသိမသာတုန်ခိုက်သွားရကာ တံခါးကိုဖိကပ်ခြင်းအားဖြင့်သာ သူ့ခန္ဓာကိုယ်နှင့်စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ရသည်။ သူ့အသက်ရှုနှုန်းမငြိမ်မသက်ဖြစ်လျက် သူပြောလိုက်သည်။

"ပြောရရင် မင်းမယုံလောက်ပေမဲ့ သူ့ခေါင်းပေါ်မှာတကယ်ကြီးယင်ကောင်တစ်ကောင်နားနေတာ။ ငါလက်လှမ်းပြီးတော့သူ့ကိုကူမောင်းပေးလိုက်တာရယ်..."


"ဒါပေမဲ့ဥက္ကဌလုက ကျွန်တော့်ကိုကျတစ်ခါမှယင်ကောင်ကူမမောင်းမပေးဖူးဘူးလေ။"

အတွင်းရေးမှူးလေးကသူ့နားထဲတွင်ခပ်တိုးတိုးပြောလာသည်။


လင်ခုံးလု: "......"


တောင်းပန်ပါတယ်၊ သူယင်ကောင်ကိုအပြစ်မပုံချခဲ့လိုက်သင့်ဘူးရော်၊ အဲ့ဒါကလေထုကိုအများကြီးဖျက်ဆီးသွားတော့ ချက်ချင်းကြီးညှို့အားမပြင်းတော့ဘူးရယ်။


"အရင်လွှတ်ပေးစမ်းပါ။" စိတ်ငြိမ်သွားပြီးနောက် လင်ခုံးလုလက်ဆန့်ကာသူ့ကိုတွန်းလိုက်သည်။


ကုစစ်မှာသူ့ကိုနမ်းလုမတတ်ဖြစ်သွားပေမဲ့ လေထုကဖျက်ဆီးခံလိုက်ရသည်။ လင်ခုံးလု၏လေးနက်သောမျက်နှာထားကိုမြင်လိုက်ရတော့ သူ့မှာရွေးချယ်စရာမရှိဘဲ အရင်လက်လျှော့အရှုံးပေးကာ ဒီညပြန်သွားဖို့စိတ်ကူးလိုက်သည်။


လင်ခုံးလုချောင်းအသာဟမ့်ကာ သူ့ကိုပြောလိုက်သည်။

"ဥက္ကဌယွီကိုအရင်သွားတွေ့လိုက်အုံးမယ်။"


ကုစစ်: "....."


"အဆုံးမှာတော့ကျွန်တော်ကသူ့လောက်မကောင်းသေးဘူးပေါ့?"

အတွင်းရေးမှူးလေးကမည်းမှောင်စွာခေါင်းငုံ့လိုက်ပြီး ထို့နောက်အာဏာရှင်ကိုတစ်ဖန်ဖိချကာ မေးမိပြန်သည်။

"သူကဘယ်နေရာမှာကျွန်တော့်ထက်ပိုကောင်းလို့လဲ။ သိသိသာသာကိုခင်ဗျားကျွန်တော်နဲ့အတူရှိတုန်းက...."


သူစကားများလာပြန်သည်ကိုမြင်လိုက်ရတော့ လင်ခုံးလုမျက်လုံးလှိမ့်ကာပြောလိုက်မိသည်။

"မင်းရဲ့စကေးကသောက်ရမ်းဆိုးဝါးလွန်းလို့ ငါသေတော့မတတ်ဖြစ်သွားခဲ့တာ၊ ဒီတော့မင်းအဲ့လိုပြောဖို့ရှက်သင့်တယ်နော်။"


ကုစစ်: "......"


အတွင်းရေးမှူးလေး၏မျက်နှာမှာမည်းကျသွားပြီး အတွင်းရေးမှူးလေးလက်မခံနိုင်ဖြစ်မိသည်၊ တကယ်အဲ့လောက်ဆိုးဝါးတာလား။ သူအကြိမ်တိုင်းကြိုးစားပမ်းစားလုပ်ခဲ့တာသိသာနေတာပဲကို။


ဒီတစ်ခေါက်လင်ခုံးလုသူ့ကိုဥပေက္ခာပြုကာ တံခါးဖွင့်ပြီးအပြင်ထွက်သွားကာ လက်ထောက်စုန့်ကိုမေးလိုက်သည်။

"ဥက္ကဌယွီမထွက်လာသေးဘူးလား။"


ဒါပေမဲ့ဒါကိုကြားလိုက်ရတော့လက်ထောက်စုန့်ကခေါင်းခါကာဆိုလာသည်။

"ဥက္ကဌယွီခုနကပဲထွက်သွားပြီဗျ။"


လင်ခုံးလု: ....မင်းဘာလို့ဒီလောက်အလျင်လိုနေရတာတုန်း? ငါမင်းခေါင်းကိုမထိရသေးဘူးလေ။


ခြုံပြောရရင် ကုစစ်နှောင့်ယှက်တာခံလိုက်ရတော့ ဒီနေ့ကအချိန်အလကားဖြစ်သွားပြီ။


ယွီမင်ရှို့မှာမနှုတ်ဆက်ဘဲထွက်သွားဖို့မတွေးခဲ့ပေမဲ့ သူ့ခေါင်းထဲမှာဘယ်ကမှန်းမသိပေါ်လာသည့်အသံကြောင့်တောင့်တင်းသွားရသည်။


၎င်းကသရဲဟုသူမထင်၊ အဆုံးမှာ ဒီလိုကိစ္စမျိုးကတအားဆန်းကြယ်လွန်းလှသည်ပင်။ ကုမ္ပဏီကထွက်လာပြီးနောက် သူဆေးရုံကိုတန်းသွားကာ စိတ်ရောဂါဆရာဝန်နှင့်တွေ့ပြီး သူ့မှာစိတ်အာရုံခြောက်ခြားမှုနှင့်ခေါင်းကိုက်ခြင်းတို့ရှိသည့်အပြင် တစ်စုံတစ်ယောက်ကသူ့ခေါင်းထဲမှာစကားပြောနေပုံပေါ်သည်ဟုပြောလိုက်သည်။


ထိုအသံမှာလင်ခုံးလု၏ကုမ္ပဏီကထွက်သွားဖို့ဆန္ဒမရှိဘဲ သူ့ကိုတောက်လျှောက်ခြိမ်းခြောက်နေခဲ့ပြီး သူ့ခေါင်းကိုတောက်လျှောက်နာကျင်နေစေပေရာ သူဆေးရုံကိုရောက်သွားချိန် နာကျင်မှုကြောင့်စိတ်အာရုံခြောက်ခြားလုနီးပါးဖြစ်သွားခဲ့ရသည်။


ဆရာဝန်ကသူ့ကိုရောဂါရှာဖွေစစ်ဆေးပေးပြီးနောက် သူ့မှာစိတ်ကစဥ့်ကလျားရောဂါရှိနေသည်ဟုဆိုကာ နာကျင်မှုသက်သာစေသည့်ဆေးအပါအဝင် သောက်ဆေးအများအပြားညွှန်းပေးလိုက်သည်။


သို့သော်လည်း ဆေးသောက်တာကအသုံးမဝင်ဘဲ သူ့ခေါင်းကနာကျင်နေတုန်းပင်ဖြစ်ကာ အသံကအချိန်နှင့်အမျှပြောလာသည်။

"လင်ခုံးလုကိုသွားတွေ့။"


ယွီမင်ရှို့ကူကယ်ရာမဲ့သွားရကာ ရိုးရှင်းစွာထရပ်ပြီးပြောလိုက်ရသည်။

"ရတယ်၊ ဒါပေမဲ့ငါ့ကိုအရင်ဆုံးခေါင်းမကိုက်အောင်မလုပ်နဲ့တော့။"


သူထိုသို့ပြောရင်း အဝတ်အစားသွားလဲကာ အပြင်သွားချင်ယောင်ဆောင်လိုက်ပြီး ထို့နောက်ထူးခြားသောကိစ္စဖြစ်သွားခဲ့သည်၊ ခေါင်းကတကယ်တမဟုတ်ချင်းအကိုက်ရပ်သွားလေတော့သည်။


ယွီမင်ရှို့သက်မမချမိဘဲ တအားကြောက်လွန်းလို့သူ့လက်နှင့်ခြေဖဝါးများအေးစက်လာတော့သည်။


သွားပြီ၊ ဒါကစိတ်ကစဥ့်ကလျားရောဂါမဟုတ်ဘူးပဲ၊ မကောင်းဆိုးဝါးတစ်မျိုးမျိုးတကယ်ဖြစ်နေမှာစိုးတယ်။


အခုတော့အတုအယောင်အပြင်ထွက်ခြင်းမှာတကယ်အစစ်အမှန်ဖြစ်သွားရသည်။ သူအလျင်စလိုဝတ်စားကာ အပြင်ထွက်ပြီး ကားမောင်းထွက်လျက် လမ်းမှာပြောလိုက်သည်။

"မင်းဘာလို့လင်ခုံးလုကိုသွားတွေ့ချင်နေတာလဲ။"


အသံကလုံးဝမပေါ်လာပေ၊ ၎င်းသူ့ကိုအရေးစိုက်လိမ့်မည်မဟုတ်ဟုယွီမင်ရှို့တွေးမိရုံသာရှိသေး တစ်ဖက်လူကရုတ်တရက်ခါးသက်စွာပြောလာသည်။

"ငါသူ့ကိုချစ်တယ်။"


ယွီမင်ရှို့: "....." မင်းကနှာဘူးတစ်ယောက်ဖြစ်မယ်မထင်ထားမိဘူးရယ်။


"ဒါပေမဲ့အခုဆိုသူ့မှာချစ်သူရှိနေပြီလေ။" သူတုံ့ဆိုင်းကာအသိပေးလိုက်မိသည်။ "မင်းအမြဲခေါင်းချင်းတိုက်ချင်နေတဲ့တစ်ယောက်ပေါ့။"


မထင်မှတ်ထားစွာဖြင့် အသံကဒေါသမထွက်ရုံတင်သာမက အနည်းငယ်နူးညံ့သိမ်မွေ့မှုဖြင့်ဆိုလာသည်။

"ရပါတယ်၊ ငါအရေးမစိုက်ဘူး၊ ငါကသူတို့နဲ့ဝင်ဂျွိုင်းချင်ရုံပဲ။"


ယွီမင်ရှို့: .... ဒီနှာဘူးမှာတကယ်အောက်ခြေစည်းမရှိဘူးပဲ။


"ဒါပေမဲ့ ကုစစ်အရေးစိုက်မှာစိုးတယ်။"

သူအသိပေးလိုက်မိပြန်သည်။

"မင်းဒီနေ့ဘာဖြစ်သွားလဲမြင်လိုက်တယ်မလား၊ အဲ့ကောင်ကသူ့ချစ်သူ့ကိုအရမ်းကာကွယ်ပေးနေတာ။"


"အင်း၊ အဲ့လိုပဲဖြစ်သင့်တာ။" အသံကပြုံးနေပုံရကာ အနည်းငယ်စိတ်သက်သာရာရသွားလေသည်။


ယွီမင်ရှို: : "....." ကြောက်စရာပဲ။


"ဒါပေမဲ့သူကလူတွေကို(သရဲတွေကို)စိတ်ရှည်သည်းခံမယ်မထင်ဘူး၊ မင်းဒီနေ့မြင်လိုက်သားပဲ။ ဥက္ကဌလင်အတွက်ဆို သူကနှစ်ပေါင်းများစွာသိလာတဲ့သူငယ်ချင်းကောင်း ငါ့ကိုတောင်ရိုက်ချင်နေတာလေ။"


"ဖြစ်သင့်တယ်။" အသံကလူသတ်ချင်စိတ်အနည်းငယ်ရှိနေသည့်အလား အေးစက်စက်ပြောသည်။

"သူကမင်းသူ(ငါ)နဲ့ရှောင်လုကိုခွဲမှာစိတ်ပူနေရုံပဲ။"


သူ၏အခြားတစ်ဝက်က အရင်ဘဝမှာရှောင်လုကဒီကောင်သတ်တာခံလိုက်ရသည့်အချက်ကိုမမှတ်မိတာသနားစရာပင်၊ မဟုတ်ရင် သူကသူ့လိုမျိုး ဒီကောင်ကိုသတ်ဖို့ကြိုးစားလိမ့်မည်ပင်။


ယွီမင်ရှို့ကသူဘာတွေးနေမှန်းမသိဘဲ ရင်ထဲမှာကျိန်ဆဲနေလေသည်: ဖာ့ခ်၊ ဒီသရဲကောင်ရဲ့ဦးနှောက်ဆားကစ်ကပုံမှန်မဟုတ်ဘူးပဲ။


သူသတ်ဖြတ်လိုစိတ်ကိုတဝိုးတဝါးသတိပြုမိပေမဲ့ သူအရေးမစိုက်ပေ။ သရဲတစ်ကောင်ကတစ်စုံတစ်ယောက်ကိုသတ်ချင်တာပုံမှန်ပဲမဟုတ်ဘူးလား။ သူသူ့ကိုဘာလို့မသတ်သေးလဲဆိုတာကတော့ သိက္ခာတရား ဒါမှမဟုတ် အစွမ်းကင်းမဲ့မှုကြောင့်ဖြစ်လိမ့်မယ်။


ဖြစ်ချင်တော့ သူကလည်းတစ်ဖက်လူကိုလုံးဝသတ်ချင်နေတာ၊ ဒီတော့ဘယ်သူမြန်မြန်လုပ်နိုင်မလဲဆိုတာပေါ်ပဲမူတယ်တယ်။


ယွီမင်ရှို့တိတ်တိတ်လေးရယ်မောကာ သူ့လမ်းကြောင်းကိုတိတ်တခိုးပြောင်းကြီး မေးလိုက်သည်။

"ဒါဆို....မင်းဘာလို့သူ့ခေါင်းကိုတိုက်ချင်တာလဲ။"


အသံကဒီတစ်ခေါက်မဖြေဘဲ တစ်အောင့်ကြာမှမည်းမှောင်စွာဆိုလာသည်။

"မင်းဘာကိုစမ်းသပ်ချင်တာလဲ။ မင်းဘာလို့ဒီအတိုင်းမမေးလိုက်တာလဲ၊ ငါမင်းကိုသတ်မှာလားလို့?"


ယွီမင်ရှို့ချက်ချင်းတိတ်ကျသွားရသည်။


"ပြီးတော့ မင်းဘယ်ကိုမောင်းနေတာလဲ။" အသံကအေးစက်မှုအနည်းငယ်ဖြင့် ပြောလာပြန်သည်။


ယွီမင်ရှို့လှောင်ပြုံးပြုံးကာ ဘာမှမဖုံးကွယ်ဘဲ တည့်တိုးပြောလိုက်သည်။

"ရွှမ်လေ့ဘုရားကျောင်းကိုသွားနေတာလေ၊ ငါမင်းကိုကယ်ပေးမှာပါကွ။"


လင်ခုံးလုညကျအိမ်ပြန်ရောက်လာပြီးနောက် ကုစစ်တစ်ခုခုဖြစ်နေတာကိုသူတွေ့လိုက်ရသည်။


တစ်ဖက်လူကမျက်နှာကိုဆက်တိုက်ဆူပုတ်ထားပြီး လမ်းတစ်လျှောက်လုံးစကားသိပ်မပြောပေ။ သူအိမ်ပြန်ရောက်ချိန်မှာ ပုံမှန်အတိုင်းသူ့အတွက်ချက်ပြုတ်မပေးဘဲ ဟိုတယ်ကိုအော်ဒါမှာကာလာပို့ခိုင်းလိုက်သည်။


စားပြီးနောက် သူကစာကြည့်ခန်းထဲမှာသူ့ကိုယ်သူပိတ်လှောင်ပြန်ကာ သူဘာလေ့လာနေမှန်းမသိပေ၊ သူကထမင်းစားပွဲကိုပင်မရှင်းသွား။


လင်ခုံးလု: ဒီအတွင်းရေးမှူးလေးရဲ့စရိုက်ကတစ်နေ့တစ်ခြားပိုပြီးဆိုးဝါးလာလွန်းလို့ ငါနေသားကျနေပါပြီကွာ။


သူရွေးချယ်စရာမရှိဘဲ သူ့ဘာသာသူရှင်းလင်းကာဆေးကြောလိုက်ပေမဲ့ အိပ်ရာမဝင်ခင်မှာ တစ်ဖက်လူကိုဂရုစိုက်သေးကာ တံခါးခေါက်ပြီး မေးလိုက်သည်။

"မင်းသွားမအိပ်ဘူးလား။"


"ဥက္ကဌယွီ အရင်အိပ်နှင့်ပါ၊ ကျွန်တော့်မှာလုပ်စရာရှိနေသေးလို့။"

ကုစစ်အသံကအမြန်ထွက်လာပြီး ၎င်းမှာအနည်းငယ်ပျင်းရိနေလျက် တံခါးကိုသူ့အတွက်ဖွင့်ပင်မဖွင့်ပေးပေ။


လင်ခုံးလု: "....." ဆန့်ကျင်ဘက်အနေနဲ့ ငါပြည်သူလူထုစားနပ်ရိက္ခာကိုပိုက်ဆံတောင်မပေးဘူးရယ်။


အိပ်ရာပေါ်လှဲနေရင်း သူဝမ်းနည်းညှိုးငယ်မှုတချို့ဖြင့်တွေးလိုက်မိသည်၊ ဒီအစားထိုးလေးကိုမွေးစားရတဲ့အဓိကအချက်ကဘာလဲ။ ပိုက်ဆံဖြုန်းတာထက်အနှိပ်စက်ဝယ်လိုက်တာပိုကောင်းအုံးမယ်...အဟမ်း၊ ကောင်းပြီးစျေးပေါတဲ့အပြင် အသုံးလဲဝင်တယ်လေ။


သူထိုအကြောင်းတွေးရင်း သူ့အတွေးများရုတ်ခြည်းဝေဝါးလာပြီး အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေမှာ တစ်စုံတစ်ယောက်ကသူ့ကိုပွေ့ဖက်ကာ ညင်သာစွာနမ်းရှိုက်နေသယောင်။ ထို့နောက် အပူချိန်မှာတဖြည်းဖြည်းချင်းမြင့်တက်လာပြီး အရာရာတိုင်းကိုပူလောင်စေလေရာ သူ့လက်မောင်းများကြားထဲမှာရေပေါ်သစ်လုံးသာကိုင်လျက် မငြိမ်မသက်လှိုင်းလုံးများကြားထဲတွင်ရှင်သန်ဖို့ကာရုန်းကန်ရတော့သည်။


နောက်တစ်နေ့ လင်ခုံးလုနိုးလာတော့ နေ့လယ်ရောက်နေပြီပင်။


သူခဲရာခဲဆစ်ထလိုက်ရပြီး ပထမဆုံးလုပ်သည့်အရာမှာ ကုတင်ဘေးကအံဆွဲကိုတူးရှာခြင်းဖြစ်သည်။


ထီးငယ်လေး(ကွန်ဒုံး)တစ်ဗူးလုံးရဲ့ဗူးတစ်ဝက်ပျောက်နေတာကိုသူမြင်လိုက်ရချိန်မှာ သူ့မျက်နှာရုတ်တရက်ချင်းစိမ်းဖန်သွားရသည်။ ကုစစ်ကလူရောဟုတ်သေးရဲ့လား။


ဗူးကိုင်ထားတဲ့လက်အနည်းငယ်တုန်ယင်နေပုံ: jpg


0687: "ဇာတ်လိုက်ရဲ့ဖွဲ့စည်းပုံကအမြဲပိုမြင့်နေတာပဲကို။"


လင်ခုံးလု: "ဒါ ဒါကတော့မြင့်လွန်းသွားပြီ။"


သူအိပ်ရာပေါ်လှဲချကာ အချစ်မပါဘဲပြောလိုက်မိသည်။

"ငါဒီနေ့အလုပ်မသွားတော့ဘူး။"

ခြေထောက်တွေတုန်နေတာမဆန်းပါဘူး။


"ငါမယုံဘူး၊ သူတစ်ခုခုမှားနေတာဖြစ်ရမယ်။"


0687: "......"


ကုစစ်ကမှားလားမှန်လားတော့မသိပေ၊ ဘာပဲဖြစ်ဖြစ် လင်ခုံးလုသူ့ကိုမြင်လိုက်ရချိန်မှာ သူ့အသားအရောင်ကပုံမှန်ဖြစ်ပြီး သူ့ကျောမှာဖြောင့်မတ်လျက် သူကသူ့ကိုရေချိုးခန်းထဲချီသွားနိုင်သေးသည်။


"ငါမယုံဘူး၊ သူဟန်ဆောင်နေတာဖြစ်ရမယ်။" လင်ခုံးလု၏မျက်လုံးမှာနီရဲနေသေးပြီး သူအမုန်းတရားဖြင့်နင်သွားရသည်။


ကုစစ်ကစိတ်အခြေအနေကောင်းနေပုံရကာ သူ့နားထဲတွင်အူမြူးစွာမေးလာသည်။

"ဥက္ကဌလု၊ ဒီတစ်ခေါက်စကေးတိုးတက်လာပြီလား။"


လင်ခုံးလု: "....." မင်းမနေ့ကစာကြည့်ခန်းထဲမှာပုန်းပြီးတော့မျက်နှာမပြခဲ့တာက ဒါတွေကိုလေ့လာဖို့သပ်သပ်ပဲမလား။


တချို့တိုးတက်မှုတော့ရှိတယ်။ အတိအကျပြောရင် အရည်အချင်းတဟုန်ထိုးခုန်တက်လာတာပဲ။


ဒါပေမဲ့လင်ခုံးလုမချီးကျူးချင်တာမို့ ခပ်ဖွဖွနှာမှုတ်ကာ မကြားချင်ယောင်ဆောင်လိုက်သည်။


ကုစစ်သူ့တုံ့ပြန်မှုကတဆင့်အဖြေကိုမြင်ရသဖြင့် သူ့စိတ်အခြေအနေမှာချက်ချင်းပိုမိုကောင်းမွန်လာရော့သည်။


နေ့လယ်ခင်း သူလင်ခုံးလုကိုယ်စားကုမ္ပဏီကိစ္စများကိုကိုင်တွယ်ပေးရန် ကုမ္ပဏီသွားတော့ သူ့မျက်နှာထက်အပြုံးတစ်ပွင့်အလိုလိုရှိနေသဖြင့် လက်ထောက်စုန့်မှာတိတ်တခိုးအာမေဋိတ်သံပြုမိသွားစေသည်:

"အတွင်းရေးမှူးယန်းကအခုဆိုတရားဝင်နေရာရနေပြီပဲ။"


လင်ခုံးလုအစကဒီနေ့လယ်မှာယွီမင်ရှို့ကိုသွားတွေ့ဖို့စီစဥ်ထားပေမဲ့ မထင်မှတ်ထားစွာဖြင့်သူဟာအသုံးမဝင်သောသမင်အဖြစ်မှောက်လှန်ခဲ့ရပေရာ သူထိုစိတ်ကူးကိုယာယီလက်လျှော့လိုက်ရသည်။


ဒါပေမဲ့လည်း သူသွားနိုင်ရင်တောင် သူတစ်ဖက်လူကိုဒီနေ့တွေ့ရမည်မဟုတ်။


ယွီမင်ရှို့ကယွိဟုန်ကုမ္ပဏီမှာမရှိသကဲ့သို့ သူနေထိုင်နေသည့်ဟိုတယ်မှာလည်းမရှိပေ။


သူကရှေးဟောင်းလမ်းကြားထဲကသိသာထင်ရှားသောစတိုးဆိုင်ထဲမှာတင်ပျဥ်ခွေထိုင်နေပြီး သူ့နှဖူးထက်တွင်အဆောင်စာရွက်ဝါကပ်ထားလျက် တစ္ဆေအမဲလိုက်သည့်တောက်ဓမ္မပညာရှင်က နတ်ဘုရားများကိုရွတ်ဖတ်ဆုတောင်းကာကပြနေတာကိုနားထောင်နေလေသည်။


သူရူးနေလို့ ဒီကြီးမြတ်သောအကနတ်ဘုရားဆီရောက်လာတာမဟုတ်ဘဲ သူ့မှာတကယ်အခြားရွေးချယ်စရာမရှိတာကြောင့်ဖြစ်သည်။


သူမနေ့ကရွှမ်လေ့ဘုရားကျောင်းမှာဆရာတော်ကျမ်းဂန်ရွတ်ဖတ်တာကိုတစ်ညလုံးနားထောင်ခဲ့ပြီး ဒီမနက်သူဘေးကယွိချင်းဘုရားကျောင်းကိုလာကာ တောက်ဓမ္မဘုန်းတော်ကြီးများကိုသူ့ပေါ်မှာအဆောင်ကပ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ သူအသံကိုဖယ်ရှားလို့မရခဲ့ပေ။


ထိုတင်မကသေး အသံကလှောင်ရယ်ကာပြန်လည်တိုက်ခိုက်လာပြီး သူ့ကိုအချိန်နှင့်အမျှခေါင်းကိုက်မှုပေးလာသည်။


ပုံမှန်ဘုရားကျောင်းနှင့်တောက်ဓမ္မဘုရားကျောင်းထဲကဆရာများကြောင့်မဟုတ်ရင် သူဒီအစွမ်းထက်ဟန်ရှိသောတစ္ဆေအမဲလိုက်ဆရာကိုလာတွေ့ဖြစ်လိမ့်မည်မဟုတ်။


တစ္ဆေအမဲလိုက်ဆရာကသူ့ရှေ့မှာအပေါ်အောက်ကခုန်နေပြီး တစ်ချိန်လုံးစကားလုံးများရွတ်လျက် အချိန်နှင့်အမျှ သူဟာမဟော်ဂနီဓားကိုကိုင်ဆောင်ကာ အရိုင်းဆန်စွာကခုန်နေပေမဲ့ ထိရောက်မှုကတော့အလွန်နည်းပါးလှပြီး အသံပင်မသိမသာနှာမှုတ်လာပေသည်။


ယွီမင်ရှို့၏စိတ်ရှည်သည်းခံမှုမှာကုန်ဆုံးသွားတော့မည်ပင်၊ ဒီလူကလူလိမ်ဖြစ်လောက်မည်ဟုသူခံစားလိုက်ရသည်။


ဒါပေမဲ့သူထရပ်ကာနှုတ်ဆက်စကားဆိုမည်အပြု၊ ခွေးနက်သွေးတစ်အိုးကသူ့ခေါင်းပေါ်ရုတ်တရက်လောင်းချလာသည်။ ဆရာကလက်ထဲမှာမဟော်ဂနီဓားကိုကိုင်လျက် လေကိုအတင်းလွှဲခုတ်ကာ ဆူငေါက်နေသည်။

"မကောင်းဆိုးဝါးနဲ့တစ္ဆေတွေ မြန်မြန်ထွက်လာလော့!"


"ဟက်!" ငါ့ခေါင်းထဲကအဲ့အသံပဲ။


ယွီမင်ရှို့: "....." သူကစိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာပဲ၊ ငါ့ကိုယ်ငါပဲဆူငေါက်လိုက်ပြီ!


သူလက်မြှောက်ကာအဆောင်စာရွက်ကိုစုတ်ဖြဲပြီး သူ့မျက်နှာပေါ်ကခွေးနက်သွေးကိုသုတ်ကာ မည်းမှောင်သောမျက်နှာဖြင့်အပြင်ထွက်လာလိုက်တော့သည်။


"အယ်၊ နေအုံးလေ၊ ယွီလူကြီးမင်း၊ အခုကအရေးကြီးဆုံးအခိုက်အတန့်ရောက်နေပြီလို့၊ မင်းလှုပ်လို့မရ...မဟုတ်၊ မင်းထွက်သွားလို့မရဘူး၊ မင်းပိုက်ဆံမပေးရဘူးလေဟ!"


"လှိမ့်လိုက်တော့!"


ကားထဲဝင်လိုက်ချိန် အသံကထပ်ပေါ်လာပြန်သည်။

"ငါပြောသားပဲ၊ ကုစစ်ကိုသွားတွေ့ပြီး သူ့ခေါင်းကိုတိုက်လိုက်ပါဆို။"


ယွီမင်ရှို့လှောင်ပြုံးပြုံးကာတွေးလိုက်မိသည်: ဒီလူယုတ်မာကငါ့လက်ကိုငှားပြီးကုစစ်ကိုသတ်ချင်နေတာဖြစ်မယ်၊ ဒါမှသူလင်ခုံးလုနဲ့အတူရှိနိုင်မှာလေ။


"မင်းသူ့ခေါင်းကိုတိုက်ရင် ငါမင်းကိုနောက်ကျဒုက္ခမပေးတော့ဘူး။"


ယွီမင်ရှို့စတီယာရင်ပေါ်ကသူ့လက်ကိုတင်းကြပ်လိုက်မိကာ တည်ငြိမ်စွာပြောလိုက်မိသည်။

"တကယ်လား။"


"သေချာတယ်။" မင်းကိုသတ်ပဲသတ်လိုက်မှာ။


"ပြီးရောလေ၊ ငါမင်းကိုကတိပေးတယ်။" ယွီမင်ရှို့ခေါင်းငြိမ့်လိုက်သည်။


ညနေခင်းတွင် ကုစစ်တမင်သက်သက်အလုပ်စောဆင်းလာပြီး ဗီလာထဲမှာဖယောင်းတိုင်ညစာပြင်ဆင်ကာ သူနှင့်လင်ခုံးလုကြားကဆက်ဆံရေးထဲထင်းအချို့ထပ်ထည့်ပြီး အနိုင်ရထားသောနွေးထွေးမှုကိုတည်ငြိမ်အောင်လုပ်ရန်ကြံရွယ်ထားလိုက်သည်။


ဒါပေမဲ့ သူတို့မျက်နှာချင်းဆိုင်ထိုင်ကာ တစ်ယောက်ကိုတစ်ယောက်ကိုကြည့်ပြီး ခပ်ဖွဖွပြုံးပြလျက် လေထုနွေးထွေးလာရုံသာရှိသေး၊ နားဝင်ဆိုးလှသောတံခါးဘဲလ်တီးသံကရုတ်တရက်မြည်လာသည်။


ကုစစ်၏အသားအရောင်ရုတ်ခြည်းအနည်းငယ်ဆိုးဝါးသွားရကာ သူဓားနှင့်ခက်ရင်းကိုချပြီး ပြောလိုက်သည်။

"ကျွန်တော်တစ်ချက်သွားကြည့်လိုက်မယ်။"


လင်ခုံးလုအမြန်ထရပ်ကာပြောလိုက်သည်။

"ငါလဲလိုက်မယ်။"


သူတို့နှစ်ဦးသားခြံဝင်းဂိတ်တံခါးဆီအတူလျှောက်သွားကာ တံခါးဖွင့်လိုက်တော့ အံ့အားသင့်ကာမျက်မှောင်ကြုတ်နေသည့်ယွီမင်ရှို့နှင့်ဆုံသည်။


ယွီမင်ရှို့၏စိတ်ပိုင်းဆိုင်ရာအခြေအနေမှာသိပ်မကောင်းလှ၊ သူ့မျက်လုံးအောက်မှာအပြာရောင်အလွှာရှိနေပုံမှာ ညတိုင်းမအိပ်ရသည့်အလား။


"မင်းဒီမှာဘာလုပ်နေတာလဲ။" ကုစစ်မျက်မှောင်ကြုတ်လိုက်မိသည်။


သူ၏သိသာလှသောစိတ်မသာယာမှုကိုမြင်လိုက်ရတော့ ယွီမင်ရှို့မှာပင်ပန်းနွမ်းနယ်သောလေသံဖြင့် တောင်းတောင်းပန်ပန်ပြောလိုက်မိသည်။

"ငါပြောရင်မင်းမယုံလောက်ဘူး၊ ငါဒီမှာမင်းတို့ကိုလာခွဲတာမဟုတ်ဘူး၊ ငါဒီမှာမင်းတို့နဲ့လာဂျွိုင်းတာရယ်။"


လင်ခုံးလု: "?!"


ကုစစ်: "......"


သူယွီမင်ရှို့၏အကျီကော်လာကိုရုတ်ခြည်းလှမ်းဆွဲကာ သူ့ကိုအပြင်ဆွဲခေါ်သွားပြီး ရေခဲခဲသွားနိုင်သည့်အသံဖြင့်ပြောလိုက်သည်။

"တစ်နေရာရာမှာသွားပြောကြတာပေါ့။"


______________________