Chapter(80)
Viewers 10k

ကုစစ်၏မျက်လုံးများမှာအေးစက်ပြီး သူ့လက်များအလွန်အမင်းသန်မာနေပုံကား သူဟာယွီမင်ရှို့ကိုအသေရိုက်ပစ်ချင်နေသည့်အလား။


လင်ခုံးလုမှာယွီမင်ရှို့ကိုစိတ်မပူပေမဲ့ အပိုင်းအစလေးဆိုးဝါးစွာအရိုက်ခံရမည်ကိုစိတ်ပူမိသဖြင့် ကုစစ်ကိုအမြန်လှမ်းဆွဲကာပြောမိသည်။

"နေအုံး၊ သူ့ကိုမရိုက်နဲ့။"


"တင်၊ ပစ်မှတ်ရဲ့မကောင်းတဲ့စိတ်တန်ဖိုး ၁ ၃ ၇....."

လူကောင်းလေး၊ မနေ့ကမကောင်းတဲ့စိတ်တန်ဖိုးကိုလျှော့ချဖို့ ထီးငယ်လေးဗူးတစ်ဝက်ကုန်သွားပေမဲ့ အခုတော့ပြန်တက်လာပြီဟ။


ကုစစ်အနောက်လှည့်ကာ သူဆွဲထားသည့်အကျီလက်ကိုငုံ့ကြည့်ပြီး သူ့မျက်လုံးများကမယုံကြည်နိုင်ဖြစ်မှုမှအထီးကျန်ခြင်းအဖြစ်သို့ပြောင်းသွားကာ ခပ်တိုးတိုးမေးမိသည်။

"မင်းသူ့ကိုချစ်လား။"


"အာ?" လင်ခုံးလုကြောင်အမ်းသွားရကာ ခေါင်းအလျင်စလိုခါပြီးငြင်းဆန်လိုက်မိသည်။

"မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး၊ ဒီအတိုင်း သူက..."


အယ်၊ ငါဒါကိုရှင်းပြလိုက်သင့်လား။ ကြည့်ရတာတော့ သူဘယ်လောက်ပဲရှင်းပြရှင်းပြ သူကဆန်ကုန်မြေလေးနဲ့တူနေသလိုပဲ။


ထိုစဥ် ယွီမင်ရှို့ကသူ့အကျီကော်လာကိုအတင်းပြန်ဆွဲကာ မျက်မှောင်ကြုတ်ပြီးဆိုလာသည်။

"နေအုံး၊ ငါရှင်းပြလို့ရတယ်၊ ငါမင်းတို့နဲ့ဝင်ဂျွိုင်းချင်လို့မဟုတ်ဘူး၊ ငါ့ခေါင်းထဲကအသံကငါ့ကိုဝင်ဂျွိုင်းခိုင်းနေတာ၊ သူကဥက္ကဌလင်ကိုကြိုက်တယ်လို့ပြော...."


"ပါးစပ်ပိတ်ထား!" ကုစစ်၊ လင်ခုံးလုနှင့်သူ့ခေါင်းထဲရှိအသံကပြိုင်တူအော်ပြောလာသည်။


ကုစစ်ဆိုတည့်တိုးအနောက်လှည့်ကာ သူ့မျက်နှာကိုလက်သီးနှင့်ထိုးပြီး မည်းမှောင်နေသောမျက်နှာထားဖြင့်ပြောလာသည်။

"ကြည့်ရတာတော့ငါမနေ့ကပြောခဲ့တဲ့စကားကိုမင်းအတည်မယူခဲ့တဲ့ပုံပဲ။"


သူဒါကိုလုပ်ချင်နေတာကြာပြီ၊ ကြည့်ရတာတော့ သူပြန်မွေးဖွားလာပြီးနောက်ပိုင်းမှာ ယွီမင်ရှို့အပေါ်ဖော်ပြမရသောအမုန်းတရားရှိနေတဲ့ပုံပဲ။


ဒါပေမဲ့ယွီမင်ရှို့ပြောလာသည့်အသံမှာ ကုစစ်၏ပျောက်သွားသောစိတ်ဝိညာဥ်အပိုင်းအစဖြစ်ကြောင်းလင်ခုံးလုနားလည်​ပေရာ သူကသူ့ကိုယ်သူသွယ်ဝိုက်ရိုက်နှက်နေပုံကိုသူမြင်လိုက်ရချိန်တွင် သူအလျင်စလိုရှေ့တိုးကာ သူ့ကိုထပ်လှမ်းဆွဲပြီး ပြောမိပြန်သည်။

"ရပ်လိုက်၊ မရိုက်နဲ့။"


ကုစစ်တောင့်ခဲသွားရကာ သူ့ကိုတင်းမာသောမျက်နှာထားဖြင့်လှည့်ကြည့်မိသည်။


သူ့ဘေးတွင် ယွီမင်ရှို့မှာအကာအကွယ်မဲ့သွားပြီး လက်သီးတစ်ချက်ရလိုက်သဖြင့် "ဖာ့ခ်"ဟုတိတ်တခိုးဆဲရေးမိကာ သူ့မျက်နှာမှာရုတ်ခြည်းမည်းတူးသွားရော့သည်။


သူလက်မြှောက်ကာ သူ့နှုတ်ခမ်းထောင့်ကိုသုတ်ပြီး ပိတ်ကာထားသည့်ကုစစ်ကိုကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ပြီးတော့မယ်၊ ငါ...."


"သူ့ကိုတိုက်ခိုက်လိုက်။" သူပြောလို့မပြီးသေးခင် သူ့ခေါင်းထဲရှိအသံကထွက်လာပြန်ကာ အမိန့်ပေးလာသည်။

"မင်းတိုက်ခိုက်နေတုန်းသူ့ခေါင်းကိုတိုက်လိုက်။"


ယွီမင်ရှို့တစ်အောင့်ကြာဆွံ့အသွားရသည်၊ ဒီသရဲကပြဿနာရှာနေတာပဲ၊ ဒီတော့သူကသူ့ကိုအသုံးချပြီး ကုစစ်ကိုတကယ်ရှင်းပစ်ချင်နေတာမလား။


ဟက်၊ သူလည်းဒီလူသားနှင့်တစ္ဆေကြားကသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲမှာအကြောင်းမဲ့ဆွဲသွင်းခံလိုက်ရတာတကယ်ကံဆိုးတာပဲ။


ထားလိုက်တော့၊ ခေါင်းတိုက်ရမယ်၊ ခေါင်းတိုက်မယ်၊ ခေါင်းတိုက်ပြီးရင်သူထွက်သွားတော့မယ်၊ ဒီတစ္ဆေနှစ်ကောင်အပြန်အလှန်တိုက်ကြပါစေ။


ဒါကိုတွေးမိရင်း သူလှောင်ပြုံးပြုံးလိုက်ကာ တကယ်ကြီးခြေလှမ်းကျဲဖြင့်ရှေ့တိုးသွားပြီး ကုစစ်နှင့်လင်ခုံးလုတို့မတုံ့ပြန်နိုင်ခင် သူ့ခေါင်းနှင့်ကုစစ်ခေါင်းဘေးကိုတိုက်ချပစ်လိုက်သည်။


"ဂွက်"ခနဲအသံကိုကြားလိုက်ရပြီး နှစ်ယောက်သား"ဖာ့ခ်"ဟုပြိုင်တူဆဲရေးမိကာ သူတို့မှာခေါင်းတိုက်မှုကြောင့်မူးဝေသွားကြသည်။


လင်ခုံးလုကြက်သေသေမိလျက် ဒီလုပ်ရပ်ကဘာလဲဆိုတာတကယ်နားမလည်တော့ပေ။


ကုစစ်ကခေါင်းကိုအုပ်ကာ သူ့မျက်လုံးမှာအေးစက်မှုဖြင့်ပြည့်နေလျက် ယွီမင်ရှို့ကိုကြည့်ပြီး မျက်နှာသေဖြင့်စကားလုံးနှစ်လုံးထုတ်ပြောလိုက်သည်။

"တစ်ပွဲနွှဲချင်နေတာလား။"


"ကြိုက်တဲ့သူနဲ့နွှဲ၊ ငါကတော့မတိုက်ဘူး။"


ပြောပြီးနောက် သူလှည့်ထွက်လာခဲ့သည်၊ တ​စ္ဆေကသူ့ကိုလင်ခုံးလုကိုလာတွေ့ခိုင်းခဲ့ပြီး သူလာတွေ့တော့ သူ့ကိုကုစစ်ခေါင်းကိုတိုက်ခိုင်းသဖြင့် သူအဲ့လိုလိုက်လုပ်ခဲ့သည်။


သူလုပ်ခိုင်းတာအကုန်လုပ်ပြီးသွားပြီမို့ တစ္ဆေကသဘောတူညီချက်အတိုင်းထွက်သွားလောက်ပြီကို သူကဘာလို့ဒီမှာရှိနေရအုံးမှာတုန်း?


သို့သော်လည်း နှစ်လှမ်းလှမ်းလိုက်ရုံသာရှိသေး အသံကသူ့ခေါင်းထဲမှာထွက်လာပြန်သည်။

"ပြန်သွား။"


ယွီမင်ရှို့: "....." မင်းမပြီးသေးဘူးလား။


"ငါမင်းကိုနာခံဖို့အကြံပေးတယ်။"

အသံကခပ်ပေါ့ပေါ့ပြောလာသည်။

"မဟုတ်လို့ကတော့....."


မဟုတ်လို့ကတော့ဟုပြောစရာမလို၊ ယွီမင်ရှို့မှာခေါင်းထဲတွင်စူးရှသောနာကျင်မှုကိုခံစားနေရပြီပင်။


တစ်အောင့်ကြာရုန်းကန်နေပြီးနောက် သူနောက်ဆုံးမှာဆူပုတ်သောမျက်နှာထားဖြင့်ပြန်လှည့်ကာ လင်ခုံးလုနှင့်ကုစစ်ထံလျှောက်သွားပြီး ခိုင်မာသောလေသံဖြင့်ပြောလိုက်သည်။

"ငါစဥ်းစားကြည့်ပြီးတော့ နေဖို့ဆုံးဖြတ်လိုက်ပြီ။"


လင်ခုံးလု: "?" ဒါကဘယ်လိုလုပ်ရပ်ကြီးတုန်း?


ကုစစ်: "အော်။" တစ်စုံတစ်ယောက်ကသူ့ကိုနေဖို့တောင်းပန်ခယနေသည့်အလား။


သူလက်ကောက်ဝတ်ကိုလှည့်ကာ လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

"မင်းအသက်မရှင်မှာစိုးတယ်။"


"နေ နေပါအုံး။" သူသူ့စိတ်ဝိညာဥ်အပိုင်းအစကိုထိခိုက်အောင်လုပ်မိသွားမှာလင်ခုံးလုစိုးရိမ်မိသဖြင့် သူ့ကိုလက်နှစ်ဖက်လုံးဖြင့်အလျင်စလိုတားကာ ခေါင်းကိုက်စွာပြောမိသည်။

"ဒါမှမဟုတ် သူ့ကို....အရင်ဆုံးအထဲပေးဝင်လိုက်ရင်ကော?"


ကုစစ်တောင့်ခဲသွားရကာ သူ့ကိုလှည့်ကြည့်လိုက်မိပြီး သူ့မျက်ဝန်းထဲမှာစိတ်ခံစားချက်စိုးစဥ်းမျှမရှိပေမဲ့ သူ့တစ်ကိုယ်လုံးထက်သိသာသောစိတ်ပျက်မှုနှင့်ဆုံးရှုံးမှုတစ်စွန်းတစရှိနေပုံမှာ "မင်းကသူ့ကိုကြည့်နေတုန်းပဲ"ဟုပြောနေသည့်အလား။


လင်ခုံးလုပို၍ပင်ခေါင်းကိုက်သွားရပြီး ဒီကိစ္စကိုသေချာရှင်းပြရမည်ဟုခံစားလိုက်ရသည်၊ မဟုတ်ရင် အထင်လွဲမှုဆက်ဖြစ်နေပြီး ဘယ်သူမဆိုမကောင်းတဲ့စိတ်ဝင်သွားလိမ့်မည်။


"ဥက္ကဌယွီ၊ ခဏစောင့်နော်။" သူယွီမင်ရှို့ကိုအရင်ပြောလိုက်ပြီးမှ ကုစစ်၏လက်ကိုလှမ်းဆွဲကာ သူ့လက်ချောင်းများနှင့်ယှက်ကိုင်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

"ဘေးကိုသွားမယ်၊ ငါမင်းကိုအရင်ရှင်းပြမယ်လေနော်။"


ကုစစ်၏နှုတ်ခမ်းပါးများမှာတင်းကြပ်စွာစေ့ထားပြီး တစ်အောင့်ကြာမှ သူခေါင်းအသာငြိမ့်လိုက်သည်။


လင်ခုံးလုသူ့ကိုဗီလာခြံဝန်းဆီချက်ချင်းပြန်ဆွဲခေါ်သွားကာ ယွီမင်ရှို့နှင့်ဝေးသည့်ထောင့်တစ်နေရာရှာပြီး သူ့နားထဲမှာတီးတိုးပြောလိုက်သည်။


"တကယ်တော့ ငါကရုပ်လွန်ပညာရပ်နဲ့တောက်ဓမ္မအကြောင်းနည်းနည်းသိတယ်။ အဲ့ဒီ့ယွီမင်ရှို့...သူ့ဆီမှာမင်းရဲ့ပျောက်နေတဲ့စိတ်ဝိညာဥ်အပိုင်းအစရှိနေတယ်။ မင်းရဲ့မှတ်ဉာဏ်ပျောက်ဆုံးမှုကမင်းရဲ့စိတ်ဝိညာဥ်မပြည့်စုံမှုကြောင့်ဖြစ်သွားတာနေမယ်။ ငါသူ့ကိုနေခွင့်ပေးတာ မင်းရဲ့စိတ်ဝိညာဥ်အပိုင်းအစပြန်ရအောင်ကူပေးဖို့ကလွဲပြီး အခြညးအကြောင်းရင်းမရှိဘူးမို့ သိပ်မတွေးနဲ့...."


လင်ခုံးလု၏စကားများမှာအမှန်တစ်ဝက်ဖြစ်ပြီး ကုစစ်မှာသိသိသာသာကိုအပြည့်အဝမယုံကြည်နိုင်။ ဒါပေမဲ့ လေနွေးနွေးကသူ့နားကိုပွတ်တိုက်သွားပြီး သူ့နားမှတဆင့်သူ့နှလုံးသားထိပ်ဖျားဆီကုတ်ခြစ်နေပေရာ သူ့မျက်လုံးများမှာမနေနိုင်ဘဲပိုမိုနက်မှောင်လာရော့သည်။


လင်ခုံးလုပြောလို့ပြီးသွားချိန် သူခပ်တိုးတိုးတုံ့ပြန်လိုက်ပြီး သူ့မျက်လုံးမှာနက်မှောင်ကာ သူ့အသံမှာနိမ့်ပြီးအက်ရှလျက်။

"ကောင်းပြီ၊ ဒါပေမဲ့ဥက္ကဌလုကကျွန်တော့်အတွက်အမြဲရှိနေပေးရမှာနော်။"


ဒါကကိစ္စရဲ့အဆုံးသတ်ဖြစ်ပြီး မိုက်ကန်းကန်းဒေါသထွက်တာကရှောင်ပါ့ကိုဝေးသထက်ဝေးရာတွန်းပို့သလိုသာဖြစ်သွားလိမ့်မည်၊ သူ့အရင်ဘဝကလိုမျိုးပင်။ ရှုံးနိမ့်မှု၏အတွေ့အကြုံကမသင့်တော်ပေ၊ အကျိုးအမြတ်အတွက်အလဲအလှယ်အနေဖြင့် အလျှော့ပေးချင်ယောင်ဆောင်တာကပိုကောင်းပြီး ပြီးရင်အခွင့်ကောင်းကိုစောင့်ကာ ပြိုင်ဘက်ကိုဖယ်ရှားရမည်။


သူမကောင်းတဲ့စိတ်မဝင်တော့တာကိုမြင်လိုက်ရတော့ လင်ခုံးလုသက်မချမိကာ ခပ်မြန်မြန်ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

"အွန်းပါ အွန်းပါ။"


ကုစစ်အသာပြုံးကာ သူ့ကိုခါးမှတဆင့်သူ့ဆီဆွဲယူပြီး သူ့နားထဲတွင်ပြောလိုက်သည်။

"ဒီည ဗူးရဲ့ကျန်တစ်ဝက်သုံးမယ်မလား။"


လင်ခုံးလု: "အွန်း အွန်း။"


သူတစ်အောင့်ကြာအောင်ဆန်ဆိတ်နေသည့်ကြက်တစ်ကောင်ကဲ့သို့ခေါင်းတဆတ်ဆတ်ငြိမ့်နေမိပြီးမှ သဘောပေါက်သွားရသည်၊ ဘာဗူးတစ်ဝက်ကျန်တာလဲ။ ထီးငယ်လေးလား။


ဖာ့ခ်၊ ကုစစ်ကတခြားဟာကိုစိုးရိမ်နေတာမဟုတ်ဘူးပေါ့?


"မ မကောင်းဘူး။" လင်ခုံးလုခပ်မြန်မြန်ခေါင်းခါမိပြန်ကာ အလေးအနက်ပြောလိုက်သည်။

"ဒီညတော့မရဘူး၊ ငါ့ကျောနာနေတာမို့ ငါအနားယူရမယ်။"


အဓိကအကြောင်းရင်းက ဒီညလုပ်ဖို့အခြားကိစ္စတွေရှိတယ်။


ကုစစ်အနည်းငယ်နောင်တရသွားပြီး သူ့ခါးပေါ်ကလက်များမှာသူ့ကိုအလိုလိုခပ်ဖွဖွနှိပ်ပေးမိသွားပြီး ခပ်တိုးတိုးပြောလိုက်သည်။

"ဒါဆို နောက်တစ်​ခေါက်?"


လင်ခုံးလုအံကြိတ်ကာ စူးရှသောအကြည့်ဖြင့်ပြောလိုက်သည်။

"အင်း။"


ကုစစ်ဒါကိုမြင်လိုက်ရတော့ ရယ်မောမိပြန်သည်။


လင်ခုံးလု: "...." ငါကသူ့ကိုကူညီချင်တာသိသာနေတာကြီးကို ဘာလို့ငါကသူ့တောင်းဆိုချက်ကိုသဘောတူလိုက်ရတာတုန်း?


ဗီလာအပြင်တွင် ယွီမင်ရှို့ကဒီအတိုင်းမနေဘဲ သူ့ခေါင်းထဲကအသံကိုအပြစ်တင်နေလေသည်။

"မင်းရိုးသားဖြောင့်မတ်မှုကိုမထိန်းသိမ်းရင် ကိုယ်ခံပညာမပြောနဲ့၊ မင်းကသူ့ကိုမရိုက်နိုင်လို့ ငါ့ကိုနည်းမျိုးစုံနဲ့နှိပ်စက်ညှင်းပန်းနေတာမလား။ ငါသူ့ခေါင်းကိုတိုက်ရင် မင်းထွက်သွားပေးမယ်ပြောလို့ ငါတိုက်ခဲ့တယ်လေ၊ ဒါပေမဲ့အခုငါ့ခေါင်းထဲမှာဘာလဲ။ ချီးလား။"


စိတ်ဝိညာဥ်အပိုင်းအစ: "....." ငါ့ကိုဒီလိုမျိုးဆူငေါက်တဲ့လူမျိုးကိုတစ်ခါမှမမြင်ဖူးဘူး၊ သိပ်ကောင်းတယ်၊ စကားလုံးအနည်းငယ်ပိုဆဲခွင့်ပေးလိုက်တာပေါ့။


"ဒီတော့မင်းဘယ်တော့ထွက်သွားမှာလဲ။" ယွီမင်ရှို့မျက်နှာမည်းဖြင့်မေးလိုက်မိသည်။


"နည်းနည်းပိုကြာကြာစောင့်အုံး။" စိတ်ဝိညာဥ်အပိုင်းအစကခပ်ဖွဖွဆိုသည်။


အမှန်တော့ ဘာဖြစ်နေမှန်းသူနားမလည်ပေ၊ သူမှတ်မိတာက အရင်ဘဝကလင်ခုံးလုသေသွားတော့ သူသူ့ကိုလက်စားချေကာ ယွီမိသားစုကိုဆွဲချပြီး ယွီမင်ရှို့ကိုတွန်းအားပေးကာဆင်းရဲမွဲတေအောင်လုပ်ခဲ့သည်။


သူယွီမင်ရှို့ကိုတန်းမသတ်ပစ်ဘဲ သူ့ကိုလမ်းပေါ်မှာဘာမှမရှိဘဲနေစေခဲ့သည်၊ လင်ခုံးလုတစ်ခါကလုပ်ခဲ့ရသလိုမျိုးပေါ့။


လင်ခုံးလု၏ကားအက်စီးဒင့်မှာတကယ့်ကိုမတော်တဆဖြစ်သည်၊ သူတွေးမိတာက ယွီမင်ရှို့လမ်းပေါ်မှာနေနေတုန်းကားတိုက်ခံရတာသေဆုံးသွားခဲ့ရင် တစ်ဖက်လူအတွက်ကံကောင်းသည်ဟုယူဆရမည်ဖြစ်ပြီး လက်စားချေမှုဟုယူဆရလိမ့်မည်။ သူအသက်ဆက်ရှင်မယ်ဆိုရင်တော့ ဒီအတိုင်းသူကတစ်ချိန်လုံးနှိပ်စက်ညှင်းပန်းခံမည်ပင်။


ဒါပေမဲ့ယွီမင်ရှို့ကအဆုံးမှာအတူသေဖို့ရွေးချယ်သွားခဲ့သည်။ သူမအံ့သြသွားမိပေမဲ့ အတည်မယူခဲ့ပေ။ သူ့အမြင်မှာတော့ အရှုံးသမားတစ်ယောက်၏သေခါနီးရုန်းကန်မှုသာဖြစ်သည်။


ဒါပေမဲ့ယွီမင်ရှို့ကသာမန်လူတစ်ယောက်မဟုတ်ဘဲ ထူးဆန်းသောစွမ်းရည်တချို့ရှိနေပုံပေါ်မည်ဟုသူမထင်ထားခဲ့ပေ။ တစ်ဖက်လူသူ့ဆီတဟုန်ထိုးပြေးလာချိန်မှာ သူ့စိတ်ဝိညာဥ်ကရုတ်တရက််လောင်ကျွမ်းကာတစစီပျက်စီးသွားပုံပင်....


တိုက်ပွဲအတွင်းတွင် သူတို့ခေါင်းများမှာအပြန်အလှန်မတော်တဆတိုက်မိသွားခဲ့သည်။ ထိုအခိုက်အတန့်မှာ သူတစစီပျက်စီးသွားပြီး သူ့ခန္ဓာကိုယ်နှင့်ကွဲကွာကာ ယွီမင်ရှို့၏ဦးနှောက်ထဲတွင်ပိတ်မိသွားပြီး ပြန်မွေးဖွားလာခဲ့သည်။


သူ့မှာအတိတ်မရှိပေ၊ သူ့မှတ်ဉာဏ်အားလုံးမှာ သူမျက်စိရှေ့တွင်သူ့ချစ်သူကားတိုက်ခံရကာသေဆုံးသွားခဲ့ပုံကိုမြင်လိုက်ရချိန်တွင်စတင်သည်။ သူပြည့်စုံခြင်းမရှိဘဲ ဒီကမ္ဘာမှာသူနောက်တစ်ဝက်ရှိနေမှန်းသူသိသည်။ သူအဆက်မပြတ်ပြန်သွားချင်ကာ ပြီးပြည့်စုံချင်ပြီး သူအရင်ဘဝကလွမ်းဆွေးခဲ့ရသည့်သူ့ချစ်သူကိုနက်ရှိုင်းစွာပွေ့ဖက်ချင်မိသည်....


ဒါပေမဲ့သူတို့ခေါင်းတိုက်လိုက်ချိန်မှာ သူပြန်သွားလို့မရပေ၊ ငါဘာလုပ်ရမလဲ။ အပိုင်းအစမှာမနေနိုင်ဘဲအတွေးထဲနစ်သွားတော့သည်။


"ငါပြောမယ်၊ မင်းဘာလို့ငါ့ကိုအမြဲလိုက်နှောင့်ယှက်နေတာလဲ။"

သူတိတ်ဆိတ်နေတာကိုမြင်လိုက်ရတော့ ယွီမင်ရှို့ရုတ်ခြည်းမေးလိုက်မိသည်။


အပိုင်းအစကအသာနှာမှုတ်ကာ ထေ့ငေါ့ပြောလာသည်။

"မင်းဘာသာမင်းလုပ်ခဲ့တာပဲလေ။"


ယွီမင်ရှို့: "....."


သူတန့်သွားကာမေးမိပြန်သည်။

"မင်းလင်ခုံးလုကိုသဘောကျမှတော့ ဘာလို့သူ့ဆီပဲမကပ်တွယ်လိုက်တာလဲ။"


အပိုင်းအစကမဖြေဘဲ ပြန်မေးလာသည်။

"မင်းဘာကိုစမ်းသပ်ချင်နေတာလဲ။"


"ဟက်။" ယွီမင်ရှို့ခြောက်ကပ်ကပ်ပြုံးလိုက်မိပေမဲ့ ရင်ထဲမှာတွေးမိသည်။ ငါခန့်မှန်းတာမှန်တဲ့ပုံပဲ။ သူ့ကိုကပ်တွယ်နေတဲ့တစ္ဆေကမထွက်ချင်တာမဟုတ်ဘဲ ထွက်သွားလို့မရ....


သူတွေးနေတုန်း လင်ခုံးလုနှင့်ကုစစ်တို့ပြန်လာသည်။


ယွီမင်ရှို့မှာအချိန်တစ်စုစာမျှကုစစ်နှင့်မကောင်းသောဆက်ဆံရေးမရှိချင်၊ သူခေါင်းပြန်ကိုက်လာတဲ့အထိအနှိပ်စက်မခံချင်ပေ။ သူကုစစ်ကိုမြင်လိုက်ရတော့ ချက်ချင်းရှင်းပြလိုက်မိသည်။

"ညီအစ်ကို၊ ငါမင်းကိုမပျော်ရွှင်အောင်လုပ်ဖို့တကယ်မရည်ရွယ်ပါဘူးကွာ။ တကယ်တော့.... ငါမင်းကိုပြောရင်မင်းမယုံလောက်ဘူး။ ငါတစ္ဆေတစ်ကောင်ဝင်ပူးတာခံထားရတာ၊ အဲ့တစ္ဆေကမင်းရဲ့ဒီဗီလာကြီးထဲမှာနေချင်နေတာ။ ငါမလာရင် သူကငါ့ကိုနှိပ်စက်ပြီးငါ့ကိုခေါင်းကိုက်အောင်လုပ်ပစ်မှာမို့ ငါတကယ်ဘာမှမလုပ်နိုင်ဘူး။"


လင်ခုံးလု၊ ကုစစ်နှင့်အပိုင်းအစ: "....."


ကုစစ်၏နှုတ်ခမ်းထောင့်များမသိမသာတွန့်သွားကာ လင်ခုံးလုကိုလှည့်ကြည့်မိသည်။ လင်ခုံးလုကလက်နှစ်ဖက်ဖြန့်ကာ တစ်ဖက်လူကိုတစ်ခါမှမပြောဖူးကြောင်းဖော်ပြလာသည်။


ယွီမင်ရှို့မှာသူ့ကိုမယုံကြည်မှာစိုးလို့ သူ့မိုဘိုင်းAppပေါ်ကလမ်းကြောင်းကိုထုတ်ပြလိုက်မိသည်။

"ဒီမှာကြည့်၊ ငါမနေ့ကရွှမ်လေ့ဘုရားကျောင်းနဲ့ယွိချင်းဘုရားကျောင်းကိုသွားပြီး ဆရာတော်တွေကိုအကူအညီတောင်းခဲ့ပေမဲ့ အသုံးမဝင်ဘူး။ အခုတော့ငါသူ့စကားကိုနားထောင်ရုံပဲတတ်နိုင်တော့တယ်။"


ကုစစ်ကလင်ခုံးလုနှင့်သဘောတူညီမှုလုပ်ထားသဖြင့် မရှက်ဘဲအ​​မြန်ပြောလိုက်သည်။

"ဝင်လာခဲ့။"


လင်ခုံးလုစကားမပြောဘဲ ယွီမင်ရှို့ကိုရိုးသားစွာကြည့်ကာ ​ခြေလှမ်းအနည်းငယ်လျှောက်သွားပြီးနောက် ရုတ်တရက်ပြောလိုက်သည်။

"ဥက္ကဌယွီ၊ ကျွန်တော်ရုပ်လွန်ပညာရပ်နဲ့တောက်ဓမ္မပညာကိုနည်းနည်းနားလည်တာမို့ တစ္ဆေကိုကူမောင်းထုတ်ဖို့ကျွန်တော်ကြိုးစားကြည့်လို့ရလောက်တယ်။"


"မင်းက?" ယွီမင်ရှို့ကသိသိသာသာကိုမယုံပေ။


ကုစစ်ကလင်ခုံးလုယူချင်နေသည့်အပိုင်းအစကိုသိပေမဲ့ အတော်လေးလက်သင့်ခံကာပြောလိုက်သည်။

"ဒါဆိုကြိုးစားကြည့်။"


သူအတော်လေးမယုံကြည်တုန်းဖြစ်ပေမဲ့ ယူပြီးရင်ယွီမင်ရှို့ကိုမောင်းထုတ်လို့ရမှာဆိုတော့ သူကူညီပံ့ပိုးလိုက်မယ်။


သူတို့နှစ်ယောက်လုံးထိုသို့ပြောလာတာကိုယွီမင်ရှို့မြင်လိုက်ရပြီး သူ့ခေါင်းထဲရှိအသံကသူ့ကိုမနှောင့်ယှက်လာတာမို့ သက်ရှိမြင်းဆရာဝန်ကဲ့သို့ပြုမူကာ ပြောလိုက်သည်။

"ကောင်းပြီ။"


သုံးယောက်သားဧည့်ခန်းထဲရောက်သွားတော့ ယွီမင်ရှို့ကဆိုဖာပေါ်အ​​မြန်ဝင်ထိုင်လိုက်ပြီး လင်ခုံးလုကသူ့ရှေ့မှာရ​ပ်ကာ လက်မြှောက်ပြီးသူ့ခေါင်းထိပ်ပေါ်ဖိချလိုက်စဥ် ကုစစ်ကတော့မျက်နှာသေဖြင့်လက်ပိုက်ထားလျက်။


လင်ခုံးလုကအလေးအနက်ဖြစ်လျက် ပင့်သက်ရှိုက်ကာ သူ့အသိစိတ်အနက်ရှိုင်းဆုံးထဲကသူ့ချစ်သူပိုင်ဆိုင်သည့်စွမ်းအားအစိတ်အပိုင်းကိုတိတ်တခိုးလှုပ်နှိုးလိုက်သည်။


ယွီမင်ရှို့ကစိတ်ဝင်တစားကြည့်ကာ တိတ်တခိုးတွေးလိုက်မိသည်၊ ဒီရှောင်ပါ့ကအမြဲတမ်းအဲ့လိုဟန်ဆောင်နေတာပဲ။ ဒါပေမဲ့နောက်တစ်စက္ကန့်မှာ ထူးခြားဆန်းကြယ်ပြီးကြောက်မက်ဖွယ်အားတစ်ခုကရုတ်ခြည်းဖိနှိပ်ကာ စိတ်ဝိညာဥ်ကိုထိန်းချုပ်မရအောင်တုန်လှုပ်စေလာသည်။


ယွီမင်ရှို့မျက်နှာရုတ်ခြည်းဖြူဖျော့သွားကာ သူ့မျက်နှာထားမှာကြိမ်ဖန်များစွာပြောင်းလဲသွားရသည်၊ တချို့မှာထိတ်လန့်အံ့သြကာ တချို့မှာမိန်းမောလျက် တချို့မှာတမ်းတမ်းစွဲနေပြီး နောက်ဆုံးမှာအေးဆေးတည်ငြိမ်မှုအဖြစ်သို့ပြန်ရောက်သွားတော့သည်။


သူ့ဘေးတွင် ကုစစ်၏မျက်နှာထားမှာလည်းမသိမသာပြောင်းလဲသွားကာ သူ့စိတ်ဝိညာဥ်အနက်ရှိုင်းထဲမှဆွဲသွင်းမှုကိုခပ်ဖျော့ဖျော့ခံစားလိုက်ရသည်။


၎င်းမှာစိတ်ဝိညာဥ်အပိုင်းအစများပေါင်းစည်းချိန်တွင်ထုတ်လွှတ်လာသည့်ပဲ့တင်သံဖြစ်သည်။ လင်ခုံးလုပြောခဲ့တာကိုသူတမဟုတ်ချင်းယုံကြည်သွားသည်။ တကယ့်ကို ယွီမင်ရှို့ကိုယ်ထဲမှာသူ့စိတ်ဝိညာဥ်အပိုင်းအစရှိနေသည်ပင်။ တဝိုးတဝါးရင်းနှီးသောခံစားချက်ကသူ့ကိုဒါက်ုရုတ်ခြည်းယုံကြည်စေသည်။


သူဖြည်းညှင်းစွာမျက်စိမှိတ်ကာ ပြန်ရောက်လာသည့်အပိုင်းအစနှင့်အလိုလိုကြိုဆိုလိုက်ပေမဲ့--


လင်ခုံးလုမှာရုတ်တရက်တစ်ခုခု၏ပြန်တွန်းထုတ်ခြင်းခံလိုက်ရပြီး သူ့နှဖူးမှာချွေးစေးပြန်နေကာ သူ့မျက်နှာထားမှာအံအားသင့်နေလျက်။


ကုစစ်ချက်ချင်းမျက်လုံးဖွင့်ကာ ရှေ့တိုးပြီးသူ့ကိုကူတွဲပေးကာ စိုးရိမ်စွာမေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ။"


လင်ခုံးလုဖြည်းညှင်းစွာခေါင်းခါကာ "ဘာမှမဖြစ်ပါဘူး"ဟုပြောလိုက်ပေမဲ့ ယွီမင်ရှို့ကိုသံသယဖြင့်ကြည့်လိုက်မိသည်။


အပိုင်းအစကယွီမင်ရှို့၏အသိစိတ်ပင်လယ်ထဲမှာပိတ်မိနေသဖြင့် အားဖြင့်ယူလို့မရနိုင်ပေ။ ဒါပေမဲ့ယွီမင်ရှို့ကသာမန်လူတစ်ယောက်သာသာကို အပိုင်းအစကဘယ်လိုလုပ်ပိတ်မိနိုင်မှာလဲ။ တစ်ယောက်ယောက်ကသူ့ကိုပိတ်ခဲ့တာလား။ ဒါမှမဟုတ်....သူကသာမန်လူလုံးဝမဟုတ်တာ။


လင်ခုံးလုအများကြီးတွေးလိုက်ပေမဲ့ မျက်နှာပေါ်မှာထုတ်မပြဘဲ စိတ်မကောင်းဖြစ်ချင်ယောင်ဆောင်လိုက်သည်။

"ကြည့်ရတာတော့ကျွန်တော်လဲမလုပ်နိုင်ပုံပဲ။ ဥက္ကဌယွီကျွမ်းကျင်ပညာရှင်တစ်ယောက်ထပ်ရှာရမှာစိုးတယ်။"


သူထိုသို့ပြောလိုက်ပေမဲ့ အမှန်တော့သူ0687ကိုချက်ချင်းအမိန့်ပေးလိုက်သည်။

"ယွီမင်ရှို့နဲ့ပတ်သတ်ပြီးတစ်ခုခုမှားနေတယ်၊ အထက်ကိုသတင်းပို့လိုက်။ ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကိုလျှောက်ပြီး လှည့်စားမှုကိုရှာခိုင်းလိုက်။"


ကုစစ်ကသူဘာစဥ်းစားနေမှန်းမသိပေ၊ သူ့အသားအရောင်သိပ်မကောင်းတာကိုမြင်လိုက်ရတော့ သူမျက်မှောင်ကြုတ်ကာအကြုံပြုလိုက်သည်။

"ထားလိုက်တော့၊ ကိုယ်တို့ညစာမစားရဘူးလေ၊ အရင်စားရအောင်။"


မပြောရင်အဆင်ပြေပေမဲ့ သူပြောလာတော့လင်ခုံးလုတကယ်ဗိုက်ဆာလာပြီး အပိုင်းအစပြဿနာကိုတစ်အောင့်ကြာဖြေရှင်းမရမှန်းသိနေသဖြင့် သူခေါင်းငြိမ့်ကာပြောလိုက်သည်။

"အင်း။"


စားစရာအကြောင်းပြောတာကိုကြားလိုက်ရချိန် ယွီမင်ရှို့ရုတ်ခြည်းထရပ်ကာပြောမိသည်။

"အာ၊ ငါတစ်နေ့လုံးဘာမှမစားရသေးဘူး၊ ငါဝင်စားလို့ရလား။"


ကုစစ်: "...."


သူ့ကိုပြောစေချင်ရင်တော့ သေချာတာပေါက်မရဘူးပေါ့၊ ဖယောင်းတိုင်မီးရောင်ညစာဆိုမှတော့ ဖယောင်းတိုင်နှစ်တိုင်ပဲတစ်ယောက်ကိုတစ်ယောက်ပေးလို့ရမှာလေ။


ထိုစဥ် လင်ခုံးလုကသူ့အကျီလက်ကိုဆောင့်ဆွဲကာ အသံတိတ်အသိပေးလာသည်။ "အပိုင်းအစ။"


အခုဆိုယွီမင်ရှို့ကိုနှိပ်စက်တာက အပိုင်းအစကိုသွယ်ဝိုက်နှိပ်စက်တာနဲ့ညီမျှတာမို့ ကိုင်တွယ်ရခက်ပေသည်။


ကုစစ်၏မျက်နှာတစ်အောင့်ကြာရုပ်ဆိုးသွားရသည်။ သူယွီမင်ရှို့ကိုသဘောမကျတာမှန်ပေမဲ့ သူ့ကိုယ်သူအတွက်စိတ်မကောင်းဖြစ်မိတာမို့ နောက်ဆုံးတွန့်ဆုတ်ဆုတ်ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"အတူစားတာပေါ့။"


ဒီတော့ လူနှစ်ယောက်အတွက်ဖယောင်းတိုင်မီးရောင်ညစာဖြစ်ပေမဲ့ ဖော်ပြမရအောင်တစ်ယောက်ပိုလာသည်၊ သူတို့စားနေတုန်း....


ယွီမင်ရှို့ကရုတ်တရ​က်ငန်းအသည်းတစ်ပိုင်းကိုခက်ရင်းဖြင့်ထိုးကာ လင်ခုံးလုပန်းကန်ထဲထည့်ပေးလာသည်။


လင်ခုံးလုအတွက်ငန်းအသည်းလှီးပေးနေတဲ့ကုစစ်: "....."


ငန်းအသည်းစားဖို့ပြင်နေတဲ့ယွီမင်ရှို့: "......"


ဖော်ပြမရသောမျက်နှာထားဖြင့်လင်ခုံးလု: "......"


ယွီမင်ရှို့၏လက်မောင်းကိုထိန်းချုပ်ထားသည့်အပိုင်းအစသာလျှင်တည်ငြိမ်နေလျက် အေးဆေးသောလေသံဖြင့်ဆိုလာသည်။

"ရှောင်လုကငန်းအသည်းစားရတာကြိုက်တယ်။"


ယွီမင်ရှို့: "....." ဒါကလူသားလား။


ကုစစ်ရုတ်တရက်ဓားနှင့်ခက်ရင်းကိုအောက်ချကာ လက်ကောက်ဝတ်ကိုလှည့်ပြီး မျက်နှာသေဖြင့်ပြောလိုက်သည်။

"ဥက္ကဌယွီ၊ အပြင်ထွက်ပြီးစကားပြောရအောင်။"


ယွီမင်ရှို့: "....ငါပြောရင်မင်းမယုံလောက်ပေမဲ့ ခုနကငါ့လက်မောင်းကသူ့ဘာသာသူရွေ့သွားတာရယ်။"


____________________________