Chapter(84)
Viewers 12k

လင်ခုံးလုလည်းခေါင်းမော့ပြီး လင်ကျန့်ကော်ကိုဘေးကိုအမြန်ဆွဲခေါ်သွားကာခပ်တိုးတိုးပြောလိုက်သည်။

"ဒါ...သူ့ပါးပါးကဆုံးသွားတာကြာပြီလေ။ သူ့မှာပါးလိုထူးကဲတဲ့အဖေမျိုးရှိမှန်းကြားလိုက်ရတော့သူအရမ်းမနာလိုဖြစ်သွားတာနေမှာ။ သူသူ့ပါးပါးကိုတွေးမိသွားတာဖြစ်မယ်။"


ဖာ့ခ်၊ ကုစစ်၏အဖေအရင်းမှာဖောက်ပြားတတ်သည့်ဆန်ကုန်မြေလေးဖြစ်သည်။ သူအမှတ်မထင်သေဆုံးသွားတုန်းကဆို ကုစစ်ကဘာမျက်နှာအမူအရာမှထုတ်မပြဘဲ သူ့အပေါ်နက်ရှိုင်းစွာစိတ်ပျက်နေကြောင်းပြသခဲ့သည်။


ဒါပေမဲ့လင်ကျန့်ကော်ကဒါကိုမသိသည့်အပြင် ၁၈နှစ်တာအမျိုးသားတို့၏ပြောင်းလဲမှုပါထပ်ပေါင်းလိုက်တော့ သူ့ရှေ့ကလူချောလေးမှာတကယ်တမ်းအရင်ကသူ့သားကယ်လာခဲ့သည့်ကောင်လေးမှန်းဒီအခိုက်အတန့်မှာမမှတ်မိပေ။ သူဒါကိုကြားသော်ကရုဏာသက်မိကာ ပြောလိုက်သည်။

"အဲ့လိုလား၊ ပါးမင်းကိုကောင်းတာလေးတွေရွေးပေးမယ်၊ မင်းသူတို့ကိုကောင်းကောင်းဆက်ဆံရမယ်နော်။"


လင်ခုံးလု: "...အယ်၊ အရမ်းကြီးကောင်းစရာမလိုပါဘူး။" သူကပါးရဲ့သားကိုပိုက်ဆံအများကြီးကုန်အောင်လုပ်ခဲ့တာ။


အခြားတစ်ဖက်တွင် ယွီမင်ရှို့ကထိုစကားကိုကြားလိုက်ရသော် ပြောင်ပြောင်တင်းတင်းရယ်မောလိုက်ပြီး ကုစစ်ပုခုံးပေါ်လက်တင်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ဥက္ကဌကု၊ ဥက္ကဌကု၊ မင်းကရုပ်ဆိုးဆိုးချွေးမလေးပဲ၊ ယောက္ခထီးကိုလာတွေ့ချိန်မှာသူ့ပါးပါးကိုအပြေးလေးခေါ်ချင်နေတာလေ ပါး...."


သူ"ပါး"သူသည့်စကားလုံးကိုပြီးအောင်မပြောနိုင်ခင် ကုစစ်ကလှောင်ပြုံးပြုံးကာသူ့လက်ကိုဖယ်ထုတ်လိုက်ပြီး သူ့ခေါင်းမှာရုတ်တရက်စူးရှစွာနာကျင်လာသည်။


ကုစစ်: "ဟက်။"


အပိုင်းအစ: "ပါးလို့အခေါ်ခံရတာဘာမှားလို့လဲ။ လူတချို့ဆိုငါ့ကိုအဲ့လိုခေါ်ချင်နေကြပေမဲ့ အခွင့်အရေးမရှိကြဘူးလေ။"


ယွီမင်ရှို့: ....ဖာ့ခ်။


သူတို့အကုန်လုံးကအသိမိတ်ဆွေများဖြစ်နေမှတော့ လင်ခုံးလုသိပ်အရေးမစိုက်တော့ဘဲ သူတို့ကိုအနောက်မီးဖိုချောင်နှင့်အနီးဆုံးသီးသန့်အခန်းဆီတန်းခေါ်သွားလိုက်သည်။


အသိမိတ်ဆွေမဟုတ်သည့်ယွီမင်ရှို့ကိုတော့ ဒီလူ့ကိုအရေးစိုက်စရာမလို။ အရမ်းဝေးသွားပြီးတွေ့ရခက်သွားမှာစိုးလို့မဟုတ်ရင် လင်ခုံးလုသူ့ကိုသူနှင့်အတူလာပင်လာခိုင်းခဲ့မည်မဟုတ်။


လင်ကျန့်ကော်ကကောင်းတာရွေးဖို့ပြောခဲ့ပြီး သူတကယ်အကုန်လုံးရွေးပေးလိုက်သည်။ ကမာကောင်များကကြီးမားကာအရသာရှိပြီး ဆယ်လ်မွန်ငါးကအကြီးဆုံးဖြစ်ကာအပိုင်းပိုင်းလှီးထားသည်။ ဆော့စ်အားလုံးမှာသူကိုယ်တိုင်လုပ်ထားပြီး အခြားစားဖိုမှူးများက၎င်းတို့ကိုကိုင်တွယ်ခွင့်မရှိပေ၊ ထို့နောက် ပုစွန်ထုပ်နှပ်၊ ကဏန်းပူနှင့်စားခရုနှပ်စွပ်ပြုတ်...စားပွဲဝိုင်းတစ်ခုလုံးအပြည့်ပင်။


သူကားအမြဲတစေစကားပြောနူးညံ့ပျော့ပြောင်းကာနှလုံးသားနုသူမို့ သူ့သားပြန်လာတာကိုမြင်လိုက်ရချိန်မှာ သူအော်ခဲ့ပေမဲ့ အမှန်တော့သူ့ရင်ထဲမှာအလွန်ပျော်ရွှင်နေပြီး အရသာရှိသောစားစရာအားလုံးကိုမလုပ်ဘဲမနေနိုင်ပေ။ 


သူတစ်အောင့်ကြာပျော်ရွှင်စွာရပ်ကြည့်နေပြီးမှ ရုတ်တရက်သီးသန့်အခန်းထဲကိုကျားမျက်နှာဖြင့်ဝင်သွားကာ သူလင်ခုံးလုကိုနားရွက်ကဆွဲကာ အကျယ်ကြီးအော်ပြောလိုက်သည်။

"ဘာလဲ၊ မင်းကငါ့ကိုမင်းကိုကိုယ်တိုင်ခွံ့ကျွေးစေချင်တာလား။"


လင်ခုံးလု: "မဟုတ် မဟုတ်ပါဘူးဗျာ၊ ပြီးရင်အော်ခေါ်လိုက်လေ၊ ကျွန်တော်ဘာလို့အခုလိုက်မယူရမှာလဲ။"


သူထိုသို့ပြောရင်း သူ့နားရွက်များကိုအမြန်ကယ်ကာ ကုစစ်နှင့်ရှောင်စုန့်ကိုမျက်စိတစ်ဖက်မှိတ်ပြပြီး သူတို့ကိုအမြန်လာပြီးသူနှင့်အတူလိုက်ယူဖို့အချက်ပြလိုက်သည်။


အိမ်း၊ ရဲဘော်လင်ကအရာအားလုံးမှာကောင်းပေမဲ့ သွေးပူလွန်းတယ်။ အရင်ဘဝတုန်းကဆို သူတစ်ဖက်လူကိုနိုင်ငံခြားသွားဖို့ရန်ပုံငွေရှာပြီး သူဒေဝါလီမခံရခင် လောင်လင့်ကိုနိုင်ငံခြားကိုခရီးထွက်ခိုင်းဖို့ရှောင်စုန့်ကိုလှည့်စားခိုင်းခဲ့တယ်။ သူ့သေဆုံးမှုအပြီးမှာသူတို့နှစ်ယောက်ဆွဲသွင်းခံလိုက်ရလားဆိုတာတော့မသိဘူး။ အဲ့လိုမဖြစ်ဖို့မျှော်လင့်တယ်။


ယွီမင်ရှို့မှာသူတို့သုံးယောက်လုံးပန်းကန်သွားယူကြတာကိုမြင်လိုက်ရတော့ သူဒီအတိုင်းထိုင်နေတာမကောင်းတာမို့ သူပါထကာလိုက်သွားလိုက်သည်။


ဒါပေမဲ့သူကသီးသန့်အခန်း၏အတွင်းကျဆုံးနေရာမှာထိုင်နေသဖြင့် သူ့လှုပ်ရှားမှုမှာအနှေးဆုံးဖြစ်သွားသည်။ သူအနောက်ဘက်မီးဖိုချောင်ကိုရောက်သွားတော့ သူမြင်လိုက်ရတာက အခြားသုံးယောက်က....စစားနေကြတာလား။


ရှောင်စုန့်: "အယ်၊ ဒီပုစွန်ထုပ်ကမဆိုးဘူးပဲ၊ ဥက္ကဌလင်၊ စားကြည့်လေ။ အန်ကယ်ရဲ့ပုဇွန်ထုပ်နှိပ်တဲ့စကေးကထူးချွန်နေတုန်းပဲနော်။"


လင်ခုံးလု: "ဒါပေါ့။"


ရှောင်စုန့်: "အယ် အယ်၊ ဒီအေးစက်စက်ဂျယ်လီငါးစင်းကောကလည်းအရသာပြီးတော့ စပ်စပ်လေးနဲ့ကြွပ်ရွပြီးတော့ဝါးလို့ကောင်းတယ်။ ကိုယ်လုပ်တော်ယန်း....အာ ဘာ့၊ အတွင်းရေးမှူးယန်း၊ မင်းစားကြည့်ချင်လား။"


ကုစစ်သူ့ကိုတစ်ချက်အသာကြည့်ကာ ဘာမှမပြောဘဲ ဒီအတိုင်းတူကောက်ကိုင်ကာလင်ခုံးလုကိုခွံ့ကျွေးလိုက်သည်။


လင်ခုံးလု: "အင်း၊ အကြိမ်အများကြီး...." မဟုတ်သေးဘူး၊ မင်းငါ့ပါးပါးရှေ့မှာဘာလုပ်နေတာတုန်းဟ?


လင်ကျန့်ကော်ကထူးဆန်းတာတစ်ခုမှသတိမထားမိဘဲ အပြုံးလေးနှင့်ပြောလာသည်။

"အရသာရှိရင်များများစားကွာ၊ မလောက်ရင် ပါးမင်းတို့အတွက်ထပ်လုပ်ပေးမယ်။"


ပြောပြီးနောက် သူတစ်ခုခုစဥ်းစားမိသွားပုံရကာ ရုတ်ခြည်းပြောလာသည်။

"အယ်၊ မင်းတို့ထဲကတစ်ယောက်ပျောက်နေပါလား။"


ယွီမင်ရှို့: "...." အန်ကယ်၊ အခုမှသိတာလား။


လင်ခုံးလုမော့ကြည့်လိုက်တော့ သူအနောက်မီးဖိုချောင်တံခါးဝမှာရပ်နေတာကိုမြင်လိုက်သည်။ သူရှက်သွားပုံမရဘဲတန်းပြောလိုက်သည်။

"ဟေ့၊ ခင်ဗျားလဲရောက်နေတာကိုး၊ ဟုတ်သား၊ သီးသန့်အခန်းမှာမစားဘဲဒီမှာပဲစားလိုက်ရအောင်လေ။"


အရင်ဘဝတုန်းက သူငယ်ငယ်ကတည်းကလင်ကျန့်ကော်နှင့်အတူအနောက်မီးဖိုချောင်မှာစားသောက်ခဲ့ဖူးပေမဲ့ သူ၎င်းကိုအရေးမစိုက်ခဲ့ပေ။ သူကအကြိမ်တိုင်းစားစရာ၏ပထမဆုံးအကိုက်ကိုစားရသည့်ခံစားချက်ကိုနှစ်ခြိုက်လေသည်။


သူခုနကဗိုက်အရမ်းဆာနေသည့်အပြင် အရင်ဘဝကလောင်လင်နှင့်ယွီမင်ရှို့မှာသွယ်ဝိုက်မုန်းတီးမှုရှိမှန်းသတိရသွားတော့ သူတစ်ဖက်လူကိုလောင်လင်ချက်တာမစားစေချင်သဖြင့် အနောက်မီးဖိုချောင်မှာအရင်စားပြီးမှ ယွီမင်ရှို့ကိုအကျန်စားခိုင်းဖို့ကြံရွယ်ထားသည်။


သူသာအပိုင်းအစလေးအတွက်စိတ်မကောင်းမဖြစ်ဘူးဆိုရင် တစ်ဖက်လူကိုအကျန်တောင်ကျွေးလိမ့်မည်မဟုတ်လောက်။


သို့သော်လည်း ပါးစပ်ထဲရွှေဇွန်းကိုက်မွေးလာသည့်ယွီမင်ရှို့လိုမျိုးချမ်းသာပြီးမြင့်မြတ်သောသားတော်တစ်ပါးက အနောက်မီးဖိုချောင်မှာစားရန်သည်းခံနိုင်လိမ့်မည်မဟုတ်ဟု သူအစကထင်ထားခဲ့ပေမဲ့ သူမမျှော်လင့်ထားမိတာက တစ်ဖက်လူမှာအကျီလက်လိပ်တင်ပြီး ရှေ့တိုးကာ သူ့ဘေးကစားဖိုမှူးကြီးကိုပြောလိုက်လေသည်: "ကျွန်တော်ကိုတူတစ်စုံပေးပါအုံး!"


ထို့နောက် သူစားနေရင်းစတင်စဥ်းစားကာ ဒီကဏန်းကိုဘယ်လိုစားရမလဲ၊ ဒီပင်လယ်ကမာကိုဘယ်လိုဖွင့်ရမလဲ တင့်တယ်စွာသရုပ်ဖော်လေတော့သည်။


လင်ခုံးလု: "...." သူ့ကိုသူလုပ်နိုင်တာပေးလိုက်တာပေါ့လေ။


သူကဏန်းခြေထောက်ကိုတိုက်ရိုက်ချိုးကာ အရင်ဆုံးတစ်ကိုက်ကိုက်ပြီးအခွံကိုချေမွလိုက်ပြီးမှ သူ့ကိုယ်ပိုင်ပန်းကန်လုံးလေးထဲမှာဆော့စ်နှစ်လိုက်ပြီးနောက် သူ့ပါးစပ်ဆီယူကာ အသားအားလုံးကိုစုပ်စုပ်စားလိုက်သည်။


မော့ကြည့်မိတော့ ယွီမင်ရှို့နှင့်ကုစစ်ကသူ့ကိုအံ့သြတကြီးကြည့်နေကြတာကိုမြင်လိုက်ရပေရာ သူ့မှာ"မင်းတို့ကရှားပါးပြီးထူးဆန်းလိုက်တာ"ဟူသည့်မျက်နှာထားချက်ချင်းပေါ်လာသည်။


ဘာဖြစ်လို့လဲ၊ သူတို့ငယ်ငယ်ကတည်းကသူနှင့်လောင်လင်ကကဏန်းကိုပါးစပ်နှင့်ကိုက်စားပြီး တူနှင့်ပလာယာများသုံးခဲ့ကြတာမို့ သူကပြဿနာမရှိဘဲ ဒင်းတို့ကသာမစားတတ်တာဖြစ်သည်။


ကုစစ်ခေါင်းငုံ့ကာသူ့လက်ထဲကကဏန်းကိုကြည့်ပြီး ၎င်းတို့ကိုသူ့ပါးစပ်နှင့်တိုက်ရိုက်စားတာကအဆင်မပြေဖြစ်လိမ့်မည်ဟုရုတ်ခြည်းခံစားလိုက်ရသည်။ သူသာရှောင်လုနှင့်တစ်ယောက်ကိုတစ်ယောက်ခွံ့ကျွေးလို့ရရင်...သွယ်ဝိုက်အနမ်းဖြစ်သွားမှာပဲ။


သူတို့သုံးယောက်မှာမတူညီတဲ့စိတ်ကူးများရှိနေကြပေမဲ့ စားပြီးနောက် သူတို့ကလောင်လင်၏အချက်အပြုတ်စကေးကိုပြိုင်တူချီးမွမ်းလိုက်ကြသည်။


လောင်လင်ကပြုံးကာဆိုသည်။

"မင်းတို့ကြိုက်ရင်ပြီးတာပဲ။"


ဒါပေမဲ့ရယ်မောပြီးနောက် သူကလင်ခုံးလုကိုကျားမျက်နှာဖြင့်ပြောလိုက်သည်။

"မင်းကဒီလိုမျိုးရယ်နေသေးတယ်လား။ ခုနကဗိုက်ပြည့်ရင်ပန်းကန်သွားဆေးမယ်လို့ဘယ်သူပြောခဲ့တာလဲ။"


အာဏာရှင်ဥက္ကဌမှာသူ့ဝမ်းဗိုက်ကိုပွတ်သပ်ရင်းအေးခဲသွားရသည်။


လင်ခုံးလု: သွားမဆေးခင်ခဏလောက်နားလို့မရဘူးလား။


ထို့အပြင် သူ့မှာပန်းကန်ဆေးစက်မရှိတာမဟုတ်လို့ သူ့ကိုနှိပ်စက်ချင်တာမဟုတ်ပေ။


"မြန်မြန်သွားလေ။" လင်ကျန့်ကော်တိုက်တွန်းလိုက်သည်။

"မဟုတ်လို့ကတော့ မင်းအစားအသောက်ဖိုးရှင်းရမှာနော်၊ မင်းရဲ့ဝန်ထမ်းတွေကပိုက်ဆံအများကြီးစားသွားလိမ့်မယ်။"


သူပြန်လာပြီးအလုပ်မကူပေးတာရှားတာမို့ ကျိုးကြောင်းဆီလျော်တယ်မလား။


လင်ခုံးလုပူဆွေးသောကရောက်စွာဖြင့် ရေကန်ဆီဖြည်းညှင်းစွာလျှောက်သွားလိုက်ရသည်၊ နည်းလမ်းမရှိဘူးလေ၊ ဘောစိဆိုတဲ့ခေါင်းစဥ်ကဒီမှာအသုံးမဝင်ဘူးရယ်။


ထိုစဥ် တစ်စုံတစ်ယောက်ကအပြင်မှာလာရှာနေသဖြင့် လင်ကျန်းကော်က

"မြန်မြန်ဆေး၊ ပြီးရင်ငါလာစစ်မှာနော်"ဟုဆိုကာ လှည့်ထွက်သွားတော့သည်။


သူထွက်သွားသည်နှင့် လင်ခုံးလုကကုစစ်ကိုချက်ချင်းမျက်စိတစ်ဖက်မှိတ်ပြကာ အချက်ပြလိုက်သည်: အစားထိုးခံလေး၊ မင်းမနေ့ကငါ့ပိုက်ဆံတွေအများကြီးဖြုန်းသွားတာ၊ မင်းဘာလို့လာကူမဆေးပေးတာလဲ။


ကုစစ်ကယွီမင်ရှို့ကိုကြည့်ကာ ရှင်းလင်းစွာပြောလိုက်သည်။

"ဥက္ကဌယွီ၊ အလကားစားသောက်တာကမကောင်းဘူးနော်၊ ခင်ဗျားဘာလို့ပန်းကန်မဆေးတာလဲ။"


ယွီမင်ရှို့: "လာနောက်နေတာလား၊ ဒီလောက်အများကြီး--"


သူပြောလို့မပြီးသေးခင် သူ့လက်နှင့်ခြေထောက်ကသူ့စကားကိုနားမထောင်ဘဲ ပန်းကန်သွားဆေးရန် လက်ဦးမှုရယူလိုက်သည်။


ယွီမင်ရှို့: "....." အေးပါကွာ၊ အေးပါဟ၊ ငါဆေးလိုက်ပါ့မယ်။


သူမျက်လုံးလှိမ့်ကာ ရေကန်ဆီလျှောက်သွားလိုက်သည်။


သူဆေးဖို့ဆန္ဒရှိမှန်းမြင်လိုက်ရတော့ အပိုင်းအစမှာထိန်းချုပ်မှုလွတ်သွားသည်။ ဒါကိုမြင်သော် လင်ခုံးလုနှင့်ကုစစ်ကစားဖိုမှူးကြော်ထားသည့်ရနံ့မွှေးမွှေးဖရဲစေ့လက်တစ်ဆုပ်စာယူကာ သူ့ဘေးမှာထိုင်လျက် စားရင်းစောင့်ကြည့်နေလိုက်သည်။


လက်ထောက်စုန့်ကဘယ်ကြည့်လိုက်ညာကြည့်လိုက်နှင့် တုံ့ဆိုင်းစွာတွေးလိုက်မိသည်: ငါသွားကူရမှာလား။


ကံကောင်းစွာဖြင့် ထိုစဥ်လင်ခုံးလုကအမိန့်ပေးလာသည်။

"ရှောင်စုန့်၊ အပြင်ထွက်ပြီးလေကိုစောင့်ကြည့်နေ၊ ငါ့ပါးပါးပြန်လာရင်ငါ့ကိုချက်ချင်းလာပြော။"


"ဟုတ်ကဲ့။" ရှောင်စုန့်အဆင်သင့်ဖြစ်စွာသဘောတူလက်ခံလိုက်သည်။


လင်ကျန့်ကော်ကအကြာကြီးအပြင်ထွက်သွားပြီး သူပြန်လာတော့ ပန်းကန်အကုန်လုံးဆေးပြီးသလောက်ပင်။


လင်ခုံးလုနှင့်ကုစစ်မှာသတင်းပို့ချက်ကိုရရှိလိုက်သဖြင့် ချက်ချင်းယွီမင်ရှို့ကိုထွက်သွားဖို့"မေတ္တာရပ်ခံ"ကာ အပြုံးလေးဖြင့်ကြင်နာစွာပြောလိုက်သည်။

"ခင်ဗျားအရင်နားလိုက်တော့နော်၊ ကျန်တာကျွန်တော်တို့ဆေးလိုက်မယ်။"


ယွီမင်ရှို့မှာပင်ပန်းလွန်းလို့ခေါင်းငြိမ့်ကာဆိုလာသည်။

"မင်းတို့တွေမှာအသိတရားရှိသေးတာပဲ။"


သို့သော်လည်း သူအနောက်မှာသွားထိုင်ပြီး ဖရဲစေ့လှမ်းယူလိုက်သည်နှင့် လင်ကျန်းကော်ကအထဲဝင်လာသည်။


လင်ခုံးလုကတကယ်ပန်းကန်ဆေးနေပြီး ပန်းကန်အများကြီး"ဆေး"ထားတာကိုမြင်လိုက်ရတော့ လင်ကျန့်ကော်စိတ်ကျေနပ်စွာခေါင်းငြိမ့်ကာပြောလိုက်သည်။

"ကောင်းတယ်။"


ထို့နောက် သူကပန်းကန်ဆေးနေသည့်ကုစစ်ကိုလည်းကြည့်ကာ ယဥ်ကျေးစွာပြောလိုက်သည်။

"အို၊ ရှောင်ယန်း၊ မင်းဘာလို့ပန်းကန်လာဆေးနေတာတုန်း? မင်းကဧည့်သည်လေကွာ၊ မြန်မြန်အနောက်မှာသွားထိုင်၊ အဲ့..."


"ဥက္ကဌယွီ။" ကုစစ်ကအသိပေးလာသည်။


"အိုးဟုတ်သားပဲ၊ ဥက္ကဌယွီနဲ့အတူဒီအတိုင်းထိုင်ပြီးဖရဲစေ့စားလေ။"

လင်ကျန်းကော်ကစည်းရုံးလိုက်သည်။


ယွီမင်ရှို့: "...." သူ့လက်ထဲကဖရဲစေ့များကရုတ်တရက်အရသာမရှိလေတော့။


အဓိကအချက်ကား ကုစစ်ကထိုနေရာမှာစစ်မှန်ချင်ယောင်ဆောင်နေတုန်းဖြစ်ပြီး ရိုကျိုးနိမ့်ကျစွာပြောလာသည်။

"အန်ကယ်၊ ရပါတယ်ဗျာ၊ ရှောင်လုနဲ့ကျွန်တော်ကမိတ်ဆွေတွေဆိုတော့ ဖြစ်သင့်ပါတယ်ဗျာ။"


ယွီမင်ရှို့: "....."


သူရုတ်ခြည်းဖရဲစေ့ကိုအောက်ချကာ ကုစစ်ကိုစူးစိုက်ကြည့်လိုက်သည်။


နောက်ဆုံးကုစစ်မှာစည်းရုံးခံလိုက်ရပြီးအနောက်မှာသွားနားတော့ သူအသံတိုးကာ အံကြိတ်လျက်ပြောလိုက်သည်။

"ဥက္ကဌကုကတကယ်ကောက်ကျစ်တာပဲ။"


"အပြန်အလှန်ပေါ့။"


"ဟက်။" ယွီမင်ရှို့စကားထပ်မပြောတော့ဘဲ တစ်ခဏတာတိတ်ဆိတ်သွားပြီးနောက် သူရုတ်တရက်ပြောလိုက်သည်။

"ဒါပေမဲ့မင်းငါ့ကိုမနိုင်လောက်ဘူး။"


ထိုစဥ်ကုစစ်သူ့ကိုတစ်ချက်သာစိုက်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

"ဒါဖြင့် ငါတို့စောင့်ကြည့်ကြတာပေါ့။"


ယွီမင်ရှို့ကလည်းသူ့ကိုစိုက်ကြည့်ကာ ရွှတ်နောက်နောက်ပြုံးလိုက်ပြီး ဖော်ပြမရအောင်သက်ပြင်းချလိုက်သည်။

"မင်းကမျက်နှာသာပေးခံထားရရုံပါပဲ။"


လင်ခုံးလုကပန်းကန်အနည်းငယ်ပင်မဆေးရသေးဘဲ "အချိန်ပြည့်ပြီ၊ မင်းသူငယ်ချင်းတွေနဲ့သွားဆော့တော့"ဟူသည့်လောင်လင်၏ဆင်ခြေကြောင့်မောင်းထုတ်ခံလိုက်ရသည်။


လင်ခုံးလုလက်ပေါ်ကရေကိုသုတ်ကာ လျှောက်သွားပြီးမေးလိုက်သည်။

"မင်းတို့ဘာတွေပြောနေကြတာလဲ။"


"ဘာမှမဟုတ်ပါဘူး။" ကုစစ်နှင့်ယွီမင်ရှို့ကပြိုင်တူထရပ်ကာ သံပြိုင်ပြောလာသည်။


ကုစစ်ကယွီမင်ရှို့ကိုထူးဆန်းသောအကြည့်တစ်ချက်ပေးလိုက်ပြီးမှ လင်ခုံးလုဆီလျှောက်သွားကာ လောင်လင်သတိမထားမိနိုင်သည့်နေရာမှာသူ့လက်ကိုတိတ်တိတ်လေးလှမ်းကိုင်ပြီး မေးလိုက်သည်။

"ကမ်းခြေသွားချင်လား။"


"အွန်း။" လင်ခုံးလုခေါင်းငြိမ့်ကာအပြုံးလေးဖြင့်ပြောလိုက်သည်။

"မင်းကိုကဏန်းလေးတွေတူးဖို့ခေါ်သွားမယ်။"


အမှန်တော့ သူတို့ရေငုပ်ပြီးရေလွှာလျှောစီးလို့လည်းရပေမဲ့ ကုစစ်ကအကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခိုင်းထားတာကိုသူမြင်လိုက်ရတော့ သူသူပျင်းသွားပြီး မနက်ဖြန်၎င်းတို့ကိုချွတ်လို့ရမလားကြည့်လိုက်မယ်။


ဒီတော့ယောက်ျားကြီးလေးယောက်မှာနောက်ဆုံးတွင်မူကြိုကလေးများပမာ ပလတ်စတစ်ခြင်းငယ်လေး၊ ဂေါ်ပြားအသေးလေးကိုသယ်လျက် ကဏန်းတူးရန်ကမ်းခြေကိုသွားကြတော့ သူတို့နှင့်ဆုံသည့်ကုမ္ပဏီဝန်ထမ်းများမှာရယ်သေလုနီးပါးဖြစ်သွားရသည်။


ငွေကမ်းခြေမှာသိပ်မတိုးတက်သေးပေမဲ့ ခရီးသွားများရှိစမြဲ။ ညနေခင်းတွင် ကမ်းခြေမှာအသားကင်တို့အပြည့်ပင်။


လင်ခုံးလုနှင့်အခြားသူတို့မှာကဏန်းတူးလို့ဝသွားပြီမို့ ဆိုင်ခန်းငယ်တစ်ခုခုမှာဝင်ထိုင်လိုက်ကြသည်။


ဒါပေမဲ့ သူတို့အသားကင်မှာလိုက်ရုံသာရှိသေး အသားမည်းမည်းပိန်ပိန်ယောက်ျားတစ်ယောက်ကသူတို့စားပွဲဆီတဟုန်ထိုးပြေးလာကာ ရှော့ခ်စွာဖြင့်ကုစစ်ကိုဆဲရေးလာသည်။

"ယန်းစစ်? တကယ်ပဲမင်းကိုး၊ မင်းသောက်ရူးကောင်၊ မင်းမှာအသိတရားရှိသေးရဲ့လား။ မင်းကချမ်းသာသွားတော့ မင်းကိုကယ်ခဲ့တဲ့မွေးစားအမေသေမသေအရေးမစိုက်တော့ဘူးပေါ့?"


"မင်းကအခုဆိုအဝတ်အစားဝတ်ထားတဲ့ခွေးတစ်ကောင်နဲ့တူနေပြီကွ၊ ငါကြားတာကတော့မင်းသူဌေးကြီးတစ်ယောက်နဲ့အတူရှိနေတယ်ဆို၊ ဒါပေမဲ့လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မင်းငါ့အမေရဲ့အသက်ကယ်ကျေးဇူးကိုပြန်ဆပ်ဖို့ ပိုက်ဆံထောင်ချီပေးပြီးတော့ထွက်သွားခဲ့တယ်မလား။ မင်းကမျက်နှာလွဲခဲပစ်လုပ်သွားတာပဲ၊ သူမကအပြင်းအထန်နေမကောင်းဖြစ်နေတုန်းပဲကွ!"


အသံကိုကြားသော် အနီးဝန်းကျင်ရှိလူတို့မှာမနေနိုင်ဘဲလှမ်းကြည့်မိကြသည်။


လင်ခုံးလုလည်းအံ့သြသွားရသည်၊ ဒါကမုန့်ဖန်းတုံမဟုတ်လား။


အရင်ဘဝက ကုစစ်မှတ်ဉာဏ်ပြန်မရသေးချိန်မှာ သူကဇာတ်ကြောင်းအရထိုသားအမိကိုပိုက်ဆံပေးခဲ့ပေမဲ့ ပြန်မွေးဖွားလာပြီးနောက်ပိုင်းမှာတော့မပေးခဲ့ပေ။ သူကသူ့ကိုမပြောဘဲအဲ့သားအမိကိုအဝေးပို့ခဲ့ပေမဲ့ ဘာလို့ပေါ်လာရပြန်တာလဲ။


ယွီမင်ရှို့ကရွှတ်နောက်နောက်ပြုံးကာ လေးနက်သောလေသံဖြင့်ဆိုလာသည်။

"အတွင်းရေးမှူးယန်း၊ မင်းဘာလို့ငါ့ကိုမမိတ်ဆက်ပေးတာလဲ။"


ဒါကိုပြောပြီးနောက် သူကမုန့်ဖန်းတုံကိုမျက်ဝန်းထဲ၌သတိပေးမှုဖြင့်အလိုလိုတစ်ချက်လှမ်းကြည့်လိုက်သည်။


သူကဒီလူ့ကိုအမှန်တရားပြောခိုင်းကာ ကုစစ်တစ်ယောက်ယန်းရှောင်လျန်ကိုပိုက်ဆံပေးတုန်းကသူယန်းရှောင်လျန်ကိုဘယ်နှသန်းပေးခဲ့လဲဆိုတာပြောခိုင်းခဲ့ပါရက်နှင့် ပိုက်ဆံထောင်ချီပေးတယ်လို့ပဲပြောတယ်ဆိုတော့ ဒီလူဘာသဘောလဲ။


ကုစစ်မျက်နှာတမဟုတ်ချင်းမည်းတူးသွားရသည်။ သူကလင်ခုံးလုရှေ့မှာအတိတ်မေ့ချင်ယောင်ဆောင်ထားရသည်။ သူတို့အတူစရှိခါစတုန်းက သူယန်းရှောင်လျန်ကိုတိတ်တဆိတ်ပိုက်ဆံသန်းချီပေးခဲ့တာကိုတစ်ဖက်လူသိသွားရင် အစထဲကအတိတ်မေ့ချင်ယောင်ဆောင်ထားတဲ့ကိစ္စကပေါ်သွားမှာမဟုတ်ဘူးလား။


သူဟာအစထဲကမှတ်ဉာဏ်မပျောက်ခဲ့ပါဘဲနှင့် သူများကိုပိုက်ဆံပေးနေတုန်းမှာသူကတော့သူ့ပိုက်ဆံကိုဖြုန်းနေမှန်း ကပ်စီးကုပ်လေးသာသိသွားရင်...မဟုတ်ဘူး၊ အဲ့ဒါကအဓိကမဟုတ်ဘူး။


အဓိကကအတုအယောင်အတိတ်မေ့မှုပေါ်သွားရင် သူ့ချဥ်းကပ်မှုအကုန်လုံးကကြိုတင်ကြံစည်ထားတာမှန်းကပ်စီးကုပ်လေးသိသွားလိမ့်မယ်။


_________________________________