Chapter(87)
Viewers 10k

ယင်းရှပင်လယ်အော်ကားအခုတလောခရီးသွားကာလမို့ ဒီနေရာမှာလင်ခုံးလု၏ဝန်ထမ်းအဖွဲ့နှင့်ဆို သူ့ပါးပါး၏တံငါသည်စားသောက်ဆိုင်နှင့်နီးစပ်ရာတည်းခိုခန်းအများအပြားမှာလူကျလျက်ရှိသည်။ ရလဒ်အနေဖြင့် ကုလူအိုကြီးနှင့်အခြားသူတို့မှာအခန်းကိုဘိုကင်တင်မရသဖြင့် အဝေးကဟိုတယ်မှာဘိုကင်သွားတင်လိုက်ရသည်။


ဒါပေမဲ့စားပြီးနောက် ကုဖိုးဖိုးမှာသိသိသာသာကိုထွက်သွားရန်ရည်ရွယ်ချက်မရှိပါဘဲ စကားထပ်ပြောချင်နေသည်။


ကုစစ်ကသူ့အခန်းကိုအလွန်သဘောထားကြီးစွာ(ပျော်ပျော်ကြီး)ပေးကာပြောလိုက်သည်။

"အဖိုးတို့ကျွန်တော့်အခန်းမှာနေလို့ရတယ်၊ ကျွန်တော်ရှောင်လုနဲ့သွားတိုးအိပ်လိုက်မယ်။"


လင်ခုံးလု: တိုးအိပ်မယ်? မင်းငါ့အတွက်စိတ်မကောင်းမဖြစ်ဘူးလား။


လူအိုကြီးကု: ကောင်စုတ်လေး၊ သူ့ဇနီးကိုလိုက်ဖို့အတွက် လူအိုကြီးကိုတောင်အသုံးချသွားတယ်။


လင်ကျန့်ကော်တစ်ယောက်သာအမှန်ကိုမသိဘဲအပြုံးလေးဖြင့်ပြောလာသည်။

"ဟုတ်တာပဲ၊ ရှောင်လုအခန်းကကုတင်ကကြီးတော့ မင်းတို့နှစ်ယောက်အိပ်ဖို့လုံလောက်ပါတယ်။"


လင်ခုံးလု: ...ကျွန်တော်ကတော့မလုံလောက်မှာစိုးမိတယ်။


ကုဖိုးဖိုးမှာလည်းအလွန်ရှုပ်ထွေးသောစိတ်အခြေအနေမှာရှိနေပေသည်။ လင်ခုံးလုနှင့်ကုစစ်ထွက်သွားပြီးနောက် သူရုတ်တရက်လင်ကျန့်ကော်၏လက်ကိုဆုပ်ကိုင်ကာ အပြစ်ရှိသောမျက်နှာထားဖြင့်ပြောလိုက်သည်။

"ညီလေး၊ ငါမင်းအတွက်စိတ်မကောင်းပါဘူးကွာ။"


အိမ်ကအဲ့ကပ်စေးနည်းကောင်စုတ်လေးကမင်းရဲ့ဂေါ်ဖီထုပ်ကိုခိုးသွားတယ်၊ ဒီအစ်ကိုကြီးကနောက်ဆိုမင်းထက်မျိုးဆက်တစ်ဆက်ပိုကြီးသွားလောက်တယ်။


နောက်တော့ ကုဖိုးဖိုးရောက်လာမှန်းယွီမင်ရှို့"သိသွား"သဖြင့် အောက်ထပ်ဆင်းကာနှုတ်ဆက်လိုက်သည်။


ထိုစဥ်လင်ခုံးလုမှာကုစစ်နှင့်အတူကုတင်ပေါ်မှာလှဲနေပြီဖြစ်ကာ ရှောင်စုန့်၏တင်ပြချက်ကိုနားထောင်ပြီးနောက် သူဖုန်းချကာကုစစ်ကိုပြောလိုက်သည်။

"မင်းအဖိုးဒီကိုရုတ်တရက်ရောက်ချလာတာ သူနဲ့ဆိုင်နေတာလား။"


ကုစစ်ကခေါင်းငြိမ့်ကာဆိုသည်။

"သူကျွန်တော်တို့အကြောင်းတစ်ခုခုကို...အဖိုးကိုပြောပြလိုက်တာ။"


လင်ခုံးလု: "ငါသိတယ်။"


ယွီမင်ရှို့ကအရင်ဆုံးသူ့ကုမ္ပဏီကိုတိုက်စစ်ဆင်ပြီးနောက် မုန့်ဖန်းတုံကိုခေါ်ထုတ်ခဲ့ပြီး အခုဆိုကုစစ်၏အဖိုးကိုဖိတ်ခေါ်ခဲ့သည်...


လင်ခုံးလုညာလက်မြှောက်ကာ သူ့နောက်စေ့ပေါ်တင်ပြီး ပြောလိုက်သည်။

"ဒီရက်ပိုင်း သူအရမ်းရှင်းလင်းတဲ့ရည်ရွယ်ချက်နဲ့ လှုပ်ရှားမှုသေးသေးလေးတွေတစ်ခုပြီးတစ်ခုလုပ်နေတာက---"


"ကျွန်တော်တို့ပြတ်သွားအောင်လို့။"

ကုစစ်ဆက်ပြောလိုက်ပြီး သူနှင့်အတူရှိချင်နေတာသိသာသည်။


နှစ်ယောက်သားအတွေးများနေကြပြီး သူတို့မနေနိုင်ဘဲခေါင်းလှည့်ကာအပြန်အလှန်ကြည့်လိုက်မိသည်။ တစ်အောင့်ကြာသော် သူတို့ပြိုင်တူပြောလိုက်မိသည်။

"သူမင်းကိုကြိုက်နေတာလား။"


ထိုစကားကိုကြားသော်ကုစစ်အေးစက်သွားရကာ မည်းမှောင်သောမျက်နှာဖြင့်ပြောမိသည်။

"စဥ်းတောင်မစဥ်းစားနဲ့၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"


သူနှင့်ယွီမင်ရှို့ကရှင်းလင်းစွာပင်အချစ်ပြိုင်ဘက်များဖြစ်ကြပြီး အရင်ဘဝကသူတို့ပြိုင်ဘက်မဟုတ်တုန်းကတောင် သူတို့ကစီးပွားရေးလောကမှာမိတ်ဆွေနှင့်ပြိုင်ဘက်သက်သက်ဖြစ်သည်။


အဲ့ကောင်ရှောင်လုကိုဆက်ဆံပုံက....


သူ့အခြားတစ်ဝက်ပြောပြသွားသည့်သတင်းကိုတွေးမိရင်း ကုစစ်မနေနိုင်ဘဲလင်ခုံးလုကိုကြည့်မိပြန်သည်။


လင်ခုံးလုအံ့သြသွားရကာ အပြစ်ကင်းစင်စွာပြောလိုက်မိသည်။

"မင်းငါ့ကိုဘာလို့ကြည့်နေတာလဲ။ ငါသူ့အပေါ်ဘာစိတ်မှမရှိဘူးနော်။"


သူ့တုံ့ပြန်မှုကိုမြင်သော် ကုစစ်သိသိသာသာကိုစိတ်သက်သာရာရသွားမိသည်။ ကံကောင်းစွာဖြင့် ရှောင်လုကယွီမင်ရှို့ကိုစိတ်မဝင်စားမှန်းသိသာလှသည်။ အဲ့ကောင်စိတ်ထဲမှာတကယ်တစ်ခုခုရှိနေရင် တစ်ဖက်သတ်ပဲဖြစ်လောက်မယ်။


ဒါပေမဲ့အထက်တန်းတုန်းကရှောင်ပါ့ကယွီမင်ရှို့ကိုသဘောကျခဲ့မှန်းသတိရသွားတော့ တစ်ဖက်လူလည်းယွီမင်ရှို့၏အတွေးများကိုရိပ်မိသွားမှာစိုးကာ သူအမြန်ခေါင်းစဥ်ပြောင်းပြီး အရင်ကအကြောင်းသူ့မှာသံသယရှိသည့်ကိစ္စကိုပြောလိုက်သည်။


"ဒါနဲ့ ကျွန်တော်ငယ်ငယ်တုန်းကခင်ဗျားကျွန်တော့်ကိုကယ်ခဲ့တယ်ဆိုပြီးတောအ အဖိုးနဲ့အခြားသူတွေကပြောကြတယ်၊ ခင်ဗျားဒီအကြောင်းပြောတာကိုကျွန်တော်ဘာလို့မကြားမိတာလဲ။"


သူကရှောင်ပါ့ကိုယွီမင်ရှို့ထက်အရင်စောသိခဲ့ပြီး ဒါဟာကောင်းကင်ဘုံကသတ်မှတ်ပေးထားသည့်ကံကြမ္မာဖြစ်ပေသည်။


မထင်မှတ်ထားစွာဖြင့် လင်ခုံးလုကဒါကိုကြားပြီးနောက်တည်ငြိမ်စွာဆိုလာသည်။

"အိုး၊ ငါမေ့သွားပြီရယ်။"


"ဘယ်လိုလုပ်မေ့နိုင်ရတာလဲ။" ကုစစ်လက်မလျှော့ဘဲအသိပေးလိုက်သည်။

"ကျွန်တော်၇နှစ်၈နှစ်တုန်းက ခင်ဗျားကနီးစပ်ရာကမ်းခြေပေါ်မှာရှိနေ..."


"မေ့ရင်မေ့တယ်ပေါ့၊ မင်းတောင်မေ့သွားတာကို ငါကဘာလို့မရရမှာလဲ။"

လင်ခုံးလုရုတ်ခြည်းဖြတ်ပြောလိုက်သည်။

"ပြီးတော့ မင်းကကလေးတုန်းကနဲ့အခုပုံစံနဲ့မတူတော့ဘူးလေ၊ ငါမင်းကိုမမှတ်မိတာပုံမှန်ပဲမဟုတ်ဘူးလား။"


ကုစစ်: "...."


ထိတ်လန့်မှုနှင့်အပြစ်ရှိစိတ်တစ်စွန်းတစ်စကသူ့ရင်ထဲမှာရုတ်ခြည်းပေါက်ဖွားလာပေမဲ့ အဓိကအချက်ကိုမဖမ်းဆုပ်နိုင်ဘဲ လင်ခုံးလုကိုကြည့်ရတာ...နည်းနည်းမပျော်မရွှင်ဖြစ်နေပုံပေါ်သည်ဟုဖော်ပြမရအောင်ခံစားလိုက်ရသည်။


သူဒါကိုအထင်လွဲသွားခဲ့တာဖြစ်သည်။ အတိတ်မေ့မှုမှာဇာတ်ကြောင်းကလုပ်ထားတာဖြစ်ပြီး လင်ခုံးလုကထိုဟာနှင့်ပတ်သတ်ပြီးမပျော်မရွှင်ဖြစ်မှာမဟုတ်ပေမဲ့ သူသာသူ့ကိုပြောပြလိုက်ရင် သူလရောင်ဖြူလေးကိုဝန်ခံခဲ့သည့်အချက်ကိုပြောပြရလိမ့်မည်ဟုသူခံစားမိရုံသာ။


ဒါပေမဲ့လင်ခုံးလုကကုစစ်ကိုဒီအကြောင်းမသိစေချင်သေးပေ။ သူ့အထင် ကုစစ်၏မကောင်းတဲ့စိတ်တန်ဖိုးကသူယွီမင်ရှို့ကိုသဘောကျသည်ဟုထင်နေတာနှင့်တစ်ခုခုသက်ဆိုင်နေမည်ပင်။


ကုစစ်ကအခုမပြည့်စုံပေ။ အမှန်တရားကိုသိပြီးနောက် မကောင်းတဲ့စိတ်တန်ဖိုးအနည်းငယ်လျော့သွားမှာဆိုပေမဲ့ စိတ်ဝိညာဥ်ရဲ့ပျောက်ဆုံးသွားတဲ့အပိုင်းအစကကော? သံမဏိကောင်းကိုဓားသွားပေါ်မှာအသုံးချရမယ်ဆို သူ့ကိုအမှန်တရားသိခွင့်မပေးခင် ပျောက်သွားတဲ့အပိုင်းအစပြန်ရောက်လာတာကိုစောင့်တာပိုကောင်းသည်။


ဒါပေမဲ့ ကုဖိုးဖိုးအကြောင်းပါလာတော့ လင်ခုံးလုမှာသူ၏ဝါအကြောင်းတွေးမိသွားပြန်ကာ မနေနိုင်ဘဲခေါင်းလှည့်ပြီး မျှော်လင့်တကြီးလေသံဖြင့်ပြောမိသည်။

"ဒါနဲ့ မင်းငါ့ကိုရှုရှုလို့ခေါ်သင့်တယ်နော်?"


ကုစစ်: "?"


လင်ခုံးလုမျက်ခုံးပင့်ကာအသိပေးလိုက်သည်။

"ငါ့ပါးပါးနဲ့မင်းအဖိုးနဲ့ကတစ်ယောက်ကိုတစ်ယောက်ညီအစ်ကိုခေါ်နေကြတော့ ငါကမင်းထက်မျိုးဆက်တစ်ဆက်ကြီးတယ်လေ၊ ဒီတော့မင်းငါ့ကိုရှုရှုလို့ခေါ်သင့်တယ်။"


ကုစစ်: "....."


"တူကြီး(သာ့ကျီဇစ်)၊ မြန်မြန်ခေါ်လေကွာ။" လင်ခုံးလုတိုက်တွန်းလိုက်သည်။


ဒါပေါ့ ကုစစ်ကမခေါ်ပေ၊ ဒါပေမဲ့လင်ခုံးလုကစိတ်ဝင်စားစရာကောင်းပုံရသည်ဟုထင်ကာ သူ့ကိုအဆက်မပြတ်တိုက်တွန်းလိုက်သည်။


ဒီအခိုက်အတန့်မှာ ကုစစ်လည်းသူဒေါသမထွက်တော့မှန်းမြင်လိုက်ရတော့ ရုတ်ခြည်းလှည့်ကာသူ့ကိုအုပ်မိုးပြီး ကိုယ်ကိုင်းကာနားထဲပြောလိုက်သည်။

"သေချာလား။"


လင်ခုံးလုချက်ချင်းသတိချပ်လိုက်မိကာ တစ်စက္ကန့်အတွင်းပြောလိုက်သည်။

"မ မသေချာဘူး။"


သူပြောကာလက်ဆန့်ပြီး ကုစစ်၏သန်မာသောရင်အုပ်ကိုသူ့အဝတ်မှတဆင့်ပုတ်ကာ သူ့ကိုတွန်းထုတ်ဖို့ကြံရွယ်လိုက်ပေမဲ့ ကုစစ်ကသူ့လက်ကိုဆုပ်ကိုင်ကာ သူ့မျက်လုံးများကနက်မှောင်လျက် အက်ရှရှအသံဖြင့်ဆိုလာသည်။

"နောက်ကျသွားပြီ။"


ထိုညမှာ"တူကြီး(သာ့ကျီဇစ်)"ကပုန်ကန်ခဲ့ပြီး "ဦးငယ်လေး(ရှောင်ရှုရှု)"မှာငိုချင်ပေမဲ့မျက်ရည်ထွက်မလာပေ။


နောက်တစ်နေ့ ကုစစ်လန်းဆန်းစွာဖြင့် အနောက်မီးဖိုချောင်မှာမနက်စာသွားယူပြီး အခန်းကိုပြန်ကာလင်ခုံးလုနှင့်အတူစားလိုက်သည်။


စားပြီးနောက် သူပန်းကန်လုံးနှင့်တူများပြန်ထားလိုက်ပေမဲ့ ကုလူအိုကြီးနှင့်လင်ကျန့်ကော်တို့မပေါ်လာမှန်းတွေ့လိုက်ရသဖြင့် မနေနိုင်ဘဲစားဖိုမှူးကိုမေးလိုက်မိသည်။


"သူဌေးကိုပြောတာလား။" အနောက်မီးဖိုချောင်ရှိလူကသူ့ကိုကောင်းကောင်းသိကာ အလျင်စလိုပြောလာသည်။

"သူမနေ့ညကအဲ့လူကြီးမင်းနဲ့အတူငါးသွားမျှားတယ်၊ ဒါနဲ့ သူဌေးကသူဌေးလေးနိုးလာရင်သူ့ကိုလာကူညီဖို့ပြောခဲ့တယ်။"


ငါးမျှားတယ်? ပင်လယ်ငါးမျှားတာ? အသက်၆၀ရှိတဲ့လူတွေက အေးဆေးနေလို့မရဘူးလား။


ကုစစ်ဗလာမျက်နှာထားဖြင့်ဖုန်းထုတ်ကာ တစ်ယောက်ယောက်ကိုဖုန်းခေါ်ကာသွားစောင့်ကြည့်ခိုင်းလိုက်သည်။ အနောက်မီးဖိုချောင်ကတော့....ဦးငယ်လေးကနောက်ကျောနာနေတာမို့ ဒီတူကြီးကသူ့ရဲ့တူဝတ္တရားကိုပြသရတာပေါ့။


ကုလူအိုကြီးကမနက်စောစောမှာထွက်သွားပြီး မွန်းတည့်ချိန်မှာပြန်လာကာ ငါးအကြီးကြီးတစ်ကောင်ကိုင်လျက်သားဖြင့် အနောက်မီးဖိုချောင်ထဲဖြည်းညှင်းစွာလျှောက်ဝင်လာပုံမှာ စစ်ပွဲနိုင်လာခဲ့သည့်ဗိုလ်ချုပ်ပမာ။


ကုစစ်တကယ်ကြီးမီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေမှန်းမြင်လိုက်ရတော့ သူချက်ချင်းပျော်ရွှင်သွားကာ အလျင်စလိုပြောလိုက်သည်။

"ကောင်လေး၊ ဒီကိုလာ၊ ငါ့ဘာသာငါဖမ်းမိခဲ့တဲ့ဒီငါးကြီးကိုယူပြီးတော့ သန့်ရှင်းရေးလုပ်၊ အတုံးအတုံးလေးတွေတုံးပြီးတော့ ဆော့စ်နဲ့နှပ်လိုက်၊ သတိထားနော်၊ အရသာမကောင်းရင် ငါမင်းသူဌေးကိုမင်းကိုအလုပ်ထုတ်ခိုင်းလိုက်မှာ။"


ကုစစ်၏ပါးစပ်မသိမသာတွန့်သွားရကာ ငါးကိုယူပြီး သူ့ကိုအသိပေးလိုက်သည်။

"ဒီအသက်အရွယ်မှာငါးသွားမျှားနေတုန်းပဲနော်၊ ဂရုစိုက်အုံး။"


ကုလူအိုကြီး: "ဟက်၊ လူအိုကြီးငါကအမြဲတမ်းသန်မာပြီးတော့ကျန်းမာကြံ့ခိုင်တယ်၊ ငါကကျန်းမာရေးကောင်းပြီးသား။"


ကုစစ်သူ့ကိုလျစ်လျူရှုကာ ငါးအကြေးခွံဖယ်နေစဥ် မေးလိုက်သည်။

"ဒါနဲ့ ကျွန်တော်တို့ငယ်ငယ်တုန်းက....ကျွန်တော်နဲ့ရှောင်လုအကြောင်းကျွန်တော့်ကိုပိုပြောပြလို့ရလား။"


"မင်းငယ်ငယ်တုန်းက။" ကုလူအိုကြီးပြန်တွေးကာပြောလိုက်သည်။

"ငါသိပ်မမှတ်မိတော့ဘူး၊ ဒါပေမဲ့မင်းတို့မှာကောင်းမွန်တဲ့ဆက်ဆံရေးရှိမှန်းတော့ငါမှတ်မိတယ်။ ငါမင်းကိုလာခေါ်တုန်းကဆို မင်းမလိုက်ချင်ဘူးလေ။ မင်းကအဲ့ကောင်လေးကိုလက်ထပ်ချင်ခဲ့တာ။ ပြောရရင် သူကမင်းကိုခရုခွံလက်ကောက်လည်းပေးခဲ့သေးတယ်။ ခဏတော့မင်းတန်ဖိုးထားခဲ့...."


"လက်ကောက်?" ကုစစ်ဓားကိုအောက်ချကာမေးလိုက်သည်။

"နောက်တော့ဘာဖြစ်သွားလဲ။ လက်ကောက်ဘယ်ရောက်သွားလဲ။ ကျွန်တော်ဘာလို့မမြင်မိတာလဲ။"


ကုလူအိုကြီး: "ဟက်၊ မင်းပေးပစ်လိုက်တဲ့ပုံပဲ။"


ကုစစ်တိတ်ကျသွားပြီးမှ တစ်အောင့်ကြာတော့ရုတ်ခြည်းအနောက်လှည့်ကာ ငါးခေါင်းကိုဒုတ်ခနဲခုတ်ပစ်လိုက်သည်။


လူအိုကြီး: "...."


"မင်းမပေးပစ်ခဲ့တာလည်းဖြစ်နိုင်တယ်။" သူရုတ်တရက်စိတ်ပြောင်းကာ တွေးတောပြီးမှပြောလိုက်သည်။

"ဒီလိုပစ္စည်းသေးသေးလေးကို မင်းဘယ်မှာထားလိုက်လဲဘယ်သူသိမှာလဲ၊ ငါမတွေ့မိဘူးလေ။"


ဒီကလေးကသူဖမ်းလာသည့်ငါးအပေါ်မှာဒေါသပုံချနေသည်ဟုသူအလေးအနက်သံသယဖြစ်မိသည်၊ သူ့မှာသက်သေရှိတယ်။


"လက်ကောက်ကဘယ်လိုပုံစံလဲ။" ကုစစ်ရုတ်ခြည်းမေးမိပြန်သည်။


သူရုတ်ခြည်းAမြို့တော်ကိုချက်ချင်းပြန်သွားပြီးတော့ သူ့အိမ်ဟောင်းကိုပြန်သွားကြည့်ပြီး သေတ္တာတွေကိုမွှေနှောက်ပြီးတော့ သူလက်ကောက်ကိုရှာတွေ့မလားဆိုတာကြည့်ချင်လာတယ်။


အဲ့ဒါကရှောင်ပါ့သူ့ကိုပေးခဲ့တဲ့ပထမဆုံးလက်ဆောင်လေ၊ သူဘယ်လိုလုပ်အပျောက်ခံနိုင်မှာလဲ။


____________________________