Chapter(89)
Viewers 10k

ဒီအခိုက်အတန့်တွင် ယွီမင်ရှို့၏ဗီလာမှာအဝိုင်းခံထားရပေမဲ့ ကုစစ်တစ်ယောက်ထဲသာဗီလာထဲလျှောက်ဝင်လာသည်။


ဒီကိုလာရာလမ်း၌ သူယွီမင်ရှို့စီစဥ်ထားသည့်လူတွေထံမှတိုက်ခိုက်ခံခဲ့ရပေမဲ့ လင်ခုံးလုတစ်ခုခုဖြစ်သွားမှန်းသူသိလိုက်ရချိန်အတောအတွင်းမှာ သူ့မျက်နှာထားကတင်းမာနေလျက် သူ့မျက်နှာမှာကြောက်စရာကောင်းလှသည်။


ရဲများကခြေတစ်လှမ်းနောက်ကျလွန်းသောကြောင့် သူရောက်လာချိန်မှာ ရဲများမရောက်လာသေးပေ။


အပိုင်းအစပြောပြသွားခဲ့သည့်အရင်ဘဝအကြောင်းတွေးမိရင်း ကုစစ်မစောင့်နိုင်တော့သဖြင့် ဘော်ဒီဂတ်များကိုတံခါးကန်ဖွင့်ခိုင်းခဲ့သည်။


ယွီမင်ရှို့ကိုဒေါသထွက်စေမှာစိုးလို့ သူဘော်ဒီဂတ်များကိုသူ့နောက်မလိုက်ခိုင်းဘဲ ဟောခန်းမထဲကိုတစ်​ယောက်ထဲလျှောက်ဝင်လာခဲ့သည်။


ဒါပေမဲ့လင်ခုံးလုကနောက်မြင့်ထိုင်ခုံပေါ်မှာအဖိခံထားရတာကိုသူမြင်လိုက်ရချိန် သူ့လက်ထဲမှာသေနတ်ရှိမနေတာကိုရုတ်တရက်နောင်တရသွားမိသည်။


"သူ့ကိုလွှတ်လိုက်!" ကုစစ်၏လက်ဖဝါးမှာလက်သည်းများထိုးဖောက်မတတ်ဖြစ်နေပြီး သူအကြောင်းရင်းအကုန်သုံးကာသူ့အမျက်ဒေါသကိုချုပ်တည်းပြီး သူ့တည်ငြိမ်မှုကိုထိန်းသိမ်းနေစဥ် နောက်မြင့်ထိုင်ခုံဆီလျှောက်သွားလိုက်သည်။


ယွီမင်ရှို့ကအသံကြားပေမဲ့မထလာဘဲ မျက်လုံးအသာမှေးစင်းကာ သူ့ကိုလှည့်ကြည့်လိုက်သည်။


ဒါပေမဲ့ဒီလှည့်ကြည့်မှုကြောင့် အာရုံခံကိရိယာလွဲလုမတတ်ဖြစ်သွားတာမို့ လင်ခုံးလုသူ့ခေါင်းကိုဖိကာ အလိုလိုပြောလိုက်မိသည်။

"မလှုပ်နဲ့လေ။"


ကုစစ်: "....."


ယွီမင်ရှို့: "......."


ကုစစ်၏မျက်လုံးများနီရဲသွားကာ သူအံတင်းတင်းကြိတ်လိုက်မိတော့ ဘယ်နေရာကိုကိုက်မိသွားမှန်းမသိ ပါးစပ်ထဲမှာသွေးအရသာပျံ့နှံ့လာသည်။


"ယွီမင်ရှို့၊ မင်းကသေချင်နေတာပဲ!" သူလက်သီးတင်းတင်းဆုပ်ထားပြီး သူ့မျက်လုံးများမှာရေခဲချွန်ပမာအေးစက်လျက်။


ထိုစဥ် 0687ကအသိပေးလာသည်။

"ရပြီ။"


လင်ခုံးလုသက်မချမိကာ ယွီမင်ရှို့ကိုအလျင်စလိုတွန်းထုတ်လိုက်တော့သည်။


ထိုစဥ် ကုစစ်ကလှေကားပေါ်တက်လာသဖြင့် သူတုံ့ဆိုင်းခြင်းမရှိဘဲ အာရုံခံကိရိယာကိုပစ်ပေးလိုက်သည်။


ကုစစ်အလိုလိုဖမ်းလိုက်မိသည်။ လင်ခုံးလုမှာရှင်းပြဖို့အချိန်မရှိဘဲ စိတ်အားထက်သန်စွာပြောလိုက်သည်။

"မြန်မြန်လေး၊ မျက်ခုံးနှစ်ဖက်ကြားမှာကပ်လိုက်။"


သူတုံ့ဆိုင်းနေမည်စိုးသဖြင့် သူ့ကိုအသိပေးလိုက်သည်။

"အပိုင်းအစလေ။"


ကုစစ်မိန်းမောသွားရကာ သူ့မျက်လုံးထဲရှိအေးစက်မှုကတဖြည်းဖြည်းချင်းပျောက်ကွယ်သွားချေသည်။ သူ့စိတ်ဝိညာဥ်အနက်ရှိုင်းဆုံးမှဆွဲအားကြောင့် သူလင်ခုံးလုပြောတဲ့အတိုင်း အာရုံခံကိရိယာကိုသူ့မျက်ခုံးနှစ်ဖက်ကြားမှာအလိုလိုဖိကပ်လိုက်သည်။


တမဟုတ်ချင်းပင်၊ သူ့ခေါင်းထဲမှာစူးရှသောနာကျင်မှုဖြစ်ပေါ်လာပြီး မရေတွက်နိုင်သောမှတ်မိသည့်(သို့)မမှတ်မိသည့်ပုံရိပ်အကုန်လုံးပေါ်ထွက်လာကာ အတိတ်ဘဝနှင့်ယခုပစ္စုပ္ပန်ဘဝပါဝင်နေသဖြင့် သူကယွီမင်ရှို့၏အသိစိတ်ပင်လယ်ထဲမှာပိတ်မိနေတဲ့အပိုင်းအစလား၊ ဒါမှမဟုတ် ပြန်မွေးဖွားလာပြီးနောက်ပိုင်းမှာလင်ခုံးလုနှင့်အတူ အရင်တစ်ယော​က်ကိုပြန်တည်ဆောက်ခဲ့တဲ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းပျောက်ဆုံးနေသည့်သူတစ်ဝက်လားဆိုတာ ကုစစ်မပြောနိုင်လေတော့။


မှတ်ဉာဏ်ပေါင်းစပ်သွားသည်နှင့် အသိစိတ်ပါတဖြည်းဖြည်းချင်းပေါင်းစပ်သွားသည်။ ကုစစ်ခေါင်းထပ်မော့လိုက်ချိန် သူ့မျက်နှာထားမှာနာကျင်မှုတစ်ချက်ဖြတ်ပြေးသွားချေသည်။


"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး...."


"ဒီအချိန်မှာမကောင်းတဲ့စိတ်တန်ဖိုးလာမတင်ပြနဲ့လေ။" လင်ခုံးလု ကုစစ်ကိုစိုးရိမ်တကြီးစိုက်ကြည့်နေမိသည်။


ကုစစ်ကလည်းသူ့ကိုကြည့်နေပြီး သူ့မျက်လုံးများကနာကျင်နေကာ သူ့အသံမှာအက်ရှလျက်: "ရှောင်လု...."


သူအကုန်မှတ်မိပြီ၊ ဒါမှမဟုတ် အခြားနည်းဖြင့်ဆိုရသော် ဘယ်တုန်းကမှမမေ့သွားခဲ့ပေ။


အတိတ်ဘဝမှာ လင်ခုံးလုဒေဝါလီခံလိုက်ရပြီးနောက် သူ့ချစ်သူလေးနှင့်အတူနိုင်ငံခြားထွက်သွားသည်ဟုယွီမင်ရှို့ကသူ့ကိုပြောလာခဲ့ချိန်မှာ သူတကယ်ဒေါသထွက်သွားကာ လက်လျှော့အရှုံးပေးဖို့တကယ်စီစဥ်ထားခဲ့သည်။


ဒါပေမဲ့သူအရှုံးမပေးမိတုန်းဖြစ်ကာ Cမြို့တော်ကိုပြန်သွားပြီး လင်ခုံးလု၏ရုတ်တရက်ဒေဝါလီခံရမှုအကြောင်းရင်းကိုစုံစမ်းခဲ့သည်။


မကြာခင် ယွီမင်ရှို့ကသူ့ဒေါသကိုပုံချပေးသည်ဟုအမည်ခံကာ လင်ခုံးလု၏ကုမ္ပဏီကိုဖယ်ရှားပစ်ခဲ့မှန်းသူသိလိုက်ရပြီး လင်ခုံးလုကသူ့ကိုအကူအညီတောင်းတာထက်စာရင် ဒေဝါလီခံရဖို့ပိုလိုလားရသည့်အကြောင်းရင်းကိုသူနောက်ဆုံးနားလည်သွားခဲ့သည်။


သူနောင်တရလာပြီး ဒေါသထွက်ကာမျက်နှာသာမပေးနိုင်တော့ဘဲ လင်ခုံးလု၏သတင်းကိုမျှော်ရင်း ယွီမင်ရှို့၏ဆိုးယုတ်သောသွေးထိုးလှုံ့ဆော်တတ်သည့်အမူအကျင့်ကိုပို၍ပင်မုန်းတီးသွားခဲ့သည်။


အေးစက်စက်မျက်နှာဖြင့် သူယွီမင်ရှို့ကိုတွေ့ရန်မောင်းသွားခဲ့သည်။


ဒါပေမဲ့ သူယွီမင်ရှို့၏နေထိုင်ရာနေရာအနီးကမီးပွိုင့်မှာကားရပ်ပြီး မီးနီကိုစောင့်နေချိန်မှာ သူမြင်လိုက်ရတာက လင်ခုံးလု၏ပုံရိပ်ကလမ်းတစ်ဖက်မှာပေါ်လာပြီး အလျင်စလိုလျှောက်နေပြီးနောက် အရှိန်တင်ကားတစ်စီးကမီးနီကိုလျစ်လျူရှုကာ ထိုပိန်သွယ်သောပုံရိပ်ဆီတိုးဝင်သွားခဲ့သည်။


သူ့ရှေ့ကအရာအားလုံးမှာအနှေးပြနေသယောင်၊ ထိုပုံရိပ်ကသစ်ရွက်နွမ်းလေးပမာမျောလွင့်သွားပေမဲ့ အောက်ကျလာချိန်မှာ အရမ်းလေးလံလွန်းလို့ သူ့နှလုံးသားပေါ်ကျလာသည့်အလားသိပ်ကိုလေးလံလွန်းလှပြီး နာကျင်မှုကစွဲကပ်လာသည်။


သူယွီမင်ရှို့ကိုတွေ့တုန်းက သူ့မှာရှိခဲ့သည့်မထူးခြားမခြားနားမှုကို သူလူငယ်လေးကိုတွေ့စဥ်ကအံ့အားသင့်မှုသို့ပြောင်းရန်ပင်အချိန်မရှိလိုက်ဘဲ ပူဆွေးသောကသာကျန်ရစ်ခဲ့လေသည်။


သူတည်ငြိမ်မှုပျောက်ဆုံးသွားကာ ကားထဲကထွက်လိုက်သည်။ ​ခြေနှစ်လှမ်းလှမ်းပြီးနောက် သူယိမ်းထိုးသွားကာဒူးတစ်ဖက်ထောက်ရက်သားကျသွားသည်။ သူလူငယ်လေးရှေ့ရောက်သွားတော့ သူ့မှာမတ်တပ်ရပ်ဖို့တောင်ခွန်အားမရှိတော့၊ ကျိုးပဲ့သွားမှာစိုးလို့ လူငယ်လေးကိုထိဖို့ပင်မဝံ့ရဲ။


ယွီမင်ရှို့လည်းခဏအကြာရောက်လာပေမဲ့ သူမယုံကြည်နိုင်ဖြစ်မိသည့်အလား မိန်းမောကာစိတ်မကောင်းဖြစ်သောမျက်နှာထားရှိလျက်။


ကုစစ်သူ့ကိုအရမ်းမုန်းတယ်၊ ဒီလူကဒီနေရာမှာသူတော်ကောင်းယောင်ဆောင်ဖို့ဘာအခွင့်ရှိလို့လဲ။


သူတစ်ဖက်လူကိုလျစ်လျူရှုကာ လူငယ်လေး၏စျာပနကိုတည်ငြိမ်စွာပြုလုပ်ပေးခဲ့ပြီး ထို့နောက်ယွီမင်ရှို့ကလူငယ်လေးကိုအိမ်မှာဖမ်းဆီးထားခဲ့သဖြင့် လူငယ်လေးထွက်ပြေးလာစဥ်ကားတိုက်မှုဖြစ်သွားစေခဲ့မှန်းသူသိလိုက်ရသဖြင့် သူယွီမင်ရှို့ကိုကလဲ့စားစချေခဲ့သည်။


သိပ်မကြာခင်ယွီမင်ရှို့ဒေဝါလီခံလိုက်ရကာ ယွီမိသားစုကျရှုံးသွားသည်။


ဒါပေမဲ့ယွီမင်ရှို့ကအနည်းငယ်ကောက်ကျစ်သောလူတစ်​ယောက်ဖြစ်သည်။ အရင်ဘဝက သူ့မှာဘာမှမကျန်ဘဲလမ်းပေါ်တွင်နေရချိန်မှာ သူကပြန်တိုက်ခိုက်နိုင်စွမ်းရှိနေတုန်းပင်။ ဒီဘဝမှာလည်းအတူတူပင်၊ ဗီလာထဲမှာထူးခြားဆန်းကြယ်သောအရာတချို့ကိုပြုလုပ်ပြီး လင်ခုံးလုကိုပါဖမ်းသွားခဲ့သည်၊ သူဘာလုပ်ချင်မှန်းမသိတော့။


ဒါကိုတွေးမိရင်း ကုစစ်၏မျက်လုံးမည်းမှောင်သွားကာ ယွီမင်ရှို့ကိုကြည့်ပြီး ပြောလိုက်သည်။

"မင်းတကယ်အသက်ရှည်တာပဲ။"


ယွီမင်ရှို့ကလှောင်ပြုံးပြုံးကာ တူညီသောလေသံဖြင့်ဆိုလာသည်။

"မင်းကောပဲ။ မင်းလည်းကံကောင်းသား၊ ဒီကိုလမ်းတဲ့လမ်းမှာကားတိုက်သတ်မခံခဲ့ရဘူးပဲ။"


ဒါကိုကြားသော်လင်ခုံးလုမျက်မှောင်ကြုတ်မိသည်။ ဒါဘာကိုဆိုလိုတာလဲ။ ကုစစ်ကလမ်းမှာကားတိုက်ခါနီးဖြစ်ခဲ့တာလား။ ယွီမင်ရှို့လုပ်ခဲ့တာပေါ့?


သူယွီမင်ရှို့ကိုအလိုလိုလှမ်းကြည့်လိုက်မိသည်။


သူ့အကြည့်ကိုအာရုံခံမိတော့ ယွီမင်ရှို့ကလည်းသူ့ကိုလှည့်ကြည့်ကာ ခပ်ဖွဖွအပြုံးဖြင့်မေးလိုက်သည်။

"ဘာလဲ၊ စိတ်ပူသွားတာလား။"


လင်ခုံးလုစကားမပြောဘဲ ကုစစ်ကိုမသက်မသာကြည့်လိုက်မိသည်။


သူ့အတွက်စိတ်ပူနေမှန်းသိလိုက်ရတော့ ကုစစ်ရင်ထဲမှာနွေးထွေးသွားကာ ခေါင်းအသာခါပြပြီး သူဘာမှမဖြစ်ကြောင်းဖော်ပြလိုက်သည်။


လင်ခုံးလုတိတ်တခိုးသက်မချလိုက်မိသည်။


ဒါကိုမြင်သော် ယွီမင်ရှို့ကအနည်းငယ်ခပ်နိမ့်နိမ့်ရယ်မောကာ ဖော်ပြမရအောင်ဆိုလာသည်။

"တကယ်ဘက်လိုက်တာပဲ။"


လင်ခုံးလုနားမလည်တာမို့ မကြားချင်ယောင်ဆောင်ကာ ခွန်အားဆက်စုလိုက်သည်။ သူအပြည့်အဝပြန်မရလာသေးပေ၊ ခုနကသူအာရုံခံကိရိယာကိုဖိကပ်လိုက်တုန်းက သူ့ခွန်အားကုန်ခမ်းလုနီးပါးဖြစ်သွားခဲ့သည်။


သူ့ကိုလျစ်လျူရှုထားမှန်းမြင်လိုက်ရရင်း ယွီမင်ရှို့စိတ်မရှိဘဲ သူ့ကိုမေးလိုက်သည်။

"သူဘာလို့ဒီလောက်မြန်မြန်ရောက်လာလဲသိလား။"


လင်ခုံးလုမဖြေပေ၊ ကုစစ်ကတည်တင်းသောမျက်နှာဖြင့်လှေကားပေါ်တက်လာပြီဖြစ်သည်။


ဒါပေမဲ့ယွီမင်ရှို့ကမြင်ပုံမရ၊ ဒါမှမဟုတ်တခြားနည်းဖြင့်ဆိုရသော် ဂရုလုံးဝမစိုက်ပေ။


သူခပ်ဖွဖွပြုံးကာပြောလာသည်။

"သူမင်းကိုထပ်လိမ်ခဲ့တာမို့လို့ပဲ။ မင်းယင်းရှပင်လယ်အော်မှာရှိနေသေးတုန်းက သူမြို့တော်ကိုမောင်းသွားခဲ့တာ။ မင်းမြင်သားပဲ၊ သူကမင်းကိုဘယ်တုန်းကမှမယုံကြည်ခဲ့ဖူးဘူး။ သူကအတိတ်ပါမေ့ချင်​ယောင်ဆောင်ခဲ့သေးတာ။ သူမင်းကိုအမြဲလိမ်ခဲ့တာ...."


"ပါးစပ်ပိတ်ထား!" ကုစစ်ခြေလှမ်းကျယ်ကြီးဖြင့်တက်လာကာ သူ့မျက်နှာထားမှာအရုပ်ဆိုးသွားပြီး သူ့ကိုလက်သီးနှင့်တန်းထိုးလိုက်သည်။


ဤအခိုက်အတန့်မှာ ယွီမင်ရှို့ကအရင်ကလိုမျိုးအသုံးမကျမဟုတ်တော့ဘဲ အလွန်သတိရှိစွာရှောင်တိမ်းလိုက်ပြီး ဘေးကတန်ပြန်တိုက်စစ်ဆင်ကာ လှောင်ပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။

"ငါမင်းကိုဒီလိုရိုက်ပစ်ချင်နေတာကြာပြီ။"


ကုစစ်ခေါင်းလှည့်လိုက်ပြီး တစ်ချိန်တည်း၌ခြေဖဝါးမြှောက်ကာသူ့ဘယ်ခြေထောက်ကိုကန်ပြီး လှောင်ပြုံးပြုံးကာပြောလိုက်သည်။

"ငါကောပဲ၊ ပြီးတော့ငါ့ကိုလက်ကောက်ပြန်ပေး။"


လင်ခုံးလုကြောင်အမ်းသွားရကာ သူအလိုလိုမျက်လုံးပြူးသွားရသည်။ သူတို့ဘာလို့ဗြုန်းစားကြီးတိုက်ခိုက်နေကြတာတုန်း?


ယွီမင်ရှို့ကခြေထောက်အကန်ခံလိုက်ရပေမဲ့ ထို့နောက်သူကကုစစ်၏ညာပုခုံးကိုထိုးလိုက်ပြီး ကုစစ်ကလည်းသူ့ကိုပြန်ထိုးသည်။ နှစ်ယောက်သားမှာတစ်ယောက်အပေါ်တစ်ယောက်နက်ရှိုင်းသောအမုန်းတရားတချို့ရှိသည့်အလား ခပ်မြန်မြန်အသေအကြေတိုက်ခိုက်နေကြသည်။


ဖြစ်နိုင်တာက ကုစစ်ကအရင်ဘဝကလင်ခုံးလုကိုသတ်ခဲ့တဲ့အတွက်ယွီမင်ရှို့ကိုမုန်းတီးနေတာမှန်ပေမဲ့ ယွီမင်ရှို့က....


"တစ်ခါတလေငါမင်းကိုတကယ်မနာလိုဘူး၊ မင်းကငါဘယ်လောက်ပဲကြိုးစားကြိုးစားမရနိုင်တဲ့အရာတွေကိုအမြဲတမ်းအလွယ်လေးရနိုင်တယ်။"

ယွီမင်ရှို့မောဟိုက်လျက် လှောင်ပြုံးပြုံးလိုက်သည်။


အခုဆိုသူတို့နှစ်​ယောက်လုံးဒဏ်ရာရထားကြပြီး သူတို့လက်သီးပေါ်မှာသွေးစတချို့ပင်ရှိနေပေသည်။


သွေးမြင်လိုက်ရတော့ လင်ခုံးလုမှာသူမလုပ်နိုင်တော့ဘဲ ခုနကသူစုထားသည့်ခွန်အားပျောက်ကွယ်တော့မည်ဟုရုတ်ခြည်းခံစားလိုက်ရသဖြင့် သူအလျင်စလိုအားနည်းစွာပြောလိုက်ရသည်။

"မတိုက်နဲ့၊ မတိုက်နဲ့တော့၊ တိုက်ခိုက်တာကပြဿနာကိုမ​ဖြေရှင်းပေးနိုင်ဘူး။"


အချိန်ဆွဲတဲ့အကြောင်းပြောရရင် မင်းအချိန်ဆွဲလိုက်ရင် မင်းမှာပြန်တိုက်ခိုကဖ်ို့အခွင့်အရေးရှိလိမ့်မယ်။ ဗီလိန်ကစကားများလွန်းလို့သေတယ်ဆိုတဲ့ဆိုရိုးစကားကဒီအတိုင်းပေါက်ကရသက်သက်ပဲ။


ထိုအခါမှသာ သူ့လက်ဆစ်များပွန်းပဲ့ကာ သွေးတစိမ့်စိမ့်ထွက်နေမှန်း ကုစစ်သဘောပေါက်သွားပြီး လင်ခုံးလုကသွေးကြောက်ပုံရသည်ဟုတွေးမိသဖြင့် သူ့လက်သီးကိုအမြန်ပြန်ရုတ်ကာ ယွီမင်ရှို့ကိုအေးစက်စက်ပြောလိုက်သည်။

"ဒီနေ့တော့ဒီလောက်ပဲ။"


ယွီမင်ရှို့၏လက်များမှာလည်းနေရာအများအပြားပွန်းပဲ့နေပြီး သူလည်းလက်ပြန်ရုတ်ကာ လင်ခုံးလုကိုအလိုလိုကြည့်လိုက်မိသည်။


သူအကြောင်းရင်းကိုကုစစ်ထက်ပိုကောင်းကောင်းသိသည်၊ တစ်ဖက်လူကဘုရားကျောင်းထဲမှာအစွန်းရောက်သူတို့ထံမှထိန်းချုပ်ခံရကာ သွေးယဇ်ပူဇော်မှုကိုလက်ခံရန်တွန်းအားပေးခံခဲ့ရတာဖြစ်သည်။


သူတို့နှစ်ယောက်လုံးလက်နောက်ပစ်လိုက်ကြပြီး ကုစစ်သူ့ထိုင်ခုံကိုသွားကာ လင်ခုံးလုကိုလက်တစ်ဖက်ဖြင့်ကောက်ချီပြီးထွက်သွားချင်နေသည်။


"တကယ်ရင်းနှီးတဲ့မြင်ကွင်းပဲ။"

ဒါကိုမြင်တော့ ယွီမင်ရှို့ခပ်ဖွဖွပြုံးကာ သူ့ကိုယ်သူပြောမိသည်။


အာဏာရှင်ကနတ်ဘုရား၏ရာဇပလ္လင်ဆီလျှောက်သွားကာ နတ်ဘုရားကိုလက်ဆန့်ပေးတုန်းကမြင်ကွင်းနှင့်တစ်ထပ်တည်းဖြစ်သည်။ ထိုအချိန်တုန်းက သူဟာဘုရားကျောင်းထဲကအစွန်းရောက်သူတို့၏အစီအစဥ်ကိုတားနိုင်စွမ်းမရှိခဲ့သဖြင့် သူ့လက်ကျန်ဘဝတစ်ခုလုံးမှာနောင်တရခဲ့သည်။


ဤအခိုက်အတန့်မှာ ယွီမင်ရှို့သူ့ကိုမတားလိုက်ပေမဲ့ တိတ်ကျသွားပြီးနောက် သူရုတ်ခြည်းလက်မြှောက်ကာ သူ့ဘေးကလက်တန်းပေါ်ဖိချလိုက်သည်။


တမဟုတ်ချင်းပင်၊ လှေကားများပြိုကျသွားကာ ကုစစ်အကာအကွယ်မဲ့သွားပြီးအောက်ကျသွားသည်။


"အားစစ်!" လင်ခုံးလုထိတ်လန့်သွားကာ သူ့ကိုလှမ်းဆွဲရန်ချက်ချင်းလက်ဆန့်တန်းလိုက်ပေမဲ့ မဆုပ်ကိုင်မိလိုက်ပေ။


ကံကောင်းစွာဖြင့် လှေကားများကသိပ်မမြင့်တာမို့ ကုစစ်ခြေကျင်းဝတ်အဆစ်သာလွဲသွားပေမဲ့ ဖုန်မှုန့်ကြောင့်သီးသွားကာ ချောင်းဆိုးလျက်မတ်တပ်ထရပ်လိုက်သည်။


လင်ခုံးလုသက်မချလိုက်မိပြီး ထိုင်ခုံပေါ်ကထရပ်လိုက်သည်။


ဒါပေမဲ့သူထရပ်လိုက်သည်နှင့် ယွီမင်ရှို့ကသူ့ပုခုံးနှစ်ဖက်ကိုဖိချကာ ပြန်ထိုင်စေသည်။


လင်ခုံးလု: "....." ဒီ​ေ-ာက်ဆေးကတော့။


"စိတ်မကောင်းပါဘူး၊ အချိန်ကျပြီ။" ယွီမင်ရှို့ကသူ့ကိုဟန်ပြသိမ်မွေ့သောမျက်နှာထားဖြင့်ငုံ့ကြည့်ကာ ခပ်တိုးတိုးဆိုလာသည်။

"ကိုယ်မင်းကိုခေါ်သွားပြီးတော့ မင်းကိုအစစ်အမှန်လွတ်မြောက်အောင်လုပ်ပေးမယ်။" 


အစကသူဒီကမ္ဘာမှာ စွမ်းအားကိုရယူရမည့်ဘုရားကျောင်း၏မစ်ရှင်ကိုပြီးမြောက်အောင်လုပ်ရန်ဖြစ်ပေမဲ့ လင်ခုံးလုကိုမှတ်မိသွားပြီးနောက် သူစိတ်ပြောင်းလိုက်သည်။


ယွီမင်ရှို့ပြောရင်းဖြင့် ထိုင်ခုံပေါ်ကခလုတ်တချို့ကိုနှိပ်လိုက်သည်။ တမဟုတ်ချင်းပင်၊ အပြာနုရောင်အလင်းရောင်ပေါ်ထွက်လာကာ လင်ခုံးလုကိုအပြည့်အဝလွှမ်းခြုံသွားသည်။


လင်ခုံးလု: "?!"


ယွီမင်ရှို့ကသူ့ကို.....ဒီကမ္ဘာကနေခေါ်ထုတ်သွားချင်နေတာများလား။


သူမော့ကာ တစ်ဖက်လူကိုထိတ်လန့်စွာကြည့်လိုက်မိသည်။


သိသိသာသာကို ယွီမင်ရှို့ကထိုသို့တွေးနေခြင်းပင်။


သူစနစ်နှင့်ခွဲထုတ်ခံရတော့မည်ကိုလင်ခုံးလုခံစားလိုက်ရကာ သူ့ခေါင်းထဲမှာအလျင်စလိုအော်ပြောလိုက်မိသည်။

"0687၊ မင်းဘာလုပ်နေတာလဲ။ ဒီလိုကြီးမားတဲ့လုံခြုံရေးကိစ္စကြီးကို မင်းဘာလို့မြန်မြန်မဖြေရှင်းတာလဲ။"


0687မှာသိသိသာသာကိုဒီလိုအခြေအနေမျိုးနှင့်တစ်ခါမှမကြုံဖူးဘဲ ဆွံ့အစွာပြောလာသည်။

"ငါ ငါ ငါဖြေရှင်းနေပါတယ်၊ ငါအထက်ကိုတင်ပြလိုက်ပြီ။"


"ဘာလို့သွားတင်ပြနေတာလဲ။ သူတို့ဖြေရှင်းရင် လီလီပန်းတွေအေးစက်သွားလိမ့်မယ်ဟ။" ထားလိုက်တော့၊ ငါ့ကိုယ်ငါပဲကယ်ရမှာစိုးတယ်။


လင်ခုံးလုသူ့ကိုညစ်ညစ်ပတ်ပတ်မဆူငေါက်ချင်ပေမဲ့ ဒီကိစ္စကတော့အဆင်အခြင်မဲ့လွန်းသည်။


ထိုင်ခုံအောက်တွင် ကုစစ်မှာအပျက်အစီးပုံထဲကအခုမှထွက်လာပြီး သူ့ကိုအံ့အားသင့်သွားစေသည့်ဒီမြင်ကွင်းကိုမြင်လိုက်ရသည်။


ဒါပေမဲ့သူ့မှာထိုအကြောင်းစဥ်းစားဖို့အချိန်မရှိပေ။ အဆုံးတွင် သူကအချိန်တစ်ခုကြာအောင်တစ္ဆေတစ်ကောင်ဖြစ်နေခဲ့သည်ပင်။ အတိအကျပြောရရင် သူတစ္ဆေတစ်ပိုင်းဖြစ်ကာ ယွီမင်ရှို့၏အသိစိတ်ပင်လယ်ထဲမှာပိတ်မိနေခဲ့သဖြင့် သူလည်းထူးခြားသောစွမ်းရည်သုံးနိုင်လိမ့်မည်ပင်။


မသိလိုက်မသိဘာသာဖြင့် သူယွီမင်ရှို့၏အသိစိတ်ပင်လယ်ကိုတိုက်ခိုက်တုန်းကလိုမျိုး သူအလင်းတန်းကိုတမဟုတ်ချင်းတိုက်ခိုက်လိုက်မိသည်။


လင်ခုံးလုတစ်အောင့်ကြာမိန်းမောသွားရပြီး ABOကမ္ဘာမှာတုန်းကသူ့ထံမှမတော်တဆအသတ်ခံလိုက်ရသည့်လုရန်ကျား၏ကိုယ်ပွားကိုရုတ်ခြည်းသတိရသွားသည်။


သူမနေနိုင်ဘဲလက်မြှောက်ကာ အလင်းတန်းကိုအသာထိပြီး တစ်ချိန်တည်း၌မျက်စိမှိတ်ကာ ထိုအချိန်ကခံစားချက်ကိုပြန်တွေးကြည့်လိုက်သည်။ ချက်ချင်းပင်၊ သန်မာသောလက်ကြောင့် အလင်းတန်းကတမဟုတ်ချင်းတစစီပျက်စီးသွားသည်။


ပလန်ပိတ်ဆို့ခံလိုက်ရသဖြင့် ယွီမင်ရှို့၏ပြုံးနေသောမျက်နှာထားရုတ်ခြည်းအေးခဲသွားရပြီး သူ့မျက်လုံးများကမယုံကြည်နိုင်ဖြစ်လျက် သူ့ကိုပြောလိုက်မိသည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ မင်း...." ဒီလောက်မြန်မြန်ကြီးခွန်အားပြန်ရလာတာလား။


လင်ခုံးလုသူပြောတာကိုနားမထောင်ဘဲ စိတ်သက်သာရာရသွားခဲ့သည်၊ ဒီဆယ်စက္ကန့်ကသူ့အတွက်နှစ်ချီကြာသွားသလိုပဲ။


အခက်အခဲကိုယာယီဖြေရှင်းလိုက်နိုင်မှန်းမြင်လိုက်ရတော့ သူရုတ်တရက်ထိုင်ခုံပေါ်မှာမထိုင်ရဲတော့ဘဲ အားအကုန်သုံးကာထရပ်ပြီး လှေကားပြိုကျသွားသည့်နေရာကိုဒယိမ်းဒယိုင်လျှောက်သွားကာ အသိပြန်မဝင်လာသေးပုံပေါ်သည့်ကုစစ်ကိုပြောလိုက်သည်။

"ငါ့ကိုဖမ်းလိုက်။"


ပြောပြီးနောက် ကုစစ်ကြားမကြားအရေးမစိုက်ဘဲ ခုန်ချကာတစ်ဖက်လူဆီအပြေးသွားလိုက်သည်။


ဘာပဲဖြစ်ဖြစ် လှေကားကသိပ်မမြင့်တာမို့ သူပြုတ်မကျနိုင်ပါဘူး။


ယွီမင်ရှို့အလိုလိုလက်ဆန့်ကာလှမ်းဆွဲလိုက်မိပေမဲ့ သူ့ဝတ်ရုံအစွန်းကိုသာထိလိုက်သည်။


ကုစစ်၏မျက်နှာထားမှာတောင့်တင်းနေပြီး သူလက်အမြန်ဆန့်ကာ သူ့ပေါ်ခုန်အုပ်လာသည့်ဝတ်ရုံနီနှင့်လူငယ်လေးကိုဖမ်းလိုက်သည်။


ကြည့်ရတာတော့ သူခုနကသူ့ချစ်သူကိုဆုံးရှုံးရလုနီးပါးဖြစ်သွားခဲ့သည့်ခံစားချက်မှရုန်းထွက်နိုင်ပုံမရသေးဘဲ သူ့မျက်လုံးများမှာထူထဲသောမှင်ရည်ဖြင့်ပြည့်လျက် စိတ်ဖိစီးကာရူးသွပ်လို့နေသည်။


လင်ခုံးလုမသိမသာကြောင်အမ်းသွားရကာ ယွီမင်ရှို့သာအနားမှာရှိမနေသေးရင် ကုစစ်ကသေချာပေါက်သူ့ကိုနမ်းရှိုက်ပြီး ချက်ချင်းစားပစ်လိမ့်မည်ဟုရုတ်ခြည်းခံစားလိုက်ရသည်။


သူအလျင်စလိုချော့မြူလိုက်သည်။

"အင်းပါ၊ ငါအဆင်ပြေတယ်၊ ငါမထွက်သွားဘူးလေ။"


ကုစစ်မသိမသာတောင့်တင်းသွားရကာ သူ့ကိုသူ့အသွေးအသားထဲထိထည့်ပစ်ချင်နေသည့်အလား သူ့ကိုရုတ်ခြည်းအတင်းပွေ့ဖက်လာသည်။


လင်ခုံးလုအသက်ရှုရခက်သွားပေမဲ့ သူ့ကိုမတွန်းထုတ်ဘဲ သူ့ကျောပြင်ကိုပုတ်၍သာနှစ်သိမ့်ပေးလိုက်သည်။


တစ်အောင့်ကြာသော် ကုစစ်အနည်းငယ်စိတ်ပြေလျော့သွားကာ ခေါင်းမော့ပြီး ယွီမင်ရှို့ကိုမသိမသာအေးစက်သောမျက်ဝန်းများဖြင့်ကြည့်လိုက်တော့သည်။


________________________________