Chapter(90)
Viewers 10k

ကုစစ်၏တည်တင်းသောမျက်နှာထားကိုမြင်လိုက်ရတော့ လင်ခုံးလုမနေနိုင်ဘဲသူ့အကြည့်နောက်လိုက်ကြည့်လိုက်မိသည်။


ပြိုကျသွားသည့်လှေကားများထိပ်၌ ယွီမင်ရှို့လက်ထဲမှာဘယ်တုန်းကမှန်းမသိသေနတ်တစ်လက်ကိုင်ထားကာ သူတို့ကိုရွယ်ထားလျက်ရှိသညိ။


အတိအကျပြောရရင် ကုစစ်ကိုဖြစ်သည်။


လင်ခုံးလု၏နှလုံးသားတင်းကြပ်သွားရကာ ကုစစ်ကိုသူ့အနောက်မှာအလိုလိုပိတ်ကွယ်လိုက်မိသည်။


ဒါပေမဲ့ကုစစ်ကသူ့ခါးကိုဖက်လိုက်ပြီး အားအနည်းငယ်ဖြင့် သူနှင့်နေရာချင်းလဲကာ သူ့အတွက်ဒိုင်းကာလုပ်ပေးလာသည်။


လင်ခုံးလုသူနှင့်အငြင်းအခုံမလုပ်ချင်သဖြင့် ယွီမင်ရှို့ကိုစိုက်ကြည့်ကာ လက်မြှောက်လိုက်သည်။


သူမှတ်မိတာက ABOကမ္ဘာမှာတုန်းက သူစိတ်စွမ်းအားဟုခေါ်သောအရာကိုသုံးကာ လုရန်ကျား၏အသိစိတ်ကိုယ်ထည်ကိုဖျက်ဆီးပစ်ခဲ့ပြီး ခုနတုန်းကလည်းသူယွီမင်ရှို့၏လွတ်မြောက်ရေးစက်ဝန်းကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပေမဲ့ နှစ်ကြိမ်စလုံးတွင်သူဟာတိုက်ရိုက်အထိအတွေ့ရှိနေခဲ့သဖြင့် ခပ်လှမ်းလှမ်းအကွာအဝေးကတော့....မသိပေ။


ထိုအကြောင်းတွေးမိပြီးနောက် ယွီမင်ရှို့ကသူဘာလုပ်မလဲဆိုတာခန့်မှန်းမိသည့်အလား ရုတ်တရက်တခစ်ခစ်ရယ်မောကာမေးလာသည်။

"မင်းကိုယ့်ကိုသတ်ချင်လို့လား။"


လင်ခုံးလုအဖြေမပေးနိုင်ခင် သူကသူ့ဘာသာသူဖြေလိုက်သည်။

"အင်းလေ၊ မင်းအလွယ်လေးလုပ်နိုင်တာပဲကို။"


လင်ခုံးလုခေါင်းခါကာ သူ့ကိုကြည့်ပြီးပြောလိုက်သည်။

"မင်းကမှကုစစ်ကိုထိခိုက်အောင်လုပ်ချင်နေတာ။"


ယွီမင်ရှို့သာဒီအတိုင်းရိုးရိုးbugဖြစ်ပြီး ကုစစ်ကိုသတ်ဖို့ရည်ရွယ်ချက်မရှိဘူးဆိုရင် အာကာက-အချိန်စီမံခန့်ခွဲရေးဌာန၏စည်းမျဥ်းစည်းကမ်းများအရ သူသေချာပေါက်အဖြေရှာပြီး နည်းလမ်းရှာကာ တစ်ဖက်လူကိုပင်မကမ္ဘာကိုပြန်ပို့ပေးမှာဖြစ်သည်။


ယွီမင်ရှို့ကားအရင်ကမ္ဘာကလုရန်ကျားနှင့်နဥ်ကျယ်တို့နှင့်မတူ၊ သူလုရန်ကျားနှင့်နဥ်ကျယ်နှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေမှန်းအလွယ်လေးရှာတွေ့ခဲ့သည့်အကြောင်းရင်းဖြစ်နိုင်လောက်သည့် သူ့ခန္ဓာကိုယ်ပေါ်မှာရက်စက်ပြီးရွံရှာဖွယ်ကောင်းသောသွေးနံ့ရှိမနေသောကြောင့် သူယွီမင်ရှို့ကိုသတိမထားခဲ့မိပေ။


ဒါပေမဲ့ယွီမင်ရှို့ကကုစစ်ကိုသတ်ချင်နေသည့်အပြင် အရင်ဘဝကအောင်မြင်လုနီးပါးဖြစ်သွားခဲ့မှန်းသိလိုက်ရပြီးနောက်ပိုင်း သူသိသိသာသာကိုဒီအတိုင်းလွတ်မပေးလိုက်နိုင်တော့ပေ။


သူ့အပြောကိုကြားပြီးနောက် ယွီမင်ရှို့ကရယ်မောကာဆိုလာပြန်သည်။

"သေချာတာပေါ့၊ မင်းကအရမ်းဘက်လိုက်နေတုန်းပဲ။ ကိုယ်ကသူ့ထက်အရင်မင်းကိုသိခဲ့တာသိသာနေပါရက်နဲ့...."


ကုစစ်မျက်မှောင်ကြုတ်ကာ အလိုလိုဘေးကိုလှည့်ပြီး လင်ခုံးလုကိုပို၍ပင်တင်းကြပ်စွာပိတ်ကာလိုက်မိသည်။


လင်ခုံးလုအနည်းငယ်ထူးဆန်းသွားရသည်။ ကုစစ်ကသူ့ကိုအရင်သိခဲ့ခြင်းပင်။ ဒါပေမဲ့ခဏအကြာမှာယွီမင်ရှို့ပြောနေတဲ့အကြောင်းကပင်မကမ္ဘာဖြစ်ကြောင်း သူသဘောပေါက်သွားသည်....


"သူကအမြဲတမ်းကိုယ့်ထက်ကံကောင်းတယ်။" ယွီမင်ရှို့သူတို့ကိုရှုပ်ထွေးသောမျက်နှာထားဖြင့်ကြည့်ကာ ပြောမိသည်။

"မင်းဘာလို့သူ့ကိုရွေးချယ်ခဲ့တာလဲ။ အမှန်တော့ မင်းသာနည်းနည်းကြာကြာစောင့်ခဲ့ရင် ကိုယ်မင်းကိုကယ်နိုင်မှာ...." အစွန်းရောက်အုပ်စုလက်ထဲကနေလေ။


လင်ခုံးလုအလွန်အံ့သြသွားရသည်။ ပင်မကမ္ဘာမှာယွီမင်ရှို့ကသူ့ကိုတကယ်သိတာလား။ ဒါပေမဲ့ ကံဆိုးချင်တောအ သူကူး​ပြောင်းဝင်ရောက်သူဖြစ်မလာခင်တုန်းကမှတ်ဉာဏ်တွေကိုမေ့သွားတော့ တစ်ဖက်လူပြောနေတာကိုလုံးဝနားမလည်နိုင်ဘူး။


ကုစစ်လည်းနားမလည်နိုင်ဖြစ်မိပေမဲ့ ယွီမင်ရှို့နှင့်လင်ခုံးလုကြားကအတိတ်မှာသူမသိတာတစ်ခုခုရှိပုံရမှန်း သူကြားလိုက်ရသည်။


ဒီနားလည်သဘောပေါက်မှုကကုစစ်ကိုအနည်းငယ်မသက်မသာဖြစ်သွားစေပြီး သူယွီမင်ရှို့ကိုကြည့်သည့်မျက်လုံးများမှာအနည်းငယ်ပိုမိုအေးစက်လာသည်။


ထိုစဥ် ရဲများကဗီလာကိုဝန်းရံကာ စတင်အော်ဟစ်လာသည်။


သူအချိန်မရွေးပစ်မှတ်ခံရလောက်မှန်းသိနေရင်းဖြင့် ယွီမင်ရှို့ရုတ်ခြည်းသူ့လက်ကိုလွှတ်ကာ သေနတ်ကိုလွှတ်ချပြီး ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်ကာ သူ့သေနတ်ကိုရည်ရွယ်ကာ ပြောလာသည်။

"စိတ်မပူနဲ့၊ သေနတ်အတုလေးပါပဲ။"


ဓားစာခံများအချိန်တစ်ခုစာအန္တရာယ်ကင်းသွားမှန်းမြင်လိုက်ရတော့ ရဲများသက်မချမိပေမဲ့ သူတို့မရပ်လိုက်ပေ။


ထိုစဥ် ယွီမင်ရှို့က​ရုတ်တရက်လှေကားထစ်ပေါ်မှခုန်ဆင်းကာ လင်ခုံးလုနှင့်ကုစစ်ဆီလျှောက်လာပြီး အပြုံးတစ်ပွင့်နှင့်ဆိုလာသည်။

"တကယ်တော့ ကိုယ့်မှာပလန်Bရှိသေးတယ်။"


သူပြောရင်း သူ့လက်ကောက်ဝတ်ပေါ်ကလက်ပတ်နာရီကိုရုတ်​​ခြည်းနှိပ်ချလိုက်တော့ ခပ်ဖျော့ဖျော့အလင်းတန်းကအပျက်အစီးပုံပေါ်မှာတမဟုတ်ချင်းပေါ်လာသည်။


ကုစစ်သတိကြီးကြီးထားလျက် ဒါကိုမြင်သော်လင်ခုံးလုကိုချက်ချင်းတွန်းထုတ်လိုက်ပေမဲ့ ခပ်ဖျော့ဖျော့အလင်းတန်းကဟောခန်းမတစ်ခုလုံးဆီလျင်မြန်စွာပျံ့နှံ့သွားကာ အပျက်အစီးပုံကိုချန်ထားခဲ့ရန်အသုံးမဝင်မှန်းသိသာလှသည်။


တစ်ချိန်တည်း၌ အပြင်ကလူတို့မှာယွီမင်ရှို့တိုက်ခိုက်တော့မည်ဟုထင်ကာ ချက်ချင်းပစ်ခတ်လာကြသည်။


ယွီမင်ရှို့မသိမသာယိမ်းထိုးသွားကာ သူ့ပုခုံးကိုအလိုလိုအုပ်လိုက်မိပေမဲ့ သွေးစိမ်းများကသူ့လက်ချောင်းများမှဆက်လက်စိမ့်ထွက်ကာစီးကျလာလေသည်။


လင်ခုံးလုလှည့်ကြည့်လိုက်သည်နှင့် သွေးမြင်လိုက်ရတော့ သူ့မျက်နှာဖြူဖျော့သွားကာ ခပ်မြန်မြန်အကြည့်လွှဲပြီး အသက်အောင့်လိုက်မိသည်။


ကုစစ်သူ့ကိုသူ့ရင်ခွင်ထဲအမြန်ဆွဲသွင်းကာ သူ့ကိုကာကွယ်ပေးရင်း ယွီမင်ရှို့ကိုစိုက်ကြည့်လျက် တံခါးဆီနောက်ပြန်ဆုတ်လိုက်သည်။


ဒါပေမဲ့ထိုစဥ် ဗီလာ၏စမတ်လုံခြုံရေးစနစ်အသက်ဝင်လာပြီး တံခါးဆောင့်ပိတ်သွားတော့သည်။


ကုစစ်၏မျက်နှာရုတ်ခြည်းမည်းတူးသွားရစဥ် လင်ခုံးလုကလက်မြှောက်ကာ မျက်စိမှိတ်ခံစားရင်း ခုနကသူအလင်းတန်းကိုဖျက်ဆီးပစ်ခဲ့တုန်းကလိုမျိုး ဒီခပ်ဖျော့ဖျော့အလင်းတန်းကိုဖျက်ဆီးဖို့ကြံရွယ်လိုက်သည်။


ယွီမင်ရှို့မှာသေနတ်ထပ်ပစ်ခံလိုက်ရသည်။ သွေးမတိတ်မှန်းမြင်လိုက်ရတော့ သူလင်ခုံးလုနားမကပ်သွားဘဲ ​ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်သည်။


သူအပျက်အစီးပုံကိုမှီကာ အကြိမ်အနည်းငယ်ချောင်းဆိုးပြီး မောဟိုက်လျက်ပြောမိသည်။

"တကယ်တော့ ငါအောင်မြင်နိုင်လားမသိပေမဲ့ အခုငါဒီအထိရောက်လာပြီဆိုတော့ ငါတစ်ခုခုမပြောရင် ငါစိုးရိမ်မိတာ...."


"မင်းကအမြဲတမ်းပေါက်ကရတွေပြောနေတာပဲ။" ကုစစ်ကအေးစက်စက်ဆိုသည်။


ယွီမင်ရှို့ခပ်ဖွဖွပြုံးကာပြောလိုက်သည်။

"မင်းဘာမှမသိတဲ့ပုံပဲ၊ တကယ်ကောင်းတယ်။"


သူပြောပြီးနောက် ချောင်းအပြင်းအထန်ဆိုးကာ ကုစစ်မတုံ့ပြန်နိုင်ခင် သူဆက်ပြောလိုက်သည်။

"မင်းမသိသေးတာတစ်ခုရှိတယ်။ ရှောင်လုအထက်တန်းတုန်းကငါ့ကိုသဘောကျခဲ့တာက ငါခရုခွံလက်ကောက်ဝတ်တာကိုသူမြင်ခဲ့တာမို့လို့ပဲ။"


"သူငယ်ငယ်တုန်းကမင်းကိုပေးခဲ့ပေမဲ့ မင်းကငါ့ကိုဖြစ်သလိုပေးခဲ့တော့ သူ့ကိုလူမှားမှတ်မိသွားစေတယ်လေ။ ကြည့်လေ၊ မင်းကဒီလောက်အေးစက်ပြီးတော့ သူသဘောမကျတုန်းက သူ့ကိုဝမ်းနည်းအောင်လုပ်တယ်။ သူသဘောကျပြန်တော့ မင်းကမှတ်ဉာဏ်ပျောက်ချင်ယောင်ဆောင်ပြီးတော့ သူ့ကိုလိမ်တယ်၊ ဒီတော့...."


ထို့နောက်ယွီမင်ရှို့ဘာမှပြောမလာပေမဲ့ သူ့​လေသံမှာတော့အဓိပ္ပါယ်အပြည့်ပင်။


သိသိသာသာကိုပင်၊ ဒီစကားလုံးများကကုစစ်အတွက်မဟုတ်ဘဲ သူတို့စိတ်ကိုလှည့်ဖြားကာဖြုန်းတီးပြီး တစ်ဖက်လူကိုလူမှားဝန်ခံမိသွားစေခဲ့သည်။ ဒီအချက်အောက်မှာ မင်းသူ့ကိုဘယ်လောက်ပဲသဘောကျကျ မင်းနည်းနည်းတော့စိတ်ရှိသွားလိမ့်မယ်မလား။


ဘာပဲဖြစ်ဖြစ်သူကဒီကမ္ဘာကထွက်သွားရတော့မှာဖြစ်ပြီး ဒီမှာသေရင်တောင်သေသွားလောက်မှာမို့ နည်းနည်းသွေးထိုးလှုံ့ဆော်သွားတာပိုကောင်းမည်ဟုယွီမင်ရှို့ခံစားလိုက်ရသည်။


ထို့အပြင် သူ၏ကံဆိုးမိုးမှောင်ကျမှုနှင့်လင်ခုံးလု၏အရင်ဘဝကကိစ္စက လက်ကောက်ကြောင့်လူမှားဝန်ခံပြီးနောက်ပိုင်းနှင့်ကြီးမားစွာဆက်နွယ်နေမှန်း ကုစစ်သိပေရာ သူဘယ်လိုလုပ်နောင်တမရဘဲနေမှာလဲ။


ဆိုရသော် အရင်ဘဝကလင်ခုံးလုဟာကုစစ်၏သရုပ်မှန်ကိုသိပြီးနောက်မှာလမ်းခွဲပြတ်စဲခဲ့သည်။ ဒီဟာကတာဝန်ပြီးမြောက်အောင်လုပ်ရုံသာဖြစ်လောက်ပေမဲ့ ကုစစ်ကမသိတာမို့ သူဆက်စပ်မကြည့်ဘဲနေမလား၊ သူအထင်မလွဲဘဲနေမလား။


သူတို့နှစ်ယောက်ကြားကဒီဟာကြောင့်ပိုကောင်းသွားမလားဆိုတာကတော့....ဟက်၊ ကြည့်ရတာတော့ သူသာသွေးထိုးမလှုံ့ဆော်ပေးခဲ့ရင် သူတို့ဆက်ဆံရေးကဆိုးဝါးသွားမဲ့ပုံပဲ။


ဘာပဲဖြစ်ဖြစ်၊ ဒီလိုဖြစ်နေပြီမို့ ကုစစ်ကိုစိတ်ပူအောင်လုပ်ရရင်လုံလောက်ပြီ။


ကုစစ်၏မျက်နှာတကယ်ရုပ်ဆိုးသွားရကာ သူ့ရင်ခွင်ထဲကလင်ခုံးလုကိုအလိုလိုခပ်တင်းတင်းပွေ့ဖက်ကာ သြရှရှအသံဖြင့်ပြောလိုက်သည်။

"လက်ကောက်ဘယ်မှာလဲ။"


ယွီမင်ရှို့ကထူးဆန်းစွာပြုံးကာဆိုသည်။

"လွှတ်ပစ်လိုက်ပြီ။"


ကုစစ်၏မျက်ဝန်းထဲမှာစူးရှခက်ထန်သောအကြည့်တစ်ချက်ဖြတ်သွားပေမဲ့ သူ့ကိုအဖက်မလုပ်တော့ဘဲ လင်ခုံးလုကိုကာကွယ်ရာတွင်သာအာရုံစိုက်ထားကာ တစ်ချိန်တည်း၌မှော်စက်ဝန်းကိုတိုက်ခိုက်ဖို့ကြိုးစားလိုက်သည်။


ခဏကြာသော် လင်ခုံးလုထိုစွမ်းအားကိုခံစားမိလိုက်ပြန်သည်။


သိပ်အများကြီးမတွေးဘဲ သူအပျက်အစီးပုံကိုတန်းတိုက်ခိုက်လိုက်တော့ ခပ်ဖျော့ဖျော့အလင်းတန်းကတမဟုတ်ချင်းတစစီပျက်စီးသွားချေသည်။


ဒီမြင်ကွင်းကိုမြင်သော် ယွီမင်ရှို့အံ့သြမသွားဘဲ သက်ပြင်းချရုံသာချမိသည်။

"တကယ်ပဲ။"


သူ့အသိစိတ်ကခပ်ဖျော့ဖျော့အလင်းတန်းနှင့်ဆက်သွယ်ထားတာမို့ ခပ်ဖျော့ဖျော့အလင်းတန်းပျက်စီးသွားချိန်မှာ သူလည်းပြင်းထန်သောဒဏ်ရာများခံစားလိုက်ရကာ သွေးစအန်လာသည်။


သူကသူ့ကိုယ်သူကံကြမ္မာပေါ်ပုံအပ်ထားပုံရပေမဲ့ သူ့အသိစိတ်ပျောက်ကွယ်တော့မည့်အချိန်မှာ သူကရုတ်တရက်လင်ခုံးလုကိုထပ်ကြည့်လာကာ ဖျစ်ညှစ်ပြုံးပြီး နှုတ်ခမ်းများဖြင့်ပြောလာသည်။

"လုဝေရှီး၊ ကိုယ့်နာမည်အစစ်က။ ကိုယ်မင်းကိုထပ်တွေ့ရဖို့အခွင့်အရေးရှိဖို့.....တကယ်မျှော်လင့်မိတယ်၊ ကိုယ့်...ကိုယ့်ရဲ့အရှင်။"


ပြောပြီးနောက် သူဖြည်းညှင်းစွာမျက်စိမှိတ်သွားပြီး ခဏအကြာမှာအသက်မရှုတော့ပေ။


လင်ခုံးလုမသိမသာမိန်းမောသွားမိပြီးမှ သူ့ခါးထက်ကလက်မောင်းများမှာရုတ်တရက်အနည်းငယ်တင်းကြပ်သွားသည်ကိုသူခံစားလိုက်ရသဖြင့် အလိုလိုခေါင်းမော့ကြည့်မိသည်။


ကုစစ်၏မျက်နှာထားမှာရုပ်ဆိုးလျက် သူ့မေးရိုးမှာတင်းမာနေပြီး သူ့နှုတ်ခမ်းမှာမျဥ်းတန်းပမာတင်းတင်းစေ့ထားလျက်။ 


လင်ခုံးလု၏အကြည့်ကိုသတိပြုမိသည့်အလား သူဖြည်းညှင်းစွာခေါင်းငုံ့ကြည့်လာပြီး သူ့မျက်ဝန်းများမှာနက်မှောင်လို့နေပေမဲ့ ဘာမှမပြောဘဲ ခဲရာခဲဆစ်မေးလာသည်။

"မင်းအဆင်ပြေရဲ့လား။"


သူအခုချိန်ထိသွေးမြင်ရခြင်း၏အဆင်မပြေဖြစ်မှုကိုဖိနှိပ်ထားပေမဲ့ အခုတော့သူ့စိတ်ဝိညာဥ်ပြေလျော့သွားကာ အောင့်မထားနိုင်တော့ပေ။


ဒါကိုမြင်သော် ကုစစ်သူ့ကိုအလျင်စလိုကောက်ချီကာ ဂိတ်ဝဆီအ​မြန်လျှောက်သွားလိုက်သည်။


တစ်ချိန်တည်း၌ ရဲများကတံခါးထဲဖောက်ဝင်လာကာ သူတို့နှင့်ပွတ်ကာသီကာဖြတ်သွားသည်။


ဆေးဝန်ထမ်းကလည်းအမြန်ရှေ့တိုးကာ လင်ခုံးလုကိုကုစစ်၏လက်မောင်းကြားထဲမှလှမ်းချီလိုက်သည်။ ကုစစ်ကလွှတ်ပေးလိုက်ပေမဲ့ အပြည့်အဝလွှတ်မပေးဘဲ လင်ခုံးလု၏လက်ကိုတင်းကြပ်စွာကိုင်ထားတုန်းပင်။


ဒါကိုမြင်သော် သူ့ဘေးရှိဆရာဝန်ကသူ့ကိုစည်းရုံးလာသည်။

"ကုလူကြီးမင်း၊ မင်းရဲ့လက်ကိုလည်းပတ်တီးစီးဖို့လိုတယ်လေ။"


သူ့လက်ဖမိုးမှာသွေးထွက်နေမှန်းကုစစ်သတိထားမိသွားကာ အ​မြန်လွှတ်ပေးလိုက်ပေမဲ့ တန့်သွားကာ အခြားလက်တစ်ဖက်နှင့်ဆုပ်ကိုင်လိုက်သည်။


ဆရာဝန်: "..." ထားလိုက်ပါတော့လေ၊ ကားထဲအတူဝင်တာပေါ့။


ကံကောင်းစွာဖြင့် ကုစစ်ကသွေးမထိဘဲ ခဏတာခေါင်းမူးနေရုံသာဖြစ်ပြီး ကားထဲမှာတစ်အောင့်ကြာအနားယူပြီးနောက်အဆင်ပြေသွားကာ သူ့မျက်နှာသာအနည်းငယ်ဖြူဖျော့နေတုန်းပင်။


သူအဆင်ပြေမှန်းမြင်လိုက်ရတော့ 0687ကနှောင်းမှပျော်ရွှင်စွာပြောလာသည်။

"ကြီးမြတ်တဲ့Host၊ ငါတို့နှစ်ယောက်ခုနကကွဲသွားတော့မယ်ထင်တာ၊ ဝူးဝူးဝူး...."


လင်ခုံးလုမနေနိုင်ဘဲသူ့နားထင်များကိုဖိကာ ခေါင်းကိုက်စွာပြောလိုက်မိသည်။

"ဆူညံမနေနဲ့။"


0686ကတစ်အောင့်ကြာရိုးသားပွင့်လင်းနေပြီး တစ်ခဏကြာသော် သူကသတိရှိရှိမေးလာသည်။

"ဒီတော့...အရှင်လုဝေရှီး...ပျောက်ကွယ်သွားပြီပေါ့နော်?"


"?" လင်ခုံးလုပဟေဠိဖြစ်သွားကာမေးမိသည်။ "ဘယ်သူ?"


"အဟမ်း၊ ယွီမင်ရှို့ကိုပြောတာ၊ သူ့နာမည်ကလုဝေရှီးလို့ သူခုနကပြောသွားတယ်လေ။" 0687ကတီးတိုးဆိုသည်။


ထိုစကားကိုကြားသော်လင်ခုံးလုခေါင်းခါကာ မသေချာစွာပြောမိသည်။

"ပုံမှန်ဆိုဟုတ်လောက်ပေမဲ့ မသေချာဘူး။"


0687: "အိုး။"


"မင်းခုနကသူ့ကိုအရှင်လို့ခေါ်လိုက်တယ်မလား။" လင်ခုံးလုရုတ်တရက်အဓိကအချက်ကိုဖမ်းဆုပ်ကာမေးလိုက်သည်။

"မင်းသူ့ကိုသိတာပဲ။"


"အင်း၊ ပြောရတာတော့လွယ်ပါတယ်။ ဒါပေမဲ့ငါသူ့အ​ကြောင်းကောလဟာလတချို့ကြားခဲ့တာ။"

0687ကဆိုသည်။


လင်ခုံးလုနှုတ်ဆိတ်သွားရသည်။ သူပင်မကမ္ဘာမှာရှိခဲ့တုန်းကဒီလူကသူနှင့်သိကျွမ်းခဲ့ပြီး သူ့ချစ်သူကိုသိပုံရသည်။ ဒီအချက်မှနေ၍ သူ့ချစ်သူကလည်းပင်ကမ္ဘာမှဖြစ်ကြောင်းကောက်ချက်ချလို့ရသည်။


ထို့အပြင် ယွီမင်ရှို့ဟာပင်မကမ္ဘာကသူ့ချစ်သူ၏သရုပ်မှန်ကိုသိလောက်သည်။


ဒါကိုတွေးမိရင်း သူ0687ကိုအလိုလိုပြောမိသည်။ "ငါ့ကိုသူ့အကြောင်းကောလဟာလတွေပြောပြ။"


0687ကအတင်းအဖျင်းပြောရတာကိုအကြိုက်ဆုံးဖြစ်ကာ ချက်ချင်းပြောလာသည်။

"ဒါ...ပထမဆုံးအနေနဲ့ ငါလည်းအခြားစနစ်တွေဆီကကြာခဲ့တာ။ မှန်မမှန်တော့မသိဘူး။ ပြောကြတာကတော့ သူကအင်ပါယာရဲ့ကြီးမြတ်တဲ့မြင့်မြတ်တဲ့မျိုးရိုးကမွေးဖွားလာခဲ့တာ၊ ဒါပေမဲ့သူ့မိသားစုကထွက်လာပြီးတော့ သူ့နာမည်ကိုလုဝေရှီးလို့ပြောင်းပြီး တော်ဝင်လျို့ဝှက်ဝန်ဆောင်မှုထဲဝင်ခဲ့ပြီးတော့ သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့အစွမ်းအစကြောင့် အင်ပါယာအရှင်မင်းကြီးဆီကချီးကျူးခံခဲ့ရပြီး လျို့ဝှက်ဝန်ဆောင်မှုရဲ့ခေါင်းဆောင်အဖြစ်ရာထူးတိုးခံခဲ့ရတယ်။"


"နောက်ကျတော့သူစစ်တပ်ထဲပြောင်းရွှေ့သွားပြီးတော့ စစ်တပ်စွန့်စားခန်းတွေအများကြီးလုပ်ခဲ့တယ်။ သူကအသက်ငယ်ငယ်လေးနဲ့အင်ပါယာရဲ့ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာပြီးတော့ အရှင်မင်းကြီးရဲ့အယုံကြည်ရဆုံးညာလက်ရုံးတစ်ယောက်ပဲ။ ဒါပေမဲ့လွန်ခဲ့တဲ့၇နှစ်တုန်းက ဘုရားကျောင်းရဲ့အင်အားစုကနတ်ဘုရားကိုယဇ်ပူဇော်ဖို့ဆိုပြီးတော့ အင်ပါယာမှာသွေးယဇ်ကောင်တွေကိုစုစည်းခဲ့တယ်။ ဒီအဖွဲ့အစည်းကိုဖယ်ရှားဖို့ လုဝေရှီးက ဘုရားကျောင်းထဲကိုယ်တိုင်ခိုးဝင်ခဲ့တယ်...."


"နောက်တော့ဘာဖြစ်သွားလဲ။" သူရုတ်တရက်ရပ်သွားတာကိုမြင်သော် လင်ခုံးလုမေးမိသည်။


0687: "အဟမ်း၊ နောက်တော့...သုံးနှစ်အကြာမှာ သူကထိပ်ဆုံးကိုတက်လှမ်းသွားပြီးတော့ ဘုရားကျောင်းရဲ့တတိယမြောက်အုပ်ချုပ်သူဖြစ်လာတယ်။ ဒါပေမဲ့အဲ့အချိန်မှာ ဘုရားကျောင်းကအရမ်းကောင်းတယ်လို့သူကအရှင်မင်းကြီးကိုရုတ်တရက်ပြောလာပြီးတော့ အလုပ်ပြောင်းဖို့ဆုံးဖြတ်ပြီး အင်ပါယာကိုပြန်မလာတော့ဘူးလေ။"


လင်ခုံးလု: "....."


0687: "အဲ့တုန်းကအရှင်မင်းကြီးအရမ်းဒေါသထွက်သွားတယ်လို့ပြောကြတာပဲ။ အတင်းအဖျင်းအရဆို လုဝေရှီးကဘုရားကျောင်းရဲ့နတ်ဘုရားကိုချစ်မိသွားပြီးတော့ အလှတရားကြောင့်အညှို့ခံလိုက်ရတာမို့ အင်ပါယာကိုသစ္စာဖောက်သွားတာတဲ့။"


လင်ခုံးလု: "....."


0687: "ဒါနဲ့စကားမစပ်၊ ငါမင်းကိုအစောထဲကတကယ်ပြောချင်နေခဲ့တာ၊ ဒီဗီလာရဲ့ဟောခန်းမကဘုရားကျောင်းရဲ့အသေးစားဗားရှင်းနဲ့တော်တော်တူတယ်။ ပြီးတော့အဲ့နတ်ဘုရားမှာဝတ်ရုံနီနဲ့ဆံဖြူရှိတယ်လို့ပြောကြတယ်။ ငါထင်တာကတော့သူမင်းကိုအစားထိုးခံအဖြစ်အသုံးချသွားတာ။ ဒီကမ္ဘာကမင်းပုံစံကအဲ့မိစ္ဆာနတ်ဘုရားနဲ့နည်းနည်းတူလို့နေမယ်။"


လင်ခုံးလု: "...." မင်းကဒီလိုပြောလာတာပဲ၊ ပြီးတော့----


"မင်းရဲ့ဦးနှောက်ကိုrefreshပြန်လုပ်ဖို့....တွေးကြည့်ဖူးလား။" သူရုတ်တရက်ဖော်ပြမရစွာမေးလိုက်သည်။


0687: "?"


လင်ခုံးလု: "ထားလိုက်တော့။" ဘယ်လိုလုပ်AIကကျပ်ပြည့်မှာလဲ။ ဒီကောင်ကupgradeမလုပ်ထားတဲ့ပုံမပေါ်ပါဘူး။


သို့သော်လည်း အတင်းအဖျင်းကိုနားထောင်ပြီးနောက် ယွီမင်ရှို့ပေးသွားသည့်သတင်းအချက်အလက်နှင့်ပေါင်းလိုက်တော့ သူ့စိတ်ထဲမှာတဝိုးတဝါးထင်မြင်ချက်တချို့ရှိလာပေမဲ့ အတည်ပြုကြည့်ရအုံးမည်ပင်။


ထို့အပြင်--


"ယွီမင်ရှို့မှာပြဿနာရှိတယ်။ ငါမင်းကိုအထက်အာဏာပိုင်တွေကိုသတင်းပို့ခိုင်းထားတယ်လေ။ ဒါကအဓိကလုံခြုံရေးကိစ္စမလား။ ငါသေတော့မလိုဖြစ်သွားတာနော်။"


0687: "အာ၊ ထားလိုက်ပါတော့။"


လင်ခုံးလု: "လျော်ကြေးမပေးဘူးလား"


0687: "ပေး...မှာပေါ့။"


လင်ခုံးလု: "မင်းဘာလို့သွားမလျှောက်တာလဲ။"


0687မှာချက်ချင်းစိတ်ပျက်လက်ပျက်သွားတင်ပြရတော့သည်။


ကုစစ်ကလင်ခုံးလု၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားလျက်၊ သူ့ကိုအချိန်အကြာကြီးစကားမပြောလာမှန်းမြင်လိုက်ရတော့ သူနှလုံးသားနစ်မြုပ်သွားရပြန်သည်။


ယွီမင်ရှို့၏နောက်ဆုံးစကားလုံးအနည်းငယ်ကတော်တော်လေးအသုံးဝင်သည်ဟုပြောရပေမည်၊ ကုစစ်ထိုအကြောင်းစဥ်းစားရမည်။


ရှောင်လုသဘောကျတဲ့လူကသူဖြစ်ပေမဲ့ သူကယွီမင်ရှို့ကိုလက်ကောက်ပေးခဲ့တယ်တဲ့လား။ သူကရှောင်လုကိုလူမှားဝန်ခံအောင်လုပ်မိကာ အထက်တန်းမှာယွီမင်ရှို့ကိုအကြာကြီးရိုကျိုးစွာဆက်ဆံအောင်လုပ်ခဲ့မိသည်....


အရင်ဘဝကသူ့သရုပ်မှန်ကိုသိသွားပြီးနောက်ပိုင်းရှောင်လုသူနှင့်လမ်းခွဲဖို့ရုတ်တရက်ဆုံးဖြတ်ခဲ့တာမဆန်းပေ။ ထိုအချ်ိန်ကယွီမင်ရှို့ကဒါကိုလည်းပြောပြခဲ့လောက်ပြီး သူကသူ့စိတ်ကိုလှည့်စားကာသူများကိုလက်ကောက်ပေးပစ်ခဲ့သည့်လူစားမျိုးဟုပင် ရှောင်လုတွေးခဲ့လောက်သည်။


လင်ခုံးလုမှာလည်းအတိတ်မှတ်ဉာဏ်များရှိနေလားဆိုတာကုစစ်မသိပေ၊ သူယွီမင်ရှို့၏စကားများကိုယုံသွားမည်ကိုစိတ်ပူနေမိသည်။ အကြာကြီးတိတ်ဆိတ်နေပြီးနောက် သူနောက်ဆုံးမှာနူးညံ့စွာပြောလိုက်မိသည်။

"ကိုယ်သူ့ကိုသေချာပေါက်လက်ကောက်ဖြစ်သလိုမပေးခဲ့ပါဘူး။"


________________________________