Chapter(93)
Viewers 10k

လင်ခုံးလုအခြေအနေကိုတကယ်မခန့်မှန်းနိုင်တာမဟုတ်ပေ။ ကုအုပ်စုဘက်မှာတစ်ခုခုဖြစ်သွားသဖြင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စမှာပြောင်းလဲမှုကိုဦးဆောင်သွားစေခဲ့တာမို့ သူ့ကိုတမင်အရှက်ရအောင်လုပ်ရန် တစ်ယောက်ယောက်ကိုလွှတ်ခဲ့တာမှန်း သူခန့်မှန်းမိသည်။


အတိအကျဖြစ်သွားတာကုတော့ သူမခန့်မှန်းနိုင်ပေရာ ကုစစ်နှင့်ကုလူအိုကြီးကိုသက်ာမကင်းကြည့်ရုံသာတတ်နိုင်သည်။


ကုလူအိုကြီးမှာလုပ်စရာဘာမှမရှိသဖြင့် အပျော်တမ်းဝင်ပါကာ ဖရဲသီးလာစားခြင်းဖြစ်တာမို့ သူအလျင်စလိုပြောလိုက်သည်။

"ဆိုင်နည်းနည်းလူကျနေမှန်းငါမြင်လိုက်ရတော့ ငါရေနွေးကြမ်းလာကူငှဲ့ပေးတာ၊ ဒါပေမဲ့ဘာဖြစ်သွားတာလဲမသိဘူးကွယ်။ အယ်၊ ဟိုမှာကန်စတမ်မာတွေထပ်ရောက်လာပြီ။ ငါအရင်တစ်ချက်သွားကြည့်လိုက်အုံးမယ်နော်။"


ပြောပြီးနောက် သူရေနွေးကြမ်းအိုးကိုကောက်မကာ ပျင်းရိပျင်းတွဲလျှောက်ထွက်သွားသည်။


မထွက်သွားမီ သူကကုစစ်ကို"သီးသန့်"အကြည့်တစ်ချက်ပေးကာ တွေးလိုက်မိသည်၊ မင်းAမြို့တော်ကိုပြန်သွားပြီး ဒီပိုးဖလံတွေကိုအမြန်ဆုံးမရှင်းပစ်ရင် နဂါးဘုရင်ဘုရားကျောင်းမှာရေလွှမ်းသွားလိမ့်မယ်။


လင်ခုံးလုဘာကြောင့်မှန်းမသိသဖြင့် ကုစစ်ကိုထပ်ကြည့်လိုက်ရသည်။


ကုစစ်ကချောင်းအသာဟမ့်ကာ အလျင်စလိုဆိုလာသည်။

"ဧည့်သည်ကိုဘယ်သူမှဧည့်မခံပေးတာမြင်လိုက်ရတော့ ကိုယ်ကူပြီးမီနူးကဒ်လာပေးတာရယ်။"


ပြောပြီးနောက် သူမီနူးကဒ်ကိုကောက်ယူကာထွက်သွားသည်။


လင်ခုံးလု: "....."


လက်ထောက်စုန့်ကဖြစ်စဥ်တစ်ခုလုံးကိုမြင်ခဲ့တာမို့ ဒါကိုမြင်သော် သူ့မျက်နှာထားမှာရှုပ်ထွေးကာ သူ့နှလုံးသားလေးလံသွားရသည်။


အတွင်းရေးမှူးယန်းကကုအုပ်စုရဲ့ဥက္ကဌကုပေါ့? ဒီဇာတ်အိမ်ကတကယ်...တစ်ပတ်လည်သွားတာပဲ!


ပင်မနန်းဆောင်ကလတ်စသတ်တော့နောက်တိုင်းပြည်တစ်ခုကဧကရာဇ်ဖြစ်နေတယ်။ အခုဆိုသူ့အဆင့်အတန်းကိုပြန်ရသွားပြီဆိုတော့ သူပြန်သွားပြီးဧကရီဖြစ်လာချင်တာ(လက်ထပ်ချင်တာ)၊ ဒီတော့ဥက္ကဌလင်ကကော?


ဒီပရောဂျက်ကဥက္ကဌလင်အတွက်လမ်းခွဲလက်ဆောင်ဖြစ်နေမလား။ ဥက္ကဌလင်၊ မင်းကုမ္ပဏီအတွက်အများကြီးစတေးခဲ့တာပဲဗျာ!


လက်ထောက်စုန့်ကြေကွဲသွားရသည်။


လင်ခုံးလုနောက်ဆုံးမှာသူ့ဆီအကြည့်ရောက်သွားပေမဲ့ သူ့မျက်နှာထားတစ်ခုခုဖြစ်နေတာကိုမြင်လိုက်ရတော့ သူမနေနိုင်ဘဲမေးမိသည်။

"ဘာဖြစ်လို့လဲ။"


လက်ထောက်စုန့်ကဘာမှမဆိုဘဲ ကုစစ်လျှောက်ထွက်သွားပြီးနောက်မှ သူတိုးတိုးလေးပြောလိုက်သည်။

"ဥက္ကဌလင်၊ ကုမ္ပဏီဂရုရဲ့စကားပြောမှတ်တမ်းကိုကြည့်လိုက်အုံး။"


လင်ခုံးလု: "?"


"မနေ့က...မွန်းတည့်ချိန်ကလေ။" လက်ထောက်စုန့်တုံ့ဆိုင်းသွားရသည်။


ပြောပြီးနောက် သူကုမ္ပဏီကိုအမြန်ပြန်သွားလေတော့သည်။


လင်ခုံးလုသံသယဖြစ်သွားကာ သူ့ဖုန်းကိုထုတ်ပြီး အချိန်အကြာကြီးလှန်လှောကြည့်ပြီးမှမနေ့မွန်းတည့်ချိန်ကမှတ်တမ်းကိုရောက်သွားသည်။ ထို့နောက်သူကြည့်လေလေ သူ့မျက်နှာပိုရုပ်ဆိုးလာရလေလေပင်။


ခဏကြာတော့ကုစစ်ပြန်ရောက်လာပြီး သူဂရုစကားပြောမှတ်တမ်းကိုကြည့်နေတာမြင်လိုက်ရတော့ သူ့နှလုံးသားချက်ချင်းတင်းကြပ်သွားကာ အလျင်စလိုရှင်းပြမိသည်။

"အဲ့ဝူကျန်းဟိုင်ကကိုယ့်ဝမ်းကွဲထဲကတစ်ယောက်လေ။ ကိုယ်မသိခဲ့ဘူး၊ သူမင်းကိုတမင်အရှက်ရအောင်လုပ်ပြီး ပရောဂျက်ကိုနှောင့်ယှက်ဖို့ကြိုးစား...."


ဒါပေမဲ့သူပြီးအောင်မရှင်းပြနိုင်ခင် လင်ခုံးလုကခေါင်းမော့ကာ ဒေါသတကြီးဖြတ်ပြောလာသည်။

"မင်းဂရုထဲမှာစာအိတ်နီဝေပေးတုန်းကမင်းငါ့ကိုအသိမပေးခဲ့ဘူးနော်?"


အဓိကကသူဒီလောက်အများကြီးပို့ခဲ့ပေမဲ့ သူကတော့တစ်ခုမှမရလိုက်ဘူးလေ။


လင်ခုံးလု၏လေသံမှာမယုံကြည်နိုင်ဖြစ်လျက်၊ သူ့မျက်နှာထားကိုကြည့်ရတာ...သန်းတစ်ရာလွဲချော်သွားသယောင်။ 


ကုစစ်: "...." ဒီဟာကအဓိကလား။


"အင်းပါ၊ စိတ်မဆိုးနဲ့၊ ကိုယ်မင်းကိုသီးသန့်ပို့ပေးမယ်လေနော်။" သူခပ်မြန်မြန်ချော့မြူကာ သူ့ဖုန်းကိုထုတ်ပြီး ပို့ပေးရန်ပြင်လိုက်ပေမဲ့--


လင်ခုံးလုကကြေကွဲစွာဆိုလာသည်။

"ငါ့ကိုသီးသန့်ပို့ပေးတာနဲ့ လုလို့ရတာနဲ့တူမလား။ မိုးပေါ်ကပိုက်ဆံကျလာတဲ့အံ့သြစရာခံစားချက်လုံးဝမရဘူးလေ!"


ကုစစ်၏ပါးစပ်ထောင့်မသိမသာတွန့်သွားရကာ တွေးကြည့်ပြီးမောက် သူဂရုထဲမှာပြောင်းပို့ပေးလိုက်သည်။


လူတိုင်း: အတွင်းရေးမှူးယန်းဘာဖြစ်သွားတာလဲဟ?


အတွင်းရေးမှူးယန်း: ဘာမှမဖြစ်ပါဘူး၊ အပျော်ဝေပေးလိုက်တာပါ။


လူတိုင်း: ...မင်းရဲ့ချမ်းသာကြွယ်ဝမှုကိုကြွားနေတာလား။ ဒါကဗြောင်ကျကျကြွားလုံးထုတ်နေတာပဲ၊ သောက်ရမ်းမုန်းဖို့ကောင်းလိုက်တာနော်၊ ခဏပဲကစားတော့။


ဒီတစ်ခေါက်မှာတော့လင်ခုံးလုလုလိုက်ပေမဲ့ လုပြီးနောက် သူကြေကွဲသွားကာသူ့ကိုအပြစ်တင်လိုက်သည်။ 

"ဖြုန်းတီးလိုက်တာ!"


ကုစစ်: "...."


လက်ထောက်စုန့်တစ်ယောက်သာစိတ်ပူနေလျက် သူ့ဘာသာသူတွေးနေမိသည်၊ ဒါကဘယ်လိုလုပ်ပြီးကြွားလုံးထုတ်တာဖြစ်ရမှာလဲ။ ၈၀ရာခိုင်နှုန်းကလမ်းခွဲအခမ်းအနား၊ နောက်ဆုံးယဥ်ကျေးမှုပဲ။


နှစ်လကြာသော် ကုစစ်နှင့်လင်ခုံးလုတို့ယင်းရှပင်လယ်အော်မှာမဂ်လာပွဲကျင်းပကြသည်။


လက်ထောက်စုန့်လည်းဖိတ်ကြားခံခဲ့ရပြီး သူ့မျက်နှာမှာထိတ်လန့်အံ့အားသင့်လျက်။ 


သူတကယ်တာဝန်ယူတာလား။ မဟုတ်သေးဘူး၊ ဧကရာဇ််နှစ်ပါးရဲ့လက်ထပ်ပွဲဖြစ်ရမှာ... မဟုတ်သေးဘူးပဲ၊ ပျော်စရာချည်နှောင်မှုပဲ။ ကမ္ဘာ့နံပါတ်တစ်ကုအုပ်စုရဲ့ဥက္ကဌကုက သူတို့ဥက္ကဌလင်ကိုတကယ်ကြီးလက်ထပ်ခဲ့တယ်ပေါ့? ဒီကိစ္စကသူ့တစ်မိသားစုလုံးကိုရှော့ခ်ရစေတယ်!


လက်ထပ်ပွဲတက်ရောက်လာကြသည့်ဝန်ထမ်းအများအပြားမှာလည်းစိတ်လှုပ်ရှားကာမနေနိုင်ဘဲသက်ပြင်းချမိကြသည်။


"လတ်စသတ်တော့အတွင်းရေးမှူးယန်းကဥက္ကဌကုဖြစ်နေတာကိုး။ ဘုရားရေ၊ သူစာအိတ်နီတွေကိုဒီလောက်ရက်ရက်ရောရောဝေပေးနေတာမဆန်းပါဘူး။ အနာဂတ်မှာငါတို့ကကုအုပ်စုရဲ့ဝန်ထမ်းတစ်ပိုင်းလို့ယူဆရမှာလား။"


"ငါတို့သူဌေး...ခင်ပွန်းလား။ ငါတို့ကုမ္ပဏီရဲ့ဆက်ဆံမှုကအနာဂတ်မှာတိုးတက်လာတော့မှာလား။"


"ငါတိုအဖွဲ့ ယင်းရှပင်လယ်အော်ကိုမလာရတော့ဘူးပေါ့?"


"နောက်ကျရင်ယင်းရှပင်လယ်အော်ကိုလာကိုလာရမှာ၊ ဒါကသူဌေးနဲ့သူဌေးရဲ့ခင်ပွန်းလက်ထပ်ပွဲကျင်းပတဲ့နေရာဖြစ်သွားပြီလေ။"


"ဒီတော့ဥက္ကဌကုကသူဌေးကိုလိုက်ဖို့ ငါတို့ကုမ္ပဏီမှာအတွင်းရေးမှူးအသွင်ယူခဲ့တာပေါ့နော်? စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာဟယ်!"


"ငါတော့ဥက္ကဌကုရဲ့စာအိတ်နီကိုမျှော်နေမိတုန်းပဲ၊ ဟင်း!"


ကုအုပ်စု၏ဝန်ထမ်းများ: "ဘာကြီး? ဥက္ကဌကုကမင်းတို့ကိုစာအိတ်နီပို့တယ်? သူငါတို့ကိုတစ်ခါမှမပို့ဖူးဘူးရယ်။"


လက်ထောက်စုန့်: "...." အဓိကအကြောင်းရင်းက မင်းတို့ဂရုထဲမှာဥက္ကဌလင်မရှိတာမို့ ဘာမှမရတာပဲ။


ကုစစ်နောက်ဆုံးမှာသူ့ဆန္ဒအတိုင်းလက်ထပ်ခဲ့ရပြီမို့ မနေနိုင်ဘဲလင်ခုံးလုကိုခပ်တင်းတင်းပွေ့ဖက်ကာ ခေါင်းငုံ့ပြီးခပ်ဖွဖွနမ်းရှိုက်လိုက်မိသည်။


လက်ထပ်ပြီးနောက် ကုမ္ပဏီနှစ်ခု၏ရုံးချုပ်များမှာတစ်နေရာထဲတွင်မရှိသဖြင့် အစကတော့ကုစစ်တစ်ယောက်Aမြို့တော်နှင့်Cမြို့တော်ကြားမှာမကြာခဏခေါက်တုံ့ခေါက်ပြန်သွားလာခဲ့ရသည်။ နောက်ကျ ကုအုပ်စုကုမ္ပဏီထဲကပိုးဖလံများကိုအပြတ်ရှင်းပစ်ပြီးနောက် သူCမြို့တော်၏ရုံးခွဲမှာနေကာ Cမြို့တော်ကရုံးချုပ်ကိုလှမ်းကိုင်တွယ်ခဲ့သည်။


ဖြစ်ချင်တော့ကုလူအိုကြီးကလည်းယင်းရှပင်လယ်အော်မှာနေရတာသဘောကျပြီး လင်ကျန့်ကော်နှင့်အတူအချိန်နှင့်အမျှငါးမျှားထွက်လေ့ရှိသည်။ ဒီတော့ကုစစ်Cမြို့တော်မှာနေပြီးနောက်ပိုင်း မိသားစုနှစ်စုကမကြာခဏဖိတ်ကြားကာအတူစားသောက်လေ့ရှိသည်။


သာမန်မနက်ခင်းတစ်ခုမှာ ကုစစ်အိပ်မက်တစ်ခုမက်ခဲ့သည်။ သူငယ်ငယ်တုန်းကသူ့မိဘနှစ်ပါးထံမှကမ်းခြေပေါ်မှာစွန့်ပစ်ခံခဲ့ရသည်ကိုသူအိပ်မက်မက်ခဲ့သည်။ လှိုင်းများကသူ့ကိုရိုက်ခတ်သွားချိန် သူ့မှာပုန်းစရာအချိန်မရှိလိုက်ဘဲလှိုင်းနှင့်မျောပါသွားလုနီးပါးဖြစ်ခဲ့ရသည်။


သူရေသီးသွားကာ သက်တောင့်သက်သာမရှိလွန်းလို့ သေလုမျောပါးဖြစ်နေပေမဲ့ သူ့မှာတွားသွားတက်ဖို့ခွန်အားမရှိတော့သဖြင့် နောက်လာမည့်လှိုင်းလုံးဖြင့်အချိန်မရွေးမျောပါသွားနိုင်သည်။


ထိုစဥ် ပိန်ပါးပါးပုံရိပ်တစ်ခုကသူ့ရှေ့မှာပေါ်လာသည်။


ပုံရိပ်ကအလင်းပြန်နေပြီး အသံမှာနတ်သားပမာသာယာနာပျော်ရှိလှကာ စိတ်ပူတကြီးမေးလာသည်။

"မင်းအဆင်ပြေရဲ့လား။"


နောက်ကျတော့ နတ်သားကမဖော်ပြနိုင်လောက်အောင်ရင်းနှီးသည့်တေးသွားတစ်ခုညည်းနေတာကိုနားထောင်ရင်း သူဟာရေထဲမှချီသယ်သွားခံခဲ့ရသည်။


ကုစစ်မျက်လုံးဖွင့်လိုက်ချိန် ကောင်းကင်မှာတောက်ပနေပြီဖြစ်ကာ အလင်းကလိုက်ကာကိုဖြတ်၍ထိုးဖောက်ဝင်ရောက်လာပြီး လင်ခုံးလု၏ငြိမ်းချမ်းစွာအိပ်ပျော်နေသည့်မျက်နှာလေးပေါ်ကျရောက်လျက်။


"နတ်သား?" ကုစစ်နူးညံ့စွာရေရွတ်လိုက်မိပြီး မနေနိုင်ဘဲသူ့ကိုနမ်းရှိုက်လိုက်မိပြီးနောက် သူ့ကိုခပ်တင်းတင်းပွေ့ဖက်ကာ ခပ်တိုးတိုးပြောမိသည်။

"သူက..." သူကနတ်ဘုရားနဲ့တူတယ်။


သူ့ရှေ့မှာရုတ်တရက်ပေါ်လာပြီး မျှော်လင့်ချက်နှင့်ကယ်တင်မှုကိုဆောင်ကျဥ်းလာခဲ့သည်။


လင်ခုံးလုသူ့အနမ်းကြောင့်နိုးသွားကာ နူးညံ့စွာမေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ။"


"ဘာမှမဟုတ်ဘူး။" ကုစစ်နှုတ်ခမ်းထောင့်များမသိမသာကော့တက်သွားရပေမဲ့ တွေးကြည့်လိုက်ပြီးနောက်မှာ သူမနေနိုင်ဘဲပြောလိုက်မိသည်။ "ကိုယ်မှတ်မိပြီ။"


လင်ခုံးလု: "ဟင်?" ဘာကိုမှတ်မိတာ?


"မင်းကိုယ့်ကိုကမ်းခြေမှာကယ်ခဲ့တာကိစ္စလေ။" ကုစစ်မှာပျော်ရွှင်သောစိတ်အခြေအနေရှိလျက် မနေနိုင်ဘဲသူ့ကိုထပ်နမ်းမိကာပြောလိုက်သည်။

"ပြီးတော့ လက်ကောက်ကိစ္စကောပဲ၊ ကိုယ်မှတ်မိပြီ။"


လင်ခုံးလု၏မျက်နှာထားမှာကြောင်အမ်းနေလျက် အပြည့်အဝမနိုးသေးပေ။ 


"ကိုယ်ပေးခဲ့တာမဟုတ်ဘူး၊ ယွီမင်ရှို့ကကိုယ့်ကိုလှည့်စားပြီးယူသွားခဲ့တာ။ ကိုယ်မှတ်ဉာဏ်မပျောက်ခင်က သူလက်ကောက်ကိုလိုချင်ခဲ့ပေမဲ့ကိုယ်မပေးခဲ့ဘူးလေ။ ကိုယ်မှတ်ဉာဏ်ပျောက်သွားပြီးနောက်ပိုင်း ကိုယ့်ဆီမှာသူ့လက်ကောက်တစ်ခုရှိတယ်ဆိုပြီးကိုယ့်ကိုလိမ်ပြောခဲ့တာ။ ကိုယ်သူ့ကိုသွားယူခွင့်ပေးလိုက်တော့ သူကအဲ့လက်ကောက်ကိုယူသွားတော့တာပဲ။"

ကုစစ်အံကြိတ်လိုက်မိသည်။


လင်ခုံးလု: "ဟွန်?" 


"ဒါ...." သူတစ်အောင့်ကြာတွေးကာစည်းရုံးလိုက်သည်။

"သက်မဲ့ကအရေးမကြီးပါဘူး။ ပြီးတော့မင်းရှာတွေ့ခဲ့ပြီပဲကို။"


ဒီတော့မနက်စောစောစီးစီး ဒေါသထွက်မနေနဲ့တော့။


ကုစစ်အနည်းငယ်မကျေမနပ်ဖြစ်သွားရကာ သူ့ကိုပွေ့ဖက်လျက်ပြောမိသည်။

"မင်းကသူ့အတွက်ပြောပေးနေတာပဲ။"


လင်ခုံးလု: "?" ငါသူ့အတွက်ပြောပေးမိလို့လား။


"ဒါနဲ့စကားမစပ် အဲ့နေ့တုန်းကသူမင်းကိုနှုတ်ခမ်းလှုပ်ပြပြီးဘာပြောသွားတာလဲ။ သူ့နောက်ဆုံးစကားကိုကြားလိုက်ရပြီးနောက်ပိုင်း မင်းမျက်နှာနည်းနည်းပြောင်းသွားတာကိုယ်မြင်လိုက်တယ်။"

ကုစစ်မသိမသာသဝန်တိုကာပြောလိုက်သည်။


"ပြောသွားလို့လား။" လင်ခုံးလုသံသယဖြင့်မေးမိသည်။


"အင်း။" ကုစစ်ကအခိုင်အမာဆိုသည်။


လင်ခုံးလု: "...." ဒီလိုကြာရှည်တဲ့ရှာလကာရည်ကသောက်ရတာတန်လို့လား။ မနက်စောစောမင်းအဲ့အကြောင်းမစဥ်းစားပါနဲ့လား။


"ငါတကယ်မမှတ်မိဘူး။" လင်ခုံးလုခေါင်းခါပြလိုက်သည်။ သူကုစစ်ကိုပြောပြမှာမဟုတ်ပေ၊ ထိုအချိန်ကတစ်ဖက်လူဟာသူ့နာမည်အစစ်ကိုပြောသွားရုံသာ။


"တကယ်လား။" ကုစစ်ကသိသိသာသာကိုမယုံပေ။


"မင်း....ငါ့ကိုရစ်နေတာလား။" လင်ခုံးလုအခုတော့အပြည့်အဝနိုးသွားပြီဖြစ်ကာ အမြန်ထထိုင်ပြီးပြောလိုက်သည်။

"ကောင်းပြီလေ၊ ငါမင်းကိုမေးချင်တာ၊ မင်းငါနဲ့အတူရှိပြီး ငါ့ပိုက်ဆံကိုဖြုန်းတုန်းကမင်းတမင်သက်သက်မှတ်ဉာဏ်ပျောက်ချင်ယောင်ဆောင်ခဲ့တာလား။ မင်းကငါ့ရှေ့မှာတော့အရမ်းဆင်းရဲပေမဲ့ သူများတွေရှေ့မှာကျရက်ရောနေတာ။ မင်းပေးချင်ရင် သန်းရာချီ ထောင်ချီနီးပါးပေးနိုင်တယ်မလား။"


"အဟမ်း။" ကုစစ်ချက်ချင်းစကားပြောရပ်လိုက်ပြီး တစ်အောင့်ကြာမှ သူမဝံ့မရဲပြောလိုက်မိသည်။

"ဒီနေ့အပြင်ထွက်စားရင်ကော? ယွမ်တစ်သိန်းကုန်တဲ့ဟာလေ?"


အရင်ကဖြုန်းတီးခဲ့တဲ့ဟာကိုပြန်ပြင်ဖို့ပေါ့။


လင်ခုံးလုသူ့ကိုမျက်လုံးမှေးစင်းပြလိုက်သည်။

"မင်းအဖိုးသိသွားမှာမကြောက်ဘူးလား။"


ကုလူအိုကြီးမှာကိုယ့်ဒူးကိုယ်ချွန်လူစားအစစ်ဖြစ်ပြီး အသုံးအစွဲချွေတာခဲ့ဖူးသည်။


ဥက္ကဌရှောင်လုအတွက်ကလည်း အလွန်ခက်ခဲလှပေသည်။ သူကောလိပ်တက်တုန်းက မနက်မှညအထိအလုပ်ကြိုးစားပြီးရင်းကြိုးစားကာ စီးပွားရေးစလုပ်ခဲ့သည်။ ဒါပေါ့၊ အရေးကြီးဆုံးကသူ့အိမ်ဖြိုချခဲ့ခြင်းပင်။ လောင်လင်ကသန်း၅၀ထောက်ပံ့ခဲ့သည်။


ဒီတော့ကုလူအိုကြီးနှင့်ယှဥ်ရင် သူကကပ်စေးနည်းသည်ဟုယူဆမရဘဲ ကုလူအိုကြီးကသာတကယ်ကပ်စေးနည်းတာဖြစ်သည်။


"...ထားလိုက်ပါတော့လေ၊ ကိုယ့်ယောက္ခထီးဆီပဲသွားရအောင်။"

ကုစစ်သက်ပြင်းချမိသည်။


မိသားစုထဲကလူကြီးလူငယ်အကုန်လုံးကကပ်စီးကုပ်နေကြတော့ သူ့ကိုအခုဆိုပိုက်ဆံမဆင်မခြင်မသုံးရဲအောင်လုပ်နေကြတယ်။


သို့သော်လည်း ဒီအိပ်မက်မက်ပြီးသူငယ်ငယ်တုန်းကဖြစ်ခဲ့တာကိုမှတ်မိသွားပြီးနောက် ကုစစ်၏နောက်ဆုံးမကောင်းတဲ့စိတ်တန်ဖိုးအနည်းငယ်မှာပျောက်ကွယ်သွားလေတော့သည်။


အနှေးနှင့်အမြန်ဖြစ်လာမည်မှန်းလင်ခုံးလုသိတာမို့ သူမအံ့သြသွားပေမဲ့ မနေနိုင်ဘဲကုစစ်၏နှုတ်ခမ်းကိုနမ်းရှိုက််လိုက်မိသည်။


ကုစစ်ကကုလူအိုကြီးနှင့်လင်ကျန့်ကော်ဆီသယ်သွားမည့်လက်ဆောင်ထုပ်များကိုကားထဲသယ်နေချိန်မှာ အနမ်းကြောင့်အကာအကွယ်မဲ့သွားရသည်။ သူမနေနိုင်ဘဲလန့်သွားကာမေးမိသည်။

"ဘာဖြစ်လို့လဲ။"


"ဘာမှမဟုတ်ပါဘူး၊ ငါစိတ်ပျော်နေလို့။"


ကုစစ်လည်းပြုံးလိုက်ပြီး လက်မြှောက်ကာသူ့နောက်စေ့ကိုအုပ်ကိုင်ပြီး ငှက်မွှေးပမာမျက်တောင်များကိုခပ်ဖွဖွနမ်းရှိုက်လိုက်ပြီးမှ နှုတ်ခမ်းများထံဖြည်းညှင်းစွာရွှေ့သွားကာ ခပ်ပြင်းပြင်းနမ်းရှိုက်လျက် တီးတိုးပြောလိုက်သည်။

"ကိုယ်လဲပျော်တယ်။"


_______________________________