အပိုင်း၂၁၂
Viewers 33k

Chapter 212

October 09, 2023


ကြီးမားသော​ပြောင်းလဲမှုများ


မူလက အလွန်လှပခဲ့သော လျောင်မိသားစု၏ ဘိုးဘွားအိမ်သည် ယခုအခါ ပျက်စီးယိုယွင်းနေသည့် လက္ခဏာများကို ပြသနေသည်။




လျောင်မိသားစုသည် လျောင်မိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ပြီး အစေခံများကို ထုတ်ပယ်ရန် ဆန္ဒမရှိခဲ့သော်လည်း အစေခံများအပေါ် ဆက်ဆံမှုမှာ ပိုပိုဆိုးရွားလာခဲ့သည်။




လစဉ်လစာအား မပေးရသေးသလို နွေရာသီနောက်ပိုင်းတွင် ယခင်နှစ်များက အမြဲရရှိနိုင်သည့် အဝတ်အစားအသစ်များကိုလည်း ထုတ်ပေးခြင်းမရှိပေ။ ပုံမှန်အစားအစာနှင့်ပတ်သက်၍မူ. . .




ယခင်တုန်းက ဝမ်ယင်နျန်း အနားမှာရှိတုန်းက အစေခံတွေက နေ့တိုင်း အသားဟင်းတွေ စားခဲ့ကြရပေမဲ့ ယခု . . . စားဖို့ပင် မလောက်ပေ။




ဝ​လင်အောင်မစားရပါက မည်သူက လုံ့လဝီရိယရှိပါမည်နည်း။ ရလဒ်အနေဖြင့် ဥယျာဉ်အတွင်းရှိ ပန်းများနှင့် သစ်ပင်များသည် ထိန်းမနိုင်သိမ်းမရ ကြီးထွားလာကာ ခြံဝင်းအတွင်းရှိ အရွက်များကိုလှဲကျင်းရှင်းလင်းခြင်းမရှိသည့်အပြင် ဆင်ဝင်အောက်၌ ပင့်ကူအိမ်များ ဖြစ်ပေါ်လာသည်. . . ဤအိမ်ကြီးတွင် မည်သူမျှ နေထိုင်နေခြင်းမရှိသလိုပါပင်။




အဖေလျောင် အပြင်ကနေ ပြန်ရောက်လာပြီး အရာအားလုံးကို မြင်လိုက်ရသည့်အခါ ဒေါသကြောင့် သူ့ရင်ဘတ်တင်းကျပ်သွားသလို ခံစားလိုက်ရသည်။




ဤအစေခံများက စက်ဆုပ်ရွံရှာဖွယ်ကောင်းလွန်းသည်၊သူတို့၏သခင်ကို မည်သို့မျက်ကွယ်ပြုနိုင်ရသနည်း။




သို့သော် ဤအချိန်တွင် သူ ပို၍ပင် ဒေါသဖြစ်နေသည်မှာ ဝမ်ယင်နျန်း ကိုယ်ဝန်ရှိနေသည့်ကိစ္စဖြစ်သည်။




အဖေလျောင် သည် သားဖြစ်သူနှင်ပတ်သတ်၍ တစ်စုံတစ်ရာ အမှားအယွင်းရှိနေသည်ဟု မယုံချင်သော်လည်း ၎င်းကို ပိုတွေးလေ၊ သူ့သားက အမှန်တကယ် တစ်ခုခုမှားနေပြီဟု ခံစားရလေလေဖြစ်သည်။




ပထမနှစ်နှစ်နှစ်မှာ ဝမ်ယင်နျန်းက သူသားကို တခြားမိန်းမတစ်ယောက်နှင့်တွေ့တိုင်း ပြဿနာရှာတတ်ပေမဲ့ နောက်ပိုင်းမှာ သူမက ပထမတုန်းကလို အနီးကပ် စောင့်ကြည့်သည်ကို ရပ်လိုက်ပြီး သူ့ကို သူမရှေ့မှာ အရှုပ်တွေလုပ်ခြင်းကိုသာခွင့်မပြုခဲ့ပေ။




သူတို့နှစ်ယောက်က အကြာကြီးနေသည့်တိုင် သားသမီးမရှိလာသဖြင့် အဖေလျောင်နှင့် အမေလျောင်က စိုးရိမ်လာ၏။ ထို့အတွက်ကြောင့် လျောင်ချင်းဟယ်အတွက် လူများကို စီစဉ်စေပြီး လျောင်ချင်းဟယ်ကို တိုက်တွန်းခဲ့သည်။




လျောင်ချင်းဟယ်က အိမ်မှာရှိချိန်မှာ အစေခံမိန်းကလေးတွေနှင့် ဘာမှမလုပ်ဝံ့ပေမဲ့ အိမ်အပြင်မှာ နှစ်အနည်းငယ်ကြာအောင် မယားငယ်မွေးခဲ့သည်။




သို့ပေမဲ့ ထိုအမျိုးသမီးက တစ်ခါမှ ကိုယ်ဝန်မရဖူးပေ။




ယခင်တုန်းက ဝမ်ယင်နျန်းက တင်းကြပ်လွန်းသေညကြောင့် လျောင်ချင်းဟယ်မှာ ထိုနေရာကို သွားရန်အချိန်မရှိခဲ့ဟု အဖေလျောင်က အမြဲထင်ခဲ့သည်။ ယခုစဉ်းစားကြည့်သောအခါ. . .




အဖေလျောင်က အုံ့မှိုင်းသောအမူအရာဖြင့် အိမ်သို့ပြန်သွားပြီးနောက် အထဲမှာ လုလွမ်က အမေလျောင်ကို မျက်နှာချိုသွေးနေသည်ကို တွေ့လိုက်ရသည်။




လုလွမ် လျောင်မိသားစုသို့ ပထမဆုံးရောက်ရှိချိန်တွင် အဖေလျောင် နှင့်အမေလျောင်က သူမအပေါ် အလွန်ကောင်းခဲ့သော်လည်း ယခုအခါတွင်မူ. . .






သူတို့သားလေးက ကျန်းမိသားစုထဲက သခင်မလေးနှင့် အိမ်ထောင်ပြုတော့မှာဖြစ်သဖြင့် အအမေလျောင်နှင့် အဖေလျောင်တို့က လုလွမ်ကို သူမ၏ဇာစ်မြစ်က မကောင်းသောကြောင့် သဘာဝအတိုင်း မကြိုက်တော့ပါချေ။




လုလွမ်က ကောင်းမွန်စွာမွေးဖွားလာခဲ့ခြင်းမဟုတ်သည်က အမှန်ပါပင်၊ မူလက သူမက အပျော်အိမ်က အပျိုစင်တစ်ယောက်ဖြစ်ပေမဲ့ ကံကောင်းစွာနှင့် လျောင်ချင်းဟယ်ကို သူမ၏ပထမဆုံးညမှာ တွေ့ဆုံခဲ့ရသည်။ သူမကို နှစ်သက်သော လျောင်ချင်းဟယ်က ရွေးနုတ်ဖိုးပေးပြီးနောက် သူမကို အပြင်မှာထား၍ထောက်ပံ့ခဲ့သည်။




"အဒေါ် ဒါ ကျွန်မလက်နဲ့ကိုယ်တိုင်ပြုတ်ထားတဲ့ ကြက်စွပ်ပြုတ်ပါ..." 




လုလွမ်က သူမ၏ ငါးလခြောက်အရွယ် ဗိုက်ကို ကိုင်ထားပြီး အမေလျောင်ကို မျက်နှာချိုသွေး၍ ကြည့်နေလေသည်။




သူမ နောင်တရနေပြီဖြစ်သည်။




လျောင်ချင်းဟယ် သူမကိုအပြင်မှာထား​၍ ထောက်ပံ့စဥ်က သူမဘဝက ထိုထက်ပို၍ သက်တောင့်သက်သာရှိနိုင်ခြင်းမရှိတော့ပေ။ သူမ၏ အစားအသောက်နှင့် အဝတ်အစားတွေကလည်း အလွန်ကို ကောင်းခဲ့သည်။သို့ပေမဲ့ လျောင် မိသားစုကို ရောက်လာပြီးသညခ့် နောက်မှာမူ. . . ရိုးရိုးကြက်သားစားရန်ပင် အမေလျောင်၏ ခွင့်ပြုချက် လိုအပ်သည်ကို သူမ မယုံနိုင်ခဲ့ပေ။




ဤအတိုင်းပင် အမေလျောင်က သူမအား လုံးလုံးလျားလျား ထိန်းချုပ်ထားသည်။




ဒါကိုသာ သူမသိခဲ့ရင် သူမက လျောင်ချင်းဟယ်အတွက် အပြင်လူတစ်ယောက်ပဲဖြစ်နေဦးမှာ...




ဒါကိုသာ သူမသိခဲ့ရင် သူမက တအားချမ်းသာတဲ့ ဝမ်ယင်နျန်းကို ရန်သူအဖြစ် ဖန်တီးမိမှာမဟုတ်ဘူး...




"ယူသွားစမ်းပါ"


အမေလျောင်က လျစ်လျူရှုပြီး လုလွမ်ကို ကြည့်လိုက်သည်။




"ရက်အနည်းငယ်ကြာလို့ သခင်မလေးကျန်း ရောက်လာတဲ့အခါ နင် သူ့ကိုလည်း ကောင်းကောင်း အလုပ်အကျွေးပြု ပေးသင့်တယ်"




"ဟုတ်ကဲ့"




လုလွမ်က သူမ၏ မမြင်နိုင်သော အမူအရာများကို ဖုံးကွယ်ရန် ခေါင်းငုံ့ကာ ပြန်ပြောလိုက်သည်။




ထိုအချိန်တွင် လုလွမ် အဖေလျောင်၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။


 "လုလွမ်"




"သခင်ကြီး"


လုလွမ် အဖေလျောင်ကို မော့ကြည့်ပြီးနောက် အဖေလျောင်၏ အရုပ်ဆိုးသော အမူအရာကြောင့် ထိတ်လန့်သွားသည်။ ဘာဖြစ်တာလဲ ...




အဖေလျောင်က ဘာမှပြန်မပြောဘဲ တခြားအစေခံတွေကို အပြင်ထွက်၊ အခန်းတံခါးပိတ်ခိုင်းပြီး အစေခံတစ်ယောက်ကို လျောင်ချင်းဟယ်ကိုခေါ်ခိုင်းသည်။




အားလုံးကို ပြီးမှသာ အဖေလျောင်က လုလွမ်ကို အေးစက်စွာ ကြည့်ပြီးမေးသည်။




"လုလွမ်...နင့် ဗိုက်ထဲက ကလေးက ဘယ်သူ့ဟာလဲ"




အဖေလျောင်၏ထူးဆန်းသောအမူအရာကြောင့် လုလွမ်ကြောက်လန့်နေပြီဖြစ်ရာ ထိုမေးခွန်းကိုကြားသောအခါ သူမမျက်နှာအပေါ် အပြစ်ရှိခြင်းအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။ 




"ကျွမ်မ​ခင်ပွန်းရဲ့ဟာပေါ့"




လုလွမ်က လျင်မြန်စွာ တုံ့ပြန်လိုက်သော်လည်း အဆုံးတွင် အဖေလျောင်က သူမ၏အမူအရာကို သတိပြုမိဆဲဖြစ်သည်။




"ခွေးမ...အမှန်အတိုင်းပြောရင် ပိုကောင်းမယ်... မဟုတ်လို့ အမှန်တရားကို သိလာတဲ့အခါ ရေကန်ထဲမှာ မြုပ်ပစ်လိုက်မယ်"




လုလွမ်၏အမူအရာမှာ အတော်လေး ပြောင်းလဲသွားပြန်သည်၊ အဖေလျောင်က ရုတ်တရက် ထိုမေးခွန်းကို မေးသောအခါတွင် သူမ ဖော်ထုတ်ခံရပြီဟုသာ တွေးမိသည်။




သူ့ဗိုက်ထဲက ကလေးက . . .အမှန်မှာ သူမလည်း သိပ်မရှင်းလင်းပေ. . .လျောင်ချင်းဟယ် နောက်မလိုက်မီတွင် သူမမှာ ဧည့်သည်များရှိခဲ့ပြီး၊ ထို့နောက် သူမ လျောင်ချင်းဟယ် နှင့် အတူရှိခဲ့သည်. . .ဂွမ်းစကိုငါးရှဉ့်သွေးထဲနှစ်ပြီး သူတို့ကိုယ်ထဲကိုထည့်ကာ သူတို့၏ ပထမဆုံး အကြိမ်ဟုဟန်ဆောင်သည်က သူတို့ မကြာခဏ ဆိုသလို လုပ်ခဲ့သည့်အရာဖြစ်သည်။




"အဖေ ဘာတွေ ပြောနေတာလဲ...လွမ်ရဲ့ဗိုက်ထဲက ကလေးက ကျွန်တော့်ဟာ ဟုတ်ပါတယ်" 




လျောင်ချင်းဟယ်က အပြင်မှဝင်လာပြီး သူ့အဖေ၏စကားကိုအချိန်မီပင်ကြားလိုက်ရပြီး လုလွမ်ကို အမြန်ကာကွယ်လိုက်သည်။




အဖေလွမ်က လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး လုလွမ်နားသို့ပစ်ကာ ပေါက်ခွဲပစ်ရင်း လျောင်ချင်းဟယ်ကို ဆိုသည်။ 




"မင်းမှာ မိန်းမတွေ အများကြီးရှိတာကို ဒီတစ်ယောက်ပဲ ကိုယ်ဝန်ရှိနေတာ ဘယ်လိုဖြစ်လို့လဲ... မင်းအဲဒါကိုမစဉ်းစားမိဘူးလား" 




လုလွမ်က ရှောင်လိုက်သဖြင့် လက်ဖက်ရည်ခွက်က သူမဘေးမှာ အစိတ်စိတ်အမွှာမွှာ ကွဲသွား၏။လျောင်ချင်းဟယ် စိတ်ညစ်သွားစဥ်မှာ သူ့အဖေပြောသည်ကိုကြားလိုက်ရသည်။




 "ဝမ်ယင်နျန်း ကိုယ်ဝန်ရှိနေပြီ"




လျောင်ချင်းဟယ် အေးခဲသွားသည်။




အမေလျောင်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။




ဝမ်ယင်နျန်း ကိုယ်ဝန်ရှိနေပြီလား...




လျောင်ချင်ဟယ်သည် ကလေးမရနိုင်သူက ဝမ်ယင်နျန်းဟု အမြဲထင်ထားခဲ့သည်။သို့ပေမဲ့ ဝမ်ယင်နျန်းက ကလေး မွေးနိုင်လျှင်. . .နှစ်ပေါင်းများစွာကြာမှာပင် ကလေးမရခဲ့သည်ဖြစ်ရာ သူ့ကလေးကို လွယ်နိုင်သူတခြားရှိရန်မဖြစ်နိုင်ဟု ရုတ်တရက်တွေးလိုက်မိသည်။




အခန်းထဲတွင် တိတ်ဆိတ်သွားကာ အတွင်းမှလူများ၏အမူအရာမှာ အရုပ်ဆိုးလာသည်။




လုလွမ် ဤအခိုက်အတန့်တွင် ပို၍ပင် နောင်တရလာသည်။




လက်စသတ်တော့...လျောင်ချင်းဟယ်က ကလေးမရနိုင်ဘူးလား... အခု ပေါ်သွားပြီဆိုတော့ သူမ အနာဂတ်မှာ ဘယ်လိုလုပ် ကောင်းကောင်းနေရပါ့မလဲ...




သူမက အခြားသူရဲ့ကလေးကို ကိုယ်ဝန်လွယ်ထား တာ...လျောင် မိသားစုက သူမကို ရိုက်သတ်ပစ်မှာမဟုတ်ဘူးလား...




သူမ တစ်ခုခုကို တွေးမှရမယ်... 




"ရှင် ကျွန်မကိုထိခိုက်အောင်မကြိုးစားတာ ပိုကောင်းမယ်...မဟုတ်ရင် ဖုချောင်တစ်ခုလုံး ​လျောင်ချင်းဟယ်က တကယ်တော့ ကလေးမရနိုင်တဲ့ ကုန်းကုန်းတစ်ယောက်ဆိုတာ သိလာလိမ့်မယ်" 


လုလွမ်က အော်လိုက်၏။




သူမလည်း အခုမှရုတ်တရတ်တွေးမိခြင်းဖြစ်သည်။လျောင်မိသားစုက သူမကို ကန်ထုတ်ပစ်ပြီး သူ့ယမဗိုက်ထဲက ကလေးကို အသိအမှတ်မပြုလျှင်. . .လျောင်ချင်းဟယ်မှာ ပြဿနာရှိသည်ဆိုခြင်းကို အတည်ပြုလိုက်သည်ပဲ မဟုတ်ပါလော. . .




လျောင်မိသားစုအနေဖြင့် သူမကို မကန်ထုတ်နိုင်ရုံသာမက သူမကို အထောက်အပံ့ကောင်းများ ပေးဆောင်ရလိမ့်မည်. . .




လျောင်မိသားစု၏ မျက်နှာများသည် မည်းမှောင်နေသော်လည်း ဘာမှမလုပ်ဆောင်ဝံ့ကြပေ။ထိုအချိန်မှာပဲ အပြင်ကလူတစ်ယောက်က ကျန်းမိသားစုရောက်လာကြောင်း သတင်းပို့လိုက်တယ်။




ကျန်းမိသားစုသည် မင်္ဂလာပွဲကို ရွှေ့ဆိုင်းရန် ရောက်လာခဲ့သည်။




မဒမ်ကျန်းက လူကောင်းမဟုတ်သော်လည်း သမီးဖြစ်သူကိုမူ စိတ်ရင်းဖြင့် ချစ်သည်။ အစကတည်းက သူ့သမီးကို လျောင်မိသားစုနှင့် လက်မထပ်စေချင်သည်​ဖြစ်ရာ ယခုအခါ ပို၍ပင် မလိုလားတော့ဘဲ အိမ်ပြန်ရောက်သည့်အခါ ဇာတ်ကွက်တစ်ခု ဖန်တီးပြီး ကြိုးဆွဲချ ခြိမ်းခြောက်ခဲ့လိုက်သေးသည်။




လျောင်ချင်းဟယ်မှာ အမှန်တကယ် ကျန်းမာရေးပြဿနာရှိနေလျှင်ပင် သမာဓိပျက်မည်ဖြစ်သောကြောင့် သူ့စကားကိုပြန်ရုတ်သိမ်း​၍မဖြစ်ဟု သခင်ကျန်းက ခံစားခဲ့ရသည်။သို့ပေမဲ့ မဒမ်ကျန်းက ပြဿနာရှာခဲ့သဖြင့် နောက်ဆုံးမှာ သူ အစိတ်အပိုင်းတစ်ခုဖြင့် အပေးအယူလုပ်ခဲ့ပြီး သူ့သမီး နေမကောင်းဖြစ်နေသဖြင့် ဤအိမ်ထောင်ရေးကို ရွှေ့ဆိုင်းရမည်ဟု ပြောခဲ့သည်။




ဒေါသပုန်ထနေပြီးသား အဖေလျောင်မှာ ထိုကဲ့သို့သောသတင်းကိုကြားရသောအခါ ဒေါသကြောင့် သွေးအန်လုမတတ် ဖြစ်သွားသည်။




လျောင်ချင်းဟယ် ယခုအချိန်မှာ မယုံကြည်နိုင်စသော အခြေအနေမှာ ရှိနေသည်။ 




ကောင်းကင်ကြီး ရုတ်တရက် ပြိုကျသွားသလို ခံစားလိုက်ရ၏။




......




ကလေးတစ်ယောက် ကိုယ်ဝန်ရှိမှန်းသိပြီးနောက် ဝမ်ယင်နျန်း မိသားစုအရေးကို ဂရုမစိုက်တော့ပေ။




သို့သော်လည်း သူမက ၎င်းတို့ကို ဂရုမစိုက်တော့သော်လည်း လျောင်မိသားစုအရေးကို သူမစိတ်ကျေနပ်စေရန် သူတို့ကိုယ်တိုင်လက်ထဲသို့ ယူဆောင်လာမည့်သူများ အမြဲရှိနေသည်။




"မဒမ်ဝမ် အခုတလော လျောင်မိသားစုက အဆင်မပြေဘူး"




"အဲဒီနေ့မှာပဲ မဒမ်ကျန်း အိမ်ပြန်ရောက်ပြီးတဲ့ နောက်မှာ သခင်ကျန်းက အိမ်ထောင်ရေးကို ရွှေ့ဆိုင်းဖို့ အတင်းအကြပ်လုပ်ခဲ့တယ်...အဲဒီ ထနောက် လျောင် မိသားစုလည်း စိတ်တိုလာပြီး အိမ်ထောင်ရေးကနေ တိုက်ရိုက်နှုတ်ထွက်ခဲ့တယ်.. အနာဂတ်မှာ လျောင်ချင်းဟယ်ကို ဘယ်သူက လက်ထပ်ဝံ့မှာလဲ"




"အဲဒါကို ပြောရရင် လျောင် မိသားစုက လုလွမ်ကို မမောင်းထုတ်ခဲ့ဘူး...ဆိုတော့ ကလေးက အသိအမှတ်ပြုခံရတာပဲ မဟုတ်လား"




"လျောင်မိသားစုက ဒီတစ်ကြိမ်မှာ တကယ်မျက်နှာပျက်သွားတာပဲ"




ဤလူတွေအားလုံးက ဝမ်ယင်နျန်းကို မျက်နှာလုပ်ချင်ကြသောကြောင့် လျောင်မိသားစုကို ဝမ်ယင်နျန်း ရှေ့မှာ နှိမ့်ချရန် အားကြိုးမာန်တက် ကြိုးစားခဲ့ကြ၏။




၎င်းကိုကြားသောအခါ ဝမ်ယင်နျန်း သူမ အလွန်ပျော်နေလိမ့်မည်ဟု ထင်ခဲ့ပေမဲ့  မကြာခင်မှာ သူမစိတ်ကူးနှင့် မတူသည်တွေကို တွေ့ရှိခဲ့သည်။




ဤအရာအားလုံးကို ကြားလိုက်ပြီးနောက် သူမ၏ စိတ်အခြေအနေသည် မကောင်းမွန်တော့ဘဲ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မိသည်။




ဤမိသားစုနှင့်ပတ်သက်သော သတင်းတွေကြားရသည်က သူမ နားရွက်တွေ ညစ်ပတ်သွားရုံအဖတ်တင်သည်။




သူမ လျောင်မိသားစုမှ ထွက်လာသည်မှာ သုံးလမျှသာ ရှိသော်လည်း လျောင် မိသားစုနှင့် ပတ်သက်သည့် အရာအားလုံးသည် သူမအတွက် အံ့အားသင့်ဖွယ်ကောင်းစွာ ဝေးကွာ၍သွားသည်။




ဝမ်ယင်နျန်းက အကြောင်းအရာကို အခြားအကြောင်းအရာများကို ပြောဆိုရန် ပြောင်းလဲလိုက်သည်။




ဝမ်ယင်နျန်းက အခြားအကြောင်းအရာများ ပြောဆိုနေသည်ကို ဤလူများက မြင်သောအခါ ခေါင်းစဉ်ပြောင်းကာ ဝမ်ယင်နျန်း ကဲ့သို့ အခြားအကြောင်းအရာများကို နောက်ကလိုက်ပြော ကြသည်. . . ဝမ်ယင်နျန်း ကျန်းမာရေးစစ်ဆေးဂန် အမြဲသွားလေ့ရှိသည့် ဆေးဆိုင်က ယခု အလွန်အလုပ်ရှုပ်နေ၏။




ဝမ်ယင်နျန်းက သူမ၏ ခန္ဓာကိုယ်ကို ဂရုစိုက်ရန်  ထိုနေရာသို့သွားကာသမားတော်ပြခဲ့သောကြောင့် ကိုယ်ဝန်အမြန်ရသွားသည်ဟု လူတွေက ဆိုကြသည်။ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှ ကျောက်ကျင်းကောက သူ့ခန္ဓာကိုယ်ကို ကုသရန် ထိုနေရာသို့ သွားရောက်ခဲ့ပြီး သုံးနှစ်အတွင်း ကိုယ်ဝန်နှစ်ကြိမ်ရနိုင်ခဲ့ကြောင်းလည်း သိရသည်။




ယခုတစ်ကြိမ်တွင် ကလေးမမွေးရသေးသော မြို့မှ အမျိုးသမီးနှင့် ကော အများအပြားသည် ထိုဆေးဆိုင်သို့ ပြေး၍ ဆေးညွှန်ခိုင်းကြသည်။




ဝမ်ယင်နျန်း ကိုယ်ဝန်ရှိလာပြီးနောက် သူမကို 


ဝမ်မင်က ရတနာတစ်ခုလို ကာကွယ်ထားခဲ့ပေမဲ့ ကျောက်ကျင်းကောက မတူပါချေ။




ကျောက်ကျင်းကော ကျန်းမာရေး ကောင်းမွန်ကြောင်း အတည်ပြုပြီးနောက် ကျန်းကျန့်က သူ့ကို အပြင်ထွက်ခြင်း မပြုခြင်း သို့မဟုတ် အနားယူခြင်းမှ လွဲ၍ အခြားအရာများကို တားမြစ်ခဲ့ခြင်းတို့ မပြုခဲ့သောကြောင့်ကျောက်ကျင်းကော၏ ဘဝသည် ယခင်ကနှင့် များစွာ ကွာခြားခြင်းမရှိပေ။ ဟုတ်သည်၊ သူ့ပတ်ဝန်းကျင်မှာ လူတွေ အများကြီးပိုရှိလာသည်ကမူ ခြားနားနေတုန်းပင်။




ကလေးတစ်ယောက် ကိုယ်ဝန်ရှိနေချိန်မှာပင် ကျောက်ကျင်းကောက အုတ်ဖိုနှင့် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ကိစ္စတွေကို ဂရုစိုက်နေတုန်းပါပင်။ကျန်းကျန့် အတွက်မူ သူ၏အာရုံစူးစိုက်မှုဟာ အခြေခံအားဖြင့် ပင်လယ်ကမ်းစပ်မှာ ရှိနေပြီး ယခုမူ ပင်လယ်ထဲသွားနိုင်သော ရေယာဉ်စုကို စည်းရုံးရန် စိတ်အားထက်သန်နေသည်။




ဝမ်မင် ၏ထပ်တိုးပါဝင်လာမှုနှင့်အတူ၊ သူသည် ပို၍ စိတ်အေးလက်အေးဖြစ်ခဲ့သော်လည်း စီးပွားရေးလုပ်ရန် ပင်လယ်ပြင်သို့ထွက်ခြင်းသည် လွယ်ကူသောကိစ္စမဟုတ်ကြောင်း ပိုပို၍ထင်ထင်ရှားရှားခံစားရသည်။




ယခင်က သူ ရိုးရိုးရှင်းရှင်းပဲ စဉ်းစားလွန်းခဲ့၏။




သင်္ဘောသားတွေ၊ လမ်းကြောင်းတွေ စသည်တို့ကို အာရုံစိုက်ရန် နေရာတွေ များလွန်းသောကြောင့် သူသာ ယခင်က ပင်လယ်သွားဖူးသူတွေကို မခေါ်ခဲ့လျှင် သူ့အဖွဲ့ကို ပင်လယ်ထဲ ပို့ဆောင်ရန်က အလွန်ခက်ခဲပါလိမ့်မည်။




ကျန်းကျန့် မူလက လုံးဝပြင်ဆင်ထားခြင်းမရှိသည်မျိုးမဟုတ်ပေ။ယခင်က သူတွေးထားခဲ့သည်က အခြားသူများ၏သင်္ဘောသားအချို့ကို နှိုက်ယူရန်ဖြစ်သည်. . . . အကယ်၍ လူအနည်းငယ်သာ နှိုက်ယူခဲ့မည်ဆိုပါက၊ သူ၏ အဖွဲ့သည် ပင်လယ်သို့မထွက်မီ နှစ်အတော်ကြာအောင် စောင့်ရပေလိမ့်မည်။




သို့ပေမဲ့ ယခု ဝမ်မင်နှင့်ပေါင်းလိုက်သောအခါအခြေအနေက မတူတော့ပေ။ဝမ်မင်က ပင်လယ်သို့ မကြာခဏထွက်၍ လူများစွာကို သိသည်။ ဝမ်မိသားစုမှ လူများမပါပါဘဲ ကျန်းကျန့် အသုံးပြုနိုင်သော လူများစွာကို တွေ့ရှိနိုင်သည်။




ဤနည်းဖြင့်ဆိုလျှင် ပင်လယ်ပြင်သို့ ထွက်နိုင်လိမ့်မည်မှာ မကြာမီပင်။




ကျန်းကျန့် ကုန်ပစ္စည်းမျိုးစုံကို စတင်ပြင်ဆင်ခဲ့ပြီး နှစ်လကြာ အလုပ်ရှုပ်နေခဲ့သည်။ကျောက်ကျင်းကော ဗိုက်ထဲက ကလေးလေး တည်ငြိမ်လာပြီးနောက် သူ၏ ပထမဆုံး ခရီးရှည်ကို ခရီးထွက်ခဲ့သည်။




ဝမ်မိသားစုလို ပင်လယ်ကုန်သည်ကြီးတွေက ပင်လယ်ထဲကို လူကိုယ်တိုင်မထွက်ပေမဲ့ ယခုမှစခဲ့သော ကျန်းကျန့်လို ပင်လယ်ကုန်သည်တွေအတွက်မူ ပင်လယ်ထဲသွားသော သင်္ဘောအုပ်စုနောက်ကို မလိုက်ရန်မဖြစ်နိုင်ပါချေ။




မဟုတ်ရင် . . သူတို့သင်္ဘော ပြန်လာမလာဆိုတာ ဘယ်သူသိမှာလဲ...




ကိုယ်ဝန်ကြီးနှင့် ကျောက်ကျင်းကောကို နှုတ်ဆက်ပြီးနောက် ကျန်းကျန့် သင်္ဘောကြီးပေါ်တက်ပြီး ဖုချောင်မှ ထွက်ခွာသွားခဲ့သည်။




ကုန်းမြေက သေးသထက် သေးလာပြီး နောက်ဆုံးတယမှာ မျက်စိနှင့်မြင်နိုင်သလောက်က အပြာရောင် ပင်လယ်ကြီးပဲ ရှိတော့၏။




အဆုံးမဲ့ပင်လယ်ပြင်ကိုကြည့်ကာ စိုစွတ်သောလေကို ပြင်းပြင်းရှုရှိုက်ရင်း ကျန်းကျန့် သူပထမခြေလှမ်းကိုလှမ်းနေပြီဆိုသည်ကို သိလိုက်သည်။


အနာဂတ်တွင် သူသည် ပို၍ပင် ဝေးဝေးသွားလိမ့်မည်။