အပိုင်း၂၁၃
Viewers 32k

Chapter 213

October 09, 2023


နောက်ဆုံးတော့ပြန်ရောက်ပြီ



သုံးနှစ်ကြာသောအခါ...




ဟယ့်ရှီရွာသည် တစ်ချိန်က ရွာငယ်လေးတစ်ရွာဖြစ်သော်လည်း ယခုအခါ ပြောင်းလဲသွားခဲ့ပေပြီ။ မိသားစုတိုင်းသည် အုတ်အိမ်တစ်လုံးမှာနေရသည်ကို နှစ်သက်ကြသည်။




တစ်ချိန်က စီရင်စုမြို့တစ်မြို့ရှိ ဆိပ်ခံတံတားထက် အဆမတန်နည်းပါးခဲ့သော ကျောက် မိသားစု သင်္ဘောကျင်းသည် ယခုအခါ ပိုမိုသက်ဝင်လှုပ်ရှားလာခဲ့သည်။




ဤသည်က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ရုံးချုပ်လည်းဖြစ်သောကြောင့် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းနှင့် စီးပွားရေးလုပ်လိုသူတွေ တော်တော်များများ သည်ကိုလာခဲ့ကြ၏. . .




ဤနေရာတွင် သင်သည် ဝတ္ထုမျိုးစုံနှင့် ထူးခြားဆန်းပြားသော နိုင်ငံရပ်ခြားမှ ပစ္စည်းမျိုးစုံကို အမြဲဝယ်နိုင်သည်။




နေ့တိုင်းလိုလို၊ ဟယ်ရှင်းစီုရင်စုနယ်မှ သင်္ဘောအများအပြားသည် ဟယ့်ရှီရွာသို့ ရောက်ရှိလာကြသည်။ တစ်ချို့က ခေတ္တအနားယူကြပြီး၊ အချို့က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းနှင့် စီးပွားရေးလုပ်ကြကာ တချို့က ကုန်ပစ္စည်းဝယ်ရန် သည်ကိုလာကြ၏။




ဤနေ့တွင်၊ ကြည့်လိုက်ရုံနှင့် အလွန်စျေးကြီးမှန်းသိသာသော သင်္ဘောကြီးတစ်စင်းသည် ဟယ့်ရှီရွာသို့ ချဉ်းကပ်လာကာ နောက်ဆုံးတွင် ဟယ့်ရှီရွာ၏ ဆိပ်ကမ်းများတွင် ရပ်သွားခဲ့သည်။




သင်္ဘောပေါ်တွင် ဝတုတ်တုတ် အမျိုးသားတစ်ဦးသည် ဟယ့်ရှီရွာရှိရာသို့ စူးစူးစိုက်စိုက် ကြည့်နေသည်။ ပတ်ပတ်လည်ကိုကြည့်ရင်း သူအံ့ဩသွားသည်။




"ဒီရွာလေးက အရင်တုန်းက ရွာလေးတစ်ရွာပဲလို့ ကြားတယ်...အခုရွာလို့တောင် ခေါ်လို့မရတော့ဘူး...သူတို့နယ်မြို့လေးတောင် ဒီလောက် မချမ်းသာနိုင်ဘူး မဟုတ်လား"




"ဒါက ရွာနဲ့ မတူဘူး"




လူဝကြီးဘေးမှာဂပ်နေသော အရပ်မြင့်မြင့် လူလတ်ပိုင်းအရွယ်က သူ့မျက်လုံးများမှာ တအံ့တသြဖြစ်မှု အပြည့်နှင့် ပြောသည်။ 


"ကျန်းကျန့်မှာ အရည်အချင်းတချို့ရှိကိုရှိရမယ်"




"သူ့ကို ပထမဆုံးအကြိမ်တွေ့တုန်းကတော့ မရိုးရှင်းဘူးလို့ ခံစားရတယ်...ဒါ​ပေမဲ့ သူဒီလောက် အင်အားကြီးလာမယ်လို့လုံးဝမ​မျှော်​လင့်ခဲ့ဘူး" လူဝကြီးက စိတ်ခံစားမှုများ ပြည့်နှက်နေဟန်ဖြင့် ထပ်ပြောသည်။




အရပ်ရှည်ရှည် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လူဝကြီးကို ကြည့်လိုက်ပြီးနောက် ဟယ့်ရှီ ရွာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် ၎င်းတို့၏သင်္ဘော ဆိုက်ကပ်ခဲ့သည်။




"လူကြီးမင်းက ဘယ်ကပါလဲ...ဟယ့်ရှီရွာကို ဘာကိစ္စရှိလို့လာတာပါလဲ" 




ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် အရွယ် ကောင်လေးတစ်ယောက်က စာရွက်ကို ကုပ်ထားသည့် ပျဥ်ပြားကို ကိုင်ပြီး သူ့လက်ထဲမှာ စုတ်တံတစ်ချောင်းနှင့် သင်္ဘောဘေးကို ရောက်လာပြီး မေးသည်။




"ညီလေး ငါတို့က မြို့တော်ကလာပြီး စီးပွားရေးလုပ်ဖို့လာတာ"




လူဝကြီးကရယ်ကာဖြေသည်။ထို့နောက် သူက ဆယ်ကျော်သက်လေး ကိုင်ထားသော စုတ်တံကို  ငုံ့ကြည့်ရင်း မေးသည်။




"ညီလေး...မင်းကိုင်ထားတာ စုတ်တံလား... ဘာလို့ဒီလောက်ထူးဆန်းနေတာလဲ"




"ဒါက ခဲတံပါ...ကျွန်တော်တို့ရဲ့ စားဖိုမှူးက ဖန်တီးထားတာဖြစ်ပြီး စာရင်းမှတ်ဖို့ အရမ်းအဆင်ပြေတယ်" 




ဆယ်ကျော်သက်လေးက လက်ထဲရှိ သစ်သားပြားနှစ်ခုကို ငန်းတောင်ဖြင့် ချည်ထားသော ခဲတံထုတ်တုတ်ကို လူဝကြီးဆီ ပြခဲ့သည်။




"စိတ်ဝင်စားရင် သင်္ဘောကျင်းပေါ်က ကုန်စုံဆိုင်မှာ သွားဝယ်လို့ရတယ်"




"ငါတကယ်စိတ်ဝင်စားတယ်...နောက်မှဝယ်ရမယ်" 




ဤစုတ်တံက ရုပ်ဆိုးသည်ဟု ထင်ရပေမဲ့ သူ့ အားသာချက်က သယ်ရလွယ်ကူပြီး မှင်နှင့် သုံးစရာမလိုဘူးဟု ဆို၏။စာရင်းမှတ်ရန် တကယ်ကို အဆင်ပြေမည်ပင်။




သူ့လက်ထဲမှာ ဘောပင်ကို အသိအမှတ်ပြုလိုက်


သောအခါ ဆယ်ကျော်သက်လေးက အလွန်ပျော်သွားပြီး ပြုံးပြုံးကြီးနှင့် မေးသည်။


"နာမည်ဘယ်လိုခေါ်ပါသလဲ ဧည့်သည်"




"ငါ ငါ့နာမည် လော့ထျန်းကျစ်"


လူဝကြီးက ပြုံးပြီး 


"အဲဒါကို ပြောရရင် ငါက မင်းဘော့စ်ရဲ့ အသိပဲကွ... အဲဒီအချိန်တုန်းက သူက ငါ့ကို သီးသန့် လိုက်ပို့ပေးခဲ့တာ..."




ထိုလူဝကြီးသည် ကျန်းကျန့်တို့ ကျန့်ရီ နှင့်အတူ မြို့တော်သို့ သွားရာလမ်းတွင် ပင်လယ်ဓားပြများထံမှ ကယ်တင်ခဲ့ပြီး လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့က ခဏတာ အလုပ်အကျွေးပြု ခဲ့သည့်သူဖြစ်သည်။




လော့ထျန်းကျစ်က မြို့တော်မှဖြစ်ပြီး စီးပွားရေးလုပ်ရန် ယခုတစ်ခေါက် ကျန်းကျန့်ဆီသို့ လာခဲ့သည်။




တကယ်တမ်းတွင် ကျန်းနန်ကို စီးပွားရေးလုပ်ရန် ပထမဆုံးအကြိမ် လာခဲ့ခြင်း မဟုတ်ပေမဲ့ အရင်တစ်ခေါက်က ဓားပြတိုက်ခံရမှုကြောင့် နှစ်အနည်းငယ်ကြာအောင် ရပ်တန့်ခဲ့၏။




ရလဒ်အနေဖြင့် နှစ်အနည်းငယ်ကြာအောင် ရပ်တန့်ပြီး နောက်ဆုံးမှာ ကျန်းနန်ကို ထပ်မံရောက်ရှိလာချိန်၌ ကျန်းနန်က သူမှတ်မိနေသည်နှင့် မတူကြောင်း ရုတ်တရက် တွေ့ရှိခဲ့သည်။




ပြီးလျှင်. . . ယန့်ကျီမြစ်၏တောင်ဘက်သို့ သူရောက်လာသည်နှင့် တပြိုင်နက် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း အကြောင်း များစွာကြားခဲ့ရသည်။




အဲဒီအချိန်က သူ့ကို ကယ်ခဲ့တဲ့ ကျန်းကျန့်ထောင်ထားတာ ဒီကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းပဲ မဟုတ်ဘူးလား...သူ သူတို့ကို မတွေ့တာ နှစ်အနည်းငယ်ပဲရှိသေးတာကို အဲဒီအချိန်က လူဒါဇင်အနည်းငယ်ပဲရှိတဲ့ ဒီကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ဒီလောက် အားကောင်းလာပြီလား...




လော့ထျန်းကျစ် အလွန်အံ့သြသွားသည်။ သူ မူလက ဟယ်ရှင်းပြည်နယ်သို့ သွားချင်ခဲ့သော်လည်း တွေးကြည့်သောအခါ ဟယ့်ရှီရွာတွင် ပထမဆုံးရပ်ရန် ဆုံးဖြတ်လိုက်သည်။




"ကျွန်တော်တို့ရဲ့ဘော့စ်ကို သိတာလား" ဆယ်ကျော်သက်လေးသည် လော့ထျန်းကျစ်ကို အံ့အားသင့်စွာကြည့်ကာ ရုတ်တရက် မေးသည်။




 "လူကြီးမင်း သူနဲ့ စကားပြောဖူးလား"




"ပြောဖူးတာပေါ့"


လော့ထျန်းကျစ်က ရယ်မောလိုက်သည်။




"ခင်ဗျားက အရမ်းကံကောင်းတာပဲ"




 ကောင်လေးက လော့ထျန်းကျစ်ကို မနာလိုသောအကြည့်ဖြင့် ကြည့်သည်။သူက ဟုန်ကျန်းဆားလွင်ပြင်တွင် ဆားလုပ်သားတစ်ဦးဖြစ်ခဲ့ဖူးပြီး ကျန်းကျန့်၏ကယ်တင်ခြင်းခံရပြီးနောက်တွင် သူ ဤနေရာကို ရောက်ရှိလာခဲ့သည်။




ကျန်းကျန့်ကို မြင်ဖူးပေမဲ့ ကျန်းကျန့်နှင့် စကားမပြောဖူးသေးပါချေ။




လော့ထျန်းကျစ်: "အိုး ..."




လော့ထျန်းကျစ်က ရိုးရိုးရှင်းရှင်း စာရင်းသွင်းပြီး သူနှင့်အတူ ပါလာသော အရပ်ရှည်ရှည် လူလတ်ပိုင်းနှင့် အတူ သင်္ဘောကျင်းတစ်ဝိုက် လှည့်လည်ခဲ့သည်။




သင်္ဘောကျင်းအနီးတွင် အိမ်များစွာရှိသော်လည်း ၎င်းတို့အားလုံးသည် သာမန်အသွင်အပြင်ဖြင့်ဖြစ်ပြီး ကြည့်လိုက်လျှင် သန့်ရှင်းသပ်ရပ်သော အုတ်အိမ်များဖြစ်သည်။




လော့ထျန်းကျစ် နောက်ဆုံးတွင် အသိမိတ်ဆွေတစ်ဦးကို တွေ့လိုက်သောအခါ အံ့အားသင့်စွာ လှည့်ကြည့်လိုက်မိသည်။




"လျှိုချမ်ချမ်" 




လော့ထျန်းကျစ် မလှမ်းမကမ်းတွင် ယောက်ျားဝတ်ရုံဝတ်ထားသော အမျိုးသမီးကို ကြည့်လိုက်သည်။




ဤလျှိုချမ်ချမ် တစ်ချိန်က သူ့ပိုက်ဆံများကို ယူကာ သူ့ကို "ဂရုစိုက်ပေး" ခဲ့သည်၊ သူလည်း ဘယ်တော့မှ မှားမည်မဟုတ်ပေ။ ဒါပေမဲ့. . . တနေကုန် လူတွေနဲ့ ​ဇယားငြိဖို့ တွေးနေတဲ့ အရင်လျှိုချမ်ချမ်က အခု လုံးဝ ခြားနားတဲ့လူလိုဖြစ်နေတာလား...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...




လျှိုချမ်ချမ်က လော့ထျန်းကျစ်ကို ချက်ချင်း မမှတ်မိပေ။ထိုစဥ်က လော့ထျန်းကျစ် အစာငတ်မှုကြောင့် ပိန်သွားသောကြောင့် သူ့ပုံစံသည် ယခုနှင့် လုံးဝမတူပေ။




သို့သော် မကြာမီပင် သူ့ကို မှတ်မိသွားသည်။ 


"ဖက်တီးလော့"




ဤနာမည်ကိုကြားသောအခါ လော့ထျန်းကျစ် ရုတ်တရက် ကူကယ်ရာမဲ့ဖြစ်သွားပေမဲ့ သူ့ဘေးက သက်လတ်ပိုင်းအမျိုးသားက ရယ်မောလိုက်၏။




သူ့ကိုယ်သူ ဝမှန်းသိသဖြင့် လော့ထျန်းကျစ်က စိတ်မဆိုးဘဲ လျှိုချမ်ချမ်ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။




"မင်း အခု သင်္ဘောကျင်းမှာ အလုပ်လုပ်နေတာလား" 




ထိုအချိန်တုန်းက ကျန်းကျန့်က သူ့မိန်းမကို သူနှင့်အတူအလုပ်လုပ်ရန် ခေါ်လာသောကြောင့် ကျန်းကျန့်က သူ့အတွက် အမျိုးသမီးများကို အလုပ်လုပ်ခွင့်ပြုလိမ့်မည်မှန်း ခန့်မှန်းမိခဲ့သည်။




 ဒီလျှိုချမ်ချမ်က မိတ်ကပ်မလိမ်းဘဲ ယောက်ျားအဝတ်အစားကို ၀တ်ထားတာ... အခု သင်္ဘောကျင်းမှာ အလုပ်သွားလုပ်မှာတော့မဟုတ်ပါဘူးနော်...




"မဟုတ်ဘူး...ကျွန်မက အခု အကယ်ဒမီကျောင်းမှာ အမျိုးသမီးဆရာမ တစ်ယောက် ဖြစ်နေပြီ..


" လျှိုချမ်ချမ်က ဆိုသည်


 "အတန်းတွေစတော့မယ်...ခွင့်ပြုပါဦး




လျှိုချမ်ချမ်က ကျောင်းတွင် အမျိုးသမီးဆရာမတစ်ဦးအဖြစ်သာမက ချင်ဖုန့်အဆောက်အဦးတွင်လည်း အလုပ်လုပ်ခဲ့သည်။




သို့သော် ချင်ဖုန့်အဆောက်အဦးက အလုပ်နှင့် နှိုင်းယှဉ်ပါက သူမသည် ကျောင်းရှိ အမျိုးသမီးများအား သင်ကြားပြသပေးသော ဆရာမတစ်ဦးဖြစ်ရန် ပိုလိုလားဆဲဖြစ်သည်။




ဟယ်ရှီရွာရှိကျောင်းသည် ယခုဖွင့်လှစ်ခဲ့သည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ပြီး ဘွဲ့ရပြီးသော ကျောင်းသားအများအပြားသည် ကျန်းကျန့်ဆီတွင် အလုပ်စလုပ်ကြသည်။ သူမသင်ကြားပေးခဲ့သော အမျိုးသမီး ကျောင်းသားတွေပင် စလုပ်နေပြီဖြစ်၏။




အမျိုးသမီးနှင့် ကောများသည် သင်္ဘောကျင်းတွင် အလုပ်မလုပ်နိုင်သလို သင်္ဘောဖြင့်လိုက်မသွားနိုင်သော်လည်း စာရင်းရေးသွင်းခြင်း၊ အခြားအမျိုးသမီးနှင့်ကောများ၏ အလုပ်များကို စီမံခန့်ခွဲခြင်း သို့မဟုတ် ကျောက်ကျင်းကောနောက်ကပင် လိုက်လုပ်ကာ သူ၏အကူဖြစ်လာခြင်းကဲ့သို့သော အခြားအရာများစွာကို လုပ်ဆောင်နိုင်ကြသည်. . .




ပထမအသုတ် ကျောင်းသားများ ကောင်းမွန်စွာ ပြီးဆုံးကြောင်း တွေ့ရှိပြီးနောက် ယခုအခါ အမျိုးသမီးနှင့် ကော ကျောင်းသား အများအပြား ရှိလာသည်။




လျှိုချမ်ချမ်က ထွက်သွားသော်လည်း လော့ထျန်းကျစ်က ထိုနေရာတွင် ကြောင်တောင်တောင် ရပ်နေသေးသည်။




ဒီလျှိုချမ်ချမ်က ဆရာမတစ်ယောက်ဖြစ်လာပြီလား...




ဟယ့်ရှီရွာက အလွန်ပြောင်းလဲသွားသော်လည်း ကျန်းကျန့်က ဤနေရာတွင်မနေတော့ဘဲ နှစ်သစ်ကူးကာလတွင်သာ ပြန်လာခဲ့သည်။




ကျောက်မိသားစုသည် ဖုချောင်တွင် အချိန်အများစုနေထိုင်ခဲ့သည်။




လော့ထျန်းကျစ်က ဖုချောင်သို့ မထွက်ခွာမီ ဟယ့်ရှီရွာတွင် တစ်ရက်နေခဲ့သည်။




သို့သော် ယခုအချိန်တွင် ကျန်းကျန့်က ဖုချောင်တွင် အမှန်တကယ်မရှိပေ။ သူက ပင်လယ်သို့ထွက်သွားခဲ့ပြီး ထိုနေရာ၌ပင် ရှိသေးသည်။ သို့သော်လည်း အဝေးမှနေ၍ မြေကြီးကို မြင်နိုင်နေပြီဖြစ်သည်။




သုံးနှစ်ကြာပြီးနောက် ကျန်းကျန့် ပိုနက်မှောင်လာပြီး သန်မာလာသည်။




ဝမ်မင်ကဲ့သို့ တစ်နေကုန် အိမ်ခန်းထဲတွင် မနေပါဘဲ ပင်လယ်လေနှင့် နေရောင်အောက်တွင် မည်းမသွားရန်က ခဲယဉ်းသည်။




"နောက်ဆုံးတော့ ငါအိမ်ပြန်ရောက်ပြီ" 




ကျန်းကျန့် အဝေးက ယာပြန့်ရွာ၏ သင်္ဘောကျင်းကို လှမ်းကြည့်လိုက်ရာ သူ့မျက်နှာသည် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။




ဤခရီးစဉ်မှာ သူတို့ အနောက်ပင်လယ်ကိုသာမကဘဲ ရွှေရောင်ဆံပင်၊အပြာရောင်မျက်လုံးများနှင့် ဥရောပသားတွေနှင့်ပါ တွေ့ဆုံခဲ့ကြသေး၏။




သဘာဝအတိုင်း၊ သူတို့သည် ယခုအချိန်အထိ ခရီးထွက်ပြီးနောက် အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရပြီး သင်္ဘောနှစ်စင်းပင် ဆုံးရှုံးခဲ့ရပြီး တစ်စင်းမှာ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရပြီး ကျန်းကျန့်လည်း သင်္ဘောပေါ်မှ လွင့်စင်သွားခဲ့သည်။




ကံကောင်းထောက်မစွာပင် သူ သတိထား၍ ကြိုတင်ကာကွယ်မှုများပြုလုပ်ခဲ့ကာ ကြိုးတစ်ချောင်းကို သူ့ခြေထောက်တွင် ချည်နှောင်ထားခဲ့သည်။




ထိုကြိုးသည် ကျန်းကျန့်၏အသက်ကို ကယ်တင်ခဲ့သော်လည်း ခြေထောက်ကိုလည်း ထိခိုက်ခဲ့သည်။ ဆယ်ရက်ကျော်သွားသည့်တိုင် ကျန်းကျန့် အနည်းငယ် ထော့နဲ့ထော့နဲ့ လမ်းလျှောက်နေရဆဲဖြစ်သည်။




သို့သော် သင်္ဘောပေါ်ရှိ အရာများကို တွေးနေသရွေ့ ဤခရီးသည် ထိုက်တန်ကြောင်း ဝန်ခံရမည်။




သင်္ဘောနှစ်စင်း ဆုံးရှုံးခဲ့လျှင်ပင် သင်္ဘောပေါ်မှာရှိသည့် ကုန်တွေကို ရောင်းစားပါက အများကြီး ဝင်ငွေရနိုင်ပါသေးသည်။




တစ်ခုသာ. . . လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။




"ဟုတ်​တယ်​ ​နောက်​ဆုံးတော့ အိမ်​​ရောက်​ပြီ..." 




ဝမ်မင် သူ့ဒူးကို ပွတ်ရင်းဆိုသည်။ ပင်လယ်က စိုစွတ်နေသောကြောင့် အချိန်အတန်ကြာပြီးနောက်မှာ သူလည်း အလားတူ ပြဿနာဟောင်းဖြစ်လာခဲ့၏။ ကောင်းသောအရာက. . . အနာဂတ်မှာ ကောင်းကောင်းအနားယူနိုင်လိမ့်မည်။




ကျန်းကျန့် နှင့် သုံးနှစ်ကြာ ရုန်းကန်ခဲ့ရပြီး လူများစွာကို ခေါ်ထုတ်နိုင်ခဲ့သဖြင့် နောင်တွင် ၎င်းတို့နှင့်အတူ ပင်လယ်ပြင်သို့ ထွက်ခွာရန် မလိုအပ်တော့ပေ။




၎င်းကို သူတွေးလိုက်သောအခါ ဝမ်မင် အဝေးက မြေကြီးကို လှမ်းကြည့်ရင်း သူ့မျက်လုံးတွေ ပူကာကျိမ်းလာသည်။




ကျန်းကျန့်၏ ခံစားချက်ကလည်း ဝမ်မင်နှင့် အတူတူပါပင်။




နောက်ဆုံးတွင် သူ အနားယူပြီး ကျောက်ကျင်းကော၊ကျောက်မင်ကျူး နှင့် သူ့သားအငယ်ဆုံးတို့ကို အဖော်ပြုပေးနိုင်တော့မည်။




လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကျောက်ကျင်းကောက ၎င်းတို့၏ ဒုတိယမြောက်သွေးသားတဖြစ်လဲ သားလေးမွေးဖွားခဲ့သည်။




ကျန်းကျန့်က ပထမပိုင်းတွင် ကျောက်မင်ကျူးကို သူနှင့်အတူ ခေါ်ဆောင်သွားသော်လည်း သူက ပင်လယ်သို့ မကြာခဏထွက်သောကြောင့် ကလေးများကို သိပ်ဂရုမစိုက်နိုင်ခဲ့ပေ။ ယခု တွေးကြည့်သောအခါတွင် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။




ကံကောင်းထောက်မစွာဖြင့် သူသည် သူတို့နှင့်အတူ နှစ်အနည်းငယ်ကြာအောင် နေနိုင်တော့မည်ဖြစ်ပြီး သားနှင့်သမီးကို ကောင်းမွန်စွာ သင်ကြားပေးနိုင်မည်ဖြစ်သည်။




ရေယာဥ်စုသည် ယာပြန့်ရွာ၏ သင်္ဘောကျင်းသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။




ကျန်းကျန့်၏ ရေယာဉ်စုသည် ဤသင်္ဘောကျင်းကို အသုံးပြုသည့် တစ်ခုတည်းသော သင်္ဘောမဟုတ်ပေ၊ ဤအချိန်တွင် သင်္ဘောများစွာသည် ထိုနေရာတွင် အလုပ်လုပ်နေသူများနှင့်အတူ ဆိုက်ကပ်နေသည်။ကျန်းကျန့် ၏ ရေယာဉ်စုကို တွေ့လိုက်သောအခါ ထိုလူများသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။




ပင်လယ်ကို ထွက်သွားတဲ့ လူတွေ ပြန်လာပြီ...




လူတွေက တစ်ယောက်နှင့်တစ်ယောက် ပြေးပြောကြပြီး ပထမဆုံးပြေးပြောသည်က ကျောက်ကျင်းကောကိုပါပင်။




ကျန်းကျန့် ပထမဆုံးတစ်ခေါက် ပင်လယ်သို့သွားပြီးနောက် ကျောက်ကျင်းကောက ယာပြန့်ရွာအနီးတွင် အိမ်တစ်လုံးဆောက်ပြီး တစ်ခါတစ်ရံ ဤနေရာတွင် နေထိုင်ခဲ့သည်။




ခရီးတစ်ခုပြီးတိုင်း ကျန်းကျန့် ဘယ်အချိန်ပြန်လာမည်ဆိုသည်ကို မသိပေမဲ့ ကျန်းကျန့်ကို အမြန်ဆုံးတွေ့နိုင်ရန် အမြဲမျှော်လင့်ထား၏။




ကျန်းကျန့်၏ သင်္ဘောကို တွေ့ကြောင်း အကြောင်းကြားသည့် အစေခံများ ရောက်လာသောအခါ ကျောက်ကျင်းကောက ဤစံအိမ်တွင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ကိစ္စများကို ကိုင်တွယ်နေခဲ့သည်။




ကုန်လွန်သွားသော သုံးနှစ်တာကာလအတွင်း ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ပိုမိုကြီးမားလာကာ လုပ်ငန်း၏နယ်ပယ်သည် ဟယ်ရှင်းစီရင်စုနယ်တွင် အကန့်အသတ်မရှိတော့ပေ။သူတို့က ယန့်ကျီမြစ်တောင်ဘက်ရှိ လူများကို ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်စုံတစ်ဦးမှ လုံလောက်သောစျေးနှုန်းဖြင့်ကမ်းလှမ်းလာလျှင် မြို့တော်သို့ ပို့ဆောင်ပေးမည်ဖြစ်သည်။




ဤနည်းဖြင့် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင် အလုပ်များစွာရှိသော်လည်း ၎င်းတို့သည် အလွန်ရှုပ်ထွေးနေသည်။ ယခုအချိန်တွင် ကျောက်ကျင်းကော၏အခန်းထဲတွင် စာရွက်စာတမ်း မျိုးစုံရှိပြီး သူ့ကို ကူညီဖြေရှင်းပေးနေသည့် ကော နှစ်ယောက်ပင် ရှိသေးသည်။




ဤအမျိုးသမီးနှင့်ကောတွေအားလုံးဟာ ဟယ့်ရှီ ရွာကဖြစ်ပြီး သူတို့အားလုံးက အလွန်ထက်မြက်ကာ စာဖတ်တတ်ကြပြီး ဂဏန်းသင်္ချာကို အလွန်လျင်မြန်စွာတွက်နိုင်သည့်အတွက် ကျောက်ကျင်းကောက သူတို့ကို သတိပြုမိပြီးနောက် သူ့ဘေးမှာ အလုပ်လုပ်ပြီး ကိစ္စတွေကိုကူညီရန် စီစဉ်ပေးခဲ့သည်။




ထိုလူများ၏မိသားစုများသည် အစပိုင်းတွင် ဝန်လေးခဲ့ကြပြီး စောစီးစွာအိမ်ထောင်ပြုသည်က အမျိုးသမီးများနှင့် ကောများအတွက် ပိုကောင်းသည်ဟု ထင်မြင်ခဲ့ကြသည်။သို့ပေမဲ့ လစဉ်ဝင်ငွေ ဘယ်လောက်ရလဲဆိုသည်ကို မြင်လိုက်ရသောအခါ အလွန်ပျော်သွားကြ၏။




ကျောက်ကျင်းကော ရေတစ်ကျိုက်ပြီး သူ့ရှေ့က စာရွက်အနည်းငယ်ကို ကြည့်ကာ ဆိုလိုက်၏။




"ဒီလူက ကိုယ်ရံတော်အဖြစ် ကျင်းကျန့်မှာ ဆက်မနေနိုင်တော့ဘဲ ဧည့်သည်တွေကို ဆုံးရှုံးစေခဲ့တဲ့အတွက် လျော်ကြေးပေးဖို့ လိုလိမ့်မယ်"




လွန်ခဲ့သည့် တစ်လခွဲခန့်က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှ ကိုယ်ရံတော်တစ်ယောက်သည် သီးသန့်ငွေတောင်းခြင်းမအောင်မြင်သောအခါ ဖောက်သည်၏ကုန်ပစ္စည်းများကို တမင်ပျက်စီးစေခဲ့သည်။ ယခု ဤကိစ္စ၏ ခရေစေ့တွင်းကျကို ကျောက်ကျင်းကော၏ ရှေ့မှောက်တွင် ထားရှိခဲ့သည်။




"ဟုတ်ကဲ့"




ကောတစ်ယောက်က ကျောက်ကျင်းကော၏ စကားလုံးများကို ဖြေကြားပြီး ရေးချခဲ့ကာအခြားစာရွက်များစွာကို ကမ်းပေးသည်။




ကျောက်ကျင်းကော ထိုစာရွက်စာတမ်းများကိုဖတ်တော့မည့်အချိန်မှာတစ်စုံတစ်ယောက်ရောက်လာ၏။


"မဒမ်...ရေယာဉ်စုပြန်လာပြီ...ဘော့စ် ပြန်လာပြီ"




ကျောက်ကျင်းကောက လျင်မြန်စွာ မတ်တပ်ထရပ်ပြီး သူ့ရှေ့ရှိ စာရွက်အပိုင်းအစများကို မကြည့်ဘဲ ပြေးသွားခဲ့သည်။




ကျန်းကျန့် ပြန်ရောက်ပြီလား...ကျန်းကျန့် ​နောက်​ဆုံးမှာ ပြန်​လာပြီ...






ကျန်းကျန့်က ပင်လယ်ပြင်တွင်ရှိနေသည်က ငါးလရှိပြီဖြစ်သောကြောင့် ကျောက်ကျင်းကော  ငါးလတာမျှ သူ့ကိုမတွေ့ခဲ့ရပေ။




လွန်ခဲ့သည့်သုံးနှစ်က ကျန်းကျန့်မပါဘဲ နေထိုင်ခဲ့ဖူးပေမဲ့ ကျန်းကျန့်ကို မလွမ်းပဲ မနေတတ်ခဲ့...




ကျောက်ကျင်းကောက နှစ်များအတွင်း ပိုမိုတည်ငြိမ်လာသော်လည်း များစွာမတွေးဘဲ အပြင်သို့ပြေးထွက်မိဆဲဖြစ်ပြီး မြန်သထက်မြန်မြန်သာ ပြေးနေလေသည်။




ဤမြင်ကွင်းကို မြင်လိုက်ရသော အိမ်ကြီးဆီသို့ ပစ္စည်းများသယ်လာသော လူငယ်အနည်းငယ်မှာ အံ့အားသင့်သွားပြီး အသစ်ရောက်လာသူထဲမှ တစ်ဦးမှာ အထူးပင် ပဟေဠိဖြစ်သွားသည်။




"အဲဒါ မဒမ် မလား... သူဘာလို့ဒီလောက်မြန်မြန်ပြေးနေတာလဲ"




ယခင်က မဒမ်ကို အကြိမ်ပေါင်းများစွာ တွေ့ဖူးပေမဲ့ မဒမ်က အမြဲတမ်း တည်ငြိမ်ပြီး သိက္ခာရှိရှိ နေတတ်သူဖြစ်ပြီး သူ သူ့ကို "မဒမ်" ဟုပင်မခေါ်နိုင်ခဲ့ပေမဲ့ ယနေ့မှာ မဒမ်က အထူးသဖြင့် အမြန်ပြေးနေပြီး ယခင်ကနှင့် လုံးဝကို မတူပါချေ။