အပိုင်း၂၁၄
Viewers 31k

Chapter 214

October 09, 2023



မှန်နှင့်ဖန်



"ဘော့စ်ပြန်လာတာပဲဖြစ်ရမယ်"


နောက်လူငယ်တစ်ယောက်က လူသစ်ကိုကြည့်ပြီး ပြောလိုက်၏။




"ဘော့စ် ပြန်ရောက်ပြီလား" 




အသစ်ရောက်လာသူက ချက်ချင်း စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။ 




"ငါတို့လည်း သွားကြည့်လို့ရမလား" 




သူအလေးစားရဆုံးသူက ဘော့စ် ဖြစ်သည်။ သူတို့၏ဘော့စ်က သာမန် လယ်ယာလုပ်ငန်းခွင်က ဖြစ်ခဲ့ပေမဲ့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို တည်ထောင်ခဲ့၏။ သူတို့အားလုံးက သူ့ကို လေးစား သဘောကျကြသည်။




"ငါတို့အလုပ်ပြီးတဲ့အထိစောင့်" 




ခုနက သူနှင့်စကားပြောခဲ့သည့် လူငယ်က ထိုသို့ ပြောလိုက်ပေမဲ့ သူ့လက်အရှိန်က မြန်လာ၏။




ကိုယ်ရံတော်လုပ်ငန်းရဲ့ဘော့စ်ကို ဘယ်သူက မတွေ့ချင်မှာလဲ...






ဆိပ်ကမ်းတွင် လူများ ပိုများလာကာ အများစုမှာ ဆိပ်ကမ်းတွင် ဖြည်းညှင်းစွာ ဆိုက်ကပ်နေသော သင်္ဘောကြီးများစွာဆီသို့ လာအားပေးကြသည်။ကျောက်ကျင်းကော တိုးဝှေ့ကာ လူစုလူဝေးရှေ့သို့  အချိန်တိုတိုလေးအတွင်းမှာပင် ပြေးသွားခဲ့သည်။




သူ မြဲမြဲ ရပ်လိုက်သည်နှင့် အခြားလူအုပ်စုက သူ့နောက်သို့ လိုက်လာသည်။ဝမ်ယင်နျန်းက သူမအား ခစားနေသော အခြားလူတစ်စု၏ အစောင့်အကြပ်အောက်တွင် ကျောက်ကျင်းကော၏ အနီးသို့ ရောက်ရှိလာသည်။




ဝမ်ယင်နျန်းက ကိုယ်ဝန်ထပ်ရှိလာသောကြောင့် လူများစွား၏ဝန်းရံခြင်းခံခဲ့ရသည်။




လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကျောက်ကျင်းကော သူ့သား ကျောက်ချန်ယုကိုမွေးဖွားပြီးနောက်တွင် ကိုယ်ဝန်ထပ်မရှိတော့သော်လည်း ဝမ်ယင်နျန်းကမတူပါချေ။လွန်ခဲ့သည့် ၂ နှစ်ကျော်က သားဖြစ်သူ ဝမ်ခွမ်ကို မွေးဖွားခဲ့သည့် ဝမ်ယင်နျန်းက ဝမ်မင်ပင်လယ်ပြင်သို့ထွက်ပြီးနောက် မကြာမီတွင် သူမတွင် ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။




ဝမ်ယင်နျန်းက အသက်သုံးဆယ်ကျော်ရှိပြီဖြစ်ပြီး ထိုမျှမငယ်တော့သောကြောင့် သူမတွင် ကိုယ်ဝန်ရှိနေကြောင်း ထပ်မံတွေ့ရှိပြီးနောက် သူမသည် အလွန်သတိထားခဲ့ကာ သင်္ဘောကျင်းကဲ့သို့ လူစည်ကားသောနေရာကို သွားရန်ပင် မဝံ့ဝံ့ခဲ့ပေ။




သို့ပေမဲ့ ဝမ်မင် ပြန်လာတော့မှာဖြစ်သဖြင့် နောက်ဆုံးမှာ သူမနှင့်အတူ လူတော်တော်များများကို ခေါ်ဆောင်လာခဲ့သည်. . .ယခုအချိန်တွင် ဝမ်ယင်နျန်းပတ်ပတ်လည်တွင် အစေခံ ဦးရေ ၃၀ သို့မဟုတ် ၄၀ အထိ တိုးလာသည်။




 ဆန့်ကျင်ဘက်အားဖြင့် ကျောက်ကျင်းကောက လွန်စွာ အနုတ်စုပ်ကုပ်စုပ်ပိုနိုင်ပုံရနေပြီး လျင်မြန်စွာ ပြေးလွှားနေသဖြင့် သူ့ပတ်ဝန်းကျင်တွင် မည်သူမျှမရှိပေ။




ကျောက်ကျင်းကောက ဝမ်ယင်နျန်း ဆီသို့ လျှောက်သွားခဲ့ပြီး သူ တစ်စုံတစ်ခုကို မေ့သွားခြင်းဖြစ်နိုင်ကြောင်း ထိုအချိန်တွင် သူသဘောပေါက်ခဲ့သည်။




ဝမ်ယင်နျန်း အနားရှိ အစေခံမိန်းကလေးက သူမသားအကြီးဆုံးဝမ်ခွမ်ကို ချီထားသော်လည်း သူက ကျောက်မင်ကျူး နှင့် ကျောက်ချန်ယုကို ခေါ်လာရန်မေ့သွားခဲ့သည်။




သို့သော် ယခုအချိန်တွင် ကျောက်ကျင်းကော ၎င်းတို့ကို ပြန်ခေါ်ရန် ဆန္ဒရှိမနေပေ။




ကလေးနှစ်ယောက်က သူ့မိဘတွေနှင့်အတူ ရှိနေသဖြင့် ကျန်းကျန့် ပြန်ရောက်နေပြီဆိုသည်ကို သိလျှင် သူ့မိဘတွေက ကလေးတွေကို သေချာပေါက် ခေါ်လာပေးမှာဖြစ်သည်။


"ဒီတစ်ခါတော့ ငါးလလောက် သူတို့ထွက်သွားတာ...ယုံကို မယုံနိုင်ဘူး" 


ဝမ်ယင်နျန်း မျက်နှာမှာ မကျေနပ်မှုတွေအပြည့်နှင့်ရှိနေသည်။


"ပိုက်ဆံအလုံအလောက်ရှိသရွေ့ သူဘာကြောင့်ဒီလောက်ဝင်ငွေရဖို့လိုနေမှာလဲ... အိမ်မှာ လုံခြုံတဲ့ဘဝနဲ့ မနေနိုင်ဘူးလား"


ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်သည်။အမှန်တွင် သူလည်း ကျန်းကျန့်ကို မသွားစေချင်ပေမဲ့... ကျန်းကျန့် သွားချင်သည်ဆိုလျှင် သူ သူ့ကို မတားနိုင်ပါလေ။


ဤအတွေးတွင် ကျောက်ကျင်းကော အနည်းငယ် အားကိုးရာမဲ့သလို ခံစားခဲ့ရပြီး ဝမ်ယင်နျန်း လည်းအတူတူဖြစ်ခဲ့သည်။


ဝမ်မင်က အပြင်ထွက်ရန်အားသန်နေပြီး သူမ ဘာမှ မလုပ်နိုင်ခဲ့ပါချေ။ 


သူတို့နှစ်ယောက် စကားစဲကြပြီး သင်္ဘောကြီးဆီသို့ မျှော်ကြည့်နေကြသည်။


ထိုအချိန်တွင် ကျန်းကျန့် နှင့် ဝမ်မင် တို့သည် ကမ်းနားကို မျှော်တလင့်လင့်ဖြင့် ကြည့်နေကြပြီး သင်္ဘောကျင်းများဆီသို့ နီးကပ်လာသည်နှင့်အမျှ ကမ်းပေါ်၌ စောင့်နေကြသူများကိုလည်း တွေ့လိုက်ရသည်။


ကျန်းကျန့်က လူများကိုဆိုက်ကပ်သည့်အခါတွင် မည်ကဲ့သို့ လုပ်ဆောင်သင့်သည်ကို ရှင်းပြထားပြီးဖြစ်သောကြောင့် သူ့အနေဖြင့် စောင့်ကြည့်ရန် ဤနေရာတွင် နေရန် မလိုအပ်ပေ။ ကမ်းနားသို့ ရောက်သောအခါတွင် သူသည် ပထမဆုံး သင်္ဘောပေါ်မှ ခုန်ဆင်းပြီး ကျောက်ကျင်းကော ဘက်သို့ အလျင်အမြန် ရောက်လာခဲ့သည်။


စိတ်အားထက်သန်လွန်း၍ ဒဏ်ရာရနေသော ခြေထောက်ကိုပင် ဂရုမစိုက်မိခဲ့။


"ကျန်းကျန့်...ခင်ဗျားခြေထောက် ဘာဖြစ်သွားတာလဲ" 

ကျောက်ကျင်းကောက စိုးရိမ်တကြီးမေးလိုက်သည်။ ယခုပင် ကျန်းကျန့်က အနည်းငယ် ထော့နဲ့ထော့နဲ့ဖြင့် သူ့ဆီသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။


"ဘာမှမဖြစ်ပါဘူး" 


ကျန်းကျန့်က ကျောက်ကျင်းကော၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သင်္ဘောကျင်းဘေးရှိ အိမ်ဆီသို့ လျှောက်သွားလိုက်သည်။


ထိုအိမ်သည် ၎င်းတို့၏ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှ ပိုင်ဆိုင်ပြီး စုစုပေါင်း သုံးထပ်ရှိကာ ပထမထပ်ကို အထွေထွေရေးရာများကို ကိုင်တွယ်ရန် အသုံးပြုသော်လည်း သာမန်လူများကို ဒုတိယထပ်နှင့် တတိယထပ်တို့ကို တက်ခွင့်မပြုပါချေ။ ထိုအချိန်တွင် ကျန်းကျန့်က ကျောက်ကျင်းကောကို တတိယထပ်သို့ တိုက်ရိုက်ဆွဲခေါ်သွားခဲ့သည်။


အမှန်တွင် ဆွဲခေါ်ခြင်း မယူဆနိုင်ဘဲ ကျောက်ကျင်းကောက သူပင်ပန်းလာမည်ကို စိုးရိမ်သောကြောင့် ကျန်းကျန့်အနေဖြင့် မည်သည့်အားမျှ ထုတ်စရာမလိုဘဲ ကျောက်ကျင်းကောက အရှိန်ပြင်းပြင်းဖြင့် သူ့နောက်သို့ လိုက်သွားခဲ့သည်။


"ကျန်းကျန့် သတိထား...ခင်ဗျားခြေထောက်က အဆင်ပြေရဲ့လား" 


ကျောက်ကျင်းကောက ကျန်းကျန့်၏နောက်တွင် မှန်မှန်လိုက်နေပြီး တစ်စုံတစ်ရာဖြစ်ခဲ့ပါက သူ့ကိုကူညီနိုင်မည်ဟု မျှော်လင့်ထားသည်။


"သိပ်မအဆင်​မပြေဘူး.....အဲဒါမလို့ မြန်မြန်လျှောက်ပေး"


ကျန်းကျန့်က ပြောလိုက်သည်။


ဤအဆောက်အဦး၏တတိယထပ်ကို ကျန်းကျန့်က သူ့ကိုယ်ပိုင်အနားယူရန် သီးသန့်ထားထားခြင်းဖြစ်သဖြင့် ကျောက်ကျင်းကောကို ဆွဲ​ပြီး အထဲကို လှမ်းဝင်လိုက်၏။၎င်းနောက် ကျောက်ကျင်းကောကို ကုတင်ပေါ် တွန်းချလိုက်သည်။


(သိနေတယ် 😑)


ရလဒ်အနေဖြင့် သူ တွန်းချလိုက်သည်နှင့် ကျောက်ကျင်းကော​​က လှိမ့်ချလိုက်ပြီး သူ့ကိုတွန်းချကာ ဘောင်းဘီကို ဆွဲချွတ်လိုက်ပါတော့သည်။


ကျန်းကျန့် ထော့နဲ့ထော့နဲ့ လမ်းလျှောက်နေသည်ကိုမြင်သောအခါ ကျောက်ကျင်းကော အတော်လေး စိုးရိမ်ပူပန်သွားခဲ့သည်။ထိုအတွက်ကြောင့် ကျန်းကျန့်၏ဒဏ်ရာကို စစ်ဆေးရန် စိတ်အားထက်သန်နေခဲ့၏။


"ကျင်းကော မင်းအရမ်းစိတ်ပါနေတာပဲ...လာထိုင်"


 ကျန်းကျန့်က ကျောက်ကျင်းကော၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ထောင်မတ်နေသော သူ့၏အချို့သောအစိတ်အပိုင်းပေါ် တင်ပေး လိုက်သည်။

ယခင်က သူ့ခြေထောက်ကို ကြိုးနှင့်အညစ်ခံထားရပေမဲ့ အရိုးကအဆင်ပြေသဖြင်  ခဏကြာလျှင် သက်သာသွားလိမ့်မည်ပင်။လက်ရှိအချိန်မှာ သူ့ညီလေးက ပိုအရေးကြီး၏။


ကျောက်ကျင်းကော : "…"


အဆုံးတွင် ကျောင်ကျင်းကောက ကျန်းကျန့်၏ခြေထောက်ကို တွေ့မြင်ရရန် အခိုင်အမာပြောနေဆဲဖြစ်ပြီး အဆင်ပြေကြောင်းသေချာအောင်ပြုလုပ်ပြီးမှသာ ၎င်းပေါ်တွင်ထိုင်ရန်ဆန္ဒရှိခဲ့သည်။


ထို့နောက်တွင်မူ သူက ကျန်းကျန့်ကို သူ့ဘာသာသူ လှုပ်ရှားခွင့် ပိတ်ပင်ခဲ့ပြီး အကုန်လုံးကိုသူ့ဘာသာသူလုပ်ခဲ့သည်။


ပြုစုခံရသည်က ကောင်းပါ၏ … ကျန်းကျန့်က ကျောက်ကျင်းကောကို တစ်ကြိမ် သူ့ကို ပြုစု ခိုင်းပြီး ဒုတိယအကြိမ် လုပ်ချင်ခဲ့သည်။

သို့သော် ကျောက်မင်ကျူးက ဒေါသထွက်နေပြီဖြစ်သည်။


ကျောက်ချန်ယုက ကျန်းကျန့်နှင့်ပတ်သတ်၍ဘာထင်မြင်ချက်မှ မရှိသော်လည်း ကျောက်မင်ကျူးက သူ့အဖေပြန်လာမည့်အချိန်ကို အကြာကြီးစောင့်ဆိုင်းနေခဲ့ပြီး သူနှင့် မတူပေ။ကျောက်မင်ကျူးတစ်ယောက် သူမအဖေက ပြန်ရောက်သည်နှင့် တခြားတစ်နေရာကို သွားနှင့်နေပြီဆိုသည်ကို သိလာရ၏။


"အဖေ့ကိုရှာချင်တယ်...အဖေ့ကိုလိုချင်တယ်..." 


ကျောက်မင်ကျူးက နှုတ်ခမ်းစူလိုက်ပြီး မျက်လုံးတွေ နီရဲနေသည်။


"မင်ကျူး လိမ္မာပါကွယ်...သမီးအဖေ မကြာခင်ရောက်လာမှာပါ" 


ကျောက်လျူ သူမမြေးကို နှစ်သိမ့်ပေးခဲ့ပြီး အနည်းငယ် အကူအညီမဲ့သလိုခံစားပြီး သောကရောက်နေရသည်။


ကျန်းကျန့် နှင့် ကျောက်ကျင်းကောမှာ ကမြင်းကြောထရန် အချိန်အများကြီးမရှိခဲ့ရှာပေ...

ကျန်းကျန့်က ကျောက်ကျင်းကောနှင့်အတူ အလောတကြီး ထွက်ပြေးသွားခဲ့ချိန်မှာ ဝမ်မင်လည်း သင်္ဘောပေါ်မှ ဆင်းလာကာ ဝမ်ယင်နျန်းကိုရှာပြီး အပြင်သို့ ထွက်ခွာသွားချင်ခဲ့သော်လည်း တွေ့လိုက်ရသည်မှာ... သူနှင့်ဝမ်ယင်နျန်းကို ဗိုက်ကြီတစ်လုံးကခြားထားသည်ကို တွေ့လိုက်ရသည်။


အိမ်ထောင်သက် (၃)နှစ်ကျော်ကျော်မှာ နှစ်ယောက်အတူနေရသည်ထက် ခွဲနေရသည်က အချိန်ပိုများသည်။ ဤအချိန်မှာ သူတို့နှစ်ယောက်အတူရှိရန်က မလွယ်ပေမဲ့ အံ့သြစရာကောင်းသည်က ကလေးတစ်ယောက် ထွက်လာ၏...

ဝမ်ယင်နျန်း၏ဗိုက်ကိုကြည့်သောအခါ ဝမ်မင်၏မျက်နှာပေါ်ရှိ ရွှင်လန်းမှုက စိုးရိမ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။


"မင်းဘာလို့ ကိုယ်ဝန်ရှိပြန်တာလဲ..." 


ဝမ်ယင်နျန်းက အသက်မငယ်တော့ဘဲ ကိုယ်ဝန်ရှိနေသဖြင့် သူမကိုယ်သူမ ထိခိုက်မိမည်လားဆိုသည်ကို မသိနိုင်ပေ။


"ဘာလဲ... ဒီကလေးကို မလိုချင်ဘူးလား" 


ဝမ်ယင်နျန်းက ဝမ်မင်ကို စိုက်ကြည့်နေ၏။


"မဟုတ်ဘူး...ကိုယ် မင်းကို စိတ်ပူလို့ပါကွာ" 


ဝမ်မင်က ချက်ချင်းပြောလိုက်သည်။


"ကျွန်မက အဆင်ပြေပါတယ်"


ဝမ်ယင်နျန်း ဝမ်မင်၏လက်ကို ကိုင်ထားပြီး


"ရှင်ကော ဘယ်လိုလဲ... အားလုံးအဆင်ပြေရဲ့လား ပင်လယ်မှာ အဆင်မပြေသလိုခံစားရလား... ထိခိုက်သွားလား"


"အဆင်ပြေပါတယ်"


ဝမ်မင်က ဝမ်ယင်နျန်းကို ကြည့်လိုက်ပြီး နှစ်ယောက်သား တစ်ယောက်လက်ကို တစ်ယောက် ဆွဲကာ တစ်ယောက်ကို တစ်ယောက် စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။


ရလဒ်အနေဖြင့် သူတို့၏ခံစားချက်တွေကို တစ်ယောက်နှင့်တစ်ယောက် မပြောခင်မှာ လူတစ်စုရောက်လာ၏။


သူတို့၏ခေါင်းဆောင်မှာ ကျန့်ရီဖြစ်ပြီး၊ သူ့နောက်တွင် လူအများအပြားရှိသည်။ သူတို့၏အဝတ်အစားတွေကို ကြည့်လိုက်လျှင် သူတို့အားလုံးက ချမ်းသာပြီး အင်အားကြီးသည်ဟု ပြောနိုင်သည်။


"ဝမ်မင်...ကျွန်တော် သူငယ်ချင်းတချို့ကို လာကစားဖို့ ခေါ်ခဲ့တာ ...ခင်ဗျားနဲ့တွေ့ဖို့ မမျှော်လင့်ထားဘူး...ဒါပေမဲ့ ခင်ဗျားပြန်လာပြီဆိုကတည်းက... ပစ္စည်းကောင်းတွေ ယူခဲ့လား"


ကျန့်ရီ၏ သဘောထားကို မြင်လိုက်ရသောအခါ သူနှင့်အတူ လိုက်ပါလာသော ဤလူတွေ၏ အထောက်အထားက သာမန်မဟုတ်မှန်း သိလိုက်ရသည့်အတွက် ဝမ်ယင်နျန်းကို တောင်းပန်သည့်အကြည့် လှမ်းကြည့်လိုက်ကာဆိုလိုက်သည်။ 


"သခင်လေးကျန့် နဲ့ တခြားသခင်တို့...ဒီတစ်ခါ ငါတို့ ဥရောပက စီးပွားရေးသမားတွေနဲ့ တွေ့ခဲ့ကြတယ်...အဲဒီတော့ ကောင်းတာတွေ အများကြီးပြန်ယူလာခဲ့တယ်...ကျုပ် မင်းတို့ကိုပြမယ်"

ကျန်းကျန့် အမြန်ထွက်ပြေးသွားပြီး သူ့ကို တစ်ယောက်တည်း ထားခဲ့သဖြင့် ဝမ်မင်မှာ ဧည့်သည်တွေကို ကူကယ်ရာမဲ့စွာလက်ခံတွေ့ဆုံရုံသာတတ်နိုင်ခဲ့၏။


တချီ၏ပင်လယ်ကုန်သည်များသည် အခြေခံအားဖြင့် တချီကပစ္စည်းများကိုရောင်းချကြပြီး ငွေ၊ ရွှေနှင့် အဖိုးတန်ကျောက်မျက်ရတနာများ ပြန်လည်ရရှိကြသည်။တချီက ထုတ်ကုန်ကြွယ်ဝသော်လည်း အနောက်နိုင်ငံငယ်များတွင် ထိုထုတ်ကုန်များမရှိပေ။


ယခင်တုန်းက ဝမ်မိသားစုက အနောက်သမုဒ္ဒရာကို ကျော်လွန်ပြီး နိုင်ငံငယ်များစွာနှင့် စီးပွားရေးလုပ်ခဲ့သဖြင့် ဝမ်မင်နှင့်ကျန်းကျန့်တို့ကလည်း အစပိုင်းမှာ ထိုသို့လုပ်ခဲ့ကြသည်။သို့ပေမဲ့ ဤတစ်ကြိမ်မှာ ကျန်းကျန့်၏ အကြံပြုချက်ကြောင့် သူတို့သည် ဥရောပကလူတွေနှင့်တွေ့ဆုံခဲ့၏။


ဤလူတွေ၏ သင်္ဘော ပျက်သွားသဖြင့် အနောက်နိုင်ငံငယ်လေးမှာ သူတို့ ရပ်လိုက်ကြပြီး ရှေ့မဆက်နိုင်ခဲ့ကြပေ။သင်္ဘောပေါ်မှာ ကုန်ပစ္စည်းတွေက ရှိနေကြတုန်းပင်...နောက်ဆုံးမှာ ဤပစ္စည်းတွေအားလုံးကို ကြွေထည်၊ ပိုးထည်တို့နှင့် လဲလှယ်ခဲ့ကြသည်။


ဝမ်မင်က ကျန့်ရီ နှင့် အခြားလူများကို သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားပြီး သော့ကို အသုံးပြုကာ အခန်းတစ်ခန်းကို ဖွင့်ခဲ့သည်။


"ကျန့်ရီ ဒီမှာ တကယ်ရှားပါးတဲ့အရာတွေ ရှိလား"


"ကျန့်ရီ ဒီမှာ နာရီဝယ်လို့ရလား... အဘိုးက အမြဲလိုချင်နေတာ"

"ဒီနေရာမှာ ဆိပ်ကမ်းတစ်ခု ပုန်းလျှိုးကွယ်လျှိုးရှိမယ်လို့ မမျှော်လင့်ထားဘူး...အဲဒါက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်"


ကျန့်ရီ ၏နောက်သို့လိုက်နေသော လူငယ်တစ်စုသည် ထိုအချိန်တွင် သင်္ဘောပတ်ပတ်လည်ကို စူးစူးစိုက်စိုက်ကြည့်ရင်း စကားပြောနေကြသည်။


ရာသီဥတုဒဏ်ခံထားရသည့် သင်္ဘောက အနည်းငယ်ဟောင်းနေပြီဖြစ်သဖြင့် ပုံပန်းသဏ္ဍာန်က သိပ်ကြည့်မကောင်းပေ။ထို့ကြောင့် ဤအုပ်စုက သူတို့၏ မနှစ်မြို့မှုတို့ကိုအစမဖော်မိဘဲမနေနိုင်ကြပေ။ထို့နောက် သူတို့သည် ဝမ်မင်၏ အခန်းထဲသို့ လိုက်သွားခဲ့ကြပြီး အနက်ရောင်သေတ္တာ အနည်းငယ်သာ ရှိသည်ကို တွေ့လိုက်ပြီးနောက် ၎င်းတို့သည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။


"ဒါက ဘယ်လို ရတနာမျိုးလဲ...တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားရမဲ့ ရှားပါးရတနာတစ်ခုတောင် ရှိသလား"


ဝမ်မင်က အဖြေမပေးဘဲ နောက်ထပ်သော့ကို ထုတ်ယူကာ သေတ္တာတစ်လုံးကို ဖွင့်လိုက်ပြီးဆို၏။


"လူကြီးမင်းတို့ လာကြည့်လို့ရပါပြီ"


လူငယ်များသည် စူးစမ်းလိုစိတ်ဖြင့် ဝိုင်းဖွဲ့လိုက်ကြပြီး တစ်စုံတစ်ဦးက "အာ" ဟု အာမေဋိတ်သံပြုသည်။


ဝမ်မင်က ပြုံးပြီး


"ဒီမှာ မှောင်နေလို့ ဘာမှ မမြင်ရဘူး...အပြင်ထွက်ပြီး ကြည့်လိုက်တာ ပိုကောင်းတယ်"


လူငယ်တွေက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း နောက်ဆုံးမှာ အမြင့်ဆုံးအဆင့်အတန်းရှိသည့် လူငယ်တစ်ယောက်က သေတ္တာထဲက အရာတွေကို ကောက်ယူပြီး အပြင်ကို ထွက်သွား၏။


ယနေ့ ရာသီဥတုက အလွန်ကြည်လင်နေပြီး အပြင်မှာ နေရောင်က တောက်ပနေသည်။ ဤအရာအား ကိုင်ဆောင်ထားသော လူငယ်သည် ဤနေရောင်အောက်တွင် သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း ပထမဆုံးအကြိမ် မြင်လိုက်ရသည်။

သူကိုင်ထားသည့်အရာက တချီမှာသုံးသည့် ကြေးနီမှန်တွေနှင့် အလွန်ကွာခြားသော မှန်တစ်ချပ်ဖြစ်ပြီး၊ ယင်းက သူ့ကိုအသေးစိတ် ထင်ဟပ်နေစေသည်။


သူကိုယ့်သူ အလွန်ကြည့်ကောင်းသည်ဟု အမြဲထင်ခဲ့သော်လည်း ယခုအခါ သူ့နှာခေါင်းက အနည်းငယ်ညစ်ပတ်ပုံပေါ်သည်ကို သူသဘောပေါက်သွားသည်။


"ဒါဘာလဲ"


"ဒါက မှန်လား...စုစုပေါင်း မှန်ဘယ်နှစ်ချပ်ရှိသလဲ"


"တစ်​ခု​ရောင်းလို့ရမလား"….


ကျန့်ရီပင်လျှင် ဝမ်မင်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။



"ဒီမှန်ကို ဧကရီမယ်တော်ကြီးကို ပေးသင့်တယ်...ကျွန်တော် ဝယ်ချင်တယ်...ကျွန်တော့် အတွက်တစ်ခုပြင်ပေးပါ"


"သခင်လေးကျန့် ငါတို့မှာ မင်းအတွက် အဆင်သင့်ရှိတယ်" 


ဝမ်မင်က ပြောလိုက်၏။


"ဒါက အပြင်မှာ ရှားပါးပစ္စည်းဖြစ်လို့ ဈေးနှုန်းက အရမ်းကြီးတယ်”


"ဟားဟား...စျေးက ပြဿနာမဟုတ်ဘူး" 


ကျန့်ရီက ချက်ချင်းဖြေလိုက်သည်။


ဤသုံးနှစ်အတွင်း ကျန်းကျန့် ပိုက်ဆံအများကြီးရခဲ့ပြီး သူလည်းထိုသို့ပါပင်။ သူက ပို၍ပင်ရသေးသည်။


ပင်လယ်ကုန်သည်တစ်ယောက်ဖြစ်ခြင်းက ငွေရှာနိုင်သော်လည်း ရင်းနှီးမြုပ်နှံမှုများစွာ လိုအပ်သည်။သို့ပေမဲ့ သူကမူ ထိုဆားလုပ်သားအိမ်ထောင်စုများကို ကျွေးမွေးနေသရွေ့ ဆားများကို အဆက်မပြတ်ထုတ်လုပ်နေနိုင်သောကြောင့် ကုန်ကျစရိတ် အလွန်နည်းသည်။


ယနေ့တရားဝင်ဆားကို တစ်ကီလိုလျှင် ကြေးနီ ၇ပြား ၈ပြား ဖြင့် ရောင်းချသော်ငြား ဆားလွင်ပြင်က သုံးလေးပြားလောက်ဖြင့်ပဲ ရောင်းသောကြောင့် နေ့တိုင်း ငွေရှာနိုင်နိုင်နေပြီဖြစ်သည်။


အဆုံးတွင် လူအပေါင်းတို့သည်အကုန်လုံး ဆားစားရန်လိုအပ်သည်မဟုတ်ပါလော။


ကျန်းမင် နှင့် ကျန်းကျန့်တို့ ပြန်ယူလာသော မှန်အများစုသည် လက်ဖဝါးအရွယ်မျှသာဖြစ်ပြီး သေးငယ်ပြီး လက်ရာမြောက်သည်။ မှန်များအပြင် လှပသောဖန်အချို့ကိုလည်း ပြန်ယူလာကြသည်။


တောက်ပပြီး ကြည်လင်နေသော ဖန်ပုတီးစေ့များသည် အစိမ်းရောင်လေးများဖြင့် ရောစပ်ထားသောကြောင့် ဤလူများသည် မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။


"မင်းတို့ကို သခင်လေးကျန့် ခေါ်လာတာဆိုတော့ စျေးနှုန်းအမှန်ကို ငါပြောပြမယ်...ဖန်ပုတီးစေ့က တစ်လုံးကို ငွေတစ်ရာ...ဒီဖန်ပန်းကန်လုံးက ငွေနှစ်ထောင်...ဖန်ခွက်တွေက ငွေတစ်ထောင့်ရှစ်ရာ …..သူများတွေဆိုရင် ဒီလောက်စျေးချိုချိုနဲ့ရောင်းမှာမဟုတ်ဘူး"


ဝမ်မင်က ပြောလိုက်သည်။