အပိုင်း၂၁၅
Viewers 33k

Chapter 215

October 09, 2023



ပင်လယ်ကမ်းစပ်မှာသဲတွေနှင့်ကစားခြင်း




"ဆရာကြီးဝမ်ပြောတာ တကယ့်ကို မှန်တယ်"




ထိုလူငယ်တွေက တစ်ယောက်ပြီး တစ်ယောက်ပြောကြသည်။ထိုလူတွေက အခြေခံအားဖြင့် အရာရှိတွေ၏သားတွေသဖြင့် သူတို့က အရင်က ဝမ်မင်ကို အနည်းငယ် အထင်သေးကြသည်။ ဒီဝမ်မင်က ကုန်သည်ပဲ၊ ဘာလို့ သူ့ကို အထင်ကြီးရမှာလံ...




သို့သော် လက်ရှိအချိန်တွင် သူတို့သည် ဝမ်မင်အား စိတ်အားထက်သန်စွာဖြင့် ဆက်ဆံခဲ့သည်။




"ဆရာကြီးဝမ်... ဒီပစ္စည်းတွေကို အပြင်မှာ မရောင်းပါနဲ့...ငါတို့ပဲ မျှယူပါရစေ..."




အခြားလူငယ်တစ်ဦးက ပြောသည်။ အံ့သြစရာကောင်းလောက်အောင် လှပသော ဖန်ပုတီးများသည် တစ်လုံးလျှင် ငွေ 100 သာ ကျသင့်သည်... ဝယ်ယူပြီး ပြန်လည်ရောင်းချပါက စျေးနှုန်းကွာခြားမှု ရရှိနိုင်မည်ဖြစ်သည်။




"လူကြီးမင်းတို့ ငါတို့မှာ ဆိုင်တွေ အများကြီးရှိလို့ သူတို့ကို ထောက်ပံ့ဖို့ ငါ့အတွက် တချို့ ချန်ထားခဲ့ရမှာပါ..." 




ဝမ်မင်က ရယ်မောပြီး နောက်ဆုံးမှာကုန်ပစ္စည်းတစ်ဝက်ကို ထုတ်ပြီး သူတို့ကို ရောင်းပစ်လိုက်သည်။




ကုန်ပစ္စည်း၏ ထက်ဝက်လောက်သာရှိပေငြား အများကြီးဖြစ်နေသေးသဖြင့် ရှိနေသည့် လူတိုင်း အချို့လောက်ရနိုင်လေသည်။ထို့နောက် သူတို့သည် စိတ်လှုပ်ရှားစွာ ထွက်ခွာသွားကြပြီး မထွက်ခွာမီတွင် ဝမ်မင်ကို ခဏလောက် ချီးကျူးခဲ့ကြသည်။




ဝမ်မင်က  သူတို့ကို အခွင့်ကောင်းယူခံထားရသလိုမျိုး အမူအရာနှင့်ကြည့်နေပေမဲ့ ခဏအကြာမှာ သူ အပြုံးရပ်လိုက်သည်။




ထိုဖန်ပုတီးစေ့များကို ပထမဆုံးမြင်သောအခါ အဖိုးတန်ရတနာများဟု သူလည်း ထင်ခဲ့သည်။ စျေးဘယ်လောက်ပဲရှိရှိ ဝယ်မည်ဟု သူတွေးခဲ့သည်။သို့ပေမဲ့ ရလဒ်အနေဖြင့်. . .ဤဖန်ပုတီးစေ့တွေဟာ ဖန်ရည်ကျိုခြင်း၏ မအောင်မြင်သော ထုတ်ကုန်တစ်ခုသာဖြစ်ပြီး တန်ဖိုးမရှိဘူးဟု ဥရောပကလူတွေ၏ စကားကို အနည်းငယ်ပြောတတ်သည့် ကျန်းကျန့်က ဆို၏။




သူတို့သည် ဖန်ထည်နှင့် မှန်များကို လဲလှယ်ပြီးနောက် ထိုသေတ္တာအတွင်းရှိ ထောင်ပေါင်းများစွာသော ဖန်ပုတီးစေ့များကို ထိုလူများက အခမဲ့ ပေးအပ်ခဲ့သည်။




ထိုလူတွေ ပေးခဲ့သော ပုတီးစေ့တွေကို ငွေ ၁၀၀၀၀၀ ကျော်နှင့်ရောင်းရသဖြင့်. . . ဤခရီးစဉ်က သူတို့အတွက် တကယ်ကို ပိုက်ဆံအများကြီးရပေသည်။




ဝမ်မင် အလွန်ပျော်နေပေမဲ့ သင်္ဘောပေါ်ကဆင်းပြီး ဆိပ်ခံတံတားပေါ်မှာ သူ့ကိုစောင့်နေတုန်းဖြစ်သည့် ဝမ်ယင်နျန်းကိုတွေ့ပြီးသည့်နောက်မှာ ပိုပြီးပင်ပျော်ရွှင်လာခဲ့၏။




သို့ပေမဲ့ ဝမ်ယင်နျန်းကမူ အနည်းငယ် မကျေမနပ်ဖြစ်နေသည်။


 "ဆိုတော့ ရှင်ကျွန်မကို အမှတ်ရသေးတယ်ပေါ့ "




"ကိုယ့်သခင်မလေးရယ်... တကယ်တောင်းပန်ပါတယ်" 




ဝမ်မင်က ဝမ်ယင်နျန်းကို ပြုံးပြုံးရွှင်ရွှင်နှင့် တောင်းပန်ပြီး ဝမ်ယင်နျန်းကို မှန်သေးသေးလေး ပေးကာဆိုသည်။


"ဒါကို ကြည့်... မင်းကြိုက်ရဲ့လား"




ဝမ်ယင်နျန်း ချက်ချင်းပင် လန့်ဖျပ်ကာ အော်ဟစ်လိုက်သည်။




ဝမ်မင် မှန်ကို ပေးနေချိန်မှာ ကျန်းကျန့်ကလည်း ကျောက်ကျင်းကောအား ပေးရန်အတွက် မှန်တစ်ချပ်ကို ထုတ်၍ဆိုလိုက်၏။




"ကျင်းကော မင်းက အခု တကယ်ကြည့်ကောင်းနေတာ...ကြည့်"




ကျောက်ကျင်းကော  မှန်ကိုယူလိုက်ပြီး သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။




နောက်ဆုံးတွင် ကျန်းကျန့် နှင့် ကျောက်ကျင်းကော အခန်းထဲမှ ထွက်လာချိန်တွင် အချိန်တစ်နာရီခွဲကုန်သွားခဲ့ပြီဖြစ်သည်။




နှစ်ယောက်စလုံး အဝတ်အစားတွေလဲပြီး လက်ချင်းတွဲကာ အောက်ဆင်းချိန်၌ ကလေးနှစ်ယောက် အပြေးအလွှားလာနေသည်ကို တွေ့လိုက်ရ၏။




"ဖေဖေ"




ကျောက်မင်ကျူးက ကျန်းကျန့် ကို မတွေ့သည်မှာကြာပြီဖြစ်ရာ သူမ၏ စိတ်လှုပ်ရှားမှုကြောင့် ကျန်းကျန့်၏ ခြေထောက်ကို ပွေ့ဖက်ကာ မျက်ရည်များ ပေါက်မကျအောင် ထိန်းလိုက်သည်။




ကျောက်ချန်ယုက ကွဲပြားသည်၊ သူသည် နှစ်နှစ်သာရှိသေးပြီး ယခင်ကျန်းကျန့်အပေါ် ထင်မြင်ချက်တချို့ရှိခဲ့သည့်တိုင် ယခု သူစိမ်းတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူက ကျောက်ကျင်းကော၏ ခြေထောက်ကို ပွေ့ဖက်ထားပြီး မျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ  နှုတ်ခမ်းကိုစုဝိုင်းလျက် ကျန်းကျန့်ကိုလိုက်ကြည့်သော်လည်း စကားမပြောပေ။




"ချန်ယု...ဖေဖေကို နှုတ်ဆက်လိုက်"


ကျောက်ကျင်းကောက သူ့သားကို ကောက်ချီလိုက်ပြီး ပြောလိုက်၏။




ကျောက်ချန်ယု မွေးဖွားပြီးနောက်တွင် သူ့လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများစွာရှိသဖြင့် ကျောက်မင်ကျူးထက် ဂရုစိုက်မှုပိုရခဲ့သည်မှာ သေချာသော်လည်း ကျန့်ကျန့်ထံမှ ဂရုစိုက်မှု များများစားစားမရရှိသောကြောင့် သဘာဝအတိုင်း ကျန်းကျန့်၏ရှေ့မှာ ကျောက်မင်ကျူးကဲ့သို့ မပြုမူနိုင်တော့ပေ။




သူက ကျန်းကျန့်ကို ကြည့်ရုံကြည့်ပြီး စကားမပြောပေ။




ကျန်းကျန့်က ကျောက်မင်ကျူးကို လက်တစ်ဖက်တည်း ချီလိုက်ပြီး ကျောက်ချန်ယုကို အခြားလက်တစ်ဖက်ဖြင့် ကျောက်ကျင်းကောလက်မောင်းကြားထဲမှာ ဆွဲပွေ့လိုက်သည်။ ထို့နောက် ကျောက်မင်ကျူး နှင့် ကျောက်ချန်ယုတို့ကို နမ်းလိုက်၏။




"ဖေဖေ့ကို လွမ်းနေပြီလား"




"ဟုတ်ကဲ့"




 ကျောက်မင်ကျူးက ချက်ချင်းဖြေသည်


"ဖေဖေ ဖေဖေ"




"ဖေဖေ"


ဤတစ်ခါ ကျောက်ချန်ယုကလည်း ဖေဖေဟုခေါ်သည်။




"လိမ္မာလိုက်တဲ့ကောင်လေး"


ကျန်းကျန့် ထိုဥရောပကုန်သည်များထံမှ သူရရှိထဲ့သော ရုပ်စုံမှန်ပြောင်း နှစ်ခုကို ထုတ်ယူကာ ၎င်းတို့အား ပေးလိုက်သည်။




"ဖေဖေ သူတို့ကို အပြင်ကနေ ယူခဲ့တာ... မင်းတို့ကစားဖို့"




ကျန်းကျန့် ကလေးနှစ်ယောက်ကို ခဏလောက် အဖော်ပြုပေးခဲ့ကာ သူတို့ကလည်း သူ့ကို ပျော်ရွှင်စွာ ဖေဖေဟုခေါ်ကြပြီး သူ့အား သူတို့ကို အကြိမ်ပေါင်းများစွာ နမ်းမိစေခဲ့သည်။




သူ့သားသမီးတွေကို ပိုကြည့်လေ၊ သူ သူတို့ကို ပိုသဘောကျလေပင်။




မင်းကျူးက ကျန်းကျန့်၏ ပထမဆုံးကလေးဖြစ်သောကြောင့် သူမကို အလွန်အာရုံစိုက်ခဲ့ပြီး ကျောက်ချန်ယုကမူ ကျောက်ကျင်းကော နှင့် အလွန်တူသည်။ထို့ကြောင့် ကျန်းကျန့် သူ့ကို အလွန်သဘောကျပြီး အချိန်ကုန်သည်အထိ သူ့ကလေးနှစ်ယောက်နှင့် ကစားချင်ခဲ့၏။




သို့သော် မဖြစ်နိုင်ပေ။




အပြင်မှာ စောင့်နေသည့်အရာတွေ အများကြီးရှိသည်...




သို့သော် သူနှင့်အတူ ကလေးတွေပါခေါ်သွားနိုင်သည် မဟုတ်ပါလော။




က​လေးတွေကို လက်​တစ်​ဖက်​တစ်ချက်ဖြင့် ချီထားရင်း ကျန်းကျန့်ရှေ့က ​နောက်​ထွက်​သွားသည်​။




"ကလေးကို ကျွန်တော့်ကိုပေးချီ...ခင်ဗျားခြေထောက်က နာကျင်နေတုန်းပဲ" 


ကျောက်ကျင်းကောက သူ့နောက်ကို ကမန်းကတန်း လိုက်လာခဲ့သည်။




ကျောက်လျူလည်း သူတို့နောက်ကို လိုက်ကာ အပြင်သို့ လိုက်သွားသည်။




"ကျန်းကျန့်က ဘာဖြစ်နေတာလဲ... ခြေထောက်နာနေတာလား"




ကျန်းကျန့် အပြင်ထွက်လာသောအခါ ဝမ်မင်က မှန်နှင့်ဖန်ထည်တစ်ဝက်ကို ရောင်းချပြီးပြီ ဖြစ်သည်။




သူ့နှာခေါင်းကို ထိပြီးနောက် ကျန်းကျန့်က ဝမ်မင် ကို ဝမ်ယင်နျန်းနှင့် အတူ အနားယူခွင့်ပေးပြီး ကျန်သည်ကို စောင့်ရှောက်ပေးခဲ့၏။




ငွေနှင့် တန်ဖိုးအရှိဆုံးပစ္စည်းများကို သင်္ဘောပေါ်မှ ဖယ်ရှားပြီးနောက် ကျန်သည်ကို ကျန်းကျန့် အိမ်ပြန်နိုင်စေရန် သူ့လူများက လုပ်ဆောင်ပေး ခဲ့သည်။




ကျောက်ကျင်းကောက ယာပြန့်ရွာအနီးတွင် ကြီးမားလှပသော အိမ်တစ်လုံးကို တည်ဆောက်ခဲ့သည်။ ပထမတုန်းက ဤအိမ်က စံအိမ်တစ်ခုသာဖြစ်သော်လည်း ကျန်းကျန့်၏ အကြံပြုချက်ကြောင့် ကမ်းခြေကို ပတ်ပြီး အလွန်ကျယ်ဝန်းသည့် ခြံဝင်းကြီးကို တည်ဆောက်ခဲ့၏။




ထိုအချိန်တွင် ပင်လယ်ရေက ယခုခေတ်ထက် ပိုမိုကြည်လင်နေသောကြောင့် ကျန်းကျန့်အနေဖြင့် ၎င်းကို သီးသန့်ကမ်းခြေတစ်ခုဟု မှတ်ယူနိုင်ခဲ့သည်။




ကံမကောင်းစွာပဲ သူကအလွန်အလုပ်များနေသောကြောင့် သူ့ကမ်းခြေမှာ ပျော်ပျော်ပါးပါးနေရန် အချိန်အများကြီးမရှိ…




"ပင်လယ်မှာ နေ့တိုင်း ငါး၊ ဟင်းသီးဟင်းရွက် ဆားနယ်အသားတွေပဲ နေ့တိုင်းစားဖြစ်တာ...အများဆုံး အပြောင်းအလဲအတွက် ပဲပင်ပေါက်လောက်ပဲရှိတာ..  အိမ်မှာစားရတာကို အရမ်းလွမ်းတယ်" 


ကျန်းကျန့်က ကျောက်ကျင်းကော လက်ဖြင့် ဆွဲကာ ကျောက်အိမ်သို့ ပြန်သွားခဲ့ပြီး ယခု တစ်ကြိမ်က ထမင်းစားရန် ဖြစ်သည်။




ထမင်းစားချိန်မဟုတ်ပေမဲ့ ကျောက်တစ်မိသားစုလုံးက ကျန်းကျန့်နှင့် အတူတူစားကြ၏။ သူအတော်လေး စားချင်စိတ်ရှိသည်ကို မြင်​ရ​သောအခါ သူတို့လည်း အတူတူအစာ​တွေအများကြီးစားလိုက်​သည်​။




"ဒီတစ်ခါတော့ သင်္ဘောနှစ်စင်းလျော့ပြီး ပြန်လာတာပဲ" ကျောက်ဖူကွေ့က ကျန်းကျန့်စားသောက်ပြီးခါနီးသည်ကို တွေ့လိုက်ရသည်နှင့် မေးလိုက်လေသည်။


"အဆင်ပြေရဲ့လား" 




"အဖေ ကျုပ်အဆင်ပြေပါတယ်"


 ကျန်းကျန့်က ပြောလိုက်၏။


 "အဲဒီသင်္ဘောနှစ်စင်းကို ရှာမတွေ့ခဲ့ဘူး... ပျောက်ဆုံးသူတွေစာရင်းကို စီစစ်ပြီး မနက်ဖြန် ပင်စင်ပေးမှာပါ"




"ဟင်း……"


ကျောက်ဖူကွေ့က သက်ပြင်းချလိုက်သည်။




ကျောက်လျူက ကျန်းကျန့်ကို စိုးရိမ်တကြီး ကြည့်ပြီးဆို၏။ 


"ကျန်းကျန့်  ပင်လယ်ထဲထွက်ရတာ အရမ်းအန္တရာယ်များတယ်... "




"အမေ နောင်ကျရင် ပင်လယ်ကို မသွားတော့ဘူး" ကျန်းကျန့်က ပြုံးပြီး ကျောက်လျူကို ကြည့်ကာ ပြောသည်။




"ကျုပ်အမေတို့နဲ့အတူ နှစ်အနည်းငယ် အနားယူမယ်" 




အစမှာ အစစအရာရာ ခက်ခဲသည်ဖြစ်လေရာ ယခု အစစမဟုတ်တော့သဖြင့် အနာဂတ်က ပိုရိုးရှင်းလာပါလိမ့်မည်။




"ကောင်းတယ်ကောင်းတယ်" 


ကျောက်လျူ ခေါင်းကို အကြိမ်ကြိမ်ညိတ်ရင်း ဝမ်းသာသွားသည်။




ကျောက်ကျင်းကောကလည်း ကျန်းကျန့်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားလွန်း၍ လက်တွေ တုန်လာသည်။




ကုန်သည်ကောင်းများသည် အကျိုးအမြတ်ကို အနံ့ခံနိုင်ပြီး အတိုဆုံးအချိန်အတွင်း ရောက်ရှိနိုင်သည်။




လွန်ခဲ့သော ၃ နှစ်က ယာပြန့်ရွာရှိ သင်္ဘောကျင်းများကို လူမသိသေးသော်လည်း လွန်ခဲ့သည့် နှစ်နှစ်တွင် ဟယ်ရှင်းပြည်နယ်ရှိ ကုန်သည် အများအပြားက ဤနေရာအကြောင်းကို သိရှိခဲ့ကြပြီး အချို့မှာ သူတို့၏လူများကို ဤနေရာတွင် တည်းခိုရန် အထူးစီစဉ်ပေးခဲ့ကြသည်။ထိုသို့ဖြစ်ရာ ကျန်းကျန့် နှင့် ဝမ်မင်တို့ ပင်လယ်မှ ပြန်လာကြပြီဟူသောသတင်းရရှိသည်နှင့် တပြိုင်နက်၊ ချက်ချင်းပင် ဤနေရာသို့ ရောက်လာကြသည်။




နိုင်ငံရပ်ခြားက ရှားပါးပစ္စည်းတွေကို အရင်ဝယ်နိုင်ရင် ရောင်းပြီးရင် အဆပေါင်းများစွာ ပိုရနိုင်တယ်...ဒီတော့ ဘယ်သူက အဲဒီလိုလုပ်ဖို့ စိတ်အားမထက်သန်ဘဲနေမှာလဲ...




ကျန်းကျန့်က သူ့မိသားစုနှင့်အချိန်ဖြုန်းချင်ပေမဲ့ နောက်နေ့မှာ ကုန်ပစ္စည်းတွေကို ဂရုစိုက်ရန် အလုပ်ရှုပ်နေ၏။




ကျန်းကျန့် ဤတစ်ခါ ပြန်ယူလာသည့် အဖိုးတန်ပစ္စည်းတွေကတော့ အာလူးနှင့် ငရုတ်သီးတွေဖြစ်သည်။




ဟုတ်သည်၊ ဤတစ်ကြိမ်မှာ ဥရောပကုန်သည်တွေဆီကနေ အာလူးနှင့် ငရုတ်သီးအချို့ကို ရနိုင်ခဲ့ပေမဲ့ ပမာဏနည်းနည်းသာရှိပြီး အကြီးစားမစိုက်ပျိုးနိုင်ခင် နှစ်ပေါင်းများစွာ အချိန်ယူရနိုင်၏။




ကျန်းကျန့် အတွက် ဤအရာနှစ်ခုသည် တန်ဖိုးအရှိဆုံးဖြစ်သော်လည်း အခြားသူများအတွက်မူ ထိုသို့မဖြစ်ပါချေ။




ထိုလုပ်ငန်းရှင်များသည် ကြေးမုံနှင့် ဖန်ထည်များ လာဝယ်ကြသည့်အပြင် အဖိုးတန် ကျောက်မျက်ရတနာ အားလုံးကိုလည်း နှစ်သက်ကြသည်။




ကျန်းကျန့် နှင့် ဝမ်မင် ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ကျန့်ရီ ခေါ်လာပေးသော လူများသည် အဆင့်အတန်းနိမ့်ပါးသည်မဟုတ်ကြောင်း သိသောကြောင့် မှန်နှင့်ဖန်ထည်တစ်ဝက်ကို ရောင်းလိုက်ကြသည်။




စီးပွားရေးလုပ်လျှင် စိတ်ရှည်သည်းခံပြီး ဈေးနှုန်းကောင်းကောင်းကို စောင့်တတ်ရန် သင်ယူဖို့ လို၏။




ပင်လယ်ကမ်းစပ်သို့ လုပ်ငန်းရှင်များ ပိုပိုများလာပြီးနောက်၊ ကျန်းကျန့် နှင့် ဝမ်မင် တို့သည် ရှေ့ဆက်မတိူးတော့ဘဲ သူတို့ယူလာခဲ့သည့်ထဲက တန်ဖိုးမရှိသော ပစ္စည်းများကိုသာ ရောင်းချရန် သူတို့လူများကိုခိုင်းစေခဲ့ကြသည်။




ဂရီဂေါရီးယန်းပြက္ခဒိန်၌ ယခုကဇူလိုင်ဟု ပြောင်းလဲခဲ့သော်လည်း စက်တင်ဘာလ ဖြစ်လောက်သည်။ ရာသီဥတုက မအေးသေးဘဲ ကမ်းခြေက သိပ်မပူလွန်းသည့်အတွက် ယေဘုယျအားဖြင့် အလွန်အဆင်ပြေ၏။




ကျန်းကျန့် သူ့ကလေးများကို လက်တစ်ဖက်တစ်ချက်စီဖြင့် ချီကာ သူ့ကိုယ်ပိုင် "သီးသန့် ကမ်းခြေ" သို့ ဆော့ကစားရန် သွားခဲ့သည်။




အမှန်တွင် ကျောက်ကျင်းကောကိုလည်း သူနှင့်အတူ ခေါ်သွားချင်ပေမဲ့ ကံမကောင်းစွာပဲ ကျောက်ကျင်းကောက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကိစ္စ ကိုင်တွယ်နေရဆဲဖြစ်ပြီး သူတို့နှင့် မကစားနိုင်သောကြောင့် သူ့ကို အတင်းအကြပ်မခိုင်းခဲ့ပါချေ။




ကျောက်မိသားစု သီးသန့်ကမ်းခြေတွင် သဲထဲတွင် စပျစ်နွယ်ပင်အချို့ ပေါက်နေပြီး မဏ္ဍပ်ကြီးတစ်ခုလည်း ရှိသောကြောင့် ဒီရေတက်ချိန်တွင် ပင်လယ်ရေက ရံဖန်ရံခါ မဏ္ဍပ်အောက်သို့ စီးဆင်းသွားတတ်သည်။




ကျန်းကျန့်က အခြေအနေကိုကြည့်ကာ အင်္ကျီနှင့် ဘောင်းဘီတိုကို ချွတ်ကာ မဏ္ဍပ်အောက်တွင် လှဲလျောင်း၍ သူ့ကလေးများကို သူ့အနားတွင် ကစားခိုင်းလိုက်သည်။




ကျောက်မင်ကျူး ရေပုံးငယ်တစ်ပုံးကို ထမ်းပြီး ဂေါ်ပြားအသေးဖြင့် သဲကိုတူးသော်လည်း ကျောက်ချန်ယုက ကျန်းကျန့်ကို ခဏတာမျှ စပ်စုကြည့်ပြီးနောက် သူ့ရင်ဘတ်စူစူအား ဆုပ်ကိုင်ကာ ပါးစပ်နှင့်စို့လိုက်လေသည်။




ကျန်းကျန့် : "..."




သူ့သားကို မွေးကတည်းက နို့ထိန်းဆရာမက နို့တိုက်ကျွေးခဲ့တာ...နို့ဖြတ်တာ မကြာသေးဘူးဆိုတော့… သူ အခု နို့လိုချင်နေတာလား...




"ဖေဖေ...သမီးနဲ့ အတူတူတူးပါ"


ကျောက်မင်ကျူးက ခဏအကြာတွင် သူမဘာသာသူမ တူးဖော်ရန် ငြီးငွေ့လာကာ ကျန်းကျန့် ကို သူမနှင့် အတူတူအဖော်ပြုစေချင်သည်။




သို့ပေမဲ့ ဤအချိန်မှာ ကျန်းကျန့်က လုံးဝမလှုပ်ချင်ပေ။




"မင်ကျူးက ကိုယ့်ဘာသာကိုယ်တူးနေလေ... ဒီလိုဆိုရင်ရောမင်ကျူး...သဲတွေကို ထပ်တူးပြီး ဖေဖေကိုမြုပ်ပါလား"




ကျန်းကျန့်က က စကားပြောရင်း သဲလက်တစ်ဆုပ်စာလောက်ကို သူ့ဗိုက်ပေါ်တင်လိုက်၏။




ကျောက်ကျင်းကောက သူ့ကလေးနှစ်ယောက်ကို အလွန်ချစ်ပြီး သူအားလပ်သောအခါတွင် ၎င်းတို့နှင့် အတူလိုက်ပါကစားရန် ဆန္ဒရှိကာ ကျောက်ဖူကွေ့ နှင့် ကျောက်လျူ တို့လည်း အတူတူဖြစ်သည်။သို့ပေမဲ့ သူတို့သားသမီး/မြေးတွေကို ကျန်းကျန့်လောက် အရှက်မဲ့စွာ ဘယ်တော့မှ သူတို့ကို မြုပ်နှံခိုင်းမှာမဟုတ်ပေ။




ထို့ကြောင့် ကျောက်မင်ကျူးက ကျန်းကျန့်ကို မြုပ်ရန် သဲများ တူးဖော်စဉ် ၎င်းကို အသစ်အဆန်းတစ်ခုဖြစ်သလို ခံစားလိုက်ရပြီး ရယ်မောနေသည်။




ကျောက်ချန်ယုက သူ့အစ်မထံမှ အရာအားလုံးကို လျင်မြန်စွာ လေ့လာသင်ယူခဲ့သည်။ အစ်မဖြစ်သူက ထိုသို့လုပ်သည်ကိုမြင်သောအခါ သူ့အစ်မ၏လှုပ်ရှားမှုကို အတုယူပြီး ကျန်းကျန့်ပေါ်မှာ သဲတွေကို ဖို့၏။




သူတို့ သုံးယောက် ပျော်ရွှင်နေကြချိန်နှာမနီးမဝေးမှ အသံအချို့ ရုတ်တရက် ထွက်ပေါ်လာသည်။




"ဒီမှာ မဏ္ဍပ်ရှိတယ်"




"မဏ္ဍပ်ကိုသွားပြီး အနားယူရအောင်"




"မဏ္ဍပ်ထဲမှာ တစ်ယောက်ယောက်ရှိတယ်"







ကျန်းကျန့်က ထိုအသံများကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည် ။




ခြံစည်းရိုးက အမြင့်မဟုတ်ပေမဲ့ကမ်းခြေ၏ တစ်ဖက်တစ်ချက်စီမှာ ခြံစည်းရိုးတွေ ဆောက်ထားသည်က တခြားသူတွေ လက်လွတ်စပယ် မဝင်ရန် အသိပေးထားခြင်းဖြစ်သည်။သို့ပေမဲ့ ပေါ့ပေါ့တန်တန် လာသူတွေလည်း ရှိသေးလေသည်။




ကျောက်မင်ကျူးက သူ့အပေါ်တွင် သဲများစွာ စုပုံထားပြီးဖြစ်သောကြောင့် ပြုတ်ကျခြင်းမှ ကာကွယ်ရန်အတွက် ကျန်းကျန့်မှာ ပေါ့ပေါ့ဆဆ မထနိုင်ပေ။ ထို့ကြောင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ အသက် ၁၇ နှစ် ၁၈ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး အနည်းငယ် အတွဲလိုက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။




ကျောက်မိသားစုတွင် ထိုသို့သောဧည့်သည်များမရှိခဲ့ဘဲ ကမ်းခြေတွင် သူကလေးများနှင့်ကစားနေသည်ကို သိသောကျောက်ကျင်းကော ရှိလျှင်ပင် ၎င်းတို့အား ဤနေရာသို့လာခွင့်ပြုမှာမဟုတ်သောကြောင့် ထိုလူအနည်းငယ်သည် သေချာပေါက် တံတိုင်းပေါ်မှတက်ခဲ့ကြခြင်းဖြစ် သည်။




သူတို့၏အဝတ်အစားတွေကို ကြည့်လိုက်လျှင် ဈေးကြီးပြီး မျိုးရိုးမြင့်ဟန်ပေါက်သည်။မည်သည့်မိသားစု၏ မိန်းမပျိုလေးတွေကသင်္ဘောကျင်းမှာ မနေဘဲ ဤဆိတ်ငြိမ်သည့်နေရာကို ရောက်လာမှန်း သူမသိပေ။သို့သော် သူတို့သည် အခြားလူများ၏ ခြံစည်းရိုးကို ကျော်တက်ခဲ့ကြသေးသည်။




ကျန်းကျန့်က ထိုလူများကို မြင်သလို ထိုလူများသည်လည်း ကျန်းကျန့် သဲထဲတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်၊ သူ့တွင် ညစ်နွမ်းနေသော မျက်နှာနှင့် သူ့ဘေးတွင် ညစ်ပတ်သော ကလေးနှစ်ယောက် ရှိနေသည် ။




ကျန်းကျန့်က ကျောက်မင်ကျူးကို သူသွားလေရာရာ ခေါ်ဆောင်သွားခဲ့သလို ကျောက်ကျင်းကော​ကလည်းထိုအကျင့်ကို ဆက်လုပ်ခဲ့သည်။




လွန်ခဲ့သည့်သုံးနှစ်အတွင်း ကျောက်ကျင်းကောသည် ၎င်း၏ကလေးနှစ်ဦးကို သူသွားလေရာရာသို့ ခေါ်ဆောင်သွားသောကြောင့် ကလေးနှစ်ဦးသည် အလွန်ကြီး ဖူးဖူးမှုတ်ခံရသလိုဖြစ်ဘဲ အနည်းငယ်ပင်ညိုသွားကြသည်။




ထိုအချိန်တွင် အိမ်မှာရှိနေသောကြောင့် ကျန်းကျန့်က သူတို့ကို လက်တိုနှင့် ဘောင်းဘီတိုကို ၀တ်ဆင်ပေးထားသောကြောင့် သဲနှင့်ခဏကြာကစားပြီးနောက် ၎င်းတို့သည် ပို၍ပင်ကြမ်းတမ်းပုံပေါ် လာခဲ့သည်။




ဤအခြေအနေမှာ ရောက်လာသည့် ဆယ်ကျော်သက် ကောင်မလေး အနည်းငယ်က မျက်မှောင်ကြုတ်သွား၏။




ကမ်းခြေတစ်လျှောက် အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ကြပြီး ပူအိုက်သည့်ရာသီဥတုကြောင့် ချွေးတွေအလွန်ထွက်သဖြင့် ဤမဏ္ဍပ်မှာ အနားယူချင်ခဲ့ကြသည်။သို့ပေမဲ့ တစ်ယောက်ယောက်ရှိနေနှင့်ပြီဖြစ်၏။




"ဟေး တခြားနေရာကို သွားကစား...ငါတို့ကို ဒီနေရာမှာ အနားယူခွင့်ပေး"




"လုပ် မြန်မြန်သွား... ပစ္စည်းတွေပါ ယူသွား" နောက်တစ်ယောက်က မဏ္ဍပ်အောက်ရှိ ဧည့်ကုလားထိုင်ပေါ်က ပစ္စည်းတွေကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။




"ဒါ ငါ့နေရာပဲ... မင်းတို့ ထွက်သွားသင့်တယ်" 


ကျန်းကျန့်က ပြောလိုက်သည်။




"ကျွန်မတို့က ဒီနေရာကို မျက်စိကျတာကိုက ရှင့်ရဲ့အခွင့်ထူးဖြစ်နေပြီ...ဆိုတော့ ရှင်ဘာလုပ်ရမယ်ဆိုတာ သိပြီး မြန်မြန်ထသင့်တယ်..."




မိန်းကလေးတစ်ယောက်ကပြောလိုက်ပြီး မျက်စိတစ်မှိတ်အတွင်မှာ ဧည့်ခန်းထိုင်ခုံပေါ်မှာ ဘောင်းဘီနှင့် တခြားအဝတ်အစားတွေ ရှိနေသည်ကို ရုတ်တရက်