ONGOING

ကိုယ့်ရဲအသံရှင်လေး

Author: L-Zee.U

Viewers

85

Chapters

1

ONGOING

ကိုယ့်ရဲအသံရှင်လေး

Author: L-Zee.U

Viewers:

85

Chapters

1


စိမ်းညို့ညို့မိုးမခပင်ကြီးအောက်မှာ ကောင်လေးနှစ်ယောက်ကဘေးချင်းကပ်ယှဥ်ထိုင်နေကြသည်၊ သို့ပေမယ့် ထူးခြားတာတစ်ခုကသူတို့နှစ်ယောက်လုံး မျက်လုံးလေးတွေမှိတ်ပြီး နားလေးတွေအုပ်ထားကြတာပဲ။

ပိုပြီးငယ်ရွယ်ပုံရတဲ့ကောင်လေးကဆို၏။

"အခုလိုမျက်လုံးမှိတ်ထားလိုက်ရင် မင်းမြင်တွေ့ချင်တဲ့သူတွေကိုမြင်ရမယ်... ခဏနေရင် သူတို့ရဲ့ အသံတွေကိုပါကြားလာရလိမ့်မယ် ....အွင်း...ငါဆို မေမေ့ရဲ့အသံကိုပါကြားနေရပြီ မင်းရော..."

အနည်းငယ်လောက်အသက်ပိုကြီးပုံရတဲ့ကောင်လေးကလည်း သွားတတ်လေးတွေပေါ်သည်အထိရယ်ပြီးအားရပါးရအော်ပြောလိုက်သည်။

"မြင်ရပြီ...ဘိုးဘိုးကိုမြင်တယ် ပြီးတော့...မေမေ့ကိုမြင်တယ်"

အသက်ငယ်တဲ့ကောင်လေးက ထပ်မေးပြန်သည်။

"ဒါဆိုရင် မင်းအသံတွေကိုရောကြားရလား ဘယ်သူ့အသံတွေကိုကြားရလဲ ဟမ်...ဟမ်လို့..."

"ငါကြားရတယ်"

"ဘယ်သူ့အသံလဲ...ဘယ်သူ့အသံလဲလို့..."

"မင်းရဲ့အသံ"

"...?"

အနည်းငယ်အသက်ပိုကြီးတဲ့ကောင်လေးက မျက်လုံးတစ်ချက်လှန်ပြီးပြောလိုက်တော့၏။

"မင်းကတစ်ချိန်လုံးဘေးကနေ​ဆူနေမှတော့ သေချာပေါက် မင်းအသံကိုပဲ ငါကြားရတော့တာပေါ့"

_______________________________________

•Genere

 Comedy, Romance, Drama, Revenge

--- --- ---

//L-Zee.U//


Reviews

အပိုင်း-၁။
25 Nov, 2023
အပိုင်း-၁။
25 Nov, 2023
အပိုင်း-၁။
25 Nov, 2023
အပိုင်း-၁။
25 Nov, 2023
အပိုင်း-၁။
25 Nov, 2023
အပိုင်း-၁။
25 Nov, 2023