
လျှို့ဝှက်ချက်များပေါက်ကြားသွားပြီးနောက်ဗီလိန်တစ်မိသားစုလုံးရဲ့အဖိုးတန်လေးဖြစ်လာတယ်
8k
220

လျှို့ဝှက်ချက်များပေါက်ကြားသွားပြီးနောက်ဗီလိန်တစ်မိသားစုလုံးရဲ့အဖိုးတန်လေးဖြစ်လာတယ်
8k
220
🍉 Description
မျက်မှောက်ခေတ် ကောလိပ်ကျောင်းသား ယဲ့လဲ့ယောင်က နောက်ကျသည်အထိ မအိပ်ဘဲနေခဲ့ရာ ရုတ်တရက် သေဆုံးသွားခဲ့သည်။ ထို့နောက် ဝတ္ထုများစွာကို ပေါင်းစပ်ထားသည့် ကမ္ဘာဆီသို့ ပို့ဆောင်ခံခဲ့ရပြီး ဂုဏ်သိက္ခာကြီးမားသော ဟော်မိသားစု၏ အသုံးမကျသည့် မွေးစားသားတစ်ယောက်ဖြစ်လာခဲ့သည်။
သတင်းကောင်းမှာ သူမှလွဲ၍ မိသားစုထဲမှ အခြားသူအားလုံးက အရေးပါသည့်ပုဂ္ဂိုလ်များဖြစ်ကြသည်။ အကြီးဆုံးအစ်ကိုဖြစ်သူ အစ်ကိုကြီးဟော်က စီးပွားရေးလောကတွင် ဂန္တဝင်တွင်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဒုတိယအစ်ကိုဟော်က ဖျော်ဖြေရေးနယ်ပယ်တွင် ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်သလို တတိယအစ်ကိုဟော်ကလည်း ကျွမ်းကျင်သော Esports ကစားသမားတစ်ယောက်ဖြစ်ပြီး ဘော့စ်လည်းဖြစ်သည်။
သတင်းဆိုးမှာ အနှီပုဂ္ဂိုလ်ကြီးများအားလုံးက ဗီလိန်များဖြစ်ကြပြီး သူတို့အနက် မည်သူကမျှ ကောင်းမွန်သော အဆုံးသတ်များကို မရရှိခဲ့ကြပေ။
ပိုဆိုးသည့်သတင်းမှာ ယဲ့လဲ့ယောင် နိုးလာချိန်၌ ဒုတိယအစ်ကိုဖြစ်သူ၏ ပေါပေါပဲပဲ အချစ်ဇာတ်လမ်းအလယ်၌ သူကိုယ်တိုင် ကြားညှပ်ပါဝင်နေသည်ကို သိရှိလိုက်ရခြင်းပင်။ ဒုတိယအစ်ကိုက သူ့ချစ်သူ၏ဗိုက်ထဲမှ ကလေးက သူ့မျိုးဆက်မဟုတ်ကြောင်းကို သတိမထားမိခဲ့ပေ။
ယဲ့လဲ့ယောင် စိတ်ထဲမှ မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။
"အားးး—တကယ်ကြီးလား... ဒီအချစ်ရူးကောင်က သူ့ချစ်သူရဲ့ ဗိုက်ထဲက ကလေးက သူ့ကလေးမဟုတ်ဘူးဆိုတာကို မသိသေးဘူးလား…"
မိသားစုဝင်အားလုံး၏ မျက်လုံးများက ရုတ်တရက် သူ့ထံသို့ လှည့်ကြည့်လာကြသည်။ ဒုတိယအစ်ကိုသည်ပင် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
လူတိုင်း: ဘာလဲဟ…
ထိပ်တန်းဟော်မိသားစုက လွန်ခဲ့သော နှစ်အနည်းငယ်က ငယ်ငယ်ရွယ်ရွယ် ပြဿနာကောင်လေးတစ်ကောင်ကို မွေးစားခဲ့သည်။
အစပိုင်း၌ မိသားစုထဲရှိ မည်သူကမျှ သူ့ကို အာရုံမစိုက်ခဲ့ကြပေ။ ၎င်းမှာ သူတို့အားလုံး ယဲ့လဲ့ယောင်၏ အတွေးများကို မကြားခဲ့ရသည့်အချိန်ထိပင်—
ဖေဖေဟော်က မွဲတေနေသည့် သူ့သူငယ်ချင်းဖြစ်သူကို အိမ်ခေါ်လာသည့်အချိန်၌ ယဲ့လဲ့ယောင်က အတွင်းစိတ်ထဲမှ ပြောလိုက်မိသည်။
"အိုး ဒါဆို ဒီတစ်ယောက်က ဖေဖေဟော်ကို မြူဆွယ်ဖို့ ကြိုးစားနေတဲ့ မြွေပွေးမပေါ့... မေမေဟော်နဲ့ ဖေဖေဟော်ကို ကွာရှင်းအောင်လုပ်ပြီး ဟော်မိသားစုကို ဖျက်ဆီးဖို့ ကြံစည်နေတာပေါ့…"
ဖေဖေဟော်၏ မျက်ဆံများက ပြူးကျယ်သွား၏: "!"
ထိုည၌ ယဲ့လဲ့ယောင် မေမေဟော်အား မသိမသာ အရိပ်အမြွက် မပေးမီ မြွေပွေးမလေးမှာ ဖေဖေဟော်ထံမှ ကိုယ်တိုင်ကိုယ်ကျ "မောင်းထုတ်" ခံခဲ့ရသည်။
အိမ်၌ မနက်စာစားနေစဉ် အကြီးဆုံးအစ်ကိုဟော်က သူ၏လက်ထောက်နှင့် ဗီဒီယိုကောလ်ပြောရင်း အရေးကြီးသော ပို့ဆောင်ရေးကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးနေခဲ့သည်။
ယဲ့လဲ့ယောင်က သူ့နားများကို စွင့်ထားရင်း တိုးတိုးလေး သူ့ဘာသာသူ ရေရွတ်လိုက်သည်။
"ရက်အနည်းငယ်အတွင်း တိုင်ဖွန်းမုန်တိုင်းက လမ်းကြောင်းပြောင်းပြီး အဲဒီလမ်းကြောင်းကို ဖြတ်သန်းမယ်မှန်း ငါ ဘာလို့ ယောင်ဝါးဝါး မှတ်မိနေတာလဲ... အစ်ကိုကြီးရဲ့ စီးပွားရေး အရောင်းအဝယ်ကတော့ ကျိန်းသေပေါက် ကျဆင်းသွားတော့မှာပဲ…"
အကြီးဆုံးအစ်ကိုဟော်: "..."
သူက သူ့လက်ထောက်နှင့် သင်္ဘော၏လမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။ ငါးရက်ကြာပြီးနောက် မူလလမ်းကြောင်း၌ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အကြီးဆုံးအစ်ကိုဟော်က ယဲ့လဲ့ယောင်၏ အကောင့်ထဲသို့ ငါးသန်းလွှဲပေးလိုက်သည်။ ယဲ့လဲ့ယောင်က အလွန်အံ့အားသင့်သွားသည်။ အစ်ကိုအကြီးဆုံးဟော်က တည်ငြိမ်ဟန်ဆောင်ရင်း အေးဆေးစွာ ပြောလိုက်သည်။
"ယူလိုက်... အဲဒါက မင်း ရှာထားတဲ့ပိုက်ဆံ…"
တတိယအစ်ကိုဟော်က အချိန်မတန်မီ အချစ်ရေးကိစ္စများအတွက် ယဲ့လဲ့ယောင်အား သတိပေးတော့မည့်အချိန်တွင် ယဲ့လဲ့ယောင်၏ သူ့စိတ်ထဲ၌ တီးတိုးပြောနေသံကို ကြားလိုက်ရသည်။
"သူတို့က ချောတာတော့ ဟုတ်ပါတယ်... ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူတို့က ပြိုင်ဘက်အဖွဲ့ကနေ ပို့လိုက်တဲ့ သူလျှိုတွေပဲ…"
တတိယအစ်ကိုဟော်က အိမ်တွင် မကြာခဏ ရှိမနေတတ်ပေ။ လိဂ်ပြိုင်ပွဲပြီးဆုံးပြီးနောက် သူက အသစ်ခေါ်ယူထားသော အသင်းသားများကို ညစာစားရန် အိမ်သို့ခေါ်ဆောင်သွားခဲ့သည်။ အိမ်ထဲသို့ဝင်လိုက်သည်နှင့် ယဲ့လဲ့ယောင်က သူ၏အသင်းဖော်အသစ်များကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။
တတိယအစ်ကိုဟော်: "!!!"
ထိုညတွင် တတိယအစ်ကိုဟော်က စတင်စုံစမ်းစစ်ဆေးခဲ့သည်။ အသင်းဖော်အသစ်များက ပြိုင်ဘက်အသင်းမှ သူလျှိုများဖြစ်ရုံသာမက သူ၏ယုံကြည်ရဆုံး လက်ထောက်ကလည်း သူတို့အဖွဲ့၏ အချက်အလက်များကို လျှို့ဝှက်စုဆောင်းနေကြောင်း တွေ့ရှိခဲ့ရသည်။
တစ်ပတ်အကြာတွင် ယဲ့လဲ့ယောင်၏ အကောင့်ထဲ၌ နောက်ထပ်ဆယ်သန်း ပေါ်လာခဲ့ပြန်သည်။
ယဲ့လဲ့ယောင်က ပိုက်ဆံများကို ဝမ်းသာအားရ ကိုင်ထားလိုက်သည်။
"တတိယအစ်ကိုက အစ်ကိုကြီးထက်တောင် ပိုရက်ရောသေးတယ်…"
ထိုအချိန်တွင် ဘေးမှဖြတ်သွားသည့် အစ်ကိုအကြီးဆုံးဟော်: "..."
Reviews
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025
18 Jun, 2025