အပိုင်း ၅
Viewers 440

လူမှားလက်ထပ်မိသော အမြောက်စာလေး

 

အပိုင်း ၅

 

 

 

တစ်စုံတစ်ယောက်ကို စေ့စပ်ထားသူ အတုအဖြစ် ရှာလာသည်ကပင် အတော်လွန်နေပြီဖြစ်ပြီး ယဲ့မင်ရှူးနှင့် ကျိဇယ်၏ သဘောထားများကို သိလိုက်ရသည့်အတွက် ဤကိစ္စက ပို၍ဒုက္ခများနိုင်သည်။ သို့သော်လည်း လင်းချောင်၏ အခြေအနေမှာ မစောင့်နိုင်တော့ပေ။

 

 

 အများကြီး စဉ်းစားပြီးနောက် မစ္စတာကျိက သူ၏ဒုတိယသားကို လွှတ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ပထမအချက်မှာ ကျိသော်က အယုံကြည်ရဆုံးဖြစ်ပြီး ဒုတိယအချက်မှာ သူ၏အကြီးဆုံးသားဖြစ်သူသည် အလုပ်ကိစ္စဖြင့် ခရီးဝေးသွားရာ ကျိသော်ထက် ပိုသင့်တော်သူ မရှိတော့ပေ။

 

 

ယဲ့မင်ရှူး နှင့် ကျိဇယ်တို့က သေချာပေါက် သွားမည်မဟုတ်သလို ရွှီလီတွင် အချိန်ရှိသော်လည်း လင်းချောင် ၏ ဦးလေးနှင့်အဒေါ်ကို ကိုင်တွယ်ရန် အခွင့်အာဏာမရှိခဲ့ပေ။ ကျိသော်ကသာ အယုံကြည်ရဆုံးသူ ဖြစ်သော်လည်း သူကငြင်းဆိုမည် သို့မဟုတ် အခြားအစီအစဉ်များ ရှိနေခဲ့မည်ကို မစ္စတာကျိ စိုးရိမ်မိ၏။

 

 

ကျိသော်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း သဘောတူခဲ့သည်။ "ကောင်းပါပြီ။ ကျွန်တော် စီစဉ်လိုက်ပါမယ်။"

 

 

မစ္စတာကျိက စိတ်အေးသွားတော့သည်။ "ထောက်ခံစာကိုလည်း မမေ့နဲ့။"

 

 

လင်းချောင်ကို အတွေးမလွန်စေရန်အတွက် သူကထပ်ပြောလိုက်သည်။

 

 

"မင်းရဲ့ကိစ္စက အရေးကြီးတယ်။ ဒါကို အရင်ဆုံး ဂရုစိုက်ပါ၊ မင်းပြန်လာတဲ့အခါ ကျန်တာတွေကို ဆွေးနွေးမယ်"

 

 

ဤစာက သေချာပေါက် အိမ်ထောင်ရေး မိတ်ဆက်စာဖြစ်၏။ ယဲ့မင်ရှူး၏ လုပ်ရပ်များနှင့် ပြဿနာကို မဖြေရှင်းနိုင်သေးသည်ဖြင့် မစ္စတာကျိက လင်းချောင်အား မည်သို့ရှင်းပြရမည်ကို မသိတော့ပေ။ လင်းချောင်ကို အာမခံချက်တစ်ခုပေးကာ သူ၏ရပ်တည်ချက်ကို ပြသရန် ဆုံးဖြတ်ခဲ့သည်။

 

 

မိသားစုပြဿနာများကို ဖြေရှင်းနိုင်သရွေ့ လင်းချောင် အလျင်မလိုပေ။ တကယ်တော့ အခြေအနေက သိပ်မဆိုးဘူးဆိုရင် ကျိမိသားစုနှင့် လက်ထပ်ခြင်းက အမြန်ဆုံးနှင့် ပြဿနာအနည်းဆုံး ဖြေရှင်းနည်းဖြစ်သည်။ မဟုတ်လျှင် လက်ထပ်သဘောတူညီချက်ကို ဖြည့်စည်းရန် သူမ မလုပ်လိုချေ။ သူမဦးလေးနှင့် အဒေါ် တို့က ရက်စက်လွန်းသည်။

 

 

အကယ်၍ သူမသာ ကျိမိသားစုနှင့် လက်မထပ်လျှင် သူတို့က သူမကို တစ်ကြိမ်ရောင်းစားပြီး နောက်တစ်ကြိမ် ထပ်ရောင်းစားနိုင်သည်။ ၂၁ ရာစုမှာတောင် လူတွေက သူတို့ရဲ့သမီးတွေကို ယွမ်ထောင်ဂဏန်းနဲ့ ရောင်းစားပြီး ရဲတွေရှေ့မှာ သူတို့ရဲ့ ကလေးတွေကို ရဲရဲဝံ့ဝံ့ရိုက်ကြသည်။ သူမက သူတို့၏ သမာဓိရှိမှုကို အလောင်းအစားမလုပ်ရဲပေ။

 

 

ထို့အပြင် သူမနှင့် ထိုပညာတတ်လူငယ်တို့သည် တရားဝင်စေ့စပ်ခဲ့ကြပြီး အိမ်ထောင်ရေးလက်ဆောင်များ ဖလှယ်ခဲ့ကြသည်။ သူသာ အရှက်မရှိရင် စေ့စပ်ပွဲကို ဖျက်သိမ်းရန်ငြင်းဆန်နိုင်သည်။ သူမက ယန်ဒူတွင်အခြေချနေထိုင်လျှင်ပင် သူမ၏စေ့စပ်ထားသူအဖြစ် သူက သူမထံသို့လာနိုင်သည်။

 

 

လင်းချောင်က မတ်တပ်ထရပ်ပြီး မစ္စတာကျိကို ကျေးဇူးတင်စကားဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ် မစ္စတာကျိ။"

 

 

"ဟေး ဘာလို့ ငါ့ကို မစ္စတာကျိ လို့ခေါ်နေတာလဲ"

မစ္စတာကျိက လက်ကာပြလိုက်သည်။

 

 

"လောင်လင်းနဲ့ ငါက သေအတူရှင်မကွာ ဆက်ဆံရေးပါ။ ငါ့ကို အဘိုးကျိလို့ပဲ ခေါ်ပါ။"

 

 

"ကျေးဇူးတင်ပါတယ် အဘိုးကျိ။"

 

 

မစ္စတာကျိ၏ နဖူးပေါ်မှ နက်နဲတဲ့ အရေးအကြောင်းများပြေလျော့သွားတော့သည်။

 

 

"ဒီနေ့ အရမ်းနောက်ကျနေပြီ ညဘက်ကားမောင်းရတာ မလုံခြုံဘူး။ မင်းအဖွားကျိက မင်းအတွက် အခန်းပြင်ပေးလိမ့်မယ်။ ဒီည ငါတို့အိမ်မှာနေပြီး မနက်ဖြန် မနက်စာစားပြီးမှ သွားကြပေါ့။"

 

 

မင်္ဂလာဆောင်မည့်ရက်ကို သန်ဘက်ခါဟု သတ်မှတ်ထားသောကြောင့် မနက်ဖြန်ထွက်လျှင် အချိန်မီနေသေး၏။ လင်းချောင်က ကန့်ကွက်ခြင်းမရှိဘဲ ပြောလိုက်သည်။

 

 

"အဆင်ပြေပါတယ်။ တစ်နေကုန် ခရီးသွားလာလို့ ကျွန်မလည်း တော်တော်ပင်ပန်းနေပြီ"

 

 

သူမက လက်ထဲမှ ပန်းသီးတစ်စိပ်ကို ကိုက်ပြီးပြောလိုက်၏။

 

 

"ဒီပန်းသီးတွေကို အဘိုးအတွက် ဝယ်ခဲ့ပေမဲ့ ကျွန်မအရင်စားလိုက်တော့မယ်။"

 

 

သူမ၏ ရယ်မောပြောဆိုသောစကားသည် ပတ်ဝန်းကျင်အနေအထားကို သ်ိသိသာသာ အရောင်လင်းသွားစေခဲ့သည်။ မစ္စတာကျိက ပြုံးပြီး ပြောလိုက်၏။

 

 

"မင်းစားချင်သလောက်စားပါ။ မဝ သေးရင် မင်းအဖွားကျိကို အခွံနွှာပေးခိုင်းလိုက်မယ်။"

 

 

ထို့နောက် သူက ရွှီလီကိုကြည့်ကာ ပြောလိုက်သည်။

"ရှောင်ကျန်း ဟင်းချက်ပြီးပြီလား။ လင်းချောင် ကြိုက်တဲ့ဟင်းနည်းနည်း ထပ်လုပ်ခိုင်းလိုက်ပါ။"

 

 

" ကောင်းပါပြီ။ ရှင် အိမ်မှာ စည်စည်ကားကားဖြစ်ဖို့ စိတ်အားထက်သန်နေတာ ကျွန်မမြင်ပါပြီ။"

 

 

ရွှီလီက ပြုံးပြီး လင်းချောင်ကို ပြောလိုက်သည်။

 

 

"လူတွေက အသက်ကြီးလာတာနဲ့အမျှ အပေါင်းအသင်းကိုပဲ အမြဲမျှော်နေကြတယ်။ ဒါပေမဲ့ မင်းရဲ့ဦးလေးကျိနဲ့ တခြားသူတွေက အလုပ်ရှုပ်ပြီး အိမ်ခဏခဏ မပြန်နိုင်ကြဘူး။ ငါတို့ နှစ်ယောက်တည်း အမြဲညစာစားရတာ။"

 

 

ထို့နောက်သူမက  တစ်ခုခုကို သတိရသွားသည်။ "သူ့ကို ဦးလေးလို့ ခေါ်သင့်တယ် မဟုတ်လား။"

 

 

"ကျွန်မအဖေက ၁၉၃၈မှာ မွေးတာပါ။"

 

 

"ဒါဆို မင်းသူ့ကို ဦးလေးလို့ခေါ်ရမှာပေါ့။ ငါတို့ရဲ့ကျိကျွင်းက ၁၉၃၆ မှာမွေးတာ။"

 

 

မစ္စတာကျိက ကျန်းမာရေး အကောင်းဆုံး မဟုတ်သေးဘဲ ဒေါသထွက်နေပြီး စကားအနည်းငယ်ပြောပြီးနောက် ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာများ ပေါ်နေသည်။

 

 

လင်းချောင်က ဒါကိုသတိပြုမိပြီး သူမ၏ပန်းသီးကို ကုန်အောင်စားပြီးသည့်နောက် အူတိုင်ကို အမှိုက်ပုံးထဲသို့ ပစ်ချကာ ပြန်တော့ရန်ပြောလိုက်သည်။

 

 

ကျိသော်က အနားရှိကုတင်ပေါ်တွင်ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။။"ဒီည ကျွန်တော် အဖေနဲ့အတူနေလိုက်မယ်။ အမေ သူနဲ့အတူ ပြန်သွားလိုက်ပါ။ ရှောင်ဖန်းကို လိုက်ပို့ခိုင်းလိုက်မယ်"

 

 

"မနက်ဖြန် အပြင်သွားမှာမဟုတ်ဘူးလား" ရွှီလီက တုံ့ဆိုင်းနေသည်။

 

 

"ကျွန်တော် ကားမောင်းစရာမလိုပါဘူး"

 

 

ကျိသော်က သူတို့ကို အောက်ထပ်သို့လိုက်ပို့ခဲ့သည်။ လင်းချောင်နေထိုင်မည့်နေရာ စီစဉ်ရန် သူမသားထက် သူမက ပိုသင့်တော်သည်ဟု ယူဆသဖြင့် ရွှီလီက ဘာမှပြန်မပြောတော့ပေ။ သူမက ညွှန်ကြားချက် အနည်းငယ်ပေးပြီး လင်းချောင်နှင့်အတူ ကားထဲသို့ဝင်သွားခဲ့သည်။

 

 

ကားက ခြံဝင်းတံခါးကိုရောက်သည်နှင့် လင်းချောင်တွေ့ခဲ့သည့် အိမ်အကူက စျေးဆွဲခြင်းဖြင့် ပြန်လာသည်ကို မြင်လိုက်ရ၏။

 

 

"ဈေးဝယ်ထွက်ခဲ့တာလား" ရွှီလီက ပြုံး၍နှုတ်ဆက်ကာ ကားပေါ်မှဆင်းလိုက်သည်။

 

 

"ငါတို့မှာ ဧည့်သည်ရှိတယ်၊ ညစာ အတွက် နောက်ထပ် ဟင်းနှစ်ပွဲလောက် ထပ်ပြင်လိုက်ပါ"

 

 

ထို့နောက် သူမက လင်းချောင်ဘက်သို့ လှည့်မေးလိုက်သည်။

 

 

"မင်းစားချင်စရာတာ ရှိသေးလား။ အဒေါ်ကျန်းက မင်းအတွက် လုပ်ပေးလိမ့်မယ်"

 

 

အဒေါ်ကျန်းက မစ္စတာကျိ၏ နေ့စဉ်လိုအပ်ချက်များကို ဂရုစိုက်ပေးသော အိမ်အကူဖြစ်ပုံရသည်။ ဧည့်သည်တစ်ယောက်အနေနှင့် ကျိမိသားစု၏ စားသောက်မှုပုံစံနှင့် ရင်းနှီးမှုမရှိသည့်အတွက် လင်းချောင်က ဘာစားချင်သည်ဟူ၍တော့ မပြောခဲ့ပေ။

 

 

"ဘာမှာရမလဲတော့ မသိဘူး။ စားနေကျအတိုင်းပဲ ချက်လိုက်ပါ။ အိမ်ချက် အစားအစာတွေကို စမ်းကြည့်ချင်တယ်။"

 

 

"ဒါဆို ဝက်သားနှစ်ပေါင်နဲ့ လတ်ဆတ်တဲ့ တရုတ်ဟင်းရွက်အချို့ကိုပဲ ချက်လိုက်တာပေါ့။ အခုကရာသီရောက်ပြီဆိုတော့ ခေါက်ဆွဲ ဒါမှမဟုတ် ကြက်ဥမွှေကြော်နဲ့တွဲစားရင် အရသာကောင်းတယ်။"

 

 

အဒေါ်ကျန်းက အမြန်သဘောတူပြီး ရွှီလီက  လင်းချောင်ဘက်ကိုလှည့်ပြီး  ပြောလိုက်သည်။

 

 

"မင်းတို့နေရာမှာ တရုတ်ဟင်းရွက်တွေ ပေါက်နေပြီမလား။"

 

 

"မပေါက်သေးပါဘူး " လင်းချောင်က ပြန်ဖြေလိုက်သည်။

 

 

"အိမ်မှာက  ယန်ဒူထက် ပိုအေးတယ်။ ကျွန်မ ထွက်လာတော့ တရုတ်ဟင်းရွက်က အခုမှအညှောက်ပေါက်နေတုန်းပဲရှိသေးတယ်။"

 

 

သူမတို့ဖြတ်သွားစဉ်တွင် အဒေါ်ကျန်းက အနည်းငယ်စိတ်မသက်မသာသည့် အမူအရာဖြင့် လင်းချောင်ကိုကြည့်လိုက်သည်။ သူမက လင်းချောင်ကို တံခါးဝတွင် တားဆီးခဲ့ပြီး ယခုလင်းချောင်က  အိမ်ရှင်နှင့်အတူပြန်လာပြီး သူမအား နွေးထွေးစွာဆက်ဆံသော နေခဲ့သည်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမဆို စိတ်မသက်မသာဖြစ်မိ သလို ခံစားရလိမ့်မည်။

 

 

ယဲ့မင်ရှူးက လင်းချောင်ကို ဝင်ခွင့်မပေးရန် ညွှန်ကြားခဲ့ပြီး သူမကအမိန့်အတိုင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လင်းချောင်ကလည်း စိတ်ထဲမထားဘဲ ရွှီလိ၏ အားကိုးကိုယူ၍ သူမအပေါ် အခွင့်ကောင်းမယူခဲ့ပေ။ ထိုအစား သူမက အဒေါ်ကျန်းကို ပြုံး၍ပြောလိုက်သည်။

 

 

" ပြဿနာတွေပေးမိလို့ တောင်းပန်ပါတယ် အဒေါ်ကျန်း။"

 

 

"ပြဿနာမရှိပါဘူး၊ ပြဿနာမရှိပါဘူး။" အဒေါ်ကျန်းက အလျင်အမြန် ခေါင်းခါလိုက်၏။

 

 

သူမ၏တုံ့ပြန်မှုသည် အလွန်သတိထားနေရသည့်ပုံဖြစ်နေသဖြင့် အဖြစ်အပျက် အများစုကိုတော့ ရွှီလီ ခန့်မှန်းနိုင်သည်။ သူမက ပြုံးပြီး တံခါးကိုဖွင့်ကာ လင်းချောင်ကိုပြောလိုက်သည်။ "ဝင်လာခဲ့ပါ"

 

 

ဒီလိုနေရာတွင် ခြံဝင်းနှင့်အိမ်တစ်လုံးကို ပိုင်ဆိုင်ရခြင်းမှာ မလွယ်ကူသော်လည်း ကျိမိသားစု၏ အတွင်းခန်းမှာတော့ မျှော်လင့်ထားသည်ထက် ပို၍ရိုးရှင်းသည်။

 

 

ခြံဝင်းက ရိုးရိုးရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်ပြီး ပန်းပွင့်များနှင့် ဈေးကြီးသောအလှဆင်မှုများ မပါဝင်ခဲ့ပေ။ ခြံထောင့်စွန်းတွင် စပျစ်နွယ်ပင်များ၊ သီးပင်စားပင်များနှင့် သစ်ပင်အောက်တွင် ကြိုးဖြင့် ချည်ထားသည့် ပုခက်လေးတစ်ခုရှိသည်။

 

 

ရွှီလီက လင်းချောင်၏ အကြည့်ကို သတိပြုမိသည်။

"မင်းရဲ့ အဘိုးကျိက ရှောင်လင် အတွက် လုပ်ထားတာလေ။ ကိုင်ရတာကြမ်းလို့ဆိုပြီးသူက နှစ်ကြိမ်ပဲစီးပေမဲ့ မင်းအဘိုးကျိက ငါတို့ကို မဖယ်ခိုင်းဘူးလေ။ ဒါကြောင့် ရှိနေတာနှစ်အတော်ကြာခဲ့ပြီ။ ငါတို့ အဲ့ဒီနေရာကို မကြာခဏ သန့်ရှင်းရေးလုပ်ရတယ်"

 

 

ထိုနေရာသို့သွားသည့်လမ်းတွင် ရွှီလီက မိသားစုအခြေအနေကို လင်းချောင်အား အကြမ်းဖျင်း ရှင်းပြခဲ့သည်။ မစ္စတာကျိတွင် သားနှစ်ယောက်ရှိပြီး သားအငယ်မှာ လက်မထပ်ရသေးဘဲ အကြီးဖြစ်သူ ကျိကျွင်း တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိကြောင်း သိရသည်။ ရှောင်လင်က မစ္စတာကျိ၏ မြေးငယ်ဖြစ်ပြီး ယခုနှစ်တွင် အသက်ဆယ့်သုံးနှစ်သာရှိသေးသည်။

 

 

မစ္စတာကျိက ရာထူးကြီးသည့်အလျောက် ဒေါသကြီးသည့်ပုံပေါ်နေသော်လည်း သူ့မြေးကို ကိုယ်တိုင်ကိုယ်ကျ ပုခက်ဆင်ပေးမည်ဟု လင်းချောင်မထင်ထားခဲ့ပေ။

 

 

အပြင်အဆင်က ရိုးရှင်းနေသော်လည်း ကျိမိသားစုတွင် လိုအပ်သမျှအားလုံးရှိသည်။

 

 

ဝင်သွားသောအခါတွင် ရှေးခေတ်ပုံစံ ဆိုဖာများ၊ ကော်ဖီစားပွဲပေါ်တွင် ပန်းသီးနှင့်ငှက်ပျောသီးများအပြည့် နှင့်ခွက်ရှိပြီး ၂၄လက်မ ရောင်စုံပါတီဗွီကလည်း ဆန့်ကျင်ဘက်တွင်ရှိနေသည်။

 

 

အခြေအနေအရကြည့်လျှင် တီဗွီက တော်တော်ဟောင်းနေပြီ။ ပြန်လည်တည်ထောင်ဖွင့်လှစ်ကာလအပြီးမှသာ တီဗွီများအမြောက်အမြား စတင်ဝင်ရောက်လာခဲ့သည်။ ထိုမတိုင်ခင်က တင်သွင်းသည်ဖြစ်ဖြစ် ပြည်တွင်းတွင် ထုတ်လုပ်သည်ဖြစ်ဖြစ်၊ အစိုးရဌာနများသီးသန့်သာ ရရှိပြီး ကိုယ်ပိုင်အိမ်များတွင်တော့ ရှားပါးပစ္စည်းဖြစ်သည်။

 

 

ရွှီလိက တီဗွီကိုဖွင့်လိုက်ပြီး လင်းချောင်နှင့်အတူ ဆိုဖာပေါ်တွင်ထိုင်ကာစကားစမြည်ပြောလိုက်သည်။

 

 

"မင်းက ၁၉၆၂ မှာမွေးတာမလား။"

 

 

"ဟုတ်တယ် ကျွန်မ ၁၉၆၂ မှာမွေးတာ။ ပြီးခဲ့တဲ့လက ဆယ့်ရှစ်နှစ်ပြည့်တယ်။"

 

 

အကယ်၍ သူမသာ အသက်မပြည့်သေးဘဲ အရွယ်မရောက်သေးသူများအတွက် နိုင်ငံတော်ထောက်ပံ့ကြေး ရနေဦးမည်ဆိုလျှင် လင်းရှို့ယီနှင့်သူ့ဇနီးက သူမကိုအမြန်ရောင်းစားမည်မဟုတ်ဘဲ ငွေအတွက် အချိန်ပိုကြာအောင် ခေါ်ထားလိမ့်မည်။

 

 

"ဒါဆို မင်းအခုဘွဲ့ရလောက်ပြီပေါ့။"

 

 

ရွှီလီက အလယ်တန်းကျောင်းလား အထက်တန်းကျောင်းလား မပြောဘဲ လိမ္မာပါးနပ်စွာ မေးလိုက်ခြင်းဖြစ်၏။

 

 

တကယ်တော့ ကျေးလက်က မြို့ပြနှင့် မတူပေ။ အိမ်တွင် အလုပ်များလာသည်နှင့်အမျှ ယောက်ျားလေးတွေက ပိုပြီးကောင်းကောင်းနေလာရပေမဲ့ မိန်းကလေး တော်တော်များများက အလယ်တန်းကျောင်း ပြီးရန် အခွင့်အလမ်းပင် မရှိခဲ့ပေ။

 

 

ယန်ဒူသည် ကျေးလက်ဒေသမဟုတ်ချေ။ အလုပ်လုပ်နိုင်သရွေ့ စာသင်သည်ဖြစ်စေ မသင်သည်ဖြစ်စေ အရေးမကြီးပါ။ သို့သော် ပညာမတတ်ခြင်းကတော့ ရွေးချယ်စရာ မဟုတ်ပေ။ လင်းချောင်က သူမ၏ ဦးလေးနှင့် အဒေါ်တို့နှင့်အတူ ခက်ခဲစွာနေထိုင်ခဲ့ရသည်။ လက်ထပ်သဘောတူညီချက်က ဘယ်လိုပဲဖြစ်ဖြစ် သူမပညာသင်ကြားခွင့်မခဲ့လျှင် နောက်ထပ်နှစ်အနည်းငယ်ဆက်ပြီး ပညာသင်ကြားခြင်းက သူမအတွက်အကောင်းဆုံးဖြစ်မည်။

 

 

မမျှော်လင့်ဘဲ လင်းချောင်က ပြောလိုက်သည်။

 

 

"ကျွန်မ ဘွဲ့ရပြီးပါပြီ။ မနှစ်က အထက်တန်းကျောင်းပြီးခဲ့ပါတယ်"

 

 

ရွှီလီကအနည်းငယ် အံ့အားသင့်သွားပြီး လင်းချောင်က ရှင်းပြလိုက်သည်။

 

 

"အဖွားက စာသင်ရတာ အန္တရာယ်မရှိဘူးလို့ ပြောခဲ့တယ်။ အဖိုးက ပညာမတတ်လို့ ဒုက္ခရောက်ခဲ့ရတယ်လို့လည်းပြောပြခဲ့ပါတယ်။"

 

 

ထိုအချိန်တုန်းက  စစ်မြေပြင်ကို သွားခြင်းသည် အသက်ကို စွန့်စားရသည့် အဓိပ္ပါယ်ပင်။ ရှင်သန်ခြင်းသည် ကောင်းချီးတစ်ခု ဖြစ်နေပြီဖြစ်ပြီး ပညာရေးကို မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။ သို့သော် စစ်ကြီးပြီးသောအခါ ပညာတတ်နှင့် ပညာမတတ်သူတို့ ကွာခြားချက်မှာ ထင်ရှားလာခဲ့၏။

 

 

အဖိုးလင်းသာ စကားအနည်းငယ်ကို သိခဲ့လျှင် လယ်ပြန်ရမည့်အစား အလုပ်သမားအဖြစ် အလုပ်ရနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့ဇနီးမောင်နှံက ပညာရေးကိုအမြဲတန်ဖိုးထားသည်။ လင်းချောင်၏ ဖခင်သည် စစ်ထဲမဝင်မီ အလယ်တန်းကျောင်းပြီးခဲ့သည်။

 

 

လင်းချောင်အလှည့်သို့ ရောက်သောအခါ သူမ၏အဖွားက သူမသည်ငယ်ရွယ်စဉ်မှာပင် မိဘမဲ့ဖြစ်ခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်ပြီး စောစောစီးစီး အလုပ်မလုပ်ခိုင်းချင်ခဲ့ပေ။ အခက်အခဲများကြားမှ အဖွားဖြစ်သူက အထက်တန်းကျောင်းပြီးသည်အထိ ပညာသင်ပေးခဲ့သည်။

 

 

ရွှီလီက အဖွားလင်းကို မတွေ့ဖူးသော်လည်း လင်းချောင်၏ ပြောစကားအရ သူမသည် အမြင်ကျယ်သူတစ်ယောက် ဖြစ်ပုံရသည်။

 

 

"မင်းအဖွားပြောတာ မှန်တယ်။ ပိုပြီး လေ့လာဖို့က အရေးကြီးတယ်။ မင်း အလုပ်သမားပဲဖြစ်ဖြစ် လယ်သမားပဲဖြစ်ဖြစ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာတတ်တွေလိုအပ်တယ်။"

 

 

စကားစမြည်ပြောနေရင်း အဒေါ်ကျန်းက အစားအသောက်တွေနှင့်အတူ ပြန်လာခဲ့သည်။ ရွှီလီက မီးဖိုခန်းကို စစ်ဆေးရန်ထလိုက်ပြီး အိမ်နောက်ဖက်တွင် လင်းချောင်အတွက် အခန်းပြင်ဆင်လိုက်သည်။

 

 

"  ဒါက ရှောင်လင် ပြန်လာရင်နေတဲ့အခန်းပဲ။ အိပ်ယာခင်းတွေ  အသစ်လဲပေးထားတယ်။ မင်းတစ်ခုခုလိုရင် အိမ်ရှေ့ကိုလာပြီး ငါ့ကိုရှာပါ။"

 

 

သူမက စေ့စေ့စပ်စပ်ပြင်ထားပြီးအပူထိန်းခွက်နှင့် ဖန်ခွက်နှစ်ခွက်ကိုလည်း ယူလာကာ ပြတင်းပေါက်နားရှိ စာရေးစားပွဲပေါ်တွင် တင်ထားသည်။

 

 

လင်းချောင်က သူမ၏ကျောပိုးအိတ်ကို စားပွဲပေါ်တင်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။

 

 

ရက်အတော်ကြာ ပြဿနာများနှင့် ကြုံလာရပြီးနောက်မှာတော့ သူမရဲ့ ကာလရှည်စိုးရိမ်မှုများ ပြေလည်သွားသည့်အတွက် ဒီအိပ်စက်မှုက လင်းချောင် ကူးပြောင်းလာကတည်းက အခုထိ အကောင်းဆုံးအိပ်စက်ခြင်းပင်။

 

 

နောက်တစ်နေ့မနက်တွင် မနက်စာစားပြီးနောက် ရွှီလီက သရေစာအချို့ကို ထုပ်ပိုးလိုက်၏။ သူတို့ဆေးရုံကို ရောက်တော့ ကျိသော်၏ ဂျစ်ကားက အောက်ထပ်တွင် စောင့်နေလေပြီ။

 

 

ယန်ဒူမှ လင်းချောင်၏ မွေးရပ်မြေ ရှန်ဟဲရွာသို့ ခရီးသည် အနည်းဆုံးကားဖြင့် ခုနစ်နာရီမှ ရှစ်နာရီအထိ ကြာသည်။ ကျိသော် စားပြီးပြီဆိုသည်ကိုကြားတော့  ရွှီလီက လင်းချောင်ကို ဂရုစိုက်ဖို့အနည်းငယ် ပြောလိုက်ပြီး ဆေးရုံမှ မောင်းထွက်သွားသော ဂျစ်ကားကို ကြည့်၍ကျန်ခဲ့တော့သည်။ ထို့အချိန်မှတွင် ကုတင်ဘေးစားပွဲပေါ်မှ နံနက်စာတစ်ပွဲရှိသည်ကို သူမ သတိထားမိခဲ့၏။

 

 

"အကြီးဆုံးချွေးမ အခုလေးတင်လာသွားတာ။"

မစ္စတာကျိက ပြောလိုက်သည်။

 

 

ယဲ့မင်ရှူးက သူမအမှားမျာလုပ်ခဲ့သည့်အတွက် ကျိကျွင်းနှင့် သူတို့ဇနီးမောင်နှံကို ပြုစုစောင့်ရှောက်ရန် ပြင်ဆင်ထားသည်။ မနေ့က မစ္စတာကျိကို ဒေါသထွက်အောင် လုပ်ပြီးနောက် သူမက ဒီနေ့ လာ၍အမှားပြင်ခဲ့သည်။ သို့သော် မစ္စတာကျိ၏ အသံနေအသံထားကို ကြည့်ရသည်မှာတော့ ကျေနပ်မှုမရှိပုံပေါ်သည်။

 

 

ရွှီလီက ကုတင်ဘေးတွင်ထိုင်လိုက်၏။ "မနေ့ကလို စိတ်မျိုး ရှိနေသေးတာလား။"

 

 

မစ္စတာကျိက ပြန်မဖြေခဲ့ပေ။

 

 

ရွှီလီက သဘောပေါက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "တကယ်တော့ လင်းချောင်က ထက်မြက်တယ်၊ရဲရင့်တယ်၊ ရန်လိုမှုလည်းမရှိတဲ့ မိန်းမကောင်းလေးတစ်ယောက်ပါ။ မနေ့က ကျွန်မသူ့ကို ပြန်ခေါ်သွားတုန်းကတော့ သူမနဲ့အဆင်မပြေတာမရှိဘူး။ သူမက ဘာကိုမှသိပ်ဂရုမစိုက်တတ်သလို လောဘလည်းမရှိဘူး။"

 

 

ကြီးမားသော ကွာဟချက်ရှိမှုက မညီမျှမှုကိုဖြစ်စေတတ်သည်။ မနာလိုမှုသို့မဟုတ် သိမ်ငယ်မှုများဖြစ်ပေါ်စေတတ်သည်။

 

 

လင်းချောင်ကတော့ တလျှောက်လုံး တည်ငြိမ်သောအမူအရာကို ထိန်းထားကာ လောဘစိတ်ရှိပုံမပေါ်ပေ။

 

 

"သူမရဲ့ တစ်ခုတည်းသော အားနည်းချက်က သူမရဲ့နောက်ခံပဲ။ ပညာရေးနဲ့ ကြီးပြင်းလာမှု အရဆိုရင် သူမက တခြားသူတွေထက် မနိမ့်ကျပါဘူး။ သူ့အဖွားက ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ သိလို့ အထက်တန်းကျောင်းပြီးအောင် ထားပေးခဲ့တယ်တဲ့။"

 

 

"သူမက အထက်တန်းကျောင်းပြီးပြီလား"

 

 

မစ္စတာကျိက ဒါကိုကြားတော့ တော်တော်အံ့ဩသွားသည်။

 

 

မိသားစုနှစ်စုက စေ့စပ်ကြောင်းလမ်းရန် စီစဉ်ချိန်က ထိုဇနီးမောင်နှံနှစ်ဦးက ပို၍အဆင်ပြေရန်နှင့် ပညာရေးအတွက် လင်းချောင်ကို ယန်ဒူသို့ခေါ်ရန်စဉ်းစားခဲ့သည်။ ကံမကောင်းစွာပဲ လင်းချောင် ကျောင်းနေအရွယ်မရောက်မီ မမျှော်လင့်ထားသည့် အဖြစ်အပျက်အချို့ ဖြစ်ပွားခဲ့ပြီး မိသားစုများ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

 

 

ရွှီလီက ခေါင်းညိတ်လိုက်သည်။ "သူမက မနှစ်ကအထက်တန်းကျောင်းပြီးတယ်။ ဒါပေမယ့် ကျွန်မကပြောပြတာပါ ရှင်ပဲ သင့်တော်သလို ဆုံးဖြတ်ပါ။"

 

 

ကျိဇယ်၏ အိမ်ထောင်ရေးတွင် မည်သူမဆို စကားပြောနိုင်သော်လည်း သူမ၏နေရာက ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ပေ။

 

 

ရွှီလီက ပြတင်းပေါက်မှလှမ်းကြည့်ကာ စကားလမ်းကြောင်း ပြောင်းလဲလိုက်သည်။ "ရာသီဥတုက တော်တော်ကို အုံ့ဆိုင်းနေတယ်။ မိုးရွာနိုင်တယ်။"

 

 

ကျိသော်က မည်သည့်အချိန်တွင်မဆို မိုးရွာသွန်းရန် အဆင်သင့်ဖြစ်ပုံရသည့် မှောင်မိုက်နေသော တိမ်ထူထပ်သည့်ကောင်းကင်ကို သတိပြုမိသည်။ မြို့မှမထွက်ခွာမီ သူက ရှောင်ဖန်းကို သောက်ရှင်းချွန်တွင် အဆာပြေမုန့်များဝယ်ခိုင်းခဲ့သည်။ အချို့ကို ရှေ့ခုံတွင် ထားခဲ့ပြီး အချို့ကို လင်းချောင်၏ရှေ့တွင် ထားလိုက်သည်။

 

 

"မိုးရွာမယ်ထင်တယ်။ စားဖို့နေရာ ရှာမတွေ့ရင် မင်းစားလို့ရအောင် အဆာပြေစားစရာတွေ ဝယ်ခဲ့တယ်။"

 

 

ကျိသော်က စကားအနည်းငယ်သာပြောတတ်ပြီး အသေးအမွှားကိစ္စများကို ပြောဆိုနေရခြင်းကို မကြိုက်သူဖြစ်၏။ ဒါက ကားပေါ်တက်ပြီးကတည်းက လင်းချောင်ကို သူပြောခဲ့သည့် အရှည်ဆုံးစကားပင်။

 

 

လင်းချောင်က ခေါင်းညိတ်လိုက်ပြီး စက္ကူအိတ်ထဲမှ အာလူးကြော်တစ်ခု ယူစားလိုက်ပြီး စားမပြီးခင်မှာပင် မိုးရေစက်များ ကျလာတော့သည်။

 

 

နေ့ခင်းဘက်တွင် လေကာမှန်များ ဖွင့်ထားသော်လည်း မိုးသည်းထန်စွာရွာသဖြင့် လေကာမှန်ကိုပင် မမြင်ရတော့ပေ။ အတွေ့အကြုံရှိသည့် ယာဉ်မောင်းတစ်ယောက်ဖြစ်သည့် ရှောင်ဖန်းက ရှေ့ဆက်သွားမည့်လမ်းကို ဂရုတစိုက်ကြည့်လိုက်၏။

 

 

"အလုပ်မဖြစ်လောက်ဘူး။ မိုးက အရမ်းသည်းနေတယ်။ ဆက်သွားရင်တောင် ဒီညတော့မရောက်နိုင်ဘူး။"