အပိုင်း ၆
Viewers 431

လူမှားလက်ထပ်မိသော အမြောက်စာလေး

 

အပိုင်း ၆

 

 

 

ယန်ဒူမှ လင်းချောင်၏ ရှန်ဟဲရွာသို့ ခရီးလမ်းက မတ်ိုပေ။ ၇နာရီထဲက စထွက်သည့်တိုင် ညနေသုံးနာရီ လေးနာရီအထိ သူတို့မရောက်နိုင်သေးပေ။ သုံးနာရီ လေးနာရီမပြောနှင့် ညကိုးနာရီ ဆယ်နာရီဆိုလျှင်တောင် ရောက်နိုင်မည့်ပုံမပေါ်တော့။

 

 

နယ်မြို့များတွင် လူအများစုက စောစောအိပ်ယာဝင်တတ်ကြပြီး မိုးရွာသွန်းသည်က အရှိန်လျော့သွားသောကြောင့် လမ်းများကို မြင်ရပြီဖြစ်သော်လည်း လမ်းများကချော်နေပြီဖြစ်သည်။ ရှောင်ဖန်းကဲ့သို့ အတွေ့အကြုံရှိသည့် ဒရိုင်ဘာကပင် လမ်းခရီးအန္တရာယ်ကင်းမကင်းကို အာမမခံနိုင်ပေ။

 

 

ကျိသော်က တည်တည်ငြိမ်ငြိမ်ဖြင့် လင်းချောင်ကို မေးလိုက်သည်။

 

 

"မင်းမှာ ထောက်ခံစာပါလား။"

 

 

ချက်ချင်းဆိုသလို သူက အပြင်တွင် ညအိပ်ရန်တွေးနေပြီး မနက်မှ ရှန်ဟဲရွာသို့ သွားရန်လုပ်နေသည်ကို လင်းချောင် အတွေးပေါက်သွားခဲ့သည်။

 

 

၁၉၈၀ အစောပိုင်းကာလများတွင် သီးသန့်ကိုယ်ပိုင်ဟိုတယ်မရှိသဖြင့် တည်းခိုခန်းဖြစ်စေ၊ ဟိုတယ်ဖြစ်စေ နေမည်ဆိုလျှင် ထောက်ခံစာလိုအပ်သည်။

 

 

လင်းချောင်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။ "ပညာတတ်လူငယ်ကို ရွာက အတွင်းရေးမှူးရဲ့ဇနီးကမိတ်ဆက်ပေးခဲ့တာ။"

 

 

တစ်ယောက်ယောက်ကသာ အောင်သွယ်ပေးခဲ့ခြင်းဆိုလျှင် သဘောကောင်းသည့် ရွာမှအတွင်းရေးမှုးက လင်းချောင်ကို ကူညီသည့်အနေဖြင့် ထောက်ခံစာရေးပေးမည်ဖြစ်သော်လည်း ယခုက သူ၏ဇနီးဖြစ်နေသည့်အတွက် လင်းချောင်က ထောက်ခံစာမပါဘဲသာ ထွက်လာခဲ့ရ၏။

 

 

ကျိသော်က ထပ်မမေးတော့ပေ။ "ဒါဆိုလည်း ကိုယ်တို့ခဏနေဖို့ ဒေသခံမ်ိသားစု အိမ်တစ်လုံး အရင်ရှာရမယ်။"

 

 

သူနှင့်ရှောင်ဖန်းတို့ နှစ်ယောက်လုံးက စစ်သားများဖြစ်သည်။ လင်းချောင်တွင် ထောက်ခံစာမပါလျှင်တောင် ငွေများများပိုပေး၍ ကမ်းလှမ်းလိုက်လျှင်လည်း သံသယဝင်စရာ သိပ်မကောင်းနေပေ။ ပြီးတော့ သွားနေသည့်လမ်းက လူပြတ်သလို အိမ်တစ်လုံးမှလည်း မတွေ့ရ။ မမှောင်ခင် ဟိုတယ်ရှိသည့်မြို့တစ်မြို့ကိုရှာတွေ့မည်က မဖြစ်နိုင်သလိုပေ။

 

 

ရှောင်ဖန်းကလည်း သတိထားမိပြီး လမ်းကိုပို၍အာရုံစိုက်ကြည့်နေခဲ့သည်။

 

 

သို့သော်လည်း မိုးချုပ်လာသည့်တိုင် နေစရာမတွေ့သေးသည့်အပြင် ပြဿနာအသစ် စလာတော့သည်။

 

 

ရှောင်ဖန်းက ကားရပ်လိုက်ပြီး ထီးတစ်ချောင်းယူကာ ကားမီးရောင်ဖြင့် ရှေ့သို့သွားကြည့်လိုက်သည်။ ပြန်လာသည့်အခါမှာတော့ မျက်နှာမကောင်းတော့ပေ။

 

 

"အရှေ့မှာ လမ်းချော်နေတယ်ထင်တယ်။ လမ်းက အတော်ပိတ်နေလို့ ရှင်းရှင်းလင်းလင်းတောင်မမြင်ရဘူး။"

 

 

သူမသာ ကျိသော်ဆိုလျှင် ယခုအချိန်အတော် ဒေါသထွက်မိမည်ဟု လင်းချောင်တွေးမိနေသည်။ ဘယ်ကမှန်းမသိသည့် သူတစ်ယောက်က လက်ထပ်သဘောတူညီချက်တစ်ခုဖြင့် ရောက်လာကာ ဒီခရီးဖြင့် သူ၏ အချိန်နှစ်ရက်ကို ဖြုန်းတီးနေပြီး ယခုလည်းပြဿနာအသစ်တစ်ခုပေါ်လာပြန်ပြီ။

 

 

ကျိသော်ကလည်း တကယ်ကိုမျက်မှောင်ကြုတ်ထားသည်။ "ရှေ့နည်းနည်းသွားကြည့်ကြတာပေါ့။"

 

 

ရှောင်ဖန်းက ညွှန်ကြားသည့်အတိုင်း လုပ်လိုက်သည်။ ကျိသော်ကလည်း ကားပြတင်းတံခါးမှ လမ်းအခြေအနေကို ငုံ့ကြည့်လိုက်သည်။

 

 

မိုးစဲသွားပြီဖြစ်ပြီး မီးတိုင်မြင့်များ၏ အလင်းကြောင့် သူတို့က ကျောက်နှင့်သဲများရောနေသည့်လမ်းကို မသဲမကွဲမြင်နိုင်သည်။ လင်းချောင်ကလည်း ချောင်းကြည့်လိုက်ရာ ကျန်နေသည့် လမ်းထက်ဝက်လောက်က ဂျစ်ကားဖြတ်ရန် ဘယ်လိုမှအဆင်မပြေသည်ကို တွေ့လိုက်ရသည်။

 

 

အတွေ့အကြုံရှိသော ရှောင်ဖန်းကပြောလိုက်သည်။

 

 

"လမ်းကို တစ်မီတာလောက် မရှင်းဘဲ ကျွန်တော်တို့ကားဖြတ်လို့မရဘူး။"

 

 

တစ်မီတာလောက်ရှင်းရမယ်။ ဘယ်လိုမျိုးလဲ။

 

 

သူတို့တွင် ကိရိယာအစုံရှိလျှင်တောင် သူတို့မလုပ်နိုင်ပေ။ ဤရွာနေသည့်မိုးကြောင့် ခဏအတွင်း စိုရွှဲသွားကြလိမ့်မည်။

 

 

ပြီးတော့ မိုးကလည်း လုံးဝရပ်သေးသည်မဟုတ်သည့်အတွက် ဒုတိယအကြိမ် ဖြစ်လာနိုင်သေးသည်။ စွန့်စားရန် မသင့်တော်သည့်အလုပ်ဖြစ်၏။

 

 

ကျိသော်က ပြတင်းတံခါးမှန်ကို ပြန်တင်လိုက်သည်။

 

 

"ပြန်လှည့်ပြီး အနောက်က မြို့မှာပဲ တစ်ညအိပ်ကြတာပေါ့။"

 

 

ထိုမြို့ကလည်း အလွန်ဝေးသဖြင့် နှစ်နာရီ၊ သုံးနာရီလောက်ကြာနိုင်သည်။

 

 

လင်းချောင်က အနောက်သို့မှီလိုက်ချိန် မိုးသံများကြားမှ အသံတစ်ခုကိုကြားလိုက်ရ၏။

 

 

"အသံတစ်ခုကြားရတယ်။"

 

 

သူမ စကားမဆုံးခင်မှာပဲ ကျိသော်က ပြောလိုက်သည်။

"ကားရပ်လိုက်။"

 

 

သူက အလျင်အမြန် ကားမှန်ချလိုက်ပြီး အာရုံစိုက်နားထောင်လိုက်ကာ မိုးရွာနေသည့်ကြားမှ ကားထဲကထွက်သွားလိုက်သည်။

 

 

ရှောင်ဖန်းက အနောက်မှ ထီးတစ်ချောင်းကိုင်ကာ အမြန်လိုက်တော့၏။ မကြာခင်မှာ သူတို့ပြန်ရောက်လာပြီး ကျိသော်က ယူနီဖောင်းချွတ်လိုက်သည်။

 

 

"တစ်ယောက်ယောက်က မြေပြိုတာမှာပိနေတယ်။ ရှောင်ဖန်းနဲ့ ကိုယ်နဲ့ သူ့ကိုသွားကယ်ရမယ်။ မင်းက ကားထဲမှာပဲနေနော်။"

 

 

သူက ရှေ့ခုံသို့အင်္ကျီကိုပစ်တင်ကာ ကားနောက်မှ ပေါက်ပြား သွားယူလိုက်သည်။ သူက ရှပ်အင်္ကျီတစ်ထည်သာဝတ်ထားသဖြင့် မိုးရေစိုသည့်အခါ သူ၏ ကြွက်သားများကို မြင်နေရ၏။

 

 

သူကတော့ ဂရုစိုက်ပုံမရပေ။ အင်္ကျီလက်က်ိုခေါက်တင်ကာ စတင်၍မြေပြိုသည့်နေရာကို ရှင်းလိုက်တော့သည်။ သူ၏ မာထန်ထန်ပုံစံနှင့်မတူဘဲ သူက အရှုပ်အထွေးများဖြင့် ဖုန်ထူညစ်ပတ်သည့်လမ်းကို ကြိုးစားရှင်းနေ၏။ သို့သော်လည်း ယခုက လူတစ်ယောက်ကို ကယ်တင်ရမည့်ကိစ္စဖြစ်သည့်အတွက် လင်းချောင်က ဘာမှမတွေးတော့ဘဲ ကားပေါ်မှဆင်းကာ နောက်ခန်းမှ ပေါက်ပြားတစ်လက်ယူလိုက်သည်။

 

 

လမ်းအခြေနေဆိုးမည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဂျစ်ကားထဲတွင် ပစ္စည်းကိရိယာအစုံပါ၏။ ပေါက်ပြားများအပြင် ကျိသော်တို့က တူ၊ တူရွင်း၊ပေါက်ချွန်းများနှင့် စစ်တပ်သုံးရှာဖွေရေးမီးလုံးကြီးများကိုလည်း ယူသွားကြသည်။

 

 

လင်းချောင်က ခဏလောက် တွေးလိုက်ပြီးနောက် ပေါက်ချွန်းနှင့် မီးသီးတို့ကိုယူလိုက်ပြီး ထိုနေရာသို့ပြေးသွားခဲ့သည်။ သူမ အနီးသို့ရောက်သွားချိန်တွင် မြေပြိုနေသည့်အပုံကြားမှ သစ်သားလှည်းလေးက ထက်ဝက်လောက်ပေါ်နေပြီဖြစ်သည်။ လှည်းကို တင်ပြီးပြီဖြစ်ပြီး အောက်မှ မြေပုံများနှင့်ပိနေသည့်အမျိုးသားကိုလည်း ကယ်ဆယ်ပြီးပြီဖြစ်သည်။ သူ၏ မျက်နှာကိုရှင်းရှင်းလင်းလင်း မမြင်ရဘဲ ညည်းတွားသံကိုသာခပ်သဲ့သဲ့ကြားရသည်။

 

 

လင်းချောင်က ရှာဖွေရေးမီးလုံးကို အမြန်ထွန်းလိုက်ပြီး ပတ်ဝန်းကျင်တစ်ဝိုက်ကို ကြည့်လိုက်သည်။မီးတစ်လုံး ပိုလာသည့်အတွက် ပတ်ဝန်းကျင်ကို ပို၍ရှင်းလင်းစွာမြင်နိုင်လာသည်။ ကျိသော်က လှမ်းကြည့်လိုက်သော်လည်း ဘာမှတော့မပြောပေ။

 

 

ထို့နောက် လင်းချောင်က မြေပြိုသည့်နေရာကိုကြည့်လိုက်ရာ အထဲတွင် ကျောက်တုံးမာမာကြီးတစ်ခုရှိနေသည့်အတွက် ဒုတိယအကြိမ်မြေပြိုမည်ကတော့ ဖြစ်နိုင်ချေနည်းသည်။ သူမက စိတ်အေးသွားပြီး ထိူလူနှစ်ယောက်ကို လှည်းကိုမရန်ကူညီလိုက်၏။

 

 

သူတို့အတူတကွ ထိုလူကို ကယ်လိုက်ကြသည်။

 

 

ကျိသော်က ထိုလူကို လမ်းပေါ်ချလိုက်ပြီး စစ်ဆေးလိုက်သည်။

 

 

"သူ့လက်နဲ့ ခြေထောက်ကျိုးသွားတယ်။ ကိုယ်တွင်း သွေးယိုမှု ရှိမရှိတော့ မပြောတတ်ဘူး။"

 

 

ပြင်းထန်သည့်ဒဏ်ရာများအတွက် ဆေးရုံသွားရန်လိုအပ်သည်။ သူတို့က ထိုလူကိုဂရုတစိုက်မ၍ ကားနောက်ခုံသို့ထည့်လိုက်သည်။

 

 

လင်းချောင်က လွယ်အိတ်နှင့် အစားအသောက်များကို ဘေးဖယ်ချပြီး ထိုလူအတွက် နေရာရှင်းပေးလိုက်သည်။

 

 

ရှောင်ဖန်းက ကားစက်နှိုး၍ ပြန်လှည့်မည်လုပ်ရာ ထိုလူကပြောလိုက်သည်။

 

 

"ရှေ့...ရှေ့ဆက်သွားပါ..နီးနေပြီ။"

 

 

သို့သော်လည်း လမ်းက ရှင်းရှင်းလင်းလင်းမမြင်သာသည့်အတွက် ရှောင်ဖန်းက ရှေ့ခုံမှကျိသော်ကိုလှမ်းကြည့်လိုက်သည်။

 

 

ကျိသော်က ဘာမှမပြောဘဲ ကားတံခါးဖွင့်ကာ နောက်မှ ပစ္စည်းကိရိယာများ ထပ်ယူလိုက်သည်။

 

 

လမ်းနည်းနည်းလောက် ထပ်ရှင်းခြင်းက မြန်သည်။ ဆယ်မိနစ်လောက်အတွင်း ဂျစ်ကားဖြတ်လို့ရလောက်သည့်အနေအထားအထိ လမ်းရှင်းပြီးဖြစ်သည်။ မိနစ်နှစ်ဆယ်လောက် ကားမောင်းပြီးနောက် အရှေ့ရှိမြို့မှအလင်းရောင်များကို မြင်လာရတော့သည်။

 

 

သူတို့က ထိိုလူကို ဆေးရုံသို့ခေါ်သွားချိန်တွင် သူကနာကျင်မှုကြောင့် သတ်ိမေ့နေလေပြီ။ သူ၏မိသားစုကို ဆက်သွယ်၍ မရသည့်အတွက် ကျိသော်က ဆေးကုစရိတ်ပေးကာ သူ၏ဒဏ်ရာကို ကုပေးရန် ဆရာဝန်များကိုပြောလိုက်သည်။

 

 

ထ်ိုလူကို လူနာတင်တွန်းလှည်းဖြင့်တင်၍ တွန်းသွားသည်ကို မြင်လိုက်ရပြီးနောက် လင်းချောင်နှာချေတော့သည်။ သူရော ကျိသော်ပါ စိုရွှဲနေကြသေးသည်။ အထူးသဖြင့် ကျိသော်က ညစ်ပတ်နေသည့်အဝတ်အစားများနှင့် စိုစွတ်နေသည့်ဆံပင်များကြောင့် ပုံမှန်နှင့်မတူဘဲ တစ်မူကွဲထွက်နေသည်။ သူ၏ တောင့်တင်းသည့် ခန္ဓာကိုယ်ကလည်း စိုနေသည့်အဝတ်များကြောင့် ပေါ်လွင်နေသည်။

 

 

လင်းချောင် နှာချေလိုက်သည်ကိုကြားတော့ ကျိသော်က သူမကိုကြည့်လိုက်ပြီး သူမ၏ဆံပင်နှင့်မျက်နှာများရေစိုနေသည့်အတွက် ဆက်မကြည့်တော့ဘဲ သူနာပြုကိုမေးလိိုက်သည်။

 

 

"ဆေးရုံသုံးဝတ်စုံတွေရှိလား။"

 

 

လူတစ်ယောက်ကို ကယ်တင်ခဲ့သော စစ်သားတစ်ယောက်ကို မြင်ရသဖြင့် သူနာပြုက ချက်ချင်းပဲ သူတို့အတွက် ဆေးရုံသုံးအဝတ်များ ရှာပေးလိုက်သည်။

 

 

"ဒီဟာ အရင်ဝတ်ထားလိုက်။" ကျိသော်က လင်းချောင်ထံတစ်စုံ ကမ်းပေးလိုက်သည်။

 

 

"ဟိုလူက မနိုးသေးဘူး။ ကိုယ်တို့ ဒီမှာတစ်ညနေရမယ်။"

 

 

အေးစက်ပြီး စေးကပ်ကပ် ခံစားရသဖြင့် လင်းချောင်က ထိုဝတ်စုံကိုယူကာ အမျိုးသမီးသန့်စင်ခန်းတွင် အဝတ်သွားလဲခဲ့သည်။ သူမပြန်ရောက်တော့ ကျိသော်က ဝတ်စုံအစိုဖြင့် ပြတင်းပေါက်ဘေးတွင် မတ်တတ်ရပ်နေပြီး မီးရောင်မှိန်ပျပျအောက်တွင် သူ၏နှုတ်ခမ်းမှ အနီရောင်အရာတစ်ခုကို မြင်နေရ၏။

 

 

ယဉ်ကျေးမှုအရလား ကားထဲတွင် မသင့်တော်၍လားတော့မသိပေမဲ့ ဒါက သူ စီးကရက်သောက်နေသည်ကို လင်းချောင် ပထမဆုံးမြင်ဖူးခြင်းပင်။

 

 

ခြေသံကြားသည်နှင့် သူက စီးကရက်ကိုဖယ်ကာ ဆေးရုံအခန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

 

 

"သူနာပြုက ကုတင်အလွတ်နှစ်လုံးပါတဲ့ အခန်းတစ်ခုပြင်ပေးထားတယ်။ မင်းအဲ့မှာအိပ်ပြီး အဝတ်တွေကို အခြောက်လှန်းလို့ရတယ်။"

 

 

သူ၏အသံနေအသံထားက အထက်လူကြီးက ညွှန်ကြားချက် ပေးနေသလိုပင်။ သ််ို့သော်လည်း စီးကရက်သောက်နေသည့် အမူအရာကတော့ သူ၏ ခက်ထန်သည့်ပုံစံကို အနည်းငယ် ဆန့်ကျင်နေလေသည်။

 

 

ဒီလို ရေစိုနေသည့်ပုံစံကြောင့် ဒီလိုပုံပေါ်နေသည်ဟု လင်းချောင်တွေးမိပြီး ပြုံး၍မေးလိုက်သည်။

 

 

"ကျွန်မကြောင့် အလုပ်ရှုပ်သွားတာလား။"

 

 

သူမက ဒီလိုစကားမပြောသိပ်မပြောသည့်သူကို စကားစပြောရန် စိုးရိမ်နေမိသည်။ ကျိသော်နှင့် ရှောင်ဖန်းနှစ်ယောက်လုံးက အနေအေးပြီး ရှောင်ဖန်းကလည်း ကားမောင်းသည်က််ိုသာ အာရုံစိုက်နေသည်။ သူမက ခရီးတစ်လျှောက်လုံး စားလိုက်အိပ်လိုက်ဖြင့် သူစကားစပြောမည်ကိုသာ စောင့်နေခဲ့ရသည်။

 

 

ကျိသော်က သူမတောင်းပန်တော့မည်အထင်နှင့် ပြန်ပြောလိုက်သည်။ "အဲ့လောက် မဟုတ်ပါဘူး။"

 

 

"အဲ့လောက် မဟုတ်ဘူးဆိုတော့ နည်းနည်းတော့ရှုပ်သွားတာပေါ့။"

 

 

မထင်မှတ်ထားဘဲ လင်းချောင်က မော့ကြည့်ပြီးပြောလိုက်သည်။ "ဒုက္ခပေးမိပြီဆိုတော့ နောက်တစ်ခုလောက် ထပ်ကူညီပေးလို့ရမလား။"

 

 

သူမတွင် တောက်ပသည့် မျက်ဝန်းတစ်စုံကြည့်ပြီး လူတစ်ယောက်ကိုကြည့်လျှင် သူမ၏ မျက်ဝန်းထောင့်မှ မှဲ့နီလေးက အခြားတစ်ယောက်ကို ဆွဲဆောင်နေ၏။ ဒီလိုအလှအပက ပြီးပြည့်စုံသည့်အလှဖြစ်သည်။

 

 

ကျိသော်က သူမဘာပြောမည်မသိသဖြင့် ငုံ့ကြည့်၍မေးလိုက်သည်။ "ပြောလေ။"

 

 

"မနက်ဖြန် ကျွန်မအိမ်ရောက်ရင် ကျွန်မဦးလေးနဲ့အဒေါ်ကဘယ်လိုပဲ ကမ်းလှမ်းလာပါစေ လက်မခံပါနဲ့။ ရှင်မသိလောက်ပေမဲ့ ကျွန်မဝမ်းကွဲတစ်ယောက်ရဲ့ အလုပ်အပါအဝင် တစ်ဖက်လူစီက သူတို့အများကြီးယူထားတာ။ အလုပ်မဖြစ်တော့ရင်လည်း သူတို့ပြန်ပေးနိုင်မှာမဟုတ်ဘူး။"

 

 

"မင်းက အကြွေးတင်မှာ ကြောက်နေတာလား။"

 

 

ကျိသော်က စီးကရက်ဖွာလိုက်ရင်း မေးလိုက်ခြင်းပင်။

 

 

လင်းချောင်က ခေါင်းခါလိုက်၏။ "မဟုတ်ပါဘူး။ ကျွန်မက သူတို့ကိုနည်းနည်းလေးမှ အခွင့်ကောင်းယူမခံချင်တာပါ။ ကျွန်မက ငယ်ငယ်တည်းက အလုပ်လုပ်ခဲ့ရပြီး သူတို့က ကျွန်မအဖေရဲ့အကျိုးခံစားခွင့်တွေကို ယူကြတယ်။ အခု သူတို့က ကျွန်မကို ရောင်းစားကြမှာလေ။ ကျွန်မနဲ့ ဘာအကျိုးမှ မဖြစ်တော့ဘူးဆိုရင် သူတို့က ကျိမိသားစုဘက်လှည့်လာကြမှာ။"

 

 

သူမ၏ စကားများက ပြတ်သားပြီး အကြောင်းများပြောပြနေသည်ထက် သတိပေးနေသည်နှင့်ပိုတူသည်။

 

 

ကျိသော်က မျက်ခုံးပင့်ကြည့်လိုက်သည်။ "မင်း သူတို့အကြောင်းကောင်းကောင်းသိပုံပဲ။"

 

 

"ရောင်းစားခံရတော့မှာတောင် အကြောင်းမသိဘူးဆိုရင် ရူးနေလို့ပဲဖြစ်မှာပေါ့။"

 

 

သူမသာမက မူလပိုင်ရှင်ကလည်း ထိုပညာတတ်လူငယ်နှင့် လက်မထပ်လိိုခဲ့ပေ။ လင်းချောင်က မျက်တောင်ခတ်၍ ပြောလိုက်သည်။ "ကျွန်မထွက်ပြေးသွားတာတောင် သူတို့က လက်ထပ်ပွဲဖျက်မှာ မဟုတ်ဘူးဆိုတာ ရှင်ယုံလား။ သူတို့က အချိန်ဆွဲပြီး ကျွန်မကိုပြန်ခေါ်ဖို့လမ်းရှာကြမှာ။"

 

 

လင်းချောင်၏ အထင်က လုံးဝမမှားခဲ့ချေ။ လင်းချောင်ကို မတွေ့တော့သည့်အခါ စွင်းရှို့ကျစ်က သူမ နေမကောင်းဟန်ဆောင်ကာ အိပ်ရာထဲလှဲနေသည်အထင်နှင့် ထမင်းတစ်နပ် မကျွေးလိုသည့်အတွက် သွားမကြည့်ခဲ့ပေ။ ကြက်စာကျွေး၊ ပန်းကန်ဆေးပြီးနာက် သူမက လင်းချောင်ကို အပျင်းကြီးသည်ဟူ၍ ဆဲဆိုနေခဲ့၏။

 

 

နေ့လည်စာစားချိန်အထိ လင်းချောင် ဆင်းမလာတော့မှ တစ်ခုခုမှားနေသည်ကို သူတို့တွေးမိကြသည်။

 

 

စွင်းရှို့ကျစ်က သွားကြည့်ခဲ့ပြီး မျက်နှာပျက်ကာ ပြန်ရောက်လာ၏။ "သူ မရှိတော့ဘူး။ လွယ်အိတ်လည်း ယူသွားတယ်။"

 

 

ဆီပူပူထဲသို့ ရေအေးလောင်းချလိုက် သည့်အတိုင်းပင်။ နောက်တစ်နေ့နှင့် နေ့ဝက်အထိ သူတို့က လင်းချောင်ကိုရှာနေကြသည်။ လင်းရှို့ယီနှင့် သားဖြစ်သူ လင်းဝေ့က အလုပ်ပင်မသွားဘဲ ရှာခဲ့ကြသည်။ ယနေ့မိုးသည်းသည့်တိုင် မနားဘဲ ဆက်ရှာနေကြသည်။

 

 

"ရွာထဲရော ကျောင်းမှာရောရှာပြီးလို့ ဆရာမတွေရော အတန်းဖော်တွေကိုလည်း မေးကြည့်ပြီးပြီ။ အဲ့ဒီကောင်မလေး ဘယ်ကိုပြေးတာလဲ။" စွင်းရှို့ကျစ်က အလွန်စိတ်ရှုပ်လာပြီး လည်ချောင်းများပင် နာလာသလိုပင်။ သူမက မိုးရွာနေသည်ကို ကြည့်ရင်း လင်းဝေ့ကိုမေးလိုက်သည်။

 

 

"ကောမိသားစုက ယန်ဇီကိုမေးပြီးပြီလား။ သူမ တစ်ခုခုသ်ိလောက်တယ်။"

 

 

သူ၏ အမေကြောင့် စိတ်ရှုပ်လာပြီး လင်းဝေ့ကပြောလိုက်သည်။ "ကျွန်တော် မေးပြီးပြီ။ သူက အဖွားအိမ်သွားလ်ို့ အိမ်မှာမရှိဘူးတဲ့။"

 

 

"ဒါဆို သူမ ဘယ်သွားလိုက်တာလဲ။ သတ်သေတာတော့ မဖြစ်နိုင်ပါဘူးနော်။" စွင်းရှို့ကျစ်၏ စိတ်လှုပ်ရှားမှုများက ပို၍ပြင်းထန်လာခဲ့သည်။ လင်းဝေ့က မျက်မှောင်ကြုတ်ပြီး တစ်ခုခုပြောမည်အလုပ် လင်းရှို့ယီပြန်ရောက်လာ၏။

 

 

မိုးအလွန်သည်းသဖြင့် မိုးကာဝတ်သွားသည်တိုင် သူအိမ်ထဲဝင်လာသည်နှင့် ရေများအိုင်၍ကျန်ခဲ့သည်။

 

 

စွင်းရှို့ကျစ်က တဘက်တစ်ထည် အမြန်ယူပေးလိုက်သည်။ "ဘယ်အချ်ိန်ရှိပြီလဲ။ ဘာလို့ နောက်ကျမှပြန်လာတာလဲ။"

 

 

လင်းရှိူ့ယီက တဘက်နှင့်မျက်နှာသုတ်လိုက်သည်။

 

 

"ရေတွေ အရမ်းလျှံနေလို့ ရွာအဝင်ကျောက်တံတားမြုပ်နေတာ။ ကိုယ် စမ်းစမ်းပြီးပြန်လာရတယ်။"

 

 

"ဒါဆို ရှင်သွားခဲ့ရဲ့လား။"

 

 

"သွားခဲ့တယ်။" လင်းရှို့ယီက တဘက်ဖြင့်ကိုယ်သုတ်နေရင်း ပြောလိုက်သည်။ "မရီးက လင်းချောင်ကို မတွေ့ဘူးပြောတယ်။ ကိုယ် သူ့ကိုရှာနေတာတွေ့တော့ ဘာဖြစ်တာလဲပဲ ဆက်တိုက်မေးနေတာ။"

 

 

"သူ အရူးလုပ်နေတာမဟုတ်ဘူးလား။"စွင်းရှို့ကျစ် မယုံနိုင်ပေ။

 

 

"အမေရင်းမဟုတ်ဘဲ ဘယ်သူ့စီသွားတာလဲ။"

 

 

လင်းရှိူ့ယီက ခေါင်းခါလိုက်သည်။ "ပြောရခက်တယ်။ သူမကို ခေါ်ထားချင်ရင်တောင် အိမ်ထောင်အသစ်က ခွင့်ပြုမှာမဟုတ်ဘူးလေ။"

 

 

လင်းချောင်၏ အမေဖြစ်သူ နောက်တစ်ကြိမ်လက်ထပ်တော့ သူမက ကလေးခေါ်မလာဘူးဟု သဘောတူခဲ့သည်။ နှစ်များစွာကြာသည့်တိုင် လင်းမိသားစုနှင့်လည်း အဆက်အသွယ် အနည်းငယ်သာရှိ၏။

 

 

စွင်းရှို့ကျစ်က ကုတင်ပေါ်ထိုင်ချလိုက်သည်။

 

 

"ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။ ကျွန်မ ဒီကိစ္စကို မာမိသားစုကို မပြောထားဘူး။ သူတို့က မနက်လာခေါ်တော့မှာ။ လင်းချောင်ကို ဘယ်လိုမိတ်ဆက်ပေးရတော့မှာလဲ။"

 

 

ရုတ်တရက် သူမက အတွေးတစ်ခုဝင်လာ၏။

 

 

"အဲဲ့ဒီကောင်မလေး ကျိမိသားစုကို သွားရှာတာတော့ မဟုတ်ပါဘူးနော်။"