အပိုင်း ၉
Viewers 435

လူမှားလက်ထပ်မိသော အမြောက်စာလေး

 

အပိုင်း ၉

 

 

 

လင်းမိသားစု၏ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းလာသည့်အတွက်ကြည့်ရသည်က ရိတ်သိမ်းရာသီထက်ပို၍ကြည့်ကောင်း၏။

 

 

ထွက်သွားတော့မည်လုပ်နေသည့် အိမ်နီးချင်းအများစုက မာမိသားစုသတို့သမီး ခေါ်ရန်ရောက်လာသည်ကိုမြင်ရတော့ ရပ်သွားကြတော့သည်။ ကျောက်စန်း၏ ဇနီးသည်က ခါးကိုလက်ထောက်ပြီး လင်းစုံတွဲ၏ အမူအရာကိုကြည့်ရန်စောင့်နေလိုက်သည်။

 

 

အဝင်ပေါက်တွင် လူအများကြီးရှိနေသည့်အတွက် ကားပေါ်မှလူများကလည်း သတိထားမိပြီး မာရုန်လင်ကို စနောက်ခဲ့ကြသည်။

 

 

"မင်းရဲ့ အနာဂတ်ဦးလေးနဲ့ အဒေါ်နဲ့က အရမ်းစိတ်အားထက်သန်တာပဲ။ မင်းမလာခင် အဝင်ဝမှာတောင်ကြိုစောင့်နေသေးတယ်။"

 

 

"သူတို့စိတ်အားထက်သန်ကြမှာပေါ့။ သူတို့သားရဲ့အနာဂတ်က မင်းလက်ထဲမှာလေ။"

 

 

သူတို့၏ စကားများက လင်းမိသားစုအပေါ် လုံးဝလေးစားမှုရှိမနေဘဲ အခြားတစ်ယောက်က မာရုန်လင်၏ ပခုံးကိုလက်တင်၍ပြောလိုက်သည်။

 

 

"မင်းရဲ့သတို့သမီးက အရမ်းလှတယ်ကြားတယ်။ ဟုတ်လား။"

 

 

"ဒါပေါ့။ မဟုတ်ရင် ရုန်လင်က မြို့သူအစား နယ်က လူကိုယူပါ့မလား။"

 

 

မာရုန်လင် ဘာမှမပြောနိုင်သေးခင် အခြားတစ်ယောက်ကပြုံး၍ မျက်စပစ်ပြလိုက်သည်။

 

 

"သူမ လှလားမလှလား မကြာခင်မြင်ရမှာပေါ့။"

 

 

ကျောက်မိသားစုပြဿနာကြောင့် သူက မြို့ပေါ်တွင်လည်း မိန်းကလေးတစ်ယောက် မရှာဖြစ်သော်လည်း လင်းချောင်ကိုတော့ ဆွဲဆောင်မှုရှိသလိုမြင်မိ၏။

 

 

လင်းချောင်က မိဘများနှင့်တူ၍ အရပ်ရှည်ရှည် ခါးသွယ်သွယ်ဖြစ်ပြီး ထက်မြက်သည့်ပုံပေါ်သည်။ မြို့သူတစ်ယောက်ကပင် သူမကို ယှဉ်နိုင်မည်မထင်။ ကံမကောင်းစွာနဲ့ သူနယ်သို့ရောက်ခဲ့ချ်ိန်က သူမက ငယ်ရွယ်ပြီး ဆယ့်တစ် ဆယ့်နှစ်အရွယ်သာရှိသေးသည်။ မဟုတ်လျှင်သူက ကျောက်ရှားအစား သူမကိုသာ လက်ထပ်ခဲ့မိလိမ့်မည်။ အကြောင်းဖန်လာသည့် လက်ထပ်ပွဲကြောင့် မာရုန်လင်က ပျော်ရွှင်နေပြီး ကားပေါ်မှမဆင်းမီ ဝတ်စုံကိုပင်သေချာပြန်ပြင်လိုက်သေးသည်။

 

 

Suite ဝတ်စုံများက ပြန်လည်တည်ထောင်ကာလအပြီးမှ ခေတ်စားလာခြင်းဖြစ်သည်။ များသောအားဖြင့် အရောင်းဌာနများမှလူများသာ ဝတ်လေ့ရှိသဖြင့် အတော်ရှားသည်။

 

 

မထင်ထားဘဲ သူက လင်းရှို့ယီတို့ ဇနီးမောင်နှံကို နှုတ်မဆက်န်ိုင်ခင် ရင်းနှီးသည့် မျက်နှာတစ်ခုက ဝင်နှောင့်ယှက်လိုက်၏။

 

 

"suit အင်္ကျီဝတ်ပြီး မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ။ မင်းက မြင်နေရတဲ့ပုံစံအတိုင်းမှမဟုတ်တာ။"

 

 

စကားလုံးများက ပြင်းထန်သည့်အတွက် မာရုန်လင်တစ်ယောက် မျက်နှာပျက်လာတော့သည်။ ဒါက သူ၏ မင်္ဂလာပွဲနေ့ဖြစ်သည်ကို သတိထားလိုက်ပြီး သူက ရန်မဖြစ်ရအောင်နေခဲ့သည်။

 

 

ထိုလူကို လျစ်လျူရှုသည်က ထိုသူကလည်း သူ့ကိုလျစ်လျူရှုသွားမည့် သဘောမဟုတ်ပေ။ ကျောက်စန်း၏ ဇနီးသည်က ရယ်မောလိုက်ပြီးပြောလိုက်၏။

 

 

"လူတွေကတော့ လာရတာ အကျိုးမရှိတော့ဘူး။ ချောင်ချောင်က ငယ်ငယ်တည်းက စေ့စပ်ထားတဲ့သူရှိတယ်။ သတို့သားလောင်းက ကြည့်ကောင်းတဲ့ ယန်ဒူက စစ်တပ်အရာရှိတစ်ယောက်လေ။"

 

 

"လင်းချောင်မှာ ငယ်ငယ်တည်းက သဘောတူထားတဲ့သူရှိတာလား?"

 

 

ဒီတစ်ခါမှာတော့ မာရုန်လင်က အရေးမပါသည့်အရာအဖြစ် ကျော်မသွားနိုင်တော့ပေ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး မယုံနိုင်သည့်အကြည့်ဖြင့် လင်းဇနီးမောင်နှံကို ကြည့်လိုက်သည်။

 

 

သူတို့၏ စိတ်မသက်မသာပုံစံကိုမြင်ရတော့ သူတို့က သူ့ကို ကူညီရန်လာခြင်းမဟုတ်ဘဲ တစ်ခုခုကိုဆုံးရှုံးလိုက်ရသလိုဖြစ်နေသည်။

 

 

သတို့သမီးကြိုရန်အတွက် သူနှင့်အတူ လိုက်လာကြသော မိတ်ဆွေများကလည်း စနောက်ခြင်း ရပ်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်ရှုပ်စွာကြည့်နေကြသည်။

 

 

တိတ်ဆိတ်နေသည့်နေရာတွင် ကျောက်စန်း ဇနီး၏ စကားသံက ပို၍ကျယ်လောင်လာ၏။

 

 

"အဖိုးလင်းက အမြင်ရှိတယ်၊ ချောင်ချောင်အတွက် မြေးသမက်ကောင်းကောင်းရှာပေးခဲ့တာ။ညအဲ့ဒီကားကိုကြည့်လိုက်ပါလား ဘက်စ်တွေထက် အများကြီးပ်ိုကောင်းတယ် ပြီးတော့ ဒရိုင်ဘာလည်းရှိသေးတယ်။"

 

 

သူမ၏ အကြည့်အတိုင်းလိုက်ကြည့်မိခါမှ မလှမ်းမကမ်းမှ ဂျစ်ကားကို မာရုန်လင် သတိထားမိတော့သည်။

 

 

နယ်ဒေသ၏ ဖုန်ထူသောလမ်းလေးများက ကားနှစ်စီးဘေးချင်းယှဉ်သွားရန် ကျဉ်းလွန်းသော်လည်း ကွာခြားချက်အရတော့ သူငှားလာသည့်ကားက ပို၍နိမ့်ကျနေသည်မှာသိသာ၏။

 

 

ပြီးတော့ မြို့ပေါ်တွင် ကြီးလာခဲ့သူဖြစ်သည့်အတွက် သူက နယ်မှလူများထက်ပိုသိပြီး လိုင်စင်ပြားက်ိုကြည့်လိုက်သည်နှင့် ယန်ဒူမှဆိုသည်ကို သိလိုက်သည်။

 

 

ရှေ့ခန်းမှ မှန်ထက်ဝက်ဖွင့်ထားရာတွင် လူငယ်တစ်ယောက်ရှိနေပြီး သူ၏နှာခေါင်းချွန်ချွန်နှင့် မေးရိုးများကိုမြင်နေရသည်။ ရန်ပွဲဖြစ်နေသည့်တိုင် သူက စိတ်မဝင်စားသည်လား စိတ်ထဲပင်မရှိသည်လားမသိဘဲ လှည့်ကိုမကြည့်ခဲ့။

 

 

မာရုန်လင်၏ မျက်နှာအမူအရာက အမျိုးမျိုးပြောင်းသွားပြီး နောက်ဆုံးမှာတော့ သူ၏စိတ်ခံစားချက်ပေါင်းစုံက ဒေါသအဖြစ် ပြောင်းသွားတော့သည်။

 

 

"ခင်ဗျားတို့က ငယ်ငယ်တည်းက စေ့စပ်ထားတဲ့အကြောင်းသိလျက်နဲ့ ကျွန်တော်နဲ့ မိတ်ဆက်ပေးတာလား။ ကျွန်တော့်ကို အရူးလုပ်မလို့ကြံနေတာလား။"

 

 

"ဟုတ်တယ်။ ရက်လည်းရွေးပြီးသလို ဝိုင်လည်းပြင်ထားပြီး ဧည့်သည်တွေကိုလည်း ဖိတ်ထားပြီးပြီ။ အခုသတို့သမီးကြိုဖို့လာတော့မှ မင်္ဂလာပွဲမရှိတော့ဘူးလို့ပြောနေတာလား!"

 

 

သူနှင့်အတူပါလာသည့် သူငယ်ချင်းများကလည်း အင်္ကျီလက်များခေါက်တင်ကာ အော်ဟစ်ပြောဆိုလာကြလေပြီ။

 

 

အခြေအနေက ထိန်းမရတော့သည့်အတွက် လင်းဝေ့က ကြားဝင်ဖျောင်းဖျရန် လုပ်လိုက်သော်လည်း လင်းရှို့ယီက ဝင်ပြောလိုက်သည်။

 

 

"ငါတို့ရဲ့ လင်းဟွေ့ကလည်း လက်ထပ်ရမဲ့အသက်အရွယ်ပါပဲ။"

 

 

စွင်းရှို့ကျစ်ကလည်း အံ့အားသင့်သွား၏။

 

 

"ရှင်ဘာပြောနေတာလဲ။"

 

 

အရာအားလုံး ပြောပြီးဆိုပြီးဖြစ်သည့်အတွက် လင်းရှို့ယီက အဆုံးထိ ဆက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

 

 

"ငါလည်း နောက်ထပ် လင်းချောင်တစ်ယောက် ထပ်လုပ်ပေးလို့မရဘူး။ ဘာလုပ်ပေးရမှာလဲ။ လူတွေကလည်း စောင့်နေကြပြီ။ အနည်းဆုံးတော့ လင်းဟွေ့နဲ့လက်ထပ်လို့ရတယ်လေ။ သူမ အသက်ပြည့်တာနဲ့ လက်မှတ်ယူလို့ရပြီ။"

 

 

စွင်းရှို့ကျစ်က ပေါက်ကွဲသွားတော့သည်။

 

 

"လင်းရှို့ယီ ရှင်ရူးသွားပြီလား!"

 

 

သူမက အပြောကြမ်းပြီး လောဘကြီးသော်လည်း သမီးရင်းကို ရောင်းစားရန်တော့ တစ်ခါမှမတွေးဖူးခဲ့ပေ။ အခုတော့ သူက အကြံပေးနေသေးသည်။ ရက်အနည်းငယ်လောက်ကတော့ လင်းချောင် လက်မထပ်လိုလျှင် ပြဿနာမဖြစ်စေရန် လက်ထပ်ပွဲမလုပ်တော့ရန်ပြောခဲ့သေး၏။ ယခုသူက အခြားသူများထက် ပိုအေးစက်နေတော့၏။

 

 

စိတ်ခံစားချက် မကောင်းဖြစ်နေသည့် မာရုန်လင်က သူတို့၏ တုံ့ပြန်ပုံကြောင့် ရယ်လိုက်မိသည်။

 

 

"ခင်ဗျားတို့က သူမနဲ့လက်ထပ်ပေးချင်တာလား။ ကျွန်တော် သူ့ကိုမလိိုချင်ဘူး။ ကျွန်တော့်ကို အမှိုက်ကောက်တဲ့သူလို့ ထင်နေတာလား။"

 

 

အမှန်တော့ လင်းဟွေ့ကလည်းလှသည်။ သို့သော်လည်း သူမပုံစံက သာမန်မြို့ပေါ်တွင်လည်းပေါသလို သူမက လင်းချောင်နှင့် ယှဉ်မရပေ။

 

 

သူ၏စကားများက ပြင်းထန်သည့်အတွက် သူ့ကိုသဘောမကျသည့် လင်းဟွေ့ကပင် အတော်လွန်သလိုခံစားရ၏။

 

 

မာရုန်လင်က လင်းချောင်ကို လက်မထပ်နိုင်တော့သည်ကို သိသည့်အတွက် လင်းရှို့ယီနှင့် စွင်းရှိ့ကျစ်ကို အေးစက်စွာကြည့်လိုက်သည်။

 

 

"ဒီကိစ္စမပြီးသေးဘူး!"

 

 

ထိုသို့ပြောပြီးနောက် သူငယ်ချင်းများနှင့်အတူ ထွက်သွားလိုက်သည်။ သူတို့က ပျော်ရွှင်စွာလာပြီး ဒေါသဖြင့်ထွက်သွားရသည့်အတွက် အိမ်နီးချင်းများအတွက်တော့ ကြည့်ကောင်းသည့် ဇာတ်လမ်းတစ်ခုပင်။

 

 

အထူးသဖြင့် ကျောက်စန်း၏ဇနီးက ပို၍စိတ်ကျေနပ်မိသည်။ ထိုပညာတတ်လူငယ် မြို့ပြန်သွားပြီးတည်းက သူမက ဤသို့မခံစားခဲ့ဖူးပေ။

 

 

မိသားစုနှစ်ခုလုံးက အရှက်မရှိသည့်အလုပ်များလုပ်ခဲ့ကြပြီး အခုတော့ ဘယ်သူမှ ပြဿနာများကလွဲ၍ ဘာမှမရပေ။ တစ်ဖက်ကလည်း သတို့သမီးမရခဲ့သလို မင်္ဂလာပွဲပျက်ခဲ့သည့်အတွက် လူရယ်စရာဖြစ်ရတော့မည်။ သူတို့က အနာဂတ်တွင် အခြားဇာတ်လမ်းများဖြစ်ရန် ရှိဦးမည်။

 

 

လက်ထပ်ရန် စိတ်ကူးမရှိသည့်အတွက် လင်းချောင်က မာမိသားစုနှင့် မပတ်သက်ချင်သဖြင့် ရန်ပွဲကိုလည်းထွက်မကြည့်ခဲ့ပေ။

 

 

သူတို့ထွက်သွားပြီးနောက် သူမက အိမ်ပြင်ထွက်၍ပြောလိုက်သည်။

 

 

"ထောက်ခံစာ သွားယူရအောင်။"

 

 

"အားလုံး ထုတ်ပိုးပြီးပြီလား။"

 

 

ကျိသော်က ဘာမှမဖြစ်ခဲ့သည့်ပုံစံဖြင့် မေးလိုက်သည်။

 

 

"အဝတ်အစားနည်းနည်းပဲ ကျန်တော့တယ်။ အမေခေါက်နေတယ်။"

 

 

ကျိသော်က ဘာမှမပြောဘဲ အထဲဝင်ကြည့်လိုက်ရာ အဖာရာများနှင့် အဝတ်ဟောင်းများကို မြင်လိုက်ရသည်။

 

 

"ဒါတွေကို မယူလာနဲ့။ ကိုယ်တို့ အသစ်ပဲဝယ်ကြမယ်။"

 

 

သူက ဒီနေရာတွင်လုံးဝ ဆက်မနေချင်တော့ပေ။ သူတို့က အချိန်တစ်ညကုန်ခဲ့ပြီဖြစ်ပြီး မြန်မြန်မလုပ်လျှင် အချ်ိန်ထပ်ကုန်လိမ့်မည်။

 

 

လင်းချောင်က အဝတ်များကို ဂရုစိုက်မနေတော့ပေ။ သူမက အရေးကြီးပစ္စည်းများကို ကျောပိုးအိတ်ထဲထည့်ကာ အခြားအရာလေးများကို လက်ကိုင်အိတ်ထဲထည့်လိုက်သည်။

 

 

"ဒီလောက်ဆိုရပြီ။"

 

 

လျိုယွိလန်က တစ်ခုခုခံစားမိပြီး အမူအရာတင်းမာသွားခဲ့သည်။

 

 

"သွားတော့မှာလား။"

 

 

လင်းချောင်က ခေါင်းညိတ်လိုက်ပြီး ခဏအကြာမှာတော့ သူမလက်ကိုက်ိုင်လိုက်သည်။

 

 

"မပူပါနဲ့အမေ။ အခြေတကျဖြစ်တာနဲ့ အမေ့ဆီ စာရေးလိုက်ပါမယ်။"

 

 

သူမ သမီးကသူမကို မငြင်းဆန်သည်ကပင် ရှားပါးသည့်အခွင့်အရေးဖြစ်ပြီး ယခုတော့ သူတို့ခွဲရတော့မည်။ လင်းချောင်က ယန်ဒူကဲ့သို့ အဝေးနေရာရောက်သွားလျှင် သူမကိုတွေ့ရန်က ပို၍ခက်ခဲသွားခဲ့ပြီ။ လျိုယွိလန်က ခေါင်းညိတ်၍ အားတင်းကာပြုံးလိုက်သည်။

 

 

"အမေ ခဏလောက် သမီးနဲ့နှစ်ယောက်တည်းစကားပြောလို့ရမလား။"

 

 

လင်းချောင်က သူမကို အပြင်ခေါ်သွားမည်အလုပ်ကျိသော်က လှည့်ထွက်သွားလိုက်သည်။

 

 

"ကိုယ် ကားထဲမှာစောင့်နေမယ်။"

 

 

သူထွက်သွားသည်နှင့် လျိုယွိလန်က သူမအိတ်ထဲမှ ငွေများကို ထုတ်လိုက်သည်။

 

 

"အမေ ဒီတစ်ခါ အများကြီး မယူလာမိဘူး။ ဒါပေမဲ့ ဒါကိုယူလိုက်ပါ။"

 

 

လင်းချောင်က အံ့သြသွားပြီး ငြင်းဆန်ရန် လုပ်လိုက်၏။

 

 

"လိမ္မာတဲ့ကလေး၊ ဒါကိုယူပါနော်။"

 

 

လျိုယွိလန်က သူမကိုငြင်းခွင့်မပေးဘဲ ငွေများကို လက်ထဲ အတင်းထိုးပေးလိုက်သည်။

 

 

"အမေတို့မိသားစုတွေ အဆက်အသွယ်မရှိတာ ဆယ်နှစ်ကျော်ပြီ။ သူတို့ရဲ့စိတ် ဘယ်လိုလဲဆိုတာ မသ်ိနိုင်ဘူး။ လိုရင် သုံးလို့ရအောင် ယူသွားလိုက်ပါ။"

 

 

သူမက လင်းချောင်၏ လက်ကို ဆုပ်က်ိုင်လိုက်ပြန်သည်။

 

 

"သူတို့က ကောင်းကောင်းမဆက်ဆံရင် ပြန်လာခဲ့ပါ။ ဒီလို ပိုက်ဆံရှိတာက်ို တွယ်ကပ်နေစရာမလိုဘူး။ အမေ သမီးအတွက် ဒီကတစ်ယောက်ရှာပေးမယ်။ အခြေအနေ အရမ်းမကောင်းနိုင်ပေမဲ့ ယုံကြည်ရပြီးသမီးကိုကောင်းကောင်းဆက်ဆံပေးမှာပါ။"

 

 

အနာဂတ်မှာ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခိုက်အတန့်မှာတော့ လျိုယွိလန်၏ စကားများက အစစ်အမှန်ဟု လင်းချောင်ခံစားမိသည်။ မူလခန္ဓာပိုင်ရှင်က လျိုယွိလန် ကလေးစရိတ်များပေးခဲ့သည်ကို သ်ိရောသ်ိရဲ့လားဟု သူမတွေးမိလာသည်။

 

 

မူလပိုင်ရှင်က ပညာတတ်သူဖြစ်ပြီး တွေးခေါ်တတ်သူလည်းဖြစ်၍ အမျိုးသားဇာတ်ဆောင်ကိုသာ ဘဝ၏ အဓိကအဖြစ် သဘောထားမည့်သူမဟုတ်ဟု လင်းချောင်ခံစားမိသည်။ သူမက မငြင်းတော့ဘဲ ငွေများယူကာ အိတ်ကပ်ထဲထည့်လိုက်သည်။

 

 

လျိုယွိလန်က သူမလက်ကိုလွှတ်ပြီး လက်ဆွဲအိတ်ကိုယူလိုက်သည်။

 

 

"သွားရအောင်၊ အမေလိုက်ပို့မယ်။"

 

 

သူတို့ထွက်သွားလိုက်သည်နှင့် စွင်းရှို့ကျစ်နှင့် လင်းရှို့ယီတို့ ခြံထဲရန်ဖြစ်နေသည်ကို မြင်လိုက်ရ၏။

 

 

ကြည့်နေသူများ မရှိတော့သော်လည်း စွင်းရှို့ကျစ်၏ မျက်လုံးများက နီရဲနေပြီး ဒေါသမပျောက်သေးပေ။

 

 

"လင်းရှ်ို့ယီ ရူးနေတဲ့သူ! မာရုန်လင်က ဘယ်လိုလူလဲရှင်မသ်ိဘူးလား။ကျွန်မတို့သမီးကို မီးပုံထဲခုန်ဆင်းစေချင်တာလား။ ကျွန်မ ဘာလို့များမျက်လုံးကန်းပြီး ရှင့်လို အကြင်နာတရားမရှိတဲ့သူကို လက်ထပ်ခဲ့မိပါလိမ့်။"

 

 

"မင်းက အခုတော့ တွေးတတ်သွားပြီပေါ့။ ချောင်ချောင်ကို သူနဲ့မိတ်ဆက်ပေးတုန်းကတော့ ဘာလို့ဒီစကားမျိုးမပြောခဲ့ရတာလဲ။"

 

 

အလုပ်ဖြစ်ခဲ့လျှင် အဆင်ပြေသော်လည်း အလုပ်မဖြစ်ခဲ့သည့်အတွက် လင်းရှို့ယီက ရွာမှလူများအတင်းပြောကြမည်က်ိုနားလည်ကာ ဆောက်တည်ရာမရဖြစ်နေ၏။ သူက ဒေါသထွက်နေရာမှ လင်းဝေ့ကိုမြင်တော့ ပြောလိုက်သည်။

 

 

"မင်း ခွေးကောင်၊ ဒီကိုလာခဲ့!"

 

 

သူက အကြောများပါဆန့်ပြီး လင်းဝေ့အပေါ် ဒေါသပုံချရန်ပြင်နေ၏။

 

 

ကံမကောင်းစွာဘဲ လင်းရှို့ယီ ဘာမှမလုပ်နိုင်ခင်မှာ လင်းချောင်၏ အသံထွက်လာ၏။

 

 

"အစ်ကို ဒီကိုလာပါဦး။ ကျွန်မ အစ်ကို့ကို ပြောစရာရှိတယ်။"

 

 

လင်းရှို့ယီတို့က လင်းချောင်ကို အရေခွံ စုတ်ပစ်ချင်သော်လည်း လျိုယွိလန်နှင့် ကျိသော်ရှိနေသဖြင့် ဘာမှလုပ်မရပေ။

 

 

လင်းဝေ့က အလျင်အမြန် လမ်းကြောင်းပြောင်းပြီး လင်းချောင်၏ အနောက်မှလိုက်၍ ပင်မအိမ်၏ အနောက် အသီးအရွက်အခင်းရှိရာ သွားလိုက်သည်။

 

 

နွေဦးအစဖြစ်သည့်အတွက် စိုက်ခင်းက ကျိုးတိုးကျဲတဲဖြစ်နေပြီး မြေပြင်မှထွက်နေသော အစိမ်းရောက်အပင်ပေါက် အနည်းငယ်သာရှိသည်။ လင်းချောင်က လျိုယွိလန်ပေးသည့်အထဲမှ ငွေအချို့ကို လင်းဝေ့အားပေးလိုက်သည်။

 

 

"ဒါက အစ်ကိုကျွန်မကို ချေးပေးလိုက်တဲ့ငွေတွေပါ။ အစ်ကိုသာမရှိရင် ကျွန်မလည်း ဘာလုပ်ရမယ်သိမှာမဟုတ်ဘူး။"

 

 

လင်းဝေ့ အသက်ရှစ်လမှာပင် စွင်းရှိူ့ကျစ်က ဒုတိယကိုယ်ဝန်ရခဲ့သည်။ သူမက လင်းဝေ့ကို ဂရုမစိုက်နိုင်သည့်အတွက် အဖွားလင်းထံပို့ထားခဲ့ပြီး အဖွားလင်းလုပ်ပေးသည့် ဆန်ပြုတ်နှင့် လျိူယွိလန်၏နို့ဖြင့်သာ ကြီးပြင်းလာခဲ့ရသဖြင့် ညီမအရင်းထက် လင်းချောင်နှင့်ပိုရင်းနှီးသည်။ ဒါကြောင့်ပဲ စွင်းရှို့ကျစ်က လင်းချောင်ကို အသုံးချ၍ သူ့အတွက် အလုပ်ရှာမည်က်ို သူငြင်းခဲ့ရခြင်းဖြစ်သည်။

 

 

ကံမကောင်းစွာပဲ အချို့မိဘများက သားသမီးအတွက် အကောင်းဆုံးကို သိသည်ဆိုကာ သူတို့လုပ်သမျှ အမှန်ဟု ယုံကြည်နေကြသည်။ မိဘများကို မငြင်းဆန်နိုင်သည့်အတွက် လင်းဝေ့က စုထားသည့်ငွေများကို လင်းချောင်ထံပေးပြီး ပုန်းနေရန်ပြောခဲ့ခြင်းပင်။ သို့သော် ဒီခေတ်တွင် ထောက်ခံစာမရှိဘဲ မိန်းကလေးတစ်ယောက်က ဘယ်မှာသွားပုန်းနိူင်မှာလဲ။ လုပ်နိုင်ခဲ့ရင်တောင် ဘာဆက်ဖြစ်မှာလဲ။

 

 

လင်းရှ်ို့ယီနှင့် စွင်းရှို့ကျစ်က သူမကိုရောင်းစားရန် စိတ်ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ မာရုန်လင် မဟုတ်လျှင်တောင် ကျန်းရုန်လင်၊ ကျောက်ရုန်လင်များ ပေါ်လာဦးမည်။

 

 

ဒါကြောင့် လင်းချောင်က ယန်ဒူကိုသွား၍ ကျိမိသားစုကိုရှာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

 

လင်းချောင်က ငွေများပြန်ပေးနေတော့ လင်းဝေ့က အလျင်အမြန် နောက်ဆုတ်လိုက်၏။

 

 

"မင်းကိုပေးပြီးသားကို ဘာလို့ပြန်ယူရမှာလဲ။"

 

 

သူက ခေါင်းငုံ့၍ပြုံးလိုက်သည်။

 

 

"ငါ့ကြောင့်သာမဟုတ်ရင် မင်းလည်း ဒီငွေလိုမှာမဟုတ်ဘူးလေ။"

 

 

လင်းရှို့ယီနှင့် စွင်းရှို့ကျစ်က သူတို့၏လုပ်ရပ်တိုင်းက သူတို့သား၏ မာနကိုနင်းချေကာ နာကျင်အောင်လုပ်နေသည်ကိုမသိပေ။

 

 

လင်းချောင်က အသက်ရှူသွင်းလိုက်သည်။

 

 

"အနာဂတ်မှာ ဘာလုပ်မယ်တွေးထားလဲ။"

 

 

"ဘာပဲဖြစ်ဖြစ်ပေါ့။"

 

 

လင်းဝေ့က ဘာမှဂရုမစိုက်ဘဲ ပြောလိုက်သည်။

 

 

"သူတို့က ငါ့ကိုဘာလုပ်နိုင်မှာလဲ။ အများဆုံး ရိုက်နိုင်ရင် တစ်ကြိမ်နှစ်ကြိမ်ပေါ့။ သတ်ပစ်လို့မရဘူးလေ။"

 

 

"ကျွန်မပြောတာက မြို့ပေါ်က အလုပ်မရှိဘဲ ဘာဆက်လုပ်မှာလဲပြောတာပါ။"

 

 

"အရင်ကလည်း အလုပ်ရှ်ိခဲ့တာမှ မဟုတ်တာ။ လယ်လုပ်နေရတာကောင်းပါတယ်။ ဘာလို့ မြို့ပေါ်ကအလုပ်သမားဖြစ်မှရမှာလဲ။"

 

 

လင်းဝေ့က အလုပ်အကြောင်း ပြောလာသည်ကို ကြားသဖြင့် လှည့်ထွက်သွားရန် လုပ်လိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်မှာတော့ သူကတစ်ခုခုကို သတိရသွားခဲ့သည်။

 

 

"စကားမစပ် ငါ့မိဘတွေ ကျိမိသားစုအကြောင်း ပြောတာ ကြားခဲ့တယ်။ ကြည့်ရတာ မစ္စတာကျိနဲ့ အဆင်မပြေလောက်တဲ့ကိစ္စတစ်ခု ဖြစ်ခဲ့ပုံပဲ။ အနိုင်ကျင့်မခံရအောင် ဂရုစိုက်နေပေါ့။"