လူမှားလက်ထပ်မိသော အမြောက်စာလေး
အပိုင်း ၁၀
ကျိမိသားစုနှင့် လင်းမိသားစုအကြား ဖြစ်ပျက်ခဲ့သည့်အရာများ
သေချာပေါက်ရှိလိမ့်မည်။ လင်းရှို့ယီနှင့် စွင်းရှို့ကျစ်တို့ လက်ထပ်သဘောတူညီချက်အကြောင်း
သိထားသည်ဟု အတည်ပြုပြီးတည်းက လင်းချောင် ဒီကိစ္စကို သံသယဝင်နေခဲ့၏။
သူတို့၏ပုံစံအရဆိုလျှင် ကျိမိသားစုနှင့် အဆက်အသွယ်
မရှိသည့်တိုင် ဒီလိုအခွင့်ကောင်းမျိုးကို ရအောင်ယူကြလိမ့်မည်။ ဆယ်နှစ်ကျော်တိုင်အောင်
အဆက်အသွယ် မရှိခဲ့ဆ်ိုသည်ကလည်း မဖြစ်နိုင်သလိုပင်။
သူမအဖေသာ စောစောမဆုံးသွားခဲ့ဘဲ သူမသာ တစ်ယောက်တည်းမကျန်ခဲ့ဘူးဆိုလျှင်
မစ္စတာကျိက သူမအတွက် တွေးပေးပြီး လက်ထပ်သဘောတူညီချက်လုပ်ခဲ့မည်မဟုတ်။ လင်းရှိူ့ယီနှင့်
စွင်းရှို့ကျစ်တို့က ပြဿနာများလုပ်သည်ဆိုလျှင်တောင် ဒီကိစ္စကို သူတို့သမီးအတွက် တွဲဖက်ကောင်းရှာပေးသည့်အနေနှင့်
လုပ်သွားနိုင်သည်။ ထိုဆယ်နှစ်အပြီး မိသားစု စီးပွားရေးအခြေအနေ ကျဆင်းသွားသည်နှင့်လည်း
ကွက်တိကျနေသည်။
လင်းချောင် အံ့သြသွားသည့်ပုံမပေါ်ခဲ့ပေ။
"သိပါပြီ။ ကျွန်မဂရုစိုက်ပါ့မယ်။"
သူမက လင်းဝေ့ကိုလည်း အကြံပေးခဲ့သည်။
"ယန်ဒူမှာ လူတွေက ကိုယ်ပိုင်စီးပွားရေးတွေ
စလုပ်နေပြီကြားတယ်။ အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းပိုများလာလိမ့်မယ်။ စာဆက်မသင်နိုင်တော့ဘူးဆိုရင်
တစ်နှစ်နှစ်နှစ်အတွင်းမှာတော့ မြို့ပေါ်လာသင့်တယ်။"
လင်းဝေ့က စိတ်သဘောထားကောင်းသော်လည်း ရွာမှာနေလျှင်
စွင်းရှို့ကျစ်နှင့် လင်းရှို့ယီတို့က သူ၏ တက်လမ်းကို ပိတ်ထားကြလိမ့်မည်။ ဒီလိုမိဘမျိုးနှင့်ဆိုလျှင်
ဘယ်မိသားစုက သူတို့သမီးကို သူနှင့်လက်ထပ်ပေးချင်မှာတဲ့လဲ။ နိုင်ငံကလည်း ပြန်လည်တည်ထောင်ကာလဖြစ်သည့်အတွက်
ပြင်ပလောကတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုများလာလိမ့်မည်။
သူမ၏ အတည်ပေါက် အမူအရာကိုမြင်တော့ လင်းဝေ့ ခေါင်းညိတ်လိုက်၏။
"ဂရုစိုက်ပါ။"
"အစ်ကိုရောပဲ။"
သူတို့ခြံအနောက်မှ ပြန်ရောက်လာချိန်တွင် လျိုယွိလန်က
လင်းချောင်၏ ပစ္စည်းများကို သူမကိုစောင့်နေသည့် ဂျစ်ကား၏ နောက်ခန်းထဲထည့်ပြီးနေလေပြီ။
လင်းချောင်က လင်းဝေ့နှင့် စကားပြောပြီးပြီဖြစ်သည့်အတွက်
ဘာမှထပ်မပြောခဲ့တော့ပေ။ သူမက ကားရှိရာလျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။
"သွားကြရအောင်။"
"လမ်းခရီးမှာ ဂရုစိုက်ပါ။"
လျ်ိုယွိလန်က သတိပေးစကားအချို့ဆိုလိုက်သည်။
လင်းဝေ့၏ စကားများကို ပြန်တွေးမိပြီး လင်းချောင်က
လျိုယွိလန်ကို တီးတိုးပြောလိုက်သည်။
"အမေ မိသားစုနှစ်ခုက ဘာလို့အဆက်အသွယ်မလုပ်ကြတော့တာလဲသိလား။"
"အဆက်အသွယ် မလုပ်တော့ဘူး။ ဘယ်တုန်းက ဒီလိုဖြစ်သွားတာလဲ။"
လျ်ိုယွိလန်က စဉ်းစားမရဖြစ်သွားခဲ့သည်။
လျိုယွိလန် မသိသည်မှာသေချာသည်။ သူမက ပြန်လက်ထပ်သွားသလို
လင်းမိသားစုကလည်း သူမကိုမပြောပြခဲ့ပေ။
"ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းမေးကြည့်တာပါ။"
လင်းချောင် ဘာမှဆက်မပြောတော့သော်လည်း ကျိသော်က
တံခါးမှန်ဖွင့်လိုက်သည်။
"ဘယ်သွားမှာလဲ။ ကျွန်တော် ရှောင်ဖန်းကို
လိုက်ပို့ခိုင်းပေးမယ်လေ။"
သူမ၏ သမက်လောင်းကိုမပြောနှင့် သမီးရင်းနှင့်ပင်
စကားများများ မပြောဖူးသည့် လျိုယွိလန်က အလျင်အမြန် လက်ကာပြလိုက်သည်။
"မလိုပါဘူး။ ရွာနဲ့လမ်းမသင့်ဘူးလေ။"
သူမက လင်းချောင်ကို ကားတံခါးပိတ်ပေးလိုက်ပြီး
ထွက်သွားလိုက်ပြီး ခဏကြာတော့ ပြန်လှည့်ကြည့်ခဲ့သည်။
လင်းချောင်က ကားပြတင်းပေါက်မှမြင်လိုက်သော်လည်း
လှမ်းမခေါ်ခဲ့ပေ။ မဟုတ်လျှင် လျိုယွိလန်စိတ်မအေးဖြစ်ရလိမ့်မည်။
လင်းမိသားစုသတင်းက ကျေးရွာ အုပ်ချုပ်ရေးရုံးထံ
ရောက်သွားသည်မှာ သေချာသော်လည်း လင်းချောင်ကတော့ အခက်အခဲမရှိ ထောက်ခံစာရခဲ့သည်။
ဂျစ်ကားလေး ရွာမှထွက်သွားချိန်တွင် မိုးရေဖုံးနေခဲ့သည့်
ကျောက်တံတားလေးလည်း ပေါ်နေပြီဖြစ်ပြီး လမ်းပေါ်မှရေအ်ိုင်ကွက်လေးများကလည်း နေရောင်ကိုရောင်ပြန်ဟပ်နေကြသည်။
ဂျစ်ကားက ကိုယ်ထည်မြင့်သည့်အတွက် တော်သေးသည်။ မဟုတ်လျှင် ကားအောက်ပိုင်း ပျက်စီးသွားနိုင်သည်။
လင်းချောင်က ထောက်ခံစာကို ကျောပိုးအိတ်ထဲထည့်ပြီး
အဖိုးလင်းနှင့်အဖွားလင်းတို့၏ စာများကို သေချာဖတ်လိုက်သည်။ မိသားစုနှစ်ခုကြား တစ်ခုခုဖြစ်ခဲ့သည်မှာ
တကယ်ဆိုလျှင် သူမ ထိုစာများထဲမှ သက်သေတွေ့နိုင်လိမ့်မည်။ ဖတ်နေရင်းနှင့် မျက်ခွံများလေးလံလာပြီး
ရှောင်ဖန်းက ဆီထည့်ရန် ကားရပ်လိုက်ချိန်မှာတော့ သူမအိပ်ပျော်သွားတော့သည်။
ဆေးရုံခန်းဖြစ်သည့်အတွက် ကျိသော်နှင့်ရှောင်ဖန်းက
ကုတင်တစ်လုံးတွင်တိုးဝှေ့အိပ်ရပြီး လင်းချောင်ကတော့ နေရာပိုရသည့်တိုင် အမျိုးသားများနှင့်
အခန်းအတူသုံးရသည့်အတွက် သူမကောင်းကောင်းအိပ်မပျော်ခဲ့ပေ။
ကျိသော်က ရှောင်ဖန်းကို ပြတင်းတံခါးဖွင့်ခိုင်းထားပြီး
နေ့လည်စာစားချိန်အထိ လင်းချောင် အိပ်နေသေးသည်။ ဒီတစ်ခါတော့ သူမကိုနှိုးရတော့မည်။ နာမည်
နှစ်ခါခေါ်လိုက်ချိန်မှာတော့ လင်းချောင်နိုးလာတော့သည်။
"နေ့လည်စာ စားချိန်ရောက်ပြီလား။"
သူမ၏အသံက သြရှရှဖြစ်နေခဲ့သည်။ ကျိသော်လှည့်ကြည့်လိုက်ရာ
လေးပင်နေသည့် မျက်လုံးများနှင့် နီရဲနေသည့်မျက်နှာကို မြင်လိုက်ရ၏။ သူမကလည်း သဘောပေါက်သည့်ပုံနှင့်
ခေါင်းရှင်းသွားရန် ခေါင်းကိုခါလိုက်သော်လည်း ပို၍သာမူးလာတော့သည်။
ကျိသော် မျက်မှောင်ကြုတ်လိုက်၏။
"ဖျားနေတာလား။"
"ဖျားနေတယ်?"
လင်းချောင်က လက်မြှောက်၍ နဖူးကိုစမ်းကြည့်လိုက်သည်။
"နည်းနည်းတော့ ပူနေတယ်ထင်တယ်။"
ပုံမှန်လိုမဟုတ်ဘဲ သူမစကားပြောသည်က နှေးနေသည်။
ကျိသော်က အများကြီး မမေးတော့ဘဲ ရှောင်ဖန်းကို
ပြောလိုက်သည်။
"ဆေးရုံကိုမောင်းလိုက်။"
ချောင်ဖန်းကလည်း အနီးဆုံးဆေးရုံသို့ အမြန်မောင်းလိုက်တော့သည်။
အချ်ိန်တိုလေးအတွင်း လင်းချောင် အိပ်ပျော်သွားပြန်သည်။
ကျိသော်လည်း ကားတံခါးကိုခေါက်လိုက်၏။ တံခါးပွင့်ချိန်မှာတော့ သူမက နှာချေမရပ်တော့ဘဲ
နေ့လည်ခင်းတွင် ချမ်းနေခဲ့သည်။
မနေ့ညက မိုးမိရာမှာအအေးမိသွားပုံရသည်။
သူမသာ ထိုအဝတ်များကို ယူလာခဲ့လျှင်ဟု တွေးပြီး
ကျိသော် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ စစ်ဝတ်စုံကိုချွတ်ပြီး သူမကိုပေးလိုက်သည်။
"ဝတ်ထားလိုက်"
မိုးမိသော်လည်း စစ်သားနှစ်ယောက်က အဆင်ပြေပြီး
လင်းချောင်ကတော့ အအေးမိသွားခဲ့သည်။ သူမက မငြင်းတော့ဘဲ သူ၏အင်္ကျီကို ယူလိုက်ပြီး ဝတ်လိုက်ရာ
ချက်ခြင်းဆိုသလို ပို၍နေလို့ကောင်းသွားသည်။
ဆေးရုံရောက်တော့ သူမတွင် အဖျားရှိသော်လည်း ဆေးထိုးရသည်အထိမပြင်းခဲ့။
လင်းချောင်ကလည်း ဆေးမထိုးလိုပေ။ ကြောက်၍မဟုတ်ဘဲ
ဒီဖက်ခေတ်၏ ဆေးကုသမှုပုံစံကြောင့် ဖြစ်သည်။ ရှန်ဟဲရွာတွင်ဆိုလျှင် ဆေးထိုးမှုကြောင့်
အာရုံကြောထိခိုက်ခြင်း နားအကြားအာရုံပျက်စီးသွားခြင်းများပင်ရှိ၏။
ဆေးသောက်ပြီးနောက် သူတို့က စားသောက်ဆိုင်သို့သွားခဲ့ပြီး
ကျိသော်က လင်းချောင်အတွက် ရေနွေးယူပေးခဲ့သည်။
စားပွဲတွင်ထိုင်လိုက်ပြီး လင်းချောင်က ဆေးအရင်သောက်ကာ
စစ်တပ်သုံးအပူခံဘူးကို လက်နှစ်ဖက်ဖြ့င်ကိုင်ပြီး ရေနွေးကိုဖြည်းဖြည်းချင်း သောက်လိုက်သည်။
ခန္ဓာကိုယ် နွေးထွေးသွားသည်နှင့် အမြင်အာရုံလည်းပိုကောင်းလာခဲ့သည်။ သို့သော်လည်း ဝတ်စုံပွခြင်းကြောင့်
သူမ၏မျက်နှာက လက်ဖဝါးအရွယ်သေးသေးလေးသာ ဖြစ်နေသည်။ ရေသောက်နေချိန် မျက်တောင်များကလည်းစင်းနေပြီး
အင်္ကျီလက်အရှည်ကြားမှထွက်နေသည့် သူမ၏လက်ချောင်းသေးသေးလေးများကြောင့် သူမက ထူးဆန်းစွာစကားနားထောင်သည်ပုံပေါ်နေ၏။
ရုတ်တရက်ဆိုသလို ကျိသော်က တစ်ခါမှကောင်းကောင်း
မပြုမူဖူးသောသူ၏ တူနှင့်တူမအကြောင်း တွေးလိုက်မိသည်။ သူတို့က ဖျားနာချိန်တိုင်း ပြဿနာများရှာကြသည်။
အချို့သောကလေးများက နေမကောင်းချိန်တွင် အလိုလိုက်ခံရခြင်းကို
သဘောကျပုံရသည်။ ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာရသူများကသာ ကိုယ့်ကိုယ်ကို
ကာကွယ်နိုင်သည်ဖြစ်မည်။
ကျိသော်က မသုံးရသေးသောတူတစ်စုံကိုယူ၍ လင်းချောင်၏
ပန်းကန်ထဲသို့ စားစရာအချို့ထည့်ပေးလိုက်သည်။ ရှောင်ဖန်း၏ အံ့ဩသည့်အကြည့်ကို မြင်တော့မှသူဘာလုပ်မိသည်ကို
သဘောပေါက်သွားခဲ့၏။
ကျိသော်က သူ၏တူနှင့်တူမမှာလွဲ၍ အခြားသူများအပေါ်
ကောင်းပေးလေ့မရှိဘဲ ဒါက ရှောင်ဖန်းမြင်ဖူးသည့်ပ ထမဆုံးအကြိမ်ဖြစ်သည်။ လင်းချောင်ကတော့
သတိမထားမိခဲ့။ သူမက ကျိသော်ပေးသည်ကိုသာ စားနေလိုက်သည်။
သူမက ကျိလင်ထက် ငါးနှစ်ကြီးပြီး ကျိဇယ်ထက် သုံးနှစ်ငယ်သည့်အတွက်
သူမကိုပို၍တူမအဖြစ်ခံစား၍ရနေသည်။
မိသားစုအကြောင်းတွေးမိသောအခါ ကျိသော်၏ မျက်နှာက
ပုံမှန်အနေအထားပြန်ဖြစ်သွားသည်။ သူက လင်းချောင်၏ဘပန်းကန်ထဲသို့ အစားအသောက်များပိုထည့်ပေးလိုက်သည်။
"ထမင်းချည်းပဲမစားနဲ့"
အသံက မာသည်အတွက် လင်းချောင်လျစ်လျူရှုရန်ခက်သည်။
ကျိမိသားစုက ဦးလေးနှင့်တူဖြစ်သူကို နာမည်တစ်လုံးသာကွာပြီး ဘာလို့အမည်ပေးခဲ့သည်ကို သူမတွေးနေမိသည်။
သူမက လက်ထပ်သဘောတူညီချက်ကို ဖတ်ခဲ့ရာ စာလုံးများက ထင်ထင်ရှားရှား မမြင်ရတော့သည့်အတွက်
သော်လား ဇယ်လား ခွဲမရပေ။
စွင်းရှ်ို့ကျစ်က ကျိသော်ကို သူမနှင့်လက်ထပ်မည့်သူအဖြစ်
ပြောဆိုခဲ့ချိန်က ကျိသော်မငြင်းခဲ့သည့်အတွက် သူက အမျိုးသားဇာတ်ဆောင်ဖြစ်မည်။
အဖျားကြောင့်ခေါင်းမူးနေသေးပြီး ဒီလူက တာဝန်ကျေသည့်အတွက်
သူမ၏ခံစားချက်များအတွက် နောင်တရမိသည်။ သူက တစ်ခါတစ်လေ ကြမ်းတမ်းသော်လည်း လူကြီးတစ်ယောက်က
ကြည့်ရှုစောင့်ရှောက်ပေးနေသကဲ့သို့ဖြစ်သည်။ မူလပိုင်ရှင်က အဖေနှင့်မနေခဲ့ရသည့်အတွက်
ဒီလိုအဖေပုံစံယောက်ျားကို သဘောကျခဲ့တာလား။
အတွေးများဖြင့် အစားအသောက် စားပြီးသွားခဲ့ကာ ကားထဲပြန်ရောက်တော့
ဆေးရှိန်ကြောင့် သူမက ကျိသော်၏ အင်္ကျီကိုဝတ်ထားရင်း အိပ်ပျော်သွားတော့သည်။
သူတို့ယန်ဒူပြန်ရောက်ချိန်မှာတော့ သူမက ပို၍ခံစားချက်ကောင်းလာသဖြင့်
ကျိသော်ကို အနားမပေးဘဲပြောလိုက်သည်။
"ဆေးရုံကိုသွားရအောင်။ မနေ့က မိုးကြောင့်အချိန်နှောင်းသွားတာ
အဖိုးကျိနှင့်အဖွားတို့ သတင်းစောင့်နေလောက်ပြီ။"
သူတို့က လင်းမိသားစုကိစ္စ ဖြေရှင်းပြီးထွက်လာခဲ့ရာ
ဆေးရုံတွင် ခဏရပ်ခဲ့သဖြင့် ယခုမိုးချုပ်နေပြီဖြစ်၏။မနေ့က မိုးသည်းခဲ့သည့်အတွက် အဖိုးကြီးတို့က
သူတို့ကိုမမြင်သေးသရွေ့ စိတ်ဖြောင့်မည်မဟုတ်။ ကျိသော်ကလည်း မငြင်းခဲ့ပေ။
သူတို့ဆေးရုံသို့ရောက်တော့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက
လျှောက်လမ်းတွင်စောင့်နေသည်။ သူက အသက်လေးဆယ်ဝန်းကျင်ဖြစ်ပြီး အနည်းငယ်ခန္ဓာကိုယ်ပြည့်ပြည့်ဖြင့်
လူကြီးလူကောင်းပုံပေါ်၏။ သူက ကျုံးရှန် ဝတ်စုံဝတ်ကာ အိတ်တစ်လုံးက်ိုင်ထားသဖြင့် အလုပ်မှပြန်လာသည့်ပုံပေါ်သည်။
ကျိသော်ကိုမြင်တော့ သူနှုတ်ဆက်လိုက်၏။
"ဒုတိယညီလေး ပြန်လာပြီလား။"
ကျိသော်က ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကြီး။"
လင်းချောင်ကို မိတ်ဆက်ပေးရန် လိုသေးသည့်ပုံဖြင့်
ထိုသူကကြည့်လိုက်ရာ လင်းချောင်ကအရင် နှုတ်ဆက်လိုက်၏။
"ဦးလေးကျိ။"
ကျိကျွင်း၏အပြုံးက အနည်းငယ်ပျောက်သွားခဲ့သည်။
"ဒါက ချောင်ချောင်လား။ မင်းအရွယ်ရောက်လာပြီပဲ။"
သူက အခုမှပြန်ရောက်သည်ဖြစ်ပြီး ဖြစ်နေသည့်အရာများကို
ယဲ့မင်ရှူးကပြောထားသည်။
အမှန်ပြောရလျှင် ဒါက မလိုအပ်သည့်အရာဟုသူထင်သည်။
သူတို့က အရင်ထဲက သဘောတူထားရင်ဘာလို့အခုမှ ပြဿနာရှာမှာလဲ။ အဖိုးကြီးကလည်း ဆေးရုံတက်နေရတာကိုလေ။
သူလက်ထပ်ခဲ့ချိန်ကလည်း နောက်ခံကို ထည့်မစဉ်းစားခဲ့။ အရေးကြီးသည်က ရှောင်ဇယ် သူမကိုသဘောကျပြီး
အဆင်ပြေရန်သာဖြစ်သည်။
သို့သော်လည်း စကားများက ပြောပြီးပြီဖြစ်သလို မိန်းမကိုရော
အဖေကိုရော သူဘာမှပြောလို့မရတော့ပေ။ ဒါကြောင့် သူက အလုပ်ရှူပ်နေသည့်အတွက် ရှောင််ဇယ်တွင်ရည်းစားရှိမရှိ
မသိဟုသာပြောခဲ့သည်။ ထိုသို့ပြောခဲ့ပြီး ယခုလင်းချောင်နှင့် တည့်တည့်တိုးသည့်အတွက် နေရခက်ရသည်။
ကျိသော်က သတိထားမိသော်လည်း ဘာအမူအရာမှမပြခဲ့ပေ။
"အထဲမဝင်ဘူးလား။"
"အခုမှထွက်လာတာ။ မင်းမရီးက သန့်စင်ခန်းဝင်နေလို့လေ။"
"ဒါဆို ကျွန်တော်တို့အရင်ဝင်လိုက်မယ်။"
ကျိသော်က ဘာမှမပြောတော့ဘဲ တံခါးဖွင့်လိုက်၏။
သူတို့ဝင်လိုက်သည်နှင့် ယဲ့မင်ရှူးက ဒေါက်မြင့်ဖိနပ်စီးပြီးအပြင်ထွက်လာရာ
သူတို့နောက်ကျောကိုသာမြင်လိုက်ရသည်။
"ဘာလို့ အဲ့ကလေးမက ဒုတိယမောင်လေးရဲ့ အင်္ကျီကိုဝတ်ထားတာလဲ။"
ကျိကျွင်းက အားနာနေခဲ့သဖြင့် လင်းချောင် ဘာဝတ်ထားသည်က်ို
သတ်ိမထားမိခဲ့။
"ဟုတ်လား။ ကိုယ် သေချာမကြည့်မိလိုက်ဘူး။"
ယဲ့မင်ရှူးက တံခါးကိုကြည့်ပြီး အထဲဝင်အတည်ပြုချင်နေသော်လည်း
အဖိုးကြီး၏ အခြေအနေကြောင့် အထဲမဝင်ဖြစ်ခဲ့ပေ။
အမြင်စူးရှသည့် ရွှီလီက ချက်ချင်းဆိုသလို သတိထားမိခဲ့သည်။
"အပြင်မှာ ရာသီဥတုမကောင်းလို့လား။"
သူမက လင်းချောင် အနေရမခက်စေရန် ဘာလို့ကျိသော်၏
အင်္ကျီကိုဝတ်ထားရသည်ကို တိုက်ရိုက်မမေးခဲ့ပေ။
လင်းချောင်က ရှက်သည့်ပုံစံဖြင့် ပြုံးလိုက်သည်။
"ကျွန်မ လမ်းမှာဂရုမစိုက်မိခဲ့လို့ အအေးမိသွားတာပါ။
ဆေးရုံလည်းသွားခဲ့ပါတယ် ဘာမှတော့မပြင်းထန်ပါဘူး။"
သူမ၏ ပေါ်လွင်နေသော နှာခေါင်းသံကြောင့်သာ မဟုတ်လျှင်
ထုတ်ပြောမိမည်မဟုတ်ပေ။
ထင်ထားသည့်အတိုင်း မစ္စတာကျိက သူ့သားကိုလှမ်းကြည့်လိုက်သည်။
"မင်းကို ချောင်ချောင်ကို ဂရုစိုက်ပေးဖို့ပြောခဲ့တာ
ဒါက မင်းလုပ်ခဲ့တဲ့အရာပေါ့။"
ကျိသော်က ဒီလိုပြောမည်ကိုကြိုသိသည့်အတွက် မငြင်းခုံခဲ့ပေ။
လင်းချောင်က ရှင်းပြလိုက်သည်။
"ဦးလေးငယ်ရဲ့အမှားမဟုတ်ပါဘူး။ ကျွန်မက သူ့စကားနားမထောင်ဘဲ
လူကယ်တာကိုသွားကူခဲ့လို့ပါ။"
မစ္စတာကျိက အဓိကအချက်ကိုကြားလိုက်၏။
"လူကယ်တာလား။"
လင်းချောင်က ယခင်ရက်က အကြောင်းပြန်ပြောလိုက်ပြီး
မစ္စကျိကို ကျေးဇူးတင်စကားပြောလိုက်သည်။
"ဦးလေးငယ်ကို ထည့်ပေးလိုက်တာ တကယ်ကျေးဇူးတင်ပါတယ်။
အခု ကျွန်မ အိမ်ထောင်စုစာရင်းရပြီမလို့ စိတ်အေးသွားရပါပြီ။"
သူမက သူ့ကို ဦးလေးငယ်ဟု သုံးနှုန်းနေသည့်အတွက်
ကျိသော် သူမကိုစောင်းကြည့်မိသည်။
လင်းချောင်၏ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားပြောခြင်းကို
မစ္စတာကျိခံစားမိသည်။ နှစ်ပေါင်းများစွာ လူအမျ်ိူးမျိုးနှင့် တွေ့ခဲ့ပြီးနောက် သူက
စိတ်ပါသည့်စကားနှင့် အပိုပြောခြင်းကိုခွဲခြားသိသည်။ သူ၏အမူအရာ နူးညံ့သွားခဲ့သည်။
"အခုကစပြီး ကျိမိသားစုက မင်းမိသားစုပဲ။ မင်းရဲ့
အဖွားကျိနဲ့ ငါနဲ့ကမင်းရဲ့ဆွေမျိုးတွေပဲ။"
နှစ်ရက်အကြာမှာတော့ မစ္စတာကျိက ပိုသက်သာလာပုံရသော်လည်း မျက်လုံးကတော့ အနည်းငယ်နွမ်းနေသေးသည်။
သူမ ပထမဆုံးဝင်လာချိန်က မစ္စတာကျိ၏ မျက်နှာမှပြဿနာတစ်ခုကို
တွေးမိသကဲ့သို့ အကြည့်များကို ပြန်သတိရသွားပြီး လင်းချောင် တုံ့ဆိုင်းနေသည့်စိတ်ကို
သတ္တိမွေး၍မေးလိုက်သည်။
"အဖိုးကျိ၊ အရင်တုန်းက လင်းမိသားစုက ကျိမိသားစုအပေါ်
အမှားတစ်ခုခုလုပ်ခဲ့မိတာလား။"