Chapter 6: မင်းထန်ယွီအန်းကိုထိခိုက်အောင်မလုပ်တာ ပိုကောင်းလိမ့်မယ်
ဖြစ်ချင်တော့ ဇာတ်လိုက်တစ်ယောက်ရဲ့ ပြန်လည်ကောင်းမွန်မှုနှုန်းက သာမန်လူတွေနှင့်မတူသဖြင့် လွန်ခဲ့သည့်ရက်ပိုင်းကပင် ပြတ်ရှရာအပြည့်ဖြစ်နေသော ကျိုးထင်းဟန်မှာ အခုဆိုလျှင် ဘာမှမဖြစ်ခဲ့သည့်အတိုင်း အဆောက်အဦးထဲတွင် လျှောက်သွားနေသည်။
ကိစ္စတွေကိုလျှို့ဝှက်ထားရန်နှင့် နေရထိုင်ရအဆင်ပြေစေရန် သူတို့ ၃ ယောက်ကို ရေ၊မီး အစုံအလင်ပါသည့် အဆောက်အဦးတစ်ခု၌ ပေးနေထားသည်ပင်။
ထန်ံယွီအန်းမှာတော့ “အခန်းခနဲ့စားစရိတ်” ကိုပါ သူတို့ဘက်ကပေးသဖြင့် ကျေးဇူးတင်နေမိသည်။ အခန်းက အရမ်းကျယ်လွန်းသဖြင့် သူ့အနေနဲ့ ဟိုတယ်အခန်းအဖြစ်ပင် ပြောင်းလို့ရနိုင်မည်ဟုထင်မိသည်။
သူကဖန်ကျင်းကိုမေးလိုက်၏။
“ကျွန်တော်တို့က ဒီလိုချမ်းသာတာပေါ့”
တကယ်ကြီးလိမ်နေတာနဲ့တူလာပြီနော်…
ဖန်ကျင်းကပြန်မေးလာသည်။
“မင်းက ငါတို့တွေ ဒီလိုမျိုးချမ််းသာနေတာကို မပျော်ဘူးလား။ စိတ်မပူပါနဲ့ ဒါတွေအကုန်လုံးက စပွန်ဆာအပေးခံထားရတာ”
ထိုစကားကိုကြားလိုက်ရသည့်အခါ ထန်ယွီအန်းမှာ စိတ်လက်ပေါ့ပါးသွားပြီး ရေခဲသေတ္တာတံခါးအားဖွင့်ကာ စတင်မွှေနှောက်တော့သည်။
ဖြည့်စွက်စာတွေက စွမ်းအင်ကို လုံလောက်တဲ့ပမာဏရောက်အောင်အထိ ဖြည့်ဆည်းပေးသည်ဆိုသော်လည်း အရသာကတော့ သိပ်မကောင်းသဖြင့် လူတွေက ချက်ပြုတ်ထားတဲ့ အစားအစာကိုပိုစားတတ်ကြသည်။
ထန်ယွီအန်းက အချိုတည်းရန် တရုတ်ဆီးသီးတစ်ထုပ်ကို ယူလိုက်၏။ ရေခဲသေတ္တာတံခါးကို ပိတ်လိုက်ချိန်တွင်တော့ ကျိုးထင်းဟန်မှာ သူ့အနားတွင် တိတ်တိတ်လေး ရပ်နေသည်အား တွေ့လိုက်ရတော့သည်။
အသံလုံးဝမထွက်ဘဲ ငြိမ်ငြိမ်လေးရပ်နေသဖြင့် မြင်လိုက်ရသည့်သူအား လန့်သွားစေ၏။
သူတို့ အကြည့်ချင်း ဆုံသွားကြသည့်အချိန်တွင်တော့ ကျိုးထင်းဟန်က စကားတစ်ခွန်းမှမပြောဘဲ လှည့်ထွက်သွားတော့သည်။
ထန်ယွီအန်းမှာ ကျိုးထင်းဟန်အနေနဲ့ ထိုမှတ်ဉာဏ်များအား မှတ်မိနေလားဆိုသည်ကို မသေချာသော်လည်း အဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး ဘာမှဆက်ပြောစရာမရှိသဖြင့် စကားစပြန်မဖော်တော့ပေ။
ပုံမှန်အသိစိတ်ပြန်ဖြစ်သွားသည့် ကျိုးထင်းဟန်မှာ သူ့အရင်ပုံစံအတိုင်းပြန်ဖြစ်သွားပုံပင်။
သူက လေ့ကျင့်ရေးအချိန်မှာမှ စည်းမျဉ်းတွေကြောင့် မဖြစ်မနေ အရောက်လာတတ်ပြီး တခြားအချိန်များတွင်တော့ ဘယ်ပျောက်လို့ပျောက်မှန်းမသိ ပျောက်နေတတ်ကာ ထောင့်ချိုးနေရာများ၌သာ သူ့အရိပ်အား မကြာခဏ မြင်ရတတ်သည်။
မသိရင် အရိပ်ပဲရှိတဲ့ သရဲတစ်ကောင်အလား။
သူက တခြားလူတွေနဲ့လည်း အတူတူမလေ့ကျင့်၊ အမြဲတစ်ယောက်တည်းသာနေတတ်သည်။
ထန်ယွီအန်းမှာ သူ့ဘဝနေထိုင်မှုပုံစံနှင့်ပတ်သက်ပြီး ဘာမှဝင်မပြောချင်သော်လည်း စနစ်ကသူ့ကိုသတိပေးလာခဲ့သည်။
[ဇာတ်လိုက်နံပါတ် ၂ ကျိုးထင်းဟန်ထံတွင် များပြားလှသော စိတ်ခံစားချက် အတက်အကျများကို အာရုံခံမိပါသည်။ ကျေးဇူးပြုပြီး ဇာတ်လိုက်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို အထူးသတိထားပေးပြီး ဖြစ်လာနိုင်ခြေရှိသည့် ပြဿနာတို့အား ဖြေရှင်းပေးပါ Host]
ထန်ယွီအန်းအနေနှင့် ကျိုးထင်းဟန်မှာ ထိုရှက်ဖွယ်အဖြစ်အပျက်အား မှတ်မိနေသဖြင့် ဒီလောက်အထိ သူ့ကိုရှောင်နေရတာဟု သံသယဝင်မိသည်။
တကယ်တော့ သူ့အားနားလည်ပေးနိုင်ပါသည်။ သူသာ အရက်မူးမူးနဲ့ တခြားလူတစ်ယောက်ယောက်ကို ပေါက်ကရတွေလျှောက်ပြောမိရင် သူလည်း ထိုလူနှင့်ထပ်တွေ့ရန် ရှက်နေမိမည်ပင်။
ကျိုးထင်းဟန်က တိုတိုတုတ်တုတ်ပဲ ပြန်မေးလာသည်။
“ဘာလို့လဲ”
ဘာလို့ သူနဲ့အတူသွားချင်ရတာလဲဟု မေးခြင်းဖြစ်သည်အား ထန်ယွီအန်းနားလည်ရန် စက္ကန့်အနည်းငယ်မျှ ကြာသွားသည်။
သူတို့က အဖွဲ့သားတွေလေ အတူတူသွားတာ ဘာမှားနေလို့လဲ။
ဒါပေမယ့် ကျိုးထင်းဟန်ကတော့ ထိုသို့မထင်သည့်ပုံပင်။ သို့သော် ထန်ယွီအန်းမှာ ဇာတ်လိုက်နှင့် ပိုပြီးရင်းနှီးရမည်ဖြစ်သဖြင့် ပြုံးပြကာ အနားသို့အသာတိုးကပ်လိုက်ပြီး
“ငါတို့တွေအတူတူလေ့ကျင့်ကြမယ်လေ။ တစ်ယောက်တည်း လေ့ကျင့်နေတာထက်စာရင် ပိုကောင်းတာပေါ့… ငါဝေ့လန်ရှင်းနဲ့လည်း မကြာခဏ အတူလေ့ကျင့်ဖြစ်တယ်။ သူက ငါ့ကို အကွက်အသစ်တွေတောင် သင်ပေးသေးတယ်”
ဝေ့လန်ရှင်းမှာ သံသယဝင်စရာပင် မလိုလောက်အောင် ပြီးပြည့်စုံသည့် တွဲဖက် လေ့ကျင့်ရေးသမားကောင်းတစ်ယောက်ပင်။ သူက ဘယ်အချိန်တွင် လေ့ကျင့်ရေးအား ရပ်ရမလဲဆိုတာကို သေချာသိပြီး သူ့ကိုဘယ်သောအခါမှ ထိခိုက်ဒဏ်ရာရအောင်မလုပ်သလို သူ့တွင် တိုက်ခိုက်ရေးအခြေခံမရှိသည်ကိုလည်း တစ်ခါမှ မငြီးတွားခဲ့ဖူးပေ။
သူ့ကိုလေ့ကျင့်ပေးရတာ တကယ်ပင်ပန်းစရာကောင်းသော်ငြား သူ့အနေနဲ့ အဓိကစွမ်းရည်က စိတ်စွမ်းအင်ဖြစ်သော်လည်း အန္တရာယ်ကင်းစေရန် တိုက်ခိုက်တတ်ဖို့လဲလိုကြောင်း ဝေ့လန်ရှင်းမှာ စိတ်ရှည်စွာရှင်းပြတတ်သည်။
ထန်ယွီအန်းက သူ့ကိုယ်သူ နာခံသည့်ကျောင်းသားတစ်ယောက်ပုံစံ အမြဲအသင့်ရှိနေတတ်ပြီး ရေသာမခိုဘဲ အတူလေ့ကျင့်တတ်၏။
သူ့အနေနဲ့ ပြည့်စုံရန် အများကြီး လိုအပ်သေးသော်လည်း စလေ့ကျင့်ခါစက နေရာတွင် ကြောင်တောင်တောင်ဖြင့် မတ်တတ်ကြီးသာရပ်နေသည်ထက် အများကြီးပိုကောင်းလာပြီဖြစ်၏။
သို့သော်လည်း သူ့ရဲ့ စိတ်အားတက်ကြွလှသော အပြုအမူများမှာ အေးစက်စက်နံရံကြီးနှင့် ဝင်တိုက်မိသွားပြီး ချက်ချင်းပဲ အရည်ပျော်ကျသွားတော့သည်။
ကျိုးထင်းဟန်မှာ အမူအရာကင်းမဲ့နေဆဲဖြစ်ကာ
“ဒါဆိုလည်း ဝေ့လန်ရှင်းကိုသွားရှာလေ ငါ့အနောက်ကိုမလိုက်နဲ့”
အနည်းငယ် စိတ်အားငယ်သွားသော်လည်း ထန်ယွီအန်းမှာ လက်မလျှော့သေးပေ။ ဇာတ်လိုက်ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာက တကယ်အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သဖြင့် သူ့အား ကူညီနိုင်ရန် သူနှင့် ထိတွေ့မှုများများ ရနိုင်မည့်နည်းလမ်းအား ဖန်တီးရမည်သာ။
မတော်လို့ ဇာတ်လိုက်က တကယ်တစ်ခုခုဖြစ်နေပြီး သူကလုံးဝမသိလိုက်တာမျိုးသာဆို ဘယ်လိုလုပ်မလဲ။
ကျိုးထင်းဟန်က သူ့စကားကို စကားလုံးလေးလုံးဖြင့် ဖြတ်ပြောလာသည်။
“မင်းသေချင်နေတာလား”
ဆက်ပြောမည့်စကားတွေအားလုံးကို မျိုချလိုက်ပြီး ထန်ယွီအန်းမှာ အကြိမ်အနည်းငယ်မျှ မျက်တောင်ခတ်လိုက်တော့သည်။
မျက်တောင်ခတ်လိုက်ခြင်းက မျက်တောင်တစ်ခုကို ကျွတ်သွားစေပြီး သူ့မျက်လုံးထဲဝင်သွားသဖြင့် ပိုလို့တောင် စိတ်ရှုပ်သွားရသည်။
ထိုစကားလုံးကြမ်းကြမ်းတွေကို သူကအမှုမထားဘဲ ကျိုးထင်းဟန်အနေနဲ့ စိတ်အခြေအနေမကောင်းခြင်းသာဖြစ်မည်ဟု မှတ်ယူလိုက်သော်လည်း မထင်မှတ်ထားဘဲ တတိယမြောက်လူက သူတို့အနားသို့ ဖြတ်သွားသည်နှင့် ကွက်တိကျသွားတော့၏။
ထန်ယွီအန်းအနေဖြင့် ဝေ့လန်ရှင်းတစ်ယောက် ဒီလောက်အထိ လေးနက်နေသည်အားမတွေ့ခဲ့ဖူးပေ။ သူ့မျက်နှာက မှောင်မဲနေပြီး လေသံကအေးစက်နေ၏။
ကျိုးထင်းဟန် ဒီအဆောက်အဦးထဲသို့ ပြောင်းလာကတည်းက ဝေ့လန်ရှင်းမှာ သူ့အားသဘောမကျနေခြင်းပင်။ သူ့၏ အများနှင့်မတူသောစရိုက် ၊ အလွန်အမင်းသီးသန့်ဆန်မှု၊ အန္တရာယ်များသည့်အပြင် အမြဲလိုလို ရန်လိုနေတတ်မှုများကြောင့်ပင်။ ဖန်ကျင်း ဘာကြောင့်များ ဒီလိုအရှုပ်ထုတ်အား အဖွဲ့ထဲထည့်သည်ကို သူတကယ်နားမလည်နိုင်ချေ၊
သူ သူတို့ ၂ ယောက်ကြားဝင်ရပ်လိုက်ပြီး ကာကွယ်ပေးသည့်အမူအရာဖြင့် အလယ်မှခြားထားလိုက်သည်။
“မင်းပြဿနာကဘာပဲဖြစ်ဖြစ် မင်းဘာသာဖြေရှင်းပါ။ မဟုတ်ရင် မင်းရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီး အထက်ကို အစီရင်ခံရလိမ့်မယ်”
သို့သော် သူ့ရဲ့စကားတွေက အရေးပင်အစိုက်မခံရပေ။ ကျိုးထင်းဟန်မှာ သူ့ကိုတစ်ချက်မျှတောင်မကြည့်ဘဲ မရှိတဲ့လူတစ်ယောက်လို သဘောထားကာ လှည့်ထွက်သွားတော့သည်။
သူ့ရဲ့ ထူးချွန်လှသည့် ပညာအရည်အချင်းနှင့် ပြောင်မြောက်လှသည့် မှတ်တမ်းတွေအတွင်းတွင် ဝေ့လန်ရှင်းအနေဖြင့် ဤကဲ့သို့ အလွန်အမင်း အရေးမစိုက် အရာမစိုက် နေတတ်သူအား တစ်ခါမှမတွေ့ဖူးပေ။
သူက ဒေါသထိန်းလိုက်ပြီး ထန်ယွီအန်းအား လှည့်ကြည့်လိုက်ရာ ထိုလူငယ်လေးမှာ ကြမ်းပြင်ထက်၌ ဆောင့်ကြောင့်ထိုင်ချရင်း ပြန့်ကျဲနေသည့် တရုတ်ဆီးသီးများကို တစ်လုံးချင်းစီ လိုက်ကောက်နေသည်။
အစပိုင်းတုန်းက သူအရမ်းဒေါသထွက်နေခဲ့သဖြင့် တရုတ်ဆီးသိီးများက တော်တော်ဝေးဝေးအထိ လိမ့်သွားသည်အား သတိမထားလိုက်မိပေ။ ကျိုးထင်းဟန်က ထန်ယွီအန်းကို တကယ်ကြီးလက်ပါလိုက်တာလား။
ဝေ့လန်ရှင်းက ကူညီပေးရန် အနားတွင်ထိုင်ချလိုက်ပြိး ထန်ယွီအန်း၏မျက်နှာအားကြည့်ကာ
ထန်ယွီအန်း ရှုပ်ထွေးသွားတော့သည်။ သူတို့ ၂ ယောက်က နည်းနည်းစိတ်ညစ်ဖို့ကောင်းတဲ့ စကားဝိုင်းလေးတစ်ခု ဖြစ်ခဲ့ရုံပဲလေ၊ ရန်ဖြစ်တာမျိုးမှမဟုတ်တာ သူကဘာဖြစ်ရမှာလဲ။
[ဇာတ်လိုက်နံပါတ် ၁ ဝေ့လန်ရှင်း၏ ဇာတ်လိုက်နံပါတ် ၂ ကျိုးထင်းဟန်အပေါ်သဘောကျမှုမှာ အနုတ် 10 ထပ်မံကျဆင်းသွားပါတယ်။ လက်ရှိသဘောကျမှု အနုတ် ၂၀ ပါ။
အတွေးတွေများပြီး ထန်ယွီအန်းတစ်ယောက် စိတ်နဲ့ကိုယ်နဲ့မကပ်နေချိန်တွင် သူ့ရဲ့နူးညံ့သိမ်မွေ့သည့်မျက်နှာက ခံစားချက်မဲ့နေသည်။
ဒါကိုမြင်သွားသည့်ဝေ့လန်ရှင်းက သူ့အနေနဲ့ တော်တော်လေး ဆိုးဆိုးဝါးဝါးနာကျင်သွားရပြီး အခုအချိန်အထိ ပြန်မကောင်းသေးသည့်ပုံစံဟုထင်မှတ်သွား၏။ သူမရောက်လာခင်မှာ ကျိုးထင်းဟန်က သူ့ကိုဘယ်လိုမျိုး ကြမ်းတမ်းတဲ့စကားတွေ ပြောနေမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ !
[ဇာတ်လိုက်နံပါတ် ၁ ဝေ့လန်ရှင်း၏ ဇာတ်လိုက်နံပါတ် ၂ ကျိုးထင်းဟန်အပေါ်သဘောကျမှုမှာ အနုတ် 10 ထပ်မံကျဆင်းသွားပါတယ်။ လက်ရှိသဘောကျမှု - အနုတ် 30 ပါ။]
မဖြစ်သေးဘူး သူတို့ကြားကဆက်ဆံရေးကို ဒီထက်ပိုပြီး ပျက်စီးအောင်လုပ်လို့မဖြစ်တော့ဘူး။ ဇာတ်လိုက်တွေဆိုတာ အရမ်းရင်းနှီးတဲ့ ရဲဘော်ရဲဘက်တွေဖြစ်လာရမှာလေ! သူတို့ကမှ အချင်းချင်းသဘောမကျနေရင် တိုက်ပွဲထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ပြီး ယုံကြည်မှုရှိကြတာ့မှာလဲ။
“သူဒီနေ့စိတ်အခြေအနေမကောင်းလို့နေပါလိမ့်မယ်။ ပြောတဲ့စကားတွေက စိတ်ထဲကမပါလောက်ပါဘူး”
ကျိုးထင်းဟန်ကြုံတွေ့ခဲ့ရသည်များအား ဝေ့လန်ရှင်းပြန်တွေးမိပြီး သူ့အပေါ်နည်းနည်းသနားလာဖို့ မျှော်လင့်မိသည်။
[တီ—ဇာတ်ကြောင်းအား ငြင်းဆန်နေသည့်အစိတ်အပိုင်းကို အာရုံခံမိပါသည်။ အလိုအလျောက်ပွင့်သည့်စွမ်းရည် “သနားဖွယ်အသွင်အပြင်”]
ဒီတစ်ခေါက်တွင်တော့ ထန်ယွီအန်းကစနစ်အားမတားတော့ပေ။ အရင်တစ်ခေါက်က သူ့စွမ်းရည်ကိုအသုံးချကာ ဝေ့လန်ရှင်း၏ သူ့အပေါ်ဆက်ဆံပုံအား ပျော့ပြောင်းအောင်လုပ်နိုင်ခဲ့သဖြင့် ဒီတစ်ကြိမ်လည်းအလုပ်ဖြစ်မည်ဟုယုံကြည်မိသည်။
ထန်ယွီအန်း “…”
သူကြိုးစားလေလေ ပိုဆိုးလေလေပါ့လား
ဒီအခြေအနေကို ကောင်းအောင် မပြင်ဆင်နိုင်မှတော့ ဒီအတိုင်းလေးပဲ ဆုံးရှုံးမှုတွေကို ရပ်တန့်သွားအောင် လုပ်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
ဝေ့လန်ရှင်းတစ်ယောက် ထိုကိစ္စမှ အာရုံပြောင်းသွားပြီး သဘောကျမှုပမာဏတွေ ဆက်မကျသွားစေဖို့ သူ တရုတ်ဆီးသီးတွေကို ဆေးလိုက်ပြီး ဝေ့လန်ရှင်းနဲ့အတူစားကာ အဆုံးတွင်တော့ လျော့ကျမှုများက ရပ်တန့်သွားတော့သည်။
သူ့အမြင်တွင်တော့ စားသောက်ခြင်းဆိုတာက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ ဆက်လက်လည်ပတ်နေအောင် လုပ်သည့်အရာသာဖြစ်ပြီး ပိုမိုလွယ်ကူအဆင်ပြေသည့် နည်းလမ်းရှိနေမှတော့ ဘာလို့အဲ့ဒါကိုပဲ အသုံးမပြုတော့မှာလဲ။
အဲ့ဒီလက်တွေကတကယ်လှတာပဲ ဟု ဝေ့လန်ရှင်းတွေးမိသည်။
အစေ့ကိုကိုင်ထားသည်မှာ ကြာရွက်လေးတစ်ရွက်က ရတနာတစ်ခုကို ကိုင်ဆောင်ထားသလိုပင်။
သူကတကယ်ကလေးလေးလိုပဲ…
ကြည့်ရတာတော့ သူတို့က သိပ်ပြီးမရင်းနှီးသေးလို့ ထန်ယွီအန်းက သူ့ကို အပြည့်အဝ မယုံကြည်သေးသည်ထင်သည်။ သူ့ကို အသီးတွေ၊ ချောကလက်တွေနဲ့ သူကြိုက်တဲ့ တခြားအရသာရှိတာတွေ ဝယ်ကျွေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ဒါဆို သူ့အနေနဲ့ ထန်ယွီအန်းအား ပိုပြီးနားလည်လာနိုင်မည်သာ။
ညဘက်တွင် ထန်ယွီအန်းကသာ အိပ်သွားသော်လည်း ဝေ့လန်ရှင်းမှာ အိပ်မပျော်နိုင်ဘဲဖြစ်နေကာ နေ့ဘက်တုန်းက အဖြစ်အပျက်တွေနဲ့ လေ့ကျင့်ရေးကပဲ သူ့အာရုံထဲတွင် နေရာယူထားသည်။
အဆောက်အဦးထဲမှာ အရှုပ်ထုတ်တစ်ယောက်ရှိနေတာက သူ့အတွက်ခက်ခဲစေသည်။ ဖန်ကျင်းကိုဆက်သွယ်ချင်သော်လည်း သူ့ဖုန်းကပိတ်ထားသည်။ ဖန်ကျင်းအနေနဲ့ ဘယ်လိုလျှို့ဝှက်တဲ့ တာဝန်တွေကို ထမ်းဆောင်နေရပြန်ပြီလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။
အိပ်မပျော်သဖြင့် စိတ်ရှုပ်မှုများအား ဖြေဖျောက်ရန် လေ့ကျင့်ရေးအခန်းထဲသို့သာ သွားလိုက်တော့သည်။
ဝေ့လန်ရှင်း၏ဒေါသတွေမှာ ပြန်လည်ထွက်ပေါ်လာသည်။ ဘာလို့ သူဘယ်နေရာသွားသွား ဒီလူနဲ့ပဲလာတွေ့နေရတာလဲ။
ကျိုးထင်းဟန်က သူပြောတာကို မကြားသည့်အတိုင်း ဘာမှပြန်မဖြေဘဲ သူ့ဂုတ်ထက်ရှိချွေးများကိုသာ သဘက်ဖြင့်သုတ်ကာ အနီးနားရှိ ခုံပေါ်မှ ရေဘူးကိုယူပြီး တခြားထွက်ပေါက်မှ ထွက်သွားရန် ဦးတည်တော့သည်။
သူ့အနေနဲ့ ဝေ့လန်ရှင်းဖြင့် စကားမပြောချင်ပေ။
ဝေ့လန်ရှင်းက ကျိုးထင်းဟန်အား အလွတ်မပေးဘဲ ချက်ချင်း အနောက်မှလိုက်လာပြီး
ထိုစကားတွေက ကျိုးထင်းဟန်အား တိုက်ရိုက်ထိသွားသလိုမျိုး သူ့ကိုရပ်တန့်သွားစေကာ တခြားနေ့တွေအားလုံးမှာ ပြောခဲ့ဖူးသည်ထက်ပိုရှည်သော စကားတစ်ခွန်းကို ထုတ်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပဲ အိပ်ပျော်ခါနီးဖြစ်နေသော ထန်ယွီအန်းမှာ စနစ်၏အသံကိုကြားလိုက်ရတော့သည်။
[ဇာတ်လိုက်နံပါတ် ၁ ဝေ့လန်ရှင်း၏ ဇာတ်လိုက်နံပါတ် ၂ ကျိုးထင်းဟန်အပေါ်သဘောကျမှုမှာ အပေါင်း 20 တိုးသွားပါတယ်။ လက်ရှိသဘောကျမှု - အနုတ် 20 ပါ။]
သူကအိပ်ချင်နေပြီး သူ့စိတ်က ဘာမှကို အာရုံမစိုက်နိုင်ပေ။
သူ့ကုတင်ဘေးတွင် ညအိပ်မီးအသေးလေးရှိနေပြီး သူ့မျက်လုံးတွေကိုအသာဖွင့်ကာ ဘေးရှိနာရီကိုကြည့်လိုက်တော့ မနက် 2:30 ပင်။
နိုးတစ်ဝက် ပျော်တစ်ဝက်ဖြင့် ထန်ယွီအန်းမှာ ဇာတ်လိုက် ၂ ယောက်ကြားရှိဆက်ဆံရေးက တိုးတက်လာတာကိုမြင်သည့်အခါ အဖြည့်ခံလူသားတစ်ယောက်အနေနဲ့ စိတ်အားတက်သွားတော့သည်။
သူ့အိပ်မက်ထဲတွင်တော့ သူက ချိုချဉ်ဖြင့်ဆောက်ထားသည့် အိမ်ကြီးထဲတွင်နေနေပြီး ညဘက်တွေ ပူဆွေးစရာတို့မရှိဘဲ အိမ်လေးတစ်အိမ်လို နွေးထွေးမှုနှင့် လတ်ဆတ်သည့် နေရောင်ခြည်၏ အငွေ့အသက်တို့ကို ခံစားနေရသည်။
ထန်ယွီအန်းက ခေါင်းအုံးထဲ ပိုနစ်ဝင်သွားအောင် အိပ်စက်လိုက်ကာ သူ့မျက်နှာထက်တွင်တော့ အပြုံးလေးတစ်ခုရှိနေသည်။