Chapter 7: သေစေလောက်တဲ့ဒဏ်ရာလေးပဲကို
အဲ့ဒီနေ့ကနေစပြီး ကျိုးထင်းဟန်က သူ့ကိုတမင်ရှောင်နေကြောင်းကို ထန်ယွီအန်းသတိထားမိလာသည်။
သူ့ကို အရင်ကလောက် မမြင်ရတော့သလို ဘယ်တော့မှ သွားရင်းလာရင်း ထပ်ပြီး တွေ့ဆုံမိတာမျိုးလည်းမရှိတော့ပေ။
ဒါပေမယ့်လည်း ဝေ့လန်ရှင်းအနေနဲ့ ကျိုးထင်းဟန်အပေါ် သဘောကျမှုက ၁ မှတ် ၂ မှတ်လောက် ဆက်တိုက်တိုးနေပြီး အခုဆိုလျှင် သုညအထိပါ ရောက်သွားပြီဖြစ်သဖြင့် ကိစ္စတွေက ကောင်းမွန်တဲ့လမ်းကြောင်းဆီသို့ ဦးတည်နေသည်ဟုခံစားရသည်။
ထန်ယွီအန်းက ဝေ့လန်ရှင်းကို ကျိုးထင်းဟန်နဲ့ စကားပြောဖြစ်လားဟု မေးကြည့်သော်လည်း ဝေ့လန်ရှင်းက မပြောဖြစ်ဘူးဟု ပြန်ဖြေရာ ထန်ယွီအန်း စဉ်းစားရခက်သွားသည်။
စကားမပြောဘဲနဲ့ ဘယ်လိုလုပ်ပြီး သဘောကျမှုရာခိုင်နှုန်းတွေက မြင့်တက်လာရတာလဲ။
သူမသိလိုက်တာကတော့ ဝေ့လန်ရှင်းရဲ့အတွေးမှာ ရိုးရိုးရှင်းရှင်းပင်။
“မမြင်ရတော့ စိတ်ထဲမရှိတော့တာပေါ့”
ကျိုးထင်းဟန်က သူရှိနေတဲ့နေရာတွေမှာ ပေါ်မလာတတ်တော့ သူ့အတွက် ပိုပြီးအဆင်ပြေစေတယ်လေ ဆိုတော့ သဘောမကျမှုတွေကလည်း ဖြည်းဖြည်းချင်းအနည်ထိုင်ပြီး လျော့ကျလာတော့တာပေါ့။
အတိုချုံ့ပြောရရင်တော့ ဇာတ်လိုက် ၂ ယောက်ကြားက ဆက်ဆံရေးက တိုးတက်လာသဖြင့် ထန်ယွီအန်းမှာ စိတ်ပေါ့ပါးနေကာ နေ့ရက်တွေကို လွယ်ကူစွာဖြတ်ကျော်နိုင်နေသည်။
ဒီကမ္ဘာက တကယ်အံ့ဩဖို့ကောင်းသည်။ နေလို့ထိုင်လို့ကောင်းရုံတင်မကဘဲ ဒီအဆောက်အဦးထဲမှာ သူ့အကြိုက်နဲ့ကွက်တိကျစွာ ချိုချဉ်များ ၊ ချိုမြိန်တဲ့မုန့်များဖြင့် ပြည့်နှက်နေသည့် အဆာပြေမုန့်များထားသည့်နေရာကိုလည်း ရှာတွေ့ထားသေးသည်။
အခုဆိုလျှင် တာဝန်တွေလုပ်ဆောင်နေရင်း သွေးတွင်းသကြားဓာတ် လျော့ကျမည်ဆိုးသဖြင့် သူနှင့်အတူ သစ်သီးချိုချဉ်တစ်ဘူးကို ဆောင်ထားတတ်သည်မှ ာအကျင့်ပင်ဖြစ်နေလေပြီ။
လေ့ကျင့်ရေးမှာလည်း ခပ်မှန်မှန်တိုးတက်လာသည်။ ဤကဲ့သို့ ငြိမ်းချမ်းသောဘဝလေးမှာ ညတစ်ညသို့မရောက်ခင်အထိ ဆက်လက်အေးချမ်းနေခဲ့သည်။
ထိုညတွင် စနစ်၏အသံကြောင့် ထန်ယွီအန်းနိုးလာတော့သည်။
[ဇာတ်လိုက်နံပါတ် ၂ ကျိုးထင်းဟန်ထံတွင် များပြားလှသော စိတ်ခံစားချက် အတက်အကျများကို အာရုံခံမိပါသည်။ ကျေးဇူးပြုပြီး ဇာတ်လိုက်၏ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို အထူးသတိထားပေးပြီး ဖြစ်လာနိုင်ခြေရှိသည့် ပြဿနာတို့အား ဖြေရှင်းပေးပါ Host]
လာပြန်ပြီ။ ကြည့်ရတာတော့ ဒီပြဿနာကြီးက ဖြေရှင်းလို့ မပြီးသေးဘူးထင်တယ်။
ဒီလိုအချိန်မျိုးမှာ စိတ်ခံစားချက်အတက်အကျဖြစ်တယ်ဆိုတော့ ကြည့်ရတာ အိပ်မက်ဆိုးမက်တာဖြစ်နိုင်တယ်။
ထန်ယွီအန်းက အဝတ်အစားလဲလိုက်ပြီး ကျိုးထင်းဟန်ရဲ့ အခန်းဆီသွားလိုက်ရင်း ဘာကြောင့်လာလည်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို သွားသည့်လမ်းတစ်လျှောက် စဉ်းစားနေသည်။
ညလယ်ခေါင်ကြီးမှာ ရုတ်တရက်ကြီး ရင်ဖွင့်စကားပြောချင်လို့ဆိုပြီး ပြောလိုက်ရမလား။
ဒါကြီးက တော်တော်လေး ထူးဆန်းလွန်းတယ်။ အခန့်မသင့်ရင် အထိုးပါခံရလောက်တယ်…
ဟနေသည့်အပေါက်ကနေတစ်ဆင့် အတွင်းရှိအလင်းရောင်အား မြင်နေရသော်လည်း အခန်းထဲတွင် ဘယ်သူမှမရှိပေ။
မကောင်းတော့ဘူး တစ်ခုခုဖြစ်သွားတာကို သူမသိလိုက်တာများလား! ကျိုးထင်းဟန် တစ်ခုခုများဖြစ်သွားပြီလား!
“စနစ် ကျိုးထင်းဟန်ဘယ်မှာရှိလဲဆိုတာသိလား”
[တည်နေရာရှာခြင်းလုပ်ဆောင်ချက်ကိုသုံးစွဲနိုင်ပါသည်။ ကျန်းမာရေးအမှတ် ၁၀ မှတ်လိုအပ်ပါသည်။ အသုံးပြုပါမည်လား။]
ပုံမှန်ဆိုလျှင် ကျန်းမာသည့်လူတစ်ယောက်တွင် ကျန်းမာရေးအမှတ် ၁၀၀ ရှိတတ်သည်။ ခြောက်ဆယ်အောက်ရောက်လျှင် ဖျားနာလာမှာဖြစ်ပြီး သုံးဆယ်အောက်ဆိုလျှင် အလွန်အမင်းမကျန်းမာဖြစ်လာလိမ့်မည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလိုခံစားလိုက်ရပြီး ထန်ယွီအန်းမှာ ဘေးဘက်ရှိနံရံကိုမှီကာ အသက်ကိုရှူထုတ်လိုက်ရတော့သည်။
ဘယ်လိုဖြစ်တာလဲ။ သူအရင်ကလည်းသုံးခဲ့ဖူးတာပဲကို။ အခုသုံးလိုက်တာက ၁၀ မှတ်တင်လေ ဒီလောက်အထိ ပြင်းထန်တဲ့သက်ရောက်မှုမျိုးမဖြစ်သင့်ဘူး…
[Host ရဲ့ခန္ဓာကိုယ်ထဲက အချက်အလက်ချို့ယွင်းမှုတွေကြောင့် ကျန်းမာရေးအမှတ်အား တွက်ချက်သည့်လုပ်ငန်းစဉ်မှာ ချို့ယွင်းသွားပါတယ်။ လုပ်ဆောင်ချက်တွေကို ပြန်လည်ချိန်ညှိပြီးပါပြီ…ပြန်လည်တွက်ချက်ခြင်းပြီးဆုံးပါပြီ။ ကျန်းမာရေးအမှတ် ၄၀ အနုတ်ခံလိုက်ရပါတယ်။ ကျန်ရှိသောကျန်းမာရေးအမှတ် : ၆၀]
ဒါမယ့်လည်း လုပ်ပြီးသွားပြီဆိုမှတော့ အချည်းနှီးအဖြစ်မခံနိုင်သဖြင့် ကျိုးထင်းဟန်တစ်ယောက် ရူးမိုက်တဲ့ လုပ်ရပ်တွေမလုပ်ခင် ရအောင်ရှာဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
ထန်ယွီအန်းလည်း အပြင်ဘက်ကို လိုက်ထွက်သွားပြီး မိနစ်အနည်းငယ်လောက် အမြန်လျှောက်လိုက်ကာမှ လမ်းလျှောက်နေသော ကျိုးထင်းဟန်ကို ရှာတွေ့သွားတော့သည်။
ကျိုးထင်းဟန်က ဖိနပ်လည်းစီးမထားဘဲ ညအိပ်ဝတ်စုံကိုဝတ်ကာ လမ်းဘေးတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်မှာ မသိလျှင် ဇွန်ဘီတစ်ကောင်အတိုင်းပင်။
“…ညဘက်ကြီးမျက်နှာဖုံးဝတ်ထားရင် ပိုပြီးသံသယဝင်ဖို့မကောင်းဘူးလား”
ထန်ယွီအန်းမှာ အသုံးဝင်သော စွမ်းရည်တစ်ခုအား ရရှိသွားသဖြင့် အဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့သော်လည်း ကြာရှည်တော့မခံလိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ၁၀ မိနစ်ပင် မကြာသေးသောအချိန်အတွင်း၌ မိုးရွာချလာသည်လေ။
သူရဲ့ကျန်းမာရေးအမှတ်တွေ အနုတ်ခံထားရသဖြင့် အစောကတည်းက အားနည်းနေသောထန်ယွီအန်းမှာ မိုးရေကြားထဲ ခိုက်ခိုက်တုန်နေကာ
[မိုးရေကိုကာကွယ်ပေးတဲ့လုပ်ဆောင်ချက်ကို သုံးစွဲနိုင်ပါသည်။ အလိုအလျောက်တွက်ချက်မှုစနစ်…ကျန်းမာရေးအမှတ် ၂၀ လိုပါသည်။ အသုံးပြုပါမည်လား။]
ထန်ယွီအန်းက သူ့ဂျက်ကပ်ကို ပိုပြီးတင်းသွားအောင် ဆွဲစိလိုက်သည်။ အအေးဓာတ်က သူ့အရေပြားမှတစ်ဆင့် အရိုးတွေထဲထိပါ စိမ့်ဝင်နေသလိုခံစားနေရ၏။
အအေးဓာတ်ကြောင့် သူ့စိတ်က လေးလံထိုင်းမှိုင်းနေသဖြင့် သူ့အရှေ့တွင် ဘာတွေဖြစ်သွားတာလဲဆိုတာကို ချက်ချင်းမစဉ်းစားနိုင် ဖြစ်သွားတော့သည်။
ဖျတ်ခနဲ အလင်းရောင်တစ်ချက် လက်သွားတာကိုသာ မြင်လိုက်ရပြီး နောက်တွင်တော့ သူ့အရှေ့၌ လမ်းလျှောက်နေသောကျိုးထင်းဟန်မှာ တိတ်တဆိတ်ပစ်လဲကျသွားတော့၏။
သူချက်ချင်းပဲ အသိစိတ်ပြန်ကပ်သွားကာ သတိချပ်သွားတော့သည်။
မိုးရေတွေထဲ ပစ်လဲကျသွားသည့် ကျိုးထင်းဟန်ဆီသွားရန် ပြင်လိုက်ချိန်မှာပဲ ထောင့်တစ်နေရာမှ အနက်ရောင်ဝတ်ရုံခြုံထားသည့် လူတစ်ယောက်ထွက်လာချိန်တွင် သူ့ခြေလှမ်းတွေကို အရှိန်နှေးလိုက်တော့သည်။
ထိုလူက အရပ်ရှည်ပြီး ဟိတ်ဟန့်အပြည့်ဖြင့် ရှိန်ချင်စရာပေ။ ခပ်မှိန်မှိန်မီးရောင်ကြောင့် ထိုလူ၏မျက်နှာကိုမမြင်ရသော်လည်း သူ့အသံအရတော့ အသက်က လေးဆယ် ငါးဆယ်လောက်ရှိလောက်မည်။
“ထွက်သွား မဆိုင်တာကိုဝင်မပါနဲ့”
သူပြောသည့်စကားအရဆိုလျှင် ကျိုးထင်းဟန်၏ ရန်သူဖြစ်ပုံရသည်။ ဇာတ်လိုက်အနေနဲ့ ဘာဖြစ်သွားတာလဲဆိုတာ ထန်ယွီအန်းသိချင်သော်လည်း ဒီတစ်ခေါက်ကတော့ စပ်စုရန်အချိန်ကောင်းမဟုတ်ပေ။
သူကသေချာပေါက် ကောင်းကောင်းလေ့ကျင့်ထားသည့်သူဖြစ်မည်။ ထန်ယွီအန်းမှာ သူနှင့် စိတ်စွမ်းအင်ချင်းသာ ယှဉ်ပြိုင်နိုင်ပြီး တကယ်လက်တွေ့ချကြမည်ဆိုလျှင်တော့ ယှဉ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူက လမ်းမထက်ရှိ ကျိုးထင်းဟန်ကို တစ်ချက်ကြည့်ကာ အသက်ရှင်နေဆဲဖြစ်ပြီး ဒဏ်ရာရသွားရုံသာဖြစ်ကြောင်း အတည်ပြုပြီးသွားချိန်တွင်တော့ အနက်ရောင်ဝတ်ရုံနှင့်လူဆီတိုးသွားလိုက်ပြီး
“သူက ငါ့လူ”
အနက်ရောင်ဝတ်ရုံနှင့်လူမှာ အချိန်ကိုက် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ပြီးကာမှ ဒီလိုမျိုး ဝင်နှောင့်ယှက်ခံရလိမ့်မည်ဟု မထင်ထားသဖြင့် ဒေါသထွက်လာတော့သည်။ သို့သော် တစ်ဖက်လူ၏ အင်အားကိုမသိရသေးသဖြင့် အလျင်စလိုတော့ မပြုမူရဲပေ။
ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးနဲ့ ကြောက်တဲ့ပုံစံမပြဘဲ ရဲရဲတင်းတင်းပါပြောနေတာဆိုတော့ သူအနိုင်ရနိုင်တယ်ဆိုတာ သေချာနေလို့များလား။
ပြီးတော့ သူက မျက်နှာဖုံးလည်း တပ်ထားသေးတယ်။ ကျိုးထင်းဟန်ကို တိတ်တဆိတ်နှုတ်ပိတ်ဖို့ အဲ့ဒီအဖွဲ့အစည်းကနေလွှတ်လိုက်တဲ့ လုပ်ကြံရေးသမားများလား…
ဒါပေမယ့်လည်း လွယ်လွယ်လက်မလျှော့ချင်သဖြင့် တစ်ဖက်လူ၏ အင်အားကိုစမ်းသပ်ရန်သာ ဆုံးဖြတ်လိုက်တော့၏။
စိတ်စွမ်းအင်များက လေဓားသွားတစ်ခုအဖြစ် ပုံစံပြောင်းလဲသွားပြီး ထန်ယွီအန်းဆီသို့ တစ်ရှိန်ထိုးပြေးဝင်လာတော့သည်။ သို့သော် ထန်ယွီအန်း လက်လေးတစ်ချက် အသာဝှေ့လိုက်ရုံနှင့်တင် ချက်ချင်းပဲ ပျောက်ကွယ်သွားတော့၏။
သူ့ရဲ့မျက်လုံးအိမ်တွေက ကြောက်ရွံ့မှုကြောင့် ကျုံ့ဝင်သွားတော့သည်။ သူ့ရဲ့တိုက်ချက်ကို ချက်ချင်းပဲဖျက်ဆီးလိုက်ကာ စွမ်းအင်ချင်းထိခတ်မိသွားတဲ့ပုံစံကို ဒီတိုင်းသာမန်မျက်လုံးနဲ့တောင် မမြင်နိုင်ရလောက်တဲ့အထိ မြန်လွန်းတယ်…သူတို့ ၂ ယောက်ကြားက အင်အားချင်းကွာခြားမှုက ပြောမပြနိုင်လောက်အောင်ကို များနေလောက်တယ်…
လမ်းမီးတိုင်၏ အလင်းရောင်ဖျော့ဖျော့က သူ့အပေါ်သို့ဖြာကျနေပြီး ငွေရောင်မျက်နှာဖုံးက မျက်လုံးတွေကို ဖုံးအုပ်ထားကာ ဖြူဖျော့သည့်အသားအရေနှင့် ကြက်သွေးရောင်နှုတ်ခမ်းတို့ကိုသာမြင်ရပြီး သူ့ပုံစံက သွေးပင်လယ်ထဲမှာ မွေးဖွားလာသည့် Rakshasa နတ်ဆိုးလိုပင်။
[T/N: Rakshasa demon = အိန္ဒိယဒဏ္ဍာရီထဲရှိ သွေးဆာလောင်တဲ့ ယုတ်မာရက်စက်ကာ စွမ်းအားကြီးသောနတ်ဆိုး]
အနက်ရောင်ဝတ်ရုံနဲ့လူက တုန်ယင်သွားကာ ၂ ယောက်ကြားရှိ တင်းမာမှုမှာလည်း ပြတ်တောက်သွားပြီး ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။
ထန်ယွီအန်းလည်း သူထွက်သွားသည်ကို အနောက်ကနေကြည့်နေမိ၏။ ထိုလူမှာ အပြေးလွန်ပြီး လမ်းမထက်ရှိရေအိုင်ထဲ ချော်လဲကာ ရေတွေပါပေကုန်သည်အား တွေ့လိုက်ရသည်။
…သူက တကယ်ကြီးအဲ့လောက်ထိကြောက်ဖို့ကောင်းနေတာလား။
အန္တရာယ်မရှိတော့တဲ့အခါကျမှ ထန်ယွီအန်းက လက်ကိုအားပြုပြီး ကုန်းထရန်ပြင်နေသော ကျိုးထင်းဟန်ဆီကို ပြန်လှည့်လာသည်။
သွေးတွေနဲ့မိုးရေတွေက ရောထွေးနေပြီး သူ့ဆံပင်တွေက လုံးဝစိုရွှဲနေသည်။ ဒါပေမယ့်လည်း သူ့ပုံစံက သနားစရာကောင်းသည့်ပုံ ပေါက်မနေပေ။ သူ့မျက်လုံးတွေက ဦးတည်ရာမဲ့နေပြီး မျက်ကွင်းတွေက ချောင်ကျကာညိုမဲနေသည်မှာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေသလိုပင်။
သူက ကြမ်းပြင်ပေါ်ဒူးထောက်လျက် အပေါ်သို့မော့ကြည့်လာသည်။ မိုးရေတွေက သူ့အမြင်အာရုံကို မှုန်ဝါးနေစေသည်။ သူမျက်တောင်ထပ်ခတ်လိုက်ချိန်တွင်တော့ သူ့ရှေ့တွင် မတ်တတ်ရပ်နေသူအား တွေ့လိုက်ရ၏။
“မင်းလည်းငါ့ကိုသတ်ဖို့ရောက်လာတယ်ဆိုတာငါသိတယ်”
သူကတည်ငြိမ်စွာပြောလာသည်။
“သတ်လိုက်တော့”
တစ်ဖက်လူ၏အသံက အိပ်မက်ဆန်လွန်းကာ နှလုံးခုန်သံကဲ့သို့ နီးကပ်နေသော်လည်း စိတ်ကူးယဉ်ဆန်စွာပင်။
“ငါက မင်းကိုကယ်ဖို့လာတာ”
ထန်ယွီအန်းအနေနဲ့ သူဘယ်သူလဲဆိုတာကို ဖုံးကွယ်ထားရန် မလိုအပ်ဟုထင်သဖြင့် မျက်နှာဖုံးကိုချွတ်လိုက်တော့သည်။
စွမ်းရည်၏သက်ရောက်မှု ပျောက်ကွယ်သွားချိန်တွင် ကျိုးထင်းဟန်၏အကြည့်များက ရှုပ်ထွေးနေရာမှ အံ့ဩသည့်ပုံအဖြစ် ပြောင်းလဲသွားသည်အားတွေ့လိုက်ရသည်။ ကျိုးထင်းဟန် စိုက်ကြည့်နေသည့်ပုံမှာ သူဘာလို့ အစောကတည်းက ထန်ယွီအန်းကို မမှတ်မိရတာလဲဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားရခက်နေသည့်ပုံပင်။
အံ့ဩစရာကောင်းစွာဖြင့် ကျိုးထင်းဟန်က ထန်ယွီအန်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲဆိုတာကို မေးမလာသလို သူ့အနောက်ကို လိုက်လာတာလားဟုလည်း မမေးခဲ့ပေ။ သူက ဂရုမစိုက်သည့်ဟန်ဖြင့် အရှိကိုအရှိတိုင်းသာ လက်ခံလိုက်သည့်ပုံပင်။
တစ်ယောက်ယောက်က သူ့ကိုလာသတ်မယ့်အချိန်ကို သူစောင့်နေတာပဲ။
စွန့်ပစ်အဆောက်ဦးတွေ ဝိုင်းရံနေသည့်လမ်းမထက်တွင် ၂ ယောက်လုံးမှာ လမ်းမထက်၌ ကျောက်ရုပ်တွေကဲ့သို့ ဘေးချင်းကပ်လျက် တိတ်တဆိတ်ထိုင်နေကြသည်။
ထန်ယွီအန်းက အရင် စကားစပြောလိုက်၏။
“မင်းရဲ့ဒဏ်ရာက ပြင်းလား”
ကျိုးထင်းဟန်က ပြန်မဖြေလာသော်လည်း သူ့၏တိတ်ဆိတ်မှုအတွင်း၌ ဂရုမစိုက်ဟန်အရိပ်အငွေ့တို့အား တွေ့လိုက်ရသည်။
ထန်ယွီအန်းအနေနဲ့ ဆေးမကုသချင်သည့်သူအား ဆေးရုံသို့ ဆွဲခေါ်မသွားချင်ပေ။
“စနစ် သူ့ရဲ့ဒဏ်ရာတွေကို စစ်ကြည့်ပေးပါဦး”
[ဆေးမကုသဘဲထားလျှင် နောက်တစ်နာရီအတွင်း သေဆုံးသွားနိုင်ပါတယ်။]
ထန်ယွီအန်း”…”
ကိစ္စမရှိပါဘူး သေစေလောက်တဲ့ဒဏ်ရာလေးပဲကို သူ့မှာ နည်းလမ်းရှိပြီးသား
“မင်းမှာ အထူးကုသရေးဆေးလုံးတွေ ရှိတယ်မဟုတ်လား တစ်လုံးလောက်ပေး”
ထိုဆေးလုံးများဖြင့် ဇာတ်လိုက်ပေါင်းများစွာ၏ အသက်ကို သူကယ်ပေးခဲ့ဖူးသည်။
“အရင်က ၅ မှတ်ပဲမဟုတ်ဘူးလား”
[Host ရဲ့ဒီကမ္ဘာကခန္ဓာကိုယ်က အချက်အလက်ချို့ယွင်းမှုတွေရှိနေသည့်အတွက် အပြောင်းအလဲတချို့ရှိသွားတာပါ။]
“…ကောင်းပြီလေ သုံးလိုက်”
အမှတ် ၂၀ လောက်သုံးရုံဖြင့် သူမသေသွားနိုင်ပေ သို့သော် ဇာတ်လိုက်ကတော့ သေလို့မဖြစ်ပေ။
နောက်တစ်စက္ကန့်အကြာတွင် ဆေးလုံးလေးတစ်လုံးက သူ့လက်ထဲ၌ပေါ်လာတော့၏။
သူလည်း နောက်တစ်နည်းသုံးကာ ပြောလိုက်သည်။
“ဒါအဆိပ်”
ကျိုးထင်းဟန်က သူ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာပြီး သူ့ပုံစံက စဉ်းစားရခက်နေပုံပင်။
“မနာတော့ဘူးပေါ့။ မင်းခံစားနေရတာတွေကို မြန်မြန်အဆုံးသတ်ပေးနိုင်လိမ့်မယ်”
ထန်ယွီအန်း သူ့ကို ဘာလို့ အဆိပ်လာပေးရတာလဲ ဆိုတာကိုမစဉ်းစားဘဲ သူ့ရဲ့သေဆုံးမှုက ထန်ယွီအန်းအား တစ်ခုခု ပြဿနာဖြစ်သွားစေမည်ကိုသာ စိုးရိမ်နေသည်။
ထန်ယွီအန်းကလည်းပြန်မေးလာသည်။
“မင်းကသေမှာကြ မကြောက်ဘဲ ငါ့ကိုဆွဲချမိမှာကြ ကြောက်တယ်ပေါ့”
မိုးရွာတာရပ်တန့်သွားသည်။ ကျိုးထင်းဟန်က ကြယ်တွေကင်းမဲ့ကာ မှောင်မဲနေသည့် ညကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ငါက ဟိုးအရင်ကတည်းက သေသွားခဲ့သင့်တာ”သူ
ထန်ယွီအန်းက ပါးစပ်ထဲရှိရာ အချိန်တစ်ခုကို ကောက်ပြောလိုက်သည်။
“နာရီဝက်”
ကျိုးထင်းဟန်က စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆက်ပြောလာသည်။
“ငါ့ကိုသတ်ဖို့လာတဲ့လူကိုငါသိတယ်”
သေခြင်းတရားနှင့် ကြုံတွေ့နေရတာတောင်မှ လူတွေက တစ်ခါတလေမှာ ရင်ဖွင့်ချင်တတ်ကြသည်။ ထိုအဖွဲ့အစည်းဆီမှ ဖမ်းဆီးခံခဲ့ရချိန်မှာ သူတစ်ယောက်တည်းမဟုတ်ခဲ့ကြောင်း ပြောပြလာသည်။
ရန်သူဆီမှာအဖမ်းခံလိုက်ရပြီဖြစ်သည့်အတွက် ၂ ယောက်လုံးအနေနဲ့ လူမဆန်သည့်နှိပ်စက်မှုများကို မကြာခင်ကြုံတွေ့ရတော့မည်သာ။ ထို့ကြောင့် သူတို့ကိုယ်သူတို့ အဆုံးသတ်လိုက်သည်က ပိုကောင်းပေလိမ့်မည်။
သူ့တွင်သေနတ်တစ်လက်ပါလာသည်။ သူ့အနေနဲ့ သူ့အဖွဲ့သား(မိန်းကလေး)ကို ပစ်သတ်ပြီးနောက် သူ့ကိုယ်သူသတ်သေရန် ပြင်ထားခဲ့သည်။
ဒါပေမယ့် သူ့ကိုယ်သူပြန်ပစ်ချိန်တွင် သေနတ်ကအလုပ်မလုပ်တော့ဘဲ မောင်းကကျပ်သွားတော့၏။
ဒီနေ့ည သူ့ကိုလာတိုက်ခိုက်သည့်သူမှာ ထိုအဖွဲ့သား၏အစ်ကိုပင်။
ထန်ယွီအန်းအနေနဲ့ ဒါဟာသူ့အမှားမဟုတ်ပါဘူးဟု ပြောလာမည်လို့ ထင်ခဲ့သော်လည်း ထန်ယွီအန်းပြောလာသည်မှာ သူ့ရဲ့အဖွဲ့သားအနေနဲ့ သေဆုံးခြင်းကို ရွေးချယ်ခဲ့တာက ရဲရင့်မှုဖြစ်ပြီး သူ့အနေနဲ့ အသက်ရှင်ရန်ရွေးချယ်ခဲ့ခြင်းကလည်း ရဲရင့်မှုဖြစ်သည်ဟုပင်။
သူကပြောလာသည်မှာ
“မင်းဒီလောက်အထိတောင့်ခံလာပြီးပြီပဲ။ မင်းပင်ပန်းနေခဲ့မှာပဲ”
လုပ်ခံနေရချိန်မှာ သူ့ကိုယ်သူထိန်းချုပ်မှု ပျောက်ကွယ်သွားတဲ့ခံစားချက်တွေ၊ ပုံရိပ်ယောင်တွေနဲ့ တကယ့်လက်တွေ့ဘဝကြား ဝေဝါးနေတဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေ…သူ စားလည်းမစားနိုင်သလို အိပ်၍လည်းမရပေ။ သူရူးသွားတော့မလိုပင်ခံစားရသည်။Brainwash
“ဘယ်လောက်ကျန်သေးလဲ”
“အတိတ်တုန်းက ကျိုးထင်းဟန်ကတော့ သူ့ရဲ့ခရီးအဆုံးသတ်ကိုရောက်သွားပြီ။ ဒါပေမယ့် အခုကျိုးထင်းဟန်ကတော့ သူ့ရဲ့အရှေ့မှာ တစ်ဘဝစာအနာဂတ်ကရှိနေလိမ့်မယ်"
“ဘ…ဘာ”
ထိုဆေးလုံးဟာ တကယ်တော့ အဆိပ်မဟုတ်သော်လည်း သူမျိုချလိုက်ချိန်တွင် သူဟာ တစ်ခါသေဖူးတဲ့လူတစ်ယောက် ဖြစ်သွားပြီဟု ထန်ယွီအန်းကရှင်းပြလိုက်သည်။ နောက်နေ့မနက် နေထွက်လာသည်နှင့် သူကလုံးဝမတူညီသည့်လူတစ်ယောက် ဖြစ်သွားတော့မှာပင်။
သူကြိုမသိသော်လည်း ဇာတ်လိုက်ကျိုးထင်းဟန်အနေနဲ့ ကြီးမားတဲ့အရာတွေကို လုပ်ဆောင်နိုင်ရန် ကံကြမ္မာပါလာသည်ဟု ထန်ယွီအန်းသိနေသည်။အနာဂတ်ရဲ့ဇာတ်ကြောင်းကို
“ကျိုးထင်းဟန် မင်းရဲ့ဘဝက အခုမှစမှာ”
အဆုံးတွင်တော့ အောက်သို့ပြုတ်ကျသွားပြီး သူ့အနေနဲ့ ဘဝအသစ်တစ်ခုကို ရသွားခဲ့သလို သူခံစားလိုက်ရသည်။မောင်းကျပ်သွားတဲ့ကျည်ဆန်ကသူ့ရဲ့အခြေအနေတည်ငြိမ်သွားတာကို သတိထားမိသွားသည့်ထန်ယွီအန်းက သူ့ကိုကူညီပြီးထူပေးလာကာ
“အိမ်ပြန်ကြရအောင်”
ဒါပေမယ့် သူမတ်တတ်ရပ်လိုက်သည်နှင့် ကမ္ဘာကြီးကလည်ထွက်သွားကာ ချက်ချင်းပဲမူးဝေလာတော့သည်။ သို့သော် သူ့ခန္ဓာကိုယ်က အေးစက်သည့် ကြမ်းပြင်ထက်သို့ လဲကျမသွားဘဲ တောင့်
တင်းသည့် ပွေ့ဖက်မှုတစ်ခုထံသို့ ကျရောက်သွားတော့၏။
သူ့နှလုံးကလှုပ်ခတ်သွားသည်။ သူကိုယ်တိုင်သေခြင်းတရားနှင့် မျက်နှာချင်းဆိုင်ကြုံတွေ့ရသည်ထက် ပိုပြီးများပြားလှသောအကြောက်တရားများက သူ့အား ဖမ်းဆုပ်လာတော့၏။