အခန်း(2)
မော့ဝမ်ယွီအတွက်ဆိုလျှင် သေသေချာပြင်ဆင်ထားသည့် အစီအစဉ်များကို သူ့၏အကောင်းဆု့းဟုသတ်မှတ်ထားသည့် ညီအစ်ကိုထံမှ ခိုးယူခံလိုက်ရသည်။
သူ့အနေဖြင့် ဤကမ္ဘာတွင် တခြား မည်သည်ကိုများလွမ်းဆွေးနေရဦးမည်နည်း။
ဇာတ်လိုက် ဖြစ်သည့် ကျူးရှုသည်ကား အေးစက်သော စိတ်ထားရှိကာ ရက်စက်ကြမ်းကြုတ်သော ဇာတ်ကောင်ဖြစ်လာပါက သူသည်ကား သနားစရာကောင်းသော ဇာတ်ပို့ဇာတ်ကောင်ကို မိနစ်ပိုင်းသောအချိမ်အတွင်း သတ်ပစ်နးလိုက်နိုင်မည်ဖြစ်သည်။
မူလပိုင်ရှင် နိုးလာပြီးသည့်နောက်တွင် သူ၏စိတ်ဝိညာဉ်ကို ပြောင်းလဲသွားကြောင်းကိုသာ ထိုသူတွေ့ရှိပါက၊ သူ့ကို လွှတ်ပေးနိုင်ပါမည်လား။
သေချာပေသည်။ ထိုဇာတ်လိုက် ရှာမတွေ့သွားခင်အချိန်နှင့် ဇာတ်ကွက်က အဲဒီနေရာဆီသို့ မရောက်သေးခင်အချိမ်တွင် သူ တတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားရလိမ့်မည်။
သူ စဉ်းစားပြီးသည်နဲ့ မော့ဝမ်ယွီက သူ၏အဝတ်အစားများကို ချက်ချင်းဝတ်စားပြီး အထုပ်အပိုးကို အမြန်ထုပ်ပိုးလိုက်တော့သည်။
အားရှုသည်ကား တစ်ဖက်လူ၏ ထူးဆန်းသောအပြုအမူကို နားမလည်ဘဲ ခေါင်းကို သူရှိနေသည့်နေရာဆီသို့ လုက်ပါကြည်းရင်းဖြင့် မေးလာခဲ့သည်။
“ရှီးရယ် ဘာလုပ်နေတာလဲ ဒါက ... ထွက်ပြေးချင်နေတာတော့ မဟုတ်ဘူးမလား”
မော့ဝမ်ယွီ ခဏလောက် ရပ်တန့်သွားခဲ့သည်။
သူ့အနေနဲ့ မတိုင်ခင်ကအတွေးများကြောင့် အလွန်ပျော်ရွှင်နေခဲ့ကာ သူ၏ဘေးနားတွင် သက်ရှိထင်ရှားရှိနေ လူတစ်ဦးရှိနေသေးကြောင်းကို မေ့လျောသွားခဲ့ရသည်။
ထို့အပြင် တစ်ဖက်လူသည်လည်း ဇာတ်လိုက်၏ ကိုယ်ရေးကိုယ်တာအစေခံလည်း ဖြစ်နေခဲ့သည် ။
မော့ဝမ်ယွီ အနည်းငယ်ပြုံးကာ ခေါင်းကိုလှည့်ကာ လိမ်ညာစကားပြောချင်နေသည့်အချိန်တွင် ခြံဝင်းတံခါးကို ချိုးဖျက်သံကို ကြားလိုက်ရလေသည်။
ထို့နောက်ချက်ချင်းဆိုသလို အလွန်ကျယ်လောင်ကာ အားပြင်းသည်း စကားသံတစ်ခုထွက်လာခဲ့လေသည်။
“ကျူးသခင်လေး၊ မင်း ထွက်လာခဲ့!”
မော့ဝမ်ယွီ ခြံဝင်းထဲကို လှမ်းကြည့်လိုက်ချိန်တွင် ခြံဝင်းအလယ်၌ ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက်က သူတို့၏ဘက်ကို နောက်ကျောပေးပြီး မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
သခင်ငယ်လေး၏ ရှေ့တွင်တော့ ထင်းတုတ်များကို ကိုင်ထားသော လူအုပ်ကြီးက ရပ်နေသော်လည်း ထိိုသခင်ငယ်လေးသည်ကား မတုန်လှုပ်ဘဲ ခိုင်မာစွာ ရပ်နေခဲ့သည်။
သူ့၏ပုံစံက ပိန်လှီသော်လည်း အလွန် ခေါင်းမာပုံရသည်။
သို့သော် သေသေချာချာကြည့်လျှင်မူ သခင်ငယ်လေး၏ နောက်ကျောသည်က အနည်းငယ် တုန်ခါနေသည် ကို တွေ့နိုင်သည်။
သူက ကျူးမိသားစုရဲ့ သခင်ငယ်လေး ကျူးရှုပဲဖြစ်ရမယ်။
မော့ဝမ်ယွီတစ်ယောက် မျက်ခုံးကို ပင့်,လိုက်မိပြီး သူ၏ နှလုံးသားသည်လည်း အနည်းငယ် လှုပ်ရှားသွားခဲ့ရသည်။
“အဲဒီလူတွေက ဘယ်သူတွေလဲ”
မော့ဝမ်ယွီ အားရှုကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
အားရှုကတော့ ထိုနေရာသို့ ကြည့်ကာ စိုးရိမ်တကြီး တုံ့ပြန်လာခဲ့သည်။
“အဲဒါတွေက အကြွေးတွေတောင်းဖို့ လာတဲ့သူတွေပဲ၊ ရှောက်ရယ်ရဲ့ ဒုတိယဦးလေးက ဒီလူတွေရဲ့ လုပ်အားခကို မပေးဘဲ ထွက်ပြေးသွားခဲ့တယ်၊ ဒါကြောင့် အခု သူတို့က အကြွေးတွေ တောင်းဖို့အတွက် ဒီကိုရောက်လာကြတာ”
ထိုစကားကိုကြားလျှင် မော့ဝမ်ယွီ အနည်းငယ် အံ့သြသွားရသည်။
အကြွေးတောင်းသည့်သူများက ဤမျှလျှင်မြန်စွာ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါချေ။
အကယ်၍ သူသာ တစ်ဖက်လူကို ကူညီဖို့ရရန်အတွက် အရှေ့ကိုမတိုးသွားခဲ့ပါက ဆိုရင် မူလပိုင်ရှင်၏လားရာအတိုင်း မြစ်ထဲကို ပြုတ်ကျသွားမည်ကို ကြောက်ရပေသည်။
သူ၏အသက်ကို ကယ်တင်ပြီး ဘဝသစ်ကို ရှင်သန်ဖို့ရန်အတွက် မော့ဝမ်ယွီတစ်ယောက် သူ့ကိုယ်သူ ကူညီနိုင်လောက်မည့် ကျူးမိသားစု၏ သခင်ငယ်လေးကို ကူညီဖို့ရန်အတွက် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်လေသည်။
သို့သော် သူသည်ကား အရှေ့သို့ တိုက်ရိုက်မသွားခဲ့ဘဲ ခြံဝန်းထဲသို့ ပြေးသွားရန် ဟန်ပြင်နေသည့် အားရှုကိုလည်း တားဆီးလိုက်လေသည်။
ယင်းအစား သူက တိုင်ကို မှီ၍ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။
အဓိကဇာတ်ဆောင်ပ မည်မျှ အစွမ်းထက်သည်ကို သူ မြင်ချင်သေးသည်။ တကယ်တမ်းတွင် စာအုပ်ကိုဖတ်ထားသည်က တစ်ခုဖြစ်သော်လည်း၊ ကိုယ်တိုင်မျက်စိနဲ့မြင်တာက နောက်တစ်ခုသာ ဖြစ်ချေသည်။
.
တစ်ဖက်တွင်တော့ ကျူးရှုက အားနည်းသည့် လက္ခဏာမပြဘဲ ခြံထဲသို့ ဝင်လာသော သန်မာသော လူတစ်စုကို အေးတိအေးစက် စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း အင်္ကျီလက်ထဲတွင် ဝှက်ထားသော လက်ချောင်းများကတော့ အနည်းငယ် တုန်ယင်နေပြီး ပိုင်ရှင်၏ အတွင်းစိတ်က မသက်မသာဖြစ်နေမှုကို ညွှန်ပြနေခဲ့သည်။
ကြီးမားသော ခြံဝင်းကြီးထဲတွင် ကျူးရှုတစ်ဦးတည်းသာ ရှိနေသည်ကို လူအုပ်စု၏ခေါင်းဆောင်က မြင်ပြီးနောက် သူ့နောက်မှ လူများကို တားဆီးရန် သူ့လက်ကို ဝှေ့ရမ်းလိုက်လေသည်။
သူက အရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ပြောလာခဲ့သည်။
“ကျိုးသခင်လေး၊ ကျိုးမိသားစုက ငါတို့ရဲသလုပ်အားခကို ရက်ပေါင်းများစွာ အကြွေးတင်ထားတယ်၊ အခုအချိန်က ငါတို့ရဲ့လုပ်ခကို ရမယ့်အချိန်ရောက်ပြီ၊ မင်း သဘောပေါက်တယ်မလား?”
“နောက်ထပ် ရက်နည်းနည်းလောက် ထပ်တိုးပေးလို့မရဘူးလား”
ကျူးရှုက စကားတစ်ခွန်းလောက် ပြန်ပြောခဲ့ပြီး အဆုံးသတ်တွင် သူ့၏အသံ အနည်းငယ်က အနည်းငယ်တုန်ယင်နေခဲ့သည်။
“အဲဒါက ကျူးချွေ့ဖန်း အကြွေးတင်ထားတဲ့ လစာလေ၊ ငါတို့ ကျူးမိသားစုနဲ့ ဘာမှမဆိုင်ဘူး”
သူသည်ကား သူ၏ဒုတိယဦးလေး ကျူးချွေ့ဖန်းကို မုန်းတီးသည်။ ထိုသူက အပြင်ဘက်တွင် ဆိုင်ဖွင့်ဖို့ပြုလုပ်ခဲ့သော်လည်း ထိုဆိုင်လုပ်ငန်းက ပျက်စီးသွားခဲ့ပြီး ဆိုင်လက်ထောက်ကို လုပ်အားခ သောင်းနဲ့ချီကာ အကြွေးတင်ခဲ့လေသည်။
ထိုသူသည်ကား ကျူးမိသားစု၏အမည်ကို ဆက်လက်အသုံးပြုပြီး ကျူးမိသားစု၏အမည်ဖြင့် စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ရလဒ်အနေနဲ့ ယခုအချိန်တွင် ထိုသူက ပြန်ဆပ်ဖို့ရန်အတွက် မတတ်နိုင်တော့သည့်အတွက် အကြွေးအမည်များစွာ တင်ကျန်နေသည်ကိုနောက်တွင်ထားခဲ့ကာ ထွက်ပြေးသွားခဲ့လေ၏။
ထို့ကြောင့် ယခု ကျူးမိသားစု၏ဆိုင်များအားလုံးကို ပေါင်နှံထားရသော်လည်း ၎င်းတို့မိသားစုသည် ကား အလုပ်သမားများကို ဆပ်ရန်အတွက် လစာငွေ တစ်ရာကျော် အကြွေးတင်နေကြဆဲဖြစ်ပေသည်။
ထိုလုပ်အားခအပြင် တခြားအကြွေးများလည်း ရှိနေသေးသည်။
ယနေ့အချိန်တွင် သူ၏အဖေဖြစ်သူက အဝေးသို့ ခရီးထွက်နေသည့်အခိုက်နှင့်ကြုံကြိုက်နေခဲ့ပြီး ထိုသူများက သူတို့၏မိသားစုအား ကံကောင်းပါစေဟူ၍ ဆုမွန်ကောင်းတောင်းရန် ရောက်လာကြသည်။ သို့သော်ထိုသူများက သူတို့၏အင်အားကို ပြသကာ အကြမ်းဖက်ချင်နေသည်မှာ ထင်ရှားပေသည်။
ခေါင်းဆောင်က လှောင်ရယ်လာခဲ့သည်။
“အဲဒါတွေကို ငါ ဂရုမစိုက်ဘူး၊ ငါ ဒီမှာ မင်းတို့ရဲ့မိသားစုကို ကံကောင်းပါစေလို့ ဆုတောင်းဖို့ရောက်လာတာ၊ ပြီးရင် ငါတို့ရဲ့ လုပ်အားခကိုလည်း ပြန်လိုချင်တယ်”
ကျူးရှု တိတ်ဆိတ်နေခဲ့သည်။
အကြွေးကောက်လာသူအများစုသည်ကား ပတ်ဝန်းကျင်ကျေးရွာများမှဖြစ်ပြီး ၎င်းတို့၏မိသားစုကို ထောက်ပံ့ရန်အတွက် ဈေးဆိုင်များတွင် အလုပ်လုပ်ရန် မြို့ပေါ်သို့ ရောက်ရှိလာကြသည်ကို သူနားလည်နိုင်သည်။
ထို့ကြောင့် ကျူးချွေ့ဖန်းမှ ထိုလူများ၏လုပ်ခလစာများကို လှည့်စားကာ ထွက်ပြေးသွားခဲ့ချိန်တွင် ၎င်းတို့မှာ မည်သူ့ထံတွင် တောင်းရမည်ကို မသိကြတော့သည့်အတွက် ကျူးမိသားစုဆီကိုသာ ပြသနာရှာရန်ရောက်ရှိလာခဲ့ရသည်။
စာချုပ်တွင် ကျူးမိသားစု၏ နာမည်ခြင်းကြောင့်သာမဟုတ်ဘဲထိုအလုပာသမားများ၏အခြေအနေကို သိနေ၍ကြောင့်လည်း အဖေကျူးက အခြေအနေကို ငြိမ်သက်စွာ မထိုင်နေခဲ့ခြင်းဖြစ်ပေသည်။ သူတို့အားလုံးသည်ကား ရိုးသားစွာ အသက်မွေးဝမ်းကြောင်းပြုချင်သူများသာ ဖြစ်ပေသည်။
တစ်ဖက်မှ နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရလျှင် ခေါင်းဆောင်လာသူက စိတ်မရှည်တော့ဘဲ လက်ကိုဝှေ့ရမ်းပြီး သူ့၏နောက်မှ လူများကို အချက်ပြလိုက်သည်။
“ဒီလိုဆိုမှတော့ သခင်လေးကျူး၊ ကျုပ်တို့ရဲ့ ရိုင်းစိုင်းမှုတွေကို အပြစ်မတင်ပါနဲ့...”
သူက ပြောသည့်အတိုင်း သူ့၏ အင်္ကျီလက်စများကို လှန်တင်ကာ အိမ်ကို ဖြိုဖေက်ချင်နေသကဲ့သို့ ဟန်ပန်ကို ပြသလိုက်သည်။
“ရပ်လိုက်ဦး!”
ကြည်လင်ပြတ်သားနေသောအသံက လူတိုင်း၏ လှုပ်ရှားမှုများကို ရပာတန့်စေလိုက်သည်။
“လူတိုင်းပဲ ကျွန်တော့်မှာ ပြောစရာရှိတယ်!”
ကျူးရှု မတုံ့ပြန်နိုင်ခင်အချိန်မှာပင် သူ၏ပခုံးပေါ်သို့ အရိုးအဆစ်သွယ်လျသည်် လက်တစ်ဖက်ရောက်ရှိလာသည်ကို တွေ့လိုက်ရလေသည်။
ထို့နောက်တွင် သွယ်လျကာပိန်ပိန်ပါးပါးခန္ဓာကိုယ်ရှိသည့် လူတစ်ယောက်က သူ့၏ဘေးနားကို လာရောက်ရပ်လာခဲ့ပြီး ကျူးရှု၏ အထီးကျန်နေရသည့်ပုံရိပ်ကို ကူညီထောက်ပံ့ပေးလာခဲ့သည်။
သူ မော့ကြည့်လိုက်သည်တွင် တောက်ပတဲ့မျက်လုံးတစ်စုံက သူ့ကိုစိတ်မပူစေရန် နှစ်သိမ့်ပေးသလိုမျိုး မျက်တောင်ခတ်ပြလာသည်ကို မြင်လိုက်ရလေ၏။
ကျူးရှု အံ့အားသင့်သွားခဲ့ရပြီး သူ၏ပုခုံးပေါ်ရှိ လက်ကို ငုံ့ကြည့်လိုက်မိသော်လည်း ထိုလက်ကိုမူ မဆွဲထုတ်လိုက်ပါပေ။
*
ကျူးရှု စကားမပြောလိုက်နိုင်သေးခင်မှာပင် မော့၀မ်ယွီက ကျူးရှုအား သူ၏နောက်ဘက်သို့ ပို့လိုက်ကာ ကာဆီးထားလိုက်သည်။
ထို့နောက် သူသည် အရှေ့မှ အရပ်ရှည်ရှည်လူကြိီးအား တစ်ချက်ဦးညွှတ်လိုက်ပြီး ပြောလိုက်ချေသည်။
“တာ့ကော၊ ဒီနေ့ ခင်ဗျား ကျူးမိသားအိမ်တော်တစ်ခုလုံးကို ဖြိုချလိုက်ရင်တောင်မှ ဘာမှအကျိုးရှိမှာမဟုတ်ဘူး...ခင်ဗျားမျက်မြင်ပဲလေ၊ ဒီအိမ်ကြီးက ရောင်းစားရတော့မှာ၊ အိမ်ထဲမှာလည်း အဖိုးတန်ပစ္စည်းဆိုလို့ ဘာမှကျန်တော့တာမဟုတ်ဘူး ၊ အကုန်ရောင်းစားလိုက်လို့ ကုန်နေပြီ”
သေချာကြည့်မည် ဆိုပါက ဤအိမ်ကြီးမှာ အရွယ်အစားကြီးမားနေရုံသာ ရှိသော်လည်း အလွန်ချောက်ကပ်ပြီး လစ်ဟာနေလေသည်။
ပြင်းထန်သော မုန်တိုင်းတစ်လုံးမှ အိမ်ထဲ၀င်မွှေသွားသကဲ့သို့ အိမ်ထဲမှ အဖိုးတန်သည့် အရာအားလုံးသည်လည်း ပြောင်စင်သွားခဲ့လေပြီ။
တစ်ဖက်သူက လိမ်ညာနေခြင်းမဟုတ်သည်ကို သိသွားပြီးနောက် ဦးဆောင်လာသောလူကြီးက ရပ်တန့်သွားခဲ့ပြီး သူ၏အနောက်မှ လူများအား နောက်ဆုတ်ရန် အချက်ပေးလိုက်သည်။
ထို့နောက် ကျူးသခင်လေး၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသော ထိုလူငယ်အား သံသယအပြည့်ဖြင့် ကြည့်လိုက်လေသည်။ ထိုလူငယ်သည်ကား ချောမောသောရုပ်ရည်ရှိပြီး ပြုံးရယ်နေခြင်းမရှိသော်ငြားလည်း သူ၏ မိုးမခပင်မှအရွက်ကလေးများနှင့်တူသော မျက်လုံးများကမူ ရယ်မြူးရိပ်သန်းနေလေသည်။
လူငယ်၏ နှုတ်ခမ်း အဖျားလေးများမှာ အနည်းငယ် ကော့တက်နေပြီး သစ်လွင်၍ အန္တရာယ်ကင်းသော သဘောထားကို ဖော်ပြလျက်ရှိသည်။
လူကြီးက ခဏတာကြောင်သွားခဲ့ပြီး မေးလိုက်သည်။
“မင်းက ဘယ်သူလဲ”
မော့၀မ်ယွီက ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကျွန်တော်က မော့၀မ်ယွီပါ...ရုန်စစ်ရဲ့ အမျိုးသား”
တစ်ဖက်လူက သူ၏အမည်အား ကြင်နာစွာ ခေါ်လိုက်သည်ကို ကြားပြီးနောက် ကျူးရှု၏ မျက်လုံးများမှာ အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း သူက မည်သည့်စကားကိုမျှ၀င်မပြောခဲ့ပေ။
“မင်းက ကျိုးမိသားစုနဲ့ လာပြီးလက်ထပ်ထယ်ဆိုတဲ့ ကွေ့ဟွားရွာက အရူးကောင်လား”
တစ်ဖက်မှလူကြီးက ပွင့်လင်းစွာဖြင့် မေးလိုက်သည်။
“…..”
**