အခန်း(8)
နံနက်စာ စားပြီးနောက်တွင် မော့၀မ်ယွီတစ်ယောက် အခန်းသို့ပြန်ခဲ့ပြီး မည်သည့် ဟင်းခတ်ပစ္စည်းများအား ၀ယ်ရမည်ကို စဉ်းစားကာ မူလပိုင်ရှင်ဝှက်ထားခဲ့သော ငွေကြေးလက်ကျန်အား ရေတွက်ခဲ့သည်။
ယနေ့နံနက် သူ ၀ယ်ယူအားပေးခဲ့သော ဟင်းရွက်သည် အဒေါ်ကြီးထံမှသိရသည်မှာ မြို့ထဲတွင် အသီးအရွက်ရောင်းသည့် ဈေးရှိပြီး ကျူးအိမ်တော်နှင့် မဝေးသည့်အရှေ့ပိုင်းတွင် တည်ရှိသည်။
သူ့အနေဖြင့်ထိုဈေးသို့ သွားကာ လိုအပ်သော ပါ၀င်ပစ္စည်းများ ရနိုင်မရနိုင် သွားကြည့်ချင်နေခဲ့သည်။
မူလပိုင်ရှင်မှာ ထိုမျှ တုံးအ,ခဲ့သူမဟုတ်ပေ။ သူက သူ၏ကိုယ်ပိုင် စုငွေအား သူ့ဘာသာ ဝှက်ထားခဲ့သေးသည်။
ပမာဏ အလွန်မများသော်လည်း လုံလုံလောက်လောက် ရှိသောကြောင့် သူ့အနေဖြင့် အသုံးလိုပါက ကျူးအိမ်တော်ထံမှ တောင်းယူရန် မလိုအပ်တော့ပေ။
ဤသည်က မူလပိုင်ရှင်၏ ပုံစံအစစ်အမှန်ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် မော့၀မ်ယွီ သူ့ကို ရုတ်တရက် နှစ်သက်သွားမိခဲ့ပြီး ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်မိသည်။ အကယ်၍ ကျူးအိမ်တော်၌သာ အကြွေးများသာ မရှိနေခဲ့ပါက ပိုက်ဆံစုဆောင်းထားရန် အကြံမှာ အတော်လေးကို အဆင်ပြေနေခဲ့သည်ပင်။
သူ လမ်းမပေါ်သို့ ရောက်ရှိသွားချိန်တွင် လူများဖြင့် စည်ကားနေခဲ့ပြီး လှည်းများကလည်း အချိန်နှင့်အမျှ ဖြတ်သန်းသွားနေခဲ့ကာ ဖုန်အမှုန့်အမွှားများက လွင့်စင်လာခဲ့သည်။
လမ်း၏ဘေးနှစ်ဘက်တွင် ဈေးဆိုင်များစွာ စီတန်းနေခဲ့ပြီး ဆိုင်ရှင်များကလည်း သူတို့ရောင်းချသောပစ္စည်းများအား ကိုင်မြှောက်ပြလျက် ဈေး၀ယ်သူများကို အမျိုးမျိုး ဆွဲဆောင်နေခဲ့သည်။
မော့၀မ်ယွီအတွက်ဆော့ ထိုသို့သော အလွန်ရှေးကျသည့် မြင်ကွင်းအား ပထမဆုံးအကြိမ် ကိုယ်တိုင်မြင်တွေ့နေရခြင်းဖြစ်သည်။
သူက ဈေးသည်များ၏ အရောင်းစကားများအား လျစ်လျူရှုကာ နေရာကိုသာ စိတ်၀င်တစား လိုက်ပတ်ကြည့်နေမိခါ့ သည်။
လမ်းပေါ်တွင် အဆာပြေမုန့်ဆိုင်များ များပြားစွာရှိပြီး ဆိုင်များအားလုံးနီးပါး၏ အရှေ့တွင် ပေါင်းခံသည့်အိုးများ ချထားလျက်ရှိကာ ဘေးဘက်တွင်လည်း ‘ဘန်းမုန့်ပေါင်းများ” ဟူသော စာလုံးများအား ချိတ်ဆွဲထားခဲ့သည်။
လမ်းတလျှောက် ဆက်၍ လျှောက်လာခဲ့သော်လည်း အကြော်နှင့် အခြား လေးလေးပင်ပင် အစားအစာများအား ရောင်းချသောဆိုင်များကိုမူ မတွေ့ခဲ့ပါချေ။
လမ်းမတစ်လျှောက်၏ ဘေးတွင် အလွန်မှောင်သော လမ်းကြားများလည်း ရှိနေခဲ့သေးသည်။ တစ်ချို့လမ်းများမှာ အလွန်မှောင်မဲနေပြီး တစ်ချက်တစ်ချက်တွင် ခွေးဟောင်သံများပါ ထွက်ပေါ်လာတတ်သည်။
ထိုအရာက လမ်းမကြီးပေါ်တွင် စည်ကားနေမှုအား မည်သို့မျှ သက်ရောက်မှုမရှိခဲ့ပါပေ။
မော့၀မ်ယွီ မျှော်လင့်ထားခဲ့သလိုပင် ဤသည်က စာအုပ်အတွင်းမှ ကမ္ဘာတစ်ခု ဖြစ်ပေသည်။
မော့၀မ်ယွီတစ်ယောက် တွေးတောရင်း ခေါင်းငြိမ့်လိုက်ပြီးနောက် သူ၏နံဘေးမှ လျှောက်လာခဲ့သော ကျူးရှုအား ကြည့်လိုက်ကာ ရပ်တန့်သွားခဲ့သည်။ ဤမနက်တွင် သူ အရှေ့ပိုင်းဈေးသို့ ဟင်းချက်စရာ ၀ယ်ရန်သွားမည်ဟု ပြောလိုက်ချိန်က ကျုးသခင်လေးသည်လည်း အံ့သြဖွယ်ကောင်းစွာဖြင့် အတူလိုက်မည် ဟုပြောခဲ့လေသည်။
တခြာစအတွက်တော့ မဟုတ်ပေ။ ကျူးရှုကဲ့သို့ တည်ငြိမ်၍ အေးစက်သော အကျင့်စရိုက်ရှိသူက ထိုသို့သော ဆူဆူညံညံ ဈေးလိုနေရာမျိုးသို့ သွားလိုသည် သူ အံ့ဩမိခြင်းဖြစ်သည်။
သူ့လို တည်ငြိမ်အေးဆေးတဲ့ သခင်လေးက အသီးအရွက်ဈေးထဲမှာ ပေါ်လာတာ အဓိပ္ပာယ်ရှိလို့လား။
သေချာပေါက် အဓိပ္ပာယ်မရှိဘူးပေါ့။ ဒါပေမဲ့ အစကတည်းကသိထားရမှာက ..
သခင်လေးက အဓိပ္ပာယ်ရှိတဲ့အလုပ်တွေကို လုံးဝမလုပ်တဲ့သူလေ!
သခင်လေးက တကယ့်ကို အဓိပ္ပာယ်ရှိမရှိကို မကြည့်တဲ့သူပဲ!
ကျုးသခင်လေးသည်ကား လမ်းတလျှောက်တွင် စကားတစ်ခွန်းမျှ မစွန့်ကြဲခဲ့သလို တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
သူသည်ကား ဘေးဘက်မှ ဈေးဆိုင်များကိုပင် လှည့်မကြည့်ခဲ့ချေ။ မော့ဝမ်ယွီနှင့်အတူ တစ်လှမ်းနှစ်လှမ်း အကွာမှသာ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
၎င်းက မော့၀မ်ယွီအား အနည်းငယ် ကျောချမ်းလာစေသည်။ အကယ်၍ ကျုးသခင်လေးကသာ သူ့အား ပြဿနာကောင်ဟုထင်ပြီး လူငှားကာ သူ့အား လမ်းကြားထဲသို့ဆွဲခေါ်သွားပြီး ထိုးနှက်ခိုင်းလျှင် မည်သို့လုပ်ရပါမည်နည်း...
“မော့၀မ်ယွီ”
မော့၀မ်ယွီတစ်ယောက် ‘သူတော့ ကိုယ်ကျိုးနည်းတော့မည်’ ဟုတွေးမိကာ တစ်ယောက်တည်း ပြဿနာတက်နေချိန်တွင် ကျူးရှု၏ခေါ်သံအားကြားလိုက်ရလေသည်။
သူရုတ်တရက် လှမ်းကြည့်လိုက်လျှင် ကျူးရှု၏ မျက်လုံးဖျော့ဖျော့များဖြင့် ဆုံမိသွာစရသည်။
ယခုအချိန်မှာ နံနက်စောစောဖြစ်ပြီး နေထွက်ခါစတွင် နံနက်ခင်းနေရောင်ခြည်လေးသည်ကား ကျူးရှု၏ ကိုယ်ပေါ်သို့ ကျဆင်းနေခဲ့ကာ နေရောင်ဖြင့် အလင်းရိပ်ကျနေသော ကျူးရှု၏ မျက်၀န်း ဖျော့ဖျော့တစ်စုံသည်လည်း ဖန်သားကဲ့သို့ ကြည်လင်တောက်ပနေခဲ့သည်။
မော့၀မ်ယွီ နေရာမှာတင် တောင့်တင်းသွားခဲ့လေသည်။
“လမ်းကို သတိထားဦး”
ကျူးရှုသည် မော့၀မ်ယွီအား မတူညီသည့် အကြည့်ဖြင့် တစ်ချက် မျက်မှောင်ကြုံ့ကာ ကြည့်လိုက်ကာ စကားကို အများကြီး မပြောခဲ့ချေ။ သူ ခဏ တွန့်ဆုတ်နေပြီးချိန်တွင် ထပ်မေးလာခဲ့သည်။
“မင်း အဆာပြေစားစရာ ရောင်းတဲ့ဆိုင် ဖွင့်ချင်လို့လား”
မော့၀မ်ယွီတစ်ယောက် အနည်းငယ် အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။
“မင်း ဘယ်လိုသိတာလဲ”
ကျူးရှုအနေဖြင့် သူ၏စိတ်ခံစားချက်များကို သိနေသည် ဟုလည်း မပြောခဲ့သလို မည်သည့်စကားကိုမှ ပြန်မပြောခဲ့ချေ။
တစ်ဖက်လူသည်ကား နံနက်စောစောတွင် သူ တစ်ခါမျှ မမြင်ဖူးသော ဟင်းပွဲများအား ချက်ပြုတ်ခဲ့သည်။ ထို့အပြင် ယမန်နေ့ညက ကြားခဲ့သော စကားနှင့် ဆက်စပ်တွေးလိုက်ပါက အနည်းငယ်တွေးလိုက်သည်နှင့် ချက်ချင်း ခန့်မှန်းမိလိုက်နိုင်ပေသည်။
ယခု သူဈေးသို့ အတူလိုက်လာခဲ့ခြင်းကလည်း မော့၀မ်ယွီ ၀ယ်ယူမည့်အရာများအား ကြည့်ရန် လိုက်လာခြင်းသာဖြစ်သည်။
မော့၀မ်ယွီတစ်ယောက် စကားပြောရန်ပြင်လိုက်ချိန်မှာပင် အနီးမှ ဆူဆူညံညံအသံများအားကြားလိုက်ရပြီး လှမ်းကြည့်လိုက်ချိန်တွင် အမဲရောင်၀တ်ဆုံ၀တ်ထားသော လူကြီးတစ်ယောက်က ကလေးတစ်ယောက်အား အကျီကော်လံမှ ဆွဲလာသည့် မြင်ကွင်းအား တွေ့လိုက်ရသည်။
ထိုလူကြီးမှာ အလွန်အမင်း အရှက်ရနေပုံရကာ သူ၏ ဆံပင်များအပေါ်တွင် အဝါရောင်အရာများ ရှိနေပြီး အဝေးမှ လှမ်းကြည့်လျှင်ပင် ရွံစရာကောင်းလှသည်။
ကလေးသည်ကား အသက်ရှစ်နှစ်ကိုးနှစ် ရှိဟန်တူပြီး ထိုသို့ ဆွဲခေါ်လာခြင်း ခံရသော်ငြား ခေါင်းမာစွာဖြင့် ခေါင်းမော့ထားခဲ့ကာ လူကြီးအား အခဲမကြေ မျက်လုံးများဖြင့် အပြင်းအထန် စိုက်ကြည့်နေခဲ့သေးသည်။
“ဒီကောင်!!...မင်း ငါ့ကို ဘယ်လိုတောင်လုပ်ရဲရတာလဲ...မင်းကို...မင်းကို အသေရိုက်ပစ်မယ်!!”
ထိုလူကြီးသည်ကား အ၀လွန်နေပြီး လှုပ်ရှားရန်ပင် ခက်ခဲဟန်ရှိသော်လည်း ကောင်လေး၏ ဘယ်ဘက်ပါးပြင်အား တိတိကျကျပင် အားနှင့်ရိုက်ချလိုက်သည်။
“ဖြောင်း” ဟူသောအသံက အလွန်ကျယ်လောင်ခဲ့ပြီး အဝေးမှကြည့်နေသော မော့၀မ်ယွီပင် ကောင်လေး၏ ပါးပြင်ပေါ်မှ အနီရဲရဲအရောင်အား မြင်လိုက်ရသည်။
သို့သော် ထိုကလေးက လုံး၀အရှုံးမပေးခဲ့ဘဲ လူကြီး၏ အသားပြည့်ပြည့် လက်ဖဝါးအား အားဖြင့် ကုန်းကိုက်လိုက်ပြန်သည်
မကြာမီမှာပင် လမ်းမပေါ်၌ လူကြီး၏ နာနာကျင်ကျင် အော်ငိုသံကြီးက ပဲ့တင်ထပ်သွားခဲ့သည်။
“အဲတာ လီသို့ကန်းပဲမလား...သူက အုပ်ချုပ်ရေးပိုင်းက လူတွေနဲ့ ရင်းနှီးတယ်ဆိုတာနဲ့ပဲ နေ့တိုင်းနေ့တိုင်း လူတွေကိုလိုက်ပြီး ပြောဆိုနေတာလေ”
ဈေးသည်တစ်ဦးက သူ၏လုပ်ဖော်ကိုင်ဖက်နှင့် အရှေ့မှ လူကြီးအကြောင်းကို မကျေမနပ်ဖြင့် ပြောဆိုနေခဲ့သည်။
“သူ မနေ့က အရှေ့ပိုင်းဈေးကို သွားပြီး အမျိုးသမီးတစ်ယောက်ရောင်းတဲ့ ဆိုင်ကို သွားဖျက်စီးခဲ့တယ်မဟုတ်လား...ဟိုကလေးလေးက အဲဒီအမျိုးသမီးရဲ့ သားလေးနေမှာပေါ့”
“အဲဒါဆို ကလေးက လက်စားချေဖို့လာတာပေါ့...သူက လီသို့ကန်းကိုတောင် လမ်းထဲမှာ ကြက်ဥနဲ့ ပစ်ပေါက်ရဲတယ်!..အင်း သူတော့ အသက်ရှူပေါက် ပိတ်တော့မယ်ထင်တယ်”
ကြည့်နေကြသူများက ကလေးအတွက် စိတ်ပူကြသော်လည်း ထိုလူကြီး၏ နောက်ခံအား မသိကြသဖြင့် မည်သူကမျှ ကလေးအား ၀င်ရောက်ကူညီပေးလိုဟန်မရှိ။
မော့၀မ်ယွီသည် သူတို့၏အနားတွင်ရပ်နေခြင်းဖြစ်ပြီး အကုန် ရှင်းရှင်းလင်းလင်း ကြားခဲ့သည်။
သူသည် အကျီလက်များအား ဆွဲမလိုက်ပြီး စကားအပိုပြောမနေဘဲ သွားကူရန်ပြင်လိုက်လေသည်။ ကောင်လေးမှာ ‘လီသို့ကန်း’ ဟူသော လူကြောင့် အတော်အထိနာနေပြီဖြစ်ပြီး အကိုက်ခံလိုက်ရသော လူကြီးကတော့ သူ့လက်အားအုပ်ပြီး ရပ်နေခဲ့သည်။
မော့၀မ်ယွီ အော်ဟစ်၍ ထိုသူရှိရာဘက်သို့ ပြေးသွားကာ ချော်လဲဟန်ပြုလိုက်သည်။ ကောင်လေးကလည်း အခြေအနေကို အခွင့်ကောင်းယူ၍အမြန်ပြေးသွားကာ လမ်းကြားတစ်ခုထဲသို့ အလျင်၀င်ပုန်းသွားခဲ့သည်။
တစ်ဖက်မှ လူကြီးကလည်း ၎င်းကိုတွေ့သွားခဲ့ပြီး အံကြိတ်ကာ သူ့ခန္ဓာကိုယ်ကြီးအား အတင်းရွေ့စေပြီး လျှောက်လာခဲ့လေသည်။ သူက မော့ဝမ်ယွီရှိရာဘက်သို့ လျှောက်လာခဲ့သော်လည်း ကောင်လေး၏ အရိပ်အယောင်ကိုမူ မတွေ့ခဲ့။
“ကောင်လေး...ဟိုကလေး ဘယ်ပြေးသွားလဲ တွေ့လိုက်လား”
လီသို့ကန်း ပင့်သက်ရှိုက်လိုက်ပြီး သူလုံး၀ရှာမတွေ့တော့သောကြောင့် အရှေ့မှ လူငယ်လေးအား မေးလိုက်သည်။
ထိုလူကြီးက အမေးစကားအား ဆိုနေရင်းပင် မော့၀မ်ယွီထံသို့ တစ်လှမ်းပြီးတစ်လှမ်း ကပ်လာခဲ့သည်
အလွန်နီးကပ်လာခဲ့သည်မှာ ထိုလူကြီးထံမှရသော ကြက်ဥစိမ်းနံ့များကိုပင် မော့ဝမ်ယွီ ခံစားလိုက်ရသည်အထိပင်။ သူက မော့၀မ်ယွီအား လုံး၀ ပိတ်ထားခဲ့ပြီး ရှောင်ထွက်၍ မရနိုင်အောင် ကာထားခြင်းဖြစ်သည်။
သို့သော် မော့၀မ်ယွီက အေးဆေးတည်ငြိမ်စွာပြုံးပြလိုက်ပြီး ကျူးရှုအား သူ၏အနောက်တွင် ပုန်းကွယ်နေစေလိုက်သည်။ သူသည်ကား တစ်ဖက်လူ၏ ရိုင်းစိုင်းသော သဏ္ဍာန်နှင့် ဆိုးဝါးသော အနံ့တို့အား ဂရုမစိုက်ခဲ့ချေ။ သူက ရိုးရိုးသားသား အပြုံးလေးဖြင့်ပင် ဆန့်ကျင်ဘက် လမ်းကြားအား လက်ညှိုးထိုးပြလိုက်သည်။
“အဲဒီလမ်းကြားထဲကုု ၀င်သွားတာ”
သူ့ထံမှ ပြန်ဖြေသံအား ကြားပြီးနောက် လီသို့ကန်းက သူ့အား တွန်းလိုက်ပြီး ပြောလာလေ၏။
“ဒီကနေ ထွက်သွားစမ်း!...ငါ့ကို လာမထိနဲ့”
ထို့နောက်တွင် ဘောလုံးကြီးတစ်လုံးလိမ့်သွားသကဲ့သို့ ထွက်သွားတော့သည်။
မော့၀မ်ယွီက တစ်ဖက်လူ၏ ရိုင်းစိုင်းမှုအား အဖက်မလုပ်သကဲ့သို့ သူ့အားထိသွားသော နေရာကို လက်ဖြင့် ခါသပ်လိုက်ပြီးနောက် ပြောလိုက်သည်။
“အိုး သူ့ကိုလာမထိနဲ့ဆိုပဲ၊ ငါကပဲ အတင်းအကြပ် ထိချင်နေသလိုပဲ”
စကားပြောခြင်းအား လက်စသတ်ပြီးနောက် သူက နူးညံ့သောအပြုံးလေးဖြင့် သူ၏နောက်မှ ကျူးရှုထံသို့ လှည့်ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါးပင် ဆက်သွားရန်ပြင်လိုက်သည်။
အစအဆုံးကြည့်နေခဲ့သော ဈေးသည်လူကြီးသည်ကား ကြောင်အ,သွားခဲ့သည်။ သူက မော့၀မ်ယွီနှင့် ကျူးရှုထံသို့ ကြည့်လိုက်ပြီးနောက် လမ်းကြားထဲသို့၀င်သွားသော လီတုန်းကင်း၏နောက်ကျောအား ကြည့်လိုက်ပြန်သည်။
အဆုံးတွင် ဈေးသည်လူကြီးနှင့် သူ့အဖော်က တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ကာ အံ့ဩနေခဲ့ကြသည်။
‘အဲဒီ လမ်းကြားထဲမှာ ခွေးရူးတစ်ကောင်ရှိတယ်လေ!
အဲဒီခွေးက လူတွေကို ကိုက်ပြီးသွားရင် မလွှတ်ပေးတော့ဘူး၊ ဒီကောင်လေးက ရိုင်းရိုင်းစိုင်းစိုင်း တစ်ခုလေ့မှ မပြောဘဲနဲ့ တကယ့်ကို သေသေချာချာ ကိုင်တွယ်လိုက်တာပဲ’
နံလေးရှိ ဆိုင်များမှ လူများကလည်း ဩဘာပေးရန်ပြင်လိုက်ကြပြီး ယခုလေးတင်ကပင် ကောင်လေး၀င်ပြေးသွားခဲ့သော လမ်းကြားကိုမူ သတိမမူခဲ့မိကြတော့ပေ။
ကောင်လေးက လမ်းထဲတွင် ပုန်းနေရာမှ လမ်းထောင့်ဆီသို့ ယခုပင် ကိုယ်တစ်ပိုင်း ထွက်လာခဲ့သည်။
ကောင်လေးက သူ့အား ကူညီပေးခဲ့သည့် လူငယ်လေးအား ဘေးမှလူများက ချီးကျူးဩဘာပေးနေသံများကို နားထောင်နေရင်း တစ်ဖက် လမ်းကြားထဲမှ ခွေးဟောင်သံများကိုလည်း ကြားလိုက်ရလေသည်။
ထို့နောက် မော့၀မ်ယွီထွက်ခွာသွားသောဘက်သို့ လှမ်းကြည့်လိုက်ရင်း သူ၏မျက်၀န်းများက နက်မှောင်သွားခဲ့တော့သည်။
_