Chapter 07
[အတွင်းစိတ်ထဲမှ ခွေးတစ်ကောင်]
ရှီဟွိုက်ထင်အပေါ်ထားရှိသည့် ချီကျွယ်၏ သတိထားစောင့်ကြည့်နေမှုနှင့်
ဖုံးကွယ်ထားနိုင်ခြင်းမရှိသော ရန်လိုမှုများက ရှင်းပြနေရန်ပင် မလိုအပ်ပေ။ မျက်စိပါသူတိုင်း
၎င်းကို မြင်နိုင်ပေသည်။
ထို့ပြင် သူ ဤမျှ စိုးရိမ်တကြီးဖြစ်နေခြင်းအတွက်လည်း
အပြစ်တင်၍မရနိုင်ပေ။
ရှန့်သခင်လေးသည် သူ၏ကော်လံကို ပြင်လိုက်ပြီး ခုံတစ်ခုံကိုယူကာ
ပေါ့ပေါ့ပါးပါးဟန်ပန်ဖြင့် လွှဲထိုင်လိုက်လေသည်။
ထိုဘက်သို့ တစ်ချက်ကြည့်လိုက်ရုံဖြင့်... အို။
သူတို့ ယခုလေးတင် ရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ထားမှန်း သူ သိသော်လည်း ရွှီဟွိုင်ထင်မှာမူ
ဆံပင်တစ်ပင်မျှပင် ပုံမပျက်ခဲ့ပေ။ လက်တစ်ဖက်က အလှလေး၏ခါးကို တင်းကြပ်စွာ ဖက်တွယ်ထားပြီး
ခေါင်းကို ပျင်းရိပျင်းတွဲ အနေအထားဖြင့် မော့ထားကာ ထိုမီးခိုးရောင်မျက်ဝန်းများက သူ့ကို
အဓိပ္ပာယ်ဖော်ရခက်သော အလေးချိန်တစ်ခုဖြင့် စိုက်ကြည့်နေလေသည်။ ချီကျွယ်၏နေရာတွင် မည်သူပဲဖြစ်နေပါစေ
နှလုံးသားထဲမှထိတ်လန့်စွာ တုန်လှုပ်သွားမည်သာ ဖြစ်သည်။
ယခင်အချိန်များဆီက ရွှီဟွိုင်ထင်သည် ယခုမြင်တွေ့နေရသကဲ့သို့
တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။
အကယ်၍ သင်က ရှန့်သခင်လေး၏အမြင်ကို မေးမြန်းမည်ဆိုပါက
ထိုလူမှာ အတွင်းစိတ်ထဲမှ ခွေးတစ်ကောင်နှင့်မခြားဟု သူ ပြတ်ပြတ်သားသား ပြောရပေလိမ့်မည်။
တိတိကျကျပြောရလျှင် အစောင့်ခွေးတစ်ကောင်ပင်။ ဝေးဝေးရှောင်နေပါ၊ သို့မဟုတ်လျှင် အကိုက်ခံရပေလိမ့်မည်။
လွန်ခဲ့သောနှစ်များစွာက ရွှီမိသားစု၏သခင်ကြီးသည်
သူ့အား ကြံ့ခိုင်လာစေရန် စစ်တပ်သို့ စေလွှတ်ခဲ့သည်။ ရှေ့တန်းတွင် နှစ်နှစ်ကြာနေထိုင်ခဲ့ပြီးနောက်
ဒဏ်ရာရရှိခဲ့ကာ ထိုအခါမှသာ ရွှီမိသားစု၏လုပ်ငန်းများကို လွှဲပြောင်းရယူရန် ပေကျင်းသို့
ပြန်လာခဲ့ခြင်းဖြစ်၏။ လွန်ခဲ့သော နှစ်အနည်းငယ်ကမှ သူ တကယ်တမ်း အတည်တကျ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
အဲ့ဒီမတိုင်မီကတော့လား။ အို... မဟုတ်သေးဘူး။ သူသည်
လုံးဝကို "ယဉ်ကျေး" ခဲ့ခြင်း မရှိတာလေ။
ဖေဖေရွှီသည် ရွှီဟွိုင်ထင်၊ သူ၏ညီမနှင့် သူ၏မိခင်တို့ကို
စစ္စလီမှ ပထမဆုံးအကြိမ် ပြန်ခေါ်လာသောအခါ သူတို့သည် ပေကျင်းအထက်တန်းလွှာအသိုင်းအဝိုင်းတွင်
ပြဿနာရှာရန် အဓိကပစ်မှတ်များ ဖြစ်ခဲ့ကြသည်။ အချို့ကို ရွှီမိသားစုမှအလိုလိုက်ခံထားရသော
သခင်လေးများက လွှတ်လိုက်ခြင်းဖြစ်ပြီး အချို့မှာမူ ဤမောင်နှမနှစ်ဦး၏ နိုင်ငံခြားကပြားရုပ်ရည်များက
မျက်စိစူးစရာဖြစ်နေသောကြောင့်ပင်။
သူတို့ထဲမှ မည်သူမျှ တွက်ဆမထားမိခဲ့သောအရာမှာ
ရွှီဟွိုင်ထင်နှင့် ရွှီကျစ်ယွီတို့ မည်မျှရက်စက်နိုင်သနည်း ဟူသည်ပင်။
မိခင်ဖြစ်သူမှာ နူးညံ့သိမ်မွေ့သော စိတ်ထားရှိပြီး
တစ်ခါက စစ္စလီသူ မိန်းမငယ်လေးတစ်ဦးဖြစ်ခဲ့သော်လည်း မိသားစုတစ်ခုလုံး သုတ်သင်ခံလိုက်ရပြီးနောက်
တစ်ယောက်တည်းကျန်ရစ်ခဲ့ကာ သူမ၏အလှကြောင့် ဖေဖေရွှီ၏ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ စစ္စလီတွင်
ဘဝမှာ ခက်ခဲကြမ်းတမ်းလှပြီး သူတို့သုံးဦး၏ရှင်သန်ရေးမှာ ထိုဝံပုလွေပေါက်စလေးနှစ်ကောင်အပေါ်တွင်သာ
လုံးလုံးလျားလျား မူတည်နေခဲ့သည်။
ပေကျင်းမှအလိုလိုက်ခံထားရသော သခင်လေးများသည် ထိုကဲ့သို့သောနေရာမျိုးတွင်
ကြီးပြင်းလာသူများကို အနိုင်ရရန် မျှော်လင့်ချက်မရှိနိုင်ပါပေ။ ရွှီဟွိုင်ထင်သည် သူ
သေသည်ရှင်သည်ကို ဂရုမစိုက်သည့်အလား တိုက်ခိုက်ခဲ့ရာ ပြဿနာရှာရန် အနံ့ခံနေသူများအားလုံး
ပါးစပ်ပိတ်နေရန် သင်ခန်းစာရသွားသည်အထိပင် ဖြစ်ခဲ့သည်။
ထိုစွမ်းရည်မျိုးသာမရှိခဲ့ပါက ရွှီမိသားစု၏အာဏာပလ္လင်ကို
တရုတ်တစ်ဝက် နိုင်ငံခြားတစ်ဝက် ကပြားသားတစ်ယောက်အား ဘယ်သောအခါမှ ပေးအပ်ခဲ့မည်မဟုတ်ပေ။
အထူးသဖြင့် ဤကဲ့သို့သောအရာများနှင့်ပတ်သက်၍ သခင်ကြီး၌ အမြစ်တွယ်နေသော အစွဲအလမ်းများရှိနေသောကြောင့်ပင်။
ရွှီဟွိုင်ထင်၏ဂုဏ်သတင်းမှာ သူနှင့်ထိုက်တန်စွာ
ရရှိခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သောနှစ်နှစ်အတွင်း ချီမိသားစုသည် ပေကျင်း၏ထိပ်တန်းအဆင့်တွင်
ပါဝင်လာလောက်အောင် အထင်ကြီးဖွယ်ကောင်းသောတိုးတက်မှုများ ရရှိခဲ့သော်လည်း ရွှီမိသားစုကဲ့သို့သော
ဧရာမလုပ်ငန်းကြီးနှင့် နှိုင်းယှဉ်ပါက သူတို့မှာ အလှမ်းဝေးနေသေးသည်။
သို့ဖြစ်၍... ရွှီမိသားစု၏ ဝံပုလွေခေါင်းဆောင်ကြီးက
ခါးမှ တင်းကျပ်စွာဖက်ထားခြင်းကို ခံထားရကာ၊ သူ့ပေါင်ပေါ်တွင် အံဝင်ခွင်ကျလေး ခွေဝင်နေပြီး
ယုန်လေးတစ်ကောင်လို မျက်လုံးများနီရဲနေသည့် ချီမိသားစု၏ "အစစ်အမှန်" သခင်ငယ်လေး...
ဤမြင်ကွင်းကို ကြည့်ပြီး သူ့မိသားစုက လူသတ်ချင်နေသည့်ရုပ် ပေါက်နေသည်မှာ ဆန်းပါသေးသလော။
၎င်းမှာ အိမ်တွင်ပြုစုပျိုးထောင်ထားသော၊ နူးညံ့သည့်
ယုန်လေးတစ်ကောင်က ဝံပုလွေ၏မေးရိုးကြားတွင် ဖမ်းဆီးခံထားရသည်ကို မြင်တွေ့ရခြင်းနှင့်
မကွာခြားလှပေ။
ချီကျွယ်သည် ယဲ့မန်အား တစ်ချက်လှမ်းကြည့်လိုက်သည်။
"ရှောင်မန်... မစ္စတာရွှီဆီကနေ ဆင်းခဲ့"
ဘယ်ဘက်ရှိ ဘေးတံခါးတစ်ခုမှနေ၍ လေးလံသော 'ဒုန်း
ဒုန်း'ဟူသည့် မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာသည်အထိ အခန်းတွင်း၌ ခေတ္တမျှ တိတ်ဆိတ်နေခဲ့သည်။
ယဲ့မန်သည် အောက်သို့ဆင်းရန် အပြည့်အဝ ရည်ရွယ်ထားခဲ့သည်။
ချီယန့်က သူ့ကို ချီကျွယ်နှင့်အတူနေရန် ပြောထားခဲ့သော်လည်း သူက ခိုးထွက်လာပြီး ဤရှုပ်ထွေးမှုထဲသို့
ရောက်လာခဲ့သည်။ သူ မှားမှန်း သူ သိသည်။
သို့သော်ငြား ဘေးခန်းမှ ဆူညံသံကြောင့် သူ လန့်သွားပြီး
ဆင်းမည့်အစား ပို၍ပင် တိုးကပ်သွားမိလေသည်။
တစ်နေရာရာမှ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာသော အသံက...
ရယ်သံလား။
ထို့နောက် ဘန်းခနဲ တံခါးပွင့်ထွက်သွားပြီး မျက်နှာတွင်
ဒဏ်ရာဒဏ်ချက်များဖြင့် မုန့်ယောင် ယိုင်နဲ့စွာ ထွက်လာလေသည်။ "ချီကျွယ်"
ရွှီဟွိုင်ထင်နှင့်ယဲ့မန်တို့အတွက် ဒေါသထွက်နေဆဲဖြစ်သော
ချီကျွယ်သည် စက္ကန့်အနည်းငယ်ခန့် အေးခဲသွားပြီးမှ ရှုပ်ထွေးနေသော လေသံဖြင့်
"...မုန့်ယောင်? မင်း ဒီမှာ ဘာလုပ်နေတာလဲ"
ယဲ့မန်၏နားရွက်များ လှုပ်ခတ်သွားလေသည်။ နေပါဦး။
မုန့်ယောင်?
ဆိုတော့ သူ့ကိုလိုအပ်ချိန်တုန်းက ဒီမှာမရှိဘဲနဲ့
အခုမှ ရုတ်တရက်ရောက်လာတာလား။
စနစ် (စိတ်တိုလျက်) - "သူ့ကို ရွှီဟွိုင်ထင်ရဲ့
လူတွေက ဘေးခန်းထဲမှာ ပိတ်လှောင်ထားတာလေ။ ငါတို့ နေရာမှားမသွားမှန်း ငါ သိသားပဲ။ ဒါပေမယ့်
ဝိုး... ရွှီဟွိုင်ထင်က တကယ်ကို လက်မရွံ့တာပဲ။ သူ့ရဲ့ တူအရင်းကိုတောင် ကိုယ်ထိလက်ရောက်
လုပ်ရက်တယ်။ အဲ့ဒါတွေအားလုံးက ချီကျွယ်နဲ့ မုန့်ယောင်တို့ကို ခွဲဖို့အတွက်ပဲလား။ ရက်စက်လိုက်တာ"
လူကုံထံများ၏အတင်းအဖျင်းစကားများကို ရက်ရက်ရောရော
ကြားလိုက်ရသဖြင့် ယဲ့မန်၏ နားရွက်များ ထောင်လာလေသည်။
ထို့နောက် အတွေးတစ်ခု ဝင်လာလေ၏။
ယဲ့မန် - "စနစ်ကော... ချီကျွယ်နဲ့ မုန့်ယောင်တို့ရဲ့
ဆက်ဆံရေးပြဿနာက... တကယ်တမ်းကျတော့ ရွှီဟွိုင်ထင်ကြောင့်များလားနော်”
စနစ်သည် အတိအကျမပြောနိုင်ပေ။
ဟုတ်ပါသည်။ ရွှီဟွိုင်ထင်သည် သူတို့ကို ခွဲပစ်ဖို့
တောင်းဆိုထားသည့် မုန့်သခင်ကြီးကြောင့် ရောက်လာခဲ့ခြင်းဖြစ်၏။
သို့သော်ငြား သူသည် ပါဝင်ပတ်သက်နေသော အခြားတစ်ဖက်နှင့်စကားပြောရန်
မည်သည့်ဆန္ဒမျှ ပြသခဲ့ခြင်းမရှိပေ။
မုန့်ယောင်က စကားပြောရန် ကြိုးစားလာသည်။ ရွှီဟွိုင်ထင်က
လက်တစ်ချက်လှုပ်ရှားလိုက်ရာ ထိုအမျိုးသားမှာ "ဘေးခန်း" ထဲသို့ ပြန်လည်ဆွဲသွင်းခံလိုက်ရလေသည်။
ချီကျွယ်၏မျက်နှာမှာ ဖြူရော်သွားပြီး သူ၏နှုတ်ခမ်းများပွင့်ဟသွားသည်။
ရွှီဟွိုင်ထင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
ယဲ့မန်ကို သူ့အနောက်တွင် ကာကွယ်ထားရင်း သူ့အား စကားဆိုလိုက်သည်။ "ဦးလေးတစ်ယောက်က
သူ့တူကို ဆုံးမတာ။ မစ္စတာချီမှာ ကန့်ကွက်စရာမရှိဘူးမလား”
“....မရှိဘူး”
ချီကျွယ်သည် တင်းမာသော အမူအရာဖြင့် ခက်ခက်ခဲခဲ
ပြန်ဖြေလိုက်ရသည်။
မကောင်းသောရည်ရွယ်ချက်များဖြင့် ရွှီဟွိုင်ထင်၏နောက်သို့
လိုက်နေသူအချို့ကို ဖမ်းဆီးပြီးနောက် အတွင်းရေးမှူးချန်သည် ဖြစ်စဉ်များကို ယဲ့မန်ထံမှ
အမြန်ပြန်လည်မေးမြန်းကာ ယဲ့မန်အား ခေါ်ဆောင်သွားရန် ချီကျွယ်ကို ညွှန်ကြားခဲ့ပြီးနောက်
ထွက်ခွာသွားလေသည်။
အခြေအနေများ ယခုလိုဖြစ်နေသဖြင့် သူတို့ မုန့်ယောင်ကို
ရှာတွေ့ခဲ့လျှင်ပင် ယဲ့မန်အတွက် သူ၏မစ်ရှင်ကို ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းမရှိတော့ပေ။
စနစ်ထောက်ပြခဲ့သည့်အတိုင်း ဇာတ်ကွက်သည် ယုတ္တိရှိရန်
လိုအပ်ပေသည်။
အကယ်၍ ယခုအချိန်တွင် သူက ဇွတ်ဝင်သွားပြီး မုန့်ယောင်၏ပေါင်ပေါ်၌
ထိုင်ချလိုက်မည်ဆိုလျှင် ချီကျွယ်သည် သဝန်တိုမည်မဟုတ်ဘဲ ယဲ့မန် ရူးသွားပြီဟုသာ ထင်ပေလိမ့်မည်။
လှေကားမှဆင်းလာစဉ် ယဲ့မန်သည် စင်္ကြံလမ်းတစ်ခုကို
ဖြတ်သွားရာ အသားကို လက်သီးဖြင့်ထိုးလိုက်သည့် 'ခွပ်'ခနဲအသံကို အထင်အရှား ကြားလိုက်ရလေသည်။
"မင်းက မစ္စတာရွှီရဲ့ သောက်စရာထဲကို တစ်ခုခုခတ်လိုက်တဲ့ကောင်မဟုတ်လား"
"သေချင်နေတာလား"
ဒုန်း။
ဩရှရှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ "ဟုတ်တယ်၊
ငါက ကုမ္ပဏီရန်ပုံငွေတွေကို လွှဲပြောင်းပြီး ချေးငှားခဲ့တာ။ ဒါပေမယ့် ငါပြောသလိုပဲလေ၊
ငါ့ကို အချိန်နည်းနည်းပေးပါ၊ ငါ အဲ့ဒါကို ဆယ်ဆ၊ အဆနှစ်ဆယ် ပြန်ဆပ်နိုင်တယ်။ အဲ့ဒီကိစ္စလေးအတွက်နဲ့
ငါ့ကို သတ်ပစ်ဖို့လိုအပ်လို့လား"
“ရွှီဟွိုင်ထင်! ခွေးကောင်…"
အတွင်းရေးမှူးချန်က အပေါ်ထပ်မှ ဆင်းလာပြီး ပြတ်သားသောအသံဖြင့်
"သူ့ပါးစပ်ကို ပိတ်ထားလိုက်။ မစ္စတာရွှီက သူ့ကို ဆူညံတယ်တဲ့”
ယဲ့မန်သည် ခေါင်းကို ပို၍ငုံ့ထားလိုက်ပြီး ဆက်နားမထောင်တော့ပေ။
စနစ် - "ကျွတ် ကျွတ်... မင်းက မမြင်ရလို့၊
ရွှီဟွိုင်ထင်ကလေ... ရက်စက်တယ်"
ယဲ့မန် (ပြတ်တောင်းတောင်းလေသံဖြင့်) - "အဲ့လူခံရတာ
တန်ပါတယ်"
စနစ် မျက်တောင်ခတ်သွားသည်။ "...?"
ယဲ့မန် - "ဒီ 'ဆယ်ဆ အဆနှစ်ဆယ်' ဆိုတဲ့ အမြတ်တွေက
ဘယ်ကလာတယ်လို့ ထင်လဲ။ ကျွန်တော့်လို လူတွေဆီကနေ ညှစ်ယူထားတာချည်းပဲ"
ထိုအရာများမှာ အတိုးပေါ်အတိုးဆင့် အဆုံးအစမရှိ
ထပ်တက်နေပြီး မည်သူမျှ ဘယ်သောအခါမှ ပြန်မဆပ်နိုင်သော အကြွေးမျိုးဖြစ်သည်။ သင် မည်မျှပင်
ကြိုးစားပမ်းစား အလုပ်လုပ်စေကာမူ သေသည်အထိ လုပ်သွားလျှင်ပင် လုံလောက်မည်မဟုတ်ပေ။
ချီမိသားစုသာ ထိုအချိန်က သူ့ထံ ရောက်မလာခဲ့ပါက
သူ၏ခံနိုင်ရည်မှာလည်း မကြာမီ ကန့်သတ်ချက်ကို ကျော်လွန်သွားတော့မည်သာ ဖြစ်သည်။
ချီအိမ်တော်တွင်နေထိုင်ခြင်းက အဆုံး၌ လူတိုင်း၏မုန်းတီးမှုကို
ခံရမည်ဖြစ်ပြီး အသက်ပါ ဆုံးရှုံးသွားနိုင်သည်ကို သိနေသည့်တိုင် ယဲ့မန်သည် ထွက်သွားရန်ကို
တစ်ကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။
စနစ်၏ "ဇာတ်လိမ်းအရှိန်ဆိုတာ မင်းသေလိမ့်မယ်လို့
ဆိုလိုတာပဲ” ဟူသော စကားက သူ့ကို နက်နက်ရှိုင်းရှိုင်း မထိခိုက်စေခဲ့ပေ။ သို့သော်ငြား
အမှန်တရားမှာ ပိုက်ဆံသာမရှိပါက သူ သေချာပေါက် သေရမည်သာ ဖြစ်၏။
ချီမိသားစု၏ပိုက်ဆံကို မရနိုင်ပါက စနစ်က ကတိပေးထားသော
လုပ်အားခကို သေချာပေါက် ရယူရမည်ဖြစ်သည်။
သို့သော်ငြား ဤသည်မှာ ဒုတိယအကြိမ်မြောက် သူ၏မစ်ရှင်
ကျရှုံးခဲ့ခြင်း ဖြစ်လေသည်။
ထို့အပြင် သူလိမ်ညာနေသည်ကို စနစ်က မိသွားခဲ့လေပြီ။
ယခုအခါ ၎င်းက သူ့ကို ယုံကြည်မည်မဟုတ်တော့သလို စိတ်ပျော့ပြီး သူ့ကို ထပ်မံဖုံးကွယ်ပေးတော့မည်လည်း
မဟုတ်ပေ။
စိုးရိမ်ပူပန်မှုများက သူ၏ဝမ်းဗိုက်ထဲတွင် ရစ်ခွေလာလေသည်။
စနစ် - "ယဲ့မန်..."
ယဲ့မန်သည် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး
မျက်ခွံများကို လက်ချောင်းထိပ်များဖြင့် ဖိထားကာ တိုးညှင်းသော အသံဖြင့် ပြန်ဖြေလိုက်သည်။
"ဟင်"
စနစ် - "...ထားလိုက်တော့"
မြင်းစီးခြင်း? အစီအစဉ် ပျက်သွားလေပြီ။
ချီကျွယ်သည် ရွှီဟွိုင်ထင်၏လက်တွင်းမှ ယဲ့မန်ကို
ဆွဲထုတ်လာခဲ့ပြီး စကားတစ်ခွန်းမျှမပြောဘဲ ကားထဲသို့ ဇွတ်သွင်းကာ သူ၏ထိုင်ခုံ မီးလောင်နေသည့်အလား
ချီအိမ်တော်ဆီသို့ အမြန်မောင်းနှင်ပြန်လာခဲ့သည်။
ညနေခင်းရောက်သောအခါ ယဲ့မန် အိမ်ပြန်ရောက်လာပြီး
အလယ်တွင် ထိုင်နေရကာ ချီယန့်ရုန်နှင့် ချင်ဖန့်ရေ့တို့က မကြာသေးမီကမှ ပြန်လည်ရရှိထားသော
သားငယ်ကို ဖုံးကွယ်မထားနိုင်သော စိုးရိမ်မှုများဖြင့် ကြည့်ရှုနေကြသည်။
ရွှီဟွိုင်ထင်နှင့်ဖြစ်ပျက်ခဲ့သည်များကို ချီကျွယ်
ပြောပြပြီးနောက် ချီယန့်ရုန်၏ မျက်မှောင်များ တွန့်ချိုးသွားကာ သံသယဝင်သွားလေသည်။
"အဲဲ့ဒါနားလည်မှုလွဲတာ ဖြစ်လောက်ပါတယ်နော်..."
ဘာပဲဖြစ်ဖြစ် ရွှီဟွိုင်ထင်က မုန့်ယောင်မှ မဟုတ်တာ။
သေချာပေါက် သူက ယဲ့မန်အပေါ် အဲ့လိုမျိုး စိတ်ဝင်စားမှု ရှိမှာမဟုတ်ဘူး။
သူတို့ စကားပြောနေစဉ် အဒေါ်ကျိုးက အအေးဓာတ်ပြေသွားအောင်ဟုဆိုကာ
ယဲ့မန်အား ဟင်းရည်ပူပူတစ်ပန်းကန် ကမ်းပေးလိုက်သည်။ သူက ယဉ်ကျေးစွာ "ကျေးဇူးတင်ပါတယ်"ဟု
တိုးတိုးလေး ပြောလိုက်သည်။
အနီးတွင် ထိုင်နေသော ချင်ဖန့်ရေ့သည် သူ၏နှုတ်ခမ်းထောင့်မှ
ဟင်းရည်တစ်စက်ကို သတိထားမိသွားရာ လက်သုတ်ပုဝါဖြင့် အလိုလို လှမ်းသုတ်ပေးလိုက်မိသည်။
ယဲ့မန် တစ်ခဏမျှ တောင့်တင်းသွားပြီးနောက် အလွန်တိုးညှင်းပြီး
ကိုးရိုးကားရားနိုင်စွာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်... အမေ"
အနည်းငယ်ကြာပြီးနောက် ချင်ဖန့်ရေ့သည် သူမ၏ဘေးဘက်၌
သေးငယ်ပြီး နွေးထွေးသောအလေးချိန်တစ်ခု တိုးဝှေ့လာသည်ကို ခံစားမိလိုက်သည်။ နွေးထွေးမှုကို
ရှာဖွေနေသော တိရစ္ဆာန်လေးတစ်ကောင်ပမာ တိတ်တဆိတ်ပင်။ သူက အနားသို့ တိုးကပ်ထိုင်ကာ ဟင်းရည်ကို
တစ်ငုံချင်းစီ ငုံ့သောက်နေလေသည်။
မမျှော်လင့်ဘဲ သူမ၏ရင်ဘတ်ထဲတွင် နူးညံ့မှုများ
ပွင့်အာလာသည်။
ရိုးရိုးသားသားပြောရလျှင် သားအသစ်လေးနှင့် အဆင်ပြေအောင်
မည်သို့နေထိုင်နေရမည်ကို သူမ မသိခဲ့ပေ။
သူမ၏စိတ်ထဲတွင်တော့ ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။
မျှမျှတတဆက်ဆံမည်၊ အခြားသူများ၏ပါးစပ်ဖျားတွင် ဟာသဖြစ်စရာ၊ ပွဲဖြစ်စရာ မည်သည့်အရာကိုမဆို
ရှောင်ရှားမည်ဟုပင်။
သူမ သားနှစ်ယောက်ကို ပြုစုပျိုးထောင်ပြီးပြီ မဟုတ်လား။
သူတို့လည်း အဆင်ပြေပြေ ကြီးပြင်းလာခဲ့ကြသည်ပဲ။ ဒီတစ်ယောက်ကိုလည်း အတူတူပဲဆက်ဆံဖို့
လိုအပ်တာ။
သို့သော်ငြား ယဲ့မန်ကို လူကိုယ်တိုင် တွေ့ဆုံရသောအခါ
ထိုမျှ မလွယ်ကူမှန်း သူမ သဘောပေါက်သွားလေသည်။
သူတို့တွေ့ဆုံသည့်အချိန်တွင် သူမက သူ့ကို ဖက်ပြီး
"ငါ့သားလေး" ဟု ရှိုက်ကြီးတငင် ငိုကြွေးနိုင်ပါမည်လား။ သူစိမ်းတစ်ယောက်နှင့်
နွေးနွေးထွေးထွေး နေနိုင်မည်လား။ သူမသည် ထိုသို့သောသူမျိုးမဟုတ်ပေ။ အထူးသဖြင့် သူမသည်
ကလေးချင်းလဲခံခဲ့ရသည်ကိုပင် မသိခဲ့ပေ။ ချီကျွယ်သည် အမြဲတမ်း သူမ၏ဂုဏ်ယူစရာဖြစ်ခဲ့ပြီး
အမြဲတမ်း မိခင်တစ်ယောက်၏ပျော်ရွှင်မှုအရင်းမြစ် ဖြစ်ခဲ့သည်။ ထို့အပြင် သူသည် သွေးသားအရင်းမဟုတ်သည့်တိုင်
သွေးသားအရင်းဖြစ်သော သားဖြစ်သူချီယန့်လည်း ရှိနေသေးသည်။ ၎င်းက ယဲ့မန်၏နေရာကို... ကသိကအောက်
ဖြစ်သွားစေခဲ့သည်။
ထိုနှစ်ယောက်ကြားတွင် သူမသည် ချီကျွယ်ကို ရှောင်လွှဲ၍မရအောင်
မျက်နှာသာပေးမိပြီး ယဲ့မန်အပေါ်တွင်မူ အကွာအဝေးတစ်ခုနှင့်အတူ ယဉ်ကျေးပျူငှာမှုသာ ရှိခဲ့သည်။
သူမ၏မျက်နှာသာပေးမှုကိုရရန် သူ အပြင်းအထန် ကြိုးစားနေသည်ကို
သူမ မြင်တွေ့နိုင်သလို ဤအေးစက်မှုက သူ့ကို ထိခိုက်စေနိုင်ကြောင်းကိုလည်း သူမ သိသည်။
သို့သော် ထိန်းချုပ်ရန် ခက်ခဲလှပေသည်။
ထို့ကြောင့် ရုံးတွင်နေရန် ဆင်ခြေများရှာခဲ့ပြီး...
ထို့နောက် ခရီးရှည်ထွက်သွားခဲ့လေသည်။
သူမ ပြန်ရောက်လာသောအခါ သူ့ကို အိမ်မှာ သိပ်မတွေ့ရတော့ပေ။
သူက သူမကို သဘောမကျတော့ဘူးဟုသာ သူမ ယူဆခဲ့မိသည်။
သို့သော်ငြား... သူက လိမ္မာသောကလေးတစ်ယောက်ပင်။
သူမ မျှော်လင့်ထားသည်ထက်ပင် ပို၍ စဥ်းစားပေးတတ်သည်သာ။
ဖုန်မှုန့်များနှင့်အတူ ခရီးမှ အလျင်စလို ပြန်ရောက်လာသော
ချီယန့်သည် ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။ "ဒီအချိန်ကစပြီး ရွှီဟွိုင်ထင်ရှိနေနိုင်တဲ့
ဘယ်လိုပွဲမျိုးကိုမဆိုရှောင်ရှားဖို့ တတ်နိုင်သမျှကြိုးစားပါ"
ထို့နောက် ချီကျွယ်ဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။ "မင်းလည်း မုန့်ယောင်နဲ့ ပတ်သက်တာကို အနည်းဆုံးဖြစ်အောင်
လျှော့ချထား"
ချီကျွယ်၏မျက်ဝန်းများတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားလေသည်။
"...နားလည်ပါပြီ သာ့ကော"
ထို့နောက် ချင်ဖန့်ရေ့က စကားပြောလာလေသည်။
"ရှောင်မန်၊ ဒီအရွယ်ဆို သား ကျောင်းတက်နေသင့်ပြီ။ နောင်အနာဂတ်မှာ သား ဘာလုပ်ချင်တာမျိုးရှိလဲ"
သူမအမြင်အရပြောရလျှင် သူ ရွှီဟွိုင်ထင်၏ကိစ္စတွင်
ပါဝင်ပတ်သက်ရန် အတင်းအကျပ်မကြိုးစားသရွေ့ အားလုံးတည်ငြိမ်သွားသည်နှင့် ရွှီဟွိုင်ထင်လိုလူမျိုးနှင့်တွေ့ဆုံရန်
အခွင့်အလမ်းမှာ မရှိသလောက်ပင် ဖြစ်သည်။ ထိုကဲ့သို့သော လူများက မျက်မမြင်ကောင်လေးတစ်ယောက်ကို
တွယ်ကပ်နေမည် မဟုတ်ပေ။ မဖြစ်နိုင်ပါချေ။
ထိုမေးခွန်းက ယဲ့မန်အား အခက်တွေ့သွားစေသည်။
ချီယန့်မှာ မွေးကတည်းက အမွေဆက်ခံရန်အတွက် ပြုစုပျိုးထောင်ခံခဲ့ရသူ
ဖြစ်သည်။ အတန်းနှစ်တန်းကျော်တက်ခဲ့သော ချီကျွယ်မှာ နည်းပညာနယ်ပယ်တွင် လှိုင်းဂယက်များ
ဖန်တီးနေပြီဖြစ်သည်။ သူ၏သဘာဝပါရမီနှင့် ချောမောသောရုပ်ရည်က လွန်ခဲ့သောနှစ်များစွာကတည်းက
သူ့ကို အထက်တန်းလွှာအသိုင်းအဝိုင်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး လူတိုင်း၏ချစ်ခင်မြတ်နိုးမှုကို
ရရှိနေသူဖြစ်သည်။
သူကရော?
အကယ်၍ သူ ရိုးရိုးသားသား ပြန်ဖြေရမည်ဆိုလျှင်
ပိုက်ဆံရှာဖို့ဟု ဖြစ်ပေလိမ့်မည်။
သူ့အကြွေးများကို ရှင်းလင်းရန်၊ အကြွေးရှင်များ
လည်ပင်းလာညှစ်ခြင်းမခံရဘဲ အသက်ရှင်နေထိုင်နိုင်ရန် ... သူ ဘာမဆို လုပ်မည်ဖြစ်သည်။
ထို့ထက်ပို၍လား? သူ တစ်ခါမှ မစဉ်းစားဖူးပေ။ သူ့တွင်
စဉ်းစားပိုင်ခွင့်လည်း မရှိခဲ့ပေ။
သို့သော် ဤမျှ ရိုင်းစိုင်းပြီး သာမန်ဆန်လွန်းသည့်အရာကို
ချီမိသားစုက သဘောကျမည်မဟုတ်ကြောင်း သူ သိလေသည်။ ပွင့်ပွင့်လင်းလင်းပြောလိုက်ပါက သူတို့၏လေးစားမှုကို
သူ ဆုံးရှုံးရပေလိမ့်မည်။
ယဲ့မန်သည် ဟင်းရည်ကို မွှေနေရင်း ပို၍နှစ်မြို့ဖွယ်ကောင်းသော
အဖြေတစ်ခုရရန် အသည်းအသန် ကြိုးစားစဉ်းစားနေလေသည်။
သူ၏ကမ္ဘာလေးမှာ ကျဉ်းမြောင်းလှသည်။ သူ ဤမျှလောက်သာ
မြင်ခဲ့ဖူး၏။
ငွေရှင်းကောင်တာ၊ စားပွဲထိုး၊ သန့်ရှင်းရေးလုပ်သား။
ခရစ်ပီ (သို့) ပန်ကိတ်ရောင်းသည့် လမ်းဘေးဆိုင်လေးတစ်ခု ဖွင့်ရန်ဆိုသည်မှာပင် သူ့အတွက်တော့
အလှမ်းဝေးလွန်းသည့် အိပ်မက်တစ်ခုဖြစ်ခဲ့သည်။
သူသည် အချိန်အတော်ကြာအောင် စကားရှာမရဘဲ ယက်ကန်ယက်ကန်ဖြစ်နေပြီး
ပါးပြင်များမှာ ပို၍ပို၍ ပူနွေးလာလေသည်။
ယဲ့မန်သည် ပျာယာခတ်စွာ တီးတိုးပြောလိုက်သည်။
"စနစ်ကော၊ ဘာပြောရမလဲ စဥ်းစားပေးပါဦး။ နောက်တစ်ခါ ကျွန်တော့်အလုပ်တွေကို သေချာလုပ်ပါ့မယ်လို့
ကတိပေးပါတယ်။ စနစ်ကော စိတ်ပျက်အောင် ထပ်မလုပ်တော့ပါဘူး"
စနစ်က သူ့ကို ပွင့်ပွင့်လင်းလင်း ပြောမိမတတ် ဖြစ်သွားရသည်။
အဲ့ဒါလေးကူညီဖို့ မင်းဆီကနေ ကတိမလိုပါဘူးလို့…ဟူ၍ပင်။
သူ့အပေါ် အရမ်းခက်ထန်မိခဲ့လို့ သူ ဒီလောက်ထိ ခြေမကိုင်မိ
လက်မကိုင်မိ ဖြစ်နေရတာလားဟုပင် ၎င်းကို တွေးမိသွားစေသည်။
စနစ် (တိတ်ဆိတ်စွာဖြင့်) - "ယဲ့မန်... မင်း
မသိသေးဘူးလို့ပဲ ပြောလိုက်လို့ရတယ်"
ရှားရှားပါးပါး၊ ရိုးသားမှုတစ်ခုက ၎င်း၏အသံတွင်
စိမ့်ဝင်လာလေသည်။
စနစ် - "မေးခွန်းတစ်ခုကို ဘယ်လိုဖြေရမလဲ
မသိတာက ပြစ်မှုတစ်ခုမဟုတ်ဘူး။ မင်း ဘာလုပ်ချင်လဲ မသိသေးရုံနဲ့ ဘယ်သူကမှ မင်းကို မုန်းမသွားဘူး”
"ငါ ကတိပေးတယ်။ ငါ့ကိုယုံလိုက်"