ONGOING
CEO ၏ အယောင်ဆောင်ဇနီး
မတော်တဆမှုတစ်ခုကြောင့် ဗလတောင့်တောင့် ယောကျ်ားရင့်မာကြီးဖြစ်သည့် 'အန်းမုန်' တစ်ယောက် နိုးလာသောအခါ နူးညံ့ချောမောလှပသည့် အမျိုးသမီးလေးတစ်ယောက်အဖြစ် ခန္ဓာကိုယ်ပြောင်းလဲသွားခဲ့ လေသည်။
ပိုဆိုးသည်မှာ သူသည် နာမည်ကြီး CEO တစ်ဦး၏ ဇနီးတစ်ယောက်လည်း ဖြစ်နေခြင်းပင် ဖြစ်သည်။
ကံကောင်းစွာဖြင့်ပင် သူတို့နှစ်ယောက်သည် စာချုပ်ဖြင့် လက်ထပ်ထားသည့် 'အယောင်ဆောင်လင်မယား' သာ ဖြစ်သည်။
ထိုသို့သော အေးစက်စက် CEO ကြီးမှလည်း သူ့တွင် တကယ်ချစ်ရမည့်သူရှိနေပြီဟု ပြောလာသော အခြေအနေတစ်ခုလည်း ရှိနေသည်။
"ငါ အခု အဲ့ဒီလူကို ရေနွေးပူထဲက ဖားတစ်ကောင်လို အသာတကြည်နဲ့ အရည်ပျော်ကျသွားအောင် သိမ်းသွင်းနေတာ..."
CEO ကြီး၏စကားကိုကြားလိုက်သောအခါ အန်းမုန် တစ်ယောက် ဝမ်းသာအားရ ဖြစ်သွားမိသည်။
အကြောင်းမှာ ထိုစာချုပ်မှ မြန်မြန်လွတ်မြောက်ချင်နေသဖြင့် CEO ကြီး၏ အချစ်ရေးကို အစွမ်းကုန် ကူညီပေးပြီး ရေနွေးအိုးအောက်မှ မီးကိုပါ ဝိုင်းမြှင့်ပေးကာဖြင့် လွတ်မြောက်သွားချင်သောကြောင့် ဖြစ်သည်။
သို့ပေမဲ့... တစ်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် သူတို့၏ စာချုပ်မှာ 'အကန့်အသတ်မရှိ' ဟူ၍ ပြောင်းလဲသွားသည်ကို အန်းမုန် တွေ့လိုက်ရသောအခါ...
"နေပါဦး... ရှင် အသာတကြည်နဲ့ အရည်ပျော်အောင် သိမ်းသွင်းနေတယ်ဆိုတဲ့ ဖားက... ကျွန်မကိုလို့ ပြောတာလား"
CEO ကြီးမှ သူ့ကို စိုက်ကြည့်ကာဖြင့် ခပ်ပြုံးပြုံးပင် ဖြေခဲ့လေသည်။
"အသေအ
ချာပဲပေါ့"
Reviews
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026
13 Jun, 2026