ONGOING
1990 ခုနှစ်မှဗီလိန်ကြီးနဲ့ကြင်စဦးဘဝ
English Title - Newlyweds daily life in 1990s
Genre - Transmigration, Drama, Fantasy, Slice of life,
🖼 ဇာတ်လမ်းအကျဉ်း
ဟယ်ယဲ့ချင်းတစ်ယောက် ဆယ့်ရှစ်နှစ်အရွယ်သို့ ရောက်ရှိလာချိန်မှသာ မိမိကိုယ်မိမိ ဝတ္ထုတစ်ပုဒ်ထဲတွင် ရှင်သန်နေထိုင်နေရမှန်း ရိပ်စားမိလိုက်တော့သည်။ သို့သော်လည်း သူမက ကံကောင်းလှသော မင်းသမီးတစ်ဦးမဟုတ်သလို၊ ဇာတ်ရှိန်မြှင့်ပေးရသည့် ဇာတ်ပို့တစ်ဦးပင် မဟုတ်ဘဲ အစောပိုင်းကတည်းက အသက်ပျောက်သွားရမည့် "အမြှောက်စာ" အရံဇာတ်ကောင် သက်သက်မျှသာ ဖြစ်နေလေသည်။
သူမနှင့် မူရင်းဝတ္ထုအကြားတွင် တစ်ခုတည်းသော ပတ်သက်မှုက ဇာတ်လမ်းထဲမှ ဗီလိန်ဘစ်ရှော့ကြီးနှင့် သူမက တစ်ရွာတည်းသား ဖြစ်နေခြင်းပင် ဖြစ်၏။
သို့သော်လည်း ဟယ်ယဲ့ချင်းတစ်ယောက် ထိုအရေးကိစ္စများကို တွေးတောနေရန် အချိန်မရှိခဲ့ပေ။ အကြောင်းကမူ သူမက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျရှုံးခဲ့ရုံမက၊ ယခုအခါ အတင်းအဓမ္မ ပေးစားမည့် အိမ်ထောင်ရေးအန္တရာယ်နှင့် ရင်ဆိုင်နေရသောကြောင့်ပင် ဖြစ်သည်။ ထိုအတင်းအကျပ်လက်ထပ်ခြင်းကပင် သူမအား အသက်အစောကြီး သေဆုံးစေမည့် လမ်းစဖြစ်နေလေသည်။
ထို့ကြောင့် ဟယ်ယဲ့ချင်းက အပြတ်အသတ်ပင် ငြင်းဆန်လိုက်တော့သည်။
“အတင်းအဓမ္မ ပေးစားတာတွေ ဘာတွေ စိတ်မဝင်စားဘူး… ငါက တက္ကသိုလ်တက်မှာ…”
ထို့ကြောင့် ဟယ်ယဲ့ချင်းသည် သူမ၏ကံကြမ္မာကို ကိုယ်တိုင်စီမံရန် ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် အိမ်ထောင်စုစာရင်းကဲ့သို့သော အရေးကြီးစာရွက်စာတမ်းများက မိဘများလက်ထဲတွင် ရှိနေဆဲဖြစ်ရာ၊ သူမအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ရရှိရန် လက်ထပ်ခြင်းဟူသော လမ်းစဉ်ကို ရှောင်လွှဲ၍မရနိုင်ပေ။
သို့သော် လင်ယောက်ျားဖြစ်မည့်သူကိုမူ သူမ ကိုယ်တိုင်ရွေးချယ်နိုင်သည်။ ဥပမာအားဖြင့် ဆိုရသော်…
တစ်ရွာလုံးက ဖိန့်ဖိန့်တုန် ကြောက်ရွံ့ကြပြီး နာမည်ဆိုးဖြင့် ကျော်ကြားလွန်းလှသဖြင့် အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်ရှိနေသော်လည်း မည်သူကမျှ အဖက်လုပ်ရန်ပင် အရေးမစိုက်ကြသည့် ဇာတ်လမ်းထဲမှ ဗီလိန်ကြီးပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဝတ္ထုထဲရှိ ထိုဗီလိန်ကြီးသည် အေးစက်စက်နိုင်လှပြီး အချစ်ရေးအပေါ်၌လည်း မည်သည့်စိတ်ကူးယဉ်မှုမျှ မရှိသူ ဖြစ်သည်။
ဤသို့ဖြင့် နှစ်ဦးနှစ်ဖက်စလုံး မိမိတို့အကျိုးစီးပွားအတွက် သဘောတူညီမှုရယူကာ တစ်နှစ်ခန့် ကြာပြီးနောက်တွင်မူ အသီးသီး လမ်းခွဲကြရန် စီစဉ်ခဲ့ကြသည်။ သူမက တက္ကသိုလ်ကျောင်းသူ ဖြစ်လာမည်ဖြစ်ပြီး၊ သူကလည်း သူ၏စီးပွားရေး အင်ပါယာကြီးကို ချဲ့ထွင်ရပေလိမ့်မည်။
တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်ဖြစ်စေမည်မဟုတ်သဖြင့် ဤအစီအစဉ်က အလွန်ပင် ပြီးပြည့်စုံလှပေသည်။
သို့သော်လည်း နှစ်အနည်းငယ် ကြာလွန်သွားသောအခါ... ထိုကြောက်မက်ဖွယ် ဗီလိန်ကြီးက နူးညံ့သိမ်မွေ့သော မျက်နှာအမူအရာဖြင့် သူတို့၏ရင်သွေးငယ်ကို ကြင်နာယုယစွာ ပြုစုစောင့်ရှောက်နေသည်ကို ကြည့်ရင်း...
ဟယ်ယဲ့ချင်း- “ငါ တွက်ကိန်းမှားသွားပြီ…”
…
ရွာထဲတွင် အရိုင်းစိုင်းဆုံးနှင့် အကြမ်းတမ်းဆုံးဟု နာမည်ကြီးသည့် ရှန်လီသည် ဟယ်ယဲ့ချင်းအပေါ် တိတ်တခိုး ရင်ခုန်စွဲလမ်းနေခဲ့သည်ကို မည်သူမျှ မသိရှိခဲ့ကြပေ။ ထိုသို့ဖြင့် တစ်နေ့သောအခါတွင်မူ သူ စိတ်ကူးယဉ်ခဲ့ရသည့် ကောင်မလေးက သူ့ရှေ့၌ ပိတ်ရပ်ကာ စကားတစ်ခွန်း ဆိုလာခဲ့သည်။
“ကျွန်မကို လက်ထပ်ပါ…”
ရှန်လီ -“…”
ဒီလောက် ကောင်းလွန်းတဲ့ ကံတရားမျိုး တကယ်ပဲ ရှိနိုင်ပါ့မလား…
🖼🖼🖼
Reviews