ONGOING

ချစ်စဖွယ်သားရဲစတိုး အမှတ် ၁၃၈

Author: Meow Meow

Viewers

101

Chapters

5

ONGOING

ချစ်စဖွယ်သားရဲစတိုး အမှတ် ၁၃၈

Author: Meow Meow

Viewers:

101

Chapters

5


Description 


🐾ချစ်စဖွယ်သားရဲစတိုး အမှတ် ၁၃၈


မူရင်းအနှစ်ချုပ် - 


ကျွန်တော်တို့က ဂုဏ်သိက္ခာနဲ့ နာမည်ကောင်းရှိပါတယ်။ ပုံသဏ္ဌာန်တွေနဲ့ လှည့်ဖျားတာမျိုး မရှိပါဘူး။ ဈေးနှုန်းကလည်း သင့်တင့်မျှတတယ်။ ကျွန်တော်တို့ဆိုင်က သန့်ရှင်းပြီး လှပတယ်။ ကျွန်တော်တို့ဆိုင်မှာ အရာအားလုံး ရရှိနိုင်ပါတယ်။ ကြောက်မက်ဖွယ်ကောင်းတာ၊ ရိုင်းစိုင်းကြမ်းကြုတ်တာ စသဖြင့်ပေါ့။ 


အခြားဆိုင်တွေမှာ ရှာမတွေ့နိုင်ဘဲ စိတ်ကူးထဲမှာသာ တွေးနိုင်တဲ့ သင်လိုချင်သမျှ ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်လေးတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ ဆိုင်ရဲ့အမှတ်အသားက ချစ်စဖွယ်လေးများ စီးဆင်းခြင်းပါ။ 


ဒါကြောင့် မည်မျှကြီးမားတဲ့ အိမ်မွေးတိရိစ္ဆာန်လေးများ ဖြစ်စေကာမူ သူတို့အားလုံးက မုန့်(ချစ်စဖွယ်) ရောင်းနိုင်ကြပါတယ်။ 


သင်က သားရဲတွေကို တရားလွန် အလိုလိုက်ထားမယ်ဆိုရင်တော့ စိတ်ခံစားချက်လမ်းညွှန်ကို သတိပြုဖို့ အမှတ်ရပါ။ မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို သင်ကိုယ်တိုင် ခံစားရပါလိမ့်မယ်။ ရောင်းချပြီးတဲ့နောက် ကျွန်တော်တို့ ရောင်းချလိုက်တဲ့ သားရဲအတွက် အဆင်ပြေခြင်း ရှိ၊ မရှိ စုံစမ်းမေးမြန်းခြင်း ပြုလုပ်မှာပါ။ ဖျားနာမှုအပါအဝင် မှောင်ခိုရောင်းချခြင်း ရှိ၊ မရှိလည်း ပါဝင်ပါမယ်။ 


တစ်ချိန်တည်းမှာပဲ အချို့လူတွေအတွက် သန်မာတဲ့သားရဲတွေ ဝယ်ယူခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ကျူးလွန်သူတွေက စိတ်ပိုင်းဆိုင်ရာကို သေသေချာချာ ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ တံခါးဘေးက ချစ်စဖွယ်သားရဲလေးကတော့ ပိုင်ရှင်ရဲ့ ပစ္စည်းလေးဖြစ်ပြီး ဆိုင်ရဲ့ ရတနာလေးပါ။ ရောင်းချဖို့ မဟုတ်ပါဘူး။ အဲဒီသားရဲလေးက အချိန်အများစုမှာ စိတ်အခြေအနေ ဆိုးဝါးနေတတ်ပြီး လူတွေကို လှောင်ပြောင်နေတတ်တယ်လို့ စဉ်းစားကြည့်လိုက်ပါ။ သင့်အနေနဲ့ လိုချင်ပါဦးမလား။ ကျေးဇူးပါ။


🐾🐾🐾


အင်္ဂလိပ်ဘာသာပြန်၏ အနှစ်ချုပ် - 


လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာတုန်းက ဂြိုဟ်ငယ်တစ်ခုသည် ကမ္ဘာမြေနှင့် ဝင်တိုက်မိသဖြင့် ကမ္ဘာကြီး ပျက်စီးသွားခဲ့သည်။ ငါးရက်အတွင်းမှာပင် လူသား ၉၀ ရာခိုင်နှုန်း ရှင်းလင်းခံခဲ့ရပြီး ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းမှာ သေမင်းတံခါးဝမှ ပြန်လာနိုင်ရန် ရုန်းကန်ခဲ့ကြရသည်။ 


ကျင်းယွီသည် ထိုကျန်ရစ်သည့် ၁၀ ရာခိုင်နှုန်းသော လူများထဲမှ တစ်ဦးပင်။ ထူးခြားသောမျိုးရိုးဗီဇကြောင့် ကျင်းယွီသည် သားရဲဘာသာစကားအား နားလည်နိုင်သည်။ ကမ္ဘာပျက်ကပ်ဘေး ပြီးဆုံးပြီးနောက် ကျင်းယွီသည် သူထိန်းသိမ်းထားသော သားရဲငယ်လေးအချို့နှင့် တစ်လခန့် နေခဲ့သည်။ ယခင်က သူ မသေဆုံးခင်အထိ ထိုသို့သော ဘဝနှင့် နေထိုင်ရန် စိတ်ကူးကြည့်ဖူးသည်။ သို့သော်လည်း တစ်နေ့၌ ကျင်းယွီ မျက်လုံးဖွင့်လိုက်သည့်အခါ အသက်ဓာတ်ပေါကြွယ်ဝပြီး ရက်စက်ကြမ်းကြုတ်သော ဥပဒေမဲ့ကမ္ဘာ၌ ရောက်ရှိနေကြောင်း သိလိုက်ရလေသည်။


ကျင်းယွီသည် အနှစ်တစ်သိန်းနီးပါး ကျော်လွန်ကာ အနာဂတ်သို့ ကူးပြောင်းသွားခဲ့သည်။ သက္ကရာဇ် ၁၀၆,၈၂၅ ခုနှစ်၌ ဂလက်ဆီများအား သားရဲများ အုပ်စိုးပြီး ‘စစ်မှန်သော’ လူသားများ မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်သည်။ စကြဝဠာတစ်ခုလုံးတွင် တစ်ဦးတည်းသော လူသားစစ်စစ်ဖြစ်သည့် ကျင်းယွီသည် ဖရိုဖရဲကမ္ဘာအသစ်၌ နေထိုင်ရန် နေရာတစ်ခု ရှာဖွေရာမှ သားရဲစတိုး အမှတ် ၁၃၈ တွင် အလုပ်လုပ်ရန် ဖြစ်လာတော့သည်။



🐱🦁😌🙂🙂🏃‍♂️😌🐾🕺🕊


Reviews

Chapter 5
21 Jul, 2025
Chapter 4
21 Jul, 2025
Chapter 3
21 Jul, 2025
Chapter 2
21 Jul, 2025
Chapter 1
21 Jul, 2025
Chapter 5
21 Jul, 2025
Chapter 4
21 Jul, 2025
Chapter 3
21 Jul, 2025
Chapter 2
21 Jul, 2025
Chapter 1
21 Jul, 2025
Chapter 5
21 Jul, 2025
Chapter 4
21 Jul, 2025
Chapter 3
21 Jul, 2025
Chapter 2
21 Jul, 2025
Chapter 1
21 Jul, 2025
Chapter 1
21 Jul, 2025
Chapter 2
21 Jul, 2025
Chapter 3
21 Jul, 2025
Chapter 4
21 Jul, 2025
Chapter 5
21 Jul, 2025
Chapter 1
21 Jul, 2025
Chapter 2
21 Jul, 2025
Chapter 3
21 Jul, 2025
Chapter 4
21 Jul, 2025
Chapter 5
21 Jul, 2025
Chapter 1
21 Jul, 2025
Chapter 2
21 Jul, 2025
Chapter 3
21 Jul, 2025
Chapter 4
21 Jul, 2025
Chapter 5
21 Jul, 2025