

၁၈နှစ်အရွယ် ဟော့ယုံချင်းတစ်ယောက် ထင်မှတ်မထားစွာပင် သူ၏၂၇နှစ်အရွယ် ခန္ဓာကိုယ်ထဲမှာ နိုးထလာခဲ့သည်။ ၉နှစ်တာက ကုန်ဆုံးသွားပြီး သူ့ဘေးနားကအရာအားလုံး ပြောင်းလဲကုန်၏
ကလေးဘဝကတည်းက သူ၏ အကောင်းဆုံးသူငယ်ချင်းဖြစ်သူသည် သူ့ကော်လံစကိုဆောင့်ဆွဲကာ မျက်နှာကိုထိုးခဲ့ပြီး ဘိုးဘေး၁၈ဆက်ထိ ကျိန်ဆဲခဲ့သည်။ သူ့ကို ဂရုစိုက်နေကျ ကောလိပ်အခန်းဖော်သည်လည်း သူ့အား မနှစ်မြို့စွာ ကြည့်လာခဲ့၏။
ဟော့ယုံချင်း သူတို့ဆီကနေ နာမည်တစ်ခု သိလိုက်ရသည်။
"သိုက်ယွမ်" ဟူ၍။
သူတို့အကုန်လုံးက သိုက်ယွမ်ကြောင့် သူ့ကို မုန်းကြသည်။
ဟော့ယုံချင်း သိုက်ယွမ်ကို မသိပါပေ။
မှတ်ဥာဏ်များ ပျောက်ဆုံးသွားသည်ဟု ထင်လိုက်သော ဟော့ယုံချင်းသည် သူ့နားက လူတွေ၏ အပြုအမူကို တည်ငြိမ်စွာ လက်ခံလိုက်ပေမဲ့ သူအိပ်ရာကနိုးချိန်၌ ၁၈နှစ် ထပ်ဖြစ်နေပြန်လေသည်။
လွန်ခဲ့သော တစ်စက္ကန့်က သိုက်ယွမ်ကြောင့် သူ့ကို ဒေါသတကြီး ကျိန်ဆဲကာ သတ်ချင်ခဲ့သော ငယ်သူငယ်ချင်းသည် ဒူးတစ်ဖက်ထောက်ကာ သူ့ပါးပြင်ကို ပွတ်သပ်ရင်း နူးညံ့စွာ ချော့မော့လာသည်။
"ဘာလို့ ဒီမှာ အိပ်နေတာတုန်း ယုံယုံရဲ့။ မင်းကို ပြန်ခေါ်သွားပေးမယ်နော်"
ယုတ်မာမှုအတွက် မကောင်းသည့်ဝဋ်ပြန်လည်မည့်ကောင်ဟု ပြောခဲ့သော အခန်းဖော်သည်ကား သူ့ခြေထောက်နားမှာ ဒူးထောက်လျက် ဆေးပလာစတာကို ဂရုတစိုက်ကပ်ပေးလာရင်း ခိုင်မာစွာ ပြောလာလေသည်။
"ယုံယုံ...မင်းခြေထောက်မှာ ဒဏ်ရာလေး ရှိနေတယ်"
ထိုအချိန်မှစ၍ ဟော့ယုံချင်းတစ်ယောက် အချိန်နှင့် အာကာသ နှစ်ခုကြားမှာ စတင်ခရီးသွားနေရတော့သည်။
Reviews
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025
27 Jul, 2025