ဗီလိန်၏ ယုန်ဖြူရှစ်စွမ်းအဖြစ်ကူးပြောင်းခြင်း
3
5
ONGOING
ဗီလိန်၏ ယုန်ဖြူရှစ်စွမ်းအဖြစ် ကူးပြောင်းခြင်း
English Title - Transmigrating into the Villain’s White Rabbit Master
Genre - BL, XianXia, Comedy, Romance, Slice of Life
🐰 Description
‘အခန်းဖော်ဗီလိန်ကို ဘယ်လိုကွေးအောင်လုပ်ရမလဲ’ လို့လူသိများပြီး အပေါ်ယံမှာ ဆရာတပည့်ဆက်ဆံရေးတစ်ခု…
စာအုပ်ထဲကို ကူးပြောင်းသွားတာဆိုပေမဲ့ လူသားအသွင်ကို ကျင့်ကြံထားတဲ့ ယုန်မိစ္ဆာအဖြစ်ကို ကူးပြောင်းသွားတာကရောဘာလဲ…
ပိုင်ယွီမင်က ဂိုဏ်းထဲတွင် အလွန်လေးစားခံရပြီး ဂုဏ်သိက္ခာရှိသည့် မသေမျိုးဆရာသခင် ယုန်မိစ္ဆာအကြီးအကဲဖြစ်သော်လည်း စာအုပ်ထဲတွင် သူ၏တစ်ခုတည်းသော အခန်းကဏ္ဍမှာ ဇာတ်လိုက်က သူ့အား ယုန်သားမွေးပဝါအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
ယုန်လေးက သူ၏နူးညံ့ဖြူဖွေးသော အမွေးများနှင့် ခွဲခွာရန်ဆန္ဒမရှိဘဲ သူ့ပစ္စည်းများကိုထုတ်ပိုးကာ အချိန်မရွေးထွက်ပြေးရန် အသင့်ဖြစ်နေလေသည်။
သို့သော် ထိုအခွင့်အရေး မရခဲ့ချေ။ ယုန်လေးက ဝိညာဉ်ဇစ်မြစ်ပျက်စီးနေသော ဗီလိန်လေးနှင့် တွေ့ခဲ့လေ၏။
အနာဂတ်တွင် သူတို့နှစ်ယောက်လုံးက ဇာတ်လိုက်ထံမှ အသတ်ခံရမည်ကို သိချိန်တွင် သူက ဗီလိန်လေးအား ထမင်းတစ်နပ်စားရန် နေခွင့်ပြုလိုက်လေသည်။
“ရှစ်စွမ်း… ဒါက ကျွန်တော်ကိုယ်တိုင်စိုက်ထားတဲ့ မုန်လာဥပါ…”
လတ်ဆတ်ကြွပ်ရွပြီး အရသာရှိလိုက်တာ…
“ရှစ်စွမ်း… ကျွန်တော် ရှစ်စွမ်းအတွက် အသိုက်အသစ် လုပ်ပေးထားတယ်…”
ခြောက်ခြောက်သွေ့သွေ့နဲ့ သက်တောင့်သက်သာရှိလိုက်တာ… သုံးလို့ကောင်းတယ်…
“ရှစ်စွမ်း…”
ငါ့ရဲ့ ချစ်စရာကောင်းတဲ့ တပည့်လေးက ဘယ်လိုလုပ် ဒီလောက်လိမ္မာနေရတာလဲ… ဗီလိန်လေးကို ငါ ကျိန်းသေပေါက်ကယ်တင်ရမယ်…
သို့ရာတွင် ယုန်လေးက မည်မျှပင် တိတ်ဆိတ်စွာနေရန် ကြိုးစားစေကာမူ ဗီလိန်လေးက မိစ္ဆာလမ်းစဉ်သို့ ဝင်ရောက်သွားပြီး ဂိုဏ်းမှမောင်းထုတ်ခံရကာ ကျင့်ကြံရေးလောကတစ်ခုလုံး၏ ပစ်ပယ်ခြင်းကို ခံခဲ့ရလေသည်။
သူကိုယ်တိုင်ကလည်း မူလခန္ဓာကိုယ်၏ ကံကြမ္မာကဲ့သို့ လိုက်ပါသွားပြီး အကျဉ်းချခံခဲ့ရလေသည်။
ယုန်သားမွေးပဝါဖြစ်တော့မည်ဟု သူထင်နေစဉ်တွင် ဂိုဏ်း၏တောင်ခြေ၌ စည်ကားသိုက်မြိုက်သော မင်္ဂလာပွဲတစ်ခု ပေါ်လာလေသည်။
“လူအများရဲ့ငြိမ်းချမ်းရေးအတွက် ယွဲ့ဒယ်ကောင်းကင်ဘုံဆရာသခင်ကို မိစ္ဆာအရှင်သခင်နဲ့ လက်ထပ်ပေးဖို့ တောင်းဆိုပါတယ်…”
“ကျိ…”
ယုန်လေးက သူ့ပါးစပ်ထဲရှိ မုန်လာဥ၏အနံ့ ပျောက်သွားသည်အထိ ထိတ်လန့်သွားလေသည်။
ချောမောခံ့ညားသည့် ဗီလိန်လေးက ဖြည်းဖြည်းချင်း လျှောက်လာလေ၏။
“ရှစ်စွမ်း… ကျွန်တော့်ကို လက်ထပ်မယ်ဆိုရင် သုံးလောကအတွက် ငြိမ်းချမ်းသွားပြီးတော့ ရှစ်စွမ်း နေ့တိုင်းစားဖို့ မုန်လာဥတွေလည်း ရှိမှာနော်…”
🐰🐰🐰
Reviews
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026