မင်းရဲ့အတင်းအဖျင်းတွေက မင်းထက်ပိုပြီးချစ်စရာကောင်းတယ် (ကျန်းယင်)
1
5
ONGOING
မင်းရဲ့အတင်းအဖျင်းတွေက မင်းထက်ပိုပြီးချစ်စရာကောင်းတယ် (ကျန်းယင်)
1
5
English Title - Your Scandals Are Way Cuter Than You
Description
ကျန်းယင်က ဒုတိယမျိုးဆက်လူချမ်းသာသခင်လေးတစ်ယောက်ဖြစ်၏။သူက ဆယ်လီတစ်ယောက်လည်းဖြစ်ကာ အခြားနာမည်ကြီးကြယ်ပွင့်များ၏ အတင်းအဖျင်းများကို နားထောင်ပြီး စုဆောင်းရခြင်းကို အလွန်ကြိုက်နှစ်သက်လေသည်။
ချီကျူးကမူ လူများ၏ပါးစပ်ဖျားတွင် မကြာမကြာဆိုသလို ထုတ်ပြောခံရသည့် ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်ပင်။
သူ့ဝါသနာကတော့လား...
သူ့ဝါသနာက anti fanများကို ပြန်တိုက်ခိုက်ပြီး အလိမ်အညာများကို ဖော်ထုတ်ခြင်းပင်။
သူတို့က မူလတန်းကျောင်းမှ အထက်တန်းကျောင်းအထိ သူငယ်ချင်းများဖြစ်လာကြသည်။ ပြောရမည်ဆိုလျှင် ငယ်သူငယ်ချင်းမှသည် အတူကြီးပြင်းလာကြသည့် romanticစုံတွဲလေးဖြစ်သင့်ပေသည်။ သို့သော် အမှန်တကယ်လက်တွေ့တွင် သူတို့၏အကျင့်စရိုက်များက မီးနှင့်ရေကဲ့သို့ပင် ယှဉ်တွဲမရဖြစ်ကာ အတူရှိဖို့ဆိုရန်က လုံးဝပင် မဖြစ်နိုင်ချေ။
အထက်တန်းကျောင်းတွင် သူတို့က စာမေးပွဲအဖြေများကို တိုက်ကြည့်ရင်း ရန်ဖြစ်ခဲ့ကြသည်။ လုပ်ငန်းခွင်သို့ ရောက်လာသောအခါ ဇာတ်ညွှန်းအတွက် တိုက်ခိုက်ကြသည်။
သူတို့မည်မျှပင် တိုက်ခိုက်နေကြပါစေ နှစ်ဦးသားက နေ့စဉ်နေ့တိုင်း ထိတွေ့ဆက်ဆံနေရဆဲဖြစ်ကာ သူတို့၏ဘဝများက ရောယှက်ကာ ဖြတ်တောက်မရနိုင်ချေ။
သူတို့၏QQ chatတွင် နေ့စဉ်မပြတ်ပြောဆိုနေကြဆဲပင်။
ကံကောင်းထောက်မစွာဖြင့် ချီကျူးက ကျန်းယင်၏အတင်းအဖျင်းများကို ကြိုက်နှစ်သက်သည့် ဝါသနာထဲတွင် သူပါ ခြွင်းချက်မရှိပါနေသည်ကို သိလိုက်ရသည်။ ကျန်းယင်က အခြားသူများနည်းတူ သူ့(ချီကျူး) အတင်းအဖျင်း လျှို့ဝှက်ချက်များကို နားစွင့်နေလေသည်။
ချီကျူး : ?
ကျန်းယင် : မင်းမသိဘူးလား...မင်းရဲ့အတင်းအဖျင်းကောလာဟလတွေက မင်းထက် ချစ်ဖို့ကောင်းတယ်လေ...
ကျန်းယင်က သူတို့၏ဘဝတစ်လျှောက်လုံး ယခုကဲ့သို့ အငြင်းပွားလျက်ဖြင့်သာ ဆက်သွားနေရတော့မည်ဟု ထင်ထားခဲ့သည်။
နေ့ရက်တစ်ရက်သို့ ရောက်မလာခင်ထိပင်။ မတော်တဆ ဝေ့ပေါ် တွင် သင်္ဘောအသစ်(New Ship)ဖြစ်သည့် 'ကျွေ့ဖုန်းကျူးယင်'ဆိုသည်ကို တွေ့လိုက်ရသည့်နေ့အထိပင်။
ထိုနာမည်နှင့်အတူ တွဲတွေ့လိုက်ရသည့် နာမည်ကြီးခေါင်းစဉ်က 'ကျူးယင်ယောက်ဟုန်'...
ကျန်းယင်မွေးဖွားလာပြီး မကြာမီမှာပင် သူ့မိဘများက သူ၏ကျွားကျိုးအခမ်းအနားကို ကျင်းပပေးခဲ့သည်။ သူ့ရှေ့တွင်ရှိနေသည့် ပစ္စည်းများစွာရှိနေသည့်ထဲမှ ကျန်းယင်က ကီးဘုတ်တစ်ခုထံသို့ တွားသွားသွားခဲ့သည်။
သူငယ်ငယ်ကတည်းကပင် ကျန်းယင်က ငြင်းခုံရာတွင် တစ်ခါမှ မရှုံးဖူးခဲ့ချေ။
မတူညီသည့် အမြင်များရှိသည့် အင်တာနက်အသုံးပြုသူများ ဆူဆူညံညံဖြင့် ငြင်းခုံကြသည့် နာမည်ကြီးapp ထဲတွင်တောင် ကျန်းယင်က မည်သည့်ပြိုင်ဘက်ကိုမဆို ခြွင်းချက်မရှိ အနိုင်ပိုင်းပစ်ခဲ့သည်ချည်းပင်။
'ငြင်းခုန်ကြမယ်'app တွင် သုံးနှစ်ကြာ ကုန်ဆုံးပြီးနောက်တွင် ကျန်းယင်က အဆင့်သတ်မှတ်သည့် ကီးဘုတ်ဘုရင်အဖြစ် စိုးမိုးသိမ်းပိုက်လိုက်သည်။
ကျန်းယင်က ကိုယ်ကျိုးမငဲ့ ရက်ရောဟန်ဆောင်နေခြင်းပင်။ အမှန်တကယ်တွင် ကျန်းယင်က သူ၏ကီးဘုတ်ကျွမ်းကျင်မှုဖြင့် လူ့အဖွဲ့အစည်းကြီးကို အကျိုးပြုချင်စိတ်က သူ့နှလုံးသားထဲတွင် အမြဲရှိပေသည်။ ကျန်းယင်က လူများကို မည်သို့စကားနိုင်လုကာ ပြစ်တင်ရှုံ့ချရမလဲကို မသိသည့် အလုပ်သင်လေးတစ်ယောက်ကို ခေါ်ခဲ့လိုက်သည်။ သူက သူ၏အလုပ်သင်ငယ်လေးကို လူများကို ပြစ်တင်ရှုံ့ချရာတွင် ယှဉ်မရသည့် သူတစ်ယောက်ဖြစ်လာသည်အထိ ကြိုးကြိုးစားစားဖြင့် လေ့ကျင့်ပေးလိုက်သည်။
နောက်ပိုင်းတွင် ကျန်းယင်က အိပ်ရာထဲတွင် လှဲချခံလိုက်ရချိန်မှသာ အေးစက်ပြီး စကားနည်းသည့် ချီကျူးက သူ အလုပ်သင်လေးကို သင်ပေးသည့် နည်းလမ်းလှည့်ကွက်များအားလုံးကို နားလည်သဘောပေါက်နေပြီး ပိုမိုအတွင်းကျကျရင်းနှီးသည့် နည်းလမ်းများကိုပါ ကျွမ်းကျင်နေကြောင်း ကျန်းယင် အံ့အားသင့်စွာ သိလိုက်ရလေသည်။
[T/N - ကျူးယင်ယောက်ဟုန် means "ကျူးနဲ့ယင်က သေချာပေါက်ကျော်ကြားလာစေရမယ်" ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ဖို့များပါတယ်
Zhuāzhōu (抓周) ဆိုတာက ကလေးငယ်လေးရဲ့ပထမဆုံးမွေးနေ့မှာ ကျင်းပတဲ့ အခမ်းအနားပါ...ပစ္စည်းပစ္စယရွေးချယ်စရာတွေ အများကြီးကို ကလေးရှေ့မှာချပြီး ကလေးက တွားသွားပြီး ကောက်လိုက်တဲ့ပစ္စည်းကို မူတည်ပြီး အနာဂတ်မှာဘာဖြစ်မယ်ဆိုပြီး နိမိတ်ကောက်ကြတာပါ....]
😍😍😍
Reviews
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026
06 Jun, 2026